12/11/2024
ချောင်းသာမှာလည်းရေဆွဲတယ်
ငွေဆောင်လည်းရေဆွဲဆိုတဲ့အကြောင်း
တင်ထားတာတွေ့လို့
ကိုလည်းရေဆွဲခံရဘူးတယ်
သမီးငယ်ကအဲ့တုန်းက(၇)နှစ်
တူမလေးက(၄)နှစ်ကျော်ကျော်
ချောင်းသာမှာေရဆင်းကူးကြတာဆင်းချိန်ကနောက်ကျတော့
ရေကျချိန်ဖြစ်နေတာ
သတိမမူလိုက်ဘူး
တော်တော်များများတတ်သွားကြတာ
ကိုနားမှသမီးငယ်ရယ်တူမလေးရယ်
မိန်ကလေးကိုဘောကွင်းထဲထားပြီ
တဟိဟိနဲ့
သဘောကျနေတဲ့
ချစ်ရင်ထူးတစ်တူးနေကြတဲ့အတွဲရယ်ကျန်နေတော့တယ်
ရေကျချိန်မို့လှိုင်းတစ်ခါပုတ်လိုက်ရေနက်ထဲဆွဲခေါ်လိုက်
ကိုကခြေထောက်နဲ့မလွတ်ခင်သမီးနှစ်ယောက်စလုံး
အန်တီနွယ်ရေအမေရေ
သမီးတို့ခြေထောက်လွတ်နေပြီအော်သံကြားရတယ်
တော်သေးတယ်သူတို့ဘောတစ်ကွင်းစီပါလို့ပေါ့
အော်လည်းအော်ကောကိုကသွားဆွဲခေါ်တယ်
(ရေကူးတတ်တော့ဆွဲခေါ်လို့ရမယ်ထင်တာ)
ကို့ကိုရွှေတံဆိပ်ဆုရှင်ထင်နေတာလေ
ပြီလည်းပြီးရောကိုယ်ပါေရာပြီသုံးယောက်လည်းရေမှာမျောနေတာ****ဟိုအတွဲကတော့ရေမှာမျောမှန်းမသိ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီပီတိဖြစ်နေတာ
ဒါမျိုးကတော့ကိုတွေ ချည့်ပူပင်
သောကအဖြစ်မခံဘူး(လာကယ်ခိုင်းဖို့လူမရှာဘဲမနာလိုဖြစ်နေတာ)
ကလေးတွေပြောလိုက်လိုပြောတော့
သူတို့ကလည်းအားကျမခံ
**ဦးရေ ရေမျောနေပြီ ခြေထောက်နဲ့စမ်းကြည့်အုံး**
ပြောလိုက်တော့ သောကဖြစ်နေတာ
အဖော်ရသွားတော့တယ်၊&&&
ပြီးမှကလေးတွေဆွဲကြည့်ကူးကြည့်မရ
ကမ်းခြေကိုအကူညီလှမ်းတောင်းတာ
အမယ်လေးလေး
ကျေးဇူးတင်လိုက်တာ&&&
ဇနက္ကမင်းသားကမေခလာသားမိသုံးယောက်လာကယ်တဲ့အပြင်
မျက်နှာပျက်သောကရောက်နေတဲ့
တစ်တူးနှစ်ယောက်ပါကယ်သွားခဲ့တယ်
ကျေးဇူးတင်လိုက်တာကိုအထပ်ထပ်ခါပြောချိန်မှာဘဲ**
&&&ဟိုကောင်လေး ကြည့်စမ်းကြည့်စမ်းလက်တောက်လောက်ကသူများသွားကယ်နေတာ
နင်ပါရေနစ်သေမဲ့ဟဲ့**ဘုန်းကနဲကျောကိုရိုက်ပြီခေါ်သွားလေးရဲ့
အေးဟုတ်သား သူအမေပူမှာပေါ့
ကောင်လေး(၅)တန်း(၆)တန်းဘဲရှိသေးတာကို
သေကံမရောက်အသက်မပျောက်ခဲ့တဲ့
ရွှေနွယ်တို့သားမိတွေခုချိန်ကယ်တဲ့
ခေလးကိုမမှတ်မိတော့ပေးမဲ့ကျေးဇူးတင်တယ်
မေတ္တာလည်းပို့ပါတယ်
တစ်တီတူးသမီးရည်းစားလည်းခုချိန်အတူတကွလား
နောက်တစ်ယောက်စီလားတွေးမိရင်
ချစ်ဖီလင်လည်းပျက်သွားပြီစိုးရိမ်နေတဲ့မျက်နှာလေးသတိယလျက်
နောက်ဆုံးပြောချင်တာကတော့
ပျော်လည်းပျော်ကြပါသတိလည်းထားပါလို့
မေနယုန်