09/09/2023
https://www.facebook.com/story.php?story_fbid=705276494951351&id=100064070196994&post_id=100064070196994_705276494951351&mibextid=hubsqH
"တစ်ယောက်ထဲနေပါ သို့သော် အမြဲတော့မဖြစ်ပါစေနဲ့"
တစ်ယောက်ထဲနေပါ။ တစ်ယောက်ထဲပျော်အောင်နေတဲ့ ကောင်းတဲ့အားသာချက်လေးတွေက ဘယ်လိုဆိုတာမျိုးလေးတွေ ဖတ်ရတာကြည်နူးသလိုလို၊ အားရှိသွား သလိုလို၊ အဲ့ဒီလိုပဲ နေဖြစ်တော့မလိုလို ခံစားမိစေတယ်။
ဒါပေမယ့်...
တကယ်တမ်း ကျွန်မတို့တွေ အမြဲတစ်ယောက်ထဲမနေချင်ဘူး။ လူ့ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ နေချင်ကြတယ်။ မိဘနဲ့လည်း ဆက်ဆံရေးရှိရမယ်၊ ချစ်သူ၊ အိမ်ထောင်ဖက်၊ ဆွေမျိုး၊ မိတ်ဆွေ၊သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ စီးဖွားဖက်၊ ယုတ်စွအဆုံး ရန်သူနဲ့တောင် ဆက်ဆံရေးလုပ်ဖူးမှ လူ့လောကထဲက နေနည်း၊ ထိုင်နည်း သင်ယူနိုင်တာလေ။
တခါတလေ ကျွန်မတို့ ဘယ်သူနဲ့မှ မဆက်ဆံချင်ဘူးဆိုတာ မကောင်းတဲ့ဆက်ဆံရေးတွေကို ရှောင်ချင်တာ ၊ ဖြစ်လာမယ့် risk ကို လျော့ချင်တာ တစ်နည်း ဆက်ဆံရေးက ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ကြောက်ပြီးရှောင်ပြေးချင်တာ ဖြစ်နေတတ်တယ်။
ဒါကြောင့် ကိုယ်တစ်ယောက်ထဲနေတာဟာ အေးအေးဆေးဆေး စိတ်လိုလက်ရနေဖြစ်တာလား ဒါမှမဟုတ် ကြောက်စိတ်ကြောင့် ရှောင်ပြေးနေတာလားဆိုတာ သေချာဆန်းစစ်ဖို့ လိုပါတယ်။
ဘယ်အရာမဆို ကောင်းတာကိုတွေ့ချင်ရင် ဆိုးတာတွေတွေ့တာလည်း လက်ခံနိုင်ရမယ်။အကောင်းအဆိုး ရောနေတဲ့လောကကြီးမှာ တကယ့်ဘဝရဲ့ရသဟာ နှစ်မျိုးလုံးကို လက်ခံနိုင်မှ အပြည့်အဝရရှိမှာ ဖြစ်တယ်။
တစ်ယောက်ထဲ ပြည့်စုံပျော်ရွှင်နိုင်အောင်ကြိုးစားပါ။ ဒါ့အပြင် အများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းကနေ နွေးထွေးမှု ခွန်အားတွေကိုပါ ရယူနိုင်ပါစေ။
~M00N~
🌼🌼🌼
#ကိုယ်တိုင်ရေးစာစု