Himawuntar

Himawuntar Himawuntar Online Book Store Himawuntar Online Bookstore

03/08/2025

မြန်မာ့သစ်ထွင်းပုံနှိပ်ပန်းချီဆရာ
စာအုပ်မိတ်ဆက်

 #ဇော်ဝင်း - မြန်မာ့သစ်ထွင်းပုံနှိပ် ပန်းချီဆရာ #ဟိမဝန္တာစာပေတွင် မှာယူနိုင်ပါပြီ။ #စာအုပ်အကြောင်းဒီစာအုပ်ဟာ ထွန်းဝင်းအေ...
18/06/2025

#ဇော်ဝင်း - မြန်မာ့သစ်ထွင်းပုံနှိပ် ပန်းချီဆရာ

#ဟိမဝန္တာစာပေတွင် မှာယူနိုင်ပါပြီ။

#စာအုပ်အကြောင်း

ဒီစာအုပ်ဟာ ထွန်းဝင်းအောင်နဲ့ဝါနု ဇနီးမောင်နှံက ပြုစုထားတဲ့ #မြန်မာ့သစ်ထွင်းပုံနှိပ်ပန်းချီဆရာ ဦးဇော်ဝင်းနဲ့သူ့ပန်းချီလက်ရာအကြောင်းတွေပေါ့။ သူဟာ #ဇော်ဝင်း(သစ်ထွင်း)ရယ်လို့ အနုပညာအမည်ကို ခံယူခဲ့သလို မြန်မာ့အနုပညာလောကရဲ့ အဦးဆုံးသော #သစ်ထွင်းပန်းချီဆရာ လည်း ဖြစ်ခဲ့တယ်။ တခြားသော အမည်တူပန်းချီဆရာတွေနဲ့ ခွဲခြားရလွယ်ခဲ့သလို သစ်ထွင်းပုံနှိပ်ပန်းချီသမားရယ်လို့ ဝိသေသထူးရှိခဲ့တယ်။

မြန်မာ့ပန်းချီလောကမှာ တွေရခဲတဲ့ သစ်ထွင်းပုံနှိပ်ပန်းချီဆရာဖြစ်နေတဲ့အပြင် ငယ်ဘဝဖြတ်သန်းမှု၊ ပန်းချီပညာသင်ကြားသူဘဝ၊ ပန်းချီဆရာဘဝနဲ့ သူ့ပန်းချီအနုပညာလက်ရာတွေကပါ ထူးခြားနေတာပါ။ ဒီလိုထူးခြားတဲ့ကိစ္စတွေ ရှိနေသလို စာအုပ်ပြုစုသူ အနုပညာမောင်နှံဟာလည်း အနုပညာသမားတွေဖြစ်နေပါတယ်။ အနုပညာပညာရေးနဲ့ မြန်မာ့အနုပညာကို မှတ်တမ်းပြုစုနိုင်ရေး၊ မြှင့်တင်ရေးစိတ်ဝင်စားသူ မောင်နှံပါ။ ဒါကြောင့် ဒီစာအုပ် 'ဇော်ဝင်း - မြန်မာ့သစ်ထွင်းပုံနှိပ် ပန်းချီဆရာ'ဟာ ပန်းချီကျော် #ဇော်ဝင်း(သစ်ထွင်း)အကြောင်းသာမက သူ့အနုပညာလက်ရာ၊ နည်းစနစ်၊ နောက်ခံအကြောင်း၊ သစ်ထွင်း နည်းစနစ်အခြေခံရာဒေသနဲ့ သစ်ထွင်းပန်းချီလက်ရာများတစ်ခုချင်း နောက်ခံအကြောင်းအရာများကို သူတို့မောင်နှံဟာ ခြေရာကောက်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီအတွက် နှစ်အနည်းငယ်ကြာအောင် သူတို့ မောင်နှံဟာ အချိန်ယူပြုစုခဲ့ပါတယ်။ ဇော်ဝင်း(သစ်ထွင်း)ကို မေးခွန်းတွေ မေးနိုင်ခဲ့တယ်။ ဖုန်းတွေ၊ စာတိုတွေ ပို့ကြပြီး အချက်အလက်တွေစုဆောင်း၊ အတည်ပြု၊ မှတ်တမ်းတင်လုပ်နိုင်ခဲ့ကြတယ်။ ဒါကြောင့် ဒီစာအုပ်ဟာ အထောက်အထားအရ အတော်ခိုင်လုံပြီး (ဆရာ)ဇော်ဝင်း(သစ်ထွင်း)ကိုယ်တိုင်ပူးပေါင်းပါဝင်ခဲ့တဲ့ အခြေအနေကောင်းမှာ ရှိခဲ့ပါတယ်။ အချိန်ယူ ပြုစုလေ ပိုမိုကောင်းမွန်လေဆိုတဲ့အတိုင်း ကောင်းမွန်သောစာအုပ်တစ်အုပ်ဖြစ်လာခဲ့ပေမဲ့ ဒီစာအုပ်ကို (ဆရာ)ဇော်ဝင်း(သစ်ထွင်း)ကိုယ်တိုင် ပုံနှိပ်မူအဖြစ် မြင်သိဖတ်ခွင့် မရသွားပါဘူး။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီစာအုပ်လည်း ဆရာကွယ်လွန်ပြီး ၁ နှစ်ကျော်မှ ထွက်နိုင်ပါတော့တယ်။ အခက်အခဲအကြမ်းအတမ်း၊ အပြောင်းအလဲတွေကို စာအုပ်လည်း ကြုံခဲ့ရတယ်ဆိုပါတော့။

အခုတော့ ဒီစာအုပ်ကို #အဲန်အဲန်အဲန်စီအလ်အလုပ်ရုံရဲ့ စီစဉ်မှု၊ #ဟိမဝန္တာစာပေရဲ့ ထုတ်ဝေဖြန့်ချိမှုနဲ့ စိတ်ဝင်စားသူများ မှာယူနိုင်ပြီ ဖြစ်ပါတယ်။

စာအုပ်အရွယ်အစား - ၈ လက်မခွဲ - ၁၂ လက်မခွဲ(အေဖိုး)၊
အဖုံးမှအစ အတွင်းစာမျက်နှာများအားလုံး ဆေးရောင်စုံပုံနှိပ်၊
ဇော်ဝင်း(သစ်ထွင်း)လက်ရာများထည့်သွင်းမှု၊
စာမျက်နှာ(၅၄)မျက်နှာ၊

ငယ်ဘဝသံခိပ်၊ ပန်းချီပညာသင်ကျောင်းသား၊ ပန်းချီပန်းပုပြပွဲနှင့်အလုပ်အကိုင်၊ တစ်ဦးတည်းပြပွဲ၊ အနုပညာသမိုင်း ကွက်လပ်၊ ကျောင်းဆရာ၊ သစ်ထွင်းပုံနှိပ်လက်ရာ၊ ထည့်ဝင်ချက်တွေ၊ ပန်းရိုးမလက်ရာများ၊ မြန်မာမှု မြန်မာ့ဟန်၊ အရေအတွက် အကန့်အသတ်ကြီးတဲ့ ပုံနှိပ်ပန်းချီ၊ ရှားရှားပါးပါးနဲ့ နှုတ်ဆက်ကြစို့ စတဲ့ ခေါင်းစဉ်ငယ်တွေ ပါဝင်ပါတယ်။

ပန်းချီစိတ်ဝင်စားသူ မည်သူမဆို မည်သည့်ရည်ရွယ်ချက်နဲ့ဖြစ်စေ ဝယ်ယူဖတ်ရှု သိမ်းဆည်းထားသင့်တဲ့ စာအုပ်ပါ။

‌ဪ - ပြောရဦးမယ်။ #ပန်းချီနဲ့ပန်းချီဆရာအကြောင်းစာအုပ် ဆိုပေမဲ့ သူ့ဘဝဖြတ်သန်းရာမှာ ကြုံတွေ့ရတတ်တဲ့ လောကဓံအဆိုးအကောင်း ဖြတ်သန်းမှုရသတွေကိုလည်း ဖတ်ရပါလိမ့်မယ်။ ပြီးရင် စာအုပ်စင်မှာ တခုတ်တရသိမ်းထားပြီး မကြာမကြာ ပြန်ဖတ်နိုင်ပါမယ်။

စာအုပ်ကို မှာယူလိုပါက - ဒီနေရာ #ဟိမဝန္တာစာပေဖေ့ဘွတ်ခ့်စာမျက်နှာကနေ မှာယူနိုင်ပါတယ်။ စာအုပ်ကို Van ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး #'စာအုပ်ရောက် ငွေချေစနစ်' ဖြင့် မှာယူနိုင်ပါတယ်။ စာအုပ်တန်ဖိုးက ၂၂,၀၀၀(နှစ်သောင်းနှစ်ထောင်)ကျပ်ဖြစ်ပြီး ပို့ခအပါအဝင် ၂၅,၀၀၀(နှစ်သောင်းငါးထောင်)ကျပ်နဲ့ ပို့ပေးပါမယ်။

#တစ်အုပ်ထက်ပိုတဲ့ မှာယူမှုများအတွက် ပို့ခနှုန်းထားကို အလေးချိန်အပေါ်မူတည်၍သာ ကောက်ခံသွားပါမယ်။

#မှာယူလိုပါက - အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအတိအကျကို ပေးပို့၍ မှာယူနိုင်ပါတယ်။ (အချက်အ လက်မပြည့်စုံသော မှာယူမှုများကို ပေးပို့နိုင်မည်မဟုတ်ပါ။)

မှတ်ချက် - စီမံခန့်ခွဲနိုင်မှု အကန့်အသတ်အရ စာအုပ်ကို #စာအုပ်ဆိုင်တိုင်းတွင်မှ စာအုပ်တင်၍ ရောင်းချနိုင်ခြင်း မရှိပါ။ #ဒီနေရာမှ အဓိကဖြန့်ချိပါတယ်။

မြန်မာ့ရုပ်ရှင် ရာပြည့်အထူးထုတ် ~ မှာယူနိုင်ပါတယ်။
15/10/2021

မြန်မာ့ရုပ်ရှင် ရာပြည့်အထူးထုတ် ~ မှာယူနိုင်ပါတယ်။

"ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်)
ရုပ်ရှင်မဂ္ဂဇင်း Issue 5
--------------------------------------------------------------------------
"ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်) စာအုပ်ကို ဤနေရာမှ တစ်ဆင့်မှာယူနိုင်ပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးပါသည်။

#စာအုပ်အမည် - "ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်)
#ရေးသူ - ကလောင်စုံ
#ထုတ်ဝေနှစ် - ဒီဇင်ဘာလ ၂၀၂၀ ပြည့်နှစ်၊ ပထမအကြိမ်
#စာမျက်နှာ - ၃၂၀
#စာအုပ်အရွယ်အစား - ၇.၉ x ၉.၈ လက်မ
#စက္ကူ နှင့် ပုံနှိပ် - စက္ကူချော (အတ်ခ်ပေပါ) နှင့် ရောင်စုံပုံနှိပ်
#စီစဉ်ထုတ်လုပ်ဝေသူ - ရုပ်ရှင်မဂ္ဂဇင်း
#အွန်လိုင်း ပူးတွဲဖြန့်ချိသူ - #ဟိမဝန္တာစာပေ
စာအုပ်တန်ဖိုး ၈၀ဝ၀ + ပို့ခ ၁၂ဝ၀ / စုစုပေါင်း ၉၂ဝ၀ကျပ် (ကိုးထောင့်နှစ်ရာကျပ်တိတိ)

စာအုပ်အကြောင်းအညွှန်း
"မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထူးထုတ်" ၌ #3-ACT ၏ ACT-1 ၊ ACT-2၊ ACT-3 အပိုင်း(၃)ပိုင်း ပါဝင်သည်။ ယင်းအပိုင်း(၃)ပိုင်းတွင် ‘တင်ထက်ပိုင်’ ရေးသားသော "ခေတ်ဟောင်းမြန်မာ့ရုပ်ရှင်ကို လက်လှမ်းမီစေလို" ဆောင်းပါး၊ ‘ဟန်ဆန်း’နှင့် ‘အောင်ဖြိုး’တို့က ပြုစုသည့် “မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြောင်း အထူးဆောင်း ပါး”၊ ‘ဟန်ဆန်း’ ရေးသားသော "ပထမ မြန်မာ့ ရုပ်ရှင် ၊ မြန်မာ့ ပထမ ရုပ်ရှင်" ဆောင်းပါး၊ ‘ဇွန်အိထက်’ ရေးသား သော "မြန်မာ့ရုပ်ရှင် မဂ္ဂဇင်းများ"ဆောင်းပါး၊ ‘ဖိုးလုံး’ ရေးသားသော “ရုပ်ရှင်ထုတ်လုပ်ရေးကဏ္ဍ သိမှတ်ဖွယ်ရာ များ”ဆောင်းပါး၊ ‘ခရစ္စ တိုဖာ ချမ်းငြိမ်း’ ရေးသားသော "ရုပ်ရှင်နှင့် သရုပ်ဆောင်ခြင်းအနုပညာ" ဆောင်းပါး၊ ‘သရဖူချိုသက်’ ရေးသား သော "ဒါရိုက်တာနဲ့ ထုတ်လုပ်ရေးကြားက ပထမခြေလှမ်းများ" ဆောင်းပါး၊ ‘ဟန်ဆန်း’ ရေးသားသော “မြန်မာ့ ရုပ်ရှင်ရာပြည့်မှာ ဆယ်စုနှစ်တစ်စုစာပါဝင်ခဲ့သော ၀ဿန်ရုပ်ရှင်ပွဲတော်အကြောင်း” ဆောင်းပါး၊ ‘အောင်ဖြိုး’ ရေး သားသော “ဂျာမန်ဒါရိုက်တာ Rainer Werner Fassbinder ၏ ရုပ်ရှင်များထဲက အနုပညာဟန်အကြောင်း” ဆောင်းပါး၊ ‘မိုးမြတ်မေဇာခြည်’နှင့် ‘ကောင်းခန့်’ ရေးသားသော “စိတ်ကူးယဉ်အချစ် ဇာတ်လမ်းများရပ်တန့်မှုနှင့် ခေတ်သစ်မော်ဒန်ရုပ်ရှင်များရောက်လာပုံ(၁၉၅၈-၆၉)”၊ ‘မိုးမြတ်မေဇာခြည်’ ရေး သားသော “Experimental Film(စမ်းသပ်ရုပ်ရှင်များ)အကြောင်းဆောင်းပါး စသည်တို့ ပါဝင်ပါသည်။

ဤစာအုပ်ကို Himawuntar မှလည်း မြန်မာတစ်နိုင်ငံလုံးသို့ အိမ်အရောက်ဝန်ဆောင်ပို့ပေးသွားနိုင်မည်ဖြစ်ပါ သည်။ အလိုရှိသူ စာဖတ်သူများထံမှာယူပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ဆောင်ပေးပါသည်။ မှာယူသူများထံ စာအုပ်အရောက်ငွေပေးချေသောစာတိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။

အလိုရှိပါက Himawuntar ၏ Message Chat Box မှ တစ်ဆင့် မှာယူနိုင်ပါသည်။
စာအုပ်မှာယူရန်အတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမည်။
၁။ မှာယူသူ အမည်
၂။ နေရပ်လိပ်စာ (အပြည့်အစုံ)
၃။ ဖုန်းနံပါတ်
အဆိုပါအချက် ၃ ခု ပြည့်စုံမှ စာအုပ်ပေးပို့ရန် လွယ်ကူပါသည်။ မပြည့်စုံပါက ပေးပို့ရန် ခက်ခဲနိုင်ပါသည်။

"ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်) စာအုပ်လေးကို ဖတ်ချင်ရင် အမည်၊ ဖုန်း၊ လိပ်စာအပြည့်အစုံနဲ့ မှာပေးနော်။ စာတိုက်က ပို့မှာဆိုတော့ အမည်၊ ဖုန်း၊ လိပ်စာပြည့်စုံဖို့ လိုပါတယ်နော်။

ဘာသာပြန် စိတ်ဝင်စားသူများအတွက် ဘာသာပြန်လမ်းညွှန်စာအုပ်ကို ဟိမဝန္တာစာပေကနေ မှာယူနိုင်ပါတယ်။အပြည့်အစုံကို 👇👇👇မှာကြည့်ပါ။
14/10/2021

ဘာသာပြန် စိတ်ဝင်စားသူများအတွက် ဘာသာပြန်လမ်းညွှန်စာအုပ်ကို ဟိမဝန္တာစာပေကနေ မှာယူနိုင်ပါတယ်။

အပြည့်အစုံကို 👇👇👇မှာကြည့်ပါ။

ဘာသာပြန်လမ်းညွှန်
--------------------------------------------------------------------------
“ဘာသာပြန်လမ်းညွှန်”စာအုပ်ကို ဤနေရာမှ တစ်ဆင့် မှာယူနိုင်ပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးပါသည်။

#စာအုပ်အမည် - “ဘာသာပြန်လမ်းညွှန်”..
ရေးသူ - ဦးဖေမောင်တင်၊ သခင်ဘသောင်း၊ ဦးဧမောင်၊ ဦးသန့်၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဦးတင်ဧ၊ တောင်တွင်းကိုကိုကြီး၊ ကျော်အောင်၊ မြသန်းတင့်၊ ဒေါက်တာအောင်ကြီးနှင့် ဒီနိုဗို..
ထုတ်ဝေနှစ် - ဇန်နဝါရီလ ၂၀၂၁ ပြည့်နှစ်၊ ဒုတိယအကြိမ်..
စာမျက်နှာ - ၂၂၉..
စာအုပ်အရွယ်အစား - ၁၂.၇ စင်တီမီတာ x ၂၀.၃ စင်တီမီတာ..
စီစဉ်ထုတ်လုပ်ဝေသူ - ကွန်းခိုရာစာပေ..
အွန်လိုင်း ပူးတွဲဖြန့်ချိသူ - ဟိမဝန္တာစာပေ..
စာအုပ်တန်ဖိုး ၄၀ဝ၀ + ပို့ခ ၁၀ဝ၀ = စုစုပေါင်း ၅၀ဝ၀ ကျပ် (ငါးထောင်ကျပ်) တိတိ
--------------------------------------------------------------------------
စာအုပ်အကြောင်းအညွှန်း

ဦးဖေမောင်တင်၊ သခင်ဘသောင်း၊ ဦးဧမောင်၊ ဦးသန့်၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဦးတင်ဧ၊ တောင် တွင်းကိုကိုကြီး၊ ကျော်အောင်၊ မြသန်းတင့်၊ ဒေါက်တာအောင်ကြီးနှင့် ဒီနိုဗို တို့၏ ဘာသာပြန်ဆိုင်ရာလမ်းညွှန် ချက်များကို “ဘာသာပြန်လမ်းညွှန်” အမည်ဖြင့် ကွန်းခိုရာစာအုပ်တိုက်က ဒုတိယအကြိမ် စုစည်းထုတ်ဝေလိုက် ခြင်း ဖြစ်သည်။ ပထမအကြိမ်ထုတ်ဝေမှုတွင် ဒေါက်တာအောင်ကြီးနှင့် ဒီနိုဗိုတို့၏ စာတမ်းများမပါဝင်ခဲ့ဘဲ ယခု ထုတ်ဝေသော ဒုတိယအကြိမ်စာအုပ်တွင် ပါဝင်လာသည်။
ဆရာကြီး ဦးဖေမောင်တင်မှစ၍ ဆရာ မြသန်းတင့်အထိ ခေတ်အဆက်ဆက်ထင်ရှားခဲ့သည့် ဆရာကြီးများ၏ ဘာ သာပြန်လမ်းညွှန်ချက်များကို ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။ “ရသစာပေကို ဘာသာပြန်မယ်ဆိုရင်တော့ ဘာ သာပြန်သူမှာ ရသအမြင်သန်ဖို့ လိုတယ်။ ရသခံစားမှု အဆင့်အတန်းရှိဖို့လိုတယ်။ အကောင်းဆုံးကတော့ ရသစာ ပေကို ဘာသာပြန်ရင် ရသစာပေကို ရေးတဲ့သူတွေ ဘာသာပြန်တာဟာ အကောင်းဆုံးပါပဲ” ဟု ထိုစာအုပ်ပါ “ဘာသာပြန်ဗေဒပြဿနာများ”စာတမ်းတွင် ဆရာ မြသန်းတင့်က ဆိုထားသည်။
ဆရာ ဒေါက်တာအောင်ကြီးနှင့် ဆရာ ဒီနိုဗိုတို့မှာလည်း ယနေ့ဘာသာပြန်စာပေလောကတွင် လူသိထင်ရှားသူ များဖြစ်သည်။ ဘာသာပြန်စာပေလုပ်ငန်းကို လက်ရှိလုပ်ကိုင်နေကြသူများလည်းဖြစ်သည်။ ဘာသာပြန်စာပေနှင့် ပတ်သက်၍ “ကျွန်တော်တို့နိုင်ငံတွင် ဘာသာပြန်စာပေကို ပညာရပ်တစ်ခုအဖြစ်တည်ထောင်ဖို့ အချိန်ကျရောက် ပါပြီ။ တက္ကသိုလ်ကောလိပ်မှ ပညာရှင်များ၊ ပြင်ပပညာရှင်များ၊ စိတ်ဝင်စားသူများ ဤကိစ္စဖြစ်မြောက်ရေးအတွက် ယခုအချိန်မှစ၍ ပူးပေါင်းလုပ်ဆောင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်”ဟု ထိုစာအုပ်ပါ “ယဉ်ကျေးမှုကို ဘာသာပြန်ဆိုခြင်း”စာတမ်းတွင် ဆရာ ဒေါက်တာအောင်ကြီးက ဆိုထားသည်။

ဤစာအုပ်ကို က ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ပေးမည်ဖြစ်သည်။ ရန်ကုန်ပြင်ပမြို့များသို့ ကားဂိတ်အထိ ပို့ပေးမည်ဖြစ်ပါသည်။

အလိုရှိပါက ၏ Message Chat Box မှ တစ်ဆင့် မှာယူနိုင်ပါသည်။
စာအုပ်မှာယူရန်အတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမည်။
၁။ မှာယူသူ အမည်
၂။ နေရပ်လိပ်စာ (အပြည့်အစုံ)
၃။ ဖုန်းနံပါတ်
အဆိုပါအချက် ၃ ခု ပြည့်စုံမှ စာအုပ်ပေးပို့ရန် လွယ်ကူပါသည်။ မပြည့်စုံပါက ပေးပို့ရန် ခက်ခဲနိုင်ပါသည်။

ဟိမဝန္တာစာပေကနေ ဒီစာအုပ်မှာလို့ ရပါတယ်။
13/10/2021

ဟိမဝန္တာစာပေကနေ ဒီစာအုပ်မှာလို့ ရပါတယ်။

လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ
--------------------------------------------------------------------------
“လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ”စာအုပ်ကို ဤနေရာမှ တစ်ဆင့် မှာယူနိုင်ပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးပါသည်။

စာအုပ်အမည် - “လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ”
ရေးသူ - စုမီအောင်၊ စံပယ်ဖြူနု၊ ဇော်လူစိမ်း၊ ဏေလင်းသစ်၊ ထွန်းဝေမြင့်၊ နေမျိုး၊ ပြည့်၊ မယ်မွှေး၊ မြကျေး၊ ရေအေး၊ လူရောင်လွင်၊ ဝေယံဘုန်း၊ သူဝေး၊ သော်တာအေးလဲ့၊ သစ်နေမိုး၊ သွေး(စစ်ကိုင်း)၊ ဟန်ဆန်း၊ အေးမင်းစော
ထုတ်ဝေနှစ် - ဖေဖော်ဝါလ ၂၀၂၁ ပြည့်နှစ်၊ ပထမအကြိမ်
စာမျက်နှာ - ၁၆၈
စာအုပ်အရွယ်အစား - ၁၃ စင်တီမီတာ x ၂၁ စင်တီမီတာ
စီစဉ်ထုတ်လုပ်ဝေသူ - ကွန်းခိုရာစာပေ
အွန်လိုင်း ပူးတွဲဖြန့်ချိသူ - ဟိမဝန္တာစာပေ
စာအုပ်တန်ဖိုး ၃၀ဝ၀ + ပို့ခ ၁၀ဝ၀ / စုစုပေါင်း ၄၀ဝ၀ ကျပ် (လေးထောင်ကျပ်) တိတိ
--------------------------------------------------------------------------
စာအုပ်အကြောင်းအညွှန်း
စုမီအောင်၊ စံပယ်ဖြူနု၊ ဇော်လူစိမ်း၊ ဏေလင်းသစ်၊ ထွန်းဝေမြင့်၊ နေမျိုး၊ ပြည့်၊ မယ်မွှေး၊ မြကျေး၊ ရေအေး၊ လူရောင်လွင်၊ ဝေယံဘုန်း၊ သူဝေး၊ သော်တာအေးလဲ့၊ သစ်နေမိုး၊ သွေး(စစ်ကိုင်း)၊ ဟန်ဆန်းနှင့် အေးမင်းစော တို့၏ ၀တ္ထုတို၊ အက်ဆေး၊ ရသစာမူများကို “လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ” အမည်ဖြင့် ကွန်းခိုရာစာအုပ်တိုက် က စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်သည်။
ထိုစာမူများကို မြန်မာတိုင်း(မ်)ဂျာနယ်၏ ခံစားမှုအတွေး(Fiction)ကဏ္ဍ၌ ၂၀၁၉ ခုနှစ်အတွင်း ဖော်ပြခဲ့ဖူးသည်။ ထိုကဏ္ဍကို စာပေရသအသစ်တစ်ခုခု၏ နေရာဌာနတစ်ခုအဖြစ် ရှုမြင်၍ ဖွင့်လှစ်ခဲ့ကြောင်းနှင့် ယင်းမှစာမူများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ကြောင်း စီစဉ်သူ ဉာဏ်လင်းအောင်က ဆိုသည်။ ထိုသို့ စုစည်းထားသည့် အရေးအသားများကို ဖတ်ပြီးသည့်အခါ အသစ်ဖြစ်သောခံစားမှု၊ အသစ်ဖြစ်သောအတွေး၊ အသစ်ဖြစ်သောအရသာ နှင့် အသစ်ဖြစ်သော ကိုယ့်ကိုယ်ကိုယ် ဖမ်းဆုပ်ရမိမှုတစ်ခုခုကို ရရှိစေမည်ဖြစ်သည်။ ကိုယ်တိုင်လည်း သစ်လွင်နေ ရန်လိုမည်ဟု ဉာဏ်လင်းအောင်က ဆိုထားပြန်သည်။

ဤစာအုပ်ကို အိမ်အရောက်ဝန်ဆောင်မှုဖြင့် က ရန်ကုန်မြို့တွင်း ပို့ဆောင်ပေးမည်ဖြစ်သည်။ ရန်ကုန်ပြင်ပမြို့များသို့ ကားဂိတ်အထိပို့ဆောင်ပေးမည်ဖြစ်ပါသည်။
--------------------------------------------------------------------------
အလိုရှိပါက Himawuntar ၏ Message Chat Box မှ တစ်ဆင့် မှာယူနိုင်ပါသည်။
စာအုပ်မှာယူရန်အတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမည်။
၁။ မှာယူသူ အမည်
၂။ နေရပ်လိပ်စာ (အပြည့်အစုံ)
၃။ ဖုန်းနံပါတ်
အဆိုပါအချက် ၃ ခု ပြည့်စုံမှ စာအုပ်ပေးပို့ရန် လွယ်ကူပါသည်။ မပြည့်စုံပါက ပေးပို့ရန် ခက်ခဲနိုင်ပါသည်။

 #ဟိမ၀န္တာစာပေမှ မှာယူရရှိနိုင်သော သုတရသ စာအုပ်များ....၁။  #ဖြစ်ရပ်မှန် စိတ်ကူးယဉ်၀တ္ထုများ၊  #ဝေယံဘုန်း(စာအုပ်တန်ဖိုး ၃...
02/07/2021

#ဟိမ၀န္တာစာပေမှ မှာယူရရှိနိုင်သော သုတရသ စာအုပ်များ....
၁။ #ဖြစ်ရပ်မှန် စိတ်ကူးယဉ်၀တ္ထုများ၊ #ဝေယံဘုန်း
(စာအုပ်တန်ဖိုး ၃၅၀၀ + ပို့ခ ၁၀၀၀ = စုစုပေါင်း ၄၅၀၀ ကျပ်တိတိ)..
၂။ #ဘာသာပြန်လမ်းညွှန်၊ #ကလောင်စုံ
(စာအုပ်တန်ဖိုး ၄၀၀၀ + ပို့ခ ၁၀၀၀ = စုစုပေါင်း ၅၀၀၀ ကျပ်တိတိ)..
၃။ #လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ၊ #ကလောင်စုံ
(စာအုပ်တန်ဖိုး ၃၀၀၀ + ပို့ခ ၁၀၀၀ = စုစုပေါင်း ၄၀၀၀ ကျပ်တိတိ)..
၄။ #ဆက်လက်ရှုစား ငွေရောင်ပိတ်ကား(မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်)
(စာအုပ်တန်ဖိုး ၈၀၀၀ + ပို့ခ ၁၂၀၀ = စုစုပေါင်း ၉၂၀၀ ကျပ်တိတိ)..
၅။ #နည်းပညာကို လူသားဆန်မှုနှင့် လက်ထပ်ထိမ်းမြားပေးခြင်း (အိုင်စီတီဆိုင်ရာဆောင်းပါးများ)၊ #ဟန်ဇော်
(စာအုပ်တန်ဖိုး ၃၅၀၀ + ပို့ခ ၁၀၀၀ = စုစုပေါင်း ၄၅၀၀ ကျပ်တိတိ)..
၆။ #စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း (အခြေခံအဆင့် လေ့လာလိုသူများအတွက်သာ)၊ #ဟန်ဇော်
(စာအုပ်တန်ဖိုး ၂၅၀၀ + ပို့ခ ၅၀၀ = စုစုပေါင်း ၃၅၀၀ ကျပ်တိတိ)..
၇။ #လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်၊ #ဟန်ဆန်း
(စာအုပ်တန်ဖိုး ၁၅၀၀ + ပို့ခ ၁၀၀၀ = စုစုပေါင်း ၂၅၀၀ ကျပ်တိတိ)..
၈။ #နှစ်တွေအတော်ကြာအောင် အတူနေခဲ့ကြ၊ #ဝါနု
(စာအုပ်တန်ဖိုး ၃၀၀၀ + ပို့ခ ၁၀၀၀ = စုစုပေါင်း ၄၀၀၀ ကျပ်တိတိ)....
#စာအုပ်များကို တစ်အုပ်ထက် ပိုမိုမှာယူပါက ပို့ခကို စုပေါင်းတွက်ချက်၍ လျော့ပေးပါမည်။....
#စာအုပ်ကို ဤနေရာမှ တစ်ဆင့် မှာယူနိုင်ပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးပါသည်။ စာအုပ်ရောက်မှ ငွေပေးချေသောစနစ်ဖြင့် မှာယူသူများထံ ပို့ဆောင်ပေးမည်ဖြစ်သည်။
--------------------------------------------------------------------------
အလိုရှိပါက ၏ Message Chat Box မှ တစ်ဆင့် မှာယူနိုင်ပါသည်။

#ဖုန်းဖြင့် မှာယူလိုပါက ၀၉ ၇၃၀ ၈၁၃ ၅၀ သို့ ဆက်သွယ်နိုင်ပါသည်။

စာအုပ်မှာယူရန်အတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမည်။

၁။ မှာယူသူ အမည်
၂။ နေရပ်လိပ်စာ (အပြည့်အစုံ)
၃။ ဖုန်းနံပါတ်

အဆိုပါအချက် ၃ ခု ပြည့်စုံမှ စာအုပ်ပေးပို့ရန် လွယ်ကူပါသည်။
မပြည့်စုံပါက ပေးပို့ရန် ခက်ခဲနိုင်ပါသည်။

“ #ဖြစ်ရပ်မှန်စိတ်ကူးယဉ်၀တ္ထုများ”--------------------------------------------------------------------------“ဖြစ်ရပ်မှန်...
13/06/2021

“ #ဖြစ်ရပ်မှန်စိတ်ကူးယဉ်၀တ္ထုများ”
--------------------------------------------------------------------------
“ဖြစ်ရပ်မှန် စိတ်ကူးယဉ်၀တ္ထုများ”စာအုပ်ကို ဤနေရာမှ တစ်ဆင့် မှာယူနိုင်ပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးပါသည်။
--------------------------------------------------------------------------
#စာအုပ်အမည် - “ဖြစ်ရပ်မှန် စိတ်ကူးယဉ်၀တ္ထုများ”
#ရေးသူ - #ဝေယံဘုန်း
#ထုတ်ဝေနှစ် - ၂၀၁၉ ခုနှစ်၊ ပထမအကြိမ်
#စာမျက်နှာ - ၂၃၅
#စာအုပ်အရွယ်အစား - ၅.၂၅ လက်မ x ၈.၁ လက်မ
#စီစဉ်ထုတ်လုပ်ဝေသူ - ကွန်းခိုရာစာပေ
#အွန်လိုင်း ပူးတွဲဖြန့်ချိသူ - ဟိမဝန္တာစာပေ

#စာအုပ်တန်ဖိုး ၃၅ဝ၀ + ပို့ခ ၁၀ဝ၀ / စုစုပေါင်း ၄၅ဝ၀ ကျပ်(လေးထောင့်ငါးရာကျပ်)တိတိ
--------------------------------------------------------------------------
#စာအုပ်အကြောင်း

“ဖြစ်ရပ်မှန် စိတ်ကူးယဉ်၀တ္ထုများ” စာအုပ်သည် စာရေးဆရာ ဝေယံဘုန်း၏ ၀တ္ထုတိုစုစည်းမှု စာအုပ်ဖြစ်သည်။ စာအုပ်တွင် "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တကယ်မပေးခဲ့မိဘူး"၊ "အတိတ်ရဲ့အရိပ်"၊ "တူတူပုန်း"၊ "တော်တော်ဆိုးတဲ့လူတွေ"၊ "ဘူတာရုံ"၊ "ဖိုးကျော်ရဲ့ ချစ်သူ"၊ "သီတာ "၊ "ပိုလီသရစ္စကီးယား"၊" မောင်မိုးသက်"၊ "ခင်လွမ်းမေ"၊ "အချစ်သည် လွတ်လပ်သူဖြစ်၏"နှင့် "စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း" ဆိုသော ၀တ္ထုတို ၁၇ ပုဒ်ပါဝင်သည်။

“ယခု ကျွန်တော်ဖတ်ရှုရသော ဝေယံဘုန်း၏ ၀တ္ထုတိုများတွင် “အရေးအသားအသစ်” ၀တ္ထုတိုများ တွေ့မြင်ဖတ်ရှု ရသဖြင့် ဝေယံဘုန်းဆိုသောကလောင်ရှင်အား မြန်မာစာပေဘဏ္ဍာတိုက်တွင် လစ်ဟာနေသော “အရေးအသားအ သစ်စာပေလက်ရာများ ဆက်လက်ခံစားဖန်တီးရေးသားနိုင်ပါစေဟု ပြောချင်ပါတော့သည်”ဟု စာအုပ်များ၀တ္ထုတို များနှင့်ပတ်သက်၍ မှတ်ချက်ပြုထားသည်။

“စာဖတ်သူတို့အနေနဲ့ လွတ်လပ်စွာခံစားနိုင်ပါတယ်။ လွတ်လပ်စွာ အတွေးအမြင် ဖြန့်ကျက်နိုင်ပါတယ်။ လွတ် လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ကျနော်တို့ နေထိုင်ရှင်သန်နေရတဲ့ ပြင်ပလောကမှာ တဖြည်းဖြည်း လက်ခံနိုင်မှုနည်းပါး လာနေတဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်ကို ခုဒီစာအုပ်မှာ အပြည့်အ၀ပေးထားမှာပါ”ဟု စာရေးဆရာ ဝေယံဘုန်းက ဆိုထားပြန်သည်။

ထို့ကြောင့် အရေးအသားအသစ်၀တ္ထုတိုနှစ်သက်သောသူများ ဝယ်ယူမြည်းစမ်းသင့်သည်။
--------------------------------------------------------------------------
ဤစာအုပ်ကို က ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ပေးမည်ဖြစ်သည်။ ရန်ကုန်ပြင်ပမြို့များသို့ ကားဂိတ်အထိ ပို့ပေးမည်ဖြစ်ပါသည်။
--------------------------------------------------------------------------
အလိုရှိပါက Himawuntar ၏ Message Chat Box မှ တစ်ဆင့် မှာယူနိုင်ပါသည်။
စာအုပ်မှာယူရန်အတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမည်။
၁။ မှာယူသူ အမည်
၂။ နေရပ်လိပ်စာ (အပြည့်အစုံ)
၃။ ဖုန်းနံပါတ်
အဆိုပါအချက် ၃ ခု ပြည့်စုံမှ စာအုပ်ပေးပို့ရန် လွယ်ကူပါသည်။ မပြည့်စုံပါက ပေးပို့ရန် ခက်ခဲနိုင်ပါသည်။

ဘာသာပြန်လမ်းညွှန်--------------------------------------------------------------------------“ဘာသာပြန်လမ်းညွှန်”စာအုပ်ကို ...
11/06/2021

ဘာသာပြန်လမ်းညွှန်
--------------------------------------------------------------------------
“ဘာသာပြန်လမ်းညွှန်”စာအုပ်ကို ဤနေရာမှ တစ်ဆင့် မှာယူနိုင်ပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးပါသည်။
--------------------------------------------------------------------------
#စာအုပ်အမည် - “ဘာသာပြန်လမ်းညွှန်”..
ရေးသူ - ဦးဖေမောင်တင်၊ သခင်ဘသောင်း၊ ဦးဧမောင်၊ ဦးသန့်၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဦးတင်ဧ၊ တောင်တွင်းကိုကိုကြီး၊ ကျော်အောင်၊ မြသန်းတင့်၊ ဒေါက်တာအောင်ကြီးနှင့် ဒီနိုဗို..
ထုတ်ဝေနှစ် - ဇန်နဝါရီလ ၂၀၂၁ ပြည့်နှစ်၊ ဒုတိယအကြိမ်..
စာမျက်နှာ - ၂၂၉..
စာအုပ်အရွယ်အစား - ၁၂.၇ စင်တီမီတာ x ၂၀.၃ စင်တီမီတာ..
စီစဉ်ထုတ်လုပ်ဝေသူ - ကွန်းခိုရာစာပေ..
အွန်လိုင်း ပူးတွဲဖြန့်ချိသူ - ဟိမဝန္တာစာပေ..
စာအုပ်တန်ဖိုး ၄၀ဝ၀ + ပို့ခ ၁၀ဝ၀ = စုစုပေါင်း ၅၀ဝ၀ ကျပ် (ငါးထောင်ကျပ်) တိတိ
--------------------------------------------------------------------------
စာအုပ်အကြောင်းအညွှန်း

ဦးဖေမောင်တင်၊ သခင်ဘသောင်း၊ ဦးဧမောင်၊ ဦးသန့်၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဦးတင်ဧ၊ တောင် တွင်းကိုကိုကြီး၊ ကျော်အောင်၊ မြသန်းတင့်၊ ဒေါက်တာအောင်ကြီးနှင့် ဒီနိုဗို တို့၏ ဘာသာပြန်ဆိုင်ရာလမ်းညွှန် ချက်များကို “ဘာသာပြန်လမ်းညွှန်” အမည်ဖြင့် ကွန်းခိုရာစာအုပ်တိုက်က ဒုတိယအကြိမ် စုစည်းထုတ်ဝေလိုက် ခြင်း ဖြစ်သည်။ ပထမအကြိမ်ထုတ်ဝေမှုတွင် ဒေါက်တာအောင်ကြီးနှင့် ဒီနိုဗိုတို့၏ စာတမ်းများမပါဝင်ခဲ့ဘဲ ယခု ထုတ်ဝေသော ဒုတိယအကြိမ်စာအုပ်တွင် ပါဝင်လာသည်။
ဆရာကြီး ဦးဖေမောင်တင်မှစ၍ ဆရာ မြသန်းတင့်အထိ ခေတ်အဆက်ဆက်ထင်ရှားခဲ့သည့် ဆရာကြီးများ၏ ဘာ သာပြန်လမ်းညွှန်ချက်များကို ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။ “ရသစာပေကို ဘာသာပြန်မယ်ဆိုရင်တော့ ဘာ သာပြန်သူမှာ ရသအမြင်သန်ဖို့ လိုတယ်။ ရသခံစားမှု အဆင့်အတန်းရှိဖို့လိုတယ်။ အကောင်းဆုံးကတော့ ရသစာ ပေကို ဘာသာပြန်ရင် ရသစာပေကို ရေးတဲ့သူတွေ ဘာသာပြန်တာဟာ အကောင်းဆုံးပါပဲ” ဟု ထိုစာအုပ်ပါ “ဘာသာပြန်ဗေဒပြဿနာများ”စာတမ်းတွင် ဆရာ မြသန်းတင့်က ဆိုထားသည်။
ဆရာ ဒေါက်တာအောင်ကြီးနှင့် ဆရာ ဒီနိုဗိုတို့မှာလည်း ယနေ့ဘာသာပြန်စာပေလောကတွင် လူသိထင်ရှားသူ များဖြစ်သည်။ ဘာသာပြန်စာပေလုပ်ငန်းကို လက်ရှိလုပ်ကိုင်နေကြသူများလည်းဖြစ်သည်။ ဘာသာပြန်စာပေနှင့် ပတ်သက်၍ “ကျွန်တော်တို့နိုင်ငံတွင် ဘာသာပြန်စာပေကို ပညာရပ်တစ်ခုအဖြစ်တည်ထောင်ဖို့ အချိန်ကျရောက် ပါပြီ။ တက္ကသိုလ်ကောလိပ်မှ ပညာရှင်များ၊ ပြင်ပပညာရှင်များ၊ စိတ်ဝင်စားသူများ ဤကိစ္စဖြစ်မြောက်ရေးအတွက် ယခုအချိန်မှစ၍ ပူးပေါင်းလုပ်ဆောင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်”ဟု ထိုစာအုပ်ပါ “ယဉ်ကျေးမှုကို ဘာသာပြန်ဆိုခြင်း”စာတမ်းတွင် ဆရာ ဒေါက်တာအောင်ကြီးက ဆိုထားသည်။
--------------------------------------------------------------------------
ဤစာအုပ်ကို က ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ပေးမည်ဖြစ်သည်။ ရန်ကုန်ပြင်ပမြို့များသို့ ကားဂိတ်အထိ ပို့ပေးမည်ဖြစ်ပါသည်။
--------------------------------------------------------------------------
အလိုရှိပါက ၏ Message Chat Box မှ တစ်ဆင့် မှာယူနိုင်ပါသည်။
စာအုပ်မှာယူရန်အတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမည်။
၁။ မှာယူသူ အမည်
၂။ နေရပ်လိပ်စာ (အပြည့်အစုံ)
၃။ ဖုန်းနံပါတ်
အဆိုပါအချက် ၃ ခု ပြည့်စုံမှ စာအုပ်ပေးပို့ရန် လွယ်ကူပါသည်။ မပြည့်စုံပါက ပေးပို့ရန် ခက်ခဲနိုင်ပါသည်။

လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ--------------------------------------------------------------------------“လေတိုက်ပျင်းတ...
04/06/2021

လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ
--------------------------------------------------------------------------
“လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ”စာအုပ်ကို ဤနေရာမှ တစ်ဆင့် မှာယူနိုင်ပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးပါသည်။
--------------------------------------------------------------------------
စာအုပ်အမည် - “လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ”
ရေးသူ - စုမီအောင်၊ စံပယ်ဖြူနု၊ ဇော်လူစိမ်း၊ ဏေလင်းသစ်၊ ထွန်းဝေမြင့်၊ နေမျိုး၊ ပြည့်၊ မယ်မွှေး၊ မြကျေး၊ ရေအေး၊ လူရောင်လွင်၊ ဝေယံဘုန်း၊ သူဝေး၊ သော်တာအေးလဲ့၊ သစ်နေမိုး၊ သွေး(စစ်ကိုင်း)၊ ဟန်ဆန်း၊ အေးမင်းစော
ထုတ်ဝေနှစ် - ဖေဖော်ဝါလ ၂၀၂၁ ပြည့်နှစ်၊ ပထမအကြိမ်
စာမျက်နှာ - ၁၆၈
စာအုပ်အရွယ်အစား - ၁၃ စင်တီမီတာ x ၂၁ စင်တီမီတာ
စီစဉ်ထုတ်လုပ်ဝေသူ - ကွန်းခိုရာစာပေ
အွန်လိုင်း ပူးတွဲဖြန့်ချိသူ - ဟိမဝန္တာစာပေ
စာအုပ်တန်ဖိုး ၃၀ဝ၀ + ပို့ခ ၁၀ဝ၀ / စုစုပေါင်း ၄၀ဝ၀ ကျပ် (လေးထောင်ကျပ်) တိတိ
--------------------------------------------------------------------------
စာအုပ်အကြောင်းအညွှန်း
စုမီအောင်၊ စံပယ်ဖြူနု၊ ဇော်လူစိမ်း၊ ဏေလင်းသစ်၊ ထွန်းဝေမြင့်၊ နေမျိုး၊ ပြည့်၊ မယ်မွှေး၊ မြကျေး၊ ရေအေး၊ လူရောင်လွင်၊ ဝေယံဘုန်း၊ သူဝေး၊ သော်တာအေးလဲ့၊ သစ်နေမိုး၊ သွေး(စစ်ကိုင်း)၊ ဟန်ဆန်းနှင့် အေးမင်းစော တို့၏ ၀တ္ထုတို၊ အက်ဆေး၊ ရသစာမူများကို “လေတိုက်ပျင်းတဲ့နေ့ရက်ထဲက လိပ်ပြာ” အမည်ဖြင့် ကွန်းခိုရာစာအုပ်တိုက် က စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်သည်။
ထိုစာမူများကို မြန်မာတိုင်း(မ်)ဂျာနယ်၏ ခံစားမှုအတွေး(Fiction)ကဏ္ဍ၌ ၂၀၁၉ ခုနှစ်အတွင်း ဖော်ပြခဲ့ဖူးသည်။ ထိုကဏ္ဍကို စာပေရသအသစ်တစ်ခုခု၏ နေရာဌာနတစ်ခုအဖြစ် ရှုမြင်၍ ဖွင့်လှစ်ခဲ့ကြောင်းနှင့် ယင်းမှစာမူများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ကြောင်း စီစဉ်သူ ဉာဏ်လင်းအောင်က ဆိုသည်။ ထိုသို့ စုစည်းထားသည့် အရေးအသားများကို ဖတ်ပြီးသည့်အခါ အသစ်ဖြစ်သောခံစားမှု၊ အသစ်ဖြစ်သောအတွေး၊ အသစ်ဖြစ်သောအရသာ နှင့် အသစ်ဖြစ်သော ကိုယ့်ကိုယ်ကိုယ် ဖမ်းဆုပ်ရမိမှုတစ်ခုခုကို ရရှိစေမည်ဖြစ်သည်။ ကိုယ်တိုင်လည်း သစ်လွင်နေ ရန်လိုမည်ဟု ဉာဏ်လင်းအောင်က ဆိုထားပြန်သည်။
--------------------------------------------------------------------------
ဤစာအုပ်ကို အိမ်အရောက်ဝန်ဆောင်မှုဖြင့် က ရန်ကုန်မြို့တွင်း ပို့ဆောင်ပေးမည်ဖြစ်သည်။ ရန်ကုန်ပြင်ပမြို့များသို့ ကားဂိတ်အထိပို့ဆောင်ပေးမည်ဖြစ်ပါသည်။
--------------------------------------------------------------------------
အလိုရှိပါက Himawuntar ၏ Message Chat Box မှ တစ်ဆင့် မှာယူနိုင်ပါသည်။
စာအုပ်မှာယူရန်အတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမည်။
၁။ မှာယူသူ အမည်
၂။ နေရပ်လိပ်စာ (အပြည့်အစုံ)
၃။ ဖုန်းနံပါတ်
အဆိုပါအချက် ၃ ခု ပြည့်စုံမှ စာအုပ်ပေးပို့ရန် လွယ်ကူပါသည်။ မပြည့်စုံပါက ပေးပို့ရန် ခက်ခဲနိုင်ပါသည်။

ဝယ်ယူနိုင်ပါသည်
21/05/2021

ဝယ်ယူနိုင်ပါသည်

ဟန်ဇော် ၏

🔹🔷နည်းပညာကို လူသားဆန်မှုနှင့်

လက်ထပ်ထိမ်းမြားပေးခြင်း 🔷🔹

(အိုင်စီတီဆိုင်ရာဆောင်းပါးများ)

စျေးနှုန်း ၃၅၀၀ ကျပ်

"ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်)  ရုပ်ရှင်မဂ္ဂဇင်း Issue 5-----------------------------...
01/01/2021

"ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်)
ရုပ်ရှင်မဂ္ဂဇင်း Issue 5
--------------------------------------------------------------------------
"ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်) စာအုပ်ကို ဤနေရာမှ တစ်ဆင့်မှာယူနိုင်ပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးပါသည်။
--------------------------------------------------------------------------
#စာအုပ်အမည် - "ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်)
#ရေးသူ - ကလောင်စုံ
#ထုတ်ဝေနှစ် - ဒီဇင်ဘာလ ၂၀၂၀ ပြည့်နှစ်၊ ပထမအကြိမ်
#စာမျက်နှာ - ၃၂၀
#စာအုပ်အရွယ်အစား - ၇.၉ x ၉.၈ လက်မ
#စက္ကူ နှင့် ပုံနှိပ် - စက္ကူချော (အတ်ခ်ပေပါ) နှင့် ရောင်စုံပုံနှိပ်
#စီစဉ်ထုတ်လုပ်ဝေသူ - ရုပ်ရှင်မဂ္ဂဇင်း
#အွန်လိုင်း ပူးတွဲဖြန့်ချိသူ - #ဟိမဝန္တာစာပေ
စာအုပ်တန်ဖိုး ၈၀ဝ၀ + ပို့ခ ၁၂ဝ၀ / စုစုပေါင်း ၉၂ဝ၀ကျပ် (ကိုးထောင့်နှစ်ရာကျပ်တိတိ)
--------------------------------------------------------------------------
စာအုပ်အကြောင်းအညွှန်း
"မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထူးထုတ်" ၌ #3-ACT ၏ ACT-1 ၊ ACT-2၊ ACT-3 အပိုင်း(၃)ပိုင်း ပါဝင်သည်။ ယင်းအပိုင်း(၃)ပိုင်းတွင် ‘တင်ထက်ပိုင်’ ရေးသားသော "ခေတ်ဟောင်းမြန်မာ့ရုပ်ရှင်ကို လက်လှမ်းမီစေလို" ဆောင်းပါး၊ ‘ဟန်ဆန်း’နှင့် ‘အောင်ဖြိုး’တို့က ပြုစုသည့် “မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြောင်း အထူးဆောင်း ပါး”၊ ‘ဟန်ဆန်း’ ရေးသားသော "ပထမ မြန်မာ့ ရုပ်ရှင် ၊ မြန်မာ့ ပထမ ရုပ်ရှင်" ဆောင်းပါး၊ ‘ဇွန်အိထက်’ ရေးသား သော "မြန်မာ့ရုပ်ရှင် မဂ္ဂဇင်းများ"ဆောင်းပါး၊ ‘ဖိုးလုံး’ ရေးသားသော “ရုပ်ရှင်ထုတ်လုပ်ရေးကဏ္ဍ သိမှတ်ဖွယ်ရာ များ”ဆောင်းပါး၊ ‘ခရစ္စ တိုဖာ ချမ်းငြိမ်း’ ရေးသားသော "ရုပ်ရှင်နှင့် သရုပ်ဆောင်ခြင်းအနုပညာ" ဆောင်းပါး၊ ‘သရဖူချိုသက်’ ရေးသား သော "ဒါရိုက်တာနဲ့ ထုတ်လုပ်ရေးကြားက ပထမခြေလှမ်းများ" ဆောင်းပါး၊ ‘ဟန်ဆန်း’ ရေးသားသော “မြန်မာ့ ရုပ်ရှင်ရာပြည့်မှာ ဆယ်စုနှစ်တစ်စုစာပါဝင်ခဲ့သော ၀ဿန်ရုပ်ရှင်ပွဲတော်အကြောင်း” ဆောင်းပါး၊ ‘အောင်ဖြိုး’ ရေး သားသော “ဂျာမန်ဒါရိုက်တာ Rainer Werner Fassbinder ၏ ရုပ်ရှင်များထဲက အနုပညာဟန်အကြောင်း” ဆောင်းပါး၊ ‘မိုးမြတ်မေဇာခြည်’နှင့် ‘ကောင်းခန့်’ ရေးသားသော “စိတ်ကူးယဉ်အချစ် ဇာတ်လမ်းများရပ်တန့်မှုနှင့် ခေတ်သစ်မော်ဒန်ရုပ်ရှင်များရောက်လာပုံ(၁၉၅၈-၆၉)”၊ ‘မိုးမြတ်မေဇာခြည်’ ရေး သားသော “Experimental Film(စမ်းသပ်ရုပ်ရှင်များ)အကြောင်းဆောင်းပါး စသည်တို့ ပါဝင်ပါသည်။
--------------------------------------------------------------------------
ဤစာအုပ်ကို Himawuntar မှလည်း မြန်မာတစ်နိုင်ငံလုံးသို့ အိမ်အရောက်ဝန်ဆောင်ပို့ပေးသွားနိုင်မည်ဖြစ်ပါ သည်။ အလိုရှိသူ စာဖတ်သူများထံမှာယူပြီး နှစ်ပတ်အတွင်း အိမ်အရောက်ပို့ဆောင်ပေးပါသည်။ မှာယူသူများထံ စာအုပ်အရောက်ငွေပေးချေသောစာတိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။
--------------------------------------------------------------------------
အလိုရှိပါက Himawuntar ၏ Message Chat Box မှ တစ်ဆင့် မှာယူနိုင်ပါသည်။
စာအုပ်မှာယူရန်အတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမည်။
၁။ မှာယူသူ အမည်
၂။ နေရပ်လိပ်စာ (အပြည့်အစုံ)
၃။ ဖုန်းနံပါတ်
အဆိုပါအချက် ၃ ခု ပြည့်စုံမှ စာအုပ်ပေးပို့ရန် လွယ်ကူပါသည်။ မပြည့်စုံပါက ပေးပို့ရန် ခက်ခဲနိုင်ပါသည်။
--------------------------------------------------------------------------
"ဆက်လက်ရှုစား ငွေရောင်ပိတ်ကား" (မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ အထူးထုတ်) စာအုပ်လေးကို ဖတ်ချင်ရင် အမည်၊ ဖုန်း၊ လိပ်စာအပြည့်အစုံနဲ့ မှာပေးနော်။ စာတိုက်က ပို့မှာဆိုတော့ အမည်၊ ဖုန်း၊ လိပ်စာပြည့်စုံဖို့ လိုပါတယ်နော်။

Address

No. 754, Zayyar Street, 18/C Block, South Dagon Township
Yangon

Alerts

Be the first to know and let us send you an email when Himawuntar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Himawuntar:

Share

Category