Peti Literary Zone

Peti Literary Zone စာအုပ်မှာယူလိုပါက
အမည်
လိပ်စာ
ဖုန်းနံပါတ်လေးတွေ
ပေးပို့မှာယူနိုင်ပါတယ်။ စာအုပ်ရောက်ငွေချေစနစ်

ဆရာမ မယ်ညို လက်မှတ်ရေးထိုးနေပါပြီ🔖🔖📝📝နှလုံးသားကိုချည်တဲ့ကြိုး လုံးချင်းဝတ္ထုစာအုပ်ကြိုတင်အမှာတွေအတွက် ပီတိစာပေရပ်ဝန်းမှာ...
04/03/2026

ဆရာမ မယ်ညို လက်မှတ်ရေးထိုးနေပါပြီ
🔖🔖📝📝
နှလုံးသားကိုချည်တဲ့ကြိုး လုံးချင်းဝတ္ထုစာအုပ်
ကြိုတင်အမှာတွေအတွက် ပီတိစာပေရပ်ဝန်းမှာ လက်မှတ်ရေးထိုးနေပါပြီ။
💫⭐
📚မှာယူလိုကနှိပ်ပါ- m.me/petiliteraryzone

မယ်ညို ရဲ့ "နှလုံးသားကို ချည်တဲ့ကြိုး"အသစ်စက်စက် လုံးချင်းဝတ္ထုလာပါပြီ။🔖ကြိုတင်မှာယူသူတိုင်းအတွက် စာရေးဆရာမ လက်မှတ်ပါတဲ့...
24/02/2026

မယ်ညို ရဲ့ "နှလုံးသားကို ချည်တဲ့ကြိုး"
အသစ်စက်စက် လုံးချင်းဝတ္ထုလာပါပြီ။
🔖ကြိုတင်မှာယူသူတိုင်းအတွက် စာရေးဆရာမ လက်မှတ်ပါတဲ့စာအုပ် ရရှိမဲ့အခွင့်အရေး🔖

မှာယူရန်နှိပ်ပါ- m.me/petiliteraryzone.

📚စာအုပ်အညွှန်း-

(၁)
'မောင့်ကို အခုလို မော်ကြည့်ရင် မောင်က သိပ်ခန့်တာ။ ပါးသိုင်းမွှေး ရေးရေး လေးတွေနဲ့ မောင့်ပါးပေါ်က မှဲ့နက်နက်ကလေးနဲ့ တံတွေးလေး မျိုချရုံနဲ့တောင် ပေါ်လာတတ်တဲ့ ပါးချိုင့် ကလေးနဲ့ . . .'

(၂)
'ကျွန်မ တွဲဖူးတဲ့ ယောက်ျားတွေထဲ မောင့်ကို အချစ်ပိုခဲ့တယ်။ ချွဲတတ်တာလေးကအစ အမိန့်ပေးတတ်တာလေး အဆုံးပေါ့။'

(၃)
'မိန်းကလေးဆိုတာ ဘယ်လောက် ထက်မြက်သန်မာပါစေ ချစ်သူဆီက ဂရုစိုက်ပေးတာမျိုး လိုချင်ကြတယ် မောင်'

(၄)
' "ဟိုဘက်လှည့် ကျွန်တော် ကျစ်ဆံမြီး ကျစ်ပေးမယ်” ကျွန်မ စိတ်ထဲ အစောက အပျော်တွေ ဖျတ်ခနဲ ပျောက်ကွယ် သွားတယ်။ မောင်က အရင်လိုဆို ကျစ်ဆံမြီး မကျစ်တတ်ဘူး။'

(၅)
'မောင်သာ
အဲဒီ မိန်းကလေး
လက်ကို ဆွဲပြီး
ထွက်သွားမယ်ဆိုရင်
ဒီနေရာမှာ
စိတ်အသေတွေနဲ့
ကျန်ရစ်ခဲ့မဲ့သူက
သေချာပေါက်
ကျွန်မပဲ ဖြစ်မှာပါ။'

(၆)
'မောင်
သူ့မျက်နှာလေး ကြည့်ပြီး
နိုးထလာတဲ့
မနက်ခင်းတွေမှာ
အငယ် ... အငယ်က
မောင့်ကို လွမ်းလို့ကျတဲ့
မျက်ရည်တွေနဲ့ နိုးထရမှာ
မောင်ရဲ့...'

သာမန်ထက်ပိုပြီး ထူးခြားတဲ့ လုံးချင်းဝတ္ထု တစ်ပုဒ်ဖြစ်ပါတယ်။ တင်ပြပုံကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အရေးအသားကြားမှာ ဇာတ်ကောင်တွေရဲ့ သရုပ်ကို ပီပီပြင်ပြင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲ မြတ်နိုးမြတ်နိုး ချစ်သူနှစ်ဦးကြားမှာ မျှော်လင့်မထားတဲ့ ပြဿနာလေးတွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီကနေ နားလည်မှုတွေ အမြင်တွေ ကွဲလွဲတတ်တာမျိုးပေါ့။

တွေ့နေပါရဲ့နဲ့ လွမ်းရတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဒီဝတ္ထုမှာ ပီပီပြင်ပြင် မြင်ကြရမှာပါ။ ပြီးတော့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်၊ မျှော်လင့်ချက် ချစ်သူတွေမှာရှိတဲ့ အိပ်မက်တွေနဲ့ လှလှပပ ချစ်ခြင်းတရားကို တွေ့ကြရမှာပါ။ 'ဆရာမ မယ်ညိုရဲ့ ဝတ္ထုအသစ် မထွက်တာ ကြာပြီနော်၊ ဘာလို့လဲ၊ မျှော်နေပါတယ်' ဆိုတဲ့ ပရိသတ်တွေအတွက် အချစ်ခံစားမှု လုံးချင်းဝတ္ထုတစ်ပုဒ် ထွက်လာပါပြီ။
✏️✏️✏️✏️✏️
"နှလုံးသားကို ချည်တဲ့ကြိုး"
စာရေးသူ- မယ်ညို
ဈေးနှုန်း - ၇၀၀၀
စာမျက်နှာ - ၁၁၅
ထုတ်ဝေသည့်အကြိမ်- ပထမအကြိမ်
စာအုပ်အရွယ်အစား - ၁၈ စင်တီ
စက္ကူအမျိုးအစား- WF 60gm အဖြူအချော
စာအုပ်ထွက်ရှိမည့်ရက်- ၇-၃-၂၀၂၆

📓စာဖတ်ပါ
📔စာအုပ်တွေနဲ့ရှင်သန်ပါ။

ပီတိစာပေရပ်ဝန်း
09 428 994 318

Telegram - https://t.me/petiliteraryzone
Tiktok- https://www.tiktok.com/.literary.zone?_t=8rFL9psauQy&_r=1

ဒွါဒသမတန်းမြန်မာစာစာရေးသူ- ဂုဏ်ထူးဦးသိန်းနိုင်၊ ဂုဏ်ထူးဒေါ်ဇင်မာဦးစျေးနှုန်း - ၁၅၀၀၀မှာယူရန်နှိပ်ပါ- m.me/petiliteraryzo...
18/02/2026

ဒွါဒသမတန်းမြန်မာစာ
စာရေးသူ- ဂုဏ်ထူးဦးသိန်းနိုင်၊ ဂုဏ်ထူးဒေါ်ဇင်မာဦး
စျေးနှုန်း - ၁၅၀၀၀

မှာယူရန်နှိပ်ပါ- m.me/petiliteraryzone

📚မြန်မာစာ ထူးချွန်လိုသူတို့အတွက် တတ်တိုင်းသင်၍ သင်တိုင်းတတ်စေမည့် စာအုပ်။ အစဉ်အလာကြီးမားသည့် မြန်မာစာဂုဏ်ထူးအတွက် ထိရောက်စေမည့်စာအုပ်။ ဒွါဒသမ တန်းအတွက် သင်ရိုးကုန် မေးခွန်းနှင့်အဖြေများ အပြည့်အစုံ အကုန်အစင်။

မြန်မာစာဆရာများနဲ့ ကျောင်းသားများအတွက် အထူးသင့် လျော်ပါသည်။

📔စာဖတ်ပါ
📔စာအုပ်တွေနဲ့ရှင်သန်ပါ။

ပီတိစာပေရပ်ဝန်း
Telegram - https://t.me/petiliteraryzone
09428994318

#ဂုဏ်ထူးဦးသိန်းနိုင်
#ဂုဏ်ထူးဒေါ်ဇင်မာဦး
#ဒွါဒသမတန်း
#ကျောင်းသုံးစာအုပ်
#အချိန်စီမံခန့်ခွဲမှုပညာ
#ပီတိစာပေရပ်ဝန်း

ပြောင်းလဲချင်ရင် စာဖတ်စာဖတ်တယ်ဆိုတာ လူဖြစ်နိုင်စွမ်းကို တိုးတက်စေပါတယ်။ လူတွေဟာ တိုးတက်သင့်သလောက် တိုးတက်ဖို့၊အောင်မြင်သ...
19/01/2026

ပြောင်းလဲချင်ရင် စာဖတ်

စာဖတ်တယ်ဆိုတာ လူဖြစ်နိုင်စွမ်းကို တိုးတက်စေပါတယ်။ လူတွေဟာ တိုးတက်သင့်သလောက် တိုးတက်ဖို့၊အောင်မြင်သင့်သလောက် အောင်မြင်ဖို့ စာဖတ်ခြင်းအလုပ်ကို မဖြစ်မနေလုပ်သင့်ပါတယ်။ စာဖတ်တာဟာ ဘဝရဲ့ နေထိုင်မှုပူံစံတွေ ပြောင်းလဲပစ်ဖို့အတွက် သင်ကြားခြင်းတစ်မျိုးပါပဲ။

စာဖတ်တဲ့အခါ ရရှိတဲ့အောင်မြင်မှုဟာ ငွေကြေးတင်မကဘဲ အတွေးအခေါ်နဲ့ အကျင့်စာရိတ္တတွေ ပါ၀င်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်ရင် စာဖတ်ပါ။ ကိုယ့်အရည်အသွေး ကိုယ်မြှင့်ချင်ရင် စာဖတ်ပါ။ စာပေကို အလေးထားပြီး ဖတ်ရှူကြသူအများစုဟာ အချိန်ကြာလာလေ ပိုမိုတောက်ပလာလေ ဖြစ်ပါတယ်။စာ မဖတ်သူကတော့ ကြာလာလေ မှေးမှိန်သွားလာလေလေပါပဲ။

စာဖတ်တယ်ဆိုတာ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းတစ်မျိုးပါပဲ။ အတွေးအမြင်ကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေ ရရှိချင်ရင် စာဖတ်ဖို့ လိုပါတယ်။ ဘာသာရေးမှာဖြစ်ဖြစ် လူမှုရေးမှာဖြစ်ဖြစ် စီပွားရေးမှာဖြစ်ဖြစ် ပညာရေးမှာဖြစ်ဖြစ် အောင်မြင်မှုဆီ အရောက်သွားချင်တဲ့အခါ စာဖတ်ခြင်းဆိုတဲ့ လမ်းမပေါ်တက်ပြီး မဖြစ်မနေလျှောက်ကြရပါမယ်။

ပီတိ(ပေကြီး)

မြန်မာ့ ဝမ်းနည်းဖွယ်မှတ်တမ်း"ကျွန်ုပ်ဟာအိန္ဒိယက ဘုရင်ခံချုပ် လတ်မင်းကြီး လော့ဒပ်ဖရင်ဖြစ်ပါသည်။ ဒီနေ့ ၁၈၈၆ ခုနှစ်၊ ဇန်နဝါ...
31/12/2025

မြန်မာ့ ဝမ်းနည်းဖွယ်မှတ်တမ်း

"ကျွန်ုပ်ဟာအိန္ဒိယက ဘုရင်ခံချုပ် လတ်မင်းကြီး လော့ဒပ်ဖရင်ဖြစ်ပါသည်။ ဒီနေ့ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဝိတိုရိယဘုရင်မကြီးအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် အဖိုးထိုက်ရတနာများနှင့်တကွ အထက်ဗမာပြည်ကို သိမ်းပိုက် အပ်နှံကြောင်း ကြေညာလိုက်ပါသည်။ ဗမာပြည်သည် ဝိတိုရိယဘုရင်မကြီး၏ ထိန်းချုပ်စီမံကွက်ကဲမှု အာဏာစက်အောက်တွင် ရှိပါသည်"

မြန်မာတို့သူ့ကျွန်ဘ၀ ကျရောက်ခဲ့တဲ့ရက်ဟာ နှစ်ပေါင်း ၁၄၀ ရှိပြီ ဖြစ်ပါတယ်။ အင်မတန်ကြေကွဲ ဝမ်းနည်းဖွယ်ကောင်းတဲ့ ကာလအပိုင်းအခြားတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၈၂၄ ခုနှစ်၊ မတ်လ(၅)ရက်၊ သောကြာနေ့ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၊ ကုန်ဘောင်းမင်းဆက် စစ်ကိုင်းမင်း(ဘကြီးတော်)လက်ထက်မှာ ရခိုင်နဲ့တနင်္သာရီဒေသတို့ဟာ အင်္ဂလိပ်တို့သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ ၁၈၅၂ ခုနှစ်၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ၊ ကုန်ဘောင်းမင်းဆက် ပုဂံမင်း လက်ထက်မှာ မြန်မာနိုင်ငံတစ်၀က် အောက်မြန်မာပြည်ဟာ အင်္ဂလိပ်တို့သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။

၁၈၈၅ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ၊ ကုန်ဘောင်းမင်းဆက် သီပေါမင်းလက်ထက်မှာတော့ တစ်နိုင်ငံလုံး အင်္ဂလိပ်တို့သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ အင်္ဂလိပ်တို့ သိမ်းပိုက်နိုင်ခဲ့တဲ့ ရက်စွဲဟာ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၈)ရက်နေ့။ ခရစ်နှစ် ၁၈၈၅ ခုနှစ် နို၀င်ဘာလ ၂၉ ရက်နေ့ဖြစ်ပါတယ်။

မြန်မာဝီကီဗီးရီးယားရဲ့ ဖော်ပြချက်အကျဉ်းချုပ်

၁၈၈၅-ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်၌ ရတနာပုံ ရွှေမန္တလေးမှ သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့အား အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ပါတော်မူခြင်းဟု ခေါ်ဆိုသည်။ သီပေါမင်းကို လက်နက်ချရန် ဖြောင်းဖျ၍ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သူရိယ သင်္ဘောဖြင့် တင်ဆောင်ကာ ရတနာဂီရီသို့ ခေါ်ဆောင် သွားလေသည်။

၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုရင်ခံချုပ် လတ်မင်းကြီး ဒပ်ဖရင် အမိန့်ပြန်တမ်း ထုတ်ပြန်သည်မှာ "ဝိတိုရိယ ဘုရင်မကြီး၏ အမိန့်အရ သီပေါမင်း အုပ်ချုပ်ခဲ့သော ပိုင်နက် ဒေသ အားလုံးသည် သီပေါမင်း လက်အောက်ခံ မဟုတ်တော့၍ အရှင်သခင် ဘုရင်မကြီး၏ ပိုင်နက်တွင် တစိတ် တဒေသ အဖြစ် ပါဝင်ခဲ့ပြီ ဖြစ်သည်။ အရှင်သခင် ဘုရင်မကြီး၏ အလိုတော် အတိုင်း ထိုဒေသများကို အိန္ဒိယ ဘုရင်ခံချုပ်နှင့် ဘုရင်ခံတို့က အခါအားလျော်စွာ ခန့်အပ်သွားမည့် အရာရှိများမှ တဆင့် စီရင် အုပ်ချုပ်လိမ့်မည် ဖြစ်ကြောင်း ကြေညာအပ်သည်" ဟု ဖြစ်လေသည်။ လွတ်လပ်သော အထက် မြန်မာနိုင်ငံသည်လည်း တစခန်းသိမ်း၍ ဗြိတိသျှအင်ပါယာ အတွင်းတွင် အိန္ဒိယ ပြည်နယ်များ ကဲ့သို့ပင် ပြည်နယ် တစ်ခု ဖြစ်လာရ လေတော့သည်။

ပီတိ(ပေကြီး)

အမုန်းကို လက်ဆင့်ကမ်းကြသူများလူတွေဟာ အတ္တမာနတွေသိပ်ပြီးများပါတယ်။ သူနဲ့အဆင်မပြေဖြစ်နေတဲ့သူကို ကိုယ်က အဆင်ပြေနေတာမျိုး နာ...
18/12/2025

အမုန်းကို လက်ဆင့်ကမ်းကြသူများ

လူတွေဟာ အတ္တမာနတွေသိပ်ပြီးများပါတယ်။ သူနဲ့အဆင်မပြေဖြစ်နေတဲ့သူကို ကိုယ်က အဆင်ပြေနေတာမျိုး နားလည်ပေးနိုင်မှုစွမ်းအား မရှိကြပါဘူး။

ကိုယ်နဲ့မခေါ်ရင် သူနဲ့လဲမခေါ်ရဘူး။ ကိုယ်နဲ့ရန်သူဆို သူနဲ့လဲရန်သူဖြစ်ရမယ်ဆိုပြီး အမုန်းတွေ လက်ဆင့်ကမ်းဝေငှတတ်ကြပါတယ်။

အဲဒီလိုအမုန်း လက်ဆင့်ကမ်းတတ်သူတွေ ကိုယ့်အ၀န်းအဝိုင်းမှာရှိနေရင် ရှုပ်ထွေးခြင်း၀င်္ကပါထဲ ရောက်ရှိနေပါပြီ စိတ်ညစ်ညူးစရာ အမိုက်ထွေ လာပစ်ချတာ ခံရပါတော့မယ်။ တစ်ခါက စာပေနယ်ပယ်က အသိအဒေါ်ကြီးတစ်ယောက်ရှိပါတယ်။ သူက မနာလို၀န်တိုစိတ်သိပ်ကိုအားကြီးပါတယ်။ သူနဲ့ကျွန်တော်စာပေလုပ်ငန်းတွေ အတူတွဲလုပ်ကြတဲ့အခါ သူနဲ့ခင်မင်သူတွေကလွဲရင် သူနဲ့ပြိုင်ဘက်တွေ သူမနာလိုဖြစ်နေသူတွေ သူနဲ့မတဲ့သူတွေနဲ့ ကျွန်တော့်ကို မပေါင်းစေချင်ပါဘူး။ သူတို့ရဲ့မကောင်းကြောင်းတွေအမြဲပြောပြီး အမုန်းဇာတ်သွင်းပါတယ်။ ကျွန်တော်ကတော့ စာပေသမားဆိုတာ သဘောထားကြီးရတယ်။ ကိုယ်နဲ့အဆင်မပြေတိုင်းသူနဲ့အဆင်မပြေရဘူးဆိုတာမျိုးမဖြစ်စေချင်ဘူး။ ကိုယ့်အပေါ်မကောင်းတိုင်း လူတိုင်းအပေါ်မကောင်းသူဖြစ်နေတာမျိုးမဟုတ်ဘဲ စိတ်သဘောထားချင်းတူသူ ဘ၀င်တွေ့သူဆိုရင်ကောင်းပေးမှာပါပဲ။ အမုန်းကိုလက်ဆင့်မကမ်းစေချင်ဘူးလို့ ပြောပြပြီး လူတိုင်းနဲ့အဆင်ပြေသလို ဆက်ဆံတဲ့အခါ အဲဒီအဒေါ်ကြီးက ကျွန်တော့်ထံအမုန်းတရားလက်ဆင့်ကမ်းပေးခွင့်မရတဲ့အခါ ကျွန်တော့်ကိုပါ မခေါ်မ‌ပြောနိုင်ဖြစ်သွားပါတယ်။ အတော်ထူးဆန်းတဲ့လူ့စိတ်ပါလားလို့တွေးမိနေစဉ်မှာပဲ ပိုပြီး အံ့ဩဘနန်းဖြစ်သွားကတာကတော့ သူနဲ့မတဲ့သူ ပြိုင်ဘက်တချို့ကလဲ သူနဲ့ပေါင်းရပါမလားရယ်လို့ မဆီမဆိုင် ကျွန်တော့်ကို အပြစ်မြင်နေကြပါသတဲ့။

ဒီဖြစ်ရပ်ကို ပြန်သုံးသပ်ကြည့်ရင် အမုန်းတရားမျှဝေနေသူတွေရဲ့ကြား ရောက်သွားတဲ့အခါ ဘာအပြစ်မှမလုပ်၊ ဘာမှမပြောဘဲတောင် ကိုယ်ဟာ အမုန်းတော်ခံကြီးဖြစ်သွားရပါတယ်။ ဒါဟာ ကြားညှပ်ခြင်းပါပဲ။

အမုန်းတရား မျှဝေတာမျိုးမဟုတ်ဘဲ နောက်ထပ်ကြားညှပ်ခြင်းတစ်မျိုးလဲရှိပါသေးတယ်။ တန်းစီစနစ်နဲ့ဈေး၀ယ်ရတဲ့နေရာတစ်ခုမှာ ကျွန်တော်ဟာရှေ့နားကနေတန်းစီနေရာယူထားပါတယ်။ ကျွန်တော့်နောက်မှာက လူပေါင်း ရာနဲ့ချီတန်းစီနေကြပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့အင်မတန်ရင်းနှီးကျွမ်း၀င်သူတစ်ယောက်ကလဲ တန်းစီဖို့လာရင်း ရှေ့နားမှာနေရာရနေတဲ့ ကျွန်တော့်ကိုတွေ့တဲ့အခါ နှုတ်ဆက်စကားပြောပြီး ကျွန်တော့်ရှေ့ကနေ ကြားဖြတ်၀င်တန်းစီပါတယ်။ ကျွန်တော်က ကြားမဖတ်ဖို့၊ နောက်ကတန်းစီနေသူတွေအားနာဖို့ကောင်းကြောင်း၊ တာ၀န်ခံတွေကြည့်နေကြောင်း၊ နောက်ဆုံးကနေ တန်းစီဖို့အကြောင်း‌ပြောတော့ သူက လက်မခံဘဲ ကြားဖြတ် တန်းစီမြဲတန်းစီနေပါတယ်။ ကျွန်တော်က အားနာလို့ဘာမှထပ်မပြောတော့ပေမဲ့ တာ၀န်ရှိသူ‌တွေရောက်လာပြီး ကျွန်တော်ကို ကြားဖြတ်၀င်ခိုင်းလိုက်တာလားလို့မေးပါတယ်။ မ၀င်ခိုင်ပါဘူး။ သူ့က၀င်တန်းတာပါလို့ ဖြေလိုက်တဲ့အခါ တာ၀န်ရှိသူတွေက သူ့ကို တန်းစီရာကနေ ထွက်ခွာခိုင်းလိုက်ပါတယ်။

အဲဒီနောက်ပိုင်း သူဟာ ကျွန်တော့်ကို လမ်းတွေ့ရင်တောင် မသိချင်ဟန်ဆောင်ရှောင်ဖယ်သွားပါတယ်။ မုန်းသွားတယ်။ ‌ပြောဆိုဆက်ဆံခြင်းလုံး၀မရှိတော့ပါဘူး။ တကယ်တော့သူနဲ့ကျွန်တော်ဟာ တစ်မိသားစုတည်းလို အင်မတန်မှရင်းနှီးကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ အများနဲ့အတူ စည်းကမ်းတကျလုပ်ဆောင်ရတဲ့နေရာမျိုးမှာတော့ ရင်းနှီးမှုကို မျက်နှာသာမပေးသင့်ဘူးလို့ထင်ပါတယ်။ နိုင်ငံကြီးသားပီသရမယ်မဟုတ်လား။ ဒါပေမဲ့အလိုလိုနေရင်း ကြားညှပ်ပြီး ဒဏ်သင့်နိုင်တဲ့အခြေအနေ‌တွေ အများကြီးကြုံတွေ့နိုင်ပါတယ်။ ဒီတော့သဘောထားသေးသိမ်သူ၊ အမုန်းတရားမျှဝေသူတွေနဲ့ ပေါင်းသင်းဆက်ဆံရတော့မယ်ဆိုရင် သတိကြီးကြီးထားဖို့လိုအပ်လာပါတယ်။

ပီတိ(ပေကြီး)
#စာပေ
#ပီတိပေကြီး

နေ့စဉ်ဘ၀မှာ ကုသိုလ်စိတ်နဲ့နေပါကုသိုလ်စိတ်ဆိုတာ နေ့စဉ်ဘ၀မှာ ပတ်၀န်းကျင်နဲ့ထိတွေ့ဆက်ဆံတဲ့အခါ အကုသိုလ်မဖြစ်အောင် ပြောဆိုဆက်...
13/12/2025

နေ့စဉ်ဘ၀မှာ ကုသိုလ်စိတ်နဲ့နေပါ

ကုသိုလ်စိတ်ဆိုတာ နေ့စဉ်ဘ၀မှာ ပတ်၀န်းကျင်နဲ့ထိတွေ့ဆက်ဆံတဲ့အခါ အကုသိုလ်မဖြစ်အောင် ပြောဆိုဆက်ဆံနေထိုင်နှလုံးသွင်းခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

နေ့စဉ်ပြောနေတဲ့ အပြောတွေ
နေ့စဉ်တွေးနေတဲ့ အတွေးတွေ
နေ့စဉ်လုပ်နေတဲ့ အလုပ်တွေ မှာ မကောင်းတဲ့အရာ၊ စိတ်ကို ညစ်ညူးစေနိုင်တဲ့အရာတွေပါနေသလား။ ကိုယ့်ဘ၀ ကိုယ့်အတွေးထဲမှာ အမှိုက်‌တွေဖြစ်နေသလားဆိုတာ သေချာသုံးသပ်ကြရမှာဖြစ်ပါတယ်။ ကုသိုလ်စိတ်လေးနဲ့နေထိုင်ခြင်းဟာ ဘ၀ဖြတ်သန်းမှုကို ပိုမိုပြီးသက်သောင့်သက်သာ ဖြစ်စေပါတယ်။ ကုသိုလ်စိတ်ဆိုတာ ကောင်းမှုကုသိုလ်‌နေ့စဉ်လုပ်ပြီး အမြဲ လှူဒါန်းပေးကမ်းနေရမယ်လို့ ဆို‌လိုနေခြင်းမျိုး မဟုတ်ပါဘူး။

ကိုယ့်စိတ်ထဲကို အမှိုက်တွေမ၀င်စေဘဲ ‌အကောင်းဘက်ကနေ တွေးပြီး ကုသိုလ်စိတ်နဲ့ ဖြတ်သန်းဖို့ ပြောတာဖြစ်ပါတယ်။ လူတွေမှာ မိသားစုပြဿနာတွေ အလုပ်ပြဿနာတွေနဲ့ လုံးပန်းနေရပြီး နေ့စဉ်ဖိအားဖြစ်နေရပါတယ်။ အဲဒီအပြင် ကြုံတွေ့လာတဲ့ ကိစ္စရပ်တိုင်းအပေါ်မှာ အကောင်းဘက်ကမမြင်ဘဲ အဆိုးရှူထောင့်ကနေချည်းတွေးမြင် ခံယူနေမယ်ဆိုရင် အလုပ်ပင်ပန်းရတဲ့အထဲ စိတ်ရဲ့ညစ်နွမ်းမှုကိုပါ ဖြစ်စေတာကြောင့် ဖြတ်သန်းရတာ အင်မတန်ခက်ခဲစေပါတယ်။

ဘယ်သူတွေဘာပြောပြော
ဘယ်သူတွေဘာလုပ်လုပ် အလိုက်သင့်တွေး အလိုက်သင့်ပြော စိတ်ထဲအမှိုက်တွေမထည့်ဘဲ ပေါ့ပေါ့ပါးပါးနေထိုင် နိုင်မှသာ ဘ၀ရဲ့တန်ဖိုးနဲ့ အေးချမ်းမှုကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

#ပီတိပေကြီး

ငွေဘုရင်ဈေးနှုန်း - ၁၆၀၀၀စာမျက်နှာ - ၂၅၃မှာယူရန်နှိပ်ပါ- m.me/petiliteraryzone.📚စီးပွားရေး လုပ်တဲ့အခါ risk လို့ခေါ်တဲ့ အ...
25/11/2025

ငွေဘုရင်

ဈေးနှုန်း - ၁၆၀၀၀
စာမျက်နှာ - ၂၅၃
မှာယူရန်နှိပ်ပါ- m.me/petiliteraryzone.

📚စီးပွားရေး လုပ်တဲ့အခါ risk လို့ခေါ်တဲ့ အရင်းအနှီး ဆုံးရှုံးမှု အန္တရာယ်ရှိပါတယ်... စွန့် စားရပါတယ်။ Risk ကတော့ စီးပွားရေးမလုပ် ပဲ ငွေပုံပေါ် ဒီတိုင်း ထိုင်နေရင် လည်း ရှိပါတယ်။ ငွေကို အိမ်မှာထားရင် သူခိုးနောက် ပါသွား နိုင်တဲ့ risk ရှိပါတယ်။ ဓားပြတိုက် ခံရနိုင်တဲ့ risk ရှိပါတယ်။ မီးလောင်လို့ ပါသွားနိုင်တဲ့ risk ရှိပါတယ်။

ဒီတော့ risk ကိုရှောင်လို့မရပါဘူး... ဒါပေမဲ့ risk နည်းနိုင်သမျှ နည်းအောင် ကာကွယ်ဖို့တော့ လိုပါတယ်။

📓စာဖတ်ပါ
📔စာအုပ်တွေနဲ့ရှင်သန်ပါ။

ပီတိစာပေရပ်ဝန်း
09 428 994 318

Telegram - https://t.me/petiliteraryzone
Tiktok- https://www.tiktok.com/.literary.zone?_t=8rFL9psauQy&_r=1

လူတိုင်းအတွက် HRHR FOR NON HRဈေးနှုန်း - ၁၇၀၀၀စာမျက်နှာ - ၃၀၄မှာယူရန်နှိပ်ပါ- m.me/petiliteraryzone.လူတိုင်းသည်မန်နေဂျာ၊...
24/11/2025

လူတိုင်းအတွက် HR
HR FOR NON HR

ဈေးနှုန်း - ၁၇၀၀၀
စာမျက်နှာ - ၃၀၄
မှာယူရန်နှိပ်ပါ- m.me/petiliteraryzone.

လူတိုင်းသည်မန်နေဂျာ၊ မန်နေဂျာတိုင်းသည် HR၊ လူတိုင်းသည် HR ဖြစ်မည့် စာအုပ်ကောင်းတစ်အုပ်

📚လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပညာရပ်ဟာ (စီးပွားရေးလုပ်ငန်းနဲ့ ကုမ္ပဏီတွေ မှာ အလုပ်ရရုံ၊ လစာကောင်းကောင်းရရုံ) စတဲ့ကျဉ်းမြောင်းတဲ့အမြင် တစ်ခုတည်းအတွက် မဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးပညာရပ်ကို နားလည်သဘောပေါက်တဲ့သူဟာ မိမိကိုယ်တိုင်ရဲ့ အရင်းအမြစ်တွေကို စီမံခန့်ခွဲနိုင်ရုံသာမက၊ မိမိရဲ့ မိသားစု၊ မျိုးဆက်၊ ပတ်ဝန်းကျင်ကစပြီး မိမိရဲ့နိုင်ငံအထိ ဖွံ့ဖြိုးတိုးတက်အောင် စီမံခန့်ခွဲနိုင်မယ် ဆိုတာပါပဲ။

ထပ်ပြီးပြောလေ့ရှိတာက "လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးပညာရပ်က စီးပွားရေးလုပ်ငန်းကုမ္ပဏီက လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာတွေအတွက်သာ မဟုတ် ဘဲ အခြားစီးပွားရေး စီမံခန့်ခွဲရေးပညာများကဲ့သို့ မန်နေဂျာတိုင်း သိနားလည်တတ်မြောက် ရမည့် ပညာရပ်ဖြစ်ပြီး၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးပညာရပ်ကို နားလည် သဘောပေါက်တဲ့ မန်နေဂျာဟာ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးပညာရပ်ကို မသိနားမလည်တဲ့ မန်နေဂျာထက် ရှေ့ကိုအမြဲ ရောက်နေပြီး ပိုအောင်မြင်နိုင်တယ်”” ဆိုတာနဲ့ “တကယ်တမ်း လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးကို အဖွဲ့အစည်းတိုင်းနဲ့ အိမ်ထောင် ဦးစီး၊ အိမ်ထောင်ရှင်မတွေကစပြီး နိုင်ငံ့အကြီးအကဲ (ဝန်ကြီးချုပ်၊ သမ္မတ) အထိ လုပ်နေ ကြရတယ်” ဆိုတာပါပဲ။
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးပညာရပ်ရဲ့ အဓိကလုပ်ဆောင်ချက် (Functions) တွေဖြစ်တဲ့ (Manpower Planning) အဖွဲ့ဝင်ဦးရေ လျာထားခြင်း အစီအစဉ်၊ (Recruitment and Selection) အဖွဲ့ဝင်များအား စုဆောင်းခြင်း ရွေးချယ်ခြင်း၊ (Hiring) အဖွဲ့ဝင်များ ခန့်ထားခြင်း၊ (Training and Development) သင်တန်း၊ ကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ၊ (Organization Development) မိမိ၏အဖွဲ့အစည်းအား ဖွံ့ဖြိုး တိုးတက်စေဖြင်း၊ (Compensation and Benefits) လုပ်ခလစာနှင့် ခံစားခွင့်များ စီမံ သတ်မှတ်ခြင်း၊ (Employee Relations) အဖွဲ့ဝင်များနှင့် ဆက်ဆံရေး (Laying-off/Right-sizing) အဖွဲ့ဝင်နှင့် ဝန်ထမ်းအင်အားများ လျော့ချခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်း၊ (Exit Management) တာဝန်မှရပ်စဲခြင်းဆိုင်ရာ စီမံခန့်ခွဲခြင်း စတဲ့ Functions တွေကို အစိုးရနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် (Organizations) အဖွဲ့အစည်းတိုင်းက လုပ်ဆောင် နေရပါတယ်။

📓စာဖတ်ပါ
📔စာအုပ်တွေနဲ့ရှင်သန်ပါ။

ပီတိစာပေရပ်ဝန်း
09 428 994 318

Telegram - https://t.me/petiliteraryzone
Tiktok- https://www.tiktok.com/.literary.zone?_t=8rFL9psauQy&_r=1

17/11/2025
17/11/2025

အသစ်ထွက်စာနှစ်အုပ် စာနယ်ဇင်းမိတ်ဆက်ပွဲ

လက်တွေ့လုပ်
23/09/2025

လက်တွေ့လုပ်

Address

Yangon
0014530

Telephone

+959428994318

Website

Alerts

Be the first to know and let us send you an email when Peti Literary Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Peti Literary Zone:

Share

Category