Yangon Violin Academy
Yangon Violin Academy Violin နှင့် သက်ဆိုင်သော ဗဟုသုတ များမျှေ
တယောသင်တန်းများကို အလုံမြို့နယ်တွင်လည်း စတင်ဖွင့်နေပြီဖြစ်သောကြောင့် အလုံမြို့နယ်နှင် အနီးတ၀ိုက်နေထိုင်သူများ အတွက် အချိ...
09/10/2018
တယောသင်တန်းများကို အလုံမြို့နယ်တွင်လည်း စတင်ဖွင့်နေပြီဖြစ်သောကြောင့် အလုံမြို့နယ်နှင် အနီးတ၀ိုက်နေထိုင်သူများ အတွက် အချိန်ကုန်ကျများစရာမလိုဘဲ တယောတီးနိုင်ပြီဖြစ်ပါတယ်။
စိတ်ဝင်စားသူများ chatbox မှ ဆက်သွယ်ပါရန်။
Yangon Violin Academy (YVA)
phone - 09 421999247
Violin beginner class
Zawgyi
ကျေးဇူးတင်ပါတယ်။
Yangon Violin Academy
Unicode
Violin beginner class
Violin ကိုစတင်လေ့ကျင်တီးခတ်မည့်သူများအတွက် အခြေခံသင်တန်း ကို Yangon Violin Academy မှစတင်ဖွင့်လှစ် နေပါတယ်။ အသေးစိတ်သိရှိလိုပါက chatbox (သို့) ဖုန်းမှတဆင့် စုံစမ်းနိုင်ပါသည်။
Violin တီးရာတွင် အခြေခံကောင်းကောင်းရှိဖို့ အရေးကြီးပါတယ်။ အခြေခံကောင်းကောင်းရှိမှာသာ လက်သံတိုးတက်မှု မှန်ကန်မြန်ဆန်နိုင်မှာ ဖြစ်ပြီး ပိုမိုအဆင့်မြင့်သော တေးဂီတများကို ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်။ အခြေခံ နည်းစနစ်များဖြစ်သော violin holding positions, Left hand techniques, Right hand techniques, basic musical scales, music reading, ear training အစရှိသည်တို့ကို စနစ်တကျလေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Yangon Violin Academy
ZawgyiViolin တီးရတာ ခက်သလား?-Violin တီးရတာ အခြားတူရိယာများတီးရသလို အချိန်ပေးပြီး စနစ်တကျ လေ့ကျင့် သင်ကြားလျင် မခက်ခဲပါ။V...
08/10/2018
Zawgyi
Violin တီးရတာ ခက်သလား?
Happy playing violin
Yangon Violin Academy
Unicode
Violin တီးရတာ ခကျသလား?
-Violin တီးရတာ အခြားတူရိယာများတီးရသလို အချိန်ပေးပြီး စနစ်တကျ လေ့ကျင့် သင်ကြားလျင် မခက်ခဲပါ။
Violin တီးခြင်းဟာ အခြားတူရိယာများ (ဥပမာ ဂစ်တာ) ကို လေ့ကျင်ခြင်းထက်ပို ခက်သလား?
-တူရိယာ အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့ နက်နဲပါတယ်။ စတင်လေ့လာသူများအတွက် ကတော့ အခက်အခဲ ခြင်းမတူနိုင်ပါဘူး။ ဥပမာ Happy birthday to you သီချင်းကို Piano ပေါ်မှာတီးဖို့ ပထမဆုံး တစ်နာရီအတွင်းဖြစ်နိုင်ပေမယ့် Violin မှာတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုဖြစ်ပေမယ့် Piano တီးခြင်းဟာ Violin ထက်ပိုပြီးလွယ်ကူတယ်လို့ ဆိုရင်တော့ မဟုတ်ပါဘူး။ အဆင့်မြင့်လာတဲ့ Piano သီချင်းတွေဟာ Notes များစွာ တပြိင်နက်တီးရခြင်း၊ ဗယ်ညာ လက်နှစ်ဖက် အပြိုင်တီးရခြင်း၊ အသံ အတိုးအကျယ်ကို လက်ရဲ့တီးအားဖြင့် ထိန်းရခြင်းစတဲ့ ခက်ခဲတဲ့ နည်းစနစ်တွေ ရှိပါတယ်။
Violin ရဲ့ထူးခြားချက်ကတော့ စတင်တီးခတ်လေ့ကျင့်သူများအတွက် ထူးခြားစွာ ခက်ခဲခြင်းပဲဖြစ်ပါတယ်။ ဥပမာ - Violin ကို ပခုံးထက်မှာ ကိုင်တွယ်ပုံဟာ သာမာန်လူ တယောက်အနေနဲ့ အဆင်မပြေလှပါဘူး။ Bow ကိုင်တွယ်ပုံဟာလည်း လူတိုင်းအတွက် မြန်မြန်ဆန်ဆန် အဆင်ပြေတဲ့ အရာမဟုတ်ပါဘူး။ ဗယ်လက်ဖြင့် ကြိုးများကို ဖိရာမှာလည်း Flat သံများမရှိသည့်အတွက် ကြိမ်နှုန်းမှန်တဲ့ ဂီတအသံများ ဖြစ်လာရန် နှစ်နဲ့ချီ လေ့ကျင့်ရပါတယ်။ ဒါကြောင့် Violin ဟာ စတင်လေ့ကျင်မည့်သူ များအတွက် စနစ်တကျ လေ့ကျင့်ဖို့ အထူးလိုအပ်ပါတယ်။
Happy playing violin
Yangon Violin Academy
Enjoy the Paganini's music on his own violin he played some 180 years ago.
23/08/2018
Enjoy the Paganini's music on his own violin he played some 180 years ago.
Il 1 novembre 2008 a Palazzo Tursi (Genova) è stata consegnata da Marta Vincenzi, Sindaca di Genova, la Cittadinanza Onoraria della città al Maestro Salvator...
23/08/2018
့Happy violin playing!!!
Yangon Violin Academy
Unicode
ရာဇဝင်ထဲက ကမ္ဘာ့အကြီးကျယ်အထင်ရှားဆုံး တယောသမား Niccolò Paganini
Paganini (နီကိုလို ပဂါနီနီ) ဟာ ကမ္ဘာ့တယောအနုပညာလောကမှာ နာမည်အကြော်ကြားဆုံး အထင်အရှားဆုံနဲ့ အထူးချွန်ဆုံး တယောတီးသူတယောက် တယောဂီတကို ရေးသားသူအဖြစ် အသိအမှတ်ပြုခံရသူဖြစ်ပါတယ်။ အီတလီလူမျိုးတယောက်ဖြစ်ပြီး တယောအပြင် ဂစ်တာ ဗီယိုလာ အစရှိတဲ့ တူရိယာများအတွက်လည်း ဂီတများစွာကို ရေးသားခဲ့ပါတယ်။ ဂစ်တာနဲ့ တယောတွဲဖက်တီးခတ်ရတဲ့ ဂီတများကို ရေးခဲ့တဲ့ ဂီတပညာရှင် အနည်းစုမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူရဲ့လက်ချောင်းများဟာ ဝေဒနာရောဂါကြောင့် အလွန်ရှည်လျားနေတယ်လို့ နှောင်းလူအချို့ကယူဆကြပြီး သူ့ရဲ့ အလွန်ရှည်လျားသော လည်ချောင်းများကြောင့် လည်းထိုခေတ်ထိုအခါက လူအများမတီးနိုင်ခဲ့ကြတဲ့ အလွန်ခက်ခဲသော တယောဂီတများကို ရေးစပ်ဖျော်ဖြေခဲ့တာကြောင့် အချိန်တိုအတွင်း နာမည်ကြီးခဲ့သူ တဦးဖြစ်ပါတယ်။
သူတီးခတ်ခဲ့တဲ့တယောကို သူမကွယ်လွန်မီ သူရဲ့နေရပ်ဇာတိမြို့ဖြစ်တဲ့ ဂျီနိုဝါ Genoa မြို့ကို နှောင်းလူများလေ့လာနိုင်စေရန် လှူဒါန်းခဲ့ပါတယ်။ အဲဒီ တယောကို ပြုလုပ်သူကတော့ နာမည်ကြီး တယောပြုလုပ်သူ ပညာရှင် Guarneri del Gesu ဖြစ်ပြီး တယောကို ၁၇၄၃ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြို့ကောင်စီက ယခုအချိန်အထိ တယောကို မြို့တော်ပြခန်းထဲမှာ ထိမ်းသိမ်းထားပြီး Paganini violin ပြိုင်ပွဲတွေမှာ နောက်ဆုံးအနိုင်ရရှိတဲ့သူကို တကြိမ်တီးခွင့်ပြုပြီး ဂုဏ်ပြုလေ့ရှိပါတယ်။ တယောကို Paganini ကိုယ်တိုင်က အသံအလွန်ကျယ်ပြီး စူးရှလင်းလက်တဲ့ အသံရှိတာကြောင့် Il Cannone (The Cannone) အမြောက် The cannon လို့ခေါ်ခဲ့တာဖြစ်ပါတယ်။ ယခုအချိန်အထိလည် Il Cannone ဟာ ကမ္ဘာ့ကျော်တူရိယာတစ်ခုဖြစ်ပြီး အဖိုးမဖြတ်နိုင်တဲ့ အီတလီနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တခုဖြစ် ရှိနေဆဲဖြစ်ပါတယ်။
Il Cannone ရဲ့ အသံကို စာဖတ်သူတို့ နားဆင်နိုင်စေဖို့ YouTube ဗီဒီယို တစ်ခုဒီပို့စ်မှာ ရှဲထားပါတယ်။ ၂၀၀၈ ခုနှစ်မှာ တယောပညာရှင် Salvatore Accardo က ဂျီနိုဝါမြို့မှာ တီးခတ်ခဲ့တာဖြစ်ပြီး တီးခတ်ဖျော်ဖြေခဲ့တဲ့ ဂီတတေးတွားကတော့ မူလတယောပိုင်ရှင် Paganini ကိုယ်တိုင်ရေးသားခဲ့တဲ့ La Campanella ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ်။
့Happy violin playing!!!
Yangon Violin Academy
https://www.youtube.com/watch?v=zCThQMrHMkA
Violin classes for beginners
23/08/2018
Violin classes for beginners
Violin beginner class
Zawgyi
ကျေးဇူးတင်ပါတယ်။
Yangon Violin Academy
Unicode
Violin beginner class
Violin ကိုစတင်လေ့ကျင်တီးခတ်မည့်သူများအတွက် အခြေခံသင်တန်း ကို Yangon Violin Academy မှစတင်ဖွင့်လှစ် နေပါတယ်။ အသေးစိတ်သိရှိလိုပါက chatbox (သို့) ဖုန်းမှတဆင့် စုံစမ်းနိုင်ပါသည်။
Violin တီးရာတွင် အခြေခံကောင်းကောင်းရှိဖို့ အရေးကြီးပါတယ်။ အခြေခံကောင်းကောင်းရှိမှာသာ လက်သံတိုးတက်မှု မှန်ကန်မြန်ဆန်နိုင်မှာ ဖြစ်ပြီး ပိုမိုအဆင့်မြင့်သော တေးဂီတများကို ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်။ အခြေခံ နည်းစနစ်များဖြစ်သော violin holding positions, Left hand techniques, Right hand techniques, basic musical scales, music reading, ear training အစရှိသည်တို့ကို စနစ်တကျလေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Yangon Violin Academy
Violin scrollViolin scroll ဆိုတာ violin ရဲ့ ထိပ်ဆုံးမှာရှိပြီး အနုပညာမြောက်တဲ့ ကောက်ကြောင်းများနဲ့ တန်ဆာဆင်ထားတဲ့ violin...
20/08/2018
Violin scroll
Happy violin playing
YVA
Thanks
Unicode
Violin scroll
Violin scroll ဆိုတာ violin ရဲ့ ထိပ်ဆုံးမှာရှိပြီး အနုပညာမြောက်တဲ့ ကောက်ကြောင်းများနဲ့ တန်ဆာဆင်ထားတဲ့ violin ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Violin scroll ထဲမှာ violin ရဲ့ ကြိုးများကို တင်းထားပေးတဲ့ Peg Box ရှိပါတယ်။ Peg box က violin တစ်ခုမှာ ကြိုးများကိုညှိရန် မရှိမဖြစ်ပါ။ သို့သော် violin scroll ကတော့ မရှိမဖြစ်မဟုတ်ပါဘူး။ ခေတ်သစ် လျပ်စစ် violin တချို့မှာ Scroll မပါဘဲ Peg box ပဲသပ်သပ်ရှိတဲ့ violin အချို့ကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရာတယောပြုလုပ်သူတို့အတွက် ကတော့ Scroll ဟာ သူတို့ရဲ့ လက်ရာကို သူများနဲ့မတူအောင် ကိုယ်ထင်ပြနိုင်စေမဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်နည်းပြောရရင် scroll ဟာ violin maker (luthier) ရဲ့ အနုပညာကို တိုက်ရိုက်ထင်ဟပ် စေတဲ့ အရာတစ်ခုဖြစ်တယ်။ Scroll တစ်ခုရဲ့ အတိုင်းအတာ ကောက်ကြောင်း Curves များပြေပြစ်ပုံ များကို ကြည့်ပြီး ပြုလုပ်သူ ဘယ်သူဘယ်ဝါဆိုတာကို သိနိုင်တယ်။ သမိုင်းတလျေက်ထင်ရှားတဲ့ maker များဟာလည် scroll ပြုလုပ်ရာမှာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အနုပညာ အယူအဆများထည့်သွင်းပြုလုပ်ခဲ့ကြတယ်။ Violin scroll တစ်ခုရဲ့ အစိတ်အပိုင်းများကို ပုံမှာဖော်ပြထားပါတယ်။
Violin ပြုပြင်ထိန်းသိမ်းသူတွေဟာ လိုအပ်လို့ Violin ကို အပိုင်းအစ အသစ်များနဲ့ အစားထိုးရန်လိုအပ်လာလျင်တောင်မှ violin scroll ကို မူလအတိုင်းဖြတ်ပြီး အသစ်ပြုပြင်ထားတဲ့ နေရာမှာ ပြန်တပ်ခြင်းဖြင့် မူလ Violin ပြုလုပ်သူရဲ့ အနုပညာကို ထိန်းသိမ်းလေ့ရှိပါတယ်။ အနုပညာရှင် အချင်းချင်းရဲ့ အနုပညာ လက်ရာများကို လေးစားတန်ဖိုးထားလို့ လည်းဖြစ်ပါတယ်။
Violin scroll ဟာခရုပတ်ပုံ ဖြစ်သော်လည်း ကာလ ဒေသကိုလိုက်ပြီး ဘီလူးခေါင်းပုံ နတ်သမီးခေါင်းပုံ လူခေါင်းပုံ ခြသေ့ၤခေါင်းပုံ ပြုလုပ်လေ့ရှိကြပါတယ်။ နာမည်ကြီးတဲ့ လူခေါင်းပုံ တယော အချို့လည်းရှိပါတယ်။
Violin အကြောင်းအရာ များကို ဆက်လက်ရေးသားသွားပါမည်။
Happy violin playing
YVA
တယောသင်တန်းများ စတင်လျက်ရှိပါတယ်။ CB မှ စုံစမ်းနိုင်ပါတယ်။
Thanks
Zawgyiကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်း နှင့် သူရဲ့တယောအိုင်းစတိုင်းဟာ တယောသမားတယောက်ဖြစ်ပြီး အားလပ်ရက်များမှာ လ...
10/08/2018
Zawgyi
Albert Einstein
Unicode
ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်း နှင့် သူရဲ့တယော
အိုင်းစတိုင်းဟာ တယောသမားတယောက်ဖြစ်ပြီး အားလပ်ရက်များမှာ လုပ်ဖေါ်ကိုင်ဖက်များနဲ့ စုပေါင်းတယောတီးခတ် တတ်ပါတယ်။ တစ်ခါတုန်းက အိုင်းစတိုင်းတယောက် အဖွဲ့နဲ့တယောတီးနေစဉ် Timing အမှားများကြောင့် သူ့ရဲ့အဖွဲ့ထဲကလူက "ဟေ့ ခင်ဗျား timing ဘယ်လို့တွက်ရတယ်ဆိုတာသိလား?" အမေးခံရဖူးပါတယ်။ အဲဒါကြောင့် တယောတီးသူများ Timing မှားရင်လည်း အိုင်းစတိုင်းတောင် အပြစ်မကင်းဘူးလို့ စိတ်ထဲမှာခံသာအောင် ဖြေသိမ့်လို့ရတာပေါ့။ 😁😁😁
"A table, a chair, a bowl of fruit and a violin; what else does a man need to be happy?"
Albert Einstein
သူတီးခဲ့တဲ့ တယောဟာတော့ မကြာခင်ကပဲ ဒေါ်လာ ငါးသိန်းကျော်နဲ့ လေလံမှာရောင်းချခဲ့တာဖြစ်ပါတယ်။
Happy playing violin!!
YVA
12/07/2018
Luthiers
Zawgyi
Unicode
Luthiers
Violin ပြုလုပ်သူကို Luthier လို့ခေါ်ပါတယ်။ Lute တူရိယာဟာ violin ထက်ပိုစောပြီး ပေါ်ပေါက်ခဲ့တဲ့ တူရိယာဖြစ်ပြီး Lute ပြုလုပ်သောသူကို Luthier ဟုခေါ်ရာက Guitar, violin အစရှိသည့် ကြိုးတပ်တူရိယာများ ပြုလုပ်သူကိုလည်း Luthier ဟုဆက်လက်ခေါ်ဝေါ်ကြပါတယ်။ Luthier မျိုးစုံရှိပါတယ်။ တချို့က violin အသစ်ပြုလုပ်ပြီးတချို့က ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ပါတယ်။ နာမည်အကြီးဆုံး Luthier အများစုမှာ အခြားနာမည်ကြီးပြီး စီနီယာပိုကျတဲ့ Luthier များထံမှာ နှစ်ပေါင်းများစွာ သင်ကြားပြီး violin ပြုလုပ်ခြင်း အနုပညာကို လေ့လာခဲ့တာပါ။ အချို့ကတော့ မိမိကိုယ်မိမိ လေ့ကျင့်သင်ကြားရင်းနဲ့ Luthier ဖြစ်လာသူများလည်းရှိပါတယ်။ Luthier များရဲ့ violin ဟာလက်ရာပြောင်မြောက်ပြီး အနုပညာလက်ရာတစ်ရပ်ဖြစ်တာကြောင့် Luthier များဟာလည်း ပန်းချီပညာရှင်များ၊ ပန်းပုပညာရှင်များကဲ့သို့ အနုပညာရှင်များဖြစ်ပါတယ်။ နာမည်ကြီး Luthier များဟာ သူတို့သေဆုံးပြီး ရာစုနှစ်နဲ့ချီပြီး အနုပညာလောကမှာ ဆက်လက်နာမည်ကြီးကြပါတယ်။ ယခုအခါ ကမ္ဘာရပ်ရပ်မှ Professional Luthier များဟာ ကမ္ဘာအဆင့်ရှိတယောများပြုလုပ်ရောင်းချလျက်ရှိပါတယ်။ တယောပြုလုပ်သူရဲ့ နာမည်ကြီးမှု၊ ပြိုင်ပွဲတွေမှာ အနိုင်ရရှိမှု တို့ပေါ်မူတည်ပြီး Luthier ကိုယ်တိုင်ပြုလုပ်တဲ့ violin တစ်လက်ဟာ ဒေါ်လာထောင်ဂဏန်း ကနေ ၅-၆ သောင်းလောက်အထိရှိနိုင်ပါတယ်။ Begineer များအသုံးပြုတဲ့ violin အများစုကတော့ workshop သို့ စက်ရုံထုတ်များဖြစ်ပြီး ၎င်းတို့ကို ပုံမှန်အားဖြင့် အနုပညာဖန်တီးမှု တစ်ခုလို့ အများကမယူဆဘဲ အသုံးပြုပစည်းတစ်ခုလို့ သာယူဆကြပါတယ်။
12/07/2018
Violin beginner class
Zawgyi
ကျေးဇူးတင်ပါတယ်။
Yangon Violin Academy
Unicode
Violin beginner class
Violin ကိုစတင်လေ့ကျင်တီးခတ်မည့်သူများအတွက် အခြေခံသင်တန်း ကို Yangon Violin Academy မှစတင်ဖွင့်လှစ် နေပါတယ်။ အသေးစိတ်သိရှိလိုပါက chatbox (သို့) ဖုန်းမှတဆင့် စုံစမ်းနိုင်ပါသည်။
Violin တီးရာတွင် အခြေခံကောင်းကောင်းရှိဖို့ အရေးကြီးပါတယ်။ အခြေခံကောင်းကောင်းရှိမှာသာ လက်သံတိုးတက်မှု မှန်ကန်မြန်ဆန်နိုင်မှာ ဖြစ်ပြီး ပိုမိုအဆင့်မြင့်သော တေးဂီတများကို ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်။ အခြေခံ နည်းစနစ်များဖြစ်သော violin holding positions, Left hand techniques, Right hand techniques, basic musical scales, music reading, ear training အစရှိသည်တို့ကို စနစ်တကျလေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Yangon Violin Academy
09/07/2018
Happy playing violin!
YVA
Unicode
Violin ထိန်းသိမ်းခြင်း (၁)
Violin ဟာ အခြားတူရိယာများနဲ့ မတူဘဲ ပိုပြီးထိန်းသိမ်းရန် လိုအပ်ပါတယ်။ တချို့ထိန်းသိမ်းမှုများကို violin ဆိုင်များတွင်သာ ပြုလုပ်နိုင်မှာ ဖြစ်သော်လည်း တချို့ထိန်းသိမ်းမှုများကိုတော့ violin player ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။
Violin sound post နေရာပြန်လည်ချိန်ခြင်း၊ နှစ်ပေါင်းများစွာကြာလာပြီး violin nut ပေါ်ရှိကြိုးအရာများနက်နဲလာခြင်း၊ fingerboard ပါးလာခြင်း(Professional use of violin for more than 10 years) စသည်တို့ကို တော့ဆိုင်မှာပြုလုပ်ရမှာဖြစ်ပါတယ်။
မိမိကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ထိမ်းသိမ်းမှုများကတော့
-violin တီးပြီးသည့် အခါတိုင်း သန့်ရှင်းသော အဝတ်ဖြင့် violin ကြိုးများကို သန့်ရှင်းခြင်း။ တချို့ player များရဲ့ စိုစွတ်သော လက်များ၊ ချွှေးထွက်ခြင်းတို့ကြောင့် ကြိုးကိုသက်တမ်းတိုစေပါသည်။ တချို့ E string မှာ သံချေးတက်ပြီး ပြတ်ထွက်နိုင်သောကြောင့် းအန္တရာယ်ရှိပါသည်။ E string တချို့ကတော့ သံချေးမတက်နိုင်တဲ့ စတီးနဲ့ ပြုလုပ်ထားတာမို့ သံချေးမတက်ပါ။ ထို့ကြောင့် အသုံးပြုသော ကြိုးပေါ်တွင်မူတည်ပါသည်။
-violin တီးပြီးသည့်အခါတိုင်း bow နှင့် ကြိုးပွတ်တိုက်သည့် နေရာအနီး rosin ထင်ရှူးဆီ အစများပျံ့ကျဲနေတတ်ပါသည်။ သန့်ရှင်းသောအဝတ်ဖြင့် သုတ်ပေးခြင်းဖြင့် violin body ပေါ်ရှိ varnish coating ကို ထိန်းသိမ်းရာရောက်ပါသည်။ Rosin များအထပ်ထပ်ဖြစ်လာပါက varnish coating ဖြင့်ဓာတ်ပြုပြီး varnish ကိုပျက်စီးစေပါသည်။
-violin pegs များတွင် peg dope အသုံးပြုပြီး ကြိုးညှိရာတွင် လွယ်ကူချောမွေ့စေနိုင်ပါသည်။ တချို့ကမြေဖြူမှုန့်ကို သုံးကြပါသည်။ မြေဖြူမှုန့်ကလည်း violin pegs များချောင်ထွက်ခြင်းကို တားဆီးနိုင်သော်လည်း ဖြစ်နိုင်လျင်း peg dope သည် အကောင်းဆုံးဖြစ်ပါသည်။
-ကြိုးလဲသည့် အခါတိုင်းကြိုးနှင့် ထိသည့် violin nut နှင့် violin bridge များ အပေါ်တွင် ပျော့ပျောင်းသောခံတံဖြစ် ခြစ်ပြီး ခဲမှုန့်များကို ချောဆီအဖြစ် ကြိုးညှိရာတွင် လွယ်ကူစေရန်အသုံးပြုနိုင်ပါသည်။
Happy playing violin!
YVA
Address
Yangon
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00
Website
Alerts
Be the first to know and let us send you an email when Yangon Violin Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share