New 4 U

New 4 U ကြော်ညာလိုပါကဝန်ဆောင်မှုပေးနေပါသည်။

10/09/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

20/11/2023

သမုဒ္ဒရာကြီး ဘယ်လောက်ထိနက်ရှိုင်းသလဲလေ့လာကြည့်ရအောင်!!!
ဗဟုသုတအနေနဲ့တင်ဆက်ပေးလိုကိပါသည်။

Video - Credit

ဖုန်းအမျိုးမျိုးပြုပြင်ခြင်း နှင့်ဖုန်းအပိုပစွည်းရောင်းဝယ်ရေးကြှော် ငြာ တဲ့ စပွန်စာ ကတော့ https://www.facebook.com/Saise...
28/05/2022

ဖုန်းအမျိုးမျိုးပြုပြင်ခြင်း နှင့်
ဖုန်းအပိုပစွည်းရောင်းဝယ်ရေး

ကြှော် ငြာ တဲ့ စပွန်စာ ကတော့

https://www.facebook.com/Saiseintun007

ဲဖြစ်ပါတယ်ခဗျ။

ဆိုင်တည်နေရာကတော့

ကွန်ဟိန်းမြို့
ပြည်ထောင်စုလမ်း
ရက်ကွက်(3)

ဖုန်းနဲ့ပတ်သတ်လာရင်မေးမြန်းလိုပါက CB တွင်ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။
Page ကို ကြော်ငြာလာထည့်ပေးတဲ့အတွက် ဒီထက္်မကချမ်းသာ အောင်မြင်ပါစေ။

📙လိုအပ်တာထက် ပိုမပြောတတ်သူမို့      အသိမိတ်ဆွေ ရှားပါတယ်~~~ ။      ဟန်ဆောင်ပြီး မဆက်ဆံတတ်သူမို့      လူချစ်လူခင် နည်းပါး...
30/10/2021

📙လိုအပ်တာထက် ပိုမပြောတတ်သူမို့
အသိမိတ်ဆွေ ရှားပါတယ်~~~ ။

ဟန်ဆောင်ပြီး မဆက်ဆံတတ်သူမို့
လူချစ်လူခင် နည်းပါး ပါတယ် ။

လိမ်ညာပြီး မပြောတတ်သူမို့~~~
မိတ်ဆွေစစ်ဆိုတာ နည်းပါတယ် ။

လူအများ နဲ့~~~
ပြောဆို ဆက်ဆံ ~~
ရမှာထက် တစ်ယောက်ထဲ ~~~
အေးအေး နေရတာကို မက်မောတယ်။

လူတွေသိအောင် ကြွားဖို့ထက်
ကိုယ်ရှိတာ ကိုယ်သိရင် ရပြီဆိုတဲ့
ခံယူချက်နဲ့နေထိုင်တယ်~~~။

လူဆိုတာ ~~~
ကိုယ့်နှုတ်ထွက် စကားကို
တာဝန် မယူနိုင်တာလောက်
တန်ဖိုးမဲ့သူမရှိဘူးလို့ ခံယူထားပါတယ် ။

ဒါကြောင့်လည်း ~~~
နေရာတကာ ငါသိ၊ ငါတတ်
လုပ်ရမှာကို ကြောက်တတ်လာတယ် ။

ကိုယ့်ဘဝမှာ ~~~
လူမှန်းသိတတ်ခါစထဲက
မိဘရဲ့ ဆုံးမသွန်သင်မှုတွေကြောင့်
တစ်ပါးသူကို ကိုယ့်အတွက်နဲ့
ဒုက္ခမရောက်အောင် ကြိုးစားပြီး
အကောင်းဆုံး နေထိုင်ခဲ့တယ် ။

ရှိတာလေးနဲ့ လှအောင်ဝတ်တယ် ။
ရတာလေးနဲ့ လောက်ငအောင် စားပြီး…
အရိုးသားဆုံး နေခဲ့တယ် ။

ကိုယ်ဟာ လူထဲကလူလေ
ကိုယ်တစ်ယောက်တည်း
ကောင်းအောင်နေလို့ မရသလို
ဒီလူတွေနဲ့ မဆက်ဆံချင်လို့ မရသလို
မပတ်သက်ချင်လို့လည်း မရပြန်ဘူး ။

ဘယ်လ်ိုလူမျိုးတွေနဲ့ ဆက်ဆံရပါစေ
သာစေ၊ နာစေ ဆိုတဲ့ စိတ်နဲ့
မဆက်ဆံခဲ့တာ ကိုယ်ပဲသိပါတယ် ။

လူတိုင်းအပေါ် စိတ်ရင်းအတိုင်း
ရိုးသား ပွင့်လင်စွာ ဆက်ဆံခဲ့တယ်
တတ်နိုင်သလောက် မေတ္တာထား
ဆ က်ဆံတယ်။

ပေးနိုင်သလောက် ကူညီပေးလိုက်တယ်။
ပြန်ရလိုမှုစိတ် တစ်ခါမှ မထားခဲ့ဖူးဘူး ။

ဒါပေမယ့် တခါတလေကျ
ပွင့်လင်းရိုးသားမှုတွေဟာ
လူတိုင်းနဲ့ မတန်ခဲ့ဘူး ။

ကိုယ်က ဘယ်လောက်
ရိုးသားသူဖြစ်နေပါစေ ~~~
တန်ဖိုးမသိသူက ခပ်များများရယ်ပါ ။

လူတိုင်းကတော့ ပြောကြပါတယ်
ရိုးသားမှုကို မြတ်နိုးတယ်ဆိုတဲ့
အကြောင်းတွေလေ ~~~
တကယ်တော့ လက်ခံနိုင်သူ
လိုက်နာနိုင်သူက ခပ်ပါးပါးလေးရှိတာ ။

ရင့်ကျက်တဲ့စိတ်တွေ ~~~
ပိုင်ဆိုင်လာခဲ့ပြီမို့ထင်ပါတယ်
စကားတွေ အများကြီး ~~~
ပြောလိုစိတ်လည်း ကုန်သွားပြီ ။
ငြင်းခုန်ရမှာလည်း မုန်းသွားပြီ ။

အလိုက်အထိုက် ~~~
ပြောဆို ဆက်ဆံရမှာလည်း ပျင်းခဲ့ပြီ ။
လူအများနဲ့ဆက်ဆံရမှာလည် ငြီးငွေ့
သွားပြီ။

ကိုယ့်ရဲ့ ရိုးသားမှုတွေက ~~~
အများဆုံး အသုံးချခံ သက်သက်
ဖြစ်ခဲ့ရပေါင်း များခဲ့ပြီလေ ။

ခုနေတတ်ပြီ ~~~အပေါင်းသင်းဆိုတာ
သီးသန့်ထားနေဖို့မလိုတော့ဘူး ။
မိတ်ဆွေစစ်ကိုလည်း
ရှာပေါင်းနေဖို့မလိုတော့ဘူး ။
တစ်ယောက်ထဲ နေတိုင်းလည်း
အထီးကျန် မဆန်မှန်း နားလည်ခဲ့ပြီ ။

တကယ်လည်း~~~~
ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာထဲက
အနေနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ
ကိုယ့်စိတ်နဲ့ ထပ်တူမကျတောင်
သဘောထားချင်း တိုက်ဆိုင်သူ
မိတ်ဆွေ အနည်းအကျဉ်းရှိနေရင်
ကျေနပ်ပြီ။

အနေနီးသလောက် ~~~
စိတ်ညစ်စရာ ပေးနေသူတွေထက်
အဝေးကနေ အားပေးဖော်ကို
ပိုခင်တွယ်ဖို့ကောင်းပါတယ် ~~။

မေ တ္တာ တာ တရား ဆိုတာ~~
လူတိုင်းအပေါ်ထားလို့ ရတယ်
လူတိုင်းကိုတော့ မပေးသင့်ဘူး ဆိုတာ
သိပြီးနောက် ရိုးသားလို့ရတယ်။
နေရာတကာ ရိုးသားနေလို့ ~~~
မရဘူး ဆိုတာ သိပြီးနောက်
တစ်ပါးသူတွေရဲ့ ~~~
ချစ်ခြင်း မေတ္တာ တွေကိုလည်း
ထူးပြီး မတောင်းတ တော့ပါဘူး။

ကိုယ်ကလည်း ~~~
လိုတာထက် ပိုမပေးမိတော့ဘူး
နေတတ်သလို နေလိုက်တဲ့ ဘဝမှာ~~
လွတ်လပ်ပေါ့ပါးစွာနဲ့ အေးချမ်းခဲ့ပါပြီ ။

" လူတွေချစ်အောင် ~~~
တမင်ဟန်ဆောင် ပြုံးပြ နေရတာထက်
လိုတာထက် ပိုမပြောတတ်လို့ ~~~
ချစ်ခင်သူရှားတဲ့ ဘဝက ပိုလွတ်လပ်
တယ် ။

# credit
လေးစားစွာဖြင့်… Moe

စူပါ ကွန်ပျူတာ အသေးစားတပ်ဆင်ထားတဲ့ အဆင့်မြင့် စက်ရုပ်ကို Xiaomi ပြသ============================Xiaomi ရှောင်းမီ ကုမ္ပဏီ၏...
12/08/2021

စူပါ ကွန်ပျူတာ အသေးစားတပ်ဆင်ထားတဲ့ အဆင့်မြင့် စက်ရုပ်ကို Xiaomi ပြသ
============================

Xiaomi ရှောင်းမီ ကုမ္ပဏီ၏ဟာ ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာပဲ ၎င်း၏ အဆင့်မြင့်နည်းပညာများ အသုံးပြုထားတဲ့ စက်ရုပ်ဖြစ်တဲ့ CyberDog ကို ပြသခဲ့ပါတယ်။

ဒီလို စက်ရုံကို ပြသနိုင်ခဲ့ခြင်းဟာ Xiaomi ၏ အင်ဂျင်နီယာစွမ်းရည်ဟာ အထွဋ်အထိပ်သို့ ရောက်ရှိနေတာကို ပြသနေပြီး ဒီ စွမ်းရည်တွေနဲ့ open source စက်ရုပ်တခုအဖြစ် developer များက တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

စက်ရုပ်တွင် တွက်ချက်မှု ဥာဏ်ရည်အဖြစ် NVIDIA ကုမ္ပဏီထုတ် Jetson Xavier NX platform ကိုတပ်ဆင်ထားပြီး 384 CUDA Cores, 48 Tensor Cores, 6 Carmel ARM CPU နှင့် deep learning acceleration engine ၂ ခု တပ်ဆင်ထားပါတယ်။

ဒါ့ကြောင့် ဒီ စက်ရုပ်မှာ ကမ္ဘာ့အသေးဆုံး စူပါ ကွန်ပျူတာလေး တလုံး တပ်ဆင်ထားတယ်လို့တောင် ပြောလို့ရပါတယ်။ ပြင်ပ output port များ အဖြစ် USB Type-C ၃ ပေါက်၊ HDMI port ၁ ပေါက် ပါဝင်ပါတယ်။

ဒီ CyberDog တွင် အာရုံခံစနစ်ပေါင်း ၁၁ ခုလောက်ပါဝင်ပါတယ်။ ဒါ့ကြောင့် ထိတွေ့မှုတွေ အပါအဝင် နှုန်းလွန်အသံလှိုင်းတွေကိုပါ အာရုံခံနိုင်ပြီး ပတ်ဝန်းကျင်ကို တုန့်ပြန်မှုတွေ ပြုလုပ်နိုင်မှာပါ။

အသံဖြင့် စက်ရုပ်ကို ထိန်းချုပ်နိုင်တဲ့အပြင် ရီမုတ် ကွန်ထရိုး သို့မဟုတ် စမတ်ဖုန်းမှ app များဖြင့်ပါ ထိန်းချုပ် စေနိုင်မှာ ဖြစ်ပါတယ်။

ရှာဖွေရေးမီးတွေ၊ မြင်ကွင်းကျယ် ကင်မရာတွေ၊ ရွေ့လျား ကင်မရာတွေနဲ့ အကွာအဝေးကို တိုင်းတာနိုင်တဲ့ LiDAR စနစ် အပါအဝင် တီထွင် ဆန်းသစ်ပြီး ရှေ့ရောက်နေတဲ့ စက်ပစ္စည်းများစွာ တပ်ဆင်ထားပါတယ်.

စက်ရုပ်တွင် တပ်ဆင်ထားသည့် ကင်မရာများကလည်း လူများကို လမ်းပြဖို့ ကူညီနိုင်ပြီး အတားအဆီးများကို ကျော်လွှား ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာမှတဆင့် မျက်နှာအနေအထားကို မှတ်သားမှု face recognition စနစ်များပါဝင်ပြီး စက်ရုပ်ဟာ ၎င်း၏ သခင်ကို မှတ်သား ထားနိုင်ကာ သခင်နောက်မှ တကောက်ကောက် လိုက်နိုင်မှာ ဖြစ်ပါတယ်။

CyberDog ဟာ Boston Dynamics က ထုတ်လုပ်တဲ့ Spot robot ပုံစံမျိုးဖြစ်ပြီး မကြာသေးမီက တရုတ် ကုမ္ပဏီတခုဖြစ်တဲ့ Weilan ကလည်း စီးပွားဖြစ် ထုတ်လုပ်ဖို့ AlphaDog စက်ရုပ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

အဆိုပါ စက်ရုပ်များအားလုံးဟာ နောက်ဆုံးပေါ် ခေတ်မှီ စက်ရုပ် နည်းပညာများနှင့် တည်ဆောက်ထားတာဖြစ်ပြီး မြေပြင်အမျိုးမျိုးကို

ဖြတ်ကျော်နိုင်စွမ်း ရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင် အန္တရာယ် တုံ့ပြန်မှုအတွက် နှင့် လူသားများအား ကာကွယ်ရန် အပါအဝင် ရည်ရွယ် ချက် မျိုးစုံဖြင့် အသုံးပြုနိုင်ပါတယ်။

Xiaomi ၏ CyberDog နှင့်ပတ်သက်ပြီး “ရှောင်းမီရဲ့ အမာခံ ပရိတ်သတ်များ၊ အင်ဂျင်နီယာများနှင့် စက်ရုပ် ဝါသနာရှင်များထံသို့ Cyber Dog ၏ ဖြစ်နိုင်ခြေကို ရှာဖွေဖို့ရာ စက်ရုပ်ပေါင်း ၁ ထောင်လောက်ကို ပေးပို့ခြင်းဖြင့် စတင်လိမ့်မယ်” လို့ ကုမ္ပဏီက ပြောပါတယ်။

စိတ်ကူးကတော့ Xiaomi မှ ကမကထပြုတဲ့ open-source စက်ရုပ် အဖွဲ့အစည်း၏ စိတ်အားထက်သန်မှုနှင့် တွဲဖက်ပြီး စက်ရုပ်ကို အသုံးချဖို့ ဆန်းသစ်သည့် လုပ်ဆောင်ချက်များကို စဉ်းစားနိုင်ရန် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Xiaomi ဟာ စက်ရုပ် များကို အလကားပေးမှာတော့ မဟုတ်ပါဘူး။

ဒီ ပရောဂျက်တွင် ပါဝင်လိုသူမှန်သမျှဟာ စက်ရုပ် တခု ရရှိဖို့ ယွမ် ၉,၉၉၉ (ဒေါ်လာ ၁,၅၄၀ ခန့်) ပေးရမှာဖြစ်ကာ လက်ဝယ်ရောက်ရှိတဲ့နောက်မှာ ၎င်းတို့ကို အသုံးပြုနိုင်မယ့် ကြောင်တောင်တောင် အစီအစဉ်တွေကိုပါ စဉ်းစား လုပ်ဆောင်ခိုင်းရမှာ ဖြစ်ပါတယ်။

ဒီအတွက်တော့ မလိုလားအပ်တဲ့ ပြသနာများ မဖြစ်ဖို့ ကြိုတင်ပြင်ဆင် ရမှာ ဖြစ်ပါတယ်။

Boston Dynamics ရဲ့ စက်ရုပ်တရုပ်ကို YouTuber တစ်ယောက်မှ စက်ရုပ်ကို ဘီယာ အပေါ့သွားရန် သင်ပေးတာမျိုး မှ စပြီး ပြင်သစ် စစ် တပ်မှ တိုက်ခိုက်ရေး လေ့ကျင့်မှု ပြုလုပ်တာမျိုး အထိ လုပ်နိုင်တဲ့အတွက် မလိုလားအပ်တဲ့ လူမှု ပတ်ဝန်းကျင် ထိခိုက်မှုများကို ဖြစ်စေ နိုင်ပါတယ်။

တရုတ် ပြည်မကြီးအတွင်း တွင် Xiaomi ဟာ IoT (Internet of Things) လို့ခေါ်တဲ့ ပစ္စည်းများကို အင်တာနက် IP address နှင့် ချိတ်ဆက်ပြီး Smart Home စနစ် ပြုလုပ်နိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။

မကြာသေးမီကပဲ စမတ်ဖုန်းလောကမှာ Xiaomi ဟာ Apple ကုမ္ပဏီကို ကျော်တက်ပြီး ကမ္ဘာ့ဒုတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ် လာခဲ့ပါတယ်။

ဒါ့အပြင် ဥရောပ စမတ်ဖုန်း ရောင်းချမှုမှာ လည်း ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ Samsung ကို ကျော်တက်ပြီး နံပါတ် ၁ နေရာ ရရှိ ခဲ့ပါသေးတယ်။

အရမ်း အဆင့်မြင့်တဲ့ စက်ရုပ်များဟာ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် နည်းလာတဲ့ အတွက် လူတွေက ကြံစည်ရင် ကြံစည်သလို ခိုင်းစေနိုင်မှာ ဖြစ်တဲ့အတွက် အနာဂါတ်ကာလမှာ စက်ရုပ်တွေကို ဘယ်လို ထိန်းချုပ်သွားမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။

Credit ==========

ရေးသားသူ – Aurora (Knowledgeworms team)
–----------------------______________________

New International

အော်တိုဂီယာရဲ့ သင်္ကေတများ ( P R N D 3 2 L)ကားတစ်စီးရဲ့ ဂီယာဘောက်လို့ခေါ်တဲ့ Transmission မှာ Manual (မန်နူရယ်) နဲ့ Auto...
06/08/2021

အော်တိုဂီယာရဲ့ သင်္ကေတများ ( P R N D 3 2 L)

ကားတစ်စီးရဲ့ ဂီယာဘောက်လို့ခေါ်တဲ့ Transmission မှာ Manual (မန်နူရယ်) နဲ့ Automatic Transmission (အော်တိုဂီယာ) ဆိုပြီး ရှိပါတယ်။ ယခင်က မန်နူရယ်ဂီယာများအကို အသုံးပြုကြပေမယ့် ယနေ့ခေတ် အိမ်စီးကားတော်တော်များများမှာ အော်တိုဂီယာကို ပိုမိုအသုံးပြုလာကြပါတယ်။

ဒီလိုအသုံးပြုလာကြတာနဲ့အမျှ အော်တိုဂီယာကားတွေမှာပါတဲ့ စာလုံးလေးတွေကိုလည်း တိတိကျကျသိဖို့ လိုအပ်လာပါတယ်။ အော်တိုဂီယာမှာ AT နဲ့ CVT ဆိုပြီး နှစ်မျိုးထပ်ရှိပါတယ်။ AT နှင့် CVT တူညီတာက P- Park, R- Reverse, N- Neutral, D- Drive တို့ဘဲဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ AT မှာဆိုရင် 3 (နံပါတ် ၃ ဂီယာထိ)၊ 2 (နံပါတ် ၂ ဂီယာထိ)၊ L – Low (အနိမ့်ဆုံးဂီယာထိ) ဆိုပြီးပါပါတယ်။ CVT မှာကတော့ S- Sport Mode ၊ L – Low Gear စသည်တို့ ပါဝင်ပါတယ်။

R – Reverse (ဘက်ဂီယာ) ကတော့ ကားကို နောက်ဆုတ်ချင်တဲ့အခါမှာ အသုံးပြုပါတယ်။ ဒီဂီယာကိုလည်း ကားလုံး၀ ရပ်တန့်နေပြီဆိုမှသာ အသုံးပြုသင့်ပါတယ်။ တကယ်လို့ ကားက ရှေ့ကိုလိမ့်နေတုန်း ဘက်ဂီယာထိုးရင် ဂီယာဘောက်ပျက်စီးတတ်ပါတယ်။

P – Park ဒါကတော့ ရိုးရှင်းပါတယ်။ မိမိကားကို ရပ်တန့်ချင်တယ်အခါမှာ အသုံးပြုပါတယ်။ P ထိုးလိုက်တဲ့အခါမှာ ဂီယာဘောက်တခုလုံးကို လော့ချလိုက်တာဖြစ်ပြီး ကားကရပ်တန့်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် အတက် အဆင်းလမ်းများမှာဆိုရင်တော့ Parking Brake (ပါကင်ဘရိတ်) ကို တွဲသုံးစေချင်ပါတယ်။ P ကို ထိုးချင်တယ်ဆိုရင် ကားလုံးဝရပ်မှ ထိုးသင့်ပါတယ်။ မဟုတ်ရင် ဂီယာဘောက် ပျက်စီးတတ်ပါတယ်။

N – Neutral (ကြားနေ – Free) ဂီယာကတော့ ဘယ်ဂီယာမှ မဝင်ဘဲ ဖရီးဖြစ်နေတဲ့ အနေအထားဘဲဖြစ်ပါတယ်။ ကားပျက်လို့ ကားဆွဲတဲ့အခါ၊ ကားတွန်းတဲ့အခါများမှာ ဒီဂီယာကို အသုံးပြုပါတယ်။

D – Drive (ရှေ့သို့မောင်းနှင်ခြင်း) ဂီယာကိုတော့ ကားရှေ့ကို မောင်းနှင်ချင်တဲ့အခါမှာ အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ မိမိကားမှာ ဂီယာ ၆ ချက်ရှိတယ်ဆိုရင် အင်ဂျင်လည်ပတ်မှု၊ ကားအရှိန်ပေါ်မူတည်ကာ ဂီယာကို အစဉ်လိုက် ချိန်းပေးသွားမှာဖြစ်ပါတယ်။

3 – 3rd Gear (နံပါတ် ၃ ဂီယာထိ) ဂီယာထိုးထားဆိုရင်တော့ အော်တိုဂီယာဘောက်မှာ ပါတဲ့ဂီယာအကုန်ထိ မချိန်းဘဲ နံပါတ် ၃ ဂီယာအထိသာ ချိန်းပေးမှာဖြစ်ပါတယ်။ တောင် အတက်အဆင်းများမှာ အသုံးပြုပါတယ်။ ဆီနည်းနည်းပိုစားပေမယ့် ဘရိတ်သိပ်သုံးစရာမလိုတဲ့အတွက် ဘရိတ်ရဲ့ အပူချိန်ကိုလည်း လျော့ချပေးပါတယ်။

2 – 2nd Gear (နံပါတ် ၂ ဂီယာထိ) ဂီယာထိုးထားဆိုရင်တော့ အော်တိုဂီယာဘောက်မှာ ပါတဲ့ဂီယာအကုန်ထိ မချိန်းဘဲ နံပါတ် ၂ ဂီယာအထိသာ ချိန်းပေးမှာဖြစ်ပါတယ်။ တောင် အတက်အဆင်းများမှာ အသုံးပြုပါတယ်။ ဆီနည်းနည်းပိုစားပေမယ့် နံပါတ် ၃ ဂီယာလိုဘဲ ဘရိတ်သိပ်သုံးစရာမလိုတဲ့အတွက် ဘရိတ်ရဲ့ အပူချိန်ကိုလည်း လျော့ချပေးပါတယ်။

S – Sport Mode ဂီယာရဲ့ အဓိကလုပ်ဆောင်ပေးတာကတော့ Low Gear (ဂီယာကြီး) ကို ကြာကြာထိန်းထားပြီး ပါဝါပိုထုတ်ပေးတာဘဲဖြစ်ပါတယ်။ ဥပမာ D နဲ့မောင်းလို့ 50 Km/h ကိုရောက်ပြီး ၂ စက္ကန့်ကြာတဲ့အခါ နံပါတ် ၂ မှ ၃ ကို ချိန်းပေးတယ်ဆိုရင် S ဂီယာနဲ့ဆိုရင် 50 Km/h ကို ၈ စက္ကန့်လောက်မှ ချိန်းပေးပါတယ်။ အကွေ့အကောက်နှင့် အတက်အဆင်းလမ်းများမှာ အသုံးပြုပါတယ်။ ဆီတော့နည်းနည်းပိုစားပေမယ့် တော်တော်လေးမောင်းကောင်းပါတယ်။

L – Low Gear (ဂီယာကြီး) ဂီယာကတော့ အနိမ့်ဆုံးဂီယာဘဲဖြစ်ပါတယ်။ ဒီဂီယာကို အရမ်းမက်စောက်တဲ့ တောင်တက်လမ်းတွေ၊ အဆင်းလမ်းတွေမှာ အသုံးပြုပါတယ်။ L ဂီယာက အနိမ့်ဆုံး ဂီယာ နံပါတ် ၁ ဂီယာဖြစ်တဲ့ ဂီယာကြီးဘဲ ဖြစ်ပါတယ်။

Credit

ကိုယ်၀ယ်တဲ့ပစ္စည်းတစ်ခုကို ဘယ်နိုင်ငံကပြုလုပ်သလဲဆိုတာကိုသိချင်ရင်ပထမရှေ့ဆုံး(၃)လုံးကိုဖတ်ကြည့်တာနဲ့သိနိုင်ပါတယ်။ စင်ကာပူ...
03/08/2021

ကိုယ်၀ယ်တဲ့ပစ္စည်းတစ်ခုကို
ဘယ်နိုင်ငံကပြုလုပ်သလဲဆိုတာကိုသိချင်ရင်

ပထမရှေ့ဆုံး(၃)လုံးကိုဖတ်ကြည့်တာနဲ့
သိနိုင်ပါတယ်။
စင်ကာပူကလာတဲ့ပစ္စည်းရဲ့ကုဒ်ဟာ ၈၈၈ဖြစ်ပြီး
ထိုင်၀မ်ကလာတဲ့ပစ္စည်းဆိုရင်ကုဒ်က ၄၇၁
ဖြစ်နေ ပါလိမ့်မယ်။
သိထားသင့်တဲ့နိုင်ငံတစ်ချို့ရဲ့ manufacturer
ကုဒ်တွေကိုဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်
ပါတယ်။

000 - 019 GS1 US
020 - 029 Restricted distribution (MO defined)
030 - 039 GS1 US
040 - 049 Restricted distribution (MO defined)
050 - 059 Coupons
060 - 139 GS1 US
200 - 299 Restricted distribution (MO defined)
300 - 379 GS1 France
380 GS1 Bulgaria
383 GS1 Slovenija
385 GS1 Croatia
387 GS1 BIH (Bosnia-Herzegovina)
400 - 440 GS1 Germany
450 - 459 & 490 - 499 GS1 Japan
460 - 469 GS1 Russia
470 GS1 Kyrgyzstan
471 GS1 Taiwan
474 GS1 Estonia
475 GS1 Latvia
476 GS1 Azerbaijan
477 GS1 Lithuania
478 GS1 Uzbekistan
479 GS1 Sri Lanka
480 GS1 Philippines
481 GS1 Belarus
482 GS1 Ukraine
484 GS1 Moldova
485 GS1 Armenia
486 GS1 Georgia
487 GS1 Kazakstan
489 GS1 Hong Kong
500 - 509 GS1 UK
520 GS1 Greece
528 GS1 Lebanon
529 GS1 Cyprus
530 GS1 Albania
531 GS1 MAC (FYR Macedonia)
535 GS1 Malta
539 GS1 Ireland
540 - 549 GS1 Belgium & Luxembourg
560 GS1 Portugal
569 GS1 Iceland
570 - 579 GS1 Denmark
590 GS1 Poland
594 GS1 Romania
599 GS1 Hungary
600 - 601 GS1 South Africa
603 GS1 Ghana
608 GS1 Bahrain
609 GS1 Mauritius
611 GS1 Morocco
613 GS1 Algeria
616 GS1 Kenya
618 GS1 Ivory Coast
619 GS1 Tunisia
621 GS1 Syria
622 GS1 Egypt
624 GS1 Libya
625 GS1 Jordan
626 GS1 Iran
627 GS1 Kuwait
628 GS1 Saudi Arabia
629 GS1 Emirates
640 - 649 GS1 Finland
690 - 695 GS1 China
700 - 709 GS1 Norway
729 GS1 Israel
730 - 739 GS1 Sweden
740 GS1 Guatemala
741 GS1 El Salvador
742 GS1 Honduras
743 GS1 Nicaragua
744 GS1 Costa Rica
745 GS1 Panama
746 GS1 Republica Dominicana
750 GS1 Mexico
754 - 755 GS1 Canada
759 GS1 Venezuela
760 - 769 GS1 Schweiz, Suisse, Svizzera
770 GS1 Colombia
773 GS1 Uruguay
775 GS1 Peru
777 GS1 Bolivia
779 GS1 Argentina
780 GS1 Chile
784 GS1 Paraguay
786 GS1 Ecuador
789 - 790 GS1 Brasil
800 - 839 GS1 Italy
840 - 849 GS1 Spain
850 GS1 Cuba
858 GS1 Slovakia
859 GS1 Czech
860 GS1 YU (Serbia & Montenegro)
865 GS1 Mongolia
867 GS1 North Korea
868 - 869 GS1 Turkey
870 - 879 GS1 Netherlands
880 GS1 South Korea
884 GS1 Cambodia
885 GS1 Thailand
888 GS1 Singapore
890 GS1 India
893 GS1 Vietnam
899 GS1 Indonesia
900 - 919 GS1 Austria
930 - 939 GS1 Australia
940 - 949 GS1 New Zealand
950 GS1 Global Office
955 GS1 Malaysia
958 GS1 Macau
977 Serial publications (ISSN)
978 - 979 Bookland (ISBN)
980 Refund receipts
981 - 982 Common Currency Coupons
990 - 999 Coupons

သုတဇုန်


အရင်ဆုံး  အပေါ်က သုံးခုကို ရှင်းပြပေးပါမယ် …ECT 🆚 PWR 🆚 SNOW↔️ ECT ဆိုတာကတော့ တိုယ်ိုတာက သူတို့ရဲ့ transmission (ဂီယာဘော...
28/07/2021

အရင်ဆုံး အပေါ်က သုံးခုကို ရှင်းပြပေးပါမယ် …

ECT 🆚 PWR 🆚 SNOW

↔️ ECT ဆိုတာကတော့ တိုယ်ိုတာက သူတို့ရဲ့ transmission (ဂီယာဘောက်စ်) ကို နာမည်ပေးထားတာပါ (Electronically Controlled
Transmission) ဆိုပြီး အရှည်ခေါ်ပါတယ်
⬆️ အပေါ်က PWR က power ရဲ့အတိုကောက်ဖြစ်ပြီး အင်ဂျင်ကို RPM အမြင့်မှာ ဂီယာချိန်းပါတယ် တောင်တက်တွေမှာလည်း အသုံးပြုနိုင်ပါတယ် ဆီတော့ နဲနဲ ပိုစားပါမယ်

⬇️ အောက်က snow ကတော့ နှင်းကျတဲ့ဒေသတွေမှာ တာယာ ချောတာ slip ဖြစ်တာကို ကာကွယ်ဖို့အတွက် အသုံးပြုပါတယ် လီဗာ ဖိနင်းမိတဲ့အခါ တာယာ ရုတ်တရက်လည်သွားတာမျိုး မဖြစ်ပဲ ဖြည်းဖြည်း မှန်မှန်ထွက်အောင် ဂီယာကို သင့်တော်သလို ချိန်းပေးပါတယ်

အောက်က သုံးခုမှာ

TEMS 🆚 SPORT 🆚 NORM

↔️ အလယ်က TEMS က (Toyota Electronic Modulated Suspension) ရဲ့အတိုကောက်ပါ Shock absorber တွေနဲ့ သက်ဆိုင်ပါတယ် ပုံမှန်အားဖြင့် ရှော့ဘား ထိပ်လေးတွေမှာ ဝါယာကြိုးလေးတွေပါပြီး ရှော့ဘားအတွင်းက oil pressure ဆီဖိအား ကို လိုသလို အပိတ်အဖွင့်လုပ်ပေးပြီး ထိန်းညှိပေးပါတယ် … ဒီမှာ အသစ်ဝယ်ထည့်ထားတာဆိုရင်တော့ မပါတော့ပါဘူး

⬆️ Sport မှာထားပြီးမောင်းရင် ရှော့ဘားတွေကို ပုံမှန်ထက် မာသွားစေပါတယ် လမ်းကဆောင့့်အားကို ပိုခံနိုင်သွားပေမယ့် ငြိမ့်ညောင်းမှု တော့မရှိတော့ပါဘူး

⬇️ NORM ကတော့ normal ပါ ပုံမှန်အချိန်မှာတော့ NORM မှာ ထားမောင်းရပါမယ်…

အားလုံး ဗဟုသုတရစေရန် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ

Mr.Jet

ပိုက်ဆံရှာရာတွင်=========ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။လူတစ်ယ...
22/07/2021

ပိုက်ဆံရှာရာတွင်
=========

ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။
အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။

လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်
တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်
မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်း
အားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်
ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

ပိုက်ဆံသုံးရာတွင်
==========

သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလို
အပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။

တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံး
အဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်
ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူများ
လုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူ
မချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။
ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့
iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွား
ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့
အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။

ပိုက်ဆံစုရာတွင်
=========

သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။

သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်
ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံး
သင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။
ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံး
စုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါ
ဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချ
ဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကို
မြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရ
ပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာ
ပိုက်ဆံလိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်။

စွန့်စားရာတွင်
========

ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့။
မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်း
မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့
ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှ
ပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့။

ရင်းနီးရာတွင်
========

ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲ
စုပြုံမထည့်ထားပါနဲ့။

အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေ
အားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်း
ဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အား
လုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့
အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။

မျှော်လင့်ရာတွင်
=========

ရိုးသားခြင်းဆိုတာ ရှားပါးစျေးကြီးတဲ့ လက်ဆောင်မွန်တစ်ခု
ပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။

သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှ
အသေအချာ တွက်မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်
ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူး
မိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်
လင့်မိပါစေနဲ့။

𝐢𝐎𝐒 𝟏𝟓 မှာ➡️Power Off ထားရင်​တောင် သင့်ဖုန်းကိုရှာလို့ရပါတယ်➡️Battery ကုန်သွားရင်​တောင် သင့်ဖုန်းကိုရှာလို့ရပါတယ် ➡️Rest...
22/07/2021

𝐢𝐎𝐒 𝟏𝟓 မှာ

➡️Power Off ထားရင်​တောင် သင့်ဖုန်းကိုရှာလို့ရပါတယ်

➡️Battery ကုန်သွားရင်​တောင် သင့်ဖုန်းကိုရှာလို့ရပါတယ်

➡️Restore လုပ်လိုက်ရင်တောင် သင့်ဖုန်းကိုရှာလို့ရပါတယ်

➡️ Find My iPhone ကိုမပိတ်မချင်း ဖုန်းကိုဘယ်လိုပဲလုပ်ထားထား ရှာလို့ရပါတယ်

ဒါပေမယ့် Ultra Wideband (U1 Chip) ထည့်သွင်းထားတဲ့ iPhone တွေမှာပဲဒီလိုရှာလို့ရမှာဖြစ်ပါတယ် .. U1 Chip ပါတဲ့ဖုန်းတွေကတော့

- iPhone 11
- iPhone 11 Pro
- iPhone 11 Pro Max
- iPhone 12 mini
- iPhone 12
- iPhone 12 Pro
- iPhone 12 Pro Max

တို့ပဲဖြစ်ပါတယ်

iOS 13 မှာကတည်းက Offline Findings ကိုထည့်သွင်းပေးထားတာမို့လို့ အခုလိုမျိုးရှာဖို့ပျောက်သွားတဲ့ဖုန်းမှာ အင်တာနက်ရှိစရာမလိုပါ .. ပျောက်သွားတဲ့ဖုန်းအနားဝန်းကျင်မှာရှိနေတဲ့ Apple Devices တွေရဲ့ Internet Connection ကိုသုံးပြီးတည်နေရာပြသပေးမှာဖြစ်ပါတယ်

iOS 15 ရဲ့ Feature အသစ်များ - https://www.pyaeheinnkyaw.tech/92-changes-and-new-features-from-ios-15/

iOS 15 Screenshots - https://www.facebook.com/100006857737198/posts/2925176067720956/?d=n

iOS အတွက်အသုံးဝင်သော Post များ - https://www.facebook.com/103767734345211/posts/170658694322781/?d=n

20/07/2021

#အရေးပေါ် ြုလုပ်နည်း။

လိုအပ်တဲ့ပစွည်း

1-hydrogen peroxide
( ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်)
= ပြိုကွဲဓာတ် ပစွည်း

2-manganese Four oxide
(မန်းဂနိစ် ဖော အောက်ဆိုဒ်)
=ဓာတ်ပြု ပစွည်း

3-Glass bottle
(ဖန်ပုလင်း)



.

Address

ပြည်ထောင်စုလမ်းမကြီး အမှတ် 3
Yangon

Website

Alerts

Be the first to know and let us send you an email when New 4 U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share