Haters Gonna Hate

Haters Gonna Hate All Interesting about Movies & Fun Facts......
(1237)

ရုပ်ရှင်ကားတွေရဲ့ rating သတ်မှတ်ချက်တွေကဘာတွေလဲ??==============================ရုပ်ရှင် rating တွေဟာ ကြည့်ရှုသူတွေ၊ အထူး...
20/12/2025

ရုပ်ရှင်ကားတွေရဲ့ rating သတ်မှတ်ချက်တွေကဘာတွေလဲ??
==============================

ရုပ်ရှင် rating တွေဟာ ကြည့်ရှုသူတွေ၊ အထူးသဖြင့် မိဘတွေအတွက် ဒီဇာတ်ကားက ဘယ်အရွယ်နဲ့ သင့်တော်လဲဆိုတာ ဆုံးဖြတ်ဖို့ ကူညီပေးတဲ့ လမ်းညွှန်ချက်တွေ ဖြစ်ပါတယ်။ နိုင်ငံအလိုက် မတူညီတဲ့ စနစ်တွေရှိပေမယ့် ကမ္ဘာပေါ်မှာ ဟောလိဝုဒ်ဇာတ်ကားတွေမှာ အများဆုံးတွေ့ရတဲ့ အမေရိကန် (MPA) စနစ်နဲ့ ဥရောပဘက်မှာ အသုံးများတဲ့ ဗြိတိန် (BBFC) စနစ်တို့ကို အဓိကထား ရှင်းပြပေးပါမယ်။

🎄❄️Christmas theme နဲ့ ရိုက်ထားတဲ့ လူကြိုက်အများဆုံး Hollywood (10)ကား🎄❄️ ==============================Christmas နေ့ရော...
16/12/2025

🎄❄️Christmas theme နဲ့ ရိုက်ထားတဲ့ လူကြိုက်အများဆုံး Hollywood (10)ကား🎄❄️
==============================

Christmas နေ့ရောက်တော့မယ်နော်...
ကြံဖန်ပျော်နေရတဲ့ ကျွန်တော်တို့ဆီမှာတော့ ဇာတ်ဝင်ခန်းထဲက Christmas scene လေးတွေကို ပြန်ခံစားရင်း Christmas Night ကို မိသားစုဝင်တွေနဲ့ဖြစ်စေ.. ချစ်ခင်သူများနဲ့ဖြစ်စေ ရုပ်ရှင်အတူကြည့်ပြီး ဖြတ်သန်းလို့ရအောင် ဇာတ်ကားလေးတွေ ရွေးပေးထားပါတယ်...

ဘာလို့ကြည့်သင့်တယ်ဆိုတာလေးတွေပါ ထည့်ပေးထားတာမို့ ခုချိန်ကတည်းက ကိုယ်ကြည့်ချင်တဲ့ကားကို ကြိုရှာ ကြို down ထားနိုင်ဖို့ ဒီ post ကို save or share ထားကြပါနော်... 😊

ထုံးစံအတိုင်း ပုံလေးတွေကြည့်ပေးပါ... ❄️

ဘာလို့ သရဲကားကို ကြိုက်ကြတာလဲ?====================ကြောက်စရာကောင်းတာကိုမှ ကြည့်ချင်တာမျိုးရုတ်တရက်ပေါ်လာတဲ့ Jump Scare တွ...
14/12/2025

ဘာလို့ သရဲကားကို ကြိုက်ကြတာလဲ?
====================

ကြောက်စရာကောင်းတာကိုမှ ကြည့်ချင်တာမျိုး
ရုတ်တရက်ပေါ်လာတဲ့ Jump Scare တွေကိုမှ နှစ်သက်တာမျိူး
ခြောက်ခြားစရာကောင်းတဲ့မြင်ကွင်းတွေမှာ ကိုယ်တိုင်ဝင်ခံစားရတာ ကြိုက်တာမျိုး အစရှိတဲ့ ခံစားချက်ပေါင်းများစွာကို သယ်ဆောင်လာပေးနိုင်တဲ့ Horror ကားကိုမှ ကြိုက်နှစ်သက်တဲ့သူမျိုးတွေအတွက် သရဲကား (Horror Movies) တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့၊ လူသိနည်းတဲ့ အချက်အလက် (Facts) တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

သရဲကားတွေဟာ ကျွန်တော်တို့ကို ကြောက်လန့်စေရုံသာမက ဒီဇာတ်ကားတွေမှာ စိတ်ပညာ၊ သိပ္ပံနဲ့ ရုပ်ရှင်ဖန်တီးမှုပိုင်းဆိုင်ရာ လျှို့ဝှက်ချက်တွေ အများကြီး ပါဝင်နေတတ်ပါတယ်။
ပုံလေးတွေ ကြည့်ရအောင်။

Oscar ဆုရတဲ့ Movie production တွေ၊ သရုပ်ဆောင်တွေက ဘာအကျိုးအမြတ်တွေရလဲ??ပုံလေးတွေကိုကြည့်ပေးပါ။
12/12/2025

Oscar ဆုရတဲ့ Movie production တွေ၊ သရုပ်ဆောင်တွေက ဘာအကျိုးအမြတ်တွေရလဲ??

ပုံလေးတွေကိုကြည့်ပေးပါ။

Netflix က Warner Bros. (WB) ကို ဝယ်ယူလိုက်တဲ့ သတင်းအပြည့်အစုံ=====================================Netflix က Warner Bros....
07/12/2025

Netflix က Warner Bros. (WB) ကို ဝယ်ယူလိုက်တဲ့ သတင်းအပြည့်အစုံ
=====================================

Netflix က Warner Bros. (WB) ကို ဝယ်ယူလိုက်တဲ့ သတင်းဟာ ကမ္ဘာ့ဖျော်ဖြေရေးလုပ်ငန်းတစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ သတင်းကြီးတစ်ခု ဖြစ်ပါတယ်။

ဒီဝယ်ယူမှုနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အဓိကအချက်အလက်အစုံအလင်ကို အောက်ပါအတိုင်း အနှစ်ချုပ် ရှင်းပြပေးလိုက်ပါတယ်။
ပုံလေးတွေကြည့်ပေးပါ။

Zootopia 2 စိတ်ဝင်စားဖွယ်အချက်များနဲ့ Ester Eggs=============================ရုပ်ရှင်သမိုင်းတစ်လျှောက် Avengers: Endgame...
05/12/2025

Zootopia 2 စိတ်ဝင်စားဖွယ်အချက်များနဲ့ Ester Eggs
=============================

ရုပ်ရှင်သမိုင်းတစ်လျှောက် Avengers: Endgame၊ Avengers: Infinity War နဲ့ Spider-Man: No Way Home တို့ပြီးရင် စတုတ္ထမြောက် အဖွင့်လှဆုံး ရုပ်ရှင်အဖြစ် စံချိန်တင်ခဲ့တဲ့ Zootopia 2 ရုပ်ရှင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက် (Facts) တွေနဲ့ Easter Eggs တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Animation ဇာတ်ကားများတွင် အမြင့်ဆုံး Animation ရုပ်ရှင်သမိုင်းမှာတော့ ကမ္ဘာ့အဖွင့်ဝင်ငွေ အများဆုံးရရှိတဲ့ ဇာတ်ကားအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ ယခင်က အောင်မြင်ခဲ့တဲ့ Inside Out 2 နဲ့ The Super Mario Bros. Movie တို့ရဲ့ အဖွင့်စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံတစ်ခုတည်းမှာတင် ဖွင့်ပွဲရက်သတ္တပတ်အတွင်း ဒေါ်လာ ၂၇၂ သန်း အထိ ရရှိခဲ့ပြီး၊ ဟောလိဝုဒ်က လာတဲ့ Animation ကားတွေထဲမှာ မကြုံစဖူး အအောင်မြင်ဆုံး စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။၂၀၂၅ ခုနှစ်အတွင်း ရုံတင်ခဲ့သမျှ ရုပ်ရှင်တွေအားလုံးထဲမှာလည်း အဖွင့်ဝင်ငွေ အကောင်းဆုံး ဇာတ်ကား ဖြစ်လာပါတယ်။

Zootopia 2 ဟာ ရုံတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဒေါ်လာ ၁ ဘီလီယံ (သန်း ၁၀၀၀) ကို ဝင်ဖို့ သေချာသလောက် ရှိနေပြီဖြစ်တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

ပုံလေးတွေကို ကြည့်လိုက်ရအောင်...

နက်ဖြန်စထွက်လာမယ့် Stranger Things Season 5 ကိုမကြည့်ခင် မေ့မထားသင့်တဲ့ အချက်များ 🔴==============ခုဆို ကျွန်တော်တို့အကြိ...
25/11/2025

နက်ဖြန်စထွက်လာမယ့် Stranger Things Season 5 ကိုမကြည့်ခင် မေ့မထားသင့်တဲ့ အချက်များ 🔴
==============

ခုဆို ကျွန်တော်တို့အကြိုက် Stranger Things ရဲ့ နောက်ဆုံး Season 5 ကို မနက်ဖြန်မှာ Netflix ကနေ အပိုင်း (၃) ပိုင်းခွဲပြီး ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Season 5 ကို ပြန်မကြည့်ခင် သိသင့်တဲ့အချက်လေးတွေ မေ့မနေသင့်တဲ့ အရာလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...

"The Greatest Showman" ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ==============================အချိန်ကို အကျိုးရှိရှိကုန်ဆုံးချင်ပြီ...
15/11/2025

"The Greatest Showman" ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ
==============================

အချိန်ကို အကျိုးရှိရှိကုန်ဆုံးချင်ပြီး ဇာတ်ကားပြီးဆုံးချိန်မှာ မိမိစိတ်ခွန်အားအတွက်ပါ တွန်းအားပေးမှာသေချာတဲ့ ကားကောင်းလေးတစ်ကားကို ပြန်တင်လိုက်ပါတယ်...

"The Greatest Showman" (၂၀၁၇) ဇာတ်ကားဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ အလွန်အောင်မြင်တဲ့ ဂီတဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ IMDb 7.5 Rating ရရှိခဲ့ပြီး ဆုပေါင်း ၁၇ခု ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်...
ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီရက်ပိုင်းအတွင်း စိတ်ဝင်စားမှုမြင့်တက်နေတဲ့ Frankenstein အကြောင်းကိုပဲ  နည်းနည်းလောက် ထပ်ပြောပြချင်ပါတယ်...
14/11/2025

ဒီရက်ပိုင်းအတွင်း စိတ်ဝင်စားမှုမြင့်တက်နေတဲ့ Frankenstein အကြောင်းကိုပဲ နည်းနည်းလောက် ထပ်ပြောပြချင်ပါတယ်...

သိကို သိထားသင့်တဲ့ Website================ရုပ်ရှင်ချစ်တဲ့သူတွေ တစ်ခါတစ်လေကျ ရုပ်ရှင်ကြည့်မယ်ဆိုရင် ဘာကြည့်လို့ ကြည့်ရမှန...
13/11/2025

သိကို သိထားသင့်တဲ့ Website
================

ရုပ်ရှင်ချစ်တဲ့သူတွေ တစ်ခါတစ်လေကျ ရုပ်ရှင်ကြည့်မယ်ဆိုရင် ဘာကြည့်လို့ ကြည့်ရမှန်းမသိလို့ Social Media ထဲဝင် Reel ကြည့်ပြီးအိပ်လိုက်ရတဲ့ရက်တွေ ရှိတတ်ကြမှာပါ...

ဒါမျိုးတွေမဖြစ်အောင် ကိုယ်ဖြစ်နေတဲ့ mood ပေါ်မူတည်ပြီး ဇာတ်ကားရွေးချယ်လို့ရမယ့် website ကို (မသိတဲ့သူတွေအတွက်) ညွှန်ပြပေးပါမယ်...

ပုံလေးတွေကြည့်ကြည့်ပါ...

Frankenstein (2025) မှ စိတ်ဝင်စားဖွယ်အချက်များ=================မကြာခင်ကမှ Netflix က အသစ်ရိုက်ကူးတင်ဆက်ထားတဲ့ Frankenstei...
12/11/2025

Frankenstein (2025) မှ စိတ်ဝင်စားဖွယ်အချက်များ
=================
မကြာခင်ကမှ Netflix က အသစ်ရိုက်ကူးတင်ဆက်ထားတဲ့ Frankenstein အကြောင်း တင်ဆက်လိုက်ပါတယ်... အားလုံးနဲ့လည်း ရင်းနှီးပြီးသား ဇာတ်လမ်းဖြစ်သလို ဒီဘက်ခေတ်ရိုက်ကူးမှုတွေနဲ့ တဖန်ပြန်လည်ဆန်းသစ်ဖန်တီးထားတာကြောင့် လုံးဝလက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဆိုလဲ မမှားပါဘူး...

ပုံတစ်ပုံချင်းစီဝင်ကြည့်ပေးပါ....

Address

Thingangyun
Yangon

Alerts

Be the first to know and let us send you an email when Haters Gonna Hate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share