Myanmar Book Seller

Myanmar Book Seller www.myanmarbookseller.com ရဲ့ Official page ဖြစ်ပါတယ်

တိဗက်ဒေသနားက စန်းဝဠာ(shambala) ဆိုတဲ့ အရမ်းထူးခြားတဲ့ လျှို့ဝှက်စွာ တည်ရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုရင်နိုင်ငံ တစ်နိုင်ငံအကြောင်း...
07/11/2014

တိဗက်ဒေသနားက စန်းဝဠာ(shambala) ဆိုတဲ့ အရမ်းထူးခြားတဲ့ လျှို့ဝှက်စွာ တည်ရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုရင်နိုင်ငံ တစ်နိုင်ငံအကြောင်း ရေးသား ပြုစုထား ebook လေးပါ။ ဗုဒ္ဓရဲ့ အစွမ်းထက်လှတဲ့ ကာလစက္ကရတရားတော်ကို ထိန်းသိမ်းထားတဲ့ နိုင်ငံလို့လည်း wikipedia မှာတော့ ဖော်ပြထားပါတယ်။ သုတေသနလုပ်ထားသမျှကို စုံစုံလင် ရေးသားဖော်ပြထားပါတယ်။ အသေးစိပ်ကိုတော့ အောက်ပါလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.myanmarbookseller.com/index.php/user/book_detail/166

ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေးဟံလင်းhttp://www.myanmarbookseller.com/index.php/user/book_detail/165SMS ဖြင့် ၀ယ်ယူရန်အတွက် ဖု...
02/10/2014

ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး
ဟံလင်း

http://www.myanmarbookseller.com/index.php/user/book_detail/165

SMS ဖြင့် ၀ယ်ယူရန်အတွက် ဖုန်းနံပါတ် 188229 သို့ mbs 165 ကို ရိုက်ထည့်ပြီးပေးပို့လိုက်ပါ။ ကျသင့်သော ငွေကို ပေးပို့ခဲ့သော phone bill မှ ဖြတ်ယူမည်ဖြစ်ပြီး ebook အား download ပြုလုပ်နိုင်သော link အား ပြန်လည် ပေးပို့ပေးမည်ဖြစ်သည်။

စကြ၀ဠာအဆုံးသို့ ခရီးနှင်ခြင်းစာအုပ်သည် National Geographic Channel မှ ထုတ်လုပ်သော Journey To The Edge Of The Universe Pr...
30/09/2014

စကြ၀ဠာအဆုံးသို့ ခရီးနှင်ခြင်းစာအုပ်သည် National Geographic Channel မှ ထုတ်လုပ်သော Journey To The Edge Of The Universe Program အား အဓိကထားပြီး ဘာသာပြန်ဆိုထားသော စာအုပ်ဖြစ်ပါသည်။ Program မှ စာအုပ်အဖြစ် အသွင်ပြောင်းရာတွင် အခြားလိုအပ်သော အချက်အလက်များကိုလည်း Encarta Dictionary နှင့် အခြားဆက်စပ်နေသည့် Source များမှ လိုအပ်သည်များကို နှုတ်ယူပြီး ဘာသာပြန်ဆို ဖြည့်စွက်ထားပါသည်။ ဒီစာအုပ်သည် ကျယ်ပြောလှသည့် အနန္တစကြ၀ဠာကြီးသို့ အည်အပါတ်ခရီးနှင့် လေ့လာကြည့်သည့် သဘောဖြင့် ရေးသားတင်ပြထားသည့် စာအုပ်တစ်အုပ်သာဖြစ်ပါသည်။ တိကျပြီး အသးစိတ် အချက်အလက်များ ပါဝင်သည့် ကျမ်းတစ်အုပ် မဟုတ်ပါကြောင်း သိစေအပ်ပါသည်။ သို့သော် ဗဟုသုတစည်းပူးလိုသူတို့အတွက် အထိုက်အလျှောက် အကျိုးပြုနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ebook price - 700 kyats
ebook အဖြစ် ၀ယ်ယူလိုပါက ဖုန်းနံပါတ် 188229 သို့ mbs 164 လို့ ရိုက်ထည့်ပြီး SMS ပေးပို့လိုက်ပါ။ ကျသင့်ငွေကို phone bill ထဲကနေပဲ ဖြတ်ယူမှာဖြစ်ပါတယ်။ ပြီးလျှင် download link ကို မက်ဆေ့ခ်ျ ပေးပို့ပေးမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်း အသေးစိပ်ပါပါတယ်။ အိုင်ဖုန်း တီထွင်သူ စတိဗ်ဂျော့ဘ် အကြောင်းကော... ဖေ့စ်ဘုတ် တည်ထောင်သူ မက်...
13/09/2014

ဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်း အသေးစိပ်ပါပါတယ်။ အိုင်ဖုန်း တီထွင်သူ စတိဗ်ဂျော့ဘ် အကြောင်းကော... ဖေ့စ်ဘုတ် တည်ထောင်သူ မက်ခ်ဇူကာဘာခ်ျ အကြောင်း.. အိုဘားမား၊ ဘီလ်ဂိတ်၊ ဦးသန့်တို့အကြောင်း ပြည့်ပြည့်စုံစုံ သိရလို့ ဒီ ebook လေးကို တင်ပေးလိုက်ပါတယ်။ ebook ရဲ့ တန်ဖိုးကတော့ ၅၀၀ ကျပ်ပါ။ ၀ယ်ချင်ရင်တော့ ဖုန်းနံပါတ် ၁၈၈၂၂၉ ကို mbs 161 လို့ ပို့လိုက်ရုံပါပဲ... ကျသင့်ငွေကို phone bill ထဲက ဖြတ်ပြီးရင် download link ကို sms ပြန်ပို့ပေးမှာပါ။

07/09/2014

DRM

DRM ဆိုတာကတော့ Digital Rights Management ကိုခေါ်ပါတယ်။ digtal တွေ ဖြစ်တဲ့ ebook တွေ mp3 file တွေကို လိုသလောက် ပြန် share ပြီး မသုံးနိုင်အောင် တားထားလို့ ရတဲ့ နည်းပညာတခုပါ။ ဥပမာ customer တယောက်က ebook တအုပ် ဝယ်တယ်ဆိုရင် သူက အဲ့ဒီ ebook ကို ဘယ် computer မှာ ဖတ်မှာလဲ ဘယ် ဖုန်းမှာ ဖတ်မှာလဲ တခုခု ရွေးချယ်ပြီး အဲ့ဒီ ebook ဖွင့်လိုက်ရုံပါပဲ။ ဖွင့်ပြီးရင်တော့ သူ့ ebook က တခြား ဘယ်စက်မှာမှ ဖွင့်လို့ မရနိုင်တော့ပါဘူး။ ဒီနည်းပညာ က ခိုးကူးတွေ ebook တွေကို free တင်နေတဲ့ ဒီခေတ်ကြီးထဲမှာ စာရေးဆရာတွေ ထုတ်လုပ်သူတွေရဲ့ အကျိုးစီးပွားကို အနည်းနဲ့ အများ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ myanmar book seller က ယုံကြည်ထားပါတယ်။ သူငယ်ချင်းတို့ အထဲမှာ ဒီနည်းပညာကို စိတ်ဝင်စားတဲ့ ပရော်ဖက်ရှင်နယ် စာရေးဆရာတွေ ထုတ်ဝေသူတွေ ရှိရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ဗျာ.. ဘယ်လိုရောင်း၇မလဲ ဆိုတာကတော့ ရှင်းပါတယ် ebook ကို ဖုန်းဘေလ်နဲ့ ဝယ်လို့ရပါတယ်... customer က sms တချက်ပို့ရု့နဲ့. ဝယ်လို့ရမှာဖြစ်ပါတယ် တခြား payment system တွေလည်းရှိပါသေးတယ်... အသေးစိတ်ကိုတော့ ကျွန်တော်တို့နဲ့ ဆွေးနွေးနိုင်ပါတယ်ဗျာ

07/09/2014

တတိယထပ်မှ လူသတ်မှု
The Third Floor Flat

ပက်ထရစ်ရှာဂါးနက် စိတ်မရှည်နိုင် ဖြစ်နေပါသည်။ သူ့ပိုးသားပုခုံး လွယ်အိတ်ကလေးထဲ့တွင် မွှေနှောက်ရှာဖွေနေ၏။ လူငယ်အမျိုးသားနှစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့က စောင့်ကြည့်နေကြသည်။ သူတို့သည် ငါးထပ်တိုက်ခန်းတွဲ၏ လေးထပ်တွင်ရှိ ပက်ထရစ်ရှာဂါးနက်၏ တိုက်ခန်းတံခါးရှေ့တွင် ရပ်နေကြခြင်း ဖြစ်သည်။
"မတွေ့တော့ဘူးဟေ့၊ ဘယ်လိုလုပ်ရမလဲ မသိဘူး"
ပက်က စိတ်ညစ်ဟန်ဖြင့် ညည်းညူလိုက်သည်။
"အင်း-အိမ်သော့မရှိတဲ့ ဘ၀ဟာ သိပ်ဆိုးပါလား"ဟု မျက်လုံးပြာပြာနှင့် ပုပုကောင်းလေးဖြစ်သူ ဂျင်မီဖော့ကနာက ပြောလိုက်ရာ ပက်ကသူ့ကို ဒေါသနှင့် ကြည့်ပြီး -
"အရေးထဲမှာ လာနောက်မနေစမ်းနဲ့ ဂျင်မီ ဒါနောက်စရာ မဟုတ်ဘူး" ဟု အော်၏။
"သေသေချာချာ ရှာပါဦး ပက်" ဟု လူငယ်ဒိုနိုဗန်ဘေလီက ၀င်ပြောသည်
"တစ်နေရာရာမှာ ရှိပါလိမ့်မယ်ဟာ"
"နင် ယူလာခဲ့တာရော သေချာရဲ့လား"
မိုင်းလ်ဒရက်ဟုပ် ဟု ခေါ်သည့် မိန်းကလေးက မေးရာ ပက်က -
"တစ်ယောက်ယောက်ကို ပေးလိုက်မိတယ် မှတ်တာပဲ" ဟု ယောက်ျားနှစ်ယောက်ကို ပြော၏။
"နင့်အိတ်ထဲ့ ထည့်လိုက်တာ ငါတွေ့ပါတယ်" ဟု ဂျင်မီက ပြန်ပြောသည်။
"ကဲပါ-ငြင်းမနေကြပါနဲ့ အထဲကို ဘယ်လိုဝင်ကြမလဲဆိုတာသာ စဉ်းစား" ဟု မိုင်းလ်ဒရက်က ပြော၏။
သူသည် စဉ်းစားတွေးဆဟန်ရှိသည့် မိန်းကလေးဖြစ်သော်လည်း ပက်ထရစ်ရှာလောက်တော့ ဆွဲဆောင်မှုမရှိပေ။
"မြေညီထပ်မှာဆိုရင်တော့ ပြတင်းပေါက်ဖွင့်ဝင်ရင် ဖြစ်နိုင်သေးတယ်။ နင့်အခန်းက လေးထပ်မှာဆိုတော့ ဘယ်လွယ်ပါ့မလဲ"
ဒိုနိုဗန်က စဉ်းစားရင်ပြောသည်။
"အရေးပေါ် ထွက်ပေါက်လိုဟာမျိုး မရှိဘူးလား၊ ဒါမှမဟုတ် ပစ်စည်း အတင်အချ လှေကားလိုဟာပေါ့။ အထပ်မြင့်တိုက်တွေမှာ ရှိတတ်တာပဲ"
"အေး-ဟုတ်တယ် ရှိတယ် ရှိတယ်"
ပက်က အားတက်သရော ပြန်ပြော၏။
"မီးဖိုခန်းနောက်တံခါးပေါက်ကို ၀င်လို့ရတယ်၊ နေဦး အဲဒါ တံခါး ငါပိတ်ခဲ့မိသလား မသိဘူး၊ လာလာ သွားကြည့်ကြရအောင်"
ပြောရင်းနှင့် ပက်ထရစ်ရှာ မြေညီထပ်ရောက်သည်အထိ ပြေးဆင်းသွားရာ သူ့သူငယ်ချင်းသုံးယောက်က နောက်မှ အပြေးအလွှားလိုက်ကြရသည်။ နေအလင်းရောင် ပျောက်ကွယ်သွားပြီဖြစ်ရာ အမှောင်ထဲ့မှပင် နောက်ဘေးဘက်သို့ ပတ်ပြီး သွားကြပြီး ကုန်သယ်သည့် လှေကားကို ရှာကြ၏။ တွေ့သောအခါ ဒိုနိုဗန်က လှေကားအိမ်ကို ဖွင့်ပြီး အထဲဝင်လိုက်သည်။ သူ့နှာခေါင်းရှုံ့လျက် -
"နံလိုက်တာကွာ မတတ်နိုင်ဘူး၊ တက်ရမှာပဲ ငါတစ်ယောက်တည်း တက်ရမှာလားဟ တစ်ယောက်ယောက် အဖော်လိုက်ဦးမှပေါ့" ဟု ပြောသည်။
"အေး ငါလိုက်မယ်" ဟု ပြောပြီး ဂျင်မီ လှေကားအိမ်ထဲ ၀င်လိုက်၏။ ခဏအကြာတွင် တကျွိကျွိအသံမြည်လျက် သူတို့နှစ်ဦး အပေါ်တက် ပျောက်ကွယ်သွားကြတော့သည်။
"အသံကလည်း မြည်လိုက်တာကွာ" ဟု ဂျင်မီက အပေါ်တက်ရင်း ပြော၏။
"တခြားအခန်းတွေက ဘယ်လိုများ ထင်ကြမလဲ မသိဘူး"
"တဆေခြောက်တာ ဒါမှမဟုတ် သူခိုးဝင်တာလို့ ထင်ကြမှာပေါ့၊ ဟေ့-နေဦး ဂျင်မီ၊ မင်းအထပ်တွေ ရေခဲ့ရဲ့လာ"
"ဟိုက်-ဟုတ်သားပဲ ငါမရေခဲ့မိဘူး"
"ရပါတယ်ကွာ၊ ငါရေခဲ့ပါတယ်၊ ခုန တို့ဖြတ်ခဲ့တာ တတိယထပ်ပဲ။ အခု ရောက်မယ့်အထပ်က တို့ဝင်ရမယ့် အထပ်ပေါ့"
"ဟုတ်လား၊ ဒါဆိုရင် မီးဖိုတံခါးကို ပက်ပိတ်ထားမထား သိရတော့မှာပေါ့၊ ပိတ်ထားရင်တော့ အခက်ပဲ"
သူတို့စိုးရိမ်သလို မဟုတ်ပါ၊ မီးဖိုတံခါးမှာ တစ်ချက်တွန်းကြည့်လိုက်သည်နှင့် ပွင့်သွားသည်။ မှောင်မည်းနေသော မီးဖိုခန်းထဲသို့ သူတို့ စမ်းပြီး ၀င်သွားကြသည်။
"တို့ လက်နှိပ်ဓာတ်မီး ယူခဲ့ဖို့ ကောင်းတယ်" ဟု ဒိုနိုဗန်က ပြော၏။
"ပက်အကြောင်း ငါသိတယ်။ ပစ်စည်းတွေ ကြမ်းခင်းပေါ် ဖရိုဖရဲ ပစ်ထားမှာပဲ။ ဂျင်မီ အဲဒီမှာ ခဏရပ်နေဦး၊ ငါမီးခလုတ်ကို သွားပြီး ဖွင့်မယ်။ ဒီအတိုင်းစမ်းသွားရင် ပစ်စည်းတွေကို နင်းမိပြီး ကျိုးပဲ့ကုန်မှာ စိုးရတယ်"
သူကြမ်းပေါ်တွင် ဖြည်းဖြည်းစမ်းနင်းရင်း စားပွဲစွန်းတစ်ခုနှင့် တိုက်မိပြီး 'အင့်' ခနဲ အသံထွက်သွားရ၏။ ထို့နောက် မီးခလုပ်ကို စမ်းမိပြီး မီးလင်းမလာသဖြင့် စိတ်ပျက်စွာ တောက်ခေါက်လိုက်သည်။
"ဘာဖြစ်လို့လဲ" ဟု ဂျင်မီက လှမ်းမေးရာ
"မီးလုံးကျွမ်းနေတယ်ကွ" ဟု ပြန်ပြောပြီး
"ခဏစောင့်ဦး၊ ငါဧည့်ခန်းထဲ့ မီးကို သွားဖွင့်မယ်"
ဧည့်ခန်းမှာ မီးဖိုခန်းမှ ထွက်ပြီး လျှောက်လမ်းအတိုင်း သွားရ၏။
ချက်ချင်းဆိုသလိုပင် ဒိုနိုဗန်၏ စိတ်မရှည်စွာ ဆဲဆိုသံကြားလိုက်ရပြန်သည်။ ဂျင်မီလည်း မီးဖိုခန်းထဲ စမ်းတ၀ါးဝါး ၀င်သွားလိုက်ရင်း-
"ဘာဖြစ်ပြန်ပြီလဲဟ" မေးလိုက်သည်။
"ငါလည်း မသိတော့ဘူးဟေ့ အခန်းတွေက အမှောင်ထဲမှာဆိုတော့ နေရာတွေ လွဲနေသလိုပဲ။ စားပွဲကုလားထိုင်တွေပါ သူ့နေရာနဲ့သူ မဟုတ်ဘူး၊ ဟော-ဒီမှာလည်း တစ်ခု"
ထိုအချိန်မှာပင် ကံအားလျော်စွာ မီးခလုပ်ကို ဒိုနိုဗန် စမ်းမိပြီး ဖွင့်လိုက်သည်။ ခဏအတွင်းမှာ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အထိတ်တလန့်နှင့် ကြည့်နေမိကြတော့သည်။

ဒီဝထ္တုလေးကိုတော့ အရမ်းကောင်းတယ်ထင်လို့ အမြည်းသဘောလေး တင်ပေးလိုက်ပါတယ်..
"အာဂါသာခရစတီ၏ ၀ထ္တုတိုများ" ထဲမှ ဖြစ်ပါတယ်... တခြား အရမ်းကောင်းတဲ့ ၀တ္ထုတိုလေးတွေလည်းပါပါတယ်... ebook တန်ဖိုးကတော့ ၉၀၀ ကျပ်ဖြစ်ပါတယ်... ၀ယ်ချင်ရင်တော့ ဖုန်းနံပါတ် ၁၈၈၂၂၉ သို့ mbs 162 လို့ ရိုက်ထည့်ပြီး sms ပို့လိုက်ပါ... ကျသင့်ငွေကို phone bill ထဲကနေပဲ ဖြတ်ယူမှာဖြစ်ပါတယ်... ပြီးလျှင် download link ကို မက်ဆေ့ခ်ျ ပေးပို့ပေးမှာဖြစ်ပါတယ်

Address

Yangon
11111

Alerts

Be the first to know and let us send you an email when Myanmar Book Seller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category