Z-Kae Books & Learning Hub

Z-Kae Books & Learning Hub It is more than a business.

📚✨ ကလေးတို့အတွက် ယုံကြည်ခြင်းကို အစပြုပေးချင်တဲ့ဖေဖေ၊မေမေတို့အတွက် ✨📚ကလေးငယ်တွေရဲ့ ငယ်စဉ်အချိန်မှာ  အသင်းတော်အကြောင်းနဲ့...
15/08/2026

📚✨ ကလေးတို့အတွက် ယုံကြည်ခြင်းကို အစပြုပေးချင်တဲ့ဖေဖေ၊မေမေတို့အတွက် ✨📚

ကလေးငယ်တွေရဲ့ ငယ်စဉ်အချိန်မှာ အသင်းတော်အကြောင်းနဲ့ ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အခြေခံအရာတွေကို ရိုးရှင်းပြီး စိတ်ဝင်စားဖွယ် လေ့လာနိုင်ဖို့ ဒီစာအုပ်လေးတွေက အထောက်အကူပြုပေးနိုင်ပါတယ်။ 💒❤️

🌟A First Look The Church -8500 ks

🌟My Baptism Book-7500 ks

🌟The Night Before My First Communion-7500 ks

🌟My Simple Mass Book-5000 ks

အားလုံးက good secondhand လေးတွေဖြစ်ပေမဲ့ condition လေးတွေကောင်းပါတယ်။

တစ်ပုံချင်းစီမှာ အတွင်းစာမျက်နှာလေးတွေ ထည့်ပေးထားပါတယ်။

Note: တစ်မျိုးတစ်အုပ်ဆီသာပါပါသည်။ ဦးရာလူစနစ်ဖြင့် မျှမျှတတ ရောင်းချပေးလျက်ရှိသောကြောင့် ဇက္ခဲမှသာ ရောင်းချခြင်းဆုံးဖြတ်ချက်ကို အတည်ပြုမည်ဖြစ်ပါသည်။

ဆိုင်လိပ်စာ-
အမှတ်(၅၁၁)စီ၊ အဝေရာလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန် (Pro one) နောက်ကြော။
ဆိုင်ဖွင့်ရက်နှင့်အချိန်၊
အပတ်စဉ် Tuesday to Saturday မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ။
*ဖုန်းနံပတ်- +959768095154

ဇက္ခဲမှ စာအုပ်များ၊ပစ္စည်းများဝယ်ယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များအတွက် ဤ link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/1A5wWLpfmV/

ငွေကြေး၊ဘဏ္ဍာစိုး၊ပေးလှူခြင်း အကြောင်းတွေနဲ့ ပတ်သက်ပြီး လမ်းညွှန်မှုကို ရလိုသူများအတွက် ...ဒါဘယ်သူပိုင်တဲ့ငွေတွေလဲ။ -၁၁၀...
15/08/2026

ငွေကြေး၊ဘဏ္ဍာစိုး၊ပေးလှူခြင်း အကြောင်းတွေနဲ့ ပတ်သက်ပြီး လမ်းညွှန်မှုကို ရလိုသူများအတွက် ...

ဒါဘယ်သူပိုင်တဲ့ငွေတွေလဲ။ -၁၁၀၀၀ ကျပ်
အသေးစိတ်အား link တွင်ကြည့်ရန် - https://www.facebook.com/share/p/1ALfCuWM36/

ပိုင်ရှင်စစ် -၇၀၀၀ကျပ်
အသေးစိတ်အား link တွင်ကြည့်ရန် - https://www.facebook.com/share/p/1DVA9k96tG/

ပေးလှူခြင်းသည် ဝမ်းမြောက်ခြင်း- ၆၀၀၀ ကျပ်
အသေးစိတ်အား link တွင်ကြည့်ရန် - https://www.facebook.com/share/p/1DiLTZ6ttE/

သင့်ကလေးကို ငွေကြေးအကြောင်းဘယ်လိုသင်ပေးမလဲ။ -၄၈၀၀ ကျပ်
အသေးစိတ်အား link တွင်ကြည့်ရန် - https://www.facebook.com/share/p/1FaiT9u6Jb/

ကြွေးမြီကင်းသောဘဝနေမှု- ၈၀၀၀ ကျပ်
အသေးစိတ်အား link တွင်ကြည့်ရန် - https://www.facebook.com/share/p/1AtH6kt1t4/

ဘဏ္ဍာစိုးဆိုင်ရာအကြံပေးချက်များ (Low stock)- ၅၀၀၀ ကျပ်
https://www.facebook.com/share/p/1AjXoCYABP/

14/08/2026

Z-Kae Bookmarks

တစ်ထုပ် - 1500 ks

Z-Kae က Bookmark လေးတွေ ထုတ်ထားပါတယ်။ အားလုံးကျမ်းချက်လေးတွေနဲ့ပါပဲ။

တစ်ထုပ်မှာ မတူညီတဲ့ ဒီဇိုင်း (ကျမ်းချက်) ၅ မျိုးပါတယ်။

အမျိုးအစား ၂ ခုရှိတယ်။ English ကျမ်းချက်ပါတဲ့ bookmark လေးနဲ့ မြန်မာကျမ်းချက်လေးတွေပါတဲ့ bookmarkလေးတွေပါ။

bookmark တစ်ခုရဲ့ size က 2"x 6" ဖြစ်ပါတယ်။

ကြိုက်နှစ်သက်ရာ အမျိုးအစားကိုအားပေးနိုင်ပါတယ်နော်။ နှစ်မျိုးစလုံးအားပေးလည်းရပါတယ်။ 😊

တစ်ခုချင်းစီရွေးဝယ်လို့တော့မရသေးပါနော်။

ဆိုင်လိပ်စာ-
အမှတ်(၅၁၁)စီ၊ အဝေရာလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန် (Pro one) နောက်ကြော။
ဆိုင်ဖွင့်ရက်နှင့်အချိန်၊
အပတ်စဉ် Tuesday to Saturday မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ။
*ဖုန်းနံပတ်- +959768095154

ဇက္ခဲမှ စာအုပ်များ၊ပစ္စည်းများဝယ်ယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များအတွက် ဤ link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/1A5wWLpfmV/

#ဇက္ခဲ

ရော..... စိတ်ဆိုလို့ စိတ်ခံစားမှုတွေကိုလည်း ပစ်ထားလို့မရဘူးနော်။ တို့ရဲ့ ဖန်ဆင်းရှင်ဘုရားသခင်တောင် စိတ်ခံစားချက်အမျိုးမျ...
14/08/2026

ရော..... စိတ်ဆိုလို့ စိတ်ခံစားမှုတွေကိုလည်း ပစ်ထားလို့မရဘူးနော်။
တို့ရဲ့ ဖန်ဆင်းရှင်ဘုရားသခင်တောင် စိတ်ခံစားချက်အမျိုးမျိုးရှိတာမို့ တို့တတွေတစ်ဦးချင်းစီမှာရှိတဲ့ စိတ်တွေကလည်းအရေးကြီးသဗျ။

ဒါကြောင့် စိတ်ဆိုတဲ့ နက်နဲတဲ့အရာကို တီးမိခေါက်မိရှိဖို့ စာအုပ်ကောင်းလေး ၇ အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖတ်ကြည့်ရင် အရှုံးမရှိတဲ့ စာအုပ်မျိုးလေးမို့ highly recommended ပါနော်။

စိုးရိမ်စိတ်မှလွတ်မြောက်ရာ
မာတိကာ၊စာမြည်း၊ဈေးနှုန်းများကို ဤLink တွင်ကြည့်ပေးပါရန် https://www.facebook.com/share/p/1EfFsdBoxm/

စိတ်ခံစားချက်တွေကိုပိုင်နိုင်စွာထိန်းကျောင်းလိုက်ပါ
မာတိကာ၊စာမြည်း၊ဈေးနှုန်းများကို ဤLink တွင်ကြည့်ပေးပါရန် https://www.facebook.com/share/p/1Lnmkbr2Np/

ဒေါသနှင့်မိတ်ဆွေဖွဲ့ခြင်း
မာတိကာ၊စာမြည်း၊ဈေးနှုန်းများကို ဤLink တွင်ကြည့်ပေးပါရန် https://www.facebook.com/share/p/19BUFGCvKs/

လျှာရှောင်လင်သိုင်းနှင့် စိတ်ထားပုတ်သူများ၊ လူညစ်ပတ်များကို ဆက်ဆံနည်း
မာတိကာ၊စာမြည်း၊ဈေးနှုန်းများကို ဤLink တွင်ကြည့်ပေးပါရန် https://www.facebook.com/share/p/1E8gGrpG2p/

စိတ်လှုပ်ရှားမှုဉာဏ်ရည်
မာတိကာ၊စာမြည်း၊ဈေးနှုန်းများကို ဤLink တွင်ကြည့်ပေးပါရန် https://www.facebook.com/share/p/1CAMNqBsQL/

စီးပွားရေးစိတ်ပညာ
မာတိကာ၊စာမြည်း၊ဈေးနှုန်းများကို ဤLink တွင်ကြည့်ပေးပါရန် https://www.facebook.com/share/p/17a5pt3m6V/

ဆက်ဆံရေးသတ္တဝါနှင့်မိုးခါးရေသောက်ခြင်း
မာတိကာ၊စာမြည်း၊ဈေးနှုန်းများကို ဤLink တွင်ကြည့်ပေးပါရန် https://www.facebook.com/share/p/1C7SgMfZuS/

ဇက္ခဲမှ စာအုပ်များ၊ပစ္စည်းများဝယ်ယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များအတွက် ဤ link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/1A5wWLpfmV/

ဆိုင်ဖွင့်ချိန်
Tuesday- Saturday Morning 9- Evening 5 ဖြစ်ပါတယ်။
Sunday and Monday တိုင်း ဆိုင်ပိတ်ပါတယ်။

အရေးပေါ်ဆိုင်ပိတ်ရက်များ ရှိနိုင်သဖြင့် ပိတ်ရက်များရှိပါက page တွင် ကြိုတင်ကြော်ငြာပေးသွားမည် ဖြစ်ပါသည်။ ဆိုင်ပိတ်ရက်များရှိမရှိ page တွင် ဝင်ကြည့်ပေးခြင်း သို့မဟုတ် ဖုန်းဆက်ပေးခြင်းအားဖြင့် သိရှိနိုင်ပါသည်။

ဖုန်းနံပတ်ကတော့ 09 768 095 154 ပါ။ ဆိုင်ဖွင့်ချိန်အတိုင်းဆက်သွယ်နိုင်ပါတယ်။

ဆိုင်ရဲ့ လိပ်စာလေးကတော့
အမှတ် (၅၁၁)စီ၊ အဝေရာလမ်း၊နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊

Pro-One ဆိုင်နောက်ကြော၊ Busနဲ့ လာရင်တော့ လမ်းသစ်လမ်းပေါ်က ဝေါ့ရှော့မှတ်တိုင်မှာဆင်းပြီး ဘေးကပ်လျက် ရွှေပြည်အေးလမ်းလမ်းထဲက ၁မိနစ်လောက်လမ်းလျှောက်လာတာနဲ့ အဝေရာလမ်းကို တွေ့ရပါပြီ။ ဝင်ဝင်ချင်း ပထမဦးဆုံးခြံပါပဲ။ ဆိုင်ရှေ့မှာ မင်းကားဝေါ့ရှော့ ရှိပါတယ်။ ဒီကားနံပတ်တွေရောက်ပါတယ် 11 6 41 55 15 99 117 77။

အောက်ပါgoogle map လေးကိုကြည့်လာနိုင်ပါတယ်။
https://goo.gl/maps/2VaQoHx8ymEZtEkn9

အကယ်၍ ကားပါလာက ခြံထဲတွင် ရပ်လို့ရသောကြောင့် ပါကင်နေရာအတွက် ကြိုတင်ဖုန်းဆက်ထားနိုင်ပါသည်။

ဦးနှောက်နဲ့ပတ်သက်လာတာတွေကို ဦးနှောက်မစားဘဲ အလွယ်တကူသိစေနိုင်ဖို့ စာအုပ်လေး ၃ အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတိုင်းအတွက် ...
14/08/2026

ဦးနှောက်နဲ့ပတ်သက်လာတာတွေကို ဦးနှောက်မစားဘဲ အလွယ်တကူသိစေနိုင်ဖို့ စာအုပ်လေး ၃ အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူတိုင်းအတွက် Neuroscience
မာတိကာ၊ စာမြည်းဈေးနှုန်းများအတွက် ဤlink ကိုကြည့်ပါ https://www.facebook.com/share/p/1DUhpVVZmU/

✳️ဒီစာအုပ်ဟာ ခက်ခဲနက်နဲတဲ့
ဆေးပညာ ဝေါဟာရတွေအစား
လူတိုင်း နားလည်လွယ်မဲ့ အရပ်စကား၊ ပုံဥပမာတွေနဲ့
လူ့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး “အာရုံကြောစနစ်” ယန္တရားကြီးအကြောင်းကို အစအဆုံး ကွင်းကွင်းကွက်ကွက် မြင်သာအောင် အနှစ်ချုပ် တင်ပြပေးထားတဲ့ အခြေခံလမ်းညွှန်စာအုပ် ဖြစ်ပါတယ်။

✳️ခန္ဓာကိုယ်ရဲ့ အစွန်းအဖျား အာရုံကြောတွေကနေ
ကျောရိုးအာရုံကြောမကြီး၊ အူလမ်းကြောင်းရဲ့
ကိုယ်ပိုင်ဦးနှောက်စနစ်နဲ့ ဦးနှောက်အထိ
အဆင့်ဆင့် ဘယ်လိုချိတ်ဆက် အလုပ်လုပ်နေလဲဆိုတာကို အခန်း (၈) ခန်းနဲ့ စနစ်တကျ ခွဲခြားပြီး
လိုတိုရှင်း ရေးသားထားပါတယ်။ အာရုံကြော ညပ်တာ၊ ထိခိုက်တာတွေကြောင့် ဖြစ်တတ်တဲ့
လက်တွေ့ ရောဂါလက္ခဏာတွေ၊
သမိုင်းဝင် ဆေးပညာရှင်ကြီးတွေရဲ့
မှတ်တမ်းတွေကိုပါ သာမန်လူနားလည်အောင်
ပေါင်းစပ်ပုံဖော်ထားပါတယ်။

သင့်ဦးနှောက် ဘယ်လိုအလုပ်လုပ်သလဲ
မာတိကာ၊ စာမြည်းဈေးနှုန်းများအတွက် ဤlink ကိုကြည့်ပါ https://www.facebook.com/share/p/18k9LPJVFh/

ဦးနှောက်တစ်ခုက စိတ်ခံစားချက်နဲ့ အကြောင်းရင်းခံကို
စိတ်ထဲမှာ နပန်းသတ်နေစေတတ်တဲ့ ကြွယ်ဝလှတဲ့ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေ တည်ဆောက်ပေးတယ်။

ဦးနှောက်တစ်ခုက သိပ်ကို ရှုပ်ထွေးလွန်းလို့ နိမိတ်ပုံတွေနဲ့ ဖော်ပြကြတာကို အမှန်တကယ် အသိဉာဏ်လို့မှားယွင်းယူဆတတ်ကြတယ်။

ကလေးဦးနှောက်
မာတိကာ၊ စာမြည်းဈေးနှုန်းများအတွက် ဤlink ကိုကြည့်ပါ https://www.facebook.com/share/p/14ke7nrYFh1/

ဒီစာအုပ်မှာပြောပြထားတဲ့ ဗျူဟာတွေက အမေရိကန်ကလေးပဲဖြစ်ဖြစ် မြန်မာကလေးပဲဖြစ်ဖြစ် အကျုံးဝင်ပါတယ်။လူတစ်ယောက်ရဲ့ဦးနှောက် တည်ဆောက်ပုံကို အခြေခံထားတဲ့အတွက် ဗျူဟာတိုင်းကို လက်တွေ့ကျင့်သုံးဖို့အတွက် အဆင်ပြေပါတယ်။

ဒီစာအုပ်က သင့်ကလေးကို ပိုပြီးမျှတ၊ပိုပြီး အဓိပ္ပယ်ရှိပြီး ပြည့်စုံတဲ့ဘဝကို ဦးတည်ဖို့အတွက် ကျမ်းမာပျော်ရွှင်တဲ့ စိတ်ခံစားမှုနဲ့ ညာဏ်ပညာဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ ပြသထားပါတယ်။

📚✨ ကလေးတွေရဲ့ ယုံကြည်ခြင်းကို  ပျိုးထောင်ကြမယ့် ဖေဖေ၊မေမေတို့အတွက် စာအုပ်ကောင်းများ✨ကလေးတွေကို ငယ်စဉ်ကတည်းက သခင်ယေရှုခရစ...
14/08/2026

📚✨ ကလေးတွေရဲ့ ယုံကြည်ခြင်းကို ပျိုးထောင်ကြမယ့် ဖေဖေ၊မေမေတို့အတွက် စာအုပ်ကောင်းများ

✨
ကလေးတွေကို ငယ်စဉ်ကတည်းက သခင်ယေရှုခရစ်တော်၊ သခင်ပြောပြခဲ့တဲ့ ပုံဥပမာများ သခင်ရဲ့ချစ်ခြင်းမေတ္တာအကြောင်းကို သိရှိနားလည်စေနိုင်ပါတယ်။

အားလုံးက good secondhand လေးတွေဖြစ်ပေမဲ့ condition လေးတွေကောင်းပါတယ်။

🌟The Good Samaritan -5500 ks

🌟The Good Samaritan(Andreas Benda/Walter Jacobsen)-5000 ks

🌟A Little Boy's Gift-8000 ks

🌟The story of the sower-4500 ks

🌟 Jesus loves the little Children of the world -6000 ks

🌟The Miracle Maker-6000 ks

🌟 Miracles of the Bible-4500 ks

🌟 The King Next Door – Stories of Jesus-5000 ks

🌟 My Friend Jesus-10000 ks

🌟 The Birth of Jesus and Other Bible Stories-7500 ks

🌟 A First Look Jesus-8000 ks

🌟 The Jesus Story-4000 ks

🌟 The Prodigal Son-6500 ks

ခဏလေးတင် ခဏလေးကုန်တာမို့ အားပေးကြပါဦးနော်။

တစ်ပုံချင်းစီမှာ အတွင်းစာမျက်နှာလေးတွေ ထည့်ပေးထားပါတယ်။

Note: တစ်မျိုးတစ်အုပ်ဆီသာပါပါသည်။ ဦးရာလူစနစ်ဖြင့် မျှမျှတတ ရောင်းချပေးလျက်ရှိသောကြောင့် ဇက္ခဲမှသာ ရောင်းချခြင်းဆုံးဖြတ်ချက်ကို အတည်ပြုမည်ဖြစ်ပါသည်။

ဆိုင်လိပ်စာ-
အမှတ်(၅၁၁)စီ၊ အဝေရာလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန် (Pro one) နောက်ကြော။
ဆိုင်ဖွင့်ရက်နှင့်အချိန်၊
အပတ်စဉ် Tuesday to Saturday မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ။
*ဖုန်းနံပတ်- +959768095154

ဇက္ခဲမှ စာအုပ်များ၊ပစ္စည်းများဝယ်ယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များအတွက် ဤ link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/1A5wWLpfmV/

ဘာသာရေးနှင့် စိတ်ပညာမှာယူလိုပါကMessenger Link  m.me/634652820286733 Telegram Channel: https://t.me/ZkaeBookShopTelegram:...
14/08/2026

ဘာသာရေးနှင့် စိတ်ပညာ

မှာယူလိုပါက

Messenger Link m.me/634652820286733

Telegram Channel: https://t.me/ZkaeBookShop

Telegram: +95 9768095154

ဈေးနှုန်း - ၁၂၀၀၀ ကျပ်

ထုတ်ဝေသူ -သားငယ်စာပေ

သာသာပြန်သူ-ဇော်၀င်းကြူ(ပျဉ်းမနား)

မူရင်း- The Psychology of Religion by Vasillis Saroglous

ထုတ်ဝေ‌သောခုနှစ်/အကြိမ်-ဇူလိုင်လ၊ ၂၀၂၆၊ ပထမအကြိမ်

စာမျက်နှာစုစုပေါင်း - ၁၇၆ မျက်နှာ

Dimension –5.7"×8.2"× 0.3"

Language - မြန်မာ

'ဘာသာရေးစိတ်ပညာ' ဟာ ဘာသာအယူဝါဒနဲ့ပတ်သက်တဲ့ လူသားတွေရဲ့ယုံကြည်ကိုးကွယ်မှုတွေ၊ အတွေးတွေ၊ ယူဆချက်တွေ၊ ခံစားချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို စိတ်ပညာရှုထောင့်က သိပ္ပံ နည်းကျကျလေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်။လူသားတွေဟာ ဘာသာတရားကိုဘာကြောင့်ယုံကြည်ကိုးကွယ်ကြတာလဲ၊ ဘာသာတရားက လူတွေရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို
ဘယ်လိုဖြည့်ဆည်းပေးသလဲဆိုတာကိုဒီပညာရပ်ကလေ့လာပါတယ်။ ဝတ်ပြုဆုတောင်းခြင်း၊ တရားကျင့်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းအမျိုးမျိုးကို လုပ်ဆောင်မှုကြောင့် လူတွေရဲ့စိတ်ထဲမှာပြောင်းလဲမှုတွေဘယ်လိုဖြစ်ပေါ်တယ်ဆိုတာကို
ဒီပညာရပ်ကသုတေသနပြုပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား၊ စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိမှုနဲ့ လူမှုဆက်ဆံရေးအပြုအမူတွေအပေါ် ဘာသာတရားကဘယ်လိုလွှမ်းမိုးမှုရှိတယ်ဆိုတာကို ဆန်းစစ်လေ့လာပါတယ်။ ဘာသာအယူဝါဒတစ်ခုခုဟာ မှားတယ်၊ မှန်တယ် ဒါမှမဟုတ် ဘုရားသခင်တကယ်ရှိတယ်မရှိဘူးဆိုတာကို ဒီပညာရပ်ကအဆုံးအဖြတ်မပေးဘဲ ဘာသာရေးကိုယုံကြည်ကိုးကွယ်သူရဲ့စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေကိုသာကျယ်ကျယ်ပြန့်ပြန့် လေ့လာပါတယ်။

ဒီစာအုပ်ကိုမူရင်းရေးသားသူ ဂရိလူမျိုး 'ဒေါက်တာဗာဆီးလစ်ဆာရိုဂလူ'ဟာ ဘယ်လ်ဂျီယံနိုင်ငံ လုဗိန်းတက္ကသိုလ်က စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။သူဟာ သူကိုယ်တိုင်နဲ့ တခြားထင်ရှားတဲ့သုတေသီတွေရဲ့ စိတ်ပညာသုတေသနတွေအပေါ်မှာအခြေခံပြီး ဘာသာရေးယုံကြည်ကိုးကွယ်မှုတွေ၊ ယုံကြည်သက်ဝင်မှုတွေ၊ အစွန်းရောက်ဝါဒတွေနဲ့ဘုရားမဲ့ဝါဒတွေအပေါ်မှာ လူတွေလက်ခံထားကြတဲ့ မတူကွဲပြားတဲ့အယူအဆအမျိုးမျိုးတွေကို ဒီစာအုပ်မှာဘက်စုံထောင့်စုံကဆွေးနွေးတင်ပြထားပါတယ်။ ဒီစာအုပ်ဟာဘာသာတရားနဲ့လူသားတွေရဲ့စိတ်ကြားမှာရှိတဲ့ နက်နဲတဲ့ဆက်နွယ်မှုတွေကိုနားလည်သဘောပေါက်ဖို့ ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေကိုဖော်ထုတ်ပေးပြီး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးနဲ့စိတ်ပညာနှစ်မျိုးလုံးနဲ့ပတ်သက်တဲ့အသိပညာတွေဖွံ့ဖြိုးတိုးတက်လာစေဖို့လည်းအထောက်အကူ ပြုမှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် လူသားတွေဟာ လူမှန်းသိစအရွယ်ကစပြီး သူတို့ရဲ့မိဘနဲ့အုပ်ထိန်းသူတွေ ယုံကြည်ကိုးကွယ်တဲ့ဘာသာအယူဝါဒတစ်ခုခုထဲကို အလိုအလျောက်ရောက်ရှိသွားပါတယ်။ တစ်နည်းအားဖြင့် မိသားစုအတွင်း အတူရောနှောနေထိုင်တဲ့အသိုက်အဝန်းအတွင်း 'အတူနေထိုင်ပြောဆိုသင်ယူခြင်း' ကတစ်ဆင့် မိရိုးဖလာဘာသာအယူဝါဒတစ်ခုခုကို လက်ခံရယူကြပါတယ်။ စဉ်းစားဆင်ခြင်ဥာဏ်ရင့်သန်လာတဲ့အခါ ကိုယ်လက်ခံယုံကြည်ကိုးကွယ်လာခဲ့တဲ့ဘာသာအယူဝါဒရဲ့အနှစ်သာရကို လေးလေးနက်နက်ပြန်လည်ဆင်ခြင်သုံးသပ်တဲ့လူတွေရှိပေမဲ့ မိဘရိုးရာကိုထိန်းသိမ်းပြီး အစဉ်အလာတစ်ခုအဖြစ် ပုံမှန်အတိုင်းဆက်ပြီးယုံကြည်ကိုးကွယ်သွားသူတွေက ပိုပြီးများပါတယ်။ လေးလေးနက်နက်ပြန်ပြီးဆင်ခြင်သုံးသပ်သူအများစုရဲ့အတွေးတွေကိုလဲ သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာသြဇာကြီးမားနေပြီးသားဖြစ်တဲ့ လက်ရှိဘာသာအယူဝါဒကပဲလွှမ်းမိုးထားတဲ့အတွက် လက်ရှိယုံကြည်ကိုးကွယ်နေတဲ့ဘာသာအယူဝါဒထဲက ဖောက်ထွက်သွားသူဆိုတာ အလွန်နည်းပါတယ်။ အဲဒီ 'အတူနေထိုင်ပြောဆိုပြောဆိုသင်ယူခြင်း' အကြောင်းကိုလဲစာရေးသူက ဒီစာအုပ်ထဲမှာအကျယ်တဝင့်ဆွေးနွေးတင်ပြထားပါတယ်။

ဘာသာရေးကိုးကွယ်မှုအကြောင်းကိုပြောတဲ့အခါဘယ်ဘာသာကိုမှမယုံကြည်မကိုးကွယ်တဲ့ ဘာသာမဲ့အယူဝါဒတွေအကြောင်းဟာလဲ
မလွဲမသွေပါလာမှာဖြစ်ပါတယ်။

ဘာသာမဲ့အယူဝါဒဟာ ဒီနေ့သိပ္ပံခေတ်ကိုရောက်မှပေါ်ပေါက်လာတာမဟုတ်ဘဲ ကမ္ဘာ့အဓိကဘာသာကြီးတွေပေါ်ထွန်းလာချိန်နဲ့မရှေးမနှောင်းကထဲက ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဓိကအားဖြင့် ဆင်ခြင်တုံတရားနဲ့သိပ္ပံနည်းကျအထောက်အထားတွေကို ရှေ့တန်းတင်ပြီးစဉ်းစားတွေးခေါ်ရာက ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာသိပ္ပံပညာထွန်းကားလာမှုနဲ့အတူ ဘာသာမဲ့အယူဝါဒဟာ သိသိသာသာပိုပြီးပျံ့နှံ့လာခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းက ၁၆ ရာခိုင်နှုန်းဝန်းကျင် (တစ်ဘီလီယံကျော်ကျော်) ဟာ ဘာသာမဲ့ ဒါမှမဟုတ် ဘာသာတရားတစ်ခုခုကို အတိအကျကိုးကွယ်ခြင်းမရှိသူတွေဖြစ်နေပါတယ်။ ဘာသာမဲ့တွေအများဆုံးရှိတဲ့နိုင်ငံတွေကတော့ အာရှတိုက်မှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ဗီယက်နမ်နိုင်ငံ၊ ဥရောပတိုက်မှာ ချက်သမ္မတနိုင်ငံ၊ ဆွီဒင်နဲ့ဒိန်းမတ်နိုင်ငံတွေဖြစ်ကြပါတယ်။ နည်းပညာတွေအဖက်ဖက်က အလျင်အမြန်တိုးတက်နေတဲ့မျက်မှောက်ခေတ်ကြီးမှာ ဘာသာမဲ့တွေပိုပြီးများလာမလား၊
ပိုပြီးနည်းသွားမလားဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေကိုလဲ
ဒီစာအုပ်ထဲမှာတွေ့ရမှာဖြစ်ပါတယ်။

ဒီစာအုပ်ကို အခန်းကြီးခြောက်ခန်းခွဲပြီးရေးသားထားပါတယ်။ အခန်းတစ်ခန်းစီရဲ့ခေါင်းစဉ်တွေ အဖြစ် ဘာသာအယူဝါဒဆိုင်ရာအရေးကြီးတဲ့မေးခွန်းကြီးတွေကို ထည့်သွင်းထားပါတယ်။ အဲဒီမေးခွန်းတွေဟာ ဘာသာအယူဝါဒတစ်ခုခုကိုယုံကြည်ကိုးကွယ်နေသူတိုင်း လှိုက်လှဲတဲ့သိချင်စိတ်နဲ့အလေး ထားပြီးမေးမြန်းစူးစမ်းဖို့လိုအပ်တဲ့ မေးခွန်းတွေဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေရဲ့အဖြေတွေဟာ ဒီနေ့လူသားတွေယုံကြည်ကိုးကွယ်နေကြတဲ့ဘာသာအယူဝါဒတွေရဲ့သဘောသဘာဝတွေနဲ့ နောင်အနာဂတ်မှာဖြစ်ပေါ်လာမဲ့ ဘာသာရေးရဲ့အခန်းကဏ္ဍကို ကွက်ကွက်ကွင်းကွင်းမီးမောင်းထိုးပြမှာဖြစ်ပါတယ်။ 'ကျွန်တော်တို့မှာကိုယ်ကျင့်တရားပိုရှိအောင် ဘာသာရေးကလုပ်ပေးသလား' 'ဘာသာရေးဟာသင့်အတွက်ကောင်းသလား' 'ဘာသာရေးဟာဆက်ပြီးရှင်သန်သွားမှာလား' ဆိုတဲ့ နောက်ဆုံးအခန်းသုံးခန်းရဲ့မေးခွန်းတွေဟာ ဘာသာအယူဝါဒတစ်ခုခုနဲ့ပတ်သက်မှုရှိနေတဲ့လူတိုင်း မေးမြန်းစူးစမ်းသင့်တဲ့ စိတ်ဝင်စားစရာအလွန်ကောင်းတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ လက်တွေ့သုတေသနလုပ်ငန်းပေါင်းများစွာရဲ့ ခိုင်မာတဲ့ရလဒ်တွေကိုအသေးစိတ်လေ့လာပြီးစနစ်တကျဖော်ထုတ်ထားတဲ့ အဲဒီမေးခွန်းတွေအတွက်အဖြေတွေဟာ စာဖတ်သူရဲ့စိတ်ကိုအတိုင်းအတာတစ်ခုအထိကျေနပ်သွားစေမဲ့ ယုတ္တိတန်တဲ့အဖြေတွေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။

မာတိကာနှင့်စာမြည်းအားCommentတွင်ကြည့်ပါရန်

ဇက္ခဲမှ စာအုပ်များ၊ပစ္စည်းများဝယ်ယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များအတွက် ဤ link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/1A5wWLpfmV/

ဆိုင်ဖွင့်ချိန်
Tuesday- Saturday Morning 9- Evening 5 ဖြစ်ပါတယ်။
Sunday and Monday တိုင်း ဆိုင်ပိတ်ပါတယ်။

အရေးပေါ်ဆိုင်ပိတ်ရက်များ ရှိနိုင်သဖြင့် ပိတ်ရက်များရှိပါက page တွင် ကြိုတင်ကြော်ငြာပေးသွားမည် ဖြစ်ပါသည်။ ဆိုင်ပိတ်ရက်များရှိမရှိ page တွင် ဝင်ကြည့်ပေးခြင်း သို့မဟုတ် ဖုန်းဆက်ပေးခြင်းအားဖြင့် သိရှိနိုင်ပါသည်။

ဖုန်းနံပတ်ကတော့ 09 768 095 154 ပါ။ ဆိုင်ဖွင့်ချိန်အတိုင်းဆက်သွယ်နိုင်ပါတယ်။

ဆိုင်ရဲ့ လိပ်စာလေးကတော့
အမှတ် (၅၁၁)စီ၊ အဝေရာလမ်း၊နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊

Pro-One ဆိုင်နောက်ကြော၊ Busနဲ့ လာရင်တော့ လမ်းသစ်လမ်းပေါ်က ဝေါ့ရှော့မှတ်တိုင်မှာဆင်းပြီး ဘေးကပ်လျက် ရွှေပြည်အေးလမ်းလမ်းထဲက ၁မိနစ်လောက်လမ်းလျှောက်လာတာနဲ့ အဝေရာလမ်းကို တွေ့ရပါပြီ။ ဝင်ဝင်ချင်း ပထမဦးဆုံးခြံပါပဲ။ ဆိုင်ရှေ့မှာ မင်းကားဝေါ့ရှော့ ရှိပါတယ်။ ဒီကားနံပတ်တွေရောက်ပါတယ် 11 6 41 55 15 99 117 77။

အောက်ပါgoogle map လေးကိုကြည့်လာနိုင်ပါတယ်။
https://goo.gl/maps/2VaQoHx8ymEZtEkn9

အကယ်၍ ကားပါလာက ခြံထဲတွင် ရပ်လို့ရသောကြောင့် ပါကင်နေရာအတွက် ကြိုတင်ဖုန်းဆက်ထားနိုင်ပါသည်။

13/08/2026

Z-Kae Pin Badge (ရင်ထိုးတံဆိပ်)

ရင်ဖက်မှာပဲ တပ်ထားချင်တာလား။
လွယ်အိတ်၊ ပိုက်ဆံအိတ်လေးတွေမှာပဲ အမှတ်တရ တပ်ဆင်ထားချင်တာလား။

လက်ဆောင်ပဲပေးပေး၊ ကိုယ်တိုင်ပဲ သုံးသုံး ဘုရားသခင်ရဲ့ ကတိတော်အတိုင်း ကြွယ်နိုင်ဖို့
ဇက္ခဲက pin badge လေးတွေရှိပါတယ်နော်။

Size -58mm
Price – 3500 ကျပ်

ဆိုင်လိပ်စာ-
အမှတ်(၅၁၁)စီ၊ အဝေရာလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန် (Pro one) နောက်ကြော။
ဆိုင်ဖွင့်ရက်နှင့်အချိန်၊
အပတ်စဉ် Tuesday to Saturday မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ။
*ဖုန်းနံပတ်- +959768095154

Messenger Link m.me/634652820286733

Telegram Channel: https://t.me/ZkaeBookShop

Telegram: +95 9768095154

ဇက္ခဲမှ စာအုပ်များ၊ပစ္စည်းများဝယ်ယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များအတွက် ဤ link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/1A5wWLpfmV/

#ဇက္ခဲ

ဇက္ခဲရဲ့ "Old but Gold" အစီအစဥ်စာအုပ်လေးတစ်အုပ်ချင်းစီမှာ ဈေးနှုန်းလေးတွေ ထည့်ထားပေးပါတယ်။ ကျွန်တော်တို့ကို မကြာခဏလာမေးတ...
13/08/2026

ဇက္ခဲရဲ့ "Old but Gold" အစီအစဥ်

စာအုပ်လေးတစ်အုပ်ချင်းစီမှာ ဈေးနှုန်းလေးတွေ ထည့်ထားပေးပါတယ်။

ကျွန်တော်တို့ကို မကြာခဏလာမေးတတ်တာလေးကတော 'မလျော့ပေးတော့ဘူးလား' စကားလေးပါပဲ။ ဒီလိုလာမေးတော့ စိတ်ပဲဆိုးရမလား ရယ်ပဲပြရမလား စဥ်းစားမရအောင်ပါပဲ။ ခက်တာက ဟင်းရွက်ကန်စွန်းရောင်းတာမဟုတ်တော့ စျေးကလည်းလျှော့ပေးလို့မရ... မုန့်ဟင်းခါးရောင်းတာမဟုတ်တော့ အစစ်ထည့်ပေးလို့ကလည်းမရ....လုပ်ငန်းစကာစ ဝန်ထမ်းခ ခရီးစားရိတ်များနဲ့ အရင်းပြန်မရသေးတဲ့ကာလဆိုတော့ ဘာလုပ်ပေးရမလဲစဥ်းစားတော့ အဖြေတစ်ခုရတယ်။ သူများ ဖတ်လို့ပြီးသွားတဲ့ စာအုပ်တွေ shelf ပေါ်မှာလည်း ထားဖို့နေရာမရှိတော့တဲ့စာအုပ်ပိုင်ရှင်အချို့နဲ့ ဆက်သွယ်ပြီး Second Hand စာအုပ်တွေ (secular ရော religionနဲ့စာအုပ်) ကိုယူပြီးလျှော့စျေးနဲ့ရောင်းပေးဖို့ စိတ်ကူးရတယ်...အချို့စာအုပ်တွေလည်း အသစ်လိုပဲ....အချို့စာအုပ်တွေလည်း ရေးခြစ်မှတ်ထားတာတွေရှိတယ်..

အသစ်မဝယ်နိုင်သူတွေ ခဏပဲဖတ်မယ့်သူတွေအတွက် အဆင်ပြေပါတယ်။

ဦးရာလူစနစ်ဖြစ်လို့ ရောင်းထွက်သွား ရင် post ပြန်ဖြုတ်ပါမယ်..။

second hand စာအုပ်များဖြစ်လို့ မာတိကာမပြပါဘူး၊ စာမြည်းမပေးပါဘူး။

အခြစ်ရာ အမာရွတ်တွေပါပေမယ့် Save the money. Save the paper. Save the Planet ပါ။

ဆိုင်လိပ်စာ-
အမှတ်(၅၁၁)စီ၊ အဝေရာလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန် (Pro one) နောက်ကြော။
ဆိုင်ဖွင့်ရက်နှင့်အချိန်၊
အပတ်စဉ် Tuesday to Saturday မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ။
*ဖုန်းနံပတ်- +959768095154

ဇက္ခဲမှ စာအုပ်များ၊ပစ္စည်းများဝယ်ယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များအတွက် ဤ link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/1A5wWLpfmV/

Address

No 511C, Away Yar Lane, Nant Thar Gone Qt, Insein (Near Pro-One)
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959768095154

Website

Alerts

Be the first to know and let us send you an email when Z-Kae Books & Learning Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Z-Kae Books & Learning Hub:

Shortcuts

Share

Category