13/10/2023
ခက်ခဲတဲ့အချိန်မှာ သင်ဟာတကယ်တော့ ဖွံ့ဖြိုးတိုးတက်လာတာပါ။ သင်သာ ငါးမိနစ်ပြေးနေကျဆိုရင် ဆယ်မိနစ်ပြေးရတဲ့အချိန်မှာ သိသိသာသာ မောလာနိုင်ပါတယ်။
သင့်အနေနဲ့ ပင်ပန်းနေတာကို အာရုံစိုက်မိနေနိုင်ပေမဲ့ သင့်ရဲ့ ခံနိုင်ရည်မြင့်တက်လာတာ၊ အရည်အချင်းတွေ၊ အသိတရားတွေ တိုးတက်လာတာကို သတိမမူဘဲဖြစ်နေနိုင်ပါတယ်။
သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်တက်မှုကို အထောက်အပံ့ဖြစ်ဖို့အတွက် စာဖတ်ပါ၊ သင်တန်းတွေတက်ပါ၊ ဟောပြောမှုတွေ နားထောင်ပါ။ ဒါဆိုရင် ခက်ခဲတဲ့ကာလကို ကျော်သွားချိန်မှာ သင်ဟာအရင်ကနဲ့ ဘာမှကို မဆိုင်တဲ့ သူတစ်ဦးဖြစ်လာမှာပါ။
“ဦးနိုင်ဝင်းအောင်” (CEO Coach) ရေးသားသော
“မိမိကိုယ်ကိုဦးဆောင်ခြင်း” စာအုပ်မှ ကောက်နုတ်ချက်။