Jacqueline Chatty Forum

Jacqueline Chatty Forum Online Shopping

16/07/2021

ဖြစ်တဲ့သူတွေများလာပြီ။
ကုထုံးတွေလည်းများလာပြီ။
အဓိက အကျဆုံးက အသက်ရှုလမ်းကြောင်းကိုဂရုစိုက်ဖို့ပါဘဲ။

နှာခေါင်းပိတ်ရင် ပွင့်အောင် မလုပ်ပါနဲ့။
နှာခေါင်းပိတ်တယ်ဆိုတာ ဗိုင်းရပ် ကို နှာခေါင်းက ရှေ့ဆုံးက ခုခံ နေတဲ့သဘောပါ။
နှာခေါင်းပိတ်လို့ အသက်ရှုမဝရင် ပါးစပ်နဲ့ရှုပါ။
နှာရည်တွေထွက်တာ ကောင်းပါတယ်။
ဗိုင်းရပ်ကို ရှေ့ဆက် မသွားအောင် နှာရည်တွေက ထိမ်းချုပ်ထားတာပါ။
နှာခေါင်းပွင့်အောင် အနံ့ပြင်းတဲ့ အရာတွေ မရှုကြပါနဲ့။
နှာခေါင်းအမြှေးပါး ပျက်စီးသွားရင် ဗိုင်းရပ်က နိုင်သွားပါလိမ့်မယ်။
ချောင်းဆိုးပြီဆိုရင် ဗိုင်းရပ်က လေပြွန်ထဲ ရောက်ပါပြီ။
ချွဲသလိပ်တွေ ထွက်ရင်ကောင်းပါတယ်။
ဗိုင်းရပ်ကို ချွဲတွေက ထိမ်းချုပ်နေတာပါ။
ချွဲထွက်ရင် အသက်ရှု လမ်းကြောင်း ကျဉ်းသွားပြီး အောက်စီဂျင်ကျတတ်ပါတယ်။
ချွှဲ ပျော်အောင် အကောင်းဆုံးက ရေနွေးပူပူ ခဏခဏ သောက်ပေးပါ။
နွေးနွေးထွေးထွေးနေပါ။
သိပ်မပြင်းတဲ့ antibiotic ပိုးသတ်ဆေး တစ်ခုခု သောက်ပါ။
ဖျားရင် ပါရာစီတမော သောက်ပါ။
ရေများများသောက်ပါ။
ဝမ်းမချုပ်ပါစေနဲ့။
ဝမ်းချုပ်ရင် ချောင်းဆိုးမပျောက်ပါ။
ရေနွေးပူပူ ခဏခဏ သောက်ပါ။
‌ရိုးရိုးရေလည်း ခဏခဏ သောက်ပါ။
ဆေး တွေကို သိပ်အားမကိုးပါနဲ့။
အိပ်ရေးဝဝ အိပ်ပါ။
ရေအကြာကြီးမချိုးပါနဲ့။
မဖြစ်မနေချိုးရရင်ရေနွေးနဲ့စပ်ချိုးပါ။
ကိုဗစ် ဖြစ်ဖြစ် မဖြစ်ဖြစ် ဒါတွေ လုပ်ကြည့်ပါ။

#ဒေါက်တာသစ်လွင်
16/7/2021

အခု မဆိုင်သေးရင်တောင် save ထားကြပါO2 ဘယ်လောက်ခံမလဲတွက်နည်းhttps://www.facebook.com/1482350351/posts/10226157255466176/?d...
15/07/2021

အခု မဆိုင်သေးရင်တောင် save ထားကြပါ

O2 ဘယ်လောက်ခံမလဲတွက်နည်း
https://www.facebook.com/1482350351/posts/10226157255466176/?d=n

လူနာအား အောက်ဆီဂျင်ပေးနည်း
https://www.facebook.com/165529717310719/posts/1068122670384748/?d=n

Charity C-19 call centre
https://www.facebook.com/103260848694225/posts/103774195309557/?d=n

Covid သံသယရှိလာရင် စစ်လို့ရမယ့်နေရာများ
https://www.facebook.com/107690241086965/posts/299910385198282/?d=n

အောက်ဆီဂျင်အိုး အသုံးပြုပုံအဆင့်ဆင့်
https://www.facebook.com/107690241086965/posts/298975135291807/?d=n

အောက်ဆီဂျင်အိုးအသုံးပြုသူများအတွက် ဆောင်ရန် ရှောင်ရန်
https://www.facebook.com/107690241086965/posts/298975348625119/?d=n

ရန်ကုန်မှာ O2 ရနိုင်မယ့်နေရာများ
https://www.facebook.com/100001410463017/posts/4278617145528592/?d=n

ရန်ကုန်မြို့အတွင်း အရေးပေါ်ဖြစ်လာခဲ့ရင် ဆက်သွယ်အကူညီတောင်းလို့ရမည့် လူမှုကယ်ဆယ်ရေးနှင့်ပရဟိတအသင်းများ
https://www.facebook.com/107690241086965/posts/294803192375668/?d=n

15L oxygen cylinder ဝယ်ယူရန် ( currently out of stock)
https://www.facebook.com/726809157655430/posts/1438724533130552/?d=n

မန္တလေးမှာ O2 ရနိုင်မယ့်နေရာများ
https://www.facebook.com/107690241086965/posts/298322988690355/?d=n

မန္တလေးမြို့အတွင်း အရေးပေါ်ဖြစ်လာခဲ့ရင် ဆက်သွယ်အကူညီတောင်းလို့ရမည့် လူမှုကယ်ဆယ်ရေးနှင့်ပရဟိတအသင်းများ
https://www.facebook.com/107690241086965/posts/290531612802826/?d=n


ကလေး ကိုဗစ်အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ်  တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ ကလေးမှာ ပိုဗစ်က ပြင်းထန်လေ...
14/07/2021

ကလေး ကိုဗစ်

အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ

ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
၁၀-၁၅ မီလီဂရမ် / ကေဂျီနဲ့ တွက်ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်

ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမသေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

အံရင်

Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ်
သတိ အရမ်းထားဖို့လိုပါတယ်

Credit: Prof Saw Win
ကလေးအထူးကုဆရာဝန်ကြီး

ယနေ့အတွက် အောက်ဆီဂျင်ရယူနိုင်သော နေရာများ (၁၄.၇.၂၀၂၁)ရှာလို့လွယ်အောင်   လို့ hashtag နဲ့ share ပေးစေချင်ပါတယ်ရှင်။ရန်ကုန...
14/07/2021

ယနေ့အတွက် အောက်ဆီဂျင်ရယူနိုင်သော နေရာများ (၁၄.၇.၂၀၂၁)

ရှာလို့လွယ်အောင် လို့ hashtag နဲ့ share ပေးစေချင်ပါတယ်ရှင်။

ရန်ကုန်

ဧရာစံ
09252252832
အမှတ် ၄၄၂၊ စက်မှုဇုန် ၁ လမ်းမကြီးနှင့် ရန်ကုန်လမ်းထောင့်၊ တောင်ဒဂုံမြို့နယ်။
အိုးအသေးပဲဖြည့်လို့ရပါမယ်
တန်းစီရပါမယ်

တောင်ဒဂုံ

တောင်ဒဂုံ စစ်ကိုင်းလမ်းက Naing

https://www.facebook.com/100043896435100/posts/383125036494041/?d=n

https://www.facebook.com/110908947931578/posts/111400794549060/?d=n

ဒေါပုံနွယ်အေး

https://www.facebook.com/101026598932917/posts/102710758764501/?d=n
(ဖုန်းတော့မကိုင်ဘူး ပေးနေကြဆိုတော့ သေချာသလောက်ရှိပါတယ်။)

https://www.facebook.com/100069180667461/posts/123936969922325/?d=n (အရေအတွက် limit ရှိပါတယ်)

အိုးအလွတ်

09785362652 (တောင်ဒဂုံ)
ဒီအကိုဆီကလည် အိုးလွတ်ရပါတယ်တဲ့

ရန်ကုန် Volunteer ( ကိုယ်တိုင်သွားရောက်မဖြည့်နိုင်သူများအတွက်)

https://www.facebook.com/groups/covid19oxygen/permalink/340122484431720/

မန္တလေး

Mandalay ၁၁၇လမ်း ၅၃×၅၄ ​
မြရည်နန္ဒာပရဟိတအသင်း
မနက်၉နာရီစပေးမှာပါတဲ့ရှင်

ပြည် (အိုးအသေးရ)

NKS O2 အငှား
09796996762

ပြည်
အောင်လုပ်ငန်းစု
095310228
၉ နာရီလောက်ရပါမယ်တဲ့။

ပြည်
ပရဟိတပါရမီလူမှုကူကယ်ဆယ်ရေးအသင်း
09453200007
အိုးအလွတ်ယူသွားပြီးမှ တစ်ဆင့်သွားဖြည့်ပေးမှာပါ။ (ဖုန်းဆက်ပြီး)

ရှေ့တစ်ပတ် ရန်ကုန်ရောက်မဲ့ concentrator

https://www.facebook.com/1725531574377831/posts/2898061777124799/?d=n

Stay Strong ❣️

Crd:

ယနေ့အတွက် အောက်ဆီဂျင်ရယူနိုင်သော နေရာများ (၁၃.၇.၂၀၂၁)ရှာလို့လွယ်အောင်   လို့ hashtag နဲ့ share ပေးစေချင်ပါတယ်ရှင်။Admin ...
13/07/2021

ယနေ့အတွက် အောက်ဆီဂျင်ရယူနိုင်သော နေရာများ (၁၃.၇.၂၀၂၁)

ရှာလို့လွယ်အောင် လို့ hashtag နဲ့ share ပေးစေချင်ပါတယ်ရှင်။

Admin တို့ တွေ့သလောက် လက်လှမ်းမှီသလောက်လေးကို တဆင့် ပြန်မျှဝေပေးတာမို့လို့ အဆင်မပြေတာတွေရှိခဲ့ရင် နားလည်ပေးစေချင်ပါတယ်။
နောက်ထပ် ထပ်တိုးစာရင်းတွေလည်း တွေ့ရင် တွေ့သလို Edit ပြီး ထည့်ပေးပါမယ်ရှင့်။ တိုင်းနဲ့ ပြည်နယ် ကနေရာအသစ်တွေ ထပ်တိုးတွေ့ရင်လည်း comment မှာ လာမန့်ပေးကြပါနော်။ အချိန် နဲ့ အမျှ update ပေးပါ့မယ်။

ရန်ကုန်

ဆန်းသစ် 09966301881
Oxygen ရှုတဲ့ mask ဝယ်လို့ရ

https://www.facebook.com/106670268358107/posts/108150194876781/?d=n

https://www.facebook.com/groups/oxygenforyangon/permalink/1226188947802031/

သုဝဏ္ဏဘူမိ Event Park မှာအိုးငှား/ဝယ်လို့လည်းရ (9:41am)

https://m.facebook.com/story.php?story_fbid=1520489588288331&id=100009819125474

ဗိုလ်တစ်ထောင် Super One ရှေ့ oxygenအရည်ရ
(ခုမရတော့)

https://www.facebook.com/100012849942399/posts/1249323688839284/?d=n

မြန်မာ့စိတ်ရင်း (ဖုန်းဆက်ထားတာ ရသေးတယ်ပြောပါတယ် 8:45 am)
09420290380, 09253560088

အရမ်းလိုအပ်သူအတွက် oxygen အိုးငှား
https://www.facebook.com/groups/oxygenforyangon/permalink/1226154354472157/

အရေးကြီးလိုအပ်တဲ့သူကို ရောင်းပါမယ်တဲ့
https://www.facebook.com/100046144003221/posts/393411362206994/?d=n

မြောက်ဥက္ကလာ

အရေးပေါ်လူနာအတွက် မြောက်ဥက္ကလာဆေးရုံမှာ oxygen ပေးရှုတယ် ပြောပါတယ်။ ဖုန်းကတော့ ဆက်မရပါ။

ရန်ကုန်/မန္တလေးက လူတွေအတွက် ဆရာဝန်ထောက်ခံချက်ပြရင် ကူညီမယ်ပြောပါတယ်ရှင့် https://www.facebook.com/groups/493498041754286/permalink/495614708209286/

ဗဟန်း ( 9 နာရီ 10 နာရီ ဖုန်းဆက်မေးကြည့်ဖို့ပြောပါတယ်)
Oxygen Refill U Ko Ko Lay
09795785177

တောင်ဒဂုံ

တောင်ဒဂုံ စစ်ကိုင်းလမ်းက Naing

https://www.facebook.com/100043896435100/posts/382447423228469/?d=n

Flow Meter
ဗိုလ်ချုပ်ဈေးသစ် (ဆေးဆိုင်တန်းဖက်မှာရှာဖို့လို)

ရန်ကုန် Volunteer ( ကိုယ်တိုင်သွားရောက်မဖြည့်နိုင်သူများအတွက်)

https://www.facebook.com/groups/covid19oxygen/permalink/340122484431720/

မန္တလေး

ရွှေ မဟာနွယ်

117-လမ်း 53 လမ်းနဲ့ 54 လမ်းကြား
09771177622/09988984486/09269133559
(ရွှေမဟာနွယ်က နေ့လည်12လောက်ကျဖုန်းဆက်ပေးပါတဲ့ )

စိန်စွန်ညို

အမှတ် H -211/6 (138 လမ်း) ဧဝရတ်လမ်း ၅၃/၅၄ လမ်းကြား စက်မှု ၁ ဈရပ်ကွက် ပြည်ကြီးတံခွန် ။
092003188, 092025788

53×54 ဧဝရတ်လမ်းစက်ရုံမှာသွားတန်းစီလို့ရမယ်တဲ့တန်းစီသူတော့များမယ်တဲ့

ပြင်ဦးလွင်

အိုးအလွတ်

https://www.facebook.com/groups/493498041754286/permalink/495606174876806/

ပခုက္ကူ

https://www.facebook.com/100056896094884/posts/282726206967247/?d=n

တောင်ငူ

https://www.facebook.com/100060804450209/posts/207320101304804/?d=n

https://www.facebook.com/groups/1663426657311743/permalink/3007278072926588/

Stay Strong ❣️

Crd:

ရန်ကုန်မှာ​ ​အောက်ဆီဂျင်အိုး ရနိုင်မယ့်​ ​နေရာများ==================================အလွယ်တကူ ရှာနိုင်ရန် သင်္ကေတ🌻 အဝါပန်...
08/07/2021

ရန်ကုန်မှာ​ ​အောက်ဆီဂျင်အိုး ရနိုင်မယ့်​ ​နေရာများ
==================================

အလွယ်တကူ ရှာနိုင်ရန် သင်္ကေတ
🌻 အဝါပန်းပွင့် 👉🏻 ပရဟိတအသင်းများ
🌺 အနီပန်းပွင့် 👉🏻 အ​ရောင်းဆိုင်များ
🌳 အစိမ်းသစ်ပင် 👉🏻 ပြန်ဖြည့်လို့ ရနိုင်​သော ​နေရာများ

🌻 ဘုရားလမ်း လူမှုကူညီ​ရေးအသင်း
ပန်းပဲတန်းမြို့နယ်
09786012786

🌻 ​ပေးဆပ်ခြင်း ပရဟိတအသင်း
ပုဇွန်​တောင်မြို့နယ်
09421139525
09263876640
09263876644

​🌻 စေတနာ လူမှုကူညီ​ရေးအသင်း
အမှတ်(၃/၄)ရပ်ကွက်၊ ပုဇွန်​တောင်မြို့နယ်
09254839779
09253381448
092500800100
09440470636
09793622114
095184798

🌻 ငြိမ်းချမ်းခြင်းလက်များ ပရဟိတအသင်း
အ​နော်မာရပ်ကွက်၊ သာ​ကေတမြို့နယ်
09421004119
095077446
09420259094

🌻 နွယ်​အေး ဗလီ
​ဒေါပုံမြို့နယ်
09976544981
09250011562
095500787

🌻 ဖို့​မြေရပ်ကွက် လူမှုကူညီ​ရေးအသင်း
အမှတ်(၉၈/၁၀၀)၊ ၁၀၁လမ်း၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်
01290782
095047868
0940044545
09443219152

🌻 သ​ပြေကုန်းရပ်ကွက် လူမှုကူညီ​ရေးအသင်း
အမှတ်(၃၅ ဘီ) ၁၂၅လမ်း၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်
09424777120
09424777150
09424777160
09424777180

🌻 မင်္ဂလာ​အောက်စီဂျင်​လေအလှူ​တော်
ဆရာစံ​တောင်ရပ်ကွက်၊ မင်းလမ်းမှတ်တိုင်အနီး၊ ဗဟန်းမြို့နယ်
095177186 095050668

🌻 ချမ်း​မြေ့ဆည်းဆာ လူမှုကူညီ​ရေးအသင်း
မရမ်းကုန်းမြို့နယ်
09254191610
09761965504

🌻 ရတနာအောင်လူမှုကူညီကယ်ဆယ်ရေးအသင်း
(၁)ရပ်ကွက်၊ အောင်ချမ်းသာ(၄)လမ်း၊ ကမာရွတ်မြို့နယ်
09448006765
09403077227
09880996991

🌻 လှည်းတန်း လူမှုကူညီ​ရေးအသင်း
ကမာရွတ်မြို့နယ်
09403789779
09788526300

🌻 အ​မေ - ​အောက်ဆီဂျင် ကုသိုလ်ဖြစ်
အမှတ် ၂၁၊ မင်္ဂလာလမ်း၊ ၈ရပ်ကွက်၊ ကမာရွတ်မြို့နယ်
095122487

🌻 လှိုင်မြို့နယ်(၃)ရပ်ကွက်(၁၀)ဓမ္မာရုံ

🌻 မယ်ဇလီ ပရဟိအသင်း
အမှတ်(၈)ရပ်ကွက်၊ ဦးချိူလမ်း၊ လှိုင်မြို့နယ်

🌻 ပရဟိတအသင်း - အမည်မသိ
ဘူတာရုံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်
09443193099

​🌻 ရောင်စဥ်မဲ့ လူမှုကူညီ​ရေးအသင်း
ကြည့်မြင်တိုင်မြို့နယ်
09259967778
09799639331

🌻 ပရဟိတနှလုံးသား လူမှုကူညီ​ရေးအသင်း
ကြည့်မြင်တိုင်မြို့နယ်

🌻 မွန်မြတ်သန့်ရှင်း ပရဟိတအသင်း
၄၀ စျေးအနီး၊ ၃၅ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ မြောက်ဒဂုံမြို့နယ်

🌻 စက္ကဝတ်ထိပ်ကဓမ္မာရုံ၊ မြောက်ဥက္ကလာပမြို့နယ်

🌻 မင်္ဂလာဒုံ နာ​ရေးကူညီမှုအသင်း
ကျိုက္က​လော့ဘုရား၊ ဝတ္တကနယ်​မြေ၊ မင်္ဂလာဒုံမြို့နယ်
09899964587
09899964588

​🌻 အေးချမ်း​မေတ္တာ လူမှုကူညီ​ရေးအသင်း
အင်းစိန်မြို့နယ်
09751072309

🌺 K.K နိုင် - အ​ရောင်း/အငှား
အမှတ်(၂၃၆/ဘီ)၊ အခန်း(၁၄)၊ ဗိုလ်တစ်​ထောင်​စျေးလမ်း×အ​နော်ရထာလမ်း​ထောင့်၊ ပုဇွန်​တောင်မြို့နယ်
01397255
095048718
09421115487

🌺 K.K နိုင် - အ​ရောင်း/အငှား
အမှတ်(၁၇/၁၈)၊ ယမုံနာလမ်းမကြီး၊ ရန်​ပြေ၊ သာ​ကေတမြို့နယ်
0973043096
09965048718
09785048718

🌺 June group - အ​ရောင်း
အမှတ်(၄၃၇) ယမုံနာလမ်း၊ ​ဇေယျာသီရိရပ်ကွက်၊ ​ဒေါပုံမြို့နယ်

🌺 Naing Family - အ​ရောင်း/အငှား/refill
အမှတ်(၂၈၈)၊ ကုန်သည်လမ်း၊ ဗိုလ်တ​ထောင်မြို့နယ်
09952218898

🌺 Naing Family - အ​ရောင်း/အငှား/refill
အမှတ် ၁၉/၂၀၊ ပုဇွန်​တောင်စက်မှုဇုံလမ်း၊ ​တောင်ဥက္ကလာပမြို့နယ်
09443043094
09443196913

🌺 မာဃ​အောက်ဆီဂျင် - အ​ရောင်း
မာဃလမ်းမကြီး ၁၂လမ်းကွေ့ အနီး။ တောင်ဥက္ကလာပမြို့နယ်
09402591759

🌺 နေလအောက်စီဂျင် -
ကံဘဲ့၊ ရန်ကင်းမြို့နယ်

🌺 June group - အ​ရောင်း
D - ပုဇွန်​တောင်စက်မှုလမ်းမကြီး၊ စက်မှုဇုံ(၃)၊ ​တောင်ဒဂုံမြို့နယ်
098100287

🌺 ​အောင်မြန်မာ - အ​ရောင်း
ဟံသာဝတီပျိုးဥယျာဥ်ဝန်း၊ ကျွန်း​တောလမ်းမ၊ ကမာရွတ်မြို့နယ်
0973009532
098612738
09266027185
0973011903

🌺 June group - အ​ရောင်း
အမှတ် (၁၉၂)၊ ၁၃ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်
01704773, 012305082

🌺 June group - အ​ရောင်း
အမှတ်(၂၅၂)၊ ၁၆ရပ်ကွက်၊ အင်းစိန်လမ်းနှင့် ပါရမီလမ်း​ထောင့်၊ လှိုင်မြို့နယ်
098619957
09796217069

🌺 ပါရမီစိန်ဂေဟာမီးပွိုင့်အနီး၊ သမိုင်းမြို့နယ်

🌺 ရွှေသွေးအိမ်လုပ်ငန်းစု - အရောင်း
မြို့သစ်ဈေးရှေ့၊ အင်းစိန်မြို့နယ်
095080178

🌺 Joy House - အ​ရောင်း
ဘုရင်းနောင် လမ်းမကြီး၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်
09444555946

🌳 Unity Oxygen - refill
အမှတ် ၂၈၆၊ စက်မှုလမ်းသွယ် (၆)လမ်း၊ ဇုံ (၁)၊ ​ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။

🌳 ရွှေပြည်ညွန့် Oxygen Plant - refill
အမှတ်(၆) စက်မှုဇုံ(၁)၊ ​တောင်ဥက္ကလာပမြို့နယ်
098550383

🌳 Best Naing Oxygen Plant - refill
ဒဂုံမြို့သစ်မြို့နယ်
09972188977

🌳 A Yar San Oxygen Plant - refill
အမှတ်(၄၄၂), စက်မှုဇုံ(၁)လမ်းမကြီးနှင့် ရန်ကုန်လမ်း​ထောင့်၊ ​တောင်ဒဂုံမြို့နယ်

🌳 Mr. Air Oxygen plant - refill
အမှတ်(၈) ဗဟန်း(၁)လမ်း
09260993058

🌳 June Group - အ​ရောင်း/ refill
အကွက်(၇၃) မြနန္ဒာလမ်း၊ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း
0949214625

🌳 Lwin Family - refill
အမှတ်(၂၇)၊ ၅၃လမ်း - အလယ်ဘ​လောက်
01295520
098636400

ဒါက​တော့ ရန်ကုန်အတွက် Yangon Directory က စု​ပေးထားတဲ့ Link ပါ https://cutt.ly/umkP7YK

မန္တ​လေးမှာ ​အောက်ဆီဂျင်အိုး ရနိုင်မယ့် ​နေရာများ
https://facebook.com/107690241086965/posts/298322988690355/

အောက်စီဂျင်အိုး အသုံးပြုပုံ
https://m.facebook.com/story.php?story_fbid=298975135291807&id=107690241086965

​အောက်စီဂျင်အိုး အသုံးပြုသူများ ​ဆောင်ရန်၊ ​ရှောင်ရန်
https://m.facebook.com/story.php?story_fbid=298975348625119&id=107690241086965

ကနဦး စုစည်းထားတဲ့သူ​တွေကိုလည်း ​ကျေးဇူးတင်ပါတယ်

ပြည်သူများ ကပ်​ဘေးမှ အမြန်ဆုံး ​ကျော်လွှားနိုင်ကြပါ​စေ

Crdit

မေတ္တာသုတ်ကို နားလည်ပီးမှ ရွတ်ရတာပိုအကျိုးရှိမယ်ထင်လို့ပါ။မေတ္တာသုတ် အကြောင်း🙏🏻🙏🏻🙏🏻🙏🏻ဗုဒ္ဓဘာသာတိုင်း သိထားသင့်သောမေတ္တာသ...
07/07/2021

မေတ္တာသုတ်ကို နားလည်ပီးမှ ရွတ်ရတာ
ပိုအကျိုးရှိမယ်ထင်လို့ပါ။

မေတ္တာသုတ် အကြောင်း🙏🏻🙏🏻🙏🏻🙏🏻

ဗုဒ္ဓဘာသာတိုင်း သိထားသင့်သော
မေတ္တာသုတ် ၊ အဓိပ်ပါယျနဲ့ ပွားများခြင်း အကျိုးကျေးဇူးများ နှင့်
မေတ္တာသုတ်ကျင့်သူများ လိုက်နာရန် များကို တင်ပြ လိုက်ပါတယ်

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့

၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမဈစေ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝေစာ စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝေသသာ။
ဒီဃာ ဝါ ယဝေ မဟန်တာ၊
မဇစွှိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ

၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန်တိ အဝိဒူရေ။
ဘူတာ၀ သမ်ဘေ၀သီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝြဖစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ်ခ မိစ်ဆယြေ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ်တ မနုရက်ခေ။
ဧ၀မပြိ သဗဗြဘူတသေု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မတျတေဉျစ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမသေု ဝိနယ ဂဓေံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတ်တေသုတ်တံ နိဋ္ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ်တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မွနျမာပွနျအဓိပ်ပါယျ ပြီးပါပြီ)

မေတ္တာအကျိုး ( ၁၁ )မျိုး
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊

၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိနြ္ဒိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

Special Thanks for your precious post ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း

Credit:

ရောဂါသက်သာအောင်အိမ်တွင်းကုသနည်း-အမဲသား၊  ငါး၊ ဥ၊ အသီးအရွက် ၊ကြက်ဥ စားပေးပါ။vitamin c ကြွယ်ဝသောအသီးအနှံများ ဂရိတ်ဖရု၊ လလိ...
07/07/2021

ရောဂါသက်သာအောင်အိမ်တွင်းကုသနည်း

-အမဲသား၊ ငါး၊ ဥ၊ အသီးအရွက် ၊ကြက်ဥ စားပေးပါ။vitamin c ကြွယ်ဝသောအသီးအနှံများ ဂရိတ်ဖရု၊ လလိမ္မော်သီး၊ ရှောက်သီး၊ ဂရိတ်ဖရု များစားပါ။
သစ်ကြာသီး၊ ဗန်နာစိ၊ နေကြာစိ၊ ဖရုံစိ ကဲ့တို့အခွံမာသီးများ ၊ (ဝမ်းလျှော‌နေသူများ နွားနို့၊ဒိန်ချဉ် သောက်လို့မရပါ အားမရှိတဲ့အပြင် ပိုဆိုးသွားနိုင်ပါတယ်)

--ဆနွင်း၊ဂျင်း၊ ငရုတ်ကောင်း၊ သစ်ဂျပိုးခေါက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ များများစားပေးပါ။ (ဟင်းချက်သည့်အခါ ပုံမှန်ထက် နှစ်ဆပိုထည့်ချက်/ဆနွင်းဆေးလုံး / ကြက်သွန်ဖြူ မီးဖုတ်စား/ဆနွင်း၊ဂျင်းကို ရေနွေကြမ်းထည့်၍လဲသောက်လို့ရပါတယ်)

- မနက်၊ နေ့၊ ညနေ ဝင်သလောက် ပူပူနွေးနွေးစားပေးပါ။

-အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။ အနဲဆုံးကြက်ပေါင်း/ဆန်ပြုတ်/ ထမင်းရည်သောက်ပါ။ပူပူနွေးနွေးစားပါ။

-အုန်းရည်တနေ့တလုံး သို့
BPI ဓာတ်ဆားရည်တနေ့တထုပ်သောက်ပါ။

Multivitamin - C , D3, Zinc, Fish oil , NaC
မှတ်ချက် - Vitamin တွေက အများကြီးသောက်စရာမလိုပါ၊ ဥပမာ ImmunActiv/Becozinc/Betex Stress ဒီထဲက တမျိုးမျိုးသောက်နေရင် တခြားVit C,B,Zincတွေ ထပ်သောက်စရာမလိုဘူး။ C ကတနေ့ 1000mg ထပ်မပိုရ အသီးအရွက်မှပါသော Vitamin C ပါထည့်တွက်ပေးပါရန်။

-ငှက်သိုက် (Bird Nest) တွေလဲ သောက်သင့်ပါတယ်။

တခြားကောင်းသောဆေး - Immune active/ K2/ elderberry/cordycep ( ရှိးပဒီး)/ ဂျင်ဆင်းGinseng/

-Probiotic အတွက် ဒိန်ချည် သောက်
ပေးပါ။

- အချို/ အငံ/ အရက်/ ဆေးလိပ်ရှောင်ပါ။

-ဆီကြော်/snack / အချိုအတတ်နိုင်ဆုံး မစားပါနှင့်။

-ရေများများသောက်ပါ။အနဲဆုံး3L သောက်
ပေးပါ။

-Hot drink များများသောက်ပေးပါ။

-oxymeter ဆောင်ထားပြီး မကြာခဏ Oxygen
Levelကိုမကြာခဏတိုင်းကြည့်ပါ။ Oxygen level ၉၅အောက်ဆိုလျငိဆေးရုံသွားသင့်ပါပြီ။

-ဖျားနာကိုက်ခဲချင်းအတွက် acetaminophen or paracetamol

-ချောင်းဆိုးခြင်းအတွက်
dectromenthorphan /
ငုံဆေး
ရင်ဖက်ကို ပရုတ်ဆီ (သို့)ရင်လူးဆေးလူးထားပါ။

-နှာခေါင်းပိတ် အတွက်
Nasal Spray /steam inhalation

-လည်ချောင်းယား/နာ/ချောင်းဆိုးလျှငိ
ဆားရည်နှင့်ရေနွေးဖြင့်လဲ gargleလုပ်ပါ။

-အောက်စီဂျင် level ကျခဲ့ပါက
Nasal spray ဖြန်းပြီး
Steam Inhalation -ရေနွေးအိုးထဲ eucalyptus oil သ်ု့ ပရုတ်ဆီ ထည့် ရှူပါ။အသက်ရူလမ်းကြောင်းပွင့်ရန်နှင့် အဆုတ်သန့်ရန် နေ့စင် မနက်တကြိိမ် ညနေတကြိမ် ရူသင့်ပါတယိ။

စိတ်ကိုတည်ငြိမ်အောင်ထားပြီးBreathing exercise လုပ်ပါ

-exercise အပြင်းစားတွေမလုပ်ပါနဲ့။
အသက်ရူလေ့ကျင့်ခန်းနှင့်
ပေါ့ပေါ့ပါးပါး အကြောလျော့တာလောက်ပဲလုပ်ပါ။

-Vitamin Dပြည့်ဝရန်အတွက် ၁၀မိနစ်ခန့် မနတ်နေရောင်ပြပေးပါ။

- အိပ်ရေးပျက်လျင် လူကိုပင်ပန်းနွမ်းနယ်စေလို့
အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါက melatonin သောက်အိပ်ပါ။

- အိပ်ရင်ပတ်လက်မအိပ်ပါနဲ့။ အသက်ရူရလွယ်ကူအောင် မှောက်အိပ်ပါ။

- တရားနားထောင်ပါ။ ဖြစ်နိုင်လျင် တရားထိုင်ပါ။ စိတ်ကို ငြိမ်အောင်ထားပါ။

- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။အသိမိတ်ဆွေများက အကြံဉာဏ်တောင်းပါ။

-နေ့စင်ရောဂါလက္ခနာများနှင့် temperature ကိုစာအုပ်ထဲတွင်ချရေးပါ။

Credit - KJS

ခု မဆိုင်သေးရင်တောင် save ထားတာမမှားပါဘူးO2 ဘယ်လောက်ခံမလဲတွက်နည်းhttps://www.facebook.com/1482350351/posts/1022615725546...
07/07/2021

ခု မဆိုင်သေးရင်တောင် save ထားတာမမှားပါဘူး

O2 ဘယ်လောက်ခံမလဲတွက်နည်း
https://www.facebook.com/1482350351/posts/10226157255466176/?d=n

လူနာအား အောက်ဆီဂျင်ပေးနည်း
https://www.facebook.com/165529717310719/posts/1068122670384748/?d=n

Charity C-19 call centre
https://www.facebook.com/103260848694225/posts/103774195309557/?d=n

အောက်ဆီဂျင်အိုး အသုံးပြုပုံအဆင့်ဆင့်
https://www.facebook.com/107690241086965/posts/298975135291807/?d=n

အောက်ဆီဂျင်အိုးအသုံးပြုသူများအတွက် ဆောင်ရန် ရှောင်ရန်
https://www.facebook.com/107690241086965/posts/298975348625119/?d=n

ရန်ကုန်မှာ O2 ရနိုင်မယ့်နေရာများ
https://www.facebook.com/100001410463017/posts/4278617145528592/?d=n

ရန်ကုန်မြို့အတွင်း အရေးပေါ်ဖြစ်လာခဲ့ရင် ဆက်သွယ်အကူညီတောင်းလို့ရမည့် လူမှုကယ်ဆယ်ရေးနှင့်ပရဟိတအသင်းများ
https://www.facebook.com/107690241086965/posts/294803192375668/?d=n

မန္တလေးမှာ O2 ရနိုင်မယ့်နေရာများ
https://www.facebook.com/107690241086965/posts/298322988690355/?d=n

မန္တလေးမြို့အတွင်း အရေးပေါ်ဖြစ်လာခဲ့ရင် ဆက်သွယ်အကူညီတောင်းလို့ရမည့် လူမှုကယ်ဆယ်ရေးနှင့်ပရဟိတအသင်းများ
https://www.facebook.com/107690241086965/posts/290531612802826/?d=n

Address

Botahtaung Township
Yangon
095155587

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Jacqueline Chatty Forum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share