06/06/2020
3.6.2020 သနားစရား အဖြစ်အပျက်လေး
ဒီနေ့ ဘောလီးဝုဒ်ဆယ်လဘရတီတွေ တော်တော်လေး
ဒေါသထွက် စိတ်မကောင်းဖြစ်ပြီး ကာတွန်းပုံလေးတပုံ
တင်နေကြပါတယ်။ ကိုယ်ဝန်လွယ်ထားတဲ့ဆင်မကြီးနဲ့
နာနတ်သီးလေးတလုံးပါတဲ့ ကာတွန်းပုံလေးပါ။ ဒီပုံကို
စတားတွေ တင်နေကြတဲ့ နောက်ကွယ်အကြောင်းက
တော်တော်ကြေကွဲဖို့ကောင်းပါတယ်။
ပြီးခဲ့တဲ့အပတ် Kerala ပြည်နယ်မှာ ကိုယ်ဝန်ဆောင်ထားတဲ့
ဆင်မကြီးဟာ ရွာလမ်းဘေးမှာချထားတဲ့ နာနတ်သီးတလုံး
ယူစားလိုက်ပါတယ်။ အဲ့နာနတ်သီးဟာ သူအပါအဝင် သူ့
ဗိုက်ထဲလွယ်ထားတဲ့ ဆင်ရင်သွေးလေးကို သတ်မဲ့ အစာလို့
သူ့ခမျာ မသိရှာပါဘူး။ လူယုတ်မာတချို့ဟာ နာနတ်သီးထဲ
ဗျောက်အိုးထည့်ပြီး သူလာမဲ့လမ်းမှာ ချထားတာကိုမသိတဲ့
ဆင်မကြီးခမျာ သူ့ကို ရွာသားတွေက အစာကျွေးတယ်ထင်ပြီး
ပျော်ပျော်ရွှင်ရွှင် နှာမောင်းနဲ့ နာနတ်သီးကိုယူပြီး ပါးစပ်ထဲ
ထည့်ပြီးချိန် ယမ်းအပြည့်နဲ့ ဗျောက်အိုးဟာ ဆင်မကြီးရဲ့
ပါးစပ်နဲ့ကိုယ်ထဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားပါတယ်။
ဆင်မကြီးဟာ နာကျင်လွန်းလို့ အော်ဟစ်ပြီး တောထဲကို
ပြေးဆင်းသွားကာ သူ့ကိုယ်ထဲ ပူလောင်နေလို့ ရေကန်ထဲ
ဆင်းပြီးစိမ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ ဆင်မကြီး
ရေကန်စပ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဆင်မကြီးသေပြီး
တာဝန်ရှိသူတွေ ရောက်လာပြီး ကမ်းပေါ်တင် စစ်ဆေး
ကြည့်တော့ ဆင်မကြီး ဗိုက်ထဲက ဆင်ရင်သွေးလည်း
သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
ဒီလို ယုတ်မာတဲ့လုပ်ရပ်ကို အိနိယပြည်သူတွေ ကမ်ပိန်း
လုပ်ပြီး ကန့်ကွက်နေကြကာ ကျူးလွန်သူတွေကို ဖမ်းဖို့၊
နောက်နောင် တိရိစ္ဆာန်တွေအပေါ် ယုတ်မာပက်စက်တဲ့
နည်းတွေသုံးပြီး သတ်ဖြတ်မူတွေ မဖြစ်အောင် တိရိစာန်
ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို တင်းတင်းကျပ်ကျပ်
ပြဌာန်းဖို့ တောင်းဆိုလာကြပါတယ်။ ဒီလိုတောင်းဆိုမူကို
ဘောလီးဝုဒ်စတားတွေက အင်တိုက်အားတိုက် ပါဝင်ပြီး
ဆိုရှယ်မီဒီယာ ပလက်ဖောင်းကနေ ပြိုင်တူ အသံထုတ်
ပေးနေကြတာဖြစ်ပါတယ်၊ ဂျွန်အဗရာဟမ်၊ အနွရှ်ကား၊
ရှဒါးကပူး၊ Randeep Hooda တို့ ဆို ဒီလုပ်ရပ်အပေါ်
တော်တော်စိတ်ဆိုးပြီး ပေါက်ကွဲထားကြပါတယ်။
ဆင်မကြီးရဲ့ပုံတချို့က ကြေကွဲစရာဖြစ်လို့ စိတ်မခိုင်ရင်၊
အဆင်မပြေရင် ပုံတွေ ဆက်မကြည့်ပါနဲ့။
ညကျ အပ်ဒိတ်နဲ့အတူ ပြန်လာပါမယ်။ ဒီသတင်းက
ရင်ထဲမကောင်းလွန်းလို့ သီးသန့်ရေးတင်လိုက်တာ။