Hsu's Gallery

Hsu's Gallery | Discover Your Next Dream at Hsu's Gallery |

Telegram Channel - https://t.me/hsusgallery

Telegram Dm-

ဆရာမစူးရှမေ ပရိတ်သတ်လေးတွေ အတွက် သတင်းကောင်း🩷
20/01/2026

ဆရာမစူးရှမေ ပရိတ်သတ်လေးတွေ အတွက် သတင်းကောင်း🩷

ကိုယ့်အိပ်မက်ကို ကိုယ်တိုင်ရေးခြယ်ဖို့ အဆင်သင့်ပဲလား ✍️❓

စာရေးဆရာဖြစ်ချင်တဲ့ စိတ်ကူးတွေက အိပ်မက်ထဲမှာပဲ ကျန်နေတုန်းလား ⁉️

လူတိုင်းမှာ ကိုယ်ပိုင်ပုံပြင်တစ်ပုဒ် ရှိကြပါတယ် ဒါပေမဲ့...

✅ ဘယ်ကစရမလဲ ဝေခွဲမရဖြစ်နေတာ

✅ ငါရေးတာကိုရော လူတွေဖတ်ပါ့မလားလို့ တွေးပူနေတာ

✅ စာပေလောကထဲကို ဝင်ဖို့ လမ်းစပျောက်နေတာမျိုး ကြုံဖူးပါသလား....

💯 စာရေးဆရာဖြစ်ချင်တဲ့ လူငယ်တိုင်း လက်မလွတ်သင့်တဲ့ Online Discussion Webinar ၊ စာရေးချင်ပေမဲ့ လမ်းစပျောက်နေတဲ့ လူငယ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို BYO မှယူဆောင်လို့လာပါပြီ...

📌 ဒီပွဲလေးမှာ လာရောက်ဆွေးနွေးမဲ့ Guest Speaker ကတော့... စာပေခရီးလမ်းမှာ အောင်မြင်စွာ လျှောက်လှမ်းနေပြီး လူကြီးလူငယ်မရွေး အားပေးချစ်ခင်ကြတဲ့ Best-Selling Author ဆရာမ စူးရှမေ ပဲဖြစ်ပါတယ်။ ဆရာမက သူမရဲ့ ကိုယ်တိုင်ဖြတ်သန်းမှု အတွေ့အကြုံတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်✨

ဆရာမ စူးရှမေဟာ ၂၀၁၉ ခုနှစ်ကစတင်ပြီးတော့ စာပေလောကထဲကို ခြေချခဲ့ရာကနေ ယနေ့အထိ “စိတ်လုံခြုံမှုရပ်ဝန်းငယ်”၊ “ခွင့်လွှတ်ခြင်းဖြင့် လွတ်မြောက်ခြင်း”၊ “ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်”၊ “ချစ်သော အမျိုးသမီးလေးထံသို့” အစရှိတဲ့ စာအုပ်ပေါင်း (၁၄) အုပ်အထိ ရေးသားထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးနဲ့ Self-Love ကို အဓိကထား ရေးသားလေ့ရှိသလို၊ ထိပ်တန်းနာမည်ကြီး စိတ်ကျန်းမာရေး အဖွဲ့အစည်းတစ်ခုမှာလည်း “Writing Therapy Instructor” အဖြစ် တာဝန်ယူကာ စာရေးခြင်း၊ မိမိကိုယ်မိမိ ဖော်ပြခြင်း မှတစ်ဆင့် လူများစွာရဲ့ စိတ်ပိုင်းဆိုင်ရာကို ကူညီကုစားပေးနေသူလည်း ဖြစ်ပါတယ်။

📍စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ လမ်းညွှန်ပေးမဲ့ ဒီဆွေးနွေးပွဲလေးမှာ...

• ဆရာမ စူးရှမေ ကိုယ်တိုင် သူမရဲ့ (၅) နှစ်တာ စာပေခရီးလမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကို မျှဝေပေးသွားမှာပါ။

📌 ဘာတွေ ဆွေးနွေးမှာလဲ...

🔸 စာရေးဆရာ/မ တစ်ယောက်ဖြစ်ဖို့ အခြေခံလမ်းညွှန်ချက်တွေ

🔸 Writing Therapy နဲ့ စိတ်ကျန်းမာရေးအကြောင်း

🔸 စာပေခရီးလမ်းရဲ့ အနိမ့်အမြင့် အတွေ့အကြုံတွေကို မျှဝေပေးသွားမှာပါ။

ဒါဆိုရင်တော့ စာရေးဆရာဖြစ်ချင်တဲ့လူငယ်တွေသာမက ဆရာမစူးရှမေရဲ့ပရိတ်သတ်လေးတွေပါ ဆရာမနဲ့စကားပြောဖို့ အခွင့်အရေးလေးရမှာဆိုတော့ လုံးဝ လက်မလွတ်သင့်ပါဘူးနော်။

💥💥 ဒါတင်မကသေးဘူးနော်... Webinar အပြီးမှာလည်း တက်ရောက်လာသူတွေအတွက် Special Surprise အနေနဲ့ ဆရာမ စူးရှမေရဲ့ စာအုပ်ကောင်းလေးတွေကို ကံစမ်းမဲဖောက်ပေးသွားဦးမှာ ဖြစ်ပါတယ်။ ဗဟုသုတလည်းရ၊ လက်ဆောင်လည်းရမယ့် ဒီအခွင့်အရေးကို လက်မလွှတ်တမ်း အရယူလိုက်ပါဦး💥💥

စာပေအိပ်မက်တွေကို အတူတူ ပုံဖော်ဖို့အတွက် အခုဘဲ စာရင်းသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 👀

﹌﹌﹌﹌﹌
Details -

💌 Title - ❝ကိုယ့်အိပ်မက်ကို ကိုယ်တိုင်ရေးခြယ်ပါ❞
📅 Date - 25 January 2026 (Sunday)
🕕 Time - 6:00 PM (MMT)
📍 Platform - Zoom (Free Admission)

💥 စာရင်းပေးသွင်းရန် -

https://docs.google.com/forms/d/e/1FAIpQLScdjUK_F65yjrzaznKovY8raEbv1Irc97CDtJ1pSE6yLKyjoQ/viewform?usp=publish-editor

Deadline - 24 January 2025 (Saturday)

BYO - Burmese Youth Organization
“𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐭𝐡 𝐕𝐨𝐢𝐜𝐞𝐬"

────୨ৎ────

🔗Contact us on:

💌 Email
> For inquiries -
[email protected]
> For Media Partnership -
[email protected]

🖇️ Tiktok .mmyouth

🔰 Telegram channel
https://t.me/burmeseyouthorganization

──── ✦ ⋆ ࣪.────



Burmese Youth Organization - BYO

ဆရာမ စူးရှမေ 🤔
19/01/2026

ဆရာမ စူးရှမေ 🤔

စာပေခရီးကို စတင်ဖို့ ခြေလှမ်းပြင်နေပြီလား? ✍️✨

BYO ကနေ စာပေခရီးလမ်းကို လျှောက်လှမ်းချင်တဲ့ လူငယ်လေးတွေအတွက် တကယ့်ကိုခွန်အားဖြစ်စေမဲ့
❝ ကိုယ့်အိပ်မက်ကို ကိုယ်တိုင်ရေးခြယ်ပါ ❞ ဆိုတဲ့ Online Discussion လေးတစ်ခု ယူဆောင်လို့လာပါပြီ...

💁‍♀️ စာရေးဆရာတစ်ယောက် ဖြစ်ချင်ပေမဲ့...

❒ ဘယ်ကနေ ဘယ်လို စတင်ရမလဲ မသိဖြစ်နေလား ❓

❒ ကိုယ့်ရဲ့ စာပေအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ခွန်အားတွေ လိုအပ်နေလား ❓

ဒါဆိုရင်တော့ ဒီဆွေးနွေးပွဲ လေးက သင့်အတွက်ပါပဲ 💯

⚡ ဆွေးနွေးပွဲလေးမှာတော့ စာပေခရီးလမ်းမှာ အောင်မြင်စွာ လျှောက်လှမ်းနေတဲ့၊ လူငယ်ရော လူကြီးပါ အားပေးချစ်ခင်ကြတဲ့ နာမည်ကျော် စာရေးဆရာမလေးတစ်ဦးရဲ့ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ လမ်းညွှန်ချက်တွေကို မျှဝေပေးသွားမှာပါ။

Discussion လေးတွေမှာဘာတွေပါမလဲ..👇

✅ စာရေးဆရာဖြစ်ချင်သူတွေအတွက် အခြေခံလမ်းညွှန်ချက်တွေ

✅ အစမသိ အဆုံးမသိ ဖြစ်နေတဲ့သူတွေအတွက် အကြံပြုချက်တွေ

✅ စာ‌အုပ်ရွေးချယ်မှုပုံစံတွေ နဲ့

✅ စာပေခရီးလမ်း ရဲ့ အနိမ့်အမြင့် အတွေ့အကြုံကောင်းတွေ... စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီ Online Discussion လေးမှာ မျှဝေပေးမယ့်သူကတော့ အားလုံးရဲ့ အချစ်တော်လည်းဖြစ်သလို လူငယ်တွေကြားမှာ အရမ်းရေပန်းစားပြီး လူကြီးတွေကလည်း လေးစားရတဲ့သူတစ်ဦးပါ။

ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းမိတဲ့သူရှိလား...
မကြာခင်မှာ ကြေငြာပေးတော့မှာမို့ Comment မှာ ခန့်မှန်းခဲ့ကြပါဦးနော် 💭

﹌﹌﹌﹌﹌

🍁 BYO telegram channel link -

https://t.me/burmeseyouthorganization



Burmese Youth Organization - BYO

📖🦉
19/01/2026

📖🦉

📚စာဖတ်ခြင်းဟာ သင့်ကို ပိုကောင်းတဲ့လူ ဖြစ်လာနိုင်စေပါတယ် 🦉

“ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံးရှိရုံနဲ့ အရာရာကို လုပ်လို့ရနေတာပဲ၊ ဘာလို့ စာထိုင်ဖတ်နေဦးမှာလဲ” လို့မေးခွန်းထုတ်နေမိပြီလား။
တကယ်တော့ "စာဖတ်တဲ့လူ" နဲ့ "စာမဖတ်တဲ့လူ" ကြားမှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ Superpower ကွာခြားချက်တွေ ရှိနေပါတယ်။ အဲဒါတွေက ဘာလဲဆိုရင်…

✨ တစ်ဘဝတည်းနဲ့ ဘဝပေါင်းများစွာကို ပိုင်ဆိုင်ခြင်း

စာမဖတ်တဲ့သူက ကိုယ့်ဘဝအတွေ့အကြုံလောက်ပဲ သိပေမဲ့၊ စာဖတ်တဲ့သူကတော့ စာရေးဆရာပေါင်းများစွာရဲ့ နှစ်ပေါင်း ၄၀၊ ၅၀ စာ အတွေ့အကြုံတွေကို နာရီပိုင်းအတွင်းမှာ အပိုင်ရလိုက်တာပါ။ ဒါဟာ ဖြတ်လမ်းနည်းနဲ့ အချိန် ကို သုံးလိုက်တာနဲ့ အတူတူပါပဲ။

🧠 အတွေးအခေါ်ရဲ့ "Resolution" ကွာခြားမှု

စာမဖတ်တဲ့သူရဲ့ အမြင်နဲ့ ဆုံးဖြတ်ချက်တွေက 360p ဗီဒီယိုလို ဝေဝါးနေတတ်ပေမဲ့ စာဖတ်တဲ့သူရဲ့ အမြင်ကတော့ 4K Ultra HD လို ကြည်လင်ပြတ်သားနေတတ်ပါတယ်။ ဒါ့အပြင် စာဖတ်သူတစ်ဦးဟာ ပြဿနာတစ်ခုကို မြင်တဲ့အခါ သူများထက် ပိုပြီးနက်နက်ရှိုင်းရှိုင်းနဲ့ ရှုထောင့်ပေါင်းစုံကနေ မြင်နိုင်စွမ်း ရှိသွားပါတယ်။

🗣️ စကားပြောရင် "အဆိပ်" မဖြစ်ဘဲ "အဆီ" ဖြစ်ခြင်း

စာဖတ်တဲ့သူဟာ စကားလုံးကြွယ်ဝတဲ့အတွက် ကိုယ့်ရဲ့ ခံစားချက်နဲ့ အကြံဉာဏ်ကို သူတစ်ပါး နားဝင်အောင် ပြောတတ်လာပါတယ်။ အနှစ်သာရမရှိတဲ့ စကားတွေထက် နားထောင်သူကို ဗဟုသုတဖြစ်စေမယ့် စကားမျိုးကို ယုံကြည်မှုရှိရှိ ပြောနိုင်လာတာပါ။

🧘 စိတ်လှုပ်ရှားမှုတွေကြားက "တည်ငြိမ်မှု" ရှိလာခြင်း

သတင်းမှားတွေ၊ ဝါဒဖြန့်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ လောကကြီးမှာ စာဖတ်တဲ့သူဟာ "ဝေဖန်ပိုင်းခြားနိုင်စွမ်း" ဆိုတဲ့ ဒိုင်းကာကို ကိုင်ထားသူပါ။ ဘယ်သူပြောတိုင်း မယုံသလို၊ အမှားအမှန်ကို ကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ ခိုင်မာတဲ့ ရပ်တည်ချက် ရှိပြီးသားဖြစ်ပါတယ်။

ဒါ့ကြောင့် စာဖတ်တယ်ဆိုတာ ကိုယ့်ဦးနှောက်အတွက် Gym ဆော့ပေးတာနဲ့ အတူတူပါပဲ။ ခန္ဓာကိုယ်အတွက် အစာစားသလို၊ ဉာဏ်ရည်အတွက် စာဖတ်ပေးဖို့လိုအပ်ပါတယ်။ “ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေဟာသေးငယ်တဲ့အလေ့အကျင့်တွေကလာတယ်” ဆိုတဲ့စကားအတိုင်း တစ်ရက်ကို (၁၀)မိနစ် ၊(၁၅)မိနစ်လောက်ကစပြီး စာဖတ်တဲ့အလေ့အကျင့်ကို ကျင့်ယူလာတဲ့သူတစ်ဦးရဲ့ အနာဂတ်ဟာ (၅)နှစ်အကြာမှာ အရင်ကထက် ပိုရင့်ကျက်၊ ပိုထက်မြတ်တဲ့ လူတစ်ဦးဖြစ်နေမယ်ဆိုတာ အသေအချာပါပဲ။

BYO - Burmese Youth Organization
“𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐭𝐡 𝐕𝐨𝐢𝐜𝐞𝐬"

────୨ৎ────

[English Version]

📚Reading can make you a better person 🦉

“Nowadays, you can do everything with just a phone, why do you sit and read?” Have you ever wondered?

In fact, there are superpower differences between “readers” and “non-readers” that are invisible to the naked eye. What are they?

✨ Owning a single life and many lives

While non-readers only know their own life experience, readers have acquired 40 or 50 years of writing experience from many writers in a matter of hours. It’s like using time as a shortcut.

🧠 The difference in “Resolution” of thinking

While non-readers’ views and decisions are blurry like 360p videos, readers’ views are as clear as 4K Ultra HD. In addition, when a reader sees a problem, they are able to see it from many angles and in more depth than others.

🗣️ Speaking is not "poisonous" but "fatty"

A reader is rich in words, so he can express his feelings and advice to others. He can confidently speak words that will make the listener knowledgeable rather than empty words.

🧘 "Stability" in the midst of emotions

In a world full of misinformation and propaganda, a reader is a person who holds the shield of "critical thinking". He does not believe everything anyone says, and he has a strong position to decide what is right and wrong for himself.

Therefore, reading is like giving your brain a gym workout. Just like eating food for your body, you need to read for your intelligence. As the saying goes, "Big changes come from small habits." A person who starts reading for (10) or (15) minutes a day will definitely be a more mature and intelligent person in (5) years than before.

BYO - Burmese Youth Organization
“𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐭𝐡 𝐕𝐨𝐢𝐜𝐞𝐬"

📝 Content -Khin Khin
🎨 Graphic - AWATi
🌎 Translator - Nario

🔗Contact us on:

💌 Email
> For inquiries -
[email protected]
> For Media Partnership -
[email protected]

🖇️ Tiktok .mmyouth

🔰 Telegram channel
https://t.me/burmeseyouthorganization

──── ✦ ⋆ ࣪.────


#စာဖတ်ခြင်း

Burmese Youth Organization - BYO

 #ဦးနု #မိတ္တဗလဋီကာ
08/12/2025

#ဦးနု
#မိတ္တဗလဋီကာ

🔹အားပြင်းတဲ့ မြှားတစ်စင်း🔹ဖေမြင့်🔹တန်ဖိုး - ၅၅၀၀ ကျပ်
22/11/2025

🔹အားပြင်းတဲ့ မြှားတစ်စင်း
🔹ဖေမြင့်
🔹တန်ဖိုး - ၅၅၀၀ ကျပ်

"ကံ့ကော်ဝတ်ရည် စာအုပ်အိမ် ၉ နှစ်ပြည့် အမှတ်တရ Online စာအုပ်ရောင်းပွဲတော်"နိုဝင်ဘာလ ရောက်တာနဲ့ စာချစ်သူတို့ အထူးမျှော်လင့...
14/11/2025

"ကံ့ကော်ဝတ်ရည် စာအုပ်အိမ် ၉ နှစ်ပြည့် အမှတ်တရ Online စာအုပ်ရောင်းပွဲတော်"

နိုဝင်ဘာလ ရောက်တာနဲ့ စာချစ်သူတို့ အထူးမျှော်လင့်ကြတဲ့ စာအုပ်အရောင်းပွဲလေးရဲ့ စ‌ နေပါပြီနော် 📚🫶

🗓 ကျင်းပမည့် နေ့ရက် -
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ၊ ၁၅ ၊ ၁၆ သုံးရက်ဖြစ်ပါတယ်။

***ဈေးပွဲတော် ကာလအတွင်း စာအုပ်တွေ ရောင်းကုန်တာမြန်တာကြောင့် လိုချင်တဲ့စာအုပ်ရှိရင် အမြန်ဆုံးမှာယူဖို့တော့လိုပါမယ်***

✅ ပုံပါဈေးများသည် မူရင်းဈေးများဖြစ်ပါသည်။

ထပ်မံ၍ အသေးစိတ်သိရှိလိုသမျှကို ဖော်ပြပါ တယ်လီဖုန်းများဆီ ဆက်သွယ်ကာ စုံစမ်းနိုင်ပါတယ်
Ph +959 988 680 704 , +959 686 464 021

#ကံ့ကော်ဝတ်ရည်
#စာအုပ်အိမ်နှစ်လည်
#၉နှစ်ပြည့်အမှတ်တရ


fans Hsu's Gallery

10/11/2025

#မပြိုင်ဘဲနိုင်အောင်လုပ်ပါ

မေရီရှယ်လီ (Mary Shelley) ရဲ့ Frankenstein (ဖရန်ကင်စတိန် ) ဟာ ၁၈၁၈ ခုနှစ်ကတိုင် ရေးသားခဲ့တာမို့ နှစ်ပေါင်း ၂၀၀ ကျော်တဲ့အ...
10/11/2025

မေရီရှယ်လီ (Mary Shelley) ရဲ့ Frankenstein (ဖရန်ကင်စတိန် ) ဟာ ၁၈၁၈ ခုနှစ်ကတိုင် ရေးသားခဲ့တာမို့ နှစ်ပေါင်း ၂၀၀ ကျော်တဲ့အထိ လူသားတွေရဲ့ စိတ်အစဥ်ကို လွှမ်းမိုးထားနိုင်တဲ့ ရှားပါးဂန္ထဝင်စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့ ဝတ္ထုဖြစ်ပါတယ်။

"Frankenstein" လို့ ကြားလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ပုံပန်းသဏ္ဍာန် အကျည်းတန်၊ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါကြီးတစ်ကောင်ကို ချက်ချင်း ပြေးမြင်ယောင်မိကြပါလိမ့်မယ်။

ဒါပေမဲ့ ... Frankenstein ဆိုတာ အဲဒီသတ္တဝါကြီးရဲ့ အမည် မဟုတ်ခဲ့ပါဘူး။

Frankenstein ဆိုတာ "အသက်" ကို ဖန်တီးဖို့ ကြိုးစားခဲ့တဲ့၊ မာနကြီးပြီး စိတ်အားထက်သန်မှု ပြင်းပြတဲ့ သိပ္ပံပညာရှင် ဗစ်တာ ဖရန်ကင်စတိန် (Victor Frankenstein) ရဲ့ အမည်သာ ဖြစ်ပါတယ်။

ဒီဝတ္ထုဟာ သရဲတစ္ဆေပုံပြင်တွေလို ထိတ်လန့်သည်းဖို ဖြစ်ဖို့ထက် "အတွေးအခေါ်" ကို ဦးတည်ထားတဲ့ စာပေလက်ရာတစ်ခုပါ။ ဒါကြောင့်လည်း နှစ်ပေါင်းရာချီ ဂန္ထဝင်လက်ရာအနေနဲ့ တည်ရှိနေခြင်းဖြစ်ပါတယ်။

• လူသားတစ်ယောက်ဟာ ဖန်ဆင်းရှင် (ဘုရားသခင်) ရဲ့ နေရာကို အတိုင်းအဆမဲ့ သိပ္ပံပညာနဲ့ ဝင်ယူဖို့ ကြိုးစားတဲ့အခါ ဘာတွေ ဖြစ်လာနိုင်မလဲ။

• မိမိ "ဖန်ဆင်း" လိုက်တဲ့ အရာအပေါ်မှာ ဖန်ဆင်းသူဟာ ဘယ်လို တာဝန်ယူမှုမျိုး ရှိသင့်သလဲ။

• လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်း၊ ရုပ်ဆင်းအင်္ဂါကြောင့် ခွဲခြားဆက်ဆံခံရခြင်းတွေက "နှလုံးသား" တစ်ခုကို ဘယ်လောက်အထိ မာကျောသွားစေနိုင်သလဲ။

ဗစ်တာ ဖရန်ကင်စတိန်ရဲ့ လက်ထဲကနေ "မွေးဖွား" လာပြီး ၊ နာမည်တောင်မှ မရှိခဲ့တဲ့ အဲဒီ "သတ္တဝါ" (The Creature) ရဲ့ အထီးကျန်ဆန်စွာ အသက်ရှင်နေရမှု၊ ချစ်ခြင်းမေတ္တာကို တောင့်တမှု၊
ပြီးတော့...
အဆုံးမဲ့ နာကြည်းမှုတွေကို ဖတ်ရှုရတဲ့အခါ "တကယ့် မကောင်းဆိုးဝါး (Monster) အစစ်" ဟာ ဘယ်သူဖြစ်မလဲဆိုတာကို စာဖတ်သူတို့ မိမိကိုယ်မိမိ ပြန်လည် မေးခွန်းထုတ်မိကြပါလိမ့်မယ်။

ကမ္ဘာ့သိပ္ပံစိတ်ကူးယဉ် (Sci-Fi) စာပေရဲ့ ရှေ့ပြေးလို့ အသိအမှတ်ပြုခံရတဲ့၊ လူသား၊ ကျင့်ဝတ် နဲ့ ဖန်ဆင်းခြင်းတရားတို့အကြောင်း နက်နက်ရှိုင်းရှိုင်း ရေးဖွဲ့ထားတဲ့ ဒီကမ္ဘာကျော် ဂန္ထဝင်လက်ရာ Frankenstein ကို ကံ့ကော်ဝတ်ရည် စာပေတိုက်ကနေ မြန်မာဘာသာပြန်အဖြစ် ထုတ်ဝေလိုက်ပါပြီ။

ဒီစာအုပ်ဟာ ကံကော်ချစ်သူတို့ကို သည်းထိတ်ရင်ဖိုရသအပြင် အတွေးအခေါ်ပိုင်းဆိုင်ရာ ရသများစွာကို ခံစားရရှိစေနိုင်ပါလိမ့်ယ်။

အဲ .. မူရင်းစာရေးသူ Mary Shelley ကတော့ ကမ္ဘာကျော် ကဗျာဆရာကြီး ( Percy Bysshe Shelley) ရဲ့ ဇနီးဖြစ်ပြီး အခုဝတ္ထု Frankenstein ကိုတော့ ' လေထန်ကုန်း ' ကိုဘာသာပြန်ခဲ့တဲ့ ဆရာကျော်လှိုင်ဦး က ' ဖရန်ကင်စတိန် ' အမည်နဲ့ မူရင်းအတိုင်း အပြည့်အစုံ ဘာသာပြန်ထားပါတယ်။

ဝတ္ထုထွက်ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ Frankenstein ရုပ်ရှင်လည်း နိုဝင်လဘာလ ထဲမှာ Netflix မှာ ပြမှာဖြစ်လို့ ဇာတ်လမ်းအပြည့်အစုံသိရလေအောင် စာအုပ်လေးတော့ ကိုင်ထားကြတာ ကောင်းပါလိမ့်မယ်။

🔲 ကျော်လှိုင်ဦး - ဖရန်ကင်စတိန်
(Mary Shelly - Frankenstein ဘာသာပြန်)
🔲 တန်ဖိုး - ၁၄၂၀၀ ကျပ်
🔲 စာမျက်နှာ - ၂၆၄

﹌﹌﹌﹌﹌﹌﹌﹌
စာအုပ်လေးတွေကြိုက်နှစ်သက်လို့ ဝယ်ယူအားပေးချင်ပါက...✅

Page chat box (သို့)

📞Ph +95 9 988680704
💫Viber ph + 959988680704
🖇️Telegram acc
တို့မှ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

Telegram Channel ✅>> https://t.me/hsusgallery

မှလည်း စာပေနဲ့ပတ်သတ်တဲ့ ဗဟုသုတများစွာကို နေ့စဥ်မျှဝေပေးနေတာကြောင့်channel လေးကို join ထားပေးပါဦးနော် 🌸

#ကျော်လှိုင်ဦး




fans

 #ခေါင်းဆောင်စိတ်
06/11/2025

#ခေါင်းဆောင်စိတ်

ကိုယ်က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီစာအုပ်ကိုဖတ်ကြည့်ဖို့ အကြံပေးတယ် ✅

📚 ဒီစာအုပ်ကတော့ “ခေါင်းဆောင်စိတ်” ဆိုတဲ့စာအုပ်ဖြစ်ပြီး မူရင်း “The Mind of the Leader” ကို စာရေးဆရာ မျိုးလွင် (MBA) က ဘာသာပြန်ရေးသားထားခြင်းဖြစ်တယ်။

ထူးခြားတဲ့အကျိုးကျေးဇူးတွေရဖို့…
သင့်ကိုသင် ဘယ်လိုဦးဆောင်မလဲ၊
သင့်ဝန်ထမ်းတွေကို ဘယ်လိုဦးဆောင်မလဲ၊
သင့်အဖွဲ့အစည်းကို ဘယ်လိုဦးဆောင်မလဲ…

ခေါင်းဆောင်တစ်ယောက်မှာ ထားရှိရမဲ့ စိတ်နေသဘောထားတွေ၊ စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ကို စကားလုံး သုံးလုံးနဲ့ သတ်မှတ်ထားတယ်။ အဲတာတွေကတော့…
💠 M - Mindfulness
💠 S - Selflessness
💠 C - Compassion အချက်သုံးချက်ကို မီးမောင်းထိုးပြထားတယ်။

ဒီစာအုပ်ထဲမှာ ဘာသာရေး၊ န်ိုင်ငံ‌ရေး နဲ့ပတ်သတ်တာတွေမပါဘဲ လူတွေရဲ့စိတ်အကြောင်းကိုပဲ သိပ္ပံနည်းလမ်းကျကျ ဖော်ပြထားတယ်။ အမိန့်ပေးစီမံခန့်ခွဲတဲ့ သမားရိုးကျခေါင်းဆောင်မှုတွေက အလုပ်မဖြစ်တော့ကြောင်း အသေးစိတ်ရေးသားထားတယ်။

အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမဲ့လူငယ်တိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တာမလို့ မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။ စာအုပ်လေးတွေ ဖတ်ရင်း…တစ်နေ့ထက်တစ်နေ့ ပိုပြီး အသိညဏ်တွေတိုးတက်လာပါစေလို့ဆုတောင်းရင်း…

ဒီနေ့ကတော့ဒီလောက်ပါပဲ။ နောက်နေ့မှာလည်း ဗဟုသုတရစရာတွေ စဉ်ဆက်မပြတ်မျှဝေပေး‌နေမှာမလို့ page လေးကို စောင့်ကြည့်ပေးကြပါဦးနော်။ တာ့တာ ✨

𝐁𝐘𝐎 - “𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐭𝐡 𝐕𝐨𝐢𝐜𝐞𝐬"

────୨ৎ────

📝Content - Adria
🎨Graphic - Nicky

🔗Contact us on:
💌Email
[email protected]
🌐Facebook
https://www.facebook.com/share/1F9LHSXEQU/...
🖇️Telegram channel
https://t.me/burmeseyouthorganization

──── ✦ ⋆ ࣪.────




Burmese Youth Organization - BYO

📚
23/10/2025

📚

14/10/2025

#မျှဝေလိုသောအတွေးများ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hsu's Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category