08/07/2021
ခုထိ မသိသေးတဲ့ သူတွေရှိနေသေးလို့ပါ။
( 1 ) မနေ့က မနက် တစ်ယောက် အောက်စီဂျင် ရှာပေးဖို့ ဖုန်းဆက်လာတယ် ok ရှာပေးမယ်ပေါ့ ခု spo2 ဘယ်လောက်ရှိလဲ မေးတော့ 33 တဲ့ မရနိုင်တော့ဘူးလို့ ထင်ပေမဲ့ မပြောရက်ပါဘူး ရှာပေးတော့ ရပါတယ် လာယူမယ်တဲ့ လာယူတဲ့သူ ကျနော့ဆီရောက်တော့ ဖုန်းလာတယ် မယူခဲ့နဲ့တော့ ဆုံးသွားပီတဲ့ 😢😢
*spo2 90 လောက်ကတည်းက oxygen ပေးနိုင်ခဲ့ရင် အသက်ကိုကယ်နိုင်ခဲ့မှာ သူတို့မသိရှာဘူး *
( 2 ) သူငယ်ချင်း ၁ယောက်က သူ့အဒေါ် နေမကောင်းဘူး ပြောလို့ oxygen အိုးရှာပီး ပေးထားတယ် spo2 တိုင်းစက် ဝယ်ပေးထားတယ်နေ့လည်က ဖုန်းဆက်လိုက်တယ် မင့်အဒေါ် ဘယ်လိုနေလဲပေါ့ ကောင်းတယ်တဲ့ (ပေါ့ပေါ့ပါးပါးဘဲ )အစားလဲစားတယ်တဲ့ spo2 ဘယ်လောက်ရှိလဲ မေးတော့ 80 တဲ့ oxygen ပေးထားလား မေးတော့ မပေးဘူးတဲ့ မမောလို့တဲ့
* တကယ်ဆို spo2 80က စိုးရိမ်ရမဲ့ အခြေနေရောက်နေပါပီ ..သူတို့က မသိရှာဘူး*
( 3 ) ညနေက သူငယ်ချင်း ၁ယောက်နဲ့ လမ်းမှာ တွေ့လို့ နှုတ်ဆက်တာ ဆေးသွား၀ယ်ပေးတာတဲ့ ဘယ်သူဘာဖြစ်တာလဲ မေးတော့ သူ့အစ်ကို နေမကောင်း တာတဲ့ ကိုလဲ ကိုသိသလောက် spo2 တိုင်း လား oxygen ရှာထားပီးလား မေးတော့ တိုင်းတယ် ကောင်းတယ် 89/90 တဲ့ oxygen က အိုးကြီး၀ယ်ထားတယ်တဲ့ အာ့ဆွင် oxygen ရှူခိုင်းတော့ 90 ဆိုရင် နဲတယ် ပြောလိုက်တာ ခုနက ဖုန်းဆက်ပီး အခြေနေ ဘယ်လိုလဲ မေးတော့ spo2 70 တဲ့ oxygen မပေးထားဘူးတဲ့ ဘာလို့လဲဆိုတော့ မောမှမမောတာလို့ ပြောတယ်တဲ့ လူနာက
* သူ့အသက် အန္တရာယ် စိုးရိမ်နေရပီဆိုတာ သူမသိရှာဘူး *
ပေးထားလိုက်တော့ လို့ ပြောပီး ဖုန်းချ
ပီမှ သတိရလို့ ချက်ခြင်း ဖုန်းပြန်ခေါ်
oxygen ပေးထားပီလား ဆိုတော့ ပေးထားပီတဲ့
ဘောလုံးလေး နံပါတ် ဘယ်လောက်မှာ ထားလဲဆိုတော့ ၂ တဲ့ ၄/ ၅လောက်ထားဖို့ ပြောလိုက်ရတယ်
(ဘောလုံးလေးကို ၄/၅ လောက်မှာ ထားပီးပေးရင် 'ရှူး......' ဆိုတဲ့ အသံမြည်နေပါမည် လူတော်တော်များများက အဲ့လိုဆို များတယ်ထင်ပီး လျော့တတ်ပါတယ် spo2 85 အောက်ဆိုရင် လျော့လို့မရပါ အနည်းဆုံး ၄ ထိတော့ ပေးရပါမည်)
ကိစ္စ သေးသေး လေးတွေမို့ အရေးတယူ မပြောပြကြဘူး အာ့ကြောင့် ကျန်းမာရေး ဗဟုသုတ နည်းတဲ့ ကျနော်တို့လို လူတွေက မသိကြဘူး အသက်တွေမဆုံးရှုံးသင့်ဘဲ ဆုံးရှုံး နေကြရတယ်😢😢
နောက်ထပ်အသက်များစွာ မဆုံးရှုံးစေလိုသော စေတနာဖြင့်
ကိုမျိုးမျိုး