Monywa Online Book Shop

Monywa Online Book Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Monywa Online Book Shop, Book shop, Yangon.

Learn Fast, Grow Rich & Think Smart
(အသိပညာနဲ့ အောင်မြင်မှုဆီသို့ အတူတူလှမ်းကူးကြစို့)

မြန်မာပြည်တွင်းနှင့် ပြည်ပသို့ အိမ်အရောက်ပို့စနစ်ဖြင့် ဝယ်ယူနိုင်ပါသည်။

https://api.ecomreg.gov.mm/QR/I40011560.png

19/06/2026

ဘယ်သူ့ကိုမှလည်း အထူးအထူး အားမကျနဲ့။
ကိုယ်ဘဝကိုလည်း တအားကြီး အားမရ မဖြစ်နဲ့။

လူတိုင်းလူတိုင်းမှာ
မတူညီတဲ့ဗားရှင်းတွေနဲ့
အဆင်မပြေမှု ဒုက္ခကိုယ်စီရှိကြတယ်။

အရေးကြီးတာက ကိုယ့်ကမ္ဘာမှာ
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် နေတတ်ဖို့ပဲ။
_________________________

အကျိုးမရှိတာအတွက် အချိန်မကုန်တတ်လို့
ခပ်ညံ့ညံ့လူတွေနဲ့ ဝေးသွားတယ်။

ကောင်းတဲ့အရာတွေပဲ ရွေးလုပ်တတ်လို့
လူဆိုးတွေနဲ့ ဝေးသွားတယ်။

လိုတာထက် ပိုမပေါင်းတတ်လို့
မိတ်ဆွေတုတွေနဲ့ ဝေးသွားတယ်။

ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းတတ်လို့
တန်ဖိုးမဲ့သူတွေနဲ့ ဝေးသွားတယ်။

တစ်ယောက်တည်း
ဒါပေမဲ့ ကျေနပ်တယ်။
_______________________

အဆင့်အတန်းရှိပြီး တန်ဖိုးသိတဲ့
ပတ်ဝန်းကျင်မှာ ရှင်သန်ရင်
လေးလေးစားစား တန်ဖိုးထားခံရမယ်။

အဆင့်အတန်းနိမ့်ပြီး တန်ဖိုးနားမလည်တဲ့
ပတ်ဝန်းကျင်မှာ ရှင်သန်ရင်
မလေးမစား တန်ဖိုးဖဲ့ခံရမယ်။

ဒါကြောင့်
မိမိတန်ဖိုး မိမိသိပါ
မိမိတန်ဖိုးကိုသိသော ပတ်ဝန်းကျင်မှာသာ
ရွေးချယ်ရှင်သန် နေထိုင်ပါ။

#လာမထူနဲ့ပြန်ထနိုင်တယ်
#နိုဘယ်လ်သွေး

စာအုပ်တန်ဖိုး - ၁၂၀၀၀ ကျပ်
📚 စာအုပ်များကို Telegram ကနေလည်း မှာယူနိုင်ပါပြီ 📥

https://t.me/myabookshop

Send a message to learn more

19/06/2026

အကယ်၍ လူတစ်ယောက်ဟာ ဘ၀အပေါ်မှာ၊ လောကအပေါ်မှာ၊ ဆက်ဆံရေးအပေါ်မှာ မှန်ကန်တဲ့အသိအမြင်၊ မှန်ကန်တဲ့သဘောထားရှိတယ်ဆိုရင် သူ့ဘ၀ဟာ အဓိပ္ပာယ်ရှိတဲ့ဘ၀ဖြစ်မှာပါ။ သူ့ရဲ့အသိအမြင်တွေ၊ စိတ်နေသဘောထားတွေ မှန်ကန်နေလို့ သူ့စိတ်ကလည်း ချမ်းသာမှာပါ။

“လောကကို စိတ်ကဦးဆောင်တယ်” ဆိုတဲ့ ဘုရားဟောရှိတဲ့အတိုင်းပါပဲ။ တစ်လောကလုံးမှာ ရှိသမျှအရာရာဟာ စိတ်ကနေ အရင်စတာပါ။ ဒီစိတ်က စိတ်ထားတွေမြင့်နေမှ၊ အသိအမြင်တွေ မှန်ကန်နေမှ၊ ကြံစည်သမျှကလည်း သင့်မြတ်တယ်။ အသိဉာဏ်လည်း ပွင့်တယ်။ လုပ်သမျှလည်း အဆင်ပြေတယ်။ ဘ၀ကလည်း နေပျော်စရာဖြစ်လာတယ်။ ဒီလိုဆို ကိုယ့်လောကကြီးတစ်ခုလုံးလည်း သာယာနေမှာပါ။

လူဟာ အသိဉာဏ်မြင့်လေ အဓိပ္ပာယ်ရှိတဲ့ဘ၀ကို နေချင်လေဆိုတဲ့စကားလည်းရှိပါတယ်။ အဓိပ္ပာယ်ရှိတဲ့ဘ၀ကို အသိဉာဏ်မြင့်တဲ့သူက ပိုတောင့်တတယ်။ အသိဉာဏ်မြင့်တဲသူအတွက်ဆိုရင် တခြားဘာတွေရရ အဓိပ္ပာယ်ရှိတဲ့ဘ၀ကို မနေရလို့ မဖြစ်ပါဘူး။ တခြားဘာတွေ ဘယ်လောက်ပဲပြည့်စုံနေပါစေ အဓိပ္ပာယ်ရှိတဲ့ဘ၀ကိုနေရတာလောက် ကျေနပ်ပြီး ပြည့်စုံလိုက်တာလို့ ခံစားရတဲ့အရသာမျိုးလည်းမရှိပါဘူး။

“အဓိပ္ပာယ်ရှိသောဘ၀”စာအုပ်မှ -

ဆရာမထက်ထက်ထွန်းရဲ့ ထွက်ရှိထားသော စာအုပ်များ

၁။ ငါဘယ်သူလဲ - 18000
၂။ အဓိပ္ပာယ်ရှိသော ဘ၀ - 15000
၃။ နေ့တိုင်း ပျော်ပါတယ် - 10000
၄။ စိတ်ရဲ့ ငြိမ်သက်ခြင်း - 15000
၅။ ဘဝထဲကအမေး ဘဝထဲကအဖြေ - 15000
၆။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ် - 20000

📚 စာအုပ်များကို Telegram ကနေလည်း မှာယူနိုင်ပါပြီ 📥

https://t.me/myabookshop

စိတ်ဝင်စားသည့် စာအုပ်များကို Profile က link ကို နှိပ်ပြီး အသေးစိတ် မေးမြန်းထားနိုင်ပါတယ်၊ မှာယူအားပေးသော စာချစ်သူများအားလုံးကို ကျေးဇူးတင်ပါတယ် 📚

18/06/2026

" အိမ်အပြန်.."

မိဘတွေရဲ့အိမ်ကနေ ပြန်ထွက်လာတဲ့အချိန်မှာ၊ အချိန်တွေ ဘယ်လောက်...မြန်မြန်ဆန်ဆန် ကုန်ဆုံးခဲ့သလဲဆိုတာကို ရုတ်တရက် သတိပြုမိသွားတဲ့ ခံစားချက်မျိုး ခင်ဗျာတို့ ကြုံဖူးကြပါသလား...။

ကျွန်တော် မိဘတွေကို ကန်တော့ပြီး နှုတ်ဆက်တုန်းက မငိုခဲ့ပါဘူး။

ဒါပေမဲ့ နှစ်မိနစ်လောက်အကြာ... နောက်ကြည့်မှန်ထဲကို လှမ်းကြည့်လိုက်ပြီး အိမ်အဝင်လမ်းလေးမှာ ရပ်နေဆဲဖြစ်တဲ့ဉ သူတို့ကို မြင်လိုက်ရတဲ့အချိန်မှာတော့ ကျွန်တော် မျက်ရည်ကျမိသွားပါတယ်။

သူတို့ဟာ ကျွန်တော် သုံးနာရီလောက်ပဲ မောင်းရမယ့် အိမ်အပြန်ခရီးကို သွားနေတာမဟုတ်ဘဲ၊ စစ်မြေပြင်သွားတော့မယ့်အတိုင်း လက်ဝှေ့ယမ်းပြီးနှုတ်ဆက်နေကြတာကို မြင်လိုက်ရလို့ပါ။

အခုဆို ကျွန်တော့် မိဘတွေက တော်တော်လေး အိုမင်းနေကြပါပြီ။

သူတို့ ငယ်ငယ်တုန်းက နောက်ပြောင်တတ်တဲ့ "အိုတာ" မျိုး မဟုတ်တော့ပါဘူး။

ဖေဖေက ဆိုဖာပေါ်ကအထမှာ ညည်းတွားလို့၊ မေမေက ရယ်ပြီး 'လုပ်ဇာတ်ခင်းမနေနဲ့' လို့ စနောက်တတ်တဲ့ အိုမင်းခြင်းမျိုးလည်း မဟုတ်တော့ပါဘူး။

တကယ်ကို အိုမင်းရင့်ရော် သွားကြတာပါ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက ဝတ်ခဲ့တဲ့ ဖလန်နယ်အင်္ကျီကွက်တွေထဲမှာ ဖေဖေ့ရဲ့ ပုခုံးတွေဟာ အရင်ကထက် ပိုသေးငယ်ပြီး၊ ပိန်ပိန်ပါးပါး ဖြစ်နေတာကို မြင်ရတဲ့ အိုမင်းခြင်းမျိုးပါ။

မေမေက လမ်းလျှောက်ရင် တစ်လှမ်းချင်း သတိထားပြီး လျှောက်နေရတဲ့အပြင် တည်ငြိမ်မှုရအောင် နံရံဖြစ်ဖြစ်၊ ကုလားထိုင်ဖြစ်ဖြစ်၊ စားပွဲခုံဖြစ်ဖြစ် တစ်ခုခုကို လှမ်းကိုင်ဖို့၊ လက်က အမြဲတမ်း.... စမ်းတဝါးဝါး ရှာနေရတဲ့ အိုမင်းခြင်းမျိုးပါ။

ဒီအပတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်ကို သူတို့အိမ်မှာ၊ ကျွန်တော် ကုန်ဆုံးခဲ့ပါတယ်။

ထူးထူးခြားခြား ဘာမှတော့ မဖြစ်ခဲ့ပါဘူး။

ကျွန်တော်က အပြင်ကနေ အစားအသောက် မှာစားလို့ရတယ်လို့ ပြောပေမယ့်၊ မေမေ ဇွတ်အတင်း ချက်ပေးတဲ့ စွပ်ပြုတ်ကို ကျွန်တော်တို့ သောက်ခဲ့ကြရပါတယ်။

ဖေဖေက ဝရံတာ မီးသီးလဲဖို့ ဘယ်သူ့အကူအညီမှ မလိုဘူးလို့ ဟန်ဆောင်နေပေမဲ့၊ ကျွန်တော် လှေကား ကိုင်ပေးထားတာကိုတော့ ငြင်းဆန်ခြင်းမရှိဘဲ လက်ခံခဲ့တယ်။

မေမေက ပိုတဲ့ ဟင်းတွေကို ဘူးတွေထဲ ထည့်ပေးတယ်။ အဲဒီဘူးတွေကို ကျွန်တော် လနဲ့ချီပြီး ပြန်ပေးဖြစ်မှာ မဟုတ်တာ သေချာသလောက်ပါပဲ။ ဖေဖေကတော့ ကျွန်တော့်ကား တာယာတွေကို နှစ်ခါတောင် စစ်ပေးခဲ့ပါတယ်။

ကျွန်တော် မပြန်ခင်မှာ မေမေက မီးဖိုချောင်စားပွဲနားမှာ ရပ်ပြီး ကားမောင်းရင်း သောက်ဖို့၊ ရေလုံလောက်ရဲ့လားလို့ မေးတယ်။

ကျွန်တော် ရယ်လိုက်ပြီး "မေမေရယ်... သား အသက် လေးဆယ့်နှစ်နှစ် ရှိပြီလေ" လို့ ပြောတော့...
သူမက ပြုံးပြီး "မင်း ဘယ်လောက်ပဲကြီးကြီး အမေ့အတွက်တော့ ကလေးပါပဲ" တဲ့။

ဖေဖေကတော့ ပန်းသီးတွေ၊ မုန့်တွေနဲ့ ဓာတ်မီးတစ်ချောင်း ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို ကိုင်ပြီး ကားနားအထိ လိုက်ပို့တယ်။

"ဓာတ်မီးကြီးက ဘာလုပ်ဖို့လဲ ဖေဖေ" လို့ ကျွန်တော် မေးမိပါတယ်။

"ဘယ်အချိန် ဘာလိုလာမလဲ မသိဘူးလေ..." လို့ သူက ပြောပါတယ်။

အဲဒါဟာ ဖေဖေ့ရဲ့ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာကို ပြသတဲ့ ဘာသာစကားပါပဲ။

“ဘယ်အချိန် ဘာလိုလာမလဲ မသိဘူး”
“အင်ဂျင်ဝိုင် စစ်ဦး”
“ရောက်ရင် ဖုန်းဆက်ဦး”
“လမ်းမကြီး ပိတ်နေရင် လမ်းကြားက မောင်း”
“ပင်ပန်းနေရင် ကား မမောင်းနဲ့”

မိဘတွေက 'ချစ်တယ်' လို့ နှုတ်ကမပြောပေမယ့် ဒီလို စိုးရိမ်ပူပန်ပေးတဲ့ စကားလုံးတွေက သူတို့ရဲ့ အချစ်တွေပါပဲ။

မေမေက ကျွန်တော့်ကို အရင်ဦးဆုံး ဖက်တယ်။ သူ့ဆီကနေ... ကျွန်တော် တစ်သက်လုံး ရနေကျ 'လာဗင်ဒါ'ဆပ်ပြာနံ့လေး ရနေတုန်းပါပဲ။

အဲဒီအချိန်ခဏလေးမှာပဲ... ကျွန်တော်ဟာ အိပ်မက်ဆိုးမက်ပြီး မေမေ့ရဲ့ ဆွယ်တာအင်္ကျီထဲ၊ မျက်နှာအပ်ထားခဲ့တဲ့ အသက် ရှစ်နှစ်အရွယ် ကလေးလေး ပြန်ဖြစ်သွားသလို ခံစားလိုက်ရပါတယ်။

အဲဒီနောက် ဖေဖေက ဖက်တယ်။

အရင်တုန်းကဆို ဖေဖေက ဖက်ရင် ကျွန်တော့်ကို မြေကြီးပေါ်ကနေ ဆွေ့ခနဲ မြှောက်ချီတတ်တာ။

ဒါပေမဲ့ အခုတော့ သူ ဘယ်လောက်တောင်၊ အိုမင်း သွားပြီလဲဆိုတာ ကျွန်တော် ခံစားလိုက်ရတယ်။

ကျွန်တော့်လက်ဖဝါးတွေအောက်မှာ သူ့ရဲ့ကျောရိုးတွေက ပိန်ပိန်ချိုင့်ချိုင့် ဖြစ်နေပါပြီ။ သူက ကျွန်တော့်ကျောကို နှစ်ချက်လောက် ပုတ်ပေးပြီး လည်ချောင်းတစ်ချက်ဟန့်ကာ "ကဲ... မိုးမချုပ်ခင် သွားတော့..." လို့ ပြောပါတယ်။

ဒါနဲ့ ကျွန်တော် ကားထဲဝင်ထိုင်လိုက်တယ်။
လေကာမှန်ကနေတစ်ဆင့် သူတို့ကို လက်ပြနှုတ်ဆက်တော့၊ သူတို့လည်း ပြန်ပြီး လက်ပြကြတယ်။

ကျွန်တော် ကားကို ဖြည်းဖြည်းချင်းပဲ နောက်ဆုတ်ခဲ့တယ်။ဘာလို့လဲဆိုတော့ ဖေဖေက ကျွန်တော် တစ်ခါမှ ကားနောက်မဆုတ်ဖူးတဲ့အတိုင်း သေသေချာချာ စောင့်ကြည့်နေလို့ပါ။

မေမေကတော့ နေရောင်ဒဏ်ကြောင့် လက်တစ်ဖက်နဲ့ မျက်စိကို ကာထားတယ်။ ဖေဖေကတော့ စိတ်လှုပ်ရှားပြီး ဝမ်းနည်းနေတာကို ဖုံးကွယ်ဖို့ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်လုံး ထည့်ပြီး မေမေ့ဘေးမှာ ရပ်နေတယ်။

ကျွန်တော် သူတို့ရဲ့ လမ်းသွယ်ထဲကနေ၊ လမ်းမပေါ် ကွေ့ထွက်လိုက်တယ်။

ပြီးတော့ နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက်မိတယ်။

သူတို့ အဲဒီမှာ ရပ်နေတုန်းပါပဲ။

အိမ်အဝင်လမ်းလေးရဲ့ အဆုံးမှာ သေးငယ်တဲ့ လူရိပ်နှစ်ခု။
လက်ပြနေကြတုန်းပဲ။

မျက်ရည်ကြောင့်....သူတို့ရဲ့ ပုံရိပ်တွေ ဝါးတားတား ဖြစ်သွားတဲ့အထိ ကျွန်တော် စိုက်ကြည့်နေမိတယ်။

အဲဒီအချိန်မှာပဲ... အတိတ်က သူတို့ ကျွန်တော့်ကို နှုတ်ဆက်ခဲ့ဖူးတဲ့ အကြိမ်တိုင်းကို ရုတ်တရက် သတိရသွားမိတော့တယ်။

မူကြိုကျောင်း ပထမဆုံးရက်မှာ ကျောင်းဝင်းတံခါးဝကနေ လက်ယမ်းပြနေတဲ့ မေမေ...။

ကောလိပ်ကျောင်းသားဘဝ.... အဆောင်ရဲ့အပြင်ဘက် မိုးရေထဲမှာ ရပ်ပြီး၊ မျက်ရည်ကျ နေတာကို မျက်စိထဲ တစ်ခုခု ဝင်သွား သလိုမျိုး ဟန်ဆောင်နေတဲ့ ဖေဖေ...။

ကျွန်တော် အိမ်ကနေ အပြီးအပိုင်၊ ပြောင်းရွှေ့သွားတဲ့နေ့က ဝရံတာမှာ ရပ်ပြီး လက်ယမ်းပြခဲ့ကြတဲ့ သူတို့နှစ်ယောက်လုံး....။

အဲဒီတုန်းက ကျွန်တော်ကတော့ လွတ်လပ်ခွင့်တွေအတွက် အရမ်းစိတ်လှုပ်ရှားနေပြီး၊ သူတို့ ဘာတွေ ဆုံးရှုံးသွားသလဲဆိုတာကို နားမလည်ခဲ့ဘူး။

အဲဒီအချိန်တုန်းက သူတို့ရဲ့ လက်ဝှေ့ယမ်းမှုတွေက "သွားတော့... ကမ္ဘာကြီးက မင်းကို စောင့်ကြိုနေတယ်" လို့ အဓိပ္ပာယ်ရခဲ့ပေမဲ့...
အခုတော့ အဓိပ္ပါယ်တွေက ပြောင်းလဲသွားခဲ့ပါပြီ။

အခုအချိန်မှာတော့ အဲဒီလက်ဝှေ့ယမ်းမှုတွေက "ဘေးကင်းကင်းနဲ့ ရောက်ပါစေကွယ်... အဖေတို့ အမေတို့က အရင်လို မင်းကို မကာကွယ်ပေးနိုင်တော့လို့ပါ" လို့အဓိပ္ပာယ်မျိုးပါ။

ပြီးတော့... "သိပ်မကြာခင် ပြန်လာခဲ့ဦးနော်" ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်နိုင်ပါတယ်။

လမ်းမကြီးပေါ်မရောက်ခင်မှာပဲ ကျွန်တော် ကားကို လမ်းဘေးချရပ်လိုက်တယ်။

အင်ဂျင်နှိုးလျက်သား၊ ဘေးကထိုင်ခုံပေါ်မှာချထားတဲ့ ပန်းသီးအိတ်ကို ကြည့်ရင်း.. ခဏလောက် ငြိမ်ပြီး ထိုင်နေမိတယ်။

အရင်တုန်းက နှုတ်ဆက်ရမယ့် အချိန်တွေကို ကျွန်တော် ဘယ်လောက်တောင် အလောတကြီး လုပ်ခဲ့မိလည်းဆိုတာ ပြန်တွေးမိတယ်။

"ကားပိတ်မှာစိုးလို့ သွားတော့မယ်" လို့ ဘယ်နှစ်ကြိမ်တောင် ကျွန်တော် ပြောခဲ့မိပါလိမ့်။

လက်တစ်ဖက်က ဖုန်းကို ကိုင်ထားရင်း ကျန်တဲ့လက်တစ်ဖက်တည်းနဲ့ သူတို့ကို ဘယ်နှစ်ခါတောင် ပြီးစလွယ် ဖက်ခဲ့ပါသလဲ။

ကျွန်တော်ကတော့ လှည့်တောင်မကြည့်ဘဲ ထွက်လာခဲ့ပေမဲ့ သူတို့ကတော့ အဝေးကြီးအထိ မတ်တတ်ရပ်ပြီး ငေးကြည့်ကျန်ရစ်ခဲ့တာ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါတောင် ရှိခဲ့ပြီလဲ။

ဒီတစ်ခါတော့... ကျွန်တော် ကားကို ပြန်လှည့်လိုက်ပါတယ်။

ကျွန်တော် အိမ်အဝင်လမ်းထဲ ပြန်ဝင်လာတဲ့အချိန်မှာ မေမေက တစ်ရှူးနဲ့ မျက်ရည်သုတ်တုန်း၊ ဖေဖေကတော့ စာတိုက်ပုံးကို ပြင်ချင်ယောင်ဆောင်နေတုန်းပဲ။

ကျွန်တော့်ကို မြင်တော့ သူတို့နှစ်ယောက်လုံး အံဩသွားကြတယ်။

"တစ်ခုခု ကျန်ခဲ့လို့လား သား..." လို့ ဖေဖေက မေးပါတယ်။
ကျွန်တော် ကားပေါ်ကဆင်းပြီး "ဟုတ်တယ် ဖေဖေ" လို့ ပြန်ပြောလိုက်တယ်။

ပြီးတော့ သူတို့ကို ထပ်ပြီး ဖက်လိုက်တယ်။

ဒီတစ်ခါတော့ အသေအချာလေး ဖက်တာပါ။

အလောတကြီး ဖက်တာမျိုး မဟုတ်ဘူး။

"ချစ်တာကို... အထူးတလည် ပြောနေဖို့ မလိုပါဘူး၊ အချိန်ပေးနေစရာ မလိုပါဘူး" ဆိုတဲ့ လူကြီးဖြစ်သွားတဲ့ သားသမီးတွေ လုပ်တတ်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။

မေမေက "ဘာဖြစ်လို့လဲ" လို့ ထပ်မမေးတော့တဲ့အထိ ကျွန်တော် မေမေ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားမိတယ်။

ဖေဖေက ကျွန်တော့်ကျောကို ပုတ်ပေးနေတာ ရပ်သွားပြီး ကျွန်တော့်ကို ပြန်လည်ဖက်တွယ်လာတဲ့အထိ ဖေဖေ့ကို ဖက်ထားမိတယ်။

ပြီးတော့ ကျွန်တော် ပြောလိုက်တယ်... "သား နောက်တစ်ခေါက်လောက် ထပ်ပြီး နှုတ်ဆက်ချင်လို့ပါ" လို့ သူတို့ကို ပြောလိုက်တယ်။

မေမေ မျက်ရည်ကျလာတယ်...။

ဖေဖေကတော့ အဝေးကို လှမ်းကြည့်နေခဲ့တယ်။

နောက်ဆုံး ကျွန်တော် တကယ်မောင်းထွက်လာတဲ့အချိန်မှာ၊ သူတို့နှစ်ယောက် အိမ်အဝင်လမ်းလေးမှာ ရပ်ပြီး လက်ယမ်းပြနေကြတုန်းပဲ။

ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ကို မမြင်ရတော့တဲ့အထိ ကျွန်တော်လည်း ပြန်ပြီး လက်ပြနေခဲ့မိပါတယ်။

ဘာလို့လဲဆိုတော့ တစ်နေ့နေ့မှာ ဒီအိမ်အဝင်လမ်းလေးဟာ ဘယ်သူမှမရှိဘဲ ကွက်လပ်ကြီး ဖြစ်သွားတော့မှာမို့လို့ပါ။

ပြီးတော့ ကျွန်တော့်ရဲ့ ကျန်ရှိတဲ့ဘဝသက်တမ်းမှာ 'အဲဒီတုန်းက မှန်ထဲကို နည်းနည်းလောက် ပိုကြည့်ခဲ့မိရင် ကောင်းမှာပဲ' ဆိုတဲ့ နောင်တတွေနဲ့ မရှင်သန်ချင်လို့ပါ။

Saya U Khin Zaw ( ဘာသာပြန်)

17/06/2026

အချစ်ဆိုတာ...

ကိုယ့်ကို ပျော်ရွှင်စေလို့ ချစ်တာမျိုးလည်း ရှိတယ်။

လုံခြုံမှု ပေးနိုင်လို့ ချစ်တာမျိုးလည်း ရှိတယ်။

ဒါပေမယ့်...

"သူက သူဖြစ်နေလို့" ဆိုတဲ့ အကြောင်းပြချက်မဲ့ ချစ်ခြင်းမျိုးကတော့ နှလုံးသားထဲကို အနက်ရှိုင်းဆုံး ရောက်သွားတတ်ပါတယ်။

"လက်ညှိုးထိုး၍ ပန်းဝေသည်" ဟာ သာမန် အချစ်ဝတ္ထုတစ်ပုဒ် မဟုတ်ပါဘူး။

ချစ်သူနှစ်ဦးရဲ့ သစ္စာရှိမှု၊
တစ်ယောက်အတွက် တစ်ယောက် အသက်ထက်ပိုတန်ဖိုးထားမှု၊
အဆုံးထိ လက်မလွှတ်ချင်တဲ့ ချစ်ခြင်းတရားတွေကို ဖတ်ရှုရမယ့် ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

ချစ်သူအတွက်ဆို...

မိုးကို လှေကားထောင်ပေးချင်တယ်...

ပင်လယ်ကို တံတားခင်းပေးချင်တယ်...

လက်ညှိုးထိုးလိုက်တဲ့ နေရာတိုင်းမှာ ပန်းတွေ ဝေဆာနေစေချင်တယ်...

အဲဒီလောက်ထိ ချစ်တတ်တဲ့ နှလုံးသားတစ်စုံရဲ့ အကြောင်းကို ဒီစာအုပ်မှာ တွေ့မြင်ရပါလိမ့်မယ်။

တစ်ခါတစ်ရံ...

ချစ်ခြင်းတရားဟာ ကံကောင်းခြင်းတစ်မျိုးဖြစ်တယ်။

တစ်ခါတစ်ရံ...

စစ်မှန်တဲ့ မေတ္တာတရားကို သဘာဝတရားကြီးကတောင် အသိအမှတ်ပြုတတ်တယ်။

ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ...

အချစ်ဆိုတာ ရယူခြင်းထက် ပေးဆပ်ခြင်းဖြစ်ကြောင်း...

သစ္စာရှိခြင်းဟာ အချစ်ရဲ့ အလှဆုံးပုံစံဖြစ်ကြောင်း...

ပိုပြီး နားလည်လာစေပါလိမ့်မယ်။

"ယောက်ျားရင့်မာကြီးတစ်ယောက်ကို မျက်ရည်ကျစေခဲ့တဲ့ စာအုပ်"

ဆိုတဲ့ စကားဟာ အပိုမဟုတ်ပါဘူး။

နှလုံးသားထဲထိ ရောက်သွားမယ့် အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ချင်ရင်...

📖 စာရေးဆရာ သိုးဆောင်း၏ "လက်ညှိုးထိုး၍ ပန်းဝေသည်" က လက်မလွတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။

ဆရာ သိုးဆောင်းရဲ့ ထွက်ရှိထား‌သော စာအုပ်များ

၁။ ခြေဆယ့်တစ်လှမ်း - ၁၀၀၀၀
၂။ ဟောဒါလက်ယာတောင်ဘက်ပါ - ၁၁၀၀၀
၃။ Revenge Story - ၁၀၀၀၀
၄။ သိသောသူမည်ကား ကြားပါစေ - ၁၁၀၀၀
၅။ အကြင်သူသည် - ၁၂၅၀၀
၆။ ခေါင်ရမ်းပန်းတို့ပွင့်နေပြီ - ၁၁၀၀၀
၇။ လက်ညှိုးထိုး၍ပန်းဝေသည် - ၁၃၀၀၀
၈။ ဤအရပ်တွင်မိုးရွာခဲ့သည် - ၁၀၀၀၀
၉။ ဧဒင်မြို့ကအပြေးသမား - ၁၀၀၀၀
၁၀။ ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏ - ၁၁၀၀၀
၁၁။ သုံးခါနမ်းမှပွင့်မယ့်ပန်း - ၉၅၀၀
၁၂။ ပ ဉ္စ လက် ရွာ - ၁၁၀၀၀
၁၃။ ဝင်ခွင့်မရမြို့ - ၁၀၀၀၀
၁၄။ မိုးမိနေသောအိပ်မက်များ - ၉၀၀၀
၁၅။ ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ - ၁၀၀၀၀
၁၆။ မုဆိုးမ ရွာ - ၁၁၀၀၀
၁၇။ Psycho software - ၉၅၀၀
၁၈။ သူဘယ်သူလဲ? - ၁၀၀၀၀
၁၉။ အပေအတေတစ်ယောက်ရဲ့ကျောင်းဆင်းချိန် - ၁၀၀၀၀
၂၀။ ငါ့အလင်းတံခါးမှာဖယောင်းတိုင်ထွန်းထားတယ် - ၉၀၀၀
၂၁။ ငါ့ရဲ့ဒေဝီ - ၁၁၀၀၀
၂၂။ ဟားမစ်ပျောက်ဆုံးခြင်း - ၉၀၀၀
၂၃။ ရွှေအတိပြီးသော - ၁၁၀၀၀
၂၄။ ကြယ်ကြွေမြို့တော် - ၁၀၀၀၀
၂၅။ လျှို့ဝှက် မြို့ရိုး၏ နောက်ဆုံးအုတ်ချပ် - ၁၁၀၀၀
၂၆။ အလင်းမြို့ - ၁၂၀၀၀

📚 စာအုပ်များကို Telegram ကနေလည်း မှာယူနိုင်ပါပြီ 📥

https://t.me/myabookshop


17/06/2026

❝သူက သူ၊ ကိုယ်က ကိုယ်ပဲ❞

စာဖတ်သူတို့ ပတ်ဝန်းကျင်မှာ လေးစားအားကျရတဲ့မိတ်ဆွေတွေရှိလား၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းကိုယ် ပြန်ပြီးတော့ လေးစားအားကျမိနေတာမျိုးရော…။

လူဆိုတာ ကိုယ့်ထက် သာတယ်ထင်တဲ့လူကို လေးစားအားကျတတ်တာ သဘာဝပါ၊ မနာလိုမရှုစိမ့်တဲ့စိတ်တွေ မဖြစ်ရင်ဘဲ ချီးကျူးစရာ ကောင်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက သူတို့ကို လေးစားတဲ့စိတ်၊ အားကျတဲ့စိတ်နဲ့ သူတို့လို သက်ဆိုင်ရာနယ်ပယ်မှာ ထူးချွန်ချင်တဲ့စိတ်ထက် မပိုနဲ့၊ အဓိပ္ပာယ်က ကိုယ့်ကိုယ်ကိုယ် သူများနဲ့ယှဉ်ပြီး အားမငယ်နဲ့။

သူက သူ၊ ကိုယ်က ကိုယ်လေဗျာ။ ဆရာဝန်က ဆေးကုတတ်တယ်၊ အားကစားသမားက အားကစားမှာတော်တယ်၊ အင်ဂျင်နီယာက လမ်းတံတားနဲ့ တိုက်တွေ ဆောက်တတ်တယ်၊ စက်ချုပ်သမက အင်္ကျီလှလှလေးတွေ ချုပ်တတ်တယ်၊ တောင်သူဦးကြီးတွေက စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ စိုက်တတ်တယ်၊ ကောက်စိုက်သမလေးက ကောက်စိုက်တတ်တယ်။

ဘယ်မှာလဲ… ဘာမှမလုပ်တတ်တဲ့လူ? ဘယ်မှာလဲ… ဘယ်နေရာမှာမှ အသုံးမဝင်တဲ့လူ? ဘယ်မှာလဲ… ကိုယ်ပိုင်အားသာချက်မရှိတဲ့လူ? အဲဒါကြောင့် ကိုယ့်ဘဝကို သူများဘဝနဲ့ ယှဉ်ကြည့်ပြီး စိတ်ပျက် အားငယ်မနေပါနဲ့၊ ပြီးတော့ သူများကိုလဲ နှိမ့်ချမဆက်ဆံပါနဲ့။

လမင်းမှာလဲ သူ့အဆင်းနဲ့ သူ့အလင်းနဲ့ ပိုးစုန်းကြူးမှာလဲ သူ့အရွယ်နဲ့ သူ့အစွယ်နဲ့ စွမ်းအားရှိသမျှ ထွန်းလင်းတောက်ပနိုင်တာ အသိအမှတ်ပြုပါ။ ဒီတော့ စာဖတ်သူတို့လုပ်ရမဲ့ တစ်ခုတည်းသောအရာက ကိုယ့်အားသာချက်ကို အကောင်းဆုံးအသုံးချပြီး ဘဝကို အတောက်ပဆုံး ဖန်တီးဖို့ပါပဲ။

(မျက်ကွယ်ပြုလို့မရလောက်အောင်ထူးချွန်ပြလိုက်ပါ စာအုပ်မှ)

🔸သူများကိုလုပ်ခိုင်းပြီး နာမည်ကောင်းယူပါ

သူတပါးရဲ အစွမ်းအစ - အသိအလိမ္မာ၊ အတတ်ပညာနဲ့ လုပ်အားတွေကို ကိုယ်ကျိုးအတွက် အသုံးချတတ်ရမယ်။ အချိန်နဲ့ ခွန်အား ချွေတာရာ ရောက်မှာဖြစ်သလို၊ နတ်ဘုရားလိုမျိုး ဘုန်းတန်ခိုး ကြီးထွားနေသလား အောက်မေ့ရလောက်အောင် ပြီးမြောက်မှုနဲ့ လျင်မြန်မှုအစွမ်းတွေ ရှိနေ သလို ဖြစ်သွားလိမ့်မယ်။ နောက်ကွယ်မှာ ခွန်အားပေးဆပ်ထားခဲ့သူတွေကျတော့ မေ့ပျောက်ခံဖြစ်သွားပြီး၊ နာမည်ယူနိုင်တဲ့ ကိုယ့်ကို လူတွေ မှတ်မိနေလိမ့်မယ်။ ကိုယ့်အတွက် သူများလုပ်ပေးလို့ ရနေရင် ဘယ်တော့မှ ကိုယ်တိုင်မလုပ်နဲ့။

(အာဏာစက် စာအုပ်မှ)

🔸လူတွေက အတ္တကြီးရုံလောက်နဲ့တင် မကျေနပ်နိုင်ကြပါဘူး။
သူတို့ကိုယ်သူတို့ ကောင်းသထက် ပိုကောင်း၊ မြင့်သထက် ပိုမြင့်တဲ့ ဟိတ်ကြီးဟန်ကြီးတွေအဖြစ် တွေးထင်ရမှ ဘဝင်ကျနိုင်တယ်။
အရှိန်အဝါ ရှိချင်ကြတယ်၊ ဂုဏ်သိက္ခာတွေ မက်မောကြတယ်။
ကောင်းတာဟူသမျှ လက်ဝယ်ရချင်ကြတယ်။ အဲဒီလိုနဲ့ပဲ ဘဝင်မြင့်ကုန်တယ်။
ကံကောင်းလို့ အောင်မြင်တယ်၊ လုပ်နိုင်ခဲ့လို့ ဒီအခြေအနေရောက်လာတာ၊ ငါမှ ငါစိတ်ကနေ မြှောက် စိတ်ပေါက်ပြီး ဘဝမေ့သွားတတ်တယ်။

(လူ့သဘောလူ့မနော စာအုပ်မှ)

မောရိသျှ ဘာသာပြန်ရေးသားထားသော စာအုပ်များ

၁။ မျက်ကွယ်ပြုလို့မရလောက်အောင် ထူးချွန်ပြလိုက်ပါ - 17000

၂။ လူ့သဘော လူ့မနော - 14000

၃။ တည့်တည့်တွေး - 8000

၄။ ငြိမ်သက်ခြင်း - 13000

၅။ ဆွန်ဇူး၏စစ်ပညာ - 7000

၆။ အာဏာစက် - 16000

၇။ မာယာပညာ - 14000

၈။ ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ - 9000

၉။ ပျားတမာ - 20000

၁၀။ ဘဝဥပဒေ ၅၀ - 22000

၁၁။ ဧကရာဇ်မင်း၏အတွေးမှတ်စု - 11000

📚 စာအုပ်များကို Telegram ကနေလည်း မှာယူနိုင်ပါပြီ 📥

https://t.me/myabookshop

16/06/2026

ကိုယ်က ဘယ်လို ငပျင်းမျိုးလဲ စစ်ကြည့်ရအောင်။

အောက်ပါ ဘယ်အချက်တွေနဲ့ ကိုက်ညီနေလဲ။ ကိုယ်ဟာ ငပျင်း ပေါက်စလေး လား၊ ငပျင်း လတ်လား၊ ငပျင်း ကြီးလား၊ Super ငပျင်းအကြီးဆုံးလား ဆိုတာကို သိရအောင် အမှတ်တွေနဲ့ သေချာ ဖော်ပြပေးထားပါတယ်။

၁၀ - ၃ဝ မှတ် ဆိုရင် ငပျင်း ပေါက်စလေး။

၄၀ - ၅ဝ မှတ် ဆိုရင် ငပျင်း လတ်။

၆၀ - ၈ဝ မှတ် ဆိုရင် ငပျင်း ကြီး။

၉၀ - ၁ဝဝ မှတ် ဆိုရင် Super ငပျင်း အကြီးဆုံးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါဆို စလိုက်ရအောင်.....

၁။ အခု လုပ်ရမယ့်အလုပ် ရှိနေတာကို အချိန်ဆွဲနေရင်။ (၁ဝမှတ်)

၂။ တစ်ကိုယ်ရေ သန့်ရှင်းရေးအားနည်းပြီး နေ့တိုင်း ရေချိုး ခေါင်းလျှော်တာမျိုး မရှိတာ။ အပြင်ထွက်ရင် လုံးဝ ခြေအစ ခေါင်းအဆုံး သပ်ရပ်သန့်ရှင်း ကျော့မော့နေမှု မရှိတာ။ (၁၀ မှတ်)

၃။ သူများတွေ ၁ နာရီလေးကို ၁ဝ သိန်းကျော် ရနေချိန်မှာ ကိုယ်က ၁ နာရီကို ၁ သောင်းလေးပဲ ရနေတာကို သိလျက်နဲ့ ပြောင်းလဲဖို့ မကြိုးစားတာ။ (၁၀ မှတ်)

၄။ ကိုယ် ကျွမ်းကျင်စွာ ရသင့်နေပြီဖြစ်တဲ့ Skill တစ်ခုကို မရတာကြောင့် သူများတွေရဲ့ အနိုင်ကျင့်ခံ၊ အနှိမ်ခံဖြစ်နေတာကို သိရဲ့သားနဲ့ လေ့ကျင့်ဖို့ အချိန်မပေးတာ။ (၁၀ မှတ်)

၅။ အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ် ပြောပြီး လေထဲမှာပဲ တိုက်အိမ်ဆောက်နေတယ်။ အပြင်လောကမှာ တစ်ခုခုပြီးအောင်အထိ အသေ အကျေ ကြိုးစားရမှာကိုတော့ မေ့နေတယ်။ (၁၀မှတ်)

၆။ ကိုယ်က ဘယ်လို နေထိုင် စားသောက်ပြုမူရင်တော့ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ Energy က ကောင်းလာပြီး ဘာလုပ်လုပ် အဆင်ပြေလာမယ်၊ ယုံကြည်မှုတွေ ရှိလာမယ် ဆိုတာကို ရှာဖွေမနေသူ။ (၁၀ မှတ်)

၇။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေက ကိုယ့်မှာပဲ ရှိတယ်။ ကိုယ် ဖြစ်ချင် တာတွေ၊ ကိုယ်လိုချင်တာတွေကလည်း ကိုယ်ကပဲ ရအောင်လုပ်ပေးနိုင်မယ် ဆိုတာကို မသိဘဲ အားကိုးရမယ့်သူကို ရှာနေတာ။ (၁၀ မှတ်)

၈။ ကိုယ့်အမှား၊ ကိုယ့်အားနည်းချက်ကို ဝန်မခံဘဲ သူများကိုပဲ အပြစ်တင်နေတာ။ အထူးသဖြင့် ကိုယ်မချမ်းသာတာ မိဘကြောင့်လို့ ထင်နေတာ။ (၁ဝ မှတ်)

၉။ မနက်ဖြန် Deadline မှ အသည်းအသန် ညလုံးပေါက် မအိပ်ဘဲ လုပ်တာ။ တစ်ရက်လောက် လိုသေးရင်တောင် ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်နေတာ။ ဒီထက်ဆိုးတာက ဒီတစ်ခါတော့ ရှိပါစေတော့ဆိုပြီး လက်လျှော့လိုက်တာ။ (၁ဝမှတ်)

၁ဝ။ ကိုယ့်ဘဝကြီးကပဲ အဆိုးဆုံး၊ ကိုယ်ကသာ အပင်ပန်းအခံရဆုံး ဆိုပြီး အမြဲညည်း၊ အမြဲမကောင်းမြင်စိတ်များကာ ပြောင်းလဲဖို့ မကြိုးစားတဲ့ အပြင် ကိုယ့်ဘဝထဲက ကံကောင်းခြင်းတွေကိုပါ မေ့ပစ်သူ။ (၁ဝ မှတ်)

ကဲ… ဒီလောက်ဆိုရင်ကိုယ့်ရဲ့ အမှတ်ပေါ်မူတည်ပြီး ကိုယ် ဘယ်လောက် ပျင်းတဲ့သူဆိုတာ သိသွားမယ် ထင်ပါတယ်။

ကိုယ် ပျင်းတယ်ဆိုတာကို သိရင် အခုချက်ချင်း လုပ်ရမှာတွေကို အမြန်ဆုံး ပြီးမြောက်အောင် အနှောင့်အယှက်တွေကို ဂရုမစိုက်ဘဲ ၁ဝဝ% အာရုံစိုက်မှုအပြည့်နဲ့ အပျင်းရောဂါကို လုံးဝ ပျောက်ကင်းတဲ့အထိ ကုသရအောင်။

တစ်ရက်တည်းနဲ့ မပျောက်ဘူးနော်။ နေ့တိုင်းက လုပ်ရမယ့်အလုပ်တွေ ပြီးကာ နောင်တ လုံးဝ မရှိအောင်အထိ ကိုယ့်ကိုယ်ကိုယ် သေချာ ထိန်းသိမ်းနေမှ ဒီရောဂါက လွတ်မြောက်နိုင်မှာပါ။ ဒါကြောင့် သတိကပ်ပါ။ အလုပ်ပြီးမြောက်တဲ့ ရက်လေးတွေ များလာရင် ကောင်းတဲ့ ရလဒ်တွေကိုလည်း ခံစားလာရမှာ အသေအချာပဲ။

နေ့စဉ် ဒီစာလေးကို ပြန်ဖတ်ပြီး ငါ ဘယ်လောက် ပျင်းနေလဲဆိုတာ သိအောင် စစ်နိုင်သလို ငါ တစ်ခုခုလုပ်မှ ဖြစ်တော့မှာပါလားဆိုတဲ့ စိတ်လေး ဝင်သွားဖို့ ရည်ရွယ်ပြီး ရေးထားတာဖြစ်လို့ အကျိုးကျေးဇူး လုံးဝရှိမယ်ဆို တာ ယုံကြည်ပါတယ်။

သုံးတတ်သူအတွက်ကတော့ တကယ့် ငပျင်းပျောက်ဆေးပါ။

သဇင်ကျော်

#ကမ္ဘာပေါ်မှာ_အပျင်းဆုံးလူသားလေး_ငါ_ဖတ်ရန်
🔸၁၅၀၀၀ ကျပ်

📚 စာအုပ်များကို Telegram ကနေလည်း မှာယူနိုင်ပါပြီ 📥

https://t.me/myabookshop

15/06/2026

“အခြေအနေတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ဘဝကို ဖျက်ဆီးနေတယ်လို့ ထင်မြင်တိုင်းမှာ တကယ်တမ်း ခင်ဗျားဘဝကိုဖျက်ဆီးနေတာဟာ ခင်ဗျားကိုယ်တိုင်ပဲဆိုတာကို သတိရပါ။ တစ်ခုခုရဲ့ သားကောင်လို့ ခံစားနေရတာဟာ ဘဝကိုဖြတ်သန်းတဲ့နေရာမှာ လုံးဝပျက်စီးစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။”

ကိုယ့်ကိုယ်ကိုယ် သနားစိတ်ကြီးအပေါ်မှာ တွယ်ကပ်မနေခြင်းဟာ စိတ်ကျန်းမာရေးအတွက် ရွှေစည်းမျဉ်းပဲ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ဘဝပဲဖြစ်ဖြစ် အခြားသူတစ်ယောက်ရဲ့ ဘဝပဲဖြစ်ဖြစ် ဘဝဟာ ပြီးပြည့်စုံမှုမရှိဘူးဆိုတဲ့အချက်ကို လက်ခံပါ။ ရိုမန်ဒဿနပညာရှင် ဆီနီကာ ပြောသလိုပါပဲ “ခင်ဗျားဆီကို ပစ်ပေါက်တာတွေခံရမယ်။ ခင်ဗျားကို ထိမှန်တာတွေလည်းရှိမယ်။ ဘဝမှာ ပျော့ပျောင်းတဲ့ ကိစ္စရပ်ဆိုတာ မရှိပါဘူး” ဆိုတာကို နှလုံးသွင်းထားသင့်ပါတယ်။

အဲဒီကနေ ဘာကိုနားလည်နိုင်သလဲဆိုတော့ “ခင်ဗျား မပျော်ရွှင်နေဘူးဆိုရင် မပျော်ရွှင်စရာတွေပဲ ဖြစ်နေမှာပါ” ဆိုတာကိုပါ။ ခင်ဗျားဘဝမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို လျော့ပါးသက်သာအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုရင် လုပ်လိုက်ပါ။ မလုပ်နိုင်ဘူးဆိုရင်တော့ အဲဒီအခြေအနေကို နားလည်လက်ခံနိုင်ဖို့ ကြိုးပမ်းပါ။ ညည်းညူပြစ်တင်နေခြင်းဟာ အချိန်ဖြုန်းတာ သက်သက်ပါပဲ။

ကိုယ့်ကိုယ်ကိုယ်သနားနေတာဟာ အလုပ်မဖြစ်စေရုံမျှမက နှစ်ဆဆိုးရွားစေပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် သနားနေမယ်ဆိုရင် ပထမအနေနဲ့ ခင်ဗျားဟာ ခင်ဗျားရဲ့ မပျော်ရွှင်မှုတွေကို ကျော်လွှားဖို့ရာ ဘာမှလုပ်ဖြစ်မှာမဟုတ်တော့ပါဘူး။ ဒုတိယအနေနဲ့ ခင်ဗျားရဲ့ မူလ မပျော်ရွှင်မှုထဲကို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမှုဆိုတဲ့ လောင်စာကို လောင်းထည့်နေသလို ဖြစ်ပါလိမ့်မယ်။

("ရိုးရှင်းသောအကျင့် ကောင်းမွန်သောဘ၀" စာအုပ် “ကိုယ့်ကိုယ်ကိုယ်သနားမှု ဝဲကတော့” ဆောင်းပါးမှ)

ဆရာကက်စပါဇော်၏ ထွက်ရှိထားသော စာအုပ်များ

၁။ အားထုတ်မှုနည်းနည်းနဲ့ ရလဒ်များများရအောင်လုပ်ပါ - ၂၁၀၀၀ ကျပ်

၂။ ရိုးရှင်းသောအကျင့် ကောင်းမွန်သောဘဝ - ၁၇၀၀၀ ကျပ်

၃။ အရေးပါတာကိုအာရုံစိုက်ပါ - ၁၉၀၀၀ ကျပ်

၄။ လူမကြိုက်တာခံရဲတဲ့သတ္တိ - ၁၇၀၀၀ ကျပ်

၅။ ခင်ဗျားဟာထင်သလောက်လည်း စမတ်မဖြစ်ပါဘူး - ၂၁၀၀၀ ကျပ်

၆။ တာအိုတိချင်း - ၁၀၀၀၀ ကျပ်

၇။ ပုန်းကွယ်နေတဲ့သဟဇာတဖြစ်မှု - ၁၉၀၀၀ ကျပ်

၈။ ရှင်းလင်းစွာစဉ်းစားခြင်းအနုပညာ - ၁၅၀၀၀ ကျပ်

၉။ ဇာရသုစတြ ဒီလို ပြောခဲ့တယ် - ၃၀၀၀၀ ကျပ်

📚 စာအုပ်များကို Telegram ကနေလည်း မှာယူနိုင်ပါပြီ 📥

https://t.me/myabookshop

15/06/2026

Move On လုပ်နည်း.......

(၁) မေ့နိုင်အောင် မကြိုးစားပါနဲ့

လူတစ်ယောက်ကို Move On လုပ်ချင်ပါတယ်ဆိုရင် မေ့နိုင်အောင် မကြိုးစားပါနဲ့။ အဲဒီသူနဲ့ ကိုယ်ဟာ လုံးဝ ပေါင်းစည်းလို့ မဖြစ်နိုင်တော့လောက်အောင် ရေစက်တွေ ကုန်သွားကြပြီဆိုတာကို လက်ခံနိုင်အောင် ကြိုးစားပါ။

ကျွန်တော်တို့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ နေရာယူခဲ့တဲ့ လူတစ်ယောက်ကို မေ့နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူ့နဲ့ တကယ်ဝေးသွားပြီဆိုတာကိုပဲ လက်ခံနိုင်အောင် ကြိုးစားပါ။

ဒီနည်းလမ်းက ရင်ကွဲမတတ် နာကျင်ရနိုင်ပေမဲ့ အချိန်တို အတွင်းမှာ ချစ်ရသူကို Move On လုပ်နိုင်သွားမှာပါ ။

(၂) သူ့ကို လုံးဝ မဆက်သွယ်ပါနဲ့

သင်နဲ့ သူဟာ ချစ်ခွင့်သာ ရှိခဲ့ကြပြီး တစ်ယောက်ကိုတစ် ယောက် ပိုင်ဆိုင်ခွင့် မရှိခဲ့ကြပါဘူး။

သင်နဲ့ သူဟာ ကံကုန်သွားပြီမို့ လုံးဝ ပြန်မဆုံနိုင်ကြတော့ပါဘူး။ ဒါကို လက်ခံပြီး သူ့ကိုဆက်သွယ်လို့ရနိုင်မယ့် ဖုန်းနံပါတ်တွေ Contact ထဲက အကုန်ဖျက်ပါ။ သူ့ဆီ စာပို့ချင်စိတ်ကို ထိန်းချုပ်ပါ။ သူ့ Account ထဲ ဝင်ကြည့်တာကို ရပ်ပါ။

နောက်ဆုံး သူ့ကို ဆက်သွယ်ချင်တဲ့စိတ်က ထိန်းမရအောင် ဖြစ်လာပြီဆိုရင်

“ငါ့ကြောင့် သူ အနှောင့်အယှက်မဖြစ်စေရဘူး” ဆိုတာလေးကို တွေးလိုက်ပါ။

(၃) သူနဲ့ သင်ဟာ ဒီတစ်သက် မဖြစ်နိုင်တော့ဘူးဆိုတာ သတိရပါ

သင်က သူ့အတွက် မဟုတ်သလို သူကလည်း သင့်အတွက် မဟုတ်တာမို့ သင်တို့ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားခဲ့ကြတာပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ရေစက်ပါတဲ့အခါ မိုင်ပေါင်း သောင်းချီဝေးကွာနေရင်တောင် ဆုံစည်းရတတ်ပြီး ရေစက်မပါတဲ့အခါ တစ်လမ်းတည်း အတူနေရင်တောင် မဆုံစည်းရတတ်ပါဘူး။

သင်နဲ့ သူက ရေစက်တွေပါလို့ ဆုံစည်းခဲ့ရပေမဲ့ အခု ရေစက်တွေ ကုန်သွားတဲ့အခါမှာတော့ ပြန်လည်ဆုံစည်းဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် သူ့ကို သတိတစ်ချက်ရတိုင်း သူနဲ့ သင်ဟာ ဒီတစ်သက် ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးဆိုတာ တွေးတောပါ။

(၄) လက်ခံနိုင်အောင် ကြိုးစားပါ

သူနဲ့ သင်ဟာ တကယ်ဝေးသွားကြပြီဖြစ်ကြောင်း လက်ခံ နိုင်အောင် ကြိုးစားပါ။ အရာအားလုံးကို လက်ခံတတ်လာတဲ့အခါ အမြန်ဆုံး လွတ်မြောက်သွားမှာပါ။

(၅) ခံစားချက်ကို အသိအမှတ်ပြုပါ

အသက်ထက်ဆုံး ချစ်ရသူနဲ့ မထင်မှတ်ဘဲ ဝေးကွာသွားတဲ့အခါ ကျွန်တော်တို့ နာကျင်ခံစားရပါမယ်။

ဒီလိုခံစားရတဲ့အခါ ခံစားချက်အတိုင်း လိုက်လျောပါ။ ငိုကြွေးလိုပါတယ်ဆိုရင် ငိုကြွေးပါ။ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး ရင်ဖွင့်ချင်တယ်ဆိုရင် ချက်ချင်း ဖုန်းဆက်ပါ။

“ငါ မငိုဘူး” “ငါ စိတ်မညစ်ဘူး” ဆိုပြီး တင်းခံမထားပါနဲ့။ အသည်းကွဲချိန်လေးတော့ ကိုယ့်စိတ်လေးအလိုကျ ဖြည့်ဆည်းပေးရပါမယ်။

အပေါ်မှာ ပြောပြပေးခဲ့တဲ့ အချက်လေးတွေက သင်ချစ်ရတဲ့ အဲဒီလူကို အမြန်ဆုံး Move On လုပ်နိုင်စေမှာပါ။ Move On လုပ် ပြီးသွားတဲ့အခါ၊ ဒဏ်ရာတွေ အနာကျက်သွားအခါ အရင်ကထက် ပိုလှလာပါ။ ပိုပြီး မာကျောလာပါ။ ပိုပြီး ရင့်ကျက်လာပါနော်။

ဆရာသော်တာမင်း၏ထွက်ရှိထားသော စာအုပ်များ

၁။ ဘုရားတပည့်တော်ဘဝ အမြန်ဆုံးအေးချမ်းပါရစေ - ၁၃၀၀၀ ကျပ်
၂။ မျက်ရည်လွယ်သူများဖတ်ဖို့ - ၈၀၀၀ ကျပ်
၃။ လူငယ်တစ်ယောက်စိတ်ဓာတ်ကျနေသည် - ၉၀၀၀ ကျပ်
၄။ သတိရတဲ့အခါ မေတ္တာပို့ပါ - ၁၁၀၀၀ ကျပ်
၅။ နင့်နေအောင် ချစ်ခဲ့မိ၍ ရူးနေအောင် နာကျင်ရပါသည် - ၈၀၀၀ ကျပ်
၆။ ငယ်ရွယ်တုန်းမှာ ရူးခါနေအောင် ကြိုးစားပါ - ၈၅၀၀ ကျပ်

📚 စာအုပ်များကို Telegram ကနေလည်း မှာယူနိုင်ပါပြီ 📥

https://t.me/myabookshop

Send a message to learn more

" ​နှလုံးသားပေါ်က ဓာတ်ပုံလေးတစ်ပုံ "သူမ တံခါးကို ဖွင့်လိုက်တဲ့အခါ၊ တံခါးရှေ့မှာ ရပ်နေတဲ့ လူထွားကြီးကို၊ ကြောင်အမ်းအမ်းနဲ...
15/06/2026

" ​နှလုံးသားပေါ်က ဓာတ်ပုံလေးတစ်ပုံ "

သူမ တံခါးကို ဖွင့်လိုက်တဲ့အခါ၊ တံခါးရှေ့မှာ ရပ်နေတဲ့ လူထွားကြီးကို၊ ကြောင်အမ်းအမ်းနဲ့ စိုက်ကြည့်နေမိပါတယ်။
" ရှင် ဘယ်သူလဲဟင် " လို့ သူမက၊ အနည်းငယ် တုန်ရင်နေတဲ့ လေသံနဲ့ မေးလိုက်မိပါတယ်။

တံခါးရှေ့မှာ ရပ်နေတဲ့ လူက တကယ့်ကို လူကောင်ကြီးထွားလှပါတယ်။ အရပ်အမောင်းက အနည်းဆုံး ၆ ပေ ၃ လက်မလောက် ရှိပြီး၊ ကိုယ်လုံးကိုယ်ထည်ကလည်း အိမ်တံခါးပေါက်တစ်ခုစာလောက် ရှိပါတယ်။

မျက်နှာမှာ မုတ်ဆိတ်မွေးတွေကို ပြောင်စင်အောင် ရိတ်ထားပြီး၊ ဆံပင်ပုံစံကလည်း မယုံနိုင်လောက်အောင် သပ်သပ်ရပ်ရပ်ရှိပါတယ်။

စတိုင်ကျတဲ့ ဝတ်စုံကိုလည်း အပြည့်ဝတ်ဆင်ထားပါသေးတယ်။
အဲဒီဝတ်စုံ​ကြောင့်နေရထိုင်ရတာ၊ စိတ်မသက်မသာ ဖြစ်နေပုံတော့ရပါတယ်။ သူ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်၊ ဝတ်ဆင်ဖူးတဲ့ ဝတ်စုံလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ ကြီးမားလှတဲ့ လက်နှစ်ဖက်ထဲမှာတော့၊ စက္ကူဘူးလေးတစ်ခုကို ဂရုတစိုက် ကိုင်ထားပါတယ်။ ဘူးထဲမှာ အမျိုးသမီးတွေရဲ့ လက်ကောက်ဝတ်မှာ ပတ်ချင်ပတ်... ဒါမှမဟုတ် ရင်ဘတ်မှာ ထိုးရတဲ့ ပန်းစည်းလေး တစ်ခု ပါပါတယ်။

အသားမာတက်နေတဲ့ သူ့ရဲ့လက်ကြီးတွေက ဒီလောက်အထိ နုနယ်လွန်းတဲ့ ပစ္စည်းတစ်ခုကို ကိုင်တွယ်ဖို့ မထိုက်တန် သလိုပါပဲ။

ကောင်မလေးက သူ့ကို တကယ်ပဲ မမှတ်မိတာပါ။ သူမနဲ့ ဒီလူကြီးတို့ သိကျွမ်းခဲ့တာ နှစ်နှစ်တောင် ရှိပေမယ့်၊ တကယ့်လူစိမ်းတစ်ယောက်ကို ကြည့်နေသလိုမျိုး တံခါးဝမှာ မတ်တပ်ရပ်ရင်း စိုက်ကြည့်နေတာပါ။

အဲဒီနောက်မှာတော့ သူက ကောင်မလေးကို ပြုံးပြလိုက်ပါတယ်။
" သမီး..."
အခြားအရာအားလုံးထက် သူ့ရဲ့အသံကပဲ သူ ဘယ်သူလဲဆိုတာကို ဖော်ပြပေးလိုက်ပါပြီ။ဒီအသံကတော့ အမြဲကြားနေကျ ဩဇာရှိပြီး ကြမ်းရှရှနဲ့ တုန်ခါနေတဲ့ အသံကြီးပဲ ဖြစ်ပါတယ်။

"ဦးလေးပါ သမီးရဲ့... ဦးလေး 'မိုက်' လေ။ ဦးလေး မုတ်ဆိတ်မွေးတွေ ရိတ်လိုက်လို့ပါ။"

သူမဟာ တကယ့်ကို အံ့အားသင့်သွားပြီး အသက်ရှူမှားမတတ် ဖြစ်သွားပါတယ်။ အလွန်အမင်း အံ့သြသွားတဲ့အတွက် လက်ဖဝါးနဲ့ ပါးစပ်ကို အုပ်ရင်း ရယ်မောလိုက်ပါတော့တယ်။

ပြီးခဲ့တဲ့ ၂_နှစ်လုံးလုံးမှာ၊ သူမဟာ ဒီလူကြီးကို မီးခိုးရောင်ဖြူမွမွ မုတ်ဆိတ်မွေးအရှည်ကြီးတွေ၊ ဆံပင်အရှည်ကြီးတွေ၊ သားရေဂျာကင်အင်္ကျီတွေနဲ့ပဲ မြင်တွေ့ခဲ့ရတာပါ။

ဦးလေး'မိုက်' ဆိုသူက အလုပ်သမားလူတန်းစားတွေနေထိုင်တဲ့ မြို့လေးတစ်မြို့က၊ မော်တော်ဆိုင်ကယ်ကလပ်ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

သူ့ အသက်က ၅၈ နှစ် ရှိပါပြီ။ သူပုံစံက ကြမ်းတမ်းတဲ့အတွက်... လမ်းမှာတွေ့တဲ့ လူတိုင်းက၊ ကြောက်လန့်တကြားနဲ့ သူတို့ရဲ့ကားတံခါးတွေကို ချက်ချင်းလော့ခ်ချပစ်ကြတယ်လို့ ရယ်ရယ်မောမောနဲ့ ဝန်ခံလေ့ရှိတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူဟာ ၁၉၈၀ ခုနှစ်လောက်ကတည်းက မုတ်ဆိတ်မွေးကို တစ်ခါမှ မရိတ်တော့ပါဘူး။

နှစ်ပေါင်း ၄၀ လောက် ဆိုင်ကယ်အကြီးကြီးကိုပဲ စီးလာခဲ့တဲ့တာမို့ သူ့မှာ အိမ်စီးကားလည်း တစ်စီးမှ မရှိပါဘူး။

ဒါပေမဲ့ အဲဒီညမှာတော့ 'မိုက်'က သူငယ်ချင်းတစ်ယောက်ဆီကနေ အိမ်စီးကား တစ်စီးကို ငှားလာခဲ့ပါတယ်။

မိန်းကလေးငယ်တစ်ယောက်ကို ကပွဲဝတ်စုံအရှည်ကြီး အရှည်ကြီးနဲ့ ဆိုင်ကယ်နောက်မှာ တင်ခေါ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးမဟုတ်လား။

သူဟာ အနှစ်သုံးဆယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆံပင်ညှပ်ဆိုင်ကို သွားခဲ့ပါတယ်။

ဝတ်စုံ တစ်စုံကို ဝယ်ပြီး သူ့ကိုယ်လုံးနဲ့ အံကိုက်ဖြစ်အောင် အပ်ချုပ်ဆိုင်မှာ သေသေချာချာ ပြန်ပြင်ချုပ်ခဲ့ပါတယ်။

သူ့ရဲ့ အမှတ်လက္ခဏာတစ်ခုလို ဖြစ်နေတဲ့ မုတ်ဆိတ်မွေးတွေကို ရိတ်ပစ်ခဲ့ပါတယ်။ ဒါတွေအားလုံးကို လုပ်ခဲ့ရတာ လေးနက်တဲ့ အကြောင်းအရင်း တစ်ခုရှိလို့ပါ။

ဒီအသက် ၁၆ နှစ်အရွယ် ကလေးမလေးမှာ မိဘလည်းမရှိ၊ ပိုက်ဆံလည်းမရှိသလို၊ သူမအတွက် အခုလိုမျိုး လုပ်ပေးမယ့်သူလည်း မရှိရှာပါဘူး။

သူမဟာ အထက်တန်းကျောင်းပြီးဆုံးခါနည်း၊ကျောင်းသားပွဲတော်ကို သွားရတော့မှာဖြစ်ပေမဲ့၊ အမှတ်တရဓာတ်ပုံတွေ ရိုက်ပေးဖို့ ဒါမှမဟုတ် သူမ ပွဲသွားတာကို လိုက်ပို့ပေးမယ့် ဖခင်ဆိုတာလည်း မရှိခဲ့ပါဘူး။

ဒီအကြောင်းကို မော်တော်ဆိုင်ကယ်ကလပ်က အဖွဲ့သားတွေ သိသွားတဲ့အချိန်မှာတော့၊ သူတို့ဟာ တိတ်တဆိတ် တိုင်ပင်ပြီး အလှူငွေ စုဆောင်းခဲ့ကြပါတယ်။

အများက ကြောက်စရာကောင်းတယ်လို့ သတ်မှတ်ထားတဲ့ လူကြမ်းကြီးတွေဟာ၊ အစည်းအဝေးတစ်ခုမှာ သူတို့ရဲ့ အိတ်ကပ်တွေထဲက ပိုက်ဆံတွေကို ထုတ်ပေးခဲ့ကြပါတယ်။ မိဘမဲ့ကောင်မလေးအတွက် လှပတဲ့ ဂါဝန်၊ ဖိနပ်နဲ့ ဆံပင်အလှပြင်ဖို့ ကုန်ကျစရိတ်တွေအတွက် စိုက်ထုတ်ပေးခဲ့ကြတာပါ။

ပိုက်ဆံရှာပေးဖို့ကတော့ လွယ်ကူတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပေမဲ့၊ ပိုပြီးကြီးမားတဲ့ မေးခွန်းတစ်ခုကိုတော့ မဖြေရှင်းနိုင်ခဲ့ပါဘူး။

'အဖေတစ်ယောက်ရဲ့ တာဝန်ကို ဘယ်သူက လုပ်ပေးမှာလဲ...?'
အိမ်ရှေ့တံခါးဝကို ပန်းစည်းအလှလေးနဲ့ ရောက်လာပြီး၊ သူမကို ပွဲထဲအထိ လက်တွဲခေါ်သွားပေးရမှာဖြစ်ပါတယ်။

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အသက် ၅၈ နှစ်အရွယ် ကလပ်ရဲ့ဥက္ကဋ္ဌကြီးက 'ငါ လုပ်မယ်' လို့ ရိုးရိုးရှင်းရှင်းလေးပဲ ပြောလိုက်ပါတယ်။

'မိုက်'ဟာ ကမ္ဘာကြီးက ပစ်ပယ်ထားတဲ့ မိန်းကလေးတစ်ယောက်အတွက် သူ့ရဲ့ မုတ်ဆိတ်မွေး၊ သူ့ရဲ့ သားရေဂျာကင်၊ သူ့ရဲ့ ဆိုင်ကယ်နဲ့ နှစ်ပေါင်းသုံးဆယ်လုံးလုံး ဝတ်ဆင်လာခဲ့တဲ့၊ အဝတ်တန်ဆာတွေကို စွန့်လွှတ်ခဲ့ပါတယ်။

ဘယ်သူမှ တောင်းဆိုအကြံပြုစရာမလိုဘဲလုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှေ့ဝရန်တာမှာ ရပ်နေရင်းနဲ့၊သူ့ရဲ့ ကြီးမားလှတဲ့ လက်ကြီးတွေနဲ့ ကောင်မလေးရဲ့ လက်ကောက် ဝတ်နေရာမှာ၊ အလှပန်းစည်းလေးကို ချည်နှောင်ပေးပါတယ်။

ပန်ပွင့်လေးကြေမွသွားမှာ စိုးရိမ်နေတဲ့အတွက် လက်တွေက အနည်းငယ်တုန်ရီ နေပါတယ်။ ကောင်မလေးကလည်း သူ့ကို ပြန်ကူညီပေးပါတယ်။

နှစ်ယောက်စလုံး အလွဲလွဲ အချော်ချော် ဖြစ်နေတာကို ကြည့်ပြီး ရယ်မောကြပါတယ်။

​သူမကို ငှားလာတဲ့ ကားဆီ ခေါ်သွားပြီး တကယ့် အရေးကြီးတဲ့သူတစ်ယောက်ကို ဆက်ဆံသလိုမျိုး ကားတံခါးကို ဖွင့်ပေးခဲ့ပါတယ်။

သူမက အပြာရင့်ရောင် ဂါဝန်ရှည်ကြီးကို သိမ်းကျုံးမကာ၊ ကားထဲကို ဘုရင်မတစ်ပါးလိုမျိုး ဝင်ထိုင်လိုက်ပါတယ်။

သူမကို ကျောင်းဆီ ကားမောင်းပို့ပေးခဲ့ပါတယ်။ သူမ ကားပေါ်ကနေ ခြေချလိုက်တဲ့အခါ၊ ဆိုင်ကယ်သမား ကြီးက သူ့ရဲ့လက်မောင်းကို ကမ်းပေးခဲ့ပါတယ်။

သူမကလည်း သူ့ရဲ့လက်မောင်းကို ချိတ်လိုက်ပါတယ်။ မိဘမဲ့ မိန်းကလေးငယ်လေးနဲ့ ဆိုင်ကယ်သမားကြီးတို့ဟာ၊ မြက်ခင်းပြင်ကို ဖြတ်ပြီး ကျောင်းဝင်းထဲကို အတူတူ လျှောက်လာခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ဟာ လက်ချင်းချိတ်ရင်း ပွဲကျင်းပရာနေရာရဲ့ တံခါးဝကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပါတယ်။အထဲက ဆယ်ကျော်သက်တွေနဲ့ အုပ်ထိန်းသူတွေ တော်တော်များများက လှည့်ကြည့်ပြီး တအံ့တဩ ဖြစ်သွားကြပါတယ်။

တကယ်တော့ သူတို့ရဲ့အစီအစဉ်က ရိုးရိုးရှင်းရှင်းလေး ပါ။ 'မိုက်' က သူမကို ပွဲလိုက်ပို့မယ်။ တံခါးဝအထိ အဖေတစ်ယောက်လို တင့်တင့်တယ်တယ် လိုက်ပို့ပေးမယ်။ ဓာတ်ပုံရိုက်မယ်။ ပြီးရင် ကားထဲမှာ သွားစောင့်နေမယ်ပေါ့။

သူမကို သိက္ခာရှိရှိ ပွဲတက်နိုင်အောင် လုပ်ပေးခြင်းကပဲ သူ့ရဲ့ လက်ဆောင်ဖြစ်ပါတယ်။

ဒါပေမဲ့ တံခါးဝကျော်ပြီး အထဲရောက်တဲ့အခါ၊ ဆူညံသံတွေနဲ့ မီးရောင်စုံတွေကြားထဲမှာ ကောင်မလေးက ရုတ်တရက် အရှိန်သတ်ပြီး ရပ်လိုက်ပါတယ်။

သူမက လှည့်ပြီး 'မိုက်'ကို မော့ကြည့်လိုက်တယ်။ သူမရဲ့ အပြင်ပန်းက ဟန်ဆောင်ထားသမျှ သတ္တိအားလုံးက ပျောက်ကွယ်သွားပါပြီ။

တခြားကျောင်းသားတွေမှာ အဖေတွေ၊ အမေတွေ၊ သူငယ်ချင်းအုပ်စုတွေနဲ့ ကိုယ်စီအားကိုးရာ ရှိကြပါတယ်။ ဒီလို အားကိုးစရာမိသားစုမျိုး သူမမှာ မရှိပါဘူး။

"ဦးလေးမိုက်...' လို့ သူမက တိုးတိုးလေးခေါ်လိုက်ပြီး ပြောပါတယ်။

"ဦးလေး ဒီမှာပဲ နေပေးလို့ ရမလားဟင်။ သမီး ဒီမှာ ရင်းရင်းနှီးနှီး သူငယ်ချင်းလည်း မရှိလို့ပါ။ "

သူမက ဘဝတစ်လျှောက်လုံး ဟိုအိမ်ရွှေ့လိုက်၊ ဒီအိမ်ရွှေ့လိုက်နဲ့ နေထိုင်ခဲ့ရတာမို့၊ သူငယ်ချင်းအဖြစ် ရင်းနှီးတဲ့သံယောဇဉ်မျိုး တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့အချိန်ကာလတွေ မရရှိခဲ့ပါဘူး။

ဒီနေရာ တစ်ခုလုံးမှာ သူမရဲ့ ကိုယ်ပိုင် အားကိုးရာက ဒီလူကြီးပဲရှိပါတယ်။

မိုက်က သူမကို ငုံ့ကြည့်လိုက်ပြီး .....
"ရတာပေါ့ သမီးရဲ့။ ဦးလေး ဘယ်မှမသွားပါဘူး' လို့ ပြောလိုက်ပါတယ်။

'မိုက်' တစ်ယောက် ကျောင်းသားမိဘနဲ့ စေတနာ့ ဝန်ထမ်းတွေ ထိုင်တဲ့ စားပွဲဝိုင်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

စားပွဲဝိုင်းမှာ လွတ်နေတဲ့ ခေါက်ကုလားထိုင် သေးသေးလေးပေါ်မှာ သူ့ရဲ့ ကြီးမားထွားကျိုင်းလှတဲ့ ကိုယ်ခန္ဓာကြီးကို ထိုင်ချလိုက်ပါတယ်။

သူဟာ တခြားမိဘတွေနဲ့ စကားစမြည်ပြောဖို့ မကြိုးစားခဲ့ပါဘူး။ ဘေးစွန်းလေးမှာပဲ ထိုင်နေပြီး၊ သူမကိုပဲ ကြည့်နေခဲ့ပါတယ်။

သူမက ပွဲခင်းအခြေအနေနဲ့ အသားကျဖို့ အချိန်အများကြီး မယူခဲ့ရပါဘူး။ မိန်းကလေးအချို့က သူမကို၊ သူတို့အုပ်စုထဲ ဆွဲခေါ်သွားပြီးနောက် အတူတူ ကခုန်ပြီး ပျော်ပျော်ရွှင်ရွှင် ရယ်မောနေပါတယ်။

ဒါပေမဲ့ မကြာခဏဆိုသလိုပဲ၊ 'မိုက်' ရှိနေသေးရဲ့လားဆိုတာ သေချာအောင် ခန်းမကြီးကို ဖြတ်ပြီး မိဘတွေထိုင်တဲ့ စားပွဲဝိုင်းဆီကို လှည့်လှည့်ကြည့်လေ့ ရှိပါတယ်။

သူမ လှည့်ကြည့်လိုက်တဲ့ အကြိမ်တိုင်းမှာပဲ 'မိုက်'က အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်။ 'မိုက်'က သူမကို စိတ်ချပါဆိုတဲ့ သဘောနဲ့ ခေါင်းလေး အသာအယာ ငြိမ့်ပြလေ့ရှိပြီး၊ အဲဒီအခါ သူမက သွားလေးဖြဲပြီး ပြုံးပြကာ သူမရဲ့ သူငယ်ချင်းတွေဆီကို ပြန်လှည့်သွားလေ့ ရှိပါတယ်။

'မိုက်' တစ်ယောက် အဲဒီနေရာမှာတင် လေးနာရီလောက် ဆက်တိုက်ထိုင်ရင်း အအေးတွေပဲ သောက်နေခဲ့ပါတယ်။

နှစ်ကြိမ်လောက်တော့ ထိုင်ရာကထပြီး သူမအတွက် ရေခွက်ထဲ ရေဖြည့်ကာ သွားပေးခဲ့ပါတယ်။

ကျန်တဲ့ အချိန်တွေမှာတော့၊ သူဟာ လူစိမ်းတွေကြားထဲမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး မိဘမဲ့ မိန်းကလေးငယ်လေးတစ်ယောက် သူမဘဝရဲ့ အပျော်ဆုံး ညတစ်ည ဖြတ်သန်းနေတာကိုပဲ ကြည့်နေခဲ့ပါတယ်။

ကပွဲက ပြီးဆုံးလုနီးပါး ဖြစ်လာတဲ့အခါ၊ သူမဟာ မျက်နှာလေး နီမြန်းပြီး ပျော်ရွှင်စွာနဲ့ မောပန်းလျက် စားပွဲဝိုင်းဆီ ပြန်ရောက်လာခဲ့ပါတယ်။ ပြီးတော့ မိုက်ရဲ့ ဘေးနားက ကုလားထိုင်ပေါ်ကို ထိုင်ချလိုက်ပါတော့တယ်။

"ဦးလေးမိုက်..." လို့ သူမက မောမောနဲ့ အသက်ရှူရင်း....
'ဒီညက သမီးဘဝမှာ အပျော်ဆုံး ညတစ်ညပါပဲ။" လို့ ပြောပါတယ်။

ဒီညနေခင်းလေးအတွက် သူ့ရဲ့ ခက်ထန်ကြမ်းတမ်းတဲ့ ပုံစံကြီးတစ်ခုလုံးကို စွန့်လွှတ်ခဲ့တဲ့ ဒီလူကြမ်းကြီးကလည်း....သူမကို စိုက်ကြည့်ပြီး၊

"ဒါက ဦးလေးဘဝမှာလည်း အကောင်းဆုံး ညတစ်ညပါပဲ သမီးလေးရယ်' လို့ ပြန်ပြောလိုက်ပါတယ်။

သူက သဘောကောင်းချင်ယောင်ဆောင်ပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး။

စကားလုံးတိုင်းကို ရင်ထဲကနေ တကယ်အလေးအနက်ထားပြီး ပြောလိုက်တာပါ။ သူ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ မိုက်ဟာ အမြဲတမ်း သူတပါးကို ကာကွယ်ပေးသူ၊ အမိန့်ပေးသူနဲ့ အင်အားသုံး ဖြေရှင်းတဲ့ လူကြမ်းကြီး 'မိုက်'အဖြစ်ပဲ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လူတွေက သူ့ကို ပြဿနာဖြစ်တဲ့ အခါမျိုးမှာပဲ ခေါ်လေ့ရှိကြတာပါ။

ပျော်စရာကောင်းတဲ့ ပွဲတစ်ခုဆီ အတူတူသွားဖို့ သူ့ကို ဘယ်သူမှ တစ်ခါမှ မဖိတ်ဖူးခဲ့ကြပါဘူး။

ဒီဆယ်ကျော်သက် မိန်းကလေးဟာ သူမ တစ်ယောက်တည်း မနေချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မိဘ အုပ်ထိမ်းသူ စားပွဲမှာ၊ 'မိုက်'ကို ထိုင်ခိုင်းခဲ့ပါတယ်။

သူမဟာ ဒီဆိုင်ကယ်သမားကြီးကို ကပွဲကျင်းပရာနေရာရဲ့ စားပွဲဝိုင်းတစ်ခုမှာ၊ ထိုင်ခွင့် နေရာလေးတစ်ခု ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့အချိန်အထိ၊ သူမရဲ့ အိမ်နံရံပေါ်မှာ အဲဒီပွဲတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံလေး ရှိနေဆဲ ဖြစ်ပါတယ်။ လာမေးတဲ့သူတိုင်းကိုလည်း အဲဒီ မုတ်ဆိတ်မွေးပြောင်စင်နေတဲ့ လူကောင်ကြီးကြီး လူကြီးဟာ၊ သူမရဲ့ ဦးလေးဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြလေ့ ရှိပါတယ်။

မိုက်ဟာ နောက်ပိုင်းမှာ မုတ်ဆိတ်မွေးတွေကို ပြန်ထားခဲ့ပေမဲ့၊ သူ့သားရေဂျာကင်အင်္ကျီရဲ့ အိတ်ကပ်ထဲမှာတော့ လျှို့ဝှက်ချက်တစ်ခုကို သိမ်းဆည်းထားပါတယ်။

အဲဒီညက အုပ်ထိန်းသူတစ်ယောက်က ရိုက်ပေးထားတဲ့ ဓာတ်ပုံလေးတစ်ပုံပါ။ စားပွဲမှာ တစ်ယောက်တည်းထိုင်ပြီး ကောင်မလေး ကနေတာကို အံ့ဩဝမ်းသာစွာနဲ့ ကြည့်နေတဲ့ သူ့ရဲ့ ပုံလေး ဖြစ်ပါတယ်။

'မိုက်'ဟာ အဲဒီဓာတ်ပုံလေးကို သူ့ရဲ့ ရင်ဘတ်တည့်တည့်အိတ်ကပ် မှာ အမြဲဆောင်ထားပါတယ်။

နေရာတစ်ခုခုမှာ မိမိကို တကယ်ပဲ လိုလားတောင့်တခြင်း ခံရတယ်ဆိုတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို နောက်ဆုံးမှာ 'မိုက်' တစ်ယောက် နားလည်သွားခဲ့ပါတယ်။

ဒါကြောင့်လည်း 'မိုက်'ဟာ သူ့ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကို၊ တစ်ယောက်ယောက် လိုအပ်တဲ့အခါတိုင်း၊ အနားမှာ ရှိနေပေးရင်းနဲ့ ဖြတ်သန်းသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

​တစ်ခါတရံမှာ ကြေမွနေတဲ့ နှလုံးသားတစ်ခုအတွက် သင်ပေးနိုင်တဲ့ အကြီးမားဆုံး လက်ဆောင်ဆိုတာ.. သူတို့အနားမှာ ရှိနေပေးဖို့ပါပဲ။

Saya U Khin Zaw ( ဘာသာပြန်)

Address

Yangon

Alerts

Be the first to know and let us send you an email when Monywa Online Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category