19/06/2026
ဘယ်သူ့ကိုမှလည်း အထူးအထူး အားမကျနဲ့။
ကိုယ်ဘဝကိုလည်း တအားကြီး အားမရ မဖြစ်နဲ့။
လူတိုင်းလူတိုင်းမှာ
မတူညီတဲ့ဗားရှင်းတွေနဲ့
အဆင်မပြေမှု ဒုက္ခကိုယ်စီရှိကြတယ်။
အရေးကြီးတာက ကိုယ့်ကမ္ဘာမှာ
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် နေတတ်ဖို့ပဲ။
_________________________
အကျိုးမရှိတာအတွက် အချိန်မကုန်တတ်လို့
ခပ်ညံ့ညံ့လူတွေနဲ့ ဝေးသွားတယ်။
ကောင်းတဲ့အရာတွေပဲ ရွေးလုပ်တတ်လို့
လူဆိုးတွေနဲ့ ဝေးသွားတယ်။
လိုတာထက် ပိုမပေါင်းတတ်လို့
မိတ်ဆွေတုတွေနဲ့ ဝေးသွားတယ်။
ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းတတ်လို့
တန်ဖိုးမဲ့သူတွေနဲ့ ဝေးသွားတယ်။
တစ်ယောက်တည်း
ဒါပေမဲ့ ကျေနပ်တယ်။
_______________________
အဆင့်အတန်းရှိပြီး တန်ဖိုးသိတဲ့
ပတ်ဝန်းကျင်မှာ ရှင်သန်ရင်
လေးလေးစားစား တန်ဖိုးထားခံရမယ်။
အဆင့်အတန်းနိမ့်ပြီး တန်ဖိုးနားမလည်တဲ့
ပတ်ဝန်းကျင်မှာ ရှင်သန်ရင်
မလေးမစား တန်ဖိုးဖဲ့ခံရမယ်။
ဒါကြောင့်
မိမိတန်ဖိုး မိမိသိပါ
မိမိတန်ဖိုးကိုသိသော ပတ်ဝန်းကျင်မှာသာ
ရွေးချယ်ရှင်သန် နေထိုင်ပါ။
#လာမထူနဲ့ပြန်ထနိုင်တယ်
#နိုဘယ်လ်သွေး
စာအုပ်တန်ဖိုး - ၁၂၀၀၀ ကျပ်
📚 စာအုပ်များကို Telegram ကနေလည်း မှာယူနိုင်ပါပြီ 📥
https://t.me/myabookshop
Send a message to learn more