GPS watch Yangon

GPS watch Yangon We distributed GPS watch to all division of Myanmar��

လျှပ်စစ်မီး ပြတ်တောက်ခြင်းကို စိုးရိမ်ခြင်းကို ဖျောက်လိုက်ပါ။- အရံဘက်ထရီစက် ၇၂၀ဝပ် - ၈၀၀ဝပ်- ဓာတ်အားပြတ်တောက်ခြင်းနှင့် ...
11/02/2024

လျှပ်စစ်မီး ပြတ်တောက်ခြင်းကို စိုးရိမ်ခြင်းကို ဖျောက်လိုက်ပါ။
- အရံဘက်ထရီစက် ၇၂၀ဝပ် - ၈၀၀ဝပ်
- ဓာတ်အားပြတ်တောက်ခြင်းနှင့် ရေရှည်ဓာတ်အားပြတ်တောက်ခြင်းအတွက် ဖြေရှင်းချက်
နေ့တာရှည် ဆက်တိုက်မီးပျက်ပေမယ့် ထမင်းချက်၊ ပန်ကာဖွင့်၊ ရေခဲသေတ္တာသုံး၊ တီဗွီကြည့်...တာတွေလုပ်နိုင်နေသေးတယ်
ကွာလတီမြင့် တရုတ်ပြည်တွင်းသုံးပစ္စည်းများမှရွေးချယ်တင်သွင်းလာတဲ့ အရန်မီးအားပေးစက်က ဘေးကင်းတယ်
️သယ်ဆောင်သွားလို့ရတဲ့ အားသွင်း အရန်မီးအားပေးစက် 800w - အထွက်မီးအားက 220Vရှိပြီး ဆူညံ့သံမရှိစေဘူး
အရန်မီးအားပေးစက်ရဲ့ အထူးခြားဆုံး အားသာချက်
အရန်မီးအားပေးစက်မှာ အဆင့်မြင့်နည်းပညာနဲ့ lithiumဘက္ထရီကို သုံးထားပြီး အမြန်two wayအားသွင်းစနစ်နဲ့မို့ တခြားသာမန်ပစ္စည်းတွေထက် အားသွင်းတာ 4ဆပိုမြန်ပါတယ်၊ အရမ်းအကြမ်းခံပြီး သက်တမ်းက 10နှစ်ထိခံပါတယ်။ သာမန်EPCနဲ့ အားသွင်းလို့ရတာအပြင် ကားပေါ်ကအပေါက်နဲ့လည်း အားသွင်းနိုင်ပြီး ဆိုလာနဲ့လည်း သွင်းလို့ရပါတယ်
ပစ္စည်းရဲ့သက်တမ်းက အရမ်းမြင့်တယ် ( ဆိုလိုတာက အကယ်၍ နေ့စဥ်ဆက်တိုက်သုံးပါက 7-10နှစ်ကြာမှ ဘက္ထရီက ကျတာပါ)
အထွက်မီးအားက ကြီးပြီး မီးငြိမ်လို့ အပြင်သွားတဲ့အခါတွေမှာ ရေခဲသေတ္တာ/ ပန်ကာ/ မီးသီး/ လျှပ်စစ်ထမင်းပေါင်းအိုး...စတဲ့ လျှပ်စစ်ပစ္စည်းတွေကို သုံးနိုင်ပါတယ်
FAST CHARGERအမြန်အားသွင်းနိုင်စွမ်းအားကြောင့် 4နာရီပဲကြာစေပါတယ်
USB Type C 3.0စတဲ့ အထွက်ခေါင်းအစုံပါလို့ အားသွင်းပိုမြန်စေပါတယ်
သပ်ရပ်ပေါ့ပါးပြီး 5kgပဲရှိကာ အမြင့်ဆုံးအနေအထားထိ သုံးလို့ရပါတယ်၊ အထူးသဖြင့် ကွန်ဒို၊ ကင်းရုံးတွေ၊ ဆိုင်ခန်းတွေ၊ အပြင်သွားတဲ့အခါ၊ ပျော်ပွဲစားတွေအတွက်နဲ့ လယ်ကွင်းတွေထဲမှာ သုံးလို့ရပါတယ်

လစ်သီယမ်းဘက်ထရီမို့လို့ တာရှည်ခံနိုင်အားက 10နှစ်ထိရှိတယ် -

新年快乐Happy Chinese NewYear!!!နဂါးနှစ် မှာ လိုအင်ဆန္ဒ များပြည့်စုံကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
09/02/2024

新年快乐

Happy Chinese New
Year!!!

နဂါးနှစ် မှာ လိုအင်ဆန္ဒ များ
ပြည့်စုံကြပါစေ လို့ ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်။

စီစီတီဗွီတပ်ပါမယ်ဆိုရင်အာမခံ ၂ နှစ်ရရှိမယ့်ဒီ package လေးတွေ လုပ်ထားတယ်။ဘက်ဂျက် ဆိုတော့ သက်သာဖို့ အဓိက အတွက်ပေါ့နော်...အ...
26/09/2023

စီစီတီဗွီတပ်ပါမယ်ဆိုရင်
အာမခံ ၂ နှစ်ရရှိမယ့်
ဒီ package လေးတွေ လုပ်ထားတယ်။

ဘက်ဂျက် ဆိုတော့ သက်သာဖို့ အဓိက အတွက်ပေါ့နော်...

အခြားသော Budget Plan မဟုတ်တဲ့ Camera တွေ နဲ့လဲ တွဲလို့ရပါတယ်။
Camera တွေက အစုံရှိပါတယ်။

CCTV တပ်ဖို့ စိတ်ဝင်စားနေရင်
အသက်သာဆုံး နဲ့ အဆင်ပြေဆုံး
စျေးလေးတွေနဲ့ လုပ်ပေးထားတဲ့
Dahua Camera CCTV Package လေးတွေ ရှိပါတယ်။

CCTV Service လုပ်ချင်လဲ ခေါ်ပါ
CCTV အသစ်တပ်ချင်လဲ ခေါ်ပါ
CCTV Regular Matain လုပ်ချင်လဲ ခေါ်ပါ
CCTV အသစ်ဝယ်ချင်လဲ လာပါ
အားလုံး အဆင်ပြေစေရပါမယ်။

𝟮 𝗖𝗵𝗮𝗻𝗻𝗲𝗹 𝗣𝗮𝗰𝗸𝗮𝗴𝗲 = 353500 𝗠𝗠𝗞
Camera 2 MP - 2 Pcs
4 Channel DVR - 1Pcs
1TB HDD - 1Pcs
Power Supply 10A - 1 Pcs
BNC Head - 4 Pcs
DC Male - 2 Pcs
Join Box 4*4 - 2 Pcs
Coaxical Cable - 20 (meter)
Installation Charge - include

မှတ်ချက် ။ ။ Trunking/ Pipe/Flexicible
Sim Router တို့နှင့် အသုံးပြုမည်ဆိုပါက
ထိုပစ္စည်းများ၏ တန်ဖိုးအတိုင်း
Customer မှ ထပ်မံပေးဆောင်ရပါမည်။

Package တွင်ပါရှိသော
cable ကြိုးထက်
ကျော်လွန်ပါက (1) မီတာ
600 ကျပ်နှုန်:
ထပ်မံပေးဆောင်ရပါမည်။

𝟰 𝗖𝗵𝗮𝗻𝗻𝗲𝗹 𝗣𝗮𝗰𝗸𝗮𝗴𝗲 = 494900 𝗠𝗠𝗞
Camera 2 MP - 4 Pcs
4 Channel DVR - 1Pcs
1TB HDD - 1Pcs
Power Supply 10A - 1 Pcs
BNC Head - 8 Pcs
DC Male - 4 Pcs
Join Box 4*4 - 4 Pcs
Coaxical Cable - 40 (meter)
Installation Charge - include

မှတ်ချက် ။ ။ Trunking/ Pipe/Flexicible
Sim Router တို့နှင့် အသုံးပြုမည်ဆိုပါက
ထိုပစ္စည်းများ၏ တန်ဖိုးအတိုင်း
Customer မှ ထပ်မံပေးဆောင်ရပါမည်။

Package တွင်ပါရှိသော
cable ကြိုးထက်
ကျော်လွန်ပါက (1) မီတာ
600 ကျပ်နှုန်:
ထပ်မံပေးဆောင်ရပါမည်။

𝟴 𝗖𝗵𝗮𝗻𝗻𝗲𝗹 𝗣𝗮𝗰𝗸𝗮𝗴𝗲 = 898900 𝗠𝗠𝗞
Camera 2 MP - 8 Pcs
8 Channel DVR - 1Pcs
2TB HDD - 1Pcs
Power Supply 20A - 1 Pcs
BNC Head - 16 Pcs
DC Male - 8 Pcs
Join Box 4*4 - 4 Pcs
Coaxical Cable - 80 (meter)
Installation Charge - include

မှတ်ချက် ။ ။ Trunking/ Pipe/Flexicible
Sim Router တို့နှင့် အသုံးပြုမည်ဆိုပါက
ထိုပစ္စည်းများ၏ တန်ဖိုးအတိုင်း
Customer မှ ထပ်မံပေးဆောင်ရပါမည်။

Package တွင်ပါရှိသော
cable ကြိုးထက်
ကျော်လွန်ပါက (1) မီတာ
600 ကျပ်နှုန်:
ထပ်မံပေးဆောင်ရပါမည်။

16 Channel အတွက်အသေးစိတ် Survey ဆင်းပြီး တိုင်းတာတွက်ချက်ပေးပါတယ်။

ဆက်သွယ်ရန်
PH -
09456783259
09260160949
ဖုန်းဆက်ပါ မေးမြန်းပါ free survey in yangon area

23/09/2023
နေ့စဉ်လူနေမှု ဘဝမှာ လုံခြုံစိတ်ချရစေဖို့၊အိမ်ပြင်ထွက် အလုပ်လုပ်နေရသောခရီးရက်ကြာရှည်စွာသွားလာနေရသူများ မိမိနေအိမ်၊ မိမိအလ...
28/08/2023

နေ့စဉ်လူနေမှု ဘဝမှာ လုံခြုံစိတ်ချရစေဖို့၊
အိမ်ပြင်ထွက် အလုပ်လုပ်နေရသော
ခရီးရက်ကြာရှည်စွာသွားလာနေရသူများ မိမိနေအိမ်၊ မိမိအလုပ်ခန်း၊ မိမိရင်သွေးငယ်၊ မိမိ မိဘသက်ရွယ်ကြီးသူများကို အမြဲကြည့်နေနိုင် စကားပြောပေးနိုင်စေဖို့ 24/7 မပြတ် စောင့်ကြည့်ပေးနေတဲ့ CCTV Camera တပ်ဆင်ကြပါစို့။

လုယက်မှု၊ အကြမ်းဖက်မှု၊ ခိုးယူမှု ဘေးရန်ကနေ
ကြိုတင်ကာကွယ်ဖို့ Picasoft နှင့်အတူ အရည်သွေးမြင့် CCTV Camera များ တပ်ဆင်ထားကြပါစို့။

ဘယ်အချိန် ဘယ်နေရာမှာပဲ သင်ရောက်ရှိနေပါစေ သင်မြတ်နိုးတန်ဖိုးထားရသော သက်ရှိသက်မဲ့ အရာအားလုံးကို သင့်လက်ကိုင်ဖုံးမှတဆင့် လှမ်းကြည့်နိုင်ပြီး လုံခြုံစိတ်ချရမှုကို အရယူလိုက်ကြပါစို့။

ချစ်ခင်တန်ဖိုးထားရပါသော ၀ယ်ယူအားပေးသူများအတွက်

ဈေးနှုန်းချိုသာ၊ အရည်သွေးကောင်းမွန်သော

CCTV Camera များကိုသာ တပ်ဆင် ရောင်းချပေးပါတယ်ရှင့်။

အရည်ချင်းကျွမ်းကျင်ပြည့်ဝသူများမှ CCTV Cameraများကို မြင်ကွင်းရှင်းလင်းတိကျသော နေရာများမှာ လူကြီးမင်းတို့ စိတ်တိုင်းကျ တပ်ဆင်ပေးပါတယ်ရှင့်။

မြန်မာပြည်တဝှမ်း မြို့တွင်း၊ နယ်ဝေး မြို့ရွာများသို့ CCTV Camera များကို စနစ်တကျ ထုပ်ပိုးကာ ပို့ဆောင်တင်ပို့ ပေးပါတယ်။ လက်လီ လက်ကားရောင်းချပေးပါသဖြင့် စိတ်တိုင်းကျ ၀ယ်ယူ အား ပေးနိုင်တယ်ရှင့်။

လူကြီးမင်းတို့ရဲ့ အဖိုးတန်နေအိမ် တိုက်တာ အ
ဆောက်ဦးများ၊ စက်ရုံ အလုပ်ရုံ ရုံးခန်း
လုပ်ငန်းပတ်ချာလည် ဝန်းကျင် ခိုင်မာလုံခြုံနိုင်စေဖို့ Picasoft ကို ယခုပဲ ဆက်သွယ်ကာ CCTV Camera များ ၀ယ်ယူအားပေးကြလို့။

Picasoft

09250160949

09456783259

လက်ရှိ Facebook မှာ ပြန့်နေတဲ့ kpay acc hack ခံရပြီး ငွေအခိုးယူခံရတာတွေနဲ့ ပတ်သက်လို့ သူတို့ Install လုပ်ခိုင်းတဲ့ app က...
10/08/2023

လက်ရှိ Facebook မှာ ပြန့်နေတဲ့ kpay acc hack ခံရပြီး ငွေအခိုးယူခံရတာတွေနဲ့ ပတ်သက်လို့ သူတို့ Install လုပ်ခိုင်းတဲ့ app က ဘယ်လို အလုပ်လုပ်ပြီး ဘယ်လိုခိုးသွားတယ်ဆိုတာအသေးစိတ်ရယ်။
အဲ့လို မဖြစ်ရလေအောင် ဘယ်လိုလုံခြုံအောင်လုပ်ထားသင့်တယ်ဆိုတာလေးတွေကိုပြောပြချင်လို့ပါ။
(အစက ဒီတိုင်းနေမလို့ပဲကိုမှ ဒီကောင်တွေက page အတုတွေ စွတ်ဖွင့်ပြီး Boost တွေလုပ်။ ဆက်တိုက်ကို bait နေတာမို့လို့ Victim တွေပိုများလာမှာစိုးလို့)

KBZPay Account တစ်ခုကို Hack ပြီး ငွေလွှဲတဲ့အဆင့်ထိ လုပ်နိုင်ဖို့ဆိုရင်
1 🔹 KPay ဖွင့်ထားတဲ့ #ဖုန်းနံပါတ်
2 🔹 Login ဝင်တဲ့နေရာမှာ လိုအပ်တဲ့ (One Time Password) code
3 🔹 NRC နံပါတ် (KPay App က တစ်ခါမှ Login မဝင်ဖူးသေးတဲ့ဖုန်းဆိုရင် NRC နံပါတ်ပါတောင်းတာမို့ နံပါတ်လည်းလိုပါတယ်)
4 🔹 အပေါ်က အချက်တွေ အကုန်ရပြီး Login ဝင်နိုင်ပြီးရင်တောင် ငွေလွှဲလို့မရပါဘူး။ ငွေလွှဲ Transaction တွေပြုလုပ်နိုင်ဖို့က Account PIN နံပါတ်လည်းလိုပါသေးတယ်။

ဒီကောင်တွေက ဒီအချက်အလက် 4 ခုကို သူတို့ Install လုပ်ခိုင်းတဲ့ App ကနေပဲရသွားတာပါ။ ဒါပေမယ့် install လုပ်ရုံ Permission တွေပေးမိရုံနဲ့ ဟက်ချလောင်းဆိုပြီး ရသွားတာတော့မဟုတ်ဘူးဗျ.....

ဒါတွေရဖို့ သူတို့ဘာတွေလုပ်ကြလဲဆိုတော့ -
🔸 Cleaning Service လုပ်ချင်တယ်ဆိုပြီး လာမေးတဲ့ Victim ကို Viber ခေါ်တယ် ။ App down ဖို့ ဒီ Link ပို့ပေးတယ် ။ https://yadanar-cleaning.online/index.html
ဒေါင်းနည်းနဲ့ တကွ App ထဲက Permission တွေပါ Allow လုပ်နည်း Guide ပုံတွေပါပို့ပေးတယ်။

🔸 သူတို့ App က စဝင်ဝင်ချင်းမှာတင် Default sms app လုပ်ဖို့ User ကိုတောင်းတယ် ။ ဒီဟာက တချို့တွေ ထင်သလို ဝင်လာတဲ့ otp sms ကိုယူဖို့အတွက်မဟုတ်ပါဘူး။ otp sms ဝင်လာတာကို User မသိအောင်လုပ်ဖို့တောင်းထားတာပါ။
(Android မှာ app တစ်ခု ကို default sms app အနေနဲ့ သတ်မှတ်လိုက်တဲ့အခါ ဝင်လာတဲ့ message တွေကို User ကို ပြဖို့အတွက် အဲ့ App က အကုန်လုပ်ပေးရပါတယ်။ သူတို့ကတော့ ခိုးဖို့ဆိုတော့ အဲ့တာတောင်းလိုက်ခြင်းအားဖြင့် OTP SMS ဝင်လာတဲ့အခါ victim ကမသိတော့ပါဘူး။ ဝင်လာတဲ့ sms read ဖို့က အဲ့လို default sms app လုပ်ပေးရုံနဲ့မရပါဘူး။ permission သက်သက်ထပ်လိုပါတယ်။ ဒီအဆင့်မှာ otp က မရသေးဘူး )

🔸 နောက်တဆင့်က App ထဲကနေ Appointment လုပ်ခိုင်းတာပါ။ တကယ်က အဲ့ဒီနေရာမှာ သူတို့ လုပ်ခိုင်းတာတွေက အတော်ကို အဆင့်တွေများတယ်။ victim တွေက အဲ့တာကို သေသေချာချာကို တကူးတက လိုက်လုပ်ကြတာ။ အိမ်း
> Appointment စလုပ်ဖို့ App ထဲက Drawer Menu ထဲက "ဘွတ်ကင်လုပ်" ဆိုတာကိုနှိပ်ရတယ်
> ပြီးတော့ သန့်ရှင်းရေးဝန်ဆောင်မှုသုံးခုထဲက တစ်ခုကို ရွေးနှိပ်ရတယ်
> ပြီးရင် ဘယ်ဟာကို သန့်ရှင်းရေးလုပ်ချင်တာလဲထပ်ရွေးရသေးတယ်
> ဘာညာရွှီရှောင် စာမျက်နှာကိုထပ်ကျော်ရတယ်
> ပြီးရင် Appointment ရက်နဲ့အချိန်ရွေးပေးရတယ်။
> အဲ့တာပြီးတော့ အရေးကြီးdata တွေပါသွားတဲ့ အဆင့်ရောက်ပြီ။ Appointment လုပ်ခိုင်းတဲ့ Form မှာ လူနာမည်တွေ ၊ နေရပ်လိပ်စာတွေ ၊ nrc တွေ ၊ မွေးနေ့တွေ၊ ဖုန်းနံပါတ်တွေ info အစုံကိုတောင်းထားတာ။ အဲ့ဒီ form ကို ပုံ- 1 အနေနဲ့ထည့်ပေးထားတယ်။အဲ့ form က Validation လုပ်ထားတာတောင်မရှိဘူး။ အဲ့တာကို မှန်မှန်ကန်ကန် ဖြည့်ပြီးတဲ့နောက် ကိုယ်ထည့်ပေးလိုက်တဲ့ ဖုန်းနံပါတ် က Kpay ဖွင့်ထားမထား မသေချာသေးရင်တောင် အရေးကြီးတဲ့ NRC နံပါတ်က ပါသွားပြီ။

🔸 အပေါ်ကအဆင့်တွေပြီးတော့ ငွေပေးချေမှုအဆင့်ကိုရောက်တယ်။ အဲ့မှာ KPay ဘာညာရွေးခိုင်းတာပေါ့ တခြားpayment ရွေးစရာတွေလည်းထည့်ထားတယ်။

🔸 စရံ 1000 ဆိုပြီးတောင်းတယ်။ "လုံခြုံသောငွေပေးချေမှုပြုလုပ်ပါ" ဆိုတဲ့ ခလုတ်လေးထားထားပေးတယ်။ အဲ့တာနှိပ်လိုက်တော့ select payment method ဆိုတဲ့ စာမျက်နှာကိုရောက်တယ်။ အဲ့မှာ Kpay ကိုဆက်ရွေးပြီး kpay ဖုန်းနံပါတ် တောင်းတဲ့ page ကိုရောက်တယ်။အဲ့မှာ ထည့်ပေးလိုက်ပြီးတော့ နောက်တစ် page က PIN ပါတောင်းရော။ အဲ့မှာ တင်ထည့်ပေးလိုက်တော့ ကိစ္စက ပြီးပြီပေါ့အကုန်။
အဲ့page တွေက တကယ့် KBZPay နဲ့ချိတ်ဆက်ထားတာမဟုတ်ဘူး။ phishing လုပ်ထားတဲ့ page အတုတွေ။

တစ်ခုပြောပြချင်တာက KBZPay App မဟုတ်ပဲ တစ်ခြား ဘယ် App ထဲကနေမှ ကိုယ့်ရဲ့ PIN နံပါတ်ကို ရိုက်မထည့်ကြနဲ့ဗျ။ အဲ့လိုထည့်ခိုင်းနေရင်ခိုးဖို့လုပ်နေပြီလို့သာမှတ်လိုက်။ ကိုယ်က Kpay app ထဲရောက်နေတာဟုတ်မဟုတ် ပုံ - 2 ကလို recent apps ကနေကြည့်လို့ရတယ်။

🔸 အဲ့ကျ မှ လိုအပ်တဲ့ ဖုန်းနံပါတ် ၊ NRC ၊ PIN ရပြီဆိုတော့ အဲ့ဖုန်းနံပါတ်နဲ့ သူတို့ဆီက Kpay app မှာ Login ဝင်တယ်။ victim ဖုန်းမှာ OTP sms ဝင်လာတော့ ပုံ - 3 ကလို သူတို့ app က read sms permission တောင်းတယ်။
အဲ့တာကို Victim က အမှုမဲ့အမှတ်မဲ့ Allow နှိပ်ပေးလိုက်တဲ့အခါ otp ကို သူတို့ server ဆီကို forward လုပ်ပြီးပို့ပေးလိုက်တော့ ရေစက်ချလိုက်ရပါတယ်။...........

ဒီလို မဖြစ်အောင် လုံခြုံအောင် ဘာတွေဂရုစိုက်သင့်လဲဆိုတော့
⚠️ Google Play store ကနေမဟုတ်ပဲ ပေါက်ကရ link တွေကနေ တွေ့ကရာ App တွေ လျှောက် install မလုပ်နဲ့။
⚠️ App တစ်ခုက ကိုယ့်ရဲ့ အရေးကြီးတဲ့ NRC နံပါတ်လို info တွေတောင်းနေရင် သေချာမလေ့လာမစုံစမ်းပဲ ရမ်းပြီးမထည့်ပေးနဲ့။
⚠️ ဖြစ်နိုင်ရင် Payment App တွေအတွက် သုံးတဲ့ ဖုန်းနံပါတ်ကို သီးသန့်ထားပြီးသုံး။ လူတွေနဲ့ ဆက်သွယ်ဖို့တို့ ဖေ့ဘုတ်, viber သုံးဖို့ကိုက သက်သက်ထား။
⚠️ PIN နံပါတ်ကို မွေးနေ့တို့ ၊ ဖုန်းနံပါတ်နောက်ဆုံးအလုံးတို့၊ nrc နံပါတ်တို့ ဘာညာ အလွယ်တကူခန့်မှန်းလို့ရတာမျိုးတွေ မထားနဲ့။
⚠️ App တွေသုံးရင်း Allow, Deny ပါတဲ့ Dialog တွေတက်လာရင် ရမ်းပြီး Allow ကို မနှိပ်နဲ့။ သူဘာကို permission တောင်းတာလဲဆိုတာကို ပြထားတဲ့စာကို သေချာဖတ် ၊ လိုအပ်မှ allow ကိုနှိပ်။
⚠️ အရေးကြီးဆုံးအချက် က Payment Account PIN နံပါတ်ကို အဲ့ဒီ သက်ဆိုင်ရာ App မှာမဟုတ်ပဲ တခြား ဘယ် App/Website ကတောင်းတောင်းထည့်မပေးဖို့ပဲ.

ဒီလောက်ဆိုလုံလောက်ပြီထင်တာပဲ ။ စာလည်းတော်တော်ရှည်သွားပြီ။ တတ်နိုင်သမျှတော့ချုံ့ပြီးရေးထားတာပဲ။

============================

Btw ဟိုနေ့က accessibility service သုံးထားတဲ့ Uninstall မရတဲ့ App ဆိုတဲ့ post တစ်ခုမြင်မိသေးတယ်။
အဲ့တာက သက်သက်ဗျ ။
ဒီကောင်တွေ မှာ App က နှစ်ခုရှိတာ ။( ပုံ - 4 ကိုကြည့်)
အဲ့ app နှစ်ခုလုံးကို သူတို့ ဂျင်း website ကနေဒေါင်းလို့ရတယ်

ခု Victim တော်တော်များများငွေခိုးခံရတဲ့ Yadanar MM ဆိုတဲ့ App နဲ့ Yadanar Tracking ဆိုတဲ့ App ။
အဲ့ဒီ Tracking ဆိုတဲ့ ဟာကတော့ ဟုတ်တယ်။ accessibility service မို့လို့ enable သာလုပ်မိရင် full control ပေးရမှာ ။ ဒါပေမယ့် ခု သူတို့လုပ်တာက အဲ့တာမပါပဲ ဒီတိုင်းကို social engineering နဲ့ဆွဲခေါ်ပြီး မြန်မာလိုကြီး phishing လုပ်သွားတာ။

(Accessibility Service api ဆိုတာက ဖုန်းကို သာမာန်လူလို သုံးဖို့အဆင်မပြေတဲ့ disability သမားတွေအတွက် assistant အနေနဲ့ သုံးလို့ရမယ့် service app တွေရေးလို့ရအောင် Android sdk ကနေပေးထားတဲ့ဟာ ။ အဲ့တာကြောင့်လည်း enable လုပ်မိရင် full controlရတာ)

Btw tracking app ကို ကိုယ့်ဖုန်းမှာထည့်ပြီးစမ်းမကြည့်ကြပါနဲ့။ စမ်းချင်ရင် emulator နဲ့ပဲစမ်းပါ။ သေချာ မကြည့်ကြည့်ရသေးပေမယ့် ကြုံတာ auto လျှောက်ကလစ်တာတို့ Screen ပေါ်မှာ paint နဲ့ လျှောက် draw တာတို့လို virus ဆန်ဆန် ဖြစ်အောင်ရေးထားတဲ့ ပေါက်ပန်းဈေးကုဒ်တွေ တော်တော်ပါ

Credit aunk htoo

Midea Fiber Converter ကိုမှ quality ကောင်းကောင်း  သုံးချင်တယ်ဆိုတဲ့ NETWORK IT  CCTV  ဆရာသမား များအတွက်👈Fiber SC port နဲ...
08/08/2023

Midea Fiber Converter ကိုမှ quality ကောင်းကောင်း သုံးချင်တယ်ဆိုတဲ့ NETWORK IT CCTV ဆရာသမား များအတွက်👈

Fiber SC port နဲ့ အသုံးပြုလို့ရတဲ့ Midea Fiber Converter လေးပါ

Feature:
*Compliance with 1000Base-T IEEE802.3ab,100Base_TX IEEE802.3u,10Base_Te IEEEI802.3
*RJ45 port supports connection methods of direct-through line and crosswire
*Detect 100 Mbps,1000 Mbps transmission automatically
*Adopt 1.25G single fiber bi-directional(BiDi),20Km optical fiber module
*Emission wavelength:1310nm
*Receiving wavelength:1550nm

09456783259

အိမ်တိုင်း , ဆိုင်တိုင်း မှာ လုံခြုံရေး အတွက် မရှိ မဖြစ်လိုအပ်တဲ့ အရာလေး ဖြစ်တဲ့ Wi-Fi CCTV တပ်ဆင်ဖို့ လိုအပ်တယ်ဆို ရင်ရ...
22/07/2023

အိမ်တိုင်း , ဆိုင်တိုင်း မှာ လုံခြုံရေး အတွက် မရှိ မဖြစ်လိုအပ်တဲ့ အရာလေး ဖြစ်တဲ့ Wi-Fi CCTV တပ်ဆင်ဖို့ လိုအပ်တယ်ဆို ရင်

ရုပ်ထွက်ကောင်းပြီး ကြည်လင် တဲ့ CCTV လိုအပ်တယ် ဆိုရင်

CCTVကို Wi-Fi နဲ့ ချိတ်ပြီး အဝေးကနေ ဖုန်း ထဲ ကနေ လှမ်းကြည့်ချင်တယ်ဆိုရင်

CCTV နားတစ်ဝိုက်က အသံတွေ ကို ဖုန်း ထဲ ကနေ ဖမ်းယူ နားထောင်နိုင်ရန်

CCTV တပ်ပြီး MicroSD card နဲ့ ရုပ်အသံသိမ်းဆည်းပုန်လည်ကြည့်ရှုနိုင်ရန်

ဖုန်း ကနေ တစ်ဆင့် CCTV ဖက် ကို စကား ပြန် ပြောနိုင်ရန်

cctv တစ်လုံးတည်း နဲ့ ဖုန်းကနေ 360 ဒီဂရီ ပတ်ပတ်လည် လှည့်ပြီး ကြည့်ရှူနိုင်ရန်

ဖုန်းတလုံးကင်မရာများစွာ ကင်မရာတလုံးဖုန်းဆယ်လုံးအထိချိတ်ကြည့်နိုင်ရန် password နဲ့ပိတ်ထားလို့ရတာမျိုးလေးပေါ့

✔️မိမိကိုယ်တိုင် အလွယ်တကူ တပ်ဆင်နိုင်ပြီး
✔️ 𝗤𝘂𝗮𝗹𝗶𝘁𝘆 ကောင်း , စျေးနှုန်း ချိုသာ ,ဖြစ်တဲ့ GPSwatchYGN ရဲ့ ရောင်းအားအကောင်းဆုံး 𝐂𝐂𝐓𝐕 လေး နဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျာ....

𝐂𝐂𝐓𝐕 ထားမည့် နေရာ တွင် 𝐖𝐢𝐟𝐢ပါရှိပါကအင်တာနက်မှတဆင့်ကြည့်ရှုနိုင်ပါသည်

စျေးလေးက ရေစိုခံ ၈၉၀၀၀
အိမ်တွင်းတပ် 3mp ၆၈၀၀၀ နဲ့ 2 mp ၄၉၀၀၀

ဖုန်းနှင့် CCTV ချိတ်ဆက်နည်း စာရွက် လဲ ထည့်ပေးထားပါသည်..

မြန်မာတစ်နိုင်ငံလုံးသို့ အိမ်အရောက် ပို့ဆောင်ပေးပါသည်

Banking နဲ့ %လုံးဝ ပေးစရာမလိုပဲ လက်လိီလက်ကားရရှိနိုင်ပါသည်။

9:30 am - 5pm

📞 09456783259

🤔 eSIM ဆိုတာဘာလဲ ?  🤔 ဘာကြောင့် eSIM ကိုသုံးသင့်တာလဲ ??eSim ဆိုတာကတော့ Embedded Sim ဒါမှမဟုတ် Electronic Sim လို့ အဓိပ္ပ...
16/07/2023

🤔 eSIM ဆိုတာဘာလဲ ?
🤔 ဘာကြောင့် eSIM ကိုသုံးသင့်တာလဲ ??
eSim ဆိုတာကတော့ Embedded Sim ဒါမှမဟုတ် Electronic Sim လို့ အဓိပ္ပာယ်ရပါတယ် .. ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကျ Sim card တွေဟာ Physical Sim လို့ခေါ်ပြီး ဒီ Physical Sim ကိုအသုံးပြုမယ်ဆိုရင် Sim Card ကိုဖုန်းထဲထည့်သွင်းထားရပါတယ် ..

ဖုန်းတမျိုးနဲ့တမျိုးလဲ Sim card slot အရွယ်အစားမတူလို့ Nano Sim, Micro Sim စသဖြင့် Sim card အရွယ်အစားမျိုးစုံလဲရှိပါတယ် .. ဒီတော့ eSim ဆိုတာ Physical Sim လို Sim card ကြီးဖုန်းထဲထည့်ထားစရာမလိုတဲ့ Embedded Sim ပဲဖြစ်ပါတယ် ..

eSim က Sim card ပေးမှာမဟုတ်ပဲ QR Code လေးသာပေးလိုက်မှာဖြစ်ပါတယ် .. ဒီ QR Code လေးကို Cellular ထဲက Add Mobile Plan မှာသွားပြီး Scan ဖတ်လိုက်တာနဲ့ Sim card ထည့်လိုက်သလိုမျိုး လိုင်းတက်လာမှာဖြစ်ပြီး eSim ကိုအသုံးပြုလို့ရပါပြီ
eSim ရဲ့ အကြီးမားဆုံးအားသာချက်ကတော့ ဖုန်းပျောက်သွားရင်ပြန်လိုက်လို့လွယ်အောင်ပြုလုပ်ထားလို့ရတာပါပဲ ..

သာမန် Physical sim တွေဆိုရင် ကောက်ရထားတဲ့လူက Sim ကိုထုတ်ပစ်လိုက်လို့ရပါတယ် .. ဒါပေမယ့် eSim က Settings ထဲသွားပြီး Remove လုပ်ရမှာဖြစ်လို့ Phone ကိုသာ Passcode lock ခံထားရင် eSim က active ဖြစ်နေဦးမှာပါ ..
ကောက်ရတဲ့လူက Airplane Mode on ပြီး Internet ပိတ်လို့ရပါသေးတယ်ဆိုပေမယ့် Lock Screen က Control Center access ကိုပိတ်ထားလိုက်မယ်ဆိုရင် ကောက်ရတဲ့လူအနေနဲ့ Power ပိတ်ထားရုံကလွဲပြီး ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး .. Power သာ On ထားမယ်ဆိုရင် internet access ရနေမှာဖြစ်ပြီး Find my iPhone ကနေတဆင့်အလွယ်တကူ ရှာတွေ့နိုင်မှာပဲဖြစ်ပါတယ်

နောက်ထပ်အားသာချက်တခုကတော့ Warranty claim လုပ်ဖို့လွယ်တာပါ ..
Physical Dual Sim iPhone တွေဟာ တရုတ်ပြည်အတွက်သာ ထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေအတွက် တရားဝင်အလုံးမဟုတ်ဘူးလို့သတ်မှတ်လို့ရပါတယ် ..
ဒီတော့ Warranty ကာလအတွင်း Factory fault ကြောင့် Apple ကိုပြန်ပို့ရတော့မယ်ဆိုရင် China ကိုပြန်ပို့ရတာဖြစ်လို့ ဆိုင်တော်တော်များများက Physical Dual Sim ကို Warranty claim ပေးဖို့လက်တွန့်တတ်ကြပါတယ် ..

ဒါ့အပြင် eSim က Physical Sim တွေလိုမျိုး Sim card ပျောက်တာမျိုးတွေလဲမရှိတော့ပါဘူး .. ပြီးတော့ Multiple Operator Support ပေးလာတဲ့နေ့ကျရင် eSim သမားတွေက sim card ထုတ်လဲစရာမလိုပဲ eSim နဲ့သာ carrier ပြောင်းလို့ရမှာဖြစ်လို့ ဒါကလဲ eSim ရဲ့ အားသာချက်တခုပါပဲ

🚨
ဘယ် Device တွေမှာသုံးလို့ရလဲ ??

iPhones with eSIM
===============
iPhone XR
iPhone XS
iPhone XS Max
iPhone 11
iPhone 11 Pro
iPhone SE 2 (2020)
iPhone 12
iPhone 12 Mini
iPhone 12 Pro
iPhone 12 Pro Max
iPhone 13
iPhone 13 Mini
iPhone 13 Pro
iPhone 13 Pro Max
iPhone SE 3 (2022)
iPhone 14
iPhone 14 Plus
iPhone 14 Pro
iPhone 14 Pro Max

iPads with eSIM (only iPads with 4G connectivity):
===========================
iPad Pro 11″ (model A2068, from 2020)
iPad Pro 12.9″ (model A2069, from 2020)
iPad Air (model A2123, from 2019)
iPad (model A2198, from 2019)
iPad Mini (model A2124, from 2019)

*On iPhone 13 and 14 models you can have two eSIMs activated at the same time.
*iPhones from mainland China and iPhone devices from Hong Kong and Macao (except for iPhone 13 mini, iPhone 12 mini, iPhone SE 2020, and iPhone XS) don’t have eSIM capability.
*iPhone 14, iPhone 14 Plus, iPhone 14 Pro and iPhone 14 Pro Max are not compatible with physical SIM cards in USA.

Samsung phones with eSIM
===================
Samsung Galaxy S20
Samsung Galaxy S20+
Samsung Galaxy S20 Ultra
Samsung Galaxy S21
Samsung Galaxy S21+ 5G
Samsung Galaxy S21+ Ultra 5G
Samsung Galaxy S22
Samsung Galaxy S22+
Samsung Galaxy S22 Ultra
Samsung Galaxy Note 20
Samsung Galaxy Note 20 Ultra 5G
Samsung Galaxy Fold
Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold3 5G
Samsung Galaxy Z Fold4
Samsung Galaxy Z Flip
Samsung Galaxy Z Flip3 5G
Samsung Galaxy Z Flip4

*The following Samsung devices are not compatible with eSIM:
Samsung Galaxy S20 FE 4G/5G
Samsung S20/S21 (US versions)
Galaxy Z Flip 5G (US versions)
Samsung Note 20 Ultra (Versions from the US and Hong Kong)
Samsung Galaxy Z Fold 2 (Versions from the US and Hong Kong)


Google phones with eSIM
===================
Google Pixel 2 (only phones bought with Google Fi service)
Google Pixel 2 XL
Google Pixel 3 (not including phones bought in Australia, Taiwan or Japan. Phones bought with US or Canadian carriers other than Spring and Google Fi don’t work with eSIM)
Google Pixel 3 XL
Google Pixel 3a (not including phones bought in Japan or with Verizon service)
Google Pixel 3a XL
Google Pixel 4
Google Pixel 4a
Google Pixel 4 XL
Google Pixel 5
Google Pixel 5a
Google Pixel 6
Google pixel 6a
Google Pixel 6 Pro
Google Pixel 7
Google Pixel 7 Pro

*Google Pixel 3 devices from Australia, Japan, and Taiwan are not compatible with eSIM.
*Google Pixel 3a from South East Asia are not compatible with eSIM.


Huawei phones with eSIM
===================
The Huawei P40 and P40 are the first cell phones from the Chinese manufacturer to support eSIM.
Huawei P40
Huawei P40 Pro
Huawei Mate 40 Pro

The Huawei P40 Pro+ and P50 Pro are not compatible with eSIM.


Oppo phones with eSIM
==================
Oppo Find X3 Pro
Oppo Reno 5A
Oppo Reno6 Pro 5G
Oppo Find X5
Oppo Find X5 Pro
Oppo A55s 5G

The Oppo Find X5 Lite is not compatible.


Other eSIM compatible devices
======================
Motorola Razr 2019
Motorola Razr 5G
Nuu Mobile X5
Gemini PDA
Rakuten Mini
Rakuten Big-S
Rakuten Big
Rakuten Hand
Rakuten Hand 5G
Sony Xperia 10 III Lite
Sony Xperia 10 IV
Xperia 1 IV
Surface Pro X
Honor Magic 4 Pro
Fairphone 4
Sharp Aquos Sense6s
Sharp Aquos Wish
Xiaomi 12T Pro

🚨
မြန်မာပြည်တွင် ###xx sim တစ်မျိုးတည်းသာ eSIM Service ပေးထားပြီး ကျန်အော်ပရေတာတွေ မရသေးပါ....

owner

EAST UPS အသုံးပြုခြင်းအားဖြင့် လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် မိမိအသုံးပြုလျက်ရှိသော တီဗီ၊ ကွန်ပြူတာ၊ လျှပ်စစ်ပစ္စည်း...
16/06/2023

EAST UPS အသုံးပြုခြင်းအားဖြင့်

လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် မိမိအသုံးပြုလျက်ရှိသော တီဗီ၊ ကွန်ပြူတာ၊ လျှပ်စစ်ပစ္စည်း၊ စီစီတီဗီစက်၊ တယ်လီဖုန်းလိုင်းခွဲစက် များကို ထိခိုက်ပျက်စီးမှု မရှိစေဘဲ အရေးပေါ် လျှပ်စစ်မီးထောက်ပံ့ပေးနိုင်သောကြောင့် လူကြီးမင်းတို့၏ တန်ဖိုးကြီးလျှပ်စစ်ပစ္စည်းများကို သက်တမ်းကြာမြင့်စွာ အသုံးပြုနိုင်မည်ဖြစ်ပါတယ်

650VA UPS သုံးရင် အချိန် ဘယ်လောက်ထိ ထောက်ပံ့ပေးနိုင်ပါသလဲ

Office Desktop Computer နဲ့ တွဲသုံးပါက အရေးပေါ်လျှပ်စစ်မီးထောက်ပံ့ပေးနိုင်သော အချိန်ကာလ မှာ (၃၀) မိနစ် ခန့်မျှ သုံးစွဲနိုင်ပါတယ်

သာမန် UPS နဲ့ Online UPS ဘာကွာတာလဲ
သာမန် UPS က ပါဝါကို AC လိုင်းကနေယူပြီး လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် ဘတ်တရီနဲ့ အင်ဗာတာကနေ ပြောင်းယူတာပါ
Online UPS ဆိုတာကတော့ လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်မှုမရှိတဲ့ အမျိုးအစားဖြစ်ပြီး AC ကို အမြဲတမ်း ဘတ်တရီနဲ့ အင်ဗာတာကနေပဲ အချိန်ပြည့်ယူတဲ့စနစ်ဖြစ်ပါတယ်

လျှပ်စစ်မီးလာနေချိန်တွင် အားပြန်လည်ဖြည့်သွင်းပေးရပါသလား
Auto Charging စနစ်ပါဝင်သည့်အတွက် UPS အသုံးပြုနေစဉ်အတွင်း ပြန်လည်ဖြည့်သွင်းပေးမှာဖြစ်ပါတယ်

လျှပ်စစ်မီးအား အတက်အကျ ဖြစ်လျှင် ထိန်းညှိပေးနိုင်ပါသလား
Automatic Voltage Regulator စနစ်ပါဝင်သောကြောင့် လျှပ်စစ်မီးအဝင်အားကိုအလိုအလျောက် ထိန်းညှိပေးသည့်အတွက် လျှပ်စစ်မီးအားအတက်အကျ ဖြစ်လျှင်လည်း စိတ်ပူစရာမလိုပါဘူး

လျှပ်စစ်မီး အန္ထရာယ် ကြောက်ရပါသလား
Fiber Body ဖြင့် ပြုလုပ်ထားသောကြောင့် ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင် သုံးစွဲသူအား လျှပ်စစ်မီး အန္ထရာယ် (ဓာတ်လိုက်ခြင်း)မှ ကာကွယ်ပေးနိုင်ပါတယ်

LCD Display ဆိုတာ ဘာတွေကြည့်လို့ရလဲ ❓
LCD Display ရဲ့အားသာချက်က မိမိသုံးစွဲနေတဲ့ ၀န်အားပမာဏ၊ မီးအားအဝင်အထွက်နဲ့ ဘတ်ထရီ အားပမာဏကိုလည်း ကြည့်ရှူနိုင်ပါတယ်

Inverter နှင့် UPS ဘာကွာတာလဲ
UPS ဆိုတာ လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် မိမိအသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများကို ထိခိုက်ပျက်စီးမှု မရှိဘဲ အရေးပေါ်လျှပ်စစ်မီး (အချိန်တို) ထောက်ပံ့ပေးသော ပစ္စည်းဖြစ်ပါတယ်
တစ်နည်းအားဖြင့် ပြောမယ်ဆိုလျှင် (အချိန်တို) ထောက်ပံ့ပေးတာ ဖြစ်ပါတယ်
Inverter ဆိုတာ လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် မိမိအသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများကို ထိခိုက်ပျက်စီးမှု မရှိဘဲအရေးပေါ်လျှပ်စစ်မီး (အချိန်ရှည်) ထောက်ပံ့ပေးသောပစ္စည်းဖြစ်ပါတယ်
တစ်နည်းအားဖြင့် ပြောမယ် ဆိုလျှင် (အချိန်ရှည်) လိုအပ်သူများအတွက် ထောက်ပံ့ပေးတာဖြစ်ပါတယ်
Battery အမျိုးအစားပေါ်မူတည်ပြီး (၁၀)နာရီ အထက် ထောက်ပံ့ပေးနိုင်ပါတယ်

UPS နဲ့ Inverter ရွေးချယ်တဲ့နေရာမှာလည်း Pure Sine Wave ထုတ်ပေးနိုင်တဲ့ UPS နဲ့ Inverter မျိုး နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားပြီးသားဖြစ်တဲ့ EAST UPS ကို ရွေးချယ်ဖို့ လူကြီးမင်းတို့၏ နေအိမ်၊ ရုံး၊ ဆိုင်ခန်း၊ စက်ရုံ၊ အလုပ်ရုံ များတွင် အခုဘဲ အသုံးပြုဖို့ အကြုံပြုလိုပါတယ်

Brand: EAST
Product Line: Line Interactive UPS, Pure Sine Wave Home Inverter, Transformerless On-Line UPS
Support: 1 Year Part & Service Warranty and Lifetime Service (တစ်သက်စာ ဝန်ဆောင်မှု)

◾650VA UPS
◾650VA UPS (LCD Display)
◾1200VA UPS
◾1200VA UPS (LCD Display)
◾2000VA UPS (LCD Display)
◾1250VA UPS (Rackmount Type)
◾3KVA Online UPS (Tower Type)
◾1000W Pure Sine Wave Home Inverter
◾1600W Pure Sine Wave Home Inverter
◾7Ah UPS Battery

Contact to
09456783259

ZKTeco Finger Print Attendant model                               h10 plusAfter-sales service       3monthsType of atten...
14/06/2023

ZKTeco Finger Print Attendant
model h10 plus
After-sales service 3months
Type of attendance Fingerprint
Color classification Standard version ( No network function ) Standard version ( No network function ) 8G U disk Network version Standard version ( No network function ) Backup power outage available
Production enterprise China Control Smart Technology Co., Ltd
Attendance certification method Fingerprint password
Attendance function Overtime
Export method Power plug
Shop management Single shop management


China version Finger စက်ကလေးစျေးတန်တန်နဲ့လိုအပ်ရင် ရချင်ပါသလား

၈၀၀၀၀ ကျပ်တိတိ

၀၉၄၅၆၇၈၃၂၆၉ကိုဆက်သွယ်ပါ

Jumper Brand Laptopတွေဟာ ဒီဇိုင်းတွေဆန်းပြီး အရောင်အသွေးပိုင်းမှာ ထူးထူးခြားခြားလေးတွေမို့ အားလုံးအကြိုက်တွေ့စေခဲ့ပါတယ်။...
13/06/2023

Jumper Brand Laptopတွေဟာ ဒီဇိုင်းတွေဆန်းပြီး အရောင်အသွေးပိုင်းမှာ ထူးထူးခြားခြားလေးတွေမို့ အားလုံးအကြိုက်တွေ့စေခဲ့ပါတယ်။

စျေးနှုန်းအားဖြင့်လည်း အသင့်အတင့်နဲ့ အရည်အသွေးပိုင်းကောင်းတဲ့အပြင် Service Center ရှိတာကြောင့် ရဲရဲဝံ့ဝံ့ဝယ်ယူအသုံးပြုနေကြတာပဲဖြစ်ပါတယ်။

Laptop တွေရဲ့ Part & Service ကို (1)နှစ်အာမခံပေးထားပြီး Battery & Adaptorကို (1)နှစ်ပေးထားတာကြောင့် စိတ်ချလက်ချ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

ယခုအခါမှာလည်း Memory မြင့်၊ Storage မြင့်တဲ့ S6 လေးက ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ပြီး Weightကလည်း 1.45kg ပဲရှိတာကြောင့် အလေးကြီး သယ်ဆောင်သွားရတဲ့လက်တော့တွေထဲမှာ မပါတဲ့ Laptopလေးပဲဖြစ်ပါတယ်။

သင်ချင်တာသင်ယူဖို့၊ လေ့လာချင်တာလေ့လာနိုင်ဖို့၊
အလုပ်တွေလုပ်ဖို့ အသင့်တော်ဆုံး လက်တော့လေးဖြစ်တဲ့အပြင်
180ဒီဂရီ ဖွင့်ချထားလို့လည်းရတဲ့
Windows11 home License 64 bit
ငွေရောင်လက်တော့လေးပဲဖြစ်ပါတယ်။

S6 Specification
-----------------
Screen :14.1 inch 1920*1080 (IPS Pannel)
Battery :7.6V 4600mAH Lithium-ion Polymer Battery(3~6 hours)
CPU :Intel Celeron N4020 Dual core(1.1 GHz~2.8GHz )
Memory:8GB ,DDR4
Storage :256GB SSD
Interface :DC,USB 2.0,USB 3.0*2,Type C,HDMI,TF card,Audio jack,
Wifi 802.11,Bluetooth,Build in speaker
Camera Front: 1.0MP
OS :Window 11 home License 64 bit
Weight :1.24kg
Free Gift :Laptop sleeve bag
Body Colour : Silver

820000ကျပ်တိတိသာ

ဆက်သွယ်ရန်
09456783259
09250160949

Address

Aungzeya 3 Street/Thuwana ThinGunGuan
Yangon
11072

Telephone

+959456783259

Website

Alerts

Be the first to know and let us send you an email when GPS watch Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GPS watch Yangon:

Share