Shwe Myaing Tyre Shop

Shwe Myaing Tyre Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Myaing Tyre Shop, Yone Ka(40)Room(9/10)Bayintnaung market mayangone township, Yangon.

13/10/2024

အရှိန်နဲ့ဆင်းပေမဲ့ လေယာဉ်တာယာတွေ ဘာလို့ မကွဲတာလဲ။

လေယာဉ်တာယာအကြောင်း။

နေ့စဉ် ကမ္ဘာတလွှားမှာ လေယာဉ်အစင်း ၁၀၀,၀၀၀ (တစ်သိန်း) လောက် အတက်အဆင်း လုပ်နေကြပါတယ်။

ဆိုတော့ သေချာတွက်ကြည့်ရင် (၁) စက္ကန့်မှာ လေယာဉ် (၂)စီးလောက် တက်လိုက်၊ဆင်းလိုက် လုပ်နေကြတာပါ။

ဒါတောင်မှ ကျနော်တို့ဟာ လေယာဉ်တာယာပေါက်တာတို့၊ ပွင့်ထွက်တာတို့ဆိုတဲ့ သတင်းတွေ မကြားရသလောက်ပါဘဲ။

ပုံမှန်ဆိုရင် ဒီလောက်လေးလံတဲ့ လေယာဉ်ကြီးတွေ မြေပြင်ပေါ်ကို အရှိန်နဲ့ဆင်းရင် တာယာတွေ ပွင့်ထွက်တာတို့၊ ကွဲတာတို့ ဖြစ်ဖို့များပါတယ်။

ဒါ ဘာကြောင့် နည်းပါးနေရတာလည်းဆိုတာ ဒီနေ့ ရှာဖွေ တင်ပြလိုက်ပါတယ်။

တကယ်တော့ လေယာဉ်တာယာတွေဟာ တခြားတာယာတွေနဲ့ လုံးဝမတူအောင် တည်ဆောက်ထားပါတယ်။

တစ်နေ့ပြီး တစ်နေ့ တိုးတက်လာတာနဲ့အမျှ လေယာဉ်တာယာတွေရဲ့ အသွင် အပြင်နဲ့ တည်ဆောက်ပုံကလည်း ပြောင်းလဲ တိုးတက်လာတာ ဖြစ်ပါတယ်။

လေယာဉ်တာယာမှာ သုံးစွဲတဲ့ ကုန်ကြမ်းတွေကအစ Safety ခေါ် လုံခြုံစိတ်ချရမှုအဆင့်ကိုလည်း ထည့်သွင်းတွက်ချက်လာရပါတယ်။

လေယာဉ်ရဲ့တာယာဟာ မော်တော် ကား တာယာတွေလို အလွယ်တကူ လှီးဖြတ်ဖို့ မလွယ်ပါဘူး။

သူ့ရဲ့ ရာဘာသားထဲမှာ (Synthetic Rubber) လို့ခေါ်တဲ့ ဓါတုရာဘာ ကွန်ပေါင်းတစ်ခု အားဖြည့် ထည့်သွင်းထားပါတယ်။

ဒီ Synthetic Rubber ဟာ အလွန် ကြံ့ခိုင်မှု ရှိပါတယ်။ သူဟာ အပူခံနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။

ရာဘာရိုးရိုးဟာ အပူချိန် ၅၀၀ ဒီဂရီ ဖာရင်ဟိုက်သာ ခံနိုင်ရည်ရှိပါတယ်။

Synthetic Rubber က‌တော့ ၉၃၂ ဒီဂရီ ဖာရင်ဟိုက်‌လောက်ထိ ခံနိုင်ရည် ရှိပါတယ်။ ဒီကွန်ပေါင်းကို Aramid (အာရမစ်)လို့လည်း ခေါ်ပါတယ်။

အာရမစ်ဟာ ပွတ်တိုက်မှုဒါဏ်ကိုလည်း ခံနိုင်ပါတယ်။

ဒါကြောင့် လေယာဉ်တာယာတွေဟာ အကြိမ် ၅၀၀ လောက် အတက်၊အဆင်း လုပ်တာကို ခံနိုင်ရည် ရှိပါတယ်။

လေယာဉ်တာယာ တစ်ခါလဲရင် အချိန် တစ်နာရီလောက်ကြတာမို့ ဒီလို ခံနိုင်ရည်ရှိတဲ့ တာယာတွေပေါ်လာတာ လေယာဉ်အင်ဂျင်နီယာတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။

နောက်တစ်ခုက တာယာအတွင်းက လေဖိအား ဖြစ်ပါတယ်။ ကားတာယာတွေက လေပေါင် ၃၀ PSI လောက်သာ ထိုးကြပေမဲ့ လေယာဉ်တာယာတွေက ၂၀၀ PSI (13.8 bar) လောက် ထိုးရပါတယ်။

ဒီလောက် ထိုးထားတဲ့အတွက် တာယာဟာ ကျောက်ခဲတစ်ခုလို မာကျောနေပါတယ်။

ခရီးသည်တင် လေယာဉ်ကြီးတွေဟာ တချို့ဆို တန် (၁၀၀) လောက်ထိ လေးတဲ့ လေယာဉ်ကြီးတွေတောင် ရှိပါတယ်။

အဲဒီအလေးချိန်နဲ့ ဆင်းသက်တဲ့အခါ လေယာဉ်တာယာတွေဟာ ဒီဒါဏ်ကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်။

လေယာဉ်တာယာတစ်ခုဟာ အနည်း ဆုံး (၃၈) တန် အလေးချိန်ကို ခံနိုင်ရည် ရှိပါတယ်။

ဒါကြောင့် လေယာဉ် ပိုကြီးလေ တာယာများများတပ်ရလေပါ။ ဒါမှသာ လေယာဉ်ဟာ ပြေးလမ်းမှာ ချောမွေ့စွာ ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

တာယာကို ထည့်သွင်းတဲ့ ဓါတ်ငွေ့ကလည်း အရေးကြီးပါတယ်။ နိုက်ထရိုဂျင်ဓါတ်ငွေ့ကို ထည့်သွင်းရတာ ဖြစ်ပါတယ်။

အင်ဂျင်နီယာတွေ ဘာကြောင့် နိုက်ထရိုဂျင်ကို ရွေးချယ်ရသလဲဆိုတော့ ဒီဓါတ်ငွေ့ဟာ အပူကြောင့် ပွတာ၊ ကျုံ့တာ နည်းပါတယ်။

မီးလောင်ခြင်းကို အားမပေးတတ်တဲ့ ဓါတ်ငွေ့လည်း ဖြစ်လို့ပါ။

နောက်တစ်ချက်ကတော့ လေယာဉ်တာယာတပ်ဆင်တဲ့ စနစ်မှာ (Fail Safe) စနစ် တပ်ဆင်ပါရှိပါတယ်။

Fail Safe ကို လွယ်လွယ်ပြောရရင် အမှားခံစနစ်လို့ ပြောရမယ် ထင်ပါတယ်။ သူ့ကို ABS (Anti-lock Braking System) လို့လည်း ခေါ်ပါတယ်။

သူက ဘရိတ်စနစ်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ထားပါတယ်။ ဘရိတ်ယူနစ်ထဲမှာ (Wheel Speed Sensor) ခေါ် ဘီး အမြန်နှုန်းကို တိုင်းတာတဲ့ အာရုံခံကိရိယာ တပ်ပေးထားတာပါ။ သူက ကွန်ပျူတာကို ဘီးရဲ့ အမြန်နှုန်းကို ပို့ပေးတာပါ။

ကွန်ပျူတာက ဘီးရဲ့ အမြန်နှုန်းကို တွက်ချက်ပြီး ဘရိတ်ကို လိုသလို ဖမ်းပေးတာမျိုးပါ။

ဒါက‌ ယေဘူယျ နားလည်အောင် ပြောပြတာဖြစ်ပါတယ်။

ဒီလို ဘရိတ်ဖမ်းလိုက်၊ လျော့လိုက်လုပ်ခြင်းဟာ တာယာတွေ ပွတ်တိုက်မှုကို လျော့နည်းစေပါတယ်။

ပွတ်တိုက်မှုများရင် လေယာဉ်တာယာတွေ ပွင့်ထွက်မှာဖြစ်လို့ ဒီစနစ်က တာယာတွေကို ကာကွယ်ပေးတဲ့စနစ် ဖြစ်လာပါတယ်။

နောက်တစ်ခုက Fuseable Plug လို့ ခေါ်တဲ့ ဒါဏ်ခံပစ္စည်းတစ်ခု တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

သူကတော့ ဘရိတ်ရဲ့ အပူချိန် မြင့်တက်လာရင် တာယာရဲ့ ဖိအားကို လျော့ချပေးလိုက်ပြီး တာယာ ပွင့်မထွက်အောင် ကာကွယ်ပေးပါတယ်။

နောက်ဆုံးအချက်ကတော့ လေယာဉ်တာယာတွေဟာ ထုတ်လုပ်ပြီးတာနဲ့ အဆင့်ဆင့် စစ်ဆေးစမ်းသပ်ပြီးမှသာ လေယာဉ်မှာ တပ်ဆင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

သင်ဟာ ကားစီးတာဖြစ်ဖြစ်၊ စဘီး၊မော်တော်ဆိုင်ကယ် စီးတာဖြစ်ဖြစ် တာယာကြောင့် စိတ်ပူရမှာဖြစ်ပေမဲ့ လေယာဉ်ကြီးစီးပြီးတော့ တာယာပွင့်ထွက်မှာတို့၊ ပေါက်သွားမှာတို့ကို သိပ်စိတ်ပူစရာ မလိုပါဘူးလို့ တင်ပြရင်း အဆုံးသတ်ပါရစေ

Copy from wisenews

19/10/2023

Copy from ကိုတိုး

EV ကားတွေ
အားသွင်းချိန်မှာနဲ့
ရပ်ထားချိန်တွေမှာ
ဘာကြောင့်မီးထလောင်ကြသလဲဆိုတာကို
သုသေတနပြုလုပ်သူတွေက
အမျိုးမျိုးအဖြေရှာကြပါတယ်...

EV ကားတွေ မီးလောင်ပြီးတဲ့အခါမှာ
ICE ကားလို
သာမန်ဆီကားတွေထက်
ပြင်းထန်ကြပါတယ်...

ရေ ဒါမှမဟုတ်
မီးသတ်သုံး Foam အမြုပ်တွေနဲ့လည်း
မီးငြိမ်းသတ်လို့ မရပဲ
EV ကားတွေမှာပါတဲ့
Lithium Battery များရဲ့
လောင်ကျွမ်းပေါက်ကွဲမှု့
ဖြစ်စဥ်လုံးဝ ပြီးပြတ်သွားမှသာ
မီးငြိမ်းသွားတတ်တယ်...

ဒါတွေဟာ ဘာကြောင့်ဖြစ်ရသလဲဆိုတော့
Lithium Battery တွေရဲ့
အပူချိန်ခံနိုင်အား
ခုခံနိုင်စွမ်းနည်းပါးခြင်းကြောင့်
ဖြစ်ရတာပါ...

EV ကားတွေဟာ
လောင်စာဆီသုံးကားတွေလို
လောင်စာဆီကိုအသုံးပြုပြီး
အရွေ့စွမ်းအားကို ရယူအသုံးပြုတာ မဟုတ်တဲ့အတွက်
အရွေ့စွမ်းအားဖြစ်ပေါ်ဖို့အတွက်
လျှပ်စစ်မော်တာကို အသုံးပြုရပါတယ်...
အဆိုပါ လျှပ်စစ်မော်တာ
လည်ပတ်ထိန်းချုပ်နိုင်ရန်အတွက်
လစ်သီရီယမ် ဘက္ထရီကို
စွမ်းအားသိုလှောင်ထုတ်လုပ်ပေးရန်
အသုံးပြုရပါတယ်...

အဆိုပါ Lithium Ion Battery တွေဟာ
သာမန်ဘက္ထရီတွေထက်
စွမ်းအင်သိုလှောင်နိုင်စွမ်း
များစွာ ပိုမိုမြင့်မားပြီး
လျှပ်စစ်စွမ်းအားကို
၎င်းဘက္ထရီမှ ထုတ်ယူသုံးစွဲရာတွင်လည်း
ကားများစက်နိုးရာတွင်
အသုံးပြုသော
ယခင်သာမန် အက်ဆစ်သုံး
ဘက္ထရီများထက်
စွမ်းအင်ပိုမိုထုတ်ယူ
အသုံးပြုလို့ရပါတယ်...

သာမန်ဘက္ထရီများဟာ
၃၀ ရာခိုင်နှုန်းလောက်သာ
စွမ်းအင်ကို ထုတ်ယူအသုံးပြုနိုင်ပြီး
Lithium Ion Battery များတွင်
၈၀ရာခိုင်နှုန်းအထိ
စွမ်းအင်ကို ထုတ်ယူအသုံးပြုနိုင်တာကြောင့်
EV ကားများတွင်
အသုံးပြုခြင်းဖြစ်ပါတယ်...

Lithium Ion Battery များဟာ
အပူကို ခုခံနိုင်စွမ်းအား
အလွန်အင်မတန်မှကို
နည်းပါတယ်...

အများသူငါ ဝတ်ဆင်အသုံးပြုနေတဲ့
ရွှေဟာ သတ္ထုပစ္စည်းတွေထဲမှာ
အရည်ပျော်မှတ်တော်တော်နိမ့်ပါတယ်...
ရွှေအရည်ပျော်မှတ်မှာ
၁၀၆၄ ဒီဂရီဆဲစီးယပ်ဖြစ်ပြီး
Lithium Ion Battery ရဲ့
အရည်ပျော်မှတ်ဟာ
၁၈၀ ဒီဂရီဆဲစီးယပ်သာရှိတာကြောင့်
အရည်ပျော်လွယ်တဲ့
ရွှေထက် ၆ ဆ နီးပါးလောက်ကိုနိမ့်တယ်...

ဘက္ထရီဆိုတာမျိုးက
အားသွင်းပြီး စွမ်းအင်သိုလှောင်ချိန်မှာ
အပူချိန်တက်လာတတ်ပါတယ်...
သာမန်ဘက္ထရီတွေကို
အားသွင်းနေချိန်မှာ
လက်နဲ့စမ်းကြည့်ပါက
အိုးပူနေတာကို
တွေ့ကြရမှာပါ...

Lithium Battery တွေဟာ
သာမန်ဘက္ထရီတွေထက်
စွမ်းအင်သိုလှောင်နိုင်စွမ်း
ပိုမိုမြင့်မားတဲ့နည်းတူ
အားသွင်းချိန်မှာလည်း
ပိုပူပါတယ်...

ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေ
Lithium Ion Battery အပူချိန်မြင့်မားတာရယ်
အပူချိန်ခုခံနိုင်စွမ်းနည်းပါးတာကို
ကာကွယ်ဖို့အတွက်
Air Cooling နဲ့ Liquid Cooling စနစ်များကို
ထည့်သွင်းကာအသုံးပြုကြပါတယ်...

ဥပမာအားဖြင့်
Honda Hybrid ကားများမှာပါတဲ့
Lithium Ion Battery များကို
မော်တော်ယာဥ်မောင်းနှင်နေချိန်
အားသွင်းတဲ့အခါမှာ
ဘက္ထရီ အပူချိန်
၃၆/၃၈ ဒီဂရီ ဆဲစီးယပ်
ရောက်တာနဲ့
Air Cooling System အလုပ်စလုပ်ပေးကာ
ချာဂျင်ဝင်တာ အနိမ့်အမြင့်ပေါ်မူတည်ပြီး
လေအတိုး အလျော့ကို
Battery Cooling Fan
အပတ်ရေနဲ့ ထိန်းချုပ်ကာ
အအေးပေးပါတယ်...

Fan Control Error ဖြစ်လို့
Cooling System
အလုပ်မလုပ်တဲ့အခါမှာ
Lithium Battery Temperature များလာပြီဆိုရင်
ဘက္ထရီမီးအနီရောင်လေး
လင်းလာပြီး ကားအင်ဂျင်ကိုပါ
ရပ်ပစ်လိုက်တတ်ပါတယ်...
ဒါကHonda Hybrid ကားတွေမှာ
ပါတဲ့ ဘက္ထရီလေအေးပေးစနစ်
အလုပ်လုပ်ပုံနမူနာပါ...

EV ကားများမှာလည်း
ဘက္ထရီအအေးပေးစနစ်ကို
သေချာစွာတပ်ဆင်ထုတ်လုပ်ထားပါတယ်...

ဒါဆိုရင် ဘာကြောင့်
ကားချာဂျင်သွင်းထားရင်း၊
ကားရပ်ထားရင်
EV ကားတွေ
မီးထလောင်ရပါသလဲဆိုတော့...

EV ကားတွေမှာပါတဲ့
Lithium Ion Battery တွေဟာ
လျှပ်စစ်သိုလှောင်
ပြန်ထုတ်ပေးနိုင်တဲ့
Capacity မြင့်မားသလို
ပိုမိုကြီးမားတာပါတယ်...

ဒါကြောင့် အားသွင်းချိန်
အသုံးပြုချိန်မှာ
Hybrid ကားတွေထက်
အပူချိန် ပိုမိုမြင့်မားပါတယ်...

အပူချိန်ပိုမိုမြင့်မားလာသော်လည်း
Lithium Ion Battery တွေရဲ့
အရည်ပျော်မှတ်
Melting Point ကတော့
၁၈၀ ဒီဂရီ ဆဲစီးယပ်ချင်းအတူတူပါ...

ချာဂျင်အားသွင်းထားတဲ့အခါ
Lithium Battery Temperature မြင့်လာတာနဲ့
ချာဂျင်သွင်းတဲ့ စနစ်ကို
အလိုအလျောက်ဖြတ်ပစ်တဲ့စနစ်ကို
EV ကားတော်တော်များများမှာ
ပါဝင်ထည့်သွင်းထားပါတယ်...

ချာဂျင်သွင်းနေချိန်
ဘက္ထရီ အပူချိန်မြင့်မားလာလို့
အားသွင်းခြင်းကို
ခေတ္တရပ်ပစ်လိုက်သော်လည်း
Lithium Ion Battery များတွင်ပါဝင်သော
ဓာတုပစ္စည်းများသည်
အပူချိန်ခုခံအားနည်းသောကြောင့်
အပူချိန်များချိန်တွင်
Isotope Uranium 235
အနုမြူစွမ်းအင်ထုတ်လုပ်သကဲ့သို့
အက်တမ်များပေါင်းစပ်ပြိုကွဲရာမှ
အပူစွမ်းအင်တိုးပွားလာပြီး
အပူချိန် ၅၀၀ ဒီဂရီ ဆဲစီးယပ်အရောက်တွင်
Lithium Ion Battery သည်
မီးလောင်ပေါက်ကွဲပါတယ်...

အဲ့လိုမီးလောင်ပေါက်ကွဲချိန်မှာ
Lithium Ion Battery များဟာ
ဆက်လက်မီးလောင်ဖို့အတွက်
ဓာတုပစ္စည်းအက်တမ်ချင်း
ဓာတ်ပြုကာ အပူစွမ်းအင်
ထုတ်ပေးနေသလို
Oxygen ကိုလည်း
တစ်ပြိုင်တည်း ထုတ်ပေးပါတော့တယ်...

ဒါကြောင့် EV ကားတွေ
မီးလောင်ရင်
ရေ သို့မဟုတ်
မီးသတ်သုံး Foam တွေနဲ့
ဘယ်လိုမှ ငြိမ်းသတ်လို့မရပဲ...
Lithium Ion Battery လုံးဝ
မီးလောင်ကုန်ဆုံးသွားမှသာ
မီးငြိမ်းသွားရခြင်းဖြစ်ပါတယ်...

EV ကားတွေ
ရပ်ထားတဲ့အခါ
မီးထလောင်ရတဲ့
အကြောင်းကလည်း
နေပူထဲတွေ...
အပူစွမ်းဖြစ်စေတဲ့
ကားပါကင်...
ကားဂိုထောင်တွေမှာ
ရပ်နားထားရင်းက
အထက်က ရေးသားထားသလို
Lithium Ion Battery
အပူချိန်မြင့်မားလာကာ
ဓာတုပစ္စည်းအက်တမ်ခြင်းဓာတ်ပြုပြီး
အပူချိန်ဆက်ထုတ်
မီးလောင်ပေါက်ကွဲဖို့
လိုအပ်သော
၅၀၀ ဒီဂရီ ဆဲစီးယပ်ကို
ရောက်တဲ့အခါ
မီးထလောင်ခြင်းပါ...

ဝါယာရိန်းရှော့ကြောင့်
EV ကားတွေ
မီးလောင်ရတယ်ဆိုတာ
လုံးဝမဟုတ်ပါဘူး...

ဒါဆိုရင်
EV ကားတွေ မသုံးပဲနေမလား...

EV ကားတွေကို
နိုင်ငံတော်က
အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတာကြောင့်
ထုတ်လုပ်တဲ့နိုင်ငံရဲ့
မူရင်းစျေးထက်
ထိုက်သင့်သော စျေးနဲ့
ရောင်းချသော EV ကားများဆိုရင်တော့
အသုံးပြုသင့်ပါတယ်...

မူရင်းထုတ်လုပ်တဲ့နိုင်ငံကနေ
မြန်မာပြည်အရောက်
၈၀၀ လောက်သာကျပြီး
SR တွေက ၂၀၀၀ လောက်အထိ
တင်ရောင်းနေသောကားများ...
အမြတ်ကို မူရင်းစျေးထက် ၂ ဆကျော်
စျေးတင်ထားသော
EV ကားများဆိုရင်တော့
ဝယ်ယူ အသုံးပြုရတာ
မတန်ဘူးပေါ့လေ...

EV ကားဆိုတာ
အချိန်တန်ရင်
ဘက္ထရီလဲရဦးမှာ...
ကားနည်းနည်းတိုက်မိတာနဲ့လည်း
ဘက္ထရီထိခိုက်နိုင်တာကြောင့်
မတန်တဆစျေးတွေနဲ့
ရောင်းတာဆိုရင်တော့
ဝယ်ယူအသုံးပြုရတာ
မတန်ပါဘူး...

ကျွန်တော်လည်း
မူရင်းစျေးထက်
ထိုက်သင့်သောအမြတ်ကို
ယူထားတဲ့
EV ကားတွေဆိုရင်တော့
ဝယ်စီးချင်ပါတယ်...

ဒါမှသာ
လောင်စာဆီအသုံးပြုမှု့
လျော့ချနိုင်မှာဖြစ်ပါတယ်...

EV ကားတွေဟာ
Lithium Ion Battery ကို
မီးမလောင်အောင်
ဒီထက်ပို Safe ဖြစ်အောင်
ထုတ်လုပ်လာနိုင်မယ်...
နည်းပညာနဲ့
ကျော်လွှားလာနိုင်မယ်...
Lithium Ion Battery အသစ်စျေးလည်း
ကျဆင်းလာမယ်...
လျှပ်စစ်မီးလည်း
ယခုထက် မှန်လာမယ်...
ခရီးသွားနိုင်မယ့်
အကွာအဝေးလည်း
ပိုများလာမယ်ဆိုရင်
ICE ကားလို့ခေါ်တဲ့
လောင်စာဆီအသုံးပြုတဲ့ကားတွေဟာ
လျော့နည်းလာမှာ ဖြစ်ပါတယ်...

EV ကားတစ်စီး
ဝယ်ယူအသုံးပြုတော့မယ်ဆိုရင်
မဖြစ်မနေ သိသင့်သိထိုက်တဲ့
အချက်အလက်တွေက...

ကားအရောင်းကုမ္ပဏီတွေကနေ
EV ကားအားသွင်းရင်း
ကားရပ်ထားရင်း
မီးထလောင်ခဲ့ရင်
ဘယ်လို တာဝန်ယူ
တာဝန်ခံမှာလဲဆိုတာကို
EV ကားတစ်စီးမဝယ်ခင်
SR ကို သေချာရှင်းလင်းစွာ
မေးမြန်း စာချုပ်လုပ်ထားသင့်တဲ့အချက်ပါ...

ကားအာမခံ ကိစ္စကို
SR ကတာဝန်ယူမှာလား...
အာမခံကုမ္ပဏီတွေက
EV ကားအာမခံလက်မခံသေးရင်
SR အနေနဲ့
ဘယ်လို တာဝန်ယူပေးမှာလဲ
မေးမြန်းထားသင့်ပါတယ်...

After Service ပိုင်းကို
ဘယ်လို တာဝန်ယူပေးမှာလဲ...
ဒါလည်းမေးမြန်းသင့်သလို
စီးပွားကူးသန်း တာဝန်ရှိသူများအနေနဲ့လည်း
EV ရောင်းချတဲ့
SR များကို သေချာ
မေးမြန်းကာ စစ်ဆေးသင့်ပါတယ်...

ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး
ရောင်းပြီးတာနဲ့ ပြီးပြီး...
သူ့ဘာသာ ဘယ်နားပြင်ပြင်
ငါအမြတ်ရရင် ပြီးရောဆိုတဲ့
EV ကားရောင်းချနေသော
SR များကို
ဒီအတိုင်း
လွှတ်မပေးထားသင့်ပါဘူးဗျာ...

နောက် EV ကားဝယ်ပြီးတာနဲ့
Owner Manual ကို
သေချာဖတ်ပြီး
ထုတ်လုပ်တဲ့ မူရင်းကုမ္ပဏီရဲ့
ညွှန်ကြားချက်
သတိပေးချက်များကို
လိုက်နာသင့်ပါတယ်...

EV ကားများကို
နေပူကြီးထဲမှာ
အလုံပိတ်နဲ့
ပူအိုက်သောဂိုထောင်များထဲမှာ
Parking ရပ်နားခြင်းကို
မြန်မာပြည်လို
အပူချိန်များတဲ့
တိုင်းပြည်မှာ
ရှောင်ကြဥ်ဖို့ကို
နိဂုံးချုပ်အနေနဲ့
အကြံပေးလိုပါတယ်ဗျာ...

မိတ်ဆွေများအားလုံး
အစစအရာရာအဆင်ပြေကြပါစေ၊

ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Photo Google

29/01/2023

ကားဝယ်စီးပြီး ဘောနပ်ဖုံး လှန်မကြည့်ဘူးတဲ့ သူများအတွက်

၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။

အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။

ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။

ဒီမှာ လေ့လာကြည့်ပါ

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။

မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။

18/06/2021

#အဝေးပြေးလမ်းများတွင်_ရုတ်တရက်_တာယာပွင့်ခဲ့လျှင် 🚚🚍

အဝေးပြေးလမ်း များတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။
ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် “ရုတ်တရက် တာယာ ပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။

၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။
တာယာ ပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။

၂။ တာယာ ပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ
အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကားရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။ ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။

၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ
ကားတာယာ ပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ
ရှေ့ကားဘီးပွင့်ပါက သင့် ကား ၏ တည်ငြိမ်မှု ကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ဝဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။ `ဝဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `ဝဲ´ဘက်ချိုးချပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။ သို့မှသာ ကား မှာ လမ်း အတိုင်း တည့်တည့်တရွတ်တိုက် ရွေ့မည်ဖြစ်သည်။

၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန်
အဓိကအချက်ဖြစ်သော ကား ၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကား ကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကား ကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။

၆။ ကား အရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း
ကား ကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။ အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာ ကျွတ်သွား၍ ကျန်သောကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။ ကား ရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။
Crd original uploader
===================

18/09/2020
28/02/2020

ZR ပါတဲ့တာယာကဘာလဲ?

တာယာမှာ R15 အထိ Zမပါသေးဘူး
16 Size ကစပြီး R16 ရှိသလို ZR16 ရှိလာတယ်။
ဆိုလိုတာ 16 နဲ့အထက်တာယာတွေမှာ ZR ရှိလာတယ်။

ZR DESIGNATION
ZR သတ်မှတ်ချက်...

R က Size ပါ။ Z တစ်လုံးပိုလာတယ်...
တားယာအတွက်ဥပဒေသတ်မှတ်ချက်မှာ149 MPH ထက်ကျော်ပြီးသုံးမဲ့တာယာတွေမှာ “ZR” သတ်မှတ်ချင်သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ 186 MPH ထက်ကျော်မောင်းနိုင်မဲ့တာယာတွေအတွက်ကတော့ “ZR” ဟာပါကိုပါရမှာဖြစ်ပါတယ်။

EXAMPLES ကိုကြည့်ပါမယ်
က)P275/40ZR17 93W 270 km/h (168) ခ)P275/40ZR17 93Y 300 km/h (186)

တချို့တာယာတွေမှာ တာယာ Size Code တွေရှေ့မှာ
P, LT, ST , T ဆိုပြီးပါတာတွေရှိပါတယ်။ ပါတဲ့ Tyre တွေကTRA standardsနဲ့ထုတ်လုပ်တာဖြစ်ပြီးမပါတဲ့
တာယာတွေကETRTOstandardsနဲ့ထုတ်တာဖြစ်ပါတယ်။တစ်ကမ္ဘာဒီ Standard ၂ခုနဲ့ထုတ်လုပ်ကြပါတယ်။

Code ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

P: Passenger Car

LT: Light Truck

ST: Special Trailer

T: Temporary (restricted usage for "space-saver" spare wheels)

P275/40ZR17 93W
ဆိုတာ P: Passenger Car
275 ဗျက်
40 ကအမြင့်
Zက High Performance Tyre ရဲ့ Sign
R17 ကတာယာ Size
93 က ဝန်ခံနိုင်အား
W က speed 270 km/h or 168 MPH အထိမောင်းနိုင်တယ်လို့ပြောတာပါ။

ခ)P275/35ZR18 93Y ကိုလေ့လာရင်
P: Passenger Car
275 ဗျက်
35 ကအမြင့်
Zက High Performance Tyre ရဲ့ Sign
R18 က 18 Size
93 က ဝန်ခံနိုင်အား
Y က speed 300 km/h or 186 MPH အထိမောင်းနိုင်တယ်လို့ပြောတာပါ။

Speed table code ကိုလေ့လာကြည့်ပါမယ်

N=140KM or 87MPH
P=150KM or 94MPH
Q=160KM or 100MPH
R=170KM or 106MPH
S=180KM or 112MPH
T=190KM or 118MPH
U= 200KM or 124MPH
H= 210KM or 130MPH
V= 240KM or 149MPH
W= 270KM or 168MPH
Y = 300KM or 186MPH

ZR တာယာရဲ့နှုတ်ခမ်းသား
Re inforced side wall တွေအနေအထားကိုပုံမှန် တာယာနဲ့နှိုင်းယှဉ်ပြထားပါတယ်။ဘာလို့ပြိုင်ကားတာယာတွေစျေးကြီးလဲဆိုတဲ့အဖြေက......

Copy from UTG

19/02/2020

Copy from other car db page
လေမဲ့တာယာလို့ခေါ်တဲ့ ‌မော်တော်ကားတာယာအမျိုးအစားတွေနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ခန့်မှန်းချက်တွေအများအပြား မကြာသေးခင်က ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအထဲမှာ သေချာတဲ့သတင်းတစ်ရပ်ကတော့ ပြင်သစ်အခြေစိုက် မော်တော်ကားတာယာထုတ်လုပ်ရေးကုမ္ပဏီ Michelin ဟာ Tweel လို့ခေါ်တဲ့ လေမဲ့တာယာနည်းပညာသစ်ကို အောင်မြင်စွာစမ်းသပ်‌ဖော်ဆောင်ထားခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဓိက ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ ဂျပန်အခြေစိုက် Bridgestone ကလည်း Tweel ကို အမီလိုက်ဖို့သာမက ‌ဈေးကွက်အတွင်းမှာ အနိုင်ရမယ့် လေမဲ့တာယာအမျိုးအစားသစ်‌ကို စမ်းသပ်ဖော်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

Automotive News ဝက်ဘ်ဆိုက်ရဲ့အဆိုအရ Bridgestone ကုမ္ပဏီဟာ လေထည့်သွင်းအသုံးပြုစရာမလိုတဲ့ ကားတာယာအမျိုးအစားသစ်ကို စမ်းသပ်တီထွင်နိုင်ခဲ့ပြီး ‌ဈေးကွက်အတွင်း စတင်ရောင်းချနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကားတာယာအတွင်းမှာ လေကို ဖိအားနဲ့ထည့်သွင်းထားမယ့်အစား ပင့်ကူအိမ်သဏ္ဍာန်ဖန်တီးထားတဲ့ အပူခံပလတ်စတစ်တွေနဲ့ အလယ်အူကြောင်းအဖြစ် ကျားကန်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ Bridgestone ရဲ့လေမဲ့တာယာတွေဟာ အလေးချိန်ဖိအား ပေါင် ၅,၀၀၀ အထိ ခံနိုင်ပြီး လေမပါတဲ့အတွက် လေပေါင်လျော့နည်းတာမျိုး၊ တာယာပွင့်ထွက်တာမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။

ဒီလိုအားသာချက်တွေကြောင့်လဲ Bridgestone ကုမ္ပဏီဟာ ၎င်းတို့ရဲ့လေမဲ့တာယာတွေကို အဝေးပြေးကုန်တင်ကားကြီးတွေ၊ Truck ကားကြီးတွေမှာ တတ်နိုင်သမျှအမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။ စစ်တမ်းတွေအရ အဝေးပြေး Truck ကားတွေဟာ မိုင်ပေါင်း ၈,၀၀၀ ခရီးရောက်တိုင်း လေပေါင်နဲ့ပတ်သက်တဲ့ ကားတာယာပြဿနာကို ကြုံကြရတယ်လို့ သိရပါတယ်။ ဒီအတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေအနေနဲ့ အချိန်နှောင့်နှေးရသလို ငွေကုန်ကြေးကျလည်း ပိုများရပါတယ်။ အသစ်ထွက်ရှိလာမယ့် လေမဲ့တာယာတွေဟာ လေဖိအားထည့်သွင်းအသုံးပြုရတဲ့ သာမန်တာယာတွေထက်ပိုပြီး စျေးကြီးမယ်ဆိုပေမဲ့ နောက်ဆက်တွဲပြဿနာတွေကင်းဝေးတာကြောင့် ရေရှည်အတွက် တွက်ချေကိုက်မယ့်ထုတ်ကုန်တွေဖြစ်လာပါလိမ့်မယ်။

ဒါပေမဲ့ အထက်ကဆိုခဲ့သလို Bridgestone ကုမ္ပဏီဟာ လေမဲ့တာယာကို ဈေးကွက်မှာ စတင်မိတ်ဆက်ဖို့ကြိုးစားရာမှာ ဖောက်သည်အမျိုးအစားကို ကြိုတင်ရွေးချယ်ခဲ့ပြီးပါပြီ။ သာမန်အိမ်စီးကားအမျိုးအစားတွေကို ကျော်လွန်ပြီး အဝေးပြေးကုန်တင်ကားကြီး‌တွေကို ဘာကြောင့်ပစ်မှတ်ထားခဲ့ပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ အိမ်စီးကားငယ်တွေဟာ ဟိုက်ဝေးခရီးနှင်တာမျိုးနည်းသလို အချိန်ပြည့်မောင်းနှင်နေရတဲ့ကားမျိုးတွေမဟုတ်ပါဘူး။ အဲဒီအတွက် တာယာပြဿနာဖြစ်လာခဲ့ရင်လည်း လဲလှယ်တပ်ဆင်ဖို့ အချိန်ကောင်းကောင်းရပါတယ်။ ဟိုက်ဝေးခရီးစဉ်တွေ ဆက်တိုက်ထွက်ပြီး ကုန်ပစ္စည်းတွေကို အချိန်မီသယ်ယူပို့ဆောင်ပေးနေရတဲ့ ကုန်တင် Truck ကားကြီးတွေမှာတော့ တာယာနဲ့ပတ်သက်တဲ့ပြဿနာကို အမြဲလိုလိုကြုံတွေ့နေရပါတယ်။ ဒါကြောင့် ဒီလိုကားကြီးတွေကို ကနဦး ပစ်မှတ်ထားလာတဲ့ Bridgestone ရဲ့ စျေးကွက်ရှာဖွေရေးနည်းဗျူဟာ က အမြော်အမြင်ရှိရာရောက်နေတယ်လို့တောင် ချီးကျူးချင်စရာပါ။

နောက်ထပ် Bridgestone ရဲ့ လေမဲ့တာယာတပ်ဆင်သွားမယ့် ယာဉ်အမျိုးအစားတစ်ခုကတော့ စက်ဘီးတွေမှာပဲဖြစ်ပါတယ်။ ယခုနှစ်မှာကျင်းပမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ Bridgestone ရဲ့ လေမဲ့တာယာအသုံးပြုထားတဲ့ စက်ဘီးတွေကို တွေ့မြင်ကြရဖို့ရှိပါတယ်။ အိုလံပစ်ပြိုင်ပွဲဧရိယာတဝိုက်မှာ လွယ်လင့်တကူစီးနင်းအသုံးပြုလို့ရတဲ့ စက်ဘီးတွေထားရှိသွားမှာဖြစ်ပြီး Bridgestone က ၎င်းတို့ရဲ့လေမဲ့တာယာကို နည်းဗျူဟာကျကျမိတ်ဆက်ပြသဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ လမ်းမတွေပေါ်မှာ ကြုံတွေ့ရတဲ့ထိခိုက်မှုတွေကိုခံနိုင်ပြီး တာယာပေါက်ကွဲပွင့်ထွက်တဲ့ပြဿနာကင်းဝေးသွားမယ့်ခံစားမှုကို Bridgestone က လက်တွေ့ပေးအပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ Michelin ကုမ္ပဏီရဲ့ Tweel လို့ခေါ်တဲ့ လေမဲ့တာယာနည်းပညာအကြောင်းကိုလည်း လေ့လာကြည့်သင့်ပါတယ်။ Tweel နည်းပညာကို ၂၀၀၅ ခုနှစ်ကတည်းက Michelin ကုမ္ပဏီက စတင်မိတ်ဆက်ကြေညာခဲ့ပြီး Tyre နဲ့ Wheel ဆိုတဲ့ စကားလုံးနှစ်လုံးကို ပေါင်းစပ်နာမည်ပေးထားခြင်းလည်း ဖြစ်ပါတယ်။ အမှန်တကယ်လည်း Tweel ဟာ လေမဲ့တာယာသက်သက်မဟုတ်ပါဘူး။ လေဖိအားထည့်သွင်းအသုံးပြုထားခြင်းမရှိတဲ့ ကားဘီးခွေတစ်ခုလုံးကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ အတွင်းပိုင်းဘီးခွေနဲ့ ပြင်ပတာယာမျက်နှာပြင်ရဲ့ကြားမှာ ပိုလီယူသိမ်းဒြပ်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ပျော့ပျောင်းတဲ့ စပုတ်တိုင် (spoke) သဖွယ်ထောက်တိုင်တွေပါဝင်ပါတယ်။ ဒီထောက်တိုင်တွေကပဲ လေပေါင်ဖိအားရဲ့တာဝန်ကို အစားထိုးထမ်းဆောင်ပြီး ဘီးလုံးတွေသွက်လက်မြန်ဆန်စွာလည်ပတ်ဖို့ ထောက်ပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ Michelin ရဲ့ Tweel ဘီးလုံးတွေဟာ အရွယ်အစားကြီးကြီးဖန်တီးထားတဲ့ စက်ဘီးခွေတွေနဲ့ သွားပြီးပုံစံတူနေပါတယ်။

Tweel ဘီးခွေတွေကို လမ်းမပေါ်လှိမ့်မောင်းလိုက်ရင်ပဲ ကျင်းတွေ၊ ချိုင့်တွေ၊ အဖုအထစ်တွေရဲ့ ထိခိုက်မှုကို ပျော့ပျောင်းပြီး ဖိအားဒဏ်ခံနိုင်တဲ့ ပိုလီယူသိမ်းထောက်တိုင်တွေက ထိန်းထားပေးမှာပဲဖြစ်ပါတယ်။ ဒါကြောင့် သာမန်အတိုင်း လေထိုးအသုံးပြုရတဲ့ တာယာဘီးခွေတွေရဲ့ တုန့်ပြန်မှုနဲ့ အနီးစပ်ဆုံးတူညီနေမှာပါလိမ့်မယ်။ Michelin ရဲ့အဆိုအရ စမ်းသပ်ဆဲ Tweel ဘီးခွေတွေကို Audi A4 မော်တော်ကားမှာ စမ်းသပ်တပ်ဆင်အသုံးပြုလိုက်တဲ့အခါ သာမန်သမားရိုးကျကားတာယာတွေရဲ့ တောင့်တင်းမာကျောမှုထက် ၅ ဆပိုပြီး မာကျောနေတယ်လို့သိရပါတယ်။ ဒါကြောင့် Tweel နဲ့ ပတ်သက်ပြီး အဓိက ချိန်ညှိရမှာကတော့ ထောက်တိုင်တွေရဲ့ လိုက်လျောညီထွေတုန့်ပြန်မှုပဲဖြစ်ပါတယ်။ သာမန်လေထိုးတာယာတွေနဲ့မခြား တုန့်ပြန်မှုကောင်းမွန်မှသာ အသုံးပြုတဲ့ကားရဲ့ လောင်စာဆီသုံးစွဲမှုကို ချွေတာရာရောက်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ လေထိုးစရာမလိုတဲ့၊ လေဖိအားအသုံးမပြုတဲ့ Airless Tyre တွေကတော့ ဈေးကွက်အဝင် လမ်းခုလတ်ကို‌ရောက်ရှိနေပါပြီ။ မျှော်လင့်ထားတဲ့အတိုင်း အားသာချက်တွေနဲ့အတူ အသုံးတည့်နိုင်မှာလားဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

03/01/2020

Credit to Ko Toe

ချစ်မိတ်ဆွေများ ရှမ်းပြည်က...
တောင်ပေါ်လမ်းတွေကို
အိမ်သုံးကားဖြင့် မောင်းတော့မယ်ဆိုရင်...

အော်တို ဂီယာအသုံးပြုသူများ
မြင့်မားသော တောင်အတက်များတွင်
အဲယားကွန်း မဖွင့်ပါနှင့်၊
အဲယားကွန်းဖွင့်တက်ပါက
Engine Loading များတဲ့အတွက်
ကားအင်ဂျင် ပိုရုန်းရပါသည်...

တောင်တက်ရန်အတွက် Second ဂီယာဖြစ်သော
S, 2 တို့ဖြင့်သာ တောင်တက်ပါ...
D သာပါသော အော်တိုကားများတွင်
Manual ပြောင်း၍ တက်သင့်ပါသည်...

(Edit...
D နဲ့ မောင်းလည်း S, 2 ဂီယာ ချိန်းတာ
ဒေါင်းတာ အတူတူပါလို့ ပြောလာတဲ့အတွက်...
အမှတ်မမှားစေရန် ပိုရှင်းလင်းစေရန်အလို့ဌာ...
ရှင်းပြပေးလိုက်ပါတယ်ဗျာ...

အဲ့တာက သာမန်
မသိတဲ့သူတွေထင်တဲ့
အယူအဆပါ...
S, 2 မှာထားတာနဲ့
D. မှာထားတာက
ဘာကွာလဲဆိုတော့
D မှာက အတက်အတွက်
S, 2 ထည့်ပေးသည့်တိုင်
ဆီပေးတဲ့နှုန်း
Throttle Shutter...
Engine Loading စတာတွေ
မတူပါ...

D ရိုးရိုးထားတာနဲ့
O/D Off ထားပြီးသုံးတာ
ECT Power သုံးတာချင်းမတူပါ...
O/D Off ကတော့နောက်ဆုံးဂီယာ
အသေးဆုံး တစ်ချက် 4,5 စသည်ဖြင့်
မဝင်တော့ပါ...

S, 2, ဂီယာသုံးထားရင်
အင်ဂျင်ကွန်ထရိုးဘောက်ကနေ
Engine Loading
ပိုရုန်းနိုင်ရန်အတွက်
Throttle Shutter ကို
ပုံမှန်ထက် ၁၅ ရာခိုင်းနှုန်းအထိ
ပိုဖွင့်ကာ ဂီယာအချိန်းပြောင်း
လုပ်ပေးပြီး...
ပုံမှန်ထက်ဆီပိုပေး...
မီးပိုမြင့်ပေးပြီး
Engine Power
ပိုကောင်းလာအောင်
ကူညီပေးပါတယ်...
O/D နဲ့ ECT Power
လည်း အဲ့လိုသဘောမျိုး
Engine Power ပိုကောင်းအောင်
ကူညီပေးတာပါ...

ဒါကြောင့် နည်းပညာနဲ့
ပတ်သက်တာကို
တကယ် ထဲထဲဝင်ဝင်မသိလို့
တကယ်အမှန်မသိလို့
D နဲ့ မောင်းရင်
ချိန်းပေးတာ အတူတူပဲလို့
ပြောတာပါဗျာ)

ဒီဇယ် Pickup ကားများနှင့်
Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင်
ဂီယာကို ကြိုဒေါင်းပါ...

မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင်
ကလပ်ပလိတ်ပြား မျက်နှာပြင်များ
ချော်တတ်ပါသည်။

မြင့်မားသော
တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ
Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ...
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော
3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား
ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်...
ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ...

ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ
ကောင်းသွားပါလိမ့်မည်...

တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင်
ဟွန်းတီးရန် မမေ့ပါနှင့်...
ဟွန်းသံသည် ကျဉ်းမြောင်းသော
တောင်ကွေ့များတွင် နှစ်ဖက်လုံးအတွက်
အန္တရယ်ကာကွယ်နိုင်ပါသည်...

တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌
ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်
ဖို့မြေသားပေါ် မနင်းပါနှင့်...
မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်...

တောင်တက် တောင်ဆင်းများတွင်
ကားကြီးများကို ဦးစားပေးပါ...
ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်
အချို့နေရာများ ဖို့မြေသားများတွင်
ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ...
ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ...

တောင်တက် တောင်ဆင်းများတွင်
တအိအိ တက်ဆင်းနေသော
ကားကြီးများ အနှောင့်အယှက်ဖြစ်စေရန်
ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်...
လမ်းလွတ်သောနေရာများတွင်
လမ်းမတောင်းသည့်တိုင်
နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်...
ကျော်မရသော လမ်းကျဉ်းများ
လမ်းပေးမရသောနေရာများတွင်
ဝန်အလေးဖြင့် တက်ဆင်းနေသော
ကားကြီးများအား ဟွန်းသံဖြင့်
အနှောင့် အယှက်မပေးပါနှင့်...

ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်...
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက
ကားငယ်များ ဘယ်ကြောမှ
ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ...

ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တွင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်...

တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင်
ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက
အရှိန်ကြိုလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက်
ချောက်နုတ်ခမ်းအထိပါသွားတတ်ကာ
အန္တရာယ် ရှိပါသည်...

တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့်
လမ်ကျဉ်းသောနေရာများကို
ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာနားပါ...

မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြပါသည်...
ဒါကြောင့် မသေချာသောနေရာများတွင်
ရပ်ပြီး ရှောင်ပေးပါ...

မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး
အခြားကားများလည်း အန္တရယ်မဖြစ်အောင်
ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်...

ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်...

လေစစ်များ မကောင်းပါက
အသစ်လဲလှယ်ပြီးမှ ခရီးထွက်ပါ...

ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ...
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ...
တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။

ချစ်မိတ်ဆွေများအားလုံး
လိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ...

ချစ်ခြင်းအားဖြင့်

ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
WK Auto Mechanic Service

18/10/2019







(Ref: Internet)

Royal Motors



ကားတာယာအတွက် ဘာကြောင့်နိုက်ထရိုဂျင်လေကို ရွေးချယ်သင့်လဲ ???

မော်တော်ကားတွေမှာ တာယာရဲ့အခန်းကဏ္ဍက အလွန်အရေးပါပါတယ်။ ကားတာယာကိုသာ သေချာချိန်စပြီး လေထိုးထားမယ်ဆိုရင် ကားမောင်းနေတဲ့အချိန်မှာ သက်တောင့်သက်သာရှိတဲ့အပြင် pressure မညီပဲ ရုတ်တရက် တာယာပေါက်ကွဲမှုမဖြစ်အောင်လဲ အများကြီးတားစီးပေးနိုင်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ကားတာယာတွေကို လေထိုးတဲ့အခါ ရိုးရိုး compressed air ရယ် Nitrogen ရယ်ဆိုပီး ရွေးချယ်စရာနှစ်မျိုးရှိပါတယ်။

သာမန် compressed air ထဲမှာဆိုရင် နိုက်ထရိုဂျင် ၇၈%၊ အောက်ဆီဂျင် ၂၁% နဲ့ ကျန်တဲ့ ၁% လောက်မှာတော့ ရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားသောဓာတ်ငွေ့များပေါင်းစပ်ပါဝင်ပါတယ်။ နိုက်ထရိုဂျင်လေမှာဆိုရင်တော့ နိုက်ထရိုဂျင်ဓာတ်ငွေ့ ၉၃% ကနေ ၉၉% ထိပါဝင်ပြီး ကျန်တာကိုတော့ အခြားဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။ နိုက်ထရိုဂျင်လေမှာ သာမန်လေလို ရေဓာတ်မပါတဲ့အပြင် pressure လဲနည်းတဲ့အတွက်ကြောင့် အပူချိန်မတက်နိုင်ပါဘူး။ နိုက်ထရိုဂျင်လေက ရေရှည်မှာ တာယာဖိအားအတက်အကျပိုပီးတည်ငြိမ်မယ်။ နောက်တချက်က နိုက်ထရိုဂျင်မော်လီကျူးတွေက သာမန်အောက်ဆီဂျင်မော်လီကျူးတွေထက် ပိုပီးထူထဲတဲ့အတွက် ပြင်ပကိုလေစိမ့်ထွက်မှု လျော့နည်းစေသောကြောင့် မကြာခဏလေထိုးရ‌ခြင်း မဖြစ်စေနိုင်ပါဘူး။ Pressure လဲငြိမ်တဲ့အတွက်ကြောင့် ဆီစားအနည်းငယ်သက်သာသလို တာယာရဲ့သက်တန်းကိုလဲ တိုးမြှင့်ပေးနိုင်ပါသေးတယ်။

ဒီလောက်ဆိုရင် နိုက်ထရိုဂျင်လေကို ဘာကြောင့်သုံးသင့်သလဲ၊ သုံးရင်ကော ဘာကောင်းကျိုးတွေ ရမလဲဆိုတာကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ နိုက်ထရိုဂျင်လေပဲသုံးသုံး သာမန်လေပဲသုံးသုံး ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် လောက်တော့ တာယာ pressure ကို ပုံမှန်စစ်ဆေးတာမျိုးလေးကို လုပ်ပေးသင့်ပါတယ်နော် ။

လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်လေးတွေကိုလဲ အောက်က comment မှာ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။ နောက်‌နေ့တွေမှာလဲ ကျွန်တော်တို့ Royal Motors page ကနေ တင်ပေးသွားမယ့် post တွေကို မလွတ်သွားကြရအောင် ကျွန်တော်တို့ရဲ့ page ကို like,see first & share လေးတွေ လုပ်ထားကြပါ။
(Ref: Internet)

Royal Motors
Your trusted Car Dealer

Address

Yone Ka(40)Room(9/10)Bayintnaung Market Mayangone Township
Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Myaing Tyre Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share