Symphonix EDM Myanmar

Symphonix EDM Myanmar We service any kinds of EDM Festival Tickets in Myanmar x)

Music ဝါသနာပါတဲ့သူတွေ ဒီသင်တန်းလေးကို Join ကြည့်ပါပေါ့ပေါ့ပါးပါးလည်းဖြစ်အောင်၊ ပညာလည်းရအောင်၊ အခုကာလ ခက်ခဲနေသူများအတွက်လ...
17/07/2021

Music ဝါသနာပါတဲ့သူတွေ ဒီသင်တန်းလေးကို Join ကြည့်ပါ

ပေါ့ပေါ့ပါးပါးလည်းဖြစ်အောင်၊ ပညာလည်းရအောင်၊ အခုကာလ ခက်ခဲနေသူများအတွက်လည်းအဆင်ပြေအောင် ၅၅၀၀ ကျပ်တည်းနဲ့ Join လို့ရတဲ့ တစ်ခုတည်းသော Class ဖြစ်ပါတယ် ❤️

🇲🇲

ငွေကျပ် ၅၅၀၀ တည်းနဲ့ Music Theory သင်တန်း
တက်ကြမယ် ...

(ပိုက်ဆံမကုန်ဘဲအားလုံးပါဝင်လှူဒါန်းနိုင်မယ့်အစီအစဥ်လေးကို Post ရဲ့ Comment မှာဖော်ပြထားပါတယ်)

Music Production လုပ်နေတဲ့သူတွေအတွက်ရော၊ သီချင်းဆိုတဲ့သူတွေအတွက်ရောအပြင် Music နယ်ပယ်က ဘယ်သူမဆို လူတိုင်းအတွက် လုံးဝအကျိုးရှိစေရမယ်လို့ ၁၀၀ % အာမခံပါတယ် ။

အခုလိုအားလုံးအဆင်မပြေခက်ခဲနေကြတဲ့အချိန်မှာ Music Theory သင်ကြားချင်တဲ့လူငယ်တိုင်းအိမ်မှာနေပြီး အန္တရာယ်ကင်းကင်းသင်ကြားနိုင်ဖို့အတွက် ဒီ ၅၅၀၀ ကျပ်တန်သင်တန်းလေးကို စီစဥ်ဖြစ်တာဖြစ်ပါတယ်။

ရှင်းရှင်းလေးပါပဲ...

ဒီသင်တန်းလေးမှာ အပိုင်း (၄) ပိုင်းခွဲပြီးသင်ကြားပေးမှာဖြစ်ပါတယ်။

- Diatonic Scales
- Chrometic Scales
- Major Scales
- Tonic Solfa Notation

အခြေခံအကျဆုံးအဆင့်ကနေပြီးတော့ မြန်မာနိုင်ငံသုံး Tonic Solfa Notes တွေနားလည်ပြီး ဖတ်တတ်တဲ့အထိသင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။

သင်တန်းတက်‌ရောက်သူတိုင်းကို ၃၁.၇.၂၁ မှာ Zoom Meeting တစ်ခုစီစဥ်ပေးမှာဖြစ်ပြီး ကိုယ်မသိတာ၊ နားမလည်တာတွေမေးဖို့ ဆရာနဲ့တိုက်ရိုက်မေးမြန်းခွင့်ရမယ့် Question & Answer အစီအစဥ်မှာပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

သင်တန်းတက်‌ရောက်လိုပါက အောက်က Send Message ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီး သင်တန်းအပ်နိုင်ပါတယ်။

အားလုံးကျန်းမာရေးဂရုစိုက်ကြပါ။

မထင်မှတ်ဘဲအစောကြီးထွက်သွားတာ ကျွန်တော်တို့ဝမ်းနည်းရသလိုတစ်ဖက်မှာလည်း ခင်ဗျားလိုပါရမီရှင်တစ်ယောက်က ဒီလိုနိုင်ငံမျိုးမှာဆက...
23/06/2021

မထင်မှတ်ဘဲအစောကြီးထွက်သွားတာ ကျွန်တော်တို့ဝမ်းနည်းရသလိုတစ်ဖက်မှာလည်း ခင်ဗျားလိုပါရမီရှင်တစ်ယောက်က ဒီလိုနိုင်ငံမျိုးမှာဆက်နေဖို့မထိုက်တန်ပါဘူး

ကျွန်တော်တို့ ဘော်ဒါတွေနဲ့ဂစ်တာစုတီးတိုင်း ခင်ဗျားသီချင်းတွေသီဆိုရင်း ကျွန်တော်တို့ရင်ထဲမှာအမြဲရှင်သန်နေမှာပါ။

Rest in Peace ကိုတွတ်ပီ 🥀

🇲🇲

Manchester City Vs Chelsea တို့ရဲ့ Champions League Final မှာ တင်ဆက်ဖျော်ဖြေသွားခဲ့တဲ့ Marshmello ရဲ့ Performance ပုံရိပ...
29/05/2021

Manchester City Vs Chelsea တို့ရဲ့ Champions League Final မှာ တင်ဆက်ဖျော်ဖြေသွားခဲ့တဲ့ Marshmello ရဲ့ Performance ပုံရိပ်တချို့ပဲဖြစ်ပါတယ်။

Performance မှာ သူ့ရဲ့ Masterpiece သီချင်းတွေဖြစ်ကြတဲ့ F.R.I.E.N.D.S, Happier, Wolves, Silence သီချင်းတွေကို Selena Gomaz, Khalid တို့နဲ့အတူတွဲဖက်ပြီးဖျော်ဖြေသွားခဲ့ပါတယ်။

🇲🇲

Chelsea နဲ့ Manchester City တို့ယှဉ်ပြိုင်ကစားကြမယ့် Champions League ဗိုလ်လုပွဲပြိုင်ပွဲမစခင်မှာ American လူမျိုး DJ Ma...
24/05/2021

Chelsea နဲ့ Manchester City တို့ယှဉ်ပြိုင်ကစားကြမယ့် Champions League ဗိုလ်လုပွဲပြိုင်ပွဲမစခင်မှာ American လူမျိုး DJ Marshmello မှဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။

Champions League Final

Manchester City Vs Chelsea
30.5.2021
စနေနေ့ည (တနင်္ဂနွေနေ့မနက်)
၁:၃၀ နာရီ

🇲🇲

19/01/2021

Tuesday Quotes ...

Rest in Peace 🙏

ဒီလိုပြိုင်ဆိုင်မှုတွေများနေတဲ့ခေတ်ကြီးမှာ ကိုယ်ကသူများထက်သာနိုင်ဖို့ ဒီတစ်ချက်ကလေးတော့သိထားပေးပါ-----------------------...
01/12/2020

ဒီလိုပြိုင်ဆိုင်မှုတွေများနေတဲ့ခေတ်ကြီးမှာ ကိုယ်ကသူများထက်သာနိုင်ဖို့ ဒီတစ်ချက်ကလေးတော့သိထားပေးပါ
----------------------------------------
ပိုပြီးကောင်းတဲ့ Music Producer တစ်ယောက်ဖြစ်ဖို့အတွက်အဖြေကနက်နက်နဲနဲကြီးတွေမရှိပါဘူး

"သီချင်းများများနားထောင်ပေးပါ "

ကိုယ်ကသူများထက်သီချင်း Genre ပေါင်းစုံ၊ သူများထက်ပိုပြီးနားထောင်ထားရင် ကိုယ်ရဲ့ဖန်တီးနိုင်မှုစွမ်းရည်ကတဖြည်းဖြည်းမြင့်လာပါလိမ့်မယ်။

ကျောင်းကပေးတဲ့စာအုပ်ကြီးအတိုင်းအသေကျက်နေတဲ့သူနဲ့ ကျောင်းကပေးတာလည်းကျက်တယ်၊ ပြင်ပဗဟုသုတလည်းစုဆောင်းတဲ့သူနှစ်ယောက်ယှဉ်လိုက်ရင် စာမေးပွဲမှာဉာဏ်စမ်းမေးခွန်းပါလာတဲ့အခါ အသေကျက်ထားတဲ့သူကစွံ့အသွားသလိုပေါ့ ....

မေးခွန်းထဲမှာကိုက အဖြေကပါပြီးသားပါ။
ရှင်းရှင်းလေးပါပဲ....

"သီချင်းများများနားထောင်ပေးပါ"

ဒီ Post လေးက သူငယ်ချင်းတို့အတွက် အကျိုးတစ်ခုခုရှိသွားတယ်ဆိုရင် ကိုယ်နဲ့ ဝါသနာတူသူငယ်ချင်းတွေလည်းသိသွားအောင် အချင်းချင်းမျှဝေပေးပါ။

Sharing is Caring နော် ဘော်ဒါတို့ 😉

🇲🇲

ကြိုပြောထားမယ်နော် ... ဘုရားစူးကူးချထားတာပါ၊ ကိုယ်တိုင်ရေးတာမဟုတ်ပါဘူး 😁" ဒီဇင်ဘာလကိုအမြဲအမှတ်ရနေဖို့အတွက် တစ်ခုခုလုပ်ပါ...
01/12/2020

ကြိုပြောထားမယ်နော် ...
ဘုရားစူးကူးချထားတာပါ၊ ကိုယ်တိုင်ရေးတာမဟုတ်ပါဘူး 😁

" ဒီဇင်ဘာလကိုအမြဲအမှတ်ရနေဖို့အတွက် တစ်ခုခုလုပ်ပါ "

December လနဲ့ပက်သက်ပြီးကိုယ့်မှာရော ဘာအမှတ်တရတွေရှိခဲ့ဖူးလဲ ??

အရင်ကဆိုရင်တော့ ဒီလိုကာလမျိုးမှာ 808 ဒါမှမဟုတ် Countown အတွက် ဟန်တပြင်ပြင်လုပ်နေကြချိန်ပေါ့

အခုတော့အိမ်ထဲမှာပဲ ခဏလေးနေကြဦးနော်

ရာသီဥတုအေးအေးလေးနဲ့ Admin တော့ Hoodie ဝတ်ပြီး ဓာတ်ဖမ်းချင်နေပြီ

(ရန်ကုန်သာပုံထဲကအတိုင်းအေးမယ်ဆိုအရမ်းကောင်းမှာပဲ 🥴)

🇲🇲

2020 ဟာတကယ်ပဲကံဆိုးခြင်းတွေပေါင်းစုံတဲ့နှစ်လား ?? Techno Genre ကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ Fan တွေအတွက် Techno Music အ...
25/11/2020

2020 ဟာတကယ်ပဲကံဆိုးခြင်းတွေပေါင်းစုံတဲ့နှစ်လား ??

Techno Genre ကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ Fan တွေအတွက် Techno Music အလန်းစားတွေကိုဖန်တီးတင်ဆက်နေတဲ့ i_o ဆိုတဲ့ကောင်လေးတစ်ယောက်က ဒီကမ္ဘာမြေကြီးကနေထွက်ခွါသွားပြန်ပါပြီ။

i_o ဟာ 2019 ခုနှစ်၊ မြန်မာနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ Creamfields မှာလည်းဖျော်ဖြေတင်ဆက်ခဲ့တဲ့ Artist တစ်ယောက်ဖြစ်ပါတယ်။

အရင်ကစင်ပေါ်မှာဆေးလိပ်လေးတခဲခဲနဲ့ ဖျော်ဖြေတင်ဆက်နေတဲ့ i_o ကိုကျွန်တော်တို့ထပ်ပြီးမြင်တွေ့ရတော့မှာမဟုတ်ပါဘူး။

သူကိုယ်တိုင်လိုလိုချင်ချင်ပဲထွက်သွားခဲ့တာလား?
ကံတရားကပဲခေါ်ဆောင်သွားခဲ့တာလား?

သူကိုယ်တိုင်သာသိပါလိမ့်မယ်....

🇲🇲

သားရီးရယ် ... 🥺
23/11/2020

သားရီးရယ် ... 🥺

Happy Thadingyut Full Moon Day 🙏အခုလို သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ ၇ ရက်သားသမီးအပေါင်း ကျန်းမာပျော်ရွှင် စီးပွားလာဘ်လာ...
31/10/2020

Happy Thadingyut Full Moon Day 🙏

အခုလို သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ ၇ ရက်သားသမီးအပေါင်း ကျန်းမာပျော်ရွှင် စီးပွားလာဘ်လာဘများတိုးတက်၍ ကမ္ဘာ့ကပ်ရောဂါကြီးကိုအမြန်ဆုံးအနိုင်ယူကျော်ဖြတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

🇲🇲

Whatever the result isWe always support our Champion !!! Come back stronger 💪🏻  🇲🇲
30/10/2020

Whatever the result is
We always support our Champion !!!

Come back stronger 💪🏻

🇲🇲

ပတ္တမြားမှန်၍နွံမနစ်ခဲ့သူ (သို့မဟုတ်) Martin Garrix ---------------------------------------အားလုံးကသိကြတဲ့ Martin Garrix...
19/10/2020

ပတ္တမြားမှန်၍နွံမနစ်ခဲ့သူ (သို့မဟုတ်) Martin Garrix
---------------------------------------
အားလုံးကသိကြတဲ့ Martin Garrix လို့ခေါ်တဲ့ Martijn Gerard Garritsen ဟာ ၁၉၉၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့၊ နယ်သာလန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဒက်ချ်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။

Garrix ဟာ သူ့ရဲ့ဂီတပါရမီကို အသက်ငယ်စဉ်ကပင်ရှာဖွေတွေ့ရှိခဲ့ပြီး အသက် ၈ နှစ်အရွယ်ကတည်းက Guitar တီးခတ်နည်းကိုသင်ကြားလေ့ကျင့်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်၊ နွေရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ ခမ်းနားစွာ ဖျော်ဖြေတင်ဆက်နေတဲ့ ဒက်ချ်လူမျိုး DJ Tiësto ကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ Garrix ဟာ DJ တစ်ယောက်ဖြစ်ဖို့ ပိုပိုပြီးစိတ်အားထက်သန်လာခဲ့ပါတယ်။

သူရဲ့ Idol ကြီး Tiësto ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့သီချင်းဖြစ်တဲ့ " Traffic " ကိုနားထောင်ရင်းနဲ့ DJ Artist တစ်ယောက်ဖြစ်ချင်စိတ်တွေပြင်းပြလာတဲ့အခါမှာတော့ အခုအားလုံးအသုံးပြုနေကြရတဲ့ FL Studio Software လေးကို Download လုပ်ပြီး သီချင်းတွေစတင်ဖန်တီးလာခဲ့ပါတယ်။

ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့စကားအတိုင်း Garrix ရဲ့ အနုပညာ Talent ကို သူကိုယ်တိုင်လေးစားအားကျရတဲ့ Idol ဖြစ်တဲ့ Tiësto ကိုယ်တိုင်ကရှာဖွေတွေ့ရှိသွားပြီး သူကိုယ်တိုင်ပဲ အခုကျွန်တော်တို့ Stage ပေါ်မှာမြင်နေရတဲ့ Garrix ကိုမြေတောင်မြှောက်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားလာခဲ့ရင်း ၂၀၁၃ ခုနှစ်၊ ဇွန်လမှာ Release လုပ်ခဲ့တဲ့ "Animals" ဟာ လူငယ်အမြောက်အမြားရဲ့ အားပေးဝန်းရံမှုကိုရရှိခဲ့ပြီး ဥရောပနိုင်ငံအတော်များများမှာ လူကြိုက်များရေပန်းစားလာခဲ့ပါတယ်။ အရမ်း Hit ဖြစ်ခဲ့တဲ့ "Animals" ဟာ ဥရောပနိုင်ငံတော်တော်များများမှာရှိတဲ့လူငယ်တွေအပေါ်လွှမ်းမို့နိုင်ခဲ့တဲ့အတွက် Garrix ဟာ American အခြေစိုက် EDM Music Store တစ်ခုဖြစ်တဲ့ Beatport မှာ No.1 ချိတ်ခဲ့တဲ့ အသက်အငယ်ဆုံး Artist တစ်ယောက်ဖြစ်ပါတယ်။

Garrix ဟာ ၂၀၁၄ မှာကျင်းပတဲ့ Ultra Music Festival မှာစတင်ပွဲထွက်ဖျော်ဖြေခွင့်ရခဲ့ပြီး အဆိုပါပွဲမှာ နာမည်ကြီး DJ Artist တွေဖြစ်ကြတဲ့ Dillon Francis, Hardwell, Afrojack တို့နဲ့ Collaboration လုပ်ထားတဲ့ Tracks တွေနဲ့အတူဖျော်ဖြေတင်ဆက်ခဲ့ပြီးပရိတ်သတ်အားပေးမှုအများအပြားရရှိခဲ့ပါတယ်။

ဒါ့အပြင် Garrix ဟာ MTV Europe , Dance Music Awards, NRJ DJ Awards, WDM Radio Awards စတဲ့ဆုတံဆိပ်ပေါင်းများစွာကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အထင်ကြီးလောက်အောင်ရယူထားနိုင်ခဲ့ပြီး World Wide ကျင်းပတဲ့ International EDM Festival တွေမှာလည်း သူချစ်တဲ့ပရိတ်သတ်ကိုအားပါးတရဖျော်ဖြေလျက်ရှိနေပါတယ်။

Address

Kyike Wine Pagoda Road
Yangon

Telephone

+959970980198

Website

Alerts

Be the first to know and let us send you an email when Symphonix EDM Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Symphonix EDM Myanmar:

Share

Category