Happy Reason Online Shop

Happy Reason Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Happy Reason Online Shop, Shopping Service, Yangon.

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍ သိသင့်သောအချက်များ===========♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများMODERNAModerna ကာကွယ်ဆေး...
27/07/2021

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍ သိသင့်သောအချက်များ
===========

♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများ

MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်
PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ Modernaထက် ရာခိုင်နှုန်းအနည်းငယ်လျော့ ကာကွယ်နိုင်စွမ်းရှိပါတယ် ( ၈၁.၈ - ၉၅ ရာခိုင်နှုန်း)
ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်

♣ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ

COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။
COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမ၀တာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

♣ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ

တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ၀မ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။
SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ဒီနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်း၀င် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါ၀င်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်၀န်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါ၀င် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။
SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ - ၅၀.၇ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။

♣ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ

ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်း၀ယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။
SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအ၀င် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၆ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -
◘ ပင်ပန်း နွမ်းနယ်တာ ၇၀ %
◘ အဆစ်နာတာ ၄၆.၄ %
◘ ခေါင်းကိုက်တာ ၆၄.၇ %
◘ ကြွက်သားနာကျင်တာ ၆၁.၅ %
◘ ချမ်းတုန်တာ ၄၅.၄ %
◘ အဖျားရှိတာ ၁၅.၅ %
◘ ပျို့အန်တာ ၂၃ % ရှိပါတယ်။
SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။



မနက်ဖြန် အောက်စီဂျင် ရနိုင်မည့်နေရာများ ‼️*****************************************ရန်ကုန်📍မြတ်စေတနာမွန် 09451288726ဘယကျ...
12/07/2021

မနက်ဖြန် အောက်စီဂျင် ရနိုင်မည့်နေရာများ ‼️
*****************************************
ရန်ကုန်

📍မြတ်စေတနာမွန်
09451288726
ဘယကျော်သူလမ်း (၇) ရပ်ကွက်
တောင်ဥက္ကလာပမြို့နယ်။
(မနက်ဖြန်မနက်စောစော လာတန်းစီပြီးအိုးတွေပေးထားရင်ရပါမည်)
--------------------------------------

📍ဧရာစံ
အမှတ်(၄၄၂) စက်မှုဇုံ ၁ လမ်းမကြီးနှင့် ရန်ကုန်လမ်းထောင့် တောင်ဒဂုံ။
09765416282 09965416282

တနေ့-အိုးသေး-၅၀၀ ခန့်ပေး/
အိုးကြီး-၁၀၀ခန့်ပေး
မနက်-4Am အိုးချတန်းစီလို့ရပါတယ်။
အိုးကြီးအတွက်က တစ်ရက်ကြို တန်းစီရပါတယ်။နောက်နေ့အတွက် တိုကင်-12PM မှာပေးလို့ရပါတယ်။
(သူကမနက်ဖြန် အတွက် ဒီနေ့ တိုကင်ယူစနစ်)
(မနက်ဖြန်အတွက် တိုကင်သွားယူနိုင်)
--------------------------------------

📍အိုတူး
ဇီဝတဒါန အရေးပေါ်အောက်ဆီဂျင်အလှူ

အောင်သပြေလမ်း ၊ ဓမ္မာရုံလမ်းထောင့် ၊ အရှေ့ ၇ ရပ်ကွက် ၊ သာကေတ ၊ ရန်ကုန်။

09421087409
0943105871
09420065089
(သူက အိုးအသေးတွေဖြည့်ပေးမယ်ပြောပါတယ် ၊ အဲ့မှာ မနက်ဖြန် ၇နာရီ ၈နာရီလောက် လာမယ်ဆို တစ်ယောက်ကို အိုးသေး ၂လုံးစီ ပေးပါတယ်တဲ့)
-------------------------------------------

📍၇ရပ်ကွက် ဘလီနောက်
တောင်ဥက္ကလာပမြို့နယ်။
0945128726

(သူတို့ဆီ အိုး ၄၀လောက် သူတို့ဆီ လာယူဖို့ ပြောထားကြတာရှိပေမယ့် မနက် 7နာရီလောက် လာတန်းစီပေးပါတဲ့ တစ်ယောက်တစ်အိုးနှုန်းတော့ သူတို့ မျှပေးနိုင်အောင် ကြိုးစားနေပါတယ်တဲ့)
------------------------------------------

မန္တလေး

📍စိန်စွန်ညို
အမှတ် အိပ်ချ်- ၂၁၁/၆၊ (၁၃၈)လမ်း (ဧဝရတ်လမ်း)၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြား၊ စက်မှုဇုန် (၁)၊ စျ ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး

092003188, 092025788
--------------------------------------------

📍MEC
အမှတ်10အကွက်3 ( ၁၀) လမ်း စက်မှုသင်တန်းကျောင်းအနီး ဒေါနဘွား အောင်မြေသာဇံ ။
(နေ့ခင်းပိုင်းမှဖုန်းဆက်ပြီး လာပေးပါ စက်အခြေအနေကြောင့်ပါ)
09402627686
--------------------------------------------

📍ရွှေမဟာနွယ်လူမှုကယ်ဆယ်ရေးအဖွဲ့
117 လမ်း - 53 လမ်းနှင့် 54 လမ်းကြား
09771177622 /09988984486 /09269133559
---------------------------------------------

📍02 မန်တလာ
အမှတ် (၄၄) ၇၅လမ်း - ၂၇ ၂၈ လမ်းကြား
0991045365 / 095017308 / 098635500 / 09402602066

https://www.facebook.com/100495725552846/posts/130274345908317/

Credit : Ask A Doctor အခမဲ့ကျန်းမာရေး

10/07/2021
Covid Third Wave ပြန်စလာပြီမို့စိတ်ချရတဲ့ mask လေးတွေသုံးဖို့လိုအပ်လာပါပြီနော်😷KF 94 Mask 😷10 ခုပါတစ်ထုတ်ကို 2,000 MMKပစ...
04/07/2021

Covid Third Wave ပြန်စလာပြီမို့စိတ်ချရတဲ့ mask လေးတွေသုံးဖို့လိုအပ်လာပါပြီနော်😷

KF 94 Mask 😷

10 ခုပါတစ်ထုတ်ကို 2,000 MMK

ပစ္စည်းကတော့ လကုန်ခါနီးတာနဲ့ရောက်ပြီနော်...အဖြူသီးသန့်ဘဲရပါမယ်ရှင့်☺️
Bank Transfer 👌

03/07/2021

အောက်ဆီဂျင် အိုး​တွေကိုဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်။

၁။​အောက်ဆီဂျင်ဟာ radiation မဖြစ်ပါဘူး။ ဒါ​ကြောင့် သူ့နားမှာ ဖုန်း​ပြောနိုင်ပါတယ်။

၂။​အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမ​လောင်နိုင်ပါဘူး၊ ဒါ​ပေမယ့် မီးလောင်ခြင်းကို အား​ပေးပါတယ်။ ဒါ​ကြောင့် မီးဖို​ဘေး၊ မီးနဲ့ပတ်သက်တဲ့ ​နေရာ​တွေနဲ့ ​ဝေး​ဝေးထား​ပေးရပါမယ်။
ဒီအိုးနားမှာ ​ဆေးလိပ်မ​သောက်ရပါဘူး။
မီးပျက်လို့ သူ့​ပေါ်မှာ ဖ​ယောင်းတိုင်​လေးထွန်းတာမျိုး လုံးဝလုံးဝမလုပ်ရပါဘူး​နော်။

၃။​လေဖြည့်ထားတဲ့ ​အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ ​လေ​ပေါင် pressure 1800psi ရှိတာမို့ ​လေရှိ​နေတဲ့အိုး​တွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ​ရှောင်ကြဥ်ရပါမယ်။

၄။အ​ရေးအကြီးဆုံးက​တော့ ​အောက်ဆီဂျင်​အိုး​တွေဟာ ဆီမှန်သမျှ​ကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ​ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိ​အောင်ထား​စေချင်ပါတယ်။
လှည့်တဲ့ ဝှီးဘား​လေးကြပ်​နေလို့ ဆီ​လေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါ​စေနဲ့။​ filling လုပ်တဲ့အချိန်ပေါက်ကွဲ​စေတတ်ပါတယ်။

၅။​အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်​အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်​နှောင်ထားရပါမယ်။

​သတိရှိနိုင်ကြပါ​စေ။

Credit

‼️Oxygen ဘယ်လိုပေးကြမလဲ❓

📍Oxygen ပေးဖို့ Cylinder နဲ့ concentrater
(၂)မျိုးရနိုင်ပါတယ်။
📍Wall line ကတော့ ဆေးရုံမှာမှ ရနိုင်တာပါ။

1️⃣ Concentrator ‼️
👉အခုအတွေ့ရများတာက 5 L per minute နဲ့ 10 L
per minute တွေဆိုပြီး အလာများပါတယ်။

👉5 L per minute ဆိုတာကတော့ ရိုးရိုးရှင်းရှင်း
ပါပဲ တစ်မိနစ်ကို Oxygen 5 L ထိ ထုတ်လွှတ်
ပေးနိုင်ပါတယ်။

👉အားသာချက်က မီးရှိရင် ဖွင့်ပြီးသုံးရုံပါပဲ။

အားနည်းချက်က ——
📍 ဆက်တိုက်သုံးရင်စက်ပူပါတယ် စက်ကြောင်
တတ်ပါတယ်။
📍6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့
ခဏ နားသင့်ပါတယ်။
📍 Flow ကိုတင်လေလေ oxygen concentration
ကျလေလေပါ။
📍5 L စက်ကို 2 - 3 L per minute နဲ့ပေးရင်
Oxygen concentration 97 လောက်ထိပါပေမဲ့
5 L per minute လုံးအပြည့်ပေးလိုက်ရင်
concentration ကျပါတယ်။

2️⃣Oxygen cylinder ‼️

👉ကောင်းတဲ့အချက်က oxygen concentration
ပြည့်ပြည့်ရပါတယ်
👉Flow ဘယ်လောက်တင်တင် ကိုယ်ရတာ 100 to
99-98 % oxygen ပါ

📍အားနည်းချက်ကတော့ ပြန်ပြန်ဖြည့်ရပါတယ်။
( ပြန်ဖြည့်ဖို့နေရာအရမ်းခက်ခဲနေလျှင် ကြိုတွက်
ထားပြီး လုံလုံလောက်လောက် ရှာထားပါ )

‼️Oxygen ဘယ်လိုပေးကြမလဲ❓

👉 ဘယ်လောက် liter နဲ့ ပေးမလဲ ဆိုတာတရားသေ
ပြောလို့မရပါဘူး။ (Titrate လုပ် ချိန်ဆပြီးပေး)

👉တတ်နိုင်သမျှတော့ oxygen ကို 90%အထက်မှာ
ထားချင်ပါတယ်။

👉‼️Oxygen တိုင်းကြည့်လို့90%ပတ်ချာလည်ဆို
ရင်တော့ Nasal prongs or nasal cannula
နဲ့ 2 to 5 liter perminute နဲ့ စပေးပါ။
( Oxygen ကိုတိုင်းကြည့်ပါ ကိုယ်ဘယ်လောက်ပေးရင်ဘယ်လောက်တက်လာလဲဆိုတာပြန်ချိန်ပါ
အတိုးအလျော့ လုပ်ကြည့်ပါ )

👉‼️5 liter per minute နဲ့ပေးလို့မှ တက်မလာဘူး
ဆိုရင် Face mask နဲ့ပြောင်းပေးပါ။
( 5 to 10 liter ထိကိုFace mask နဲ့ပေးလို့အဆင်ပြေပါတယ် oxygen ကိုတောက်လျှောက်တိုင်းကြည့်ရပါမယ် အ​ပေါ်ကပြောခဲ့သလိုပဲ ချိန်ဆကြည့်ပါ ကိုယ်ပေးတဲ့ Oxygen liter နဲ့ ပြန်တိုင်းလို့ရတဲ့ oxygen ပမာဏ ကိုချိန်ဆပါ )

👉‼️လူနာအခြေအနေပိုဆိုးလာလို့ oxygen 5 to
10 liter နဲ့ မလုံလောက်တော့ဘူးဆိုရင် Face
mask with reservior bag နဲ့ပြောင်းပေးတာ
ကောင်းပါတယ်။
( Flow meter တော်တော်များများမှာ 15 to 20 liter ထိပါလေ့ရှိပါတယ်။ အပေါ်မှာပြောထားသည့်အတိုင်းချိန်ဆ ပေးပါ )

‼️Flow meter ကိုရေအမြဲဖြည့်ပါ ရေသန့် နဲ့ဖြည့်ပါ

‼️Oxygen ကိုပေးပြီးတိုင်း ပစ်မထားရပါ ပြန်ပြန်
တိုင်းပါ လိုအပ်ရင်အတိုးအလျှော့လုပ်ပါ

‼️Oxygen အိုးကုန်မကုန် အမြဲ Check ပါ

Innocent kids were getting shot and killed by the terrorist in Myanmar. As a mother of one, this is really unbearable ne...
27/03/2021

Innocent kids were getting shot and killed by the terrorist in Myanmar. As a mother of one, this is really unbearable news to read. I couldn’t even imagine what their parents might feel now. Children got nothing to do with the current situation at all. Please hear our voices and help us protect our children.

အရွယ်မရောက်သေးတဲ့ ကလေးတွေကို ရက်စက်စွာ ပစ်သတ်နေမှုကို အပြင်းအထန် ကန့်ကွက်ရှုံ့ချပါတယ်။

ဒီနေ့ တစ်ရက်ထဲတင် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပြင်းအထန် ထိခိုက်ဒဏ်ရာရ/ ကျဆုံးနေတာ အများကြီး ရှိလာနေပါတယ်။

ကလေးနဲ့သက်ဆိုင်သောအဖွဲ့စည်း၊
အလုပ်လုပ်နေသူများ ဝိုင်းဝန်းကန့်ကွက်ပေးကြပါ။






Save the Children in Myanmar
UNICEF Myanmar

အားလုံး မေ့နေမှာ စိုးလို့ပါ။ကျွန်တော်တို့ ည ၁ နာရီမှာ အင်တာနက် ပိတ်မယ်ဆိုပေမယ့် အခုလို တစ်မြို့လုံး လမ်းပေါ် ရောက်နေတဲ့ ...
08/03/2021

အားလုံး မေ့နေမှာ စိုးလို့ပါ။

ကျွန်တော်တို့ ည ၁ နာရီမှာ အင်တာနက် ပိတ်မယ်ဆိုပေမယ့် အခုလို တစ်မြို့လုံး လမ်းပေါ် ရောက်နေတဲ့ အချိန်မှာ Bridgefy App အသုံးပြုလို့ အကောင်းဆုံး အချိန်ပါ။

Bluetooth ရယ် Wifi ရယ် Location ရယ် ဖွင့်ထားရင် ကိုယ် broadcast လုပ်တဲ့ Message က ဘေးက ဖုန်းကို ချက်ချင်းဝင်ပါတယ်။

အားလုံး အတူတူဖွင့်ထားရင် ဆက်ပြီး ဆက်သွယ်လို့ ရနေမှာပါ။

Credit

01/02/2021

"အရေးပေါ် အကြံပြုချက်"

အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ္စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။

အသုံးပြုနိုင်တဲ့ Mesh Network App မ်ားကို ဖော်ပြပေးအပ်ပါတယ်။

"FireChat" for Android & Apple iOS

"The Serval Mesh" for Android

"Signal Offline Messenger" for Android

"Vojer" for Apple iOS

"Bridgefy" for Android & Apple iOS

"Briar" for Android တို့ ဖြစ်ပါတယ်။

အဆိုပါ app မ်ားထဲမွ တစ္ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"

ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။

သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။

ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။

ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကြာအေဝးအထိ ဆက်သွယ်နိုင်တယ်။

မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။

ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ္ပို့တဲ့ မက်ဆေ့ကို အနီးအနားရွိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။

Iphone မှာရော Android မွာပါ အသုံးပြုနိုင်ပါတယ်။

စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ္တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။

(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။

ခရက်ဒစ်။ ။ အိမွန်

🌻 miss manta brand ကတော့ဝတ်ဖူးသူတိုင်းအရမ်းကြိုက်ကြပါတယ် | quality & cutting ကအရမ်းကိုကောင်းတာပါ🌻 ရင် ၄၀ အထိရ | အရှည် ၂၅...
14/01/2021

🌻 miss manta brand ကတော့ဝတ်ဖူးသူတိုင်းအရမ်းကြိုက်ကြပါတယ် | quality & cutting ကအရမ်းကိုကောင်းတာပါ

🌻 ရင် ၄၀ အထိရ | အရှည် ၂၅

post တင်သည့်နေ့မှ(3) ရက်အတွင်းဝယ်ပေးပါနော်
16,500 MMK
Preorder Available

🌻 miss manta brand ကတော့ဝတ်ဖူးသူတိုင်းအရမ်းကြိုက်ကြပါတယ် | quality & cutting ကအရမ်းကိုကောင်းတာပါ🌻 ရင် ၄၀ အထိရ | အရှည် ၂၅...
14/01/2021

🌻 miss manta brand ကတော့ဝတ်ဖူးသူတိုင်းအရမ်းကြိုက်ကြပါတယ် | quality & cutting ကအရမ်းကိုကောင်းတာပါ

🌻 ရင် ၄၀ အထိရ | အရှည် ၂၅

post တင်သည့်နေ့မှ(3) ရက်အတွင်းဝယ်ပေးပါနော်
14,500 MMK
Preorder Available

🌻 miss manta brand ကတော့ဝတ်ဖူးသူတိုင်းအရမ်းကြိုက်ကြပါတယ် | quality & cutting ကအရမ်းကိုကောင်းတာပါ🌻 ရင် ၄၀ အထိရ | အရှည် ၂၅...
14/01/2021

🌻 miss manta brand ကတော့ဝတ်ဖူးသူတိုင်းအရမ်းကြိုက်ကြပါတယ် | quality & cutting ကအရမ်းကိုကောင်းတာပါ

🌻 ရင် ၄၀ အထိရ | အရှည် ၂၅

post တင်သည့်နေ့မှ(3) ရက်အတွင်းဝယ်ပေးပါနော်
15,000 MMK
Preorder Available

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Happy Reason Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share