Fairyland Online Shopping

Fairyland  Online Shopping Hello everyone!Welcome to our shopping page.Always respect to our Clienteles �

https://www.facebook.com/100082067315572/posts/243859451692964/?mibextid=DcJ9fc
27/06/2023

https://www.facebook.com/100082067315572/posts/243859451692964/?mibextid=DcJ9fc

La Yaung Live လွင့်တာ အဆင်မပြေဖြစ်သွားခဲ့တာရှိရင် Boss Koy လူကြီးမင်းတို့အားလုံးကိုအနူးအညွတ်တောင်းပန်ပါတယ်ရှင့် 🙏

ပုံမှန်အားဖြင့် ကလေးမလေးက ချစ်စရာကောင်းပါတယ်ရှင့်။ ရုံးဝန်ထမ်းအကိုအမတွေအပေါ်နှင့်မည်သူအပေါ်မှလည်း လွန်လွန်ကျူးကျူးပြောဆိုတာတွေမရှိခဲ့ဖူးပါ။

လူတိုင်းကလည်းသူ့အပေါ်ချစ်ခင်ကြပါတယ်။ အလုပ်လည်းအရမ်းကြိုးစားပါတယ်။ဒီတစ်ကြိမ်မှာတော့ အမှားလေးတွေလုပ်မိသွားတာဖြစ်မျိုးလဲ ဖြစ်ကောင်းဖြစ်နိူင်ပါတယ် ၊ ဒါပေးမယ့် သူအနေနဲ့ ကိုယ်စားလှယ်များနှင့် ၎င်းကုန်ပစ္စည်းအမှတ်တံဆိပ်ကို အခုချိန်ထိဘာကြောင့်ရောင်းချနေရတာလဲ ဆိုသည့်အကြောင်း နှင့် မည်သူကိုမှ တမင်ရည်ရွယ်ပြီး ပြောဆိုရန်ရည်ရွယ်ချက်မရှိပါကြောင်း ရှင်းပြခြင်းဖြစ်ပါတယ် ။

- Boss Koy ၏ အမှတ်တံဆိပ်ကုန်ပစ္စည်းများအားလုံးသည် သေချာစွာ စစ်ဆေးပြီ အကြိမ်းကြိမ်းစမ်းသပ်ပြီးမှ အရည်အသွေး လုံးဝစိတ်ချရမှာထုတ်ခဲ့ပါတယ် ။ ဒါကလဲ အရည်အသွေးမြင့်မားကောင်းမွန်ပြီး ဝယ်သူစိတ်ကျေနပ်စေရန်အတွက်ဖြစ်ပါသည်။

- အပြောင်းအလဲကာလတွေမှာ တဖက်က လုံးဝ ကွဲပြားခြားနားသည့် Mood and Tone အရောင် ဒီဇိုင်းဘာညာကို လုံးဝပြောင်းလဲခဲ့ရင် ၊ ထုပ်ပိုးမှုပုံစံတွေလည်းပြောင်းလဲခဲ့ရင် အခုလို နားလည်မှုလွဲတာမျိုးဖြစ်ချင်မှဖြစ်မှာပါ။

- ဤ ကုန်ပစ္စည်းအမှတ်တံဆိပ် ရောင်းချခြင်းကို တစ်ချိန်ချိန်တွင် ရပ်တန့်ရမည်ဆိုတာ နားလည်းပြီဖြစ်ပါသည်။ သို့သော်လည်းယခုအချိန်တွင် ကိုယ်စားလှယ်များလက်ထဲပစ္စည်းကျန်နေခြင်း၊ ကုမ္မဏီတွင်လည်း လက်ကျန်ပစ္စည်းရှိနေခြင်း၊ အရည်အသွေးကောင်းပြီး နှစ်သက်သူများပြားသောကြောင့် ဝယ်သူများယခုထက်တိုင်စုံစမ်းမေးမြန်းဆက်သွယ် ဝယ်ယူလျက်ရှိခြင်းကြောင့် ဆက်လက်ရောင်းချနေရခြင်းဖြစ်ပါသည်။

- အဓိကစိုးရိမ်မိသည်မှာ ကိုယ်စားလှယ်များအတွက်ဖြစ်ပါသည်။ကုမ္မဏီဘက်မှလည်းထုတ်လုပ်ရောင်းချခဲ့သောပစ္စည်းများအတွက် အပြည့်အဝ တာဝန်ယူပါသည်။

- ဘာကြောင့်လဲဆိုတော့ လွန်ခဲ့သော 6-7 နှစ်အတွင်း ကုမ္မဏီအတွက်အရေးကြီးဆုံးကကိုယ်စားလှယ်များ၏ အကျိုးစီးပွါးဖြစ်ပါတယ်။ အတူအခက်အခဲများကိုအကြိမ်ကြိမ်ဖြတ်ကျော်ခဲ့ကြပါသည်။ တစ်ခါတရံအမြတ်မကျန်သည်အထိရှိခဲ့ပါသည်။ ကိုယ်စားလှယ်များစျေးရောင်းကောင်းစေရန် ပရိုမိုးရှင်းများအမြဲပြုလုပ်တတ်သောကြောင့် လက်ထဲပစ္စည်းကျန်ခြင်းများမရှိခဲ့ဖူးပါ။

🙏🏻 ဤအဖြစ်အပျက်များမှ La Yaung သည်ကုမ္မဏီ၏အတွင်းလူလည်းဖြစ်ပါတယ် ၊ ဒါကြောင့် ဖြစ်သမျှသည် ကုမ္မဏီနှင့် သက်ဆိုင်ပါသည် ။ ဒါကြောင့် သူနှင့်ပတ်သတ်သမျှကိုလည်း ကုမ္မဏီမှ တာဝန်ယူကြောင်း အသိပေးအပ်ပါသည် ။

ထို့ကြောင့် Boss Koy မှ အလုံးစုံတာဝန်ယူပြီး ၊ အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါသည်။ မကျေနပ်မှုများရှိပါက Boss Koy ကိုသာပြစ်တင်ဆဲဆိုကြပါရန် တောင်းဆိုအပ်ပါသည်။

🙏🏻 ယခုလိုမျိုးအဆင်မပြေမှုများ ဖြစ်ပေါ်စေခြင်းလုံးဝမရှိပါရှင့်။

https://www.facebook.com/100057087894922/posts/746257183953871/?mibextid=DcJ9fc
15/05/2023

https://www.facebook.com/100057087894922/posts/746257183953871/?mibextid=DcJ9fc

တဖြည်းဖြည်းချင်းဆင်းရဲနည်း
……… …… …… …… …… ……

ဗန်းလေးထဲမှာ
ငရုတ်သီးစိမ်းလေးကတပုံ
သခွားသီးလေးက သုံးလေးလုံးလောက်နဲ့
ကင်းပွန်ချဉ်ရွက် အစည်းလေးက လေးငါးစည်း လောက်တော့ရှိမယ် ကြက်သွန်အကျလေးတွေနဲ့ အာလူးတခြမ်းပုတ်လေးကို အခွံနွှာထားပြီး ခွက်လေးတခုထဲမှာ ထည့်လို့..

သူ့အသက်အရွယ်နဲ့ စတီးဓားလေး တချောင်းတောင် တုန်တုန်ရီရီနဲ့ ကိုင်နေပြီး မျှစ်လေးတွေကို အစိတ်လေးတွေဖြစ်အောင် လုပ်နေတဲ့ အဖွားအို တယောက်က ၂ နှစ်အရွယ် ခလေးလေး တယောက်ရယ် သူရယ် စျေးဗန်းလေးရယ်အတွက် ထီးသေးသေးလေး တချောင်းနဲ့ ခုလိုမိုးရွာထဲမှာ စျေးရောင်းနေတဲ့ မြင်ကွင်းက စိတ်မချမ်းမြေ့စရာပါ..

သူများတွေလို စင်နဲ့ ဝါးကပ်နဲ့ ခင်းမရောင်းနိုင်ပေမယ့်
မိုးရွာလို့ ဗွက်ဖြစ်နေတဲ့လမ်းလေးပေါ် စျေးဝယ်သူတွေ လမ်းလျှောက်သွားရင် စင်ပြီးထွက်လာတဲ့ရွှံ့တွေကို သူ့ဗန်းလေးထဲ မဝင်စေဖို့ အုတ်ခဲသုံးလုံးကို အောက်ကခံရင်း လက်လေးနဲ့ လှမ်းလှမ်းကာနေရတာက သူ့အတွက်အလုပ်တခု...

သူ့စျေးဗန်းလေးက ရှိလှမှ ၂၅၀၀ဖိုးလောက်ပါပဲ...

"အမေကြီး စျေးကောက်"

"လူလေးရယ် နောက်တခေါက်မှ ပြန်ပတ်လာခဲ့ပါလား အမေစျေးဦးတောင် မပေါက်သေးလို့ပါ သားလေးရယ်"

တကယ်လည်း စျေးဦမပေါက်သေးတဲ့ပုံစံပါပဲ

"မနေ့ကလည်း အမေကြီးတယောက်ထဲ ကျန်ခဲ့တယ်
ကျနော်ခဏခဏ မလာနိုင်ဘူးဗျ"

"တကယ် စျေးဦးမပေါက်သေးလို့ပါ သားလေးရယ် စျေးဦးပေါက်တာနဲ့ သားကိုပေးဖို့ ၂၀၀ အမေကြီး သပ်သပ်ဖယ်ထားလိုက်ပါမယ်"

"မိုးတွေရွာနေတယ်ဗျ နောက်တခေါက်မလာချင်ဘူး ရှိသလောက်သာပေးလိုက်"

တောင်းတဲ့သူကလည်း အတင်းတောင်းနေတော့ အမေကြီးက သူ့ချွေးခံအင်္ကျီကြားထဲက တရာတန်လေး တရွက်ထွက်လာတာ ပေးလိုက်ရင်း သူ့ပေါင်ပေါ်မှာ လှဲနေတဲ့ခလေးလေးကို

"မြေးလေးရဲ့ ပိုက်ဆံကို အဖွားပေးလိုက်တယ်နော် ...
စျေးရောင်းပြီးရင် အဖွားပြန်ပေးမယ် .. သိလား"

"သား ... ဗိုက်ဆာတယ် အဖွား"

"အေး အေး အဖွားထမင်းလေးထည့်ပေးမယ်"

ကြွပ်ကြွပ်အိပ် အကြီးနဲ့ ထုတ်ထားတဲ့ ထမင်းကို ကြွပ်ကြွပ်အိတ် အသေးထဲ နည်းနည်းခွဲထည့်ပြီး ဆားဗူးလေးဖွင့်လို့ သူခွာထားတဲ့ ကြက်သွန်သေးသေးလေး ၂ လုံးကို လေးစိတ်စိပ်ပြီး ခလေးက တလုတ် သူကတလုတ်နဲ့ စားနေတဲ့ပုံစံက နိစ္စဓူဝ ဖြစ်သလိုစားနေရမှန်း သိသာလွန်းတယ်...

ဆိုင်တခါထိုင်ရင် ၅ သောင်းလောက် ရှင်းနေရပေမယ့်
ငရုတ်သီးစိမ်း တရာဖိုးဝယ်ရင် အဆစ်တောင်းတတ်တဲ့ လူတွေကြားထဲမှာ ဒီအမယ်အိုကြီး စျေးဦးပေါက်ဖို့ဆိုတာ မလွယ်ဘူးလေ...

ရုပ်ပြကောင်းမှ စျေးရောင်းရတဲ့ခေတ်မှာ တတောင်လောက်ရှိတဲ့ လင်ဗန်းနဲ့ ဟိုတပုံဒီတပုံ ထည့်ပြီး စျေးရောင်းနေလို့ ဘယ်လွယ်ပါ့မလဲ

မိုးတွေအရမ်းရွာနေလို့
မိုးကာတထပ် ထီးတချောင်းနဲ့ စျေးဝယ်နေတဲ့ ကျန်တဲ့သူတွေတောင် အေးနေရင် ဒီ အသက် ၆၀ ကျော် အရွယ်လောက် အမယ်အိုကြီး တယောက်က ထီးလေးတချောင်းထဲကို လူနှစ်ယောက်ဆောင်းပြီး စျေးရောင်းနေရတာ ဘယ်လောက်တောင် ချမ်းလိုက်မလဲ..

"အဖွားလင်ဗန်းထဲကဟင်းရွက်တွေဘယ်လောက်ဖိုးရှိလဲ"

လူငယ်တယောက်သူ့စျေးဗန်းရှေ့မှာရပ်ပြီးမေးလိုက်တဲ့အသံကြောင့်

"အကုန်လုံးလား လူလေး"

"ဟုတ်ကဲ့ အဖွား အကုန်လုံးယူမယ်"

အမေအိုကြီးဝမ်းသာသွားတဲ့အဖြစ်က
နကိုတုန်ယင်နေတဲ့လက်တွေက ပိုတုန်လာတယ်ထင်ရတဲ့အထိပါပဲ

"အကုန်လုံး နှစ်ထောင့်သုံးရာပဲပေးပါလူလေးရယ်"

"ဒီဗန်းနဲ့ခွက်တွေရောအကုန်ပေးမှာလား"

"မလုပ်ပါနဲ့လူလေးရယ် ဒါလေးတွေမရှိရင် နောက်နေ့အမေဘယ်လိုစျေးရောင်းရပါ့မလဲ"

"ကျနော်ကစတာပါအဖွားရဲ့ ၂၃၀၀တော့မထားနဲ့ နည်းနည်းလျှော့ဦး ၃ ထောင်တော့ယူ"

နောက်တတ်တဲ့ လူငယ်ရဲ့ အပြောကြောင့်
အဖွားခမျာ တော်တော်လေး ပျော်သွားတဲ့ပုံစံက သူ့မျက်နှာမှာ အတိုင်းသားပေါ်နေတယ်...

လူငယ်လေးပေးသွားတဲ့ ပိုက်ဆံသုံးထောင်ကို ကျစ်ကျစ်ပါအောင်လိပ်ပြီး ချွေးခံအင်္ကျီထဲထည့်ရင်း လင်ဗန်းလေးချိုင်းကြားညှပ်လို့ ခလေးလေးကို လက်က ဆွဲရင်း အပျော်တွေနဲ့ ပြန်သွားတဲ့ အဖွားအိုကြီးဟာ ခပ်လှမ်းလှမ်း ရောက်တော့ ဆိုက်ကားသမား တယောက်ဆီမှာ မေးနေတဲ့စကားသံကို ကျနော်ပီပီသသကြီး ကြားလိုက်ရတယ်...

"ဟဲ့ ...မောင်အုန်း ခုမနက် ၉ ခွဲ ဘာထွက်သွားလဲ"

ီ_ဘာ_ဘာ

Angel Pink တခဲ အံမခန်းဖစ်သွားစေရမယ်အိမ်ထောင်သက် သက်တမ်းကြာလာတာနဲ့အမျှ အိမ်ကအချစ်တော် ကျားကျားတွေက ခြံခုန်တတ်ကျပါတယ်မိန်း...
27/04/2022

Angel Pink တခဲ အံမခန်းဖစ်သွားစေရမယ်

အိမ်ထောင်သက် သက်တမ်းကြာလာတာနဲ့အမျှ အိမ်ကအချစ်တော် ကျားကျားတွေက ခြံခုန်တတ်ကျပါတယ်

မိန်းမသားကို စိတ်ကုန်တာထက် စိတ်မသာယာမှူအသစ်လေးရှာချင်ကျတာ ယောင်္ကျားထုကြီးရဲ့ တ၀က်ကကတော့ အမှန်ရှိနေပါတယ်

မိမိတို့ရဲ့ ခင်ပွန်း ခြံမခုန်စေပဲ ကိုယ့်ခြံထဲကနေ ထွက်ပါလို့မောင်းထုတ်ရင်တောင်မပြေးစေဖို့ Angel pink တခဲတော့ မိန်းမသားများဆောင်ထားသင့်ပါတယ်နော်

တရက် ၂ကြိမ် မှ ၃ကြိမ် မိမိတို့ရဲ့ ပန်းကလေးကို ဆေးကြောပေးခြင်းဖြင့်
မွေးလမ်းကြောင်းကျဉ်းစေရုံမကပဲ
အနံ့သက်ဆိုးတွေလည်း ကင်ဝေးစေပါတယ်
အဖြူဆင်းခြင်း
ယားယံခြင်းတွေသာမက
မဲညစ်နေတဲ့ ပေါင် ဂျိုင်း နဲ့ သင်တို့ရဲ့ ပန်းကလေးတွေကို တဖြည်းဖြည်းခြင်း ပန်းရောင်သန်းလာစေမှာပါနော်

တခဲ 6000နဲ့ ခင်ပွန်းရဲ့ အချစ်တွေရယူလိုက်တော့နော်

#တကိုယ်ရည်သန်းရှင်းကျန်းမာဖို့လည်းမမေ့နဲ့

06/01/2022

ဘယ်လောက်တောင်လှလိုက်တဲ့ အိတ်လဲ
အပိုမပြောဘူး Video လေးသာ ကြည့်လိုက်
🥰🥰

Color----အဖြူ /အညို/ အနက်

28000 ကျပ်

ရန်ကုန်အိမ်ရောက်ငွေချေ တခြားမြို့များ ကားဂိတ်သို့တင်ပို့ပေးပါတယ်ရှင်😍😍

မှာယူလိုပါက Page cb သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Fairyland Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fairyland Online Shopping:

Share