Zaw Shopping

Zaw Shopping Food, Solar Products, Water purifier, Clothing, Fashion

28/03/2025

🌍 ငလျင်လှုပ်သည့်အခါ နှင့် ငလျင်ပြီးနောက် မလုပ်သင့်သည့်အရာများ 🌍

🔴 ငလျင်လှုပ်သည့်အခါ
✅ မြေပြင်ပေါ်သို့ ချက်ချင်း မှောက်မချပါနှင့်။ ကိုယ်ထိခိုက်မှု လျော့နည်းစေရန် ဒူးထောက်ပြီး နိမ့်ချနေပါ။
✅ ခိုင်ခံ့သောစားပွဲ အောက်တွင် ဝင်ရောက်ပြီး အကာအကွယ် ရယူပါ။ မရှိပါက၊ ခေါင်းနှင့် လည်ပင်းကို ခေါင်းအုံးဖြင့်ဖုံးအုပ် ကာကွယ်ပါ။
✅ စားပွဲကို ပြင်းပြင်းထိုင်ပြီး ကိုင်ထားပါ။ ငလျင်ကြောင့် တစ်နေရာမှတစ်နေရာ ရွေ့မသွားစေရန်။

🚫 မလုပ်သင့်သောအရာများ
❌ မပြေးပါနဲ့ – အဆောက်အဦအပြင်ထွက်လိုက်ခြင်းသည် အန္တရာယ်များစေပါသည်။
❌ ပြတင်းပေါက်များနှင့် မှန်များနှင့်ဝေးပါ – မှန်ကျ၍ ထိခိုက်နိုင်သည်။
❌ ဓာတ်လှေခါး မသုံးပါနဲ့ – ငလျင်ကြောင့် ပိတ်မိနိုင်သည်။
________________________________________
🟢 ငလျင်ပြီးနောက် (After an Earthquake)

✅ မိမိကိုယ်ကိုစစ်ဆေးပါ – ထိခိုက်မှုရှိ/မရှိ စစ်ဆေးပြီး မိသားစုဝင်များကိုပါ သတိထားပါ။
✅ အန္တရာယ်များသောနေရာများမှ ထွက်ပါ – အဆောက်အဦ များသည် ပြိုကျနိုင်သောကြောင့် ဝေးနေပါ။
✅ မီးနှင့် ဓာတ်ငွေ့ယိုစိမ့်မှုစစ်ဆေးပါ – ဓာတ်ငွေ့နံ့ရှိပါက ပြင်တင်းတံခါးများကို ဖွင့်ပြီး ယိုစိမ့်မှုကို ရှာဖွေစစ်ဆေးပြုပြင်ပါ။
✅ နောက်ဆက်တွဲငလျင်များအတွက် အလှမ်းကြိုတင်ပြင်ဆင်ပါ – နောက်ထပ်ငလျင်များ ဖြစ်နိုင်သည်။
✅ သတင်းအချက်အလက်များ လိုက်နာပါ – အာဏာပိုင်များမှထုတ်ပြန်သော အချက်အလက်များကို နားထောင်ပါ။

🚫 မလုပ်သင့်သောအရာများ

❌ လဲကျနေသောအဆောက်အဦများထဲ မဝင်ပါနဲ့ – ပြိုကျနိုင်သည်။
❌ မလိုအပ်ဘဲ ဖုန်းမခေါ်ပါနဲ့ – အရေးပေါ်ဝန်ဆောင်မှုများအတွက် ဖုန်းလိုင်းကို လွတ်ထားပါ။
⚠️ မိမိနှင့် မိသားစုကို ကာကွယ်ရန် အရေးပေါ်ထွက်မြောက်မှုအစီအစဉ် တစ်ခုဖန်တီးထားပါ။

😇 လုံခြုံစွာနေနိုင်ကြပါစေ! 🚨

💯 သဘာဝ ငှက်သိုက်စစ်စစ်၊ ရှားစောင်းလက်ပတ် တို့ဖြင့်ပြုလုပ်ထားသော DORA မျက်နှစ်သစ်ဆပ်ပြာ🌼👉အကျိုးအာနိသင် အနေနဲ့ကတော့ ဆဲလ်အသ...
28/03/2025

💯 သဘာဝ ငှက်သိုက်စစ်စစ်၊ ရှားစောင်းလက်ပတ် တို့ဖြင့်ပြုလုပ်ထားသော DORA မျက်နှစ်သစ်ဆပ်ပြာ🌼

👉အကျိုးအာနိသင် အနေနဲ့ကတော့ ဆဲလ်အသေများကို ဖယ်ရှားပေးပြီး အရေးအကြောင်းများကို လျော့ပါးသက်သာစေပါသည်🌼

👉အမဲစက်များနှင့်တင်းတိတ်များကိုလျော့ပါးစေပြီး မျက်နှာအရေးပြားကို အေးမြစေသည်🌼

👉ကျန်းမာလှပပြီး ဝင်းလက်တောက်ပသော အသားအရေကို ပိုင်ဆိုင်ဖို့အတွက်ဆို DORA မျက်နှာသစ်ဆပ်ပြာလေးကို သတိရလိုက်ပါ🌼

💰ဆပ်ပြာ ၁ ခဲကို ၇၀၀၀ ကျပ်ပါ
🔔မှာယူမယ်ဆို မက်ဆေ့ဘောက်မှာ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ရေးပေးထားနော်

Vietnam Fishcake in Myanmar made by Nhan Vo- Fishcake- Lettuce, cilantro, mint leaves, cucumber and salted carrot- Vietn...
28/03/2025

Vietnam Fishcake in Myanmar made by Nhan Vo
- Fishcake
- Lettuce, cilantro, mint leaves, cucumber and salted carrot
- Vietnamese Sweet and Sour Fish Sauce other ingredients peanut…

သဘာဝ စစ်စစ် ငှက်သိုက်ကုန်ကြမ်းများ
28/03/2025

သဘာဝ စစ်စစ် ငှက်သိုက်ကုန်ကြမ်းများ

26/03/2025
ဗီယက်နမ်စတိုင် ကောက်ညှင်းပေါင်း
25/03/2025

ဗီယက်နမ်စတိုင် ကောက်ညှင်းပေါင်း

22/02/2025

🦉ငှက်သိုက်အကြောင်းသိကောင်းစရာ
👉အပိုင်း (၆)
ငှက်သိုက်သည် အချင်း ၂ လက်မ ၃ လက်မခန့်ရှိ၍ စောက် ၁ လက်မခန့်ရှိသည်။ ငှက်တို့သည် တပေါင်းလ၊ တန်ခူးလများတွင် အသိုက်လုပ်တတ်ကြသည်။ တစ်မြုံလျှင် ဥ ၂ လုံးရှိသည်။ မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တောဌာနက အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက်သိမ်းယူခွင့် လိုင်စင်ကို ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်မပြုန်းစေရန် စောင့်ရှောက်ပေးထား၏။ ၂၀၀၅ ခုနှစ်တွင် ငှက်သိုက် စုဆောင်းချိန် ကို မတ်လ ပထမပတ်မှ ဒုတိယပတ်၊ ဧပြီလ ပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမပတ်မှ ဒုတိယပတ်၊ နိုဝင်ဘာ (၂၁)မှ လကုန်အထိ (၄)ကြိမ် ခွဲ၍ စုဆောင်းရန် သတ်မှတ်ပေးထား သည်။ စုဆောင်းခွင့်ရရှိသော ငှက်သိုက်များကို သစ်တောဦးစီးဌာနမှ စစ်ဆေး၏။ သစ်တောဌာနက ထိုငှက်များ မျိုးမပြုတ်သွားရေလေအောင် စောင့်ရှောက်ပေးသည်။ ဥပမာအားဖြင့် လိုင်စင်ရောင်းချရာ၌ အချို့ကျွန်းများကို နှစ်စဉ် တလှည့်စီ ပိတ်ပေးသည်။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေးတို့သည် အနှောင့်အယှက်မရှိပဲ အသိုက်ပြုလုပ်၍ ပေါက်ပွားနိုင်ကြသည်။ ထိုကျွန်းများပေါ်သို့ တက်ရောက်၍ ငှက်သိုက်များကို ခိုးယူတတ်ကြသော လူဆိုးတို့၏ ရန်ကိုလည်းကောင်း၊ ငှက်ကလေးများကို ဖမ်းယူတတ်သော သိမ်း၊ စွန်၊ ငှက်ရဲတို့၏ ရန်ကိုလည်းကောင်း သစ်တောဝန်ထမ်းများက ကာကွယ်ပေးကြရသည်။ စုဆောင်းရရှိသော ငှက်သိုက်များကို သစ်တောဌာနက စစ်ဆေးသည်။ အကယ်၍ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရသူကို ဒဏ်ရိုက်လေသည်။ ငှက်ကလေးများ သွေးပါသည်အထိ အန်ထုတ်၍ ပြုလုပ်သော အသိုက်များကို မယူကြရန် လိုင်စင်တွင် စည်းကမ်းချက်များ ပါရှိသောကြောင့် ဖြစ်သည်။

21/02/2025

🦉ငှက်သိုက်အကြောင်းသိကောင်းစရာ
👉အပိုင်း (၅)
ငှက်သိုက်များကို ပင်လယ် သမုဒ္ဒရာတို့အလယ်မှ လူသူမနီးသော ကျွန်းများပေါ်တွင် အလွန်မြင့်မားသော ကျောက်ဆောင် လှိုဏ်ဂူစောင်းများ၏ အထက်မျက်နှာကျက်တွင် အသိုက် ဖွဲ့လေ့ရှိကြသည်။ ထို့ကြောင့် ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်များ ရရှိနိုင်သည့် ကျောက်ဆောင် လှိုဏ်ခေါင်းအတွင်း ဝင်ရောက်၍ အတွင်းနံရံကို ခဲယဉ်းစွာ တက်ရောက် ဆွတ်ယူကြရ၏။ ထိုကဲ့သို့ ဆွတ်ယူနိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား တက်ရောက်ကာ ခဲယဉ်းစွာ လိုက်လံ စုဆောင်း ကြရသည်။

💯 သဘာဝ ငှက်သိုက်စစ်စစ်၊ ရှားစောင်းလက်ပတ် တို့ဖြင့်ပြုလုပ်ထားသော DORA မျက်နှစ်သစ်ဆပ်ပြာ🌼👉အကျိုးအာနိသင် အနေနဲ့ကတော့ ဆဲလ်အသ...
20/02/2025

💯 သဘာဝ ငှက်သိုက်စစ်စစ်၊ ရှားစောင်းလက်ပတ် တို့ဖြင့်ပြုလုပ်ထားသော DORA မျက်နှစ်သစ်ဆပ်ပြာ🌼
👉အကျိုးအာနိသင် အနေနဲ့ကတော့ ဆဲလ်အသေများကို ဖယ်ရှားပေးပြီး အရေးအကြောင်းများကို လျော့ပါးသက်သာစေပါသည်🌼
👉အမဲစက်များနှင့်တင်းတိတ်များကိုလျော့ပါးစေပြီး မျက်နှာအရေးပြားကို အေးမြစေသည်🌼
👉ကျန်းမာလှပပြီး ဝင်းလက်တောက်ပသော အသားအရေကို ပိုင်ဆိုင်ဖို့အတွက်ဆို DORA မျက်နှာသစ်ဆပ်ပြာလေးကို သတိရလိုက်ပါ🌼
💰ဆပ်ပြာ ၁ ခဲကို ၇၀၀၀ ကျပ်ပါ
🔔မှာယူမယ်ဆို မက်ဆေ့ဘောက်မှာ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ရေးပေးထားနော်

19/02/2025

🦉ငှက်သိုက်အကြောင်းသိကောင်းစရာ
👉အပိုင်း(၄)
မြန်မာနိုင်ငံတွင် ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးလေ့ရှိသည်။ ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ် များစွာပါဝင်သည်။ သဘာဝ ငှက်သိုက်ကို ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြားပစ္စည်းများနှင့် ပေါင်းစပ်ဖော်ထားသဖြင့် အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေးရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် အလွန်အဖိုးအနဂ္ဃ ထိုက်သဖြင့် ရွှေနှင့် စက်၍ပင် ဝယ်ယူကြသည်။ ငှက်သိုက်များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချသည်။ နိုင်ငံခြားဝင်ငွေရရှိသော ငှက်သိုက်သည် တနင်္သာရီတိုင်းမှ ရရှိသောကြောင့် တနင်္သာရီတိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်နေသည်။

18/02/2025

🦉ငှက်သိုက်အကြောင်းသိကောင်းစရာ
👉အပိုင်း (၃)
ငှက်သိုက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်သည့် ငှက်ကဖွဲ့ထားသည့် အသိုက်ဖြစ်သည်။ တပေါင်းလ၊ တန်ခူးလမှ စ၍ ငှက်သိုက်ပြုလုပ်တတ်သည်။ ၎င်းတို့၏ ငှက်သိုက်များသည် အခြား ငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ပဲ ထူးဆန်းစွာ အာခေါင်မှာ အာစေးတစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်။ ယင်းအသိုက်များတွင် ငှက်မများ ဝင်ဥကြသည်။ တစ်နှစ်လျင် နှစ်ကြိမ်ဥပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီး တစ်ကောင်၊ အမ တစ်ကောင် ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လကြာမျှ ကျွေးမွေးပြုစုပြီးနောက် အသိုက်မှ ဆင်းသွားကြသည်။ ဇီ၀စိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ ၊ ဧပြီလနှင့် ဩဂုတ်လများတွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိသည်။ အသိုက်ဆောက်မည့် ကျောက်လှိုဏ်ဂူအမိုးမှာ ပေ ၄၅၀ ကျော်ခန့်အထိ မြင့်မားလှ၏။ ဇီ၀စိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက်ဆောက်လုပ်ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည်အချို့ပါဝင်၏။ အသိုက်ပြုလုပ်မည့် နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး တံတွေးများကို အံထုတ်လိုက်သည်။ အစဦးဆုံးထွက်သော အာစေးမှာ ဖြူစင်သည်။ ယင်းတံတွေးများသည် လေနှင့် ထိတွေ့သည့်အခါ မာကြောသွား၏။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါ အံပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဌာန်ဖော်ပေးသည်။ တစ်ခါတစ်ရံတွင် ငှက်သိုက်၏ သွေးစများ ပါလာတတ်သည်ကို တွေ့ရ၏။ ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင်နေရန် လုံလောက်သည်။ အဖြူရောင် ငှက်သိုက်တွင် အဖြူရောင် ငှက်မွေးနုများ ပါဝင်သည်။ အမည်းရောင်ငှက်သိုက်တွင် အမည်းရောင် ငှက်မွေးနုများ ပါဝင်သည်။ အရွယ်အစားအားဖြင့် အမည်းရောင် ငှက်သိုက်သည် အဖြူရောင် ငှက်သိုက်ထက် (၂)ဆကြီး၏။ စီးပွားရေး ဈေးကွက်တွင် အဖြူရောင် ငှက်သိုက်ကို လူကြိုက်များသောကြောင့် (၁၀)ဆမျှ ဈေးပိုကြီးသည်။

ထိုငှက်မျိုးသည် စာကလေးအရွယ် လောက်သာရှိသည်။ ပျံသန်းရာ၌ အလွန်လျင်မြန်သည်။ ညအိပ်သည့် အချိန်မှလွဲ၍ တစ်နေ့လုံး ပျံသန်း၍ နေနိုင်စွမ်းရှိသည်။ ထိုငှက်မျိုး၏ ခြေချောင်းလေးများသည် ကား၍ ရှေ့သို့ရှည်ထွက်လျက် ရှိသည်။ ထိုခြေတံမျိုး ရှိသဖြင့် ကျောက်ဆောင်၏ အစွန်အဖျားများပေါ်၌ နားနေနိုင်ကြသည်။ ထိုငှက်ကလေးများသည် လူသူဝေးသော ကျွန်းများပေါ်ရှိ ကျောက်လိုဏ်ဂူနံရံများတွင် အသိုက်ပြုလုပ်၍နေကြသည်။

❄️❄️❄️မြူနှင်းတွေဝေ📍ရန်ကုန်
16/02/2025

❄️❄️❄️မြူနှင်းတွေဝေ
📍ရန်ကုန်

Address

Yangon
11089

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00

Telephone

+959268757331

Website

Alerts

Be the first to know and let us send you an email when Zaw Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaw Shopping:

Share