Happy Life & Money

Happy Life & Money ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ဖို့ Happy Life & Money နဲ့ လက်တွဲကြပါစို့���

19/05/2026

စိုင်ပြင်မြို့ရဲစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စိုင်ပြင်မြို့ကို ထိန်းချုပ်

🟥 စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ ဒဏ်ရာရထားသော တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ထားရစ်ကာ ဒုရဲအုပ် ဝင်းဇော်အောင် ကိုယ်လွတ်ရုန်းထွက်ပြေး

ရန်ကုန်၊ မေ ၁၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ စိုင်ပြင်မြို့ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနချုပ်က သတင်းထုတ်ပြန်သည်။

မေလ ၁၄ ရက်နေ့ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနချုပ်က ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်နှင့် လုံခြုံရေးအာမခံချက်ပေးနိုင်ရန်အတွက် “Operation OTT” စစ်ဆင်ရေးဖြင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ နယ်မြေရဲစခန်းကို စစ်သည်အင်အား ၆၀ ဦးဖြင့် လက်ဦးမှုရယူကာ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် အဆိုပါ ရဲစခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအမြောက် အမြားကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်မှ စခန်းမှူးဖြစ်သူ ဒုရဲအုပ် ဝင်းဇော်အောင်က ၎င်း၏ ကွပ်ကဲမှုအောက်ရှိ ကျဆုံးနှင့် ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များအပြင် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်သော မိသားစုဝင်များကိုပါ တာဝန်မဲ့စွာဖြင့် သရဲဘောကြောင် စွန့်ပစ်ထားခဲ့ပြီး၊ ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှီရသည်။

"စစ်ခွေး သေစာရင်းက ထပ်တိုးသေဆုံးတာမျိုး ထပ်တိုးစရာမရှိတော့ပါဘူး။ ကျနော်တို့က သူတို့မိသားစုဝင်တွေနဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို ကောင်းကောင်းစောင့်ရှောက်ထားပါတယ်။ ပြင်းထန်ဒဏ်ရာရထားသူတွေတောင် အခုဆို အသက်ဘေးအန္တရာယ်ကနေ ကင်းလွတ်ပါပြီ။ အောင်မြင်မှုကို မြင်ရင် အဲဒီနောက်ကွယ်က ပေးဆပ်ရမှုတွေကို သတိရကြပါ"ဟု အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲထားခဲ့သည့် အဆိုပါ တပ်စခန်းအဆောက်အဦများနှင့် ခံစစ်ကုန်းများကို အပြီးအပိုင် ရှင်းလင်းဖျက်ဆီးခဲ့ပြီးနောက် မိမိတို့တပ်များကို စနစ်တကျ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

"စိုင်ပြင်မြို့မှာက အဓိက အဲဒီ နယ်မြေရဲစခန်းကို အဓိက စစ်စခန်းအဖြစ် သုံးပြီး သူတို့က နေကြတာ။ နယ်မြေရဲစခန်းကို ရတာက စိုင်ပြင်မြို့ကို ထိန်းချုပ်လိုက်နိုင်တာပါ။ စိုင်ပြင်က အရင်က ရွာကြီး၊ နောက်ပိုင်းတော့ မြို့သတ်မှတ်တာ။ စခန်းသိမ်းလိုက်ကတည်းက မြို့ကို ထိန်းချုပ်လိုက်တာ ဒေသပြည်သူအားလုံး သိကြတယ်။ လေယာဉ်နဲ့ ဗုံးကျဲမှာ ကြောက်လို့ အားလုံးက အသံတိတ်ပြီး လုပ်စရာရှိတာ လုပ်သွားကြတာ" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ယခုစစ်ဆင်ရေး အောင်ပွဲသည် ကျည်လက်နက်ခဲယမ်းများ၏ စွမ်းပကားကြောင့်သာမဟုတ်ဘဲ ပြည်သူလူထု၏ စစ်ရေး၊ လုံခြုံရေးအသိသတိရှိစွာဖြင့် ပူးပေါင်းပါဝင်မှု၊ စစ်သည်များ၏ တာဝန်သိမှုနှင့် ရဲဝံ့စွန့်စားမှုတို့ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က မြို့နယ်ဧရိယာအနည်းငယ်ကိုသာ စိုးမိုးနိုင်ပြီး မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက စိုးမိုးထားခြင်းဖြစ်သည်။

ဓာတ်ပုံ - စိုင်ပြင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒဏ်ရာရသူတချို့ကို တော်လှန်ရေးတပ်များက သယ်ထုတ်လာစဉ်။

Photo- အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန ။

19/05/2026
19/05/2026

နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ကြပါစေ။

ဘေးဥပဒ်အန္တရာယ်ခပ်သိမ်း အိမ်မက်ဆိုးခပ်သိမ်းတို့မှ ကင်းဝေးပြီး မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ အိပ်မက်လှလှလေးတွေနဲ့အတူ ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။

19/05/2026

သားတစ်ယောက်ရဲ့ မိခင် သက်ရှိထင်ရှားရှိသေးရဲ့လားဆိုတဲ့ စိုးရိမ်ပူပန်နေမှူ့ကို မွေးမိခင်ရှိဖူးသူမှသာနားလည်နိုင်ပါမယ် ....
PROOF OF LIFE - RIGHT NOW!!

19/05/2026

နွေဦးချစ်သူရေ...
မှတ်တမ်းလေးတွေပေါ့နော်။

#မင်းတို့_စကစလဲ_လုပ်ချင်ရာလုပ်_ငါတို့လဲ_နောက်မဆုတ်ဘူး #ဒေါ်ရတီအုန်း #တောကျီးကန်း #ရှေ့သို့ #ဆရာမ #နွေဦးတော်လှန်ရေးမှသည်အောင်ပွဲဆီသို့

19/05/2026

အာဆီယံထိပ်သီးအစည်းအဝေး တက်ရန် ဆန္ဒပြင်းပြနေသော အကြမ်းဖက်မင်းအောင်လှိုင်က အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးတချို့ကို မြန်မာနိုင်ငံ လာရောက်ရန် လျှို့ဝှက် ဖိတ်ကြား၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး လာရောက်ဖွယ်ရှိနေ

ရန်ကုန်၊ မေ ၁၉

အာဆီယံထိပ်သီးအစည်းအဝေးသို့ သမ္မတရာထူးဖြင့် တက်ရောက်ရန် အလွန် စိတ်ဆန္ဒပြင်းပြနေသော အကြမ်း ဖက်မင်းအောင် လှိုင်က အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးတချို့ကို မြန်မာနိုင်ငံ လာရောက်ရန် လျှို့ဝှက် ဖိတ်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ယခု မေလအတွင်း ကျင်းပခဲ့သော ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အကြမ်း ဖက် မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ကို တက်ခွင့်ဆက်လက် ပိတ်ပင်ခဲ့ကြောင်း၊ ယင်းသို့ပိတ်ပင်ခံရပြီးနောက် စစ်တပ်က လာမည့် နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့တွင် ထပ်မံပြုလုပ်မည့် အာဆီယံထိပ်သီးအစည်း အဝေးသို့ တက်ရောက်ခွင့်ရရှိရေးအတွက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတချို့ကို နေပြည်တော်သို့ လာရောက် ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်လျက်ရှိကြောင်း သိရှိရသည်။

"အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို နေပြည်တော်လာဖို့ လိုက်ဖိတ်နေတာရှိတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးလည်း နေပြည်တော်လာမယ်။ ဒီဘက်က လျှို့ဝှက် ဖိတ်နေတာ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အာဆီယံဘက်က မြန်မာ့အရေး ဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ချက် ကို အကောင်အထည်ဖော်ရန်၊ နိုင်ငံ တော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပြုရေး တောင်းဆိုထားသည်။

အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရသောကြောင့် အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေဟု အကြမ်းဖက် စစ်တပ်က မေလ ၁၀ ရက်နေ့တွင် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ ကြေညာချက်တွင် ၎င်းတို့သည် ပြည်သူများရွေးချယ်သည့် အစိုးရတစ်ရပ် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အာဏာရအစိုးရက မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူခဲ့ရခြင်းဖြစ်ပြီး၊ အဂတိကျူးလွန်သူများကိုလည်း တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ ကြောင့်သာ ရွေးကောက်ပွဲအသစ်ကို ပြန်လည်ကျင်းပခဲ့ရခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုများကို အာဆီယံနိုင်ငံအများစုက နားလည်သော်လည်း နိုင်ငံအနည်းငယ်ကမူ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် တန်းတူကိုယ်စားပြုခွင့်ကို ချန်လှပ်ထားခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ၊ ယင်းသို့ပြုလုပ်ခြင်း အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ဖောက်ဖျက်ကာ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ဖိအားပေးခြင်းများဖြစ်သည်ဟု ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

19/05/2026

ဘယ်ကဘယ်လိုစဖြစ်ကြတာတုန်း 🙄

19/05/2026

SDB တိုကင်ကို USDT မလိုတော့ဘဲ ကိုယ်တိုင် တိုက်ရိုက် လဲလှယ်လို့ ရနေပြီနော်။ 📢

လူတစ်သန်းမှာ ၁% ပဲ ပိုင်ဆိုင်ထားသေးတဲ့ SDB တိုကင်ကို စုဆောင်းဖို့ USDT အဆင့်ဆင့် ပြောင်းရမှာ ခက်ခဲဝန်လေးနေသူတွေ ရှိကြလား?

Spring Institute of FinTech ကနေ လူတိုင်းအတွက် ပိုလွယ်ကူတဲ့ FinTech အခွင့်အလမ်းတစ်ခုကို မျှဝေပေးထားပါတယ်။ 🤗

💡 အဲ့ဒါကတော့ Spring Development Bank အက်ပလီကေးရှင်းရဲ့ Feature အသစ်တစ်ခုဖြစ်တဲ့ “Exchange Function” ပါပဲ။

ဒီ Feature ကို အရင်က ဒစ်ဂျစ်တယ်ရွှေ ဝယ်စုတဲ့အခါမှာ သုံးသလို အခုတော့ တိုကင်ပါ ဝယ်လို့ ရနေပါပြီ။

❇️ SDB အက်ပလီကေးရှင်းထဲမှာတင် MMK, SGD, THB စတဲ့ ကမ္ဘာ့ငွေကြေး (၁၀) မျိုးကို သုံးပြီး တိုကင်တွေ တိုက်ရိုက် လဲလှယ်နိုင်ပါတယ်။

❇️ ဒါ့အပြင် ၂၄ နာရီ၊ ၇ ရက် အချိန်မရွေး ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် စီမံခန့်ခွဲနိုင်ပါတယ်။

❇️ ရလာတဲ့ တိုကင်တွေကိုလည်း SDB ရဲ့ Earn/ Loan တွေ သုံးပြီး ကိုယ်တင်မက ကိုယ့်ရဲ့ သားမြေးစဉ်ဆက်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲနိုင်ပါတယ်။

FinTech နည်းပညာဆိုတာ ခက်ခဲဖို့ မဟုတ်ဘဲ အခွင့်အရေးတစ်ခုပါပဲ။

ဘဏ္ဍာရေး လွတ်လပ်ခွင့်အတွက် ခြေလှမ်းစဖို့ အခုပဲ Exchange Function ကို လေ့လာအသုံးချကြပါစို့။ 💪🏼

Address

Mayangone, Zaybutar
Yangon
11061

Website

Alerts

Be the first to know and let us send you an email when Happy Life & Money posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share