Win Thaw Tar Store

Win Thaw Tar Store 100%

🦋Butterfly Fabric Softener✨မင်္ဂလာပါ ချစ်ရသော ဈေးဝယ်သူ မိတ်ဟောင်း မိတ်သစ် customer များရှင့်🦋Butterfly Fabric Softener လ...
09/09/2025

🦋Butterfly Fabric Softener✨

မင်္ဂလာပါ ချစ်ရသော ဈေးဝယ်သူ မိတ်ဟောင်း မိတ်သစ် customer များရှင့်

🦋Butterfly Fabric Softener လေးတွေကို မကြိုက်ဘူးဆိုတဲ့ customer လေးဆိုတာ အရှားသားနော်🫶🏻

ဒီနေ့ WTT မှာ အမြဲရှိနေမယ့် Butterfly လေးတွေအကြောင်း မင်နည်းနည်းပြောပြပေးမယ်နော်🫶🏻

Butterfly Classic Series (ပန်း,ခရမ်း,ပြာ) နဲ့
Butterfly Memory Garden (ဝါ,ဖြူ,နီ,ခရမ်း,စိမ်း) ဆိုပြီးထွက်ရှိထားပါတယ်ရှင်🦋😍

Butterfly Classic Series လေးကတော့ ပေးထားတဲ့ နာမည်လေးအတိုင်း ရနံ့လေးတွေက classic ဆန်ပြီး ဒီseries လေးကို အသုံးပြုလျှော်ထားတဲ့ အဝတ်လေးတွေကိုဝတ်တိုင်း သစ်လွင်တောက်ပမှုတွေနဲ့ ပြင်သစ်ရေမွှေးရနံ့လေးတွေတစ်နေကုန်မွှေးပျံ့နေမှာပါရှင်🦋🫶🏻

🦋Classic Series လေးမှာ
🩷Floral Blossom - ပန်းရနံ့လေးတွေနဲ့ စိတ်ကိုနူးညံ့ပျော့ပြောင်းစေပြီး ပွင့်ဖတ်လေးလိုခံစားမှု
💜Social Butterfly - ပြင်သစ်ရနံ့မွှေးရနံ့လေးတွေနဲ့ အရမ်းကိုပျော့ပြောင်းသွားမယ့်fabric
🩵Beautiful Morning - မနက်ခင်းဆန်တဲ့မွှေးရနံ့ခံစားမှု
ဆိုတဲ့ရွေးချယ်စရာ ၃မျိုးရှိပါတယ်ရှင်😍🫶🏻

Butterfly Memory Series လေးကတော့ confidence အပြည့်ရရှိစေမယ့်ရနံ့လေးကိုပိုင်ဆိုင်စေမှာပါ🫶🏻 ဒီ series လေးက Classic series ထပ် ရနံ့လေးတွေပို strong ဖြစ်တဲ့အတွက် အမွှေးဆီလေးကိုပဲရှုကြည့်မယ်ဆိုရင်တော့ အရမ်းများအနံ့စူးလာထင်ရပေမယ့် အဝတ်လျှော် အခြောက်ခံ မီးပူတိုက်ပြီးတဲ့အဆင့်တွေပြီးဆုံးလို့ ခန္ဓာကိုယ်ပေါ်မှာဝတ်ဆင်လာတဲ့အဆင့်မှာတော့ တစ်နေကုန်ဘာရေမွှေးလေးသုံးထားလဲ မွှေးလိုက်တာဆိုပြီး အမေးခံရမှာနော်😍
နောက်ပြီး Capsules Burst Technology နဲ့ထုတ်လုပ်ထားတာကြောင့် အဝတ်ဗီဒိုထဲမှာ ၂ပတ်အထိကို ရနံ့လေးတွေသင်းပျံ့နေမှာပါရှင်💞

🦋Memory Series လေးမှာ
💛Summer Romance - ချစ်ရတဲ့သူနဲ့စတွေ့တုန်းက နူးညံ့ပြီး သင်းပျံ့စွာ စိတ်တွေကြည်လင်သွားစေမယ့်ရနံ့
🤍Soft & Lovely - နူးညံ့လွန်းပြီး လူတိုင်းငေးရမယ့် ချစ်စဖွယ် သင့်ပျံ့သေးရနံ့
❤️Red Kiss - ဆွဲဆောင်မှုအပြည့်နဲ့ လန်းဆန်းမယ့်ရနံ့
💜Redamancy - ကြည်နူးပျော်ရွှင်စရာအခိုက်အတန့်လေးတွေကို အမြဲအမှတ်ရနေစေမယ့်ရနံ့
💚Ocean Breeze - လေပြည်ညှင်းတွေစီကယူဆောင်လာမယ့်နူးညံ့မွှေးပျံ့မှု, သန့်ရှင်းမှု နဲ့ စိတ်သက်သာမှုရနံ့
ဆိုတဲ့ရွေးချယ်စရာ ၅မျိုးထွက်ရှိထားပါတယ်ရှင်😍🫶🏻

ကဲ ချစ်ရတဲ့မိတ်ဆွေကြီးများရော ဘယ်ရနံ့လေးကို အကြိုက်ဆုံးလဲ ပြောပေးခဲ့နော်💞

🦋Butterfly Fabric Softener လေးတွေကိုဝယ်ယူချင်တယ်ဆိုရင်တော့
မင်တို့ရဲ့ ဝင်းသော်တာစတိုး ဆိုင်ခွဲများဖြစ်တဲ့

📍လှည်းတန်းဆိုင်(၁) – အမှတ် (၄၈), ပေ (၅၀)လမ်း, (၃)ရပ်ကွက်, လှည်းတန်း, ကမာရွတ်မြို့နယ်
📍လှည်းတန်းဆိုင်(၂) – အမှတ် (၄၉), ပေ (၅၀)လမ်း, (၃)ရပ်ကွက်, လှည်းတန်း, ကမာရွတ်မြို့နယ်
📍အရှေ့ဒဂုံဆိုင် – အမှတ် (၈၁၄), မင်းရဲကျော်စွာလမ်း, (၅) ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်

တို့မှာ ဝယ်ယူနိုင်ပါတယ်ရှင်🫶🏻💞

#ဝင်းသော်တာစတိုးလှည်းတန်း #ဝင်းသော်တာစတိုးအရှေ့ဒဂုံ #လှည်းတန်း #အရှေ့ဒဂုံ
#ဝင်းသော်တာ

အစဉ်အမြဲအားပေးကြသော ချစ်ရသောမိတ်ဟောင်းမိတ်သစ်များ ရှင့် 🌞ကျွန်မတို့ ဝင်းသော်တာ စတိုး ကိုအခုအခါ လှည်းတန်း မှာသာမက အရှေ့ဒဂ...
26/08/2025

အစဉ်အမြဲအားပေးကြသော ချစ်ရသောမိတ်ဟောင်းမိတ်သစ်များ ရှင့် 🌞

ကျွန်မတို့ ဝင်းသော်တာ စတိုး ကိုအခုအခါ လှည်းတန်း မှာသာမက အရှေ့ဒဂုံ တွင်လည်း မနက် (၇:၀၀) နာရီ မှ ည (၁၀:၀၀) နာရီ ထိထပ်မံဖွင့်လှစ်ထားပါသည်ရှင့် 🥰

📍 လှည်းတန်းဆိုင်(၁) – အမှတ် (၄၈), ပေ (၅၀)လမ်း, (၃)ရပ်ကွက်, လှည်းတန်း, ကမာရွတ်မြို့နယ်
📍လှည်းတန်းဆိုင်(၂) – အမှတ် (၄၉), ပေ (၅၀)လမ်း, (၃)ရပ်ကွက်, လှည်းတန်း, ကမာရွတ်မြို့နယ်
📍 အရှေ့ဒဂုံဆိုင် – အမှတ် (၈၁၄), မင်းရဲကျော်စွာလမ်း, (၅) ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်

✔ အရည်အသွေးမြင့်
✔ ဈေးနှုန်းမှန်ကန်
✔ အပြန်အလှန်ယုံကြည်စိတ်ချရ

✨ အနီးဆုံးဆိုင်ခွဲမှာ လာရောက်ဝယ်ယူအားပေးနိုင်ပါပီရှင့်

#ဝင်းသော်တာစတိုး #လှည်းတန်း #အရှေ့ဒဂုံ

26/11/2020

မင်္ဂလာပါရှင်။

ကျမတို့ ဝင်းသော်တာစတိုး တွင် Delivery Service ပြန်ရပါပြီနော်။

ကျမတို့အနေနဲ့ စာဖြင့်ပြန်လည်ဖြေကြားရာမှာ နှောင့်နှေးကြန့်ကြာမှုရှိနိုင်သည့်အတွက် customers တွေဘက်က စာရင်းပို့လာပြီးရင် ညီမတို့ဘက်မှ ဖုန်းဖြင့်သာ order confirm ပေးပါမည်။

အော်ဒါလေးကိုလည်း တစ်ရက်ကြိုတင်ပေးပါရန် လေးလေးစားစားမေတ္တာရပ်ခံအပ်ပါသည်။

အော်ဒါပြန် confirm ပေးရာတွင် အချိန်နှောင့်နှေးနိုင်သည့် အတွက် အော်ဒါကို တစ်ရက်ကြိုတင်ရန်မေတ္တာရပ်ခံရခြင်းဖြစ်ပါသည်။

Delivery charges-
Below 50000 kyats -1000
Above 50000 kyats - free

အထပ်မြင့်ပေါ်မူတည်၍ customers များဘက်မှ extra charges ၅၀၀/၁၀၀၀/၁၅၀၀ ပေးရပါမည်။

အစဉ်အားပေးမှုအတွက် အထူးပင်ကျေးဇူးတင်အပ်ပါသည်။🙏🏻

11/11/2020

မင်္ဂလာပါရှင်...

Covid ကာလဖြစ်နေသေးသော်လည်း
ဈေးဆိုင်များပုံမှန်ဖွင့်လှစ်
လည်ပတ်နေပြီဖြစ်သောကြောင့်
Delivery Service အား ရပ်နားလိုက်ပါပြီ။

တစ်ဆက်တည်း ကျမတို့ ဝင်းသော်တာစတိုးအား
၁၃.၁၁.၂၀၂၀ မှ ၁၅.၁၁.၂၀၂၀ ထိ ခေတ္တပိတ်ထားမည်ကို အသိပေးအပ်ပါသည်။

Delivery Service အားရပ်နားလိုက်ပြီဖြစ်သော်လည်း ဖုန်းဆက်အော်ဒါကြိုတင်ပြီး
လာယူမည့်ချိန်အတိကျပြေအော်ဒါတင်မည်ဆိုလျှင် အဆင်သင့်ပြုလုပ်ပေးထားပါမည်။

ဖုန်းဆက်၍သာ အော်ဒါတင်ပေးရန်
အနူးအညွတ်မေတ္တာရပ်ခံပါသည်။

☎️ 09760150721

PPE လိုအပ်နေမှူအတွက် ပါဝင်အားဖြည့်ခြင်း*****************************************ယခု COVID-19 ရောဂါကြုံတွေ့နေရချိန်တွင် P...
15/09/2020

PPE လိုအပ်နေမှူအတွက် ပါဝင်အားဖြည့်ခြင်း
*****************************************
ယခု COVID-19 ရောဂါကြုံတွေ့နေရချိန်တွင် Positive လူနာများ များပြားလာသည်နှင့်အမျှ ထိစပ်သံသရလူနာများလည်း ဆက်တိုက်ထွက်ရှိနေပါသည်။

ထို့အတူ ပရဟိတ အသင်းအဖွဲ့များစွာတွင်လည်း PPE ဝတ်စုံများပို၍လိုအပ်လျှက်ရှိသည်ဟု ကြားသိရပါသည်။

သို့ဖြစ်ပါ၍ကျွန်မတို့ ဝင်းသော်တာစတိုးမှ ယနေ့ ၂၀၂၀ စက်တင်ဘာ ၁၅ရက်နေ့တွင် အနီးစပ်ဆုံးဖြစ်သည့် #လှည်းတန်းလူမှုကူညီရေးပရဟိတအသင်း သို့ PPE ဝတ်စုံများဝယ်ယူနိုင်ရန်အတွက် တတ်အားသဖြင့် ပါဝင်အားဖြည့်လှူဒါန်းခဲ့ပါသည်။

အစဉ်တစိုက် ဝယ်ယူအားပေးနေကြသော ကျွန်မတို့၏ customers ကြီးများ၏အလှူလည်းဖြစ်သည့်အတွက် ဝမ်းသာပီတိသာဓုခေါ်နိုင်ရန် မျှဝေပေးခြင်းဖြစ်ပါသည်။

Customer ကြီးများအနေဖြင့်လည်း ထပ်မံပါဝင်လှူဒါန်းလိုပါက ကျွန်မတို့ ဝင်းသော်တာစတိုးသို့ ဆက်သွယ်နိုင်သကဲ့သို့ #လှည်းတန်းလူမှုကူညီရေးပရဟိတ အသင်း၏အောက်ပါ ဖုန်းနံပါတ်များဖြစ်သော

☎️09975328327
☎️09403789779
☎️09763577768

သို့တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ကျေးဇူးတင်ထိုက်သူအားလုံးကို
ကျေးဇူးတင်လျှက်....🙏🏻

15 September, 2020.

 #စိတ်ပူလို့ပါ😔🙏🏻ဆီးချိုသမားတွေ COVID ဖြစ်ရင်*********************************COVID 19 ရောဂါကူးစက်ခံလာရရင် တော်တော်လေးအထ...
13/09/2020

#စိတ်ပူလို့ပါ😔🙏🏻

ဆီးချိုသမားတွေ COVID ဖြစ်ရင်
*********************************

COVID 19 ရောဂါကူးစက်ခံလာရရင် တော်တော်လေးအထိနာတာက #ဆီးချိုရောဂါ အခံရှိတဲ့လူနာတွေပါ။

ကိုယ့်မိဘ၊ဆွေမျိုးတွေထဲ ဆီးချိုရောဂါရှိသူတွေများတော့ ခုလို အရေးကြီးလာတဲ့ အချိန်မှာ #ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြချင်ပါတယ်။

(က) COVID မဖြစ်ခင် လုပ်ရမှာက
********************************
၁။ အိမ်မှာ #သွေးစစ်တဲ့ကိရိယာ နဲ့ ကို #နှစ်လစာလောက် (ကြို) ဝယ်ထားကြပါ။

၂။ Insulin ထိုးနေသူ တွေ ( တို့ ထိုးနေရသူတွေ) ြည်_Actrapid_သုံးလေးပုလင်း (ပို) ဆောင်ထားပါ။

၃။ သောက်နေကျ #ဆေးအလုံအလောက် (သေချာ) ဆောင်ထားပါ။

၄။ ဆီးချို မကောင်းရင်ကောင်းအောင် လုပ်ထားပါ။

၅။ လက် #မကြာမကြာ (မဖြစ်မနေ⚠️) ဆေးပါ။

၆။ မတတ်နိုင်လို့ အပြင်ထွက်ရရင်လဲ (သေချာ) တတ်ပါ (သေချာ) တတ်ပါ။

⚠️ဖြစ်နိုင်ရင် အိမ်မှာပဲနေပါ⚠️

(ခ) COVID မဖြစ်အောင်ရှောင်ရမှာက

၁။ အပြင်ကိုလုံးဝ(လုံးဝ) #မထွက် ပါနဲ့။ ခင်တဲ့သူ ဖြစ်စေ မခင်သူဖြစ်စေ အိမ်ထဲ #အဝင်မခံပါနဲ့။ ကိုယ်ကိုယ်တိုင်လဲ #အိမ်လည်မသွားပါနဲ့။ ကိုယ်ဟာ သူများလိုမဟုတ်ပဲ #ဖြစ်ရင်မလွယ်ဘူး ဆိုတာကို အမြဲ #သတိ⚠️ရှိပါ။

၂။ ဆေးရုံဆေးခန်း Appoinment ရှိရင်လဲ ဆရာဝန် ကို Online က ဖြစ်ဖြစ် phone နဲ့ဖြစ်ဖြစ်ဆွေးနွေးပါ။

(ဂ) COVID ဖြစ်ပြီဆိုရင်

၁။ စတဲ့ ကိုရပ်ပါ။

၂။ ရပ်ပါ။
(Confirm case ဖြစ်မှပါ။ ဒီအတိုင်းကြောက်ပြီး မရပ်ကြပါနဲ့။ Metformin ဟာအစွမ်းထက်ဆေးပါ။)

၃။ အောက်ရှိနေသူတွေ #သောက်ဆေးသာသောက်နေရသူတွေ အတွက် #ဆေးတစ်မျိုး_နှစ်မျို: ရပ်ထားတာ ပြဿနာ မရှိပါဘူး။

၃။ ကျော်သူ တွေကတော့ ဆရာဝန် နဲ့ တိုင်ပင်ပြီး လိုအပ်ရင် ရပါမယ်။

၄။ ဖျားပြီး အစားမဝင်ဘူးဆိုရင် လို လိုဆေးတွေကို #သတိထားသုံး ရသလို ကိုလဲ ဆရာဝန် နဲ့ ပြန်တိုင်ပင်ပြီး မှ ထိုးပါ။

၅။ လုပ်သင့်တာ က #3-4 နာရီခြားလောက် #ဆီးချိုစစ်သင့်ပြီး ဆီးချိုအတက်လွန်ပါက Insulin အကြည် ထိုးပြီးဖြစ်စေ ဆရာဝန်၊ဆရာမ တွေနဲ့နီးစပ်သူတွေဟာ insulin ကို Saline သွင်းပြီးဆီးချို ချ ရပါမယ်။
(သတိထားရမှာက တကယ်ဖြစ်ရင် ဆေးရုံ၊ဆေးခန်းတွေ ပြည့်လျှံပြီးတတ်နိုင်သလောက် ကိုယ့်ဟာ ကိုယ်လုပ်နိင်မှ အသက်ရှည်မှာပါ။)

၆။ အဝလွန်သူ သွေးထွက် မလွန်တတ်သူတွေ ဟာ လိုသွေးကျဲဆေး ကို အိမ်မှာ ထိုးရပါမယ်။

၇။ သွေး oxygen တိုင်း Pulse oxymetry အ်ိမ်မှာ ဆောင်ပါ။

၈။ COVID ပြင်းလာရင် oxygen က ၉၃ အောက်ကျ လာပြီး ဆိုတဲ့ ဆေးလိုလာတတ်ပါတယ်။ အဲ့ဒီအခါ တက်လာမယ့် ဆီးချို ကို Insulin နဲ့ ချဖို့ပြင်ထားပါ။

ရှောင်ရန်က
***********

၁။ တကယ်ဖြစ်လာရင် ဆေးရုံလုပ်ငန်းတွေပုံမမှန်တော့တာကြောင့် ဆေးရုံကို ထစ်ခနဲဆို မပြေး ကြပါနဲ့။‼️

၂။ Oxygen ကျလာပြီး ကိုယ့် အိမ်အနေအထား က သီးသန့် နေလို့မဖြစ်မှသာ ဆေးရုံပြေးကြပါ။

🙏🏻ကျန်းကျန်းမာမာနဲ့ ဒီ COVID-19 ကပ်ရောဂါမှလွှတ်ကင်းရပါစေရှင်🙏🏻

ဆရာ Dr.Nay Myo Oo အားလေးစားစွာ credit ပေးပါတယ်ရှင်🙏🏻

10/09/2020

ကျွန်ုပ်တို့ဝင်းသော်တာစတိုးတွင် အစဉ်တစိုက်ဝယ်ယူအားပေးခဲ့ကြသော မိတ်ဟောင်းမိတ်သစ်များအတွက် ဆိုင်အား #အမိန့်တစ်စုံတစ်ရာပြောင်းလဲမှုမရှိသည့်တိုင် နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါသည်။

Covid အချိန်ကာလတွင် အချို့ပစ္စည်းများပြတ်လပ်မှုရှိနေသည့်အတွက်လည်း ကြိုတင်တောင်းပန်အပ်ပါသည်။🙏🏼

📣ကမာရွတ်မြို့နယ်တွင် covid 19 ကူးစက်မှုများကြောင့် အချို့သောလမ်းများတွင် lock down-ပိတ်ဆို့မှုများကြုံတွေ့နေရသည့် customers အများစု၏တောင်းဆိုမှုအရ delivery service ဖြင့်တက်နိုင်သမျှ လိုက်လံပို့ဆောင်ပေးသွားပါမည်။

🔔အချိန်ပေးရသက်သာလို၍ လိုအပ်သောပစ္စည်းများကို ဖုန်းကြိုဆက်၍ order ကြိုတင်ပြီး ကိုယ်တိုင် pick-up လုပ်ယူချင်လျှင်လည်းရပါသည်။

‼️အခုလိုချိန်တွင် တစ်ဦးတစ်ယောက်စီတိုင်းသည် silent carriers များဖြစ်နေနိုင်သည့်အတွက် မိတ်ဆွေများ၏ကျန်းမာရေးကိုရှေးရှုကာ ဆိုင်သို့လာရောက်အားပေးချိန်တွင်

🟢mask တပ်ဆင်လာပေးရန်
🔴mask များကိုချွတ်၍စကားမပြောရန်

အနူးညွှတ်တောင်းပန်ပါအပ်ပါသည်...

လူကြီးမင်းတို့လိုအပ်သည်များကို ကျွန်ုပ်တို့ဝန်ဆောင်မှုပေးနိုင်ရန်-

☎️09760150721
☎️017504924
☎️09450054204
☎️09445048804

အထက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ပေးရန်မေတ္တာရပ်ခံအပ်ပါသည်ရှင်။

မိတ်ဆွေတစ်ဦးတစ်ယောက်စီတိုင်းကို ဝင်းသော်တာစတိုး မှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါသည်။🙏🏻

10/09/2020

⏰ Delivery Available ⏰

Ph. 09760150721/ 01-504924

Hair Dryer🥀🥀(Made in China 🇨🇳)Size သေး - 3500 ks.🌸🌸Size လတ် - 5500 ks. 🌼🌼Size ကြီး   - 6500 ks. 🌺🌺မှာယူလိုပါက ↘️🏠ဆိုင်တွ...
24/06/2020

Hair Dryer🥀🥀
(Made in China 🇨🇳)
Size သေး - 3500 ks.🌸🌸
Size လတ် - 5500 ks. 🌼🌼
Size ကြီး - 6500 ks. 🌺🌺

မှာယူလိုပါက ↘️
🏠ဆိုင်တွင် လူကိုယ်တိုင်လာရောက်၍ဖြစ်စေ
📱 messenger မှဖြစ်စေ ပစ္စည်းမှန် စျေးမှန်ဖြင့်👌👌👌ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါပြီ 🤗🤗🤗

📱09-450054204 / 09-445048804
🏠 💓ဝင်းသော်တာစတိုး💓
အမှတ်(၄၈)၊ပေ(၅၀)လမ်း၊ လှည်းတန်း ကမာရွတ်မြို့နယ်

06/05/2020

ကျွန်မတို့ "ဝင်းသော်တာစတိုး" ဆိုင်သည် ယနေ့ ၆.၅.၂၀၂၀ မှစ၍ ပုံမှန် ဆိုင်ဖွင့်ချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါပြီ☺️

28/03/2020

🚚delivery available ပါနော်🚚
လူကြီးမင်းတို့မှာယူသည့် ပစ္စည်းများအား
လူကြီးမင်းတို့ အိမ်ရှေ့ထိအရောက်
ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်

ဆိုင်လာယူချင်သော customers များသည်လည်း မိမိတို့ လိုအပ်သည့်ပစ္စည်းများကို တယ်လီဖုန်းဖြင့်အရင်အော်ဒါတင်ပေးပါရန်မေတ္တာရပ်ခံပါသည်

•စားသောက်ကုန်
•မုန့်
•အအေး
•လူသုံးကုန်
•အလှကုန်
•ကော်ပစ္စည်း

စသည်တို့ကို 09450054204 / 09445048804 သို့ဆက်သွယ်မှာယူနိုင်ပါပြီနော်

ရရှိနိုင်သောကုန်ပစ္စည်းများ​၏ စျေးနှုန်းများကို ပုံနှင့်တကွ ဆက်လက်တင်ပေးသွားမည်ဖြစ်ပါသည်🙏🏻

Address

No (48), Ground Floor (A+B), Pay 50 Street, Hledan, Kamaryut Township
Yangon
11041

Opening Hours

Monday 06:30 - 22:30
Tuesday 06:30 - 22:30
Wednesday 06:30 - 22:30
Thursday 06:30 - 22:30
Friday 06:30 - 22:30
Saturday 06:30 - 22:30
Sunday 06:30 - 22:30

Telephone

+959760150721

Alerts

Be the first to know and let us send you an email when Win Thaw Tar Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Thaw Tar Store:

Share