Guitar shop offline Yangon

Guitar shop offline Yangon Yangon only

20/12/2020
ဂစ်တာမလုပ်ပေးနိုင်ပေမယ့်ဂစ်တာရွေးနည်းလေးပြောပါမယ်မနေ့ကအသံအကြောင်းပြောပြီးသွားတော့ ဒီနေ့တော့ ဂစ်တာဝယ်မယ်ဆိုတာနဲ့အရင်ဆုံးစ...
06/12/2020

ဂစ်တာမလုပ်ပေးနိုင်ပေမယ့်ဂစ်တာရွေးနည်းလေးပြောပါမယ်
မနေ့ကအသံအကြောင်းပြောပြီးသွားတော့ ဒီနေ့တော့ ဂစ်တာဝယ်မယ်ဆိုတာနဲ့အရင်ဆုံးစစဥ်းစားရမယ့်
ထင်းရူးသားလား
အထပ်သားလား
ထင်းရူးပေါင်းသားကရောထင်းရူးနဲ့တူတူပဲလား
ထင်းရူးအသားဟုတ်မဟုတ်ဘယ်လိုသိနိုက်မလဲ
ဘယ်နေရာတွေမှာအပျက်များတတ်လဲ စသဖြင့် ၁သိန်းကျော်ဂစ်တာတွေဝယ်မယ်ဆို သေချာရွေးရမယ့်အပိုင်းတွေအသေးစိတ်ပြောပြထားပါတယ်

ဂစ်တာအကြောင်းဘာမှမသိလည်းဂစ်တာသွားဝယ်လို့ရပါတယ် ဒီအချက်တွေသေချာမှတ်ပေးပါ၁သိန်းကျော်တန်းဂစ်တာတွေကိုရွေးတဲ့နည်းပါ ကျေးဇူးပြ...
06/12/2020

ဂစ်တာအကြောင်းဘာမှမသိလည်းဂစ်တာသွားဝယ်လို့ရပါတယ် ဒီအချက်တွေသေချာမှတ်ပေးပါ
၁သိန်းကျော်တန်းဂစ်တာတွေကိုရွေးတဲ့နည်းပါ ကျေးဇူးပြုပြီး ပြည်တွင်းဖြစ်၃သောင်းတန်ဂစ်တာတွေကိုတော့ အရမ်းအသေးသိတ်မရွေးကြဖို့မေတ္တာရပ်ခံပါတယ်

အခုကဂစ်တာအရောင်းဝယ်တွေအများဆုံးအချိန်ပါအရင်ကလည်းဂစ်တာရွေးနည်းတွေရေးပေးဖူးပါတယ် အခုတော့စျေးကွက်ထဲမှာအ.....

01/05/2020

ကျနော်တို့ဂစ်တာပြန်လုပ်ဖြစ်ဖို့မလွယ်တော့ပါဘူးအာမခံပေးထားတဲ့ဂစ်တာတွေကိုပြန်ပြင်စရာရှိရင်ပြင်ပေးဖို့၁နှစ်ကျော်စောင့်ခဲ့ပြီးပါပြီ အလုပ်သမားရှားတယ်ဗျာ ဆက်သွယ်ပေးခဲ့တဲ့သူများအားလုံးကျေးဇူးပါ

24/10/2018

၁နှစ်​​လောက်​​တော့ဂစ်​တာလုပ်​တာနားထားဦးမယ်​ခမျ အား​ပေးတာ​ကျေးဇူးပါ warrenty​ပေးထားတဲ့ဂစ်​တာ​တွေ​တော့ပြင်​ဖို့လိုရင်​ပြင်​​ပေးပါမယ်​အသစ်​ထပ်​မလုပ်​ဖြစ်​​သေးပါ

Comment တစ်ခုကနေpostတစ်ခုဖြစ်သွားပါတယ် နိုင်ငံခြားဖြစ်ဂစ်တာဝယ်ပြီးအဖုံးခုံးသွားတဲ့ညီကိုတစ်​ယာက်ကိုအကြံ​​ပေးချင်တာက​​နpos...
13/02/2018

Comment တစ်ခုကနေpostတစ်ခုဖြစ်သွားပါတယ် နိုင်ငံခြားဖြစ်ဂစ်တာဝယ်ပြီးအဖုံးခုံးသွားတဲ့ညီကိုတစ်​ယာက်ကိုအကြံ​​ပေးချင်တာက​​နpost အဖြစ်​ပြန်​​ရေးတာပါ
☺ ☺ ဒီpost ဟာ နိ့မ့်​ကျလာတဲ့ပြည်​တွင်းဖြစ်​တချို့ကို​နှိမ်တာမဟုတ်သလို ​​china made indo made ​​တွေကို​ဆ်ာတာလဲမဟုတ်ပါ ကျ​နာ်​​ပြောသမျှအားလုံးမှန်တယ်လို့လည်းမဆိုလိုပါ ​​​ဖတ်မိတဲ့သူအတွက် idea ပဲဖြစ်ဖြစ်​​​​ဗဟုသုတ ပဲဖြစ်ဖြစ်တခုခုရသွားဖို့ပဲရည်ရွယ်ပါတယ်♥ ♥ ♥
ဂစ်​တာ​တွေကို ကျေ​နာ်​တို့ဆီမှာလာပြင်တဲ့နိုင်ငံခြားဖြစ်ထဲမှာအဖုံးမခုံးပဲလက်တံပဲပျက်သွားတာဆိုလို့ MARTIN .MORRISနှစ်မျိုးပဲတွေ့ဖူးသေးတယ် Japan made brandတွေလည်းအဲဒါကိုမဖြေရှင်းနိုင်တာအတော်များပါတယ်
🛬🛬🛬တချို့indo madeတွေကတော့အဖြစ်သဘောပါပဲ ibanez indo (gioမဟုတ်ပါ)rg 370dxzတစ်လက်မှာလိုက်တာဒီလည်းရောက်ရောလက်တံကတုတ်နေလို့ကိုယ့်ဖာသာပြန်လုပ်ရပါသေးတယ်။ 😥😥😥
🎸အိုးကြီးလေအဖုံးပိုခုံးလေပါပဲ အဖုံးမခုံးအောင်လုပ်ဖို့ကလွယ်ပေမယ့်အသံမကောင်းတော့ဘူးပေါ့
🀄🀄🀄
chinaဂစ်တာရဲ့အောင်မြင်တဲနည်းကဒါပါပဲ အဖုံးပါးတော့အသံကောင်းတယ် အတွင်းတန်းကိုအပွသားသုံးတော့အသံပိုကောင်းတယ်နောက်ဖုံးနဲ့ဘေးပတ်ကိုအထပ်သားကိုstickerအလှတွေကပ်တော့အသံလုံပြီးရုပ်ထွက်လန်းတယ် တည်ဆောက်မှု့အားလုံးက ၃လအတွင်းတဖြည်းဖြည်းပျက်မယ်မြန်မြန်ပျက်ရင်များများရောင်းရတာပေါ့😓😓😓
japan guitarလိုမျိုးပြန်ပြင်လို့မရပါ တခုဖြုတ်ရင်အားလုံးပြုတ်ပါတယ်😆😆😆
ဒါကြောင့်ဂစ်တာဝယ်ရင် 1 us made spain made(spain တိုင်းလည်းမကောင်းပါ ပြိးစလွယ်လုပ်ထားတဲ့ဟာလည်းရှိပါတယ်)europe quality guitars .2 japan made guitarsတွေကိုပဲရွေးပါ 😎😎💰💰💰

🤐🤐🤐ဘားမားမိတ်ကတော့ အခုဆိုတရုတ်ကိုပြိုင်ရင်းနဲ့တရုတ်ထက်ဈေးသက်သာအောင်လုပ်ကြရင်းနဲ့ကလေးကစားစရာဂစ်တာလိုဖြစ်လာပါပြီ🤕🤕🤕
ကျနော်တို့လည်းဝါသနာနဲ့ ဂစ်တာသင်တန်းသားတွေ အလုပ်တစ်ခုရှိနေဖို့ဝင်ငွေရှိနေဖို့သာလုပ်ကြတာ ဒီမှာက hand made ဂစ်တာကောင်းတစ်လုံးရဲ့ qualityအပြည့်သာလိုချင်ကြပြိး hand madeတန်ဖိုးအသာထားအချိန်တောင် ၃ပတ်ထက်ပိုမပေးနိုင်ကြပါဘူး 🕵🕵🕵
လက်ရှိဈေးကွက်မှာရောင်းနေတဲ့၃သောင်းဝန်းကျင်ဂစ်တာတွေဟာ တနေ့အလုံး၂၀လောက်ထွက်တဲ့ဂစ်တာတွေပါ တချို့ဂစ်တာတွေဆို ငယ်ငယ်က ဘုရားစောင်းတန်းမှာရောင်းတဲ့ ဂစ်တာလောက်တောင် မခိုင်တော့ပါ ဒါကလည်း ရောင်းသူဝယ်သူနှစ်ဖက်လိုအပ်ချက်အရအလုပ်သမားစရိတ် ပစ္စည်းဖိုးကုန်ကျစရိတ် ဒါတောင် နောက်ဆိုဘာအခွန်တွေလာဦးမယ်မသိသေးဘူး အရင်းနဲ့အမြတ်ကိုက်အောင်လုပ်တဲ့လိုအပ်ချက်အရဖြစ်လာတာပါ ဂစ်တာကိုယ်တိုင်လုပ်ပြီး ချမ်းသာတာမရှိပါ အခုဆိုဂစ်တာလုပ်ချင်တဲ့လူတောင်သိပ်မရှိတော့ပါ local madeဆိုအထင်မကြီးကြတာသဘာဝပါ ဈေးပေါမှပဲဝယ်ချင်ကြပါတယ် ဒါကြောင့်ဈေးပေါအောင် လုပ်လာကြရပါတယ် 🤔🤔
တခါတလေ ဆိုစိတ်မကောင်းဖြစ်စရာတ်ေအများကြီးကြုံရပါတယ် ဘာမားမိတ် ဆောက်တစ်ခုအများဆုံးဈေးရမှ ၁၀၀၀ပါchina madeဆောက်တစ်ခု အရွယ်တူဆိုရင် ၃၀၀၀လောက်ရှိပါတယ် သို့သော်ဘားမားမိတ်ဆောက်(နာမည်က တင်မြင့်တဲဗျာ)က အမွှေးပါရိတ်လို့ရပါတယ် china madeဆောက်သုံးဖူးတဲ့လူတွေသိမှာပါ သစ်သားထွင်းတဲ့နေရာသုံးလို့မရပါဘူး လမ်းပြင်တဲ့လူတွေ ပလက်ဖောင်းတွေမြောင်းဖုံးတွေကိုခွဲတဲ့အခါမှသုံးပါတယ် အရည်သွေးကဒီလောက်ကွာပေမယ့်အိမ်ဆောက်ပစ္စည်းဆိုင်တွေမှာ chinaဆောက်ပဲရပါတယ် သစ်သားပုံဖော်ဖို့ ဘာမားမိတ်ဆောက်ကိုလိုချင်တာ ဓနုဖြူအထိသွားဝယ်ခဲ့ရပါတယ်တယ်
အရည်အသွေးထက် ခနသုံးဖို့အမြင်လှဖို့ကိုပဲဦးစားပေးလာကြရင် ရောင်းတဲ့သူတွေကလည်း အမြင်လှအောင်ခနပဲသုံးလို့ရအောင်လုပ်လာကြတော့မှာပါ ၃သောင်းတန်ဂစ်တာလို့ပြောရင်၃သောင်းနဲ့တန်အောင်လုပ်ကြမှာပါ လှဖို့ပဲအရေးကြီးတယ်ဆိုရင်လည်း လှအောင်ပဲလုပ်ကြမှာပါ ကျနော်တို့က japanတွေလို ချမ်းသာနေတာမဟုတ်ဘူးလေ ကြိုက်ကြိုက်မကြိုက်ကြိုက်ဝယ်ဝယ်မ၀ယ်ဝယ် ငါအကြိုက်ဆုံးအကောင်းဆုံးပဲလုပ်မယ်ဆိုတဲ့စိတ်ထားလို့မရသေးတဲ့အခြေနေပါ ၀ယ်သူကဒါကိုတောင်းဆိုရင်သူလိုချင်တဲ့အတိုင်းပဲပေးရမှာပါ

08/02/2018

ဈေးတော့ကွာတာပေါ့ Jayson's Rose hand madeကတော့front camနဲ့ရိုက်တာတောင်ဒီအသံမျိုးထွက်ပါတယ်

01/02/2018

ရာသီဥတုအကူးပြောင်းမှာ လူတွေ့အရိုးအဆစ်ကိုက်တတ်သလို၊ ဂစ်တာတွေ့
လည်းကွဲတတ်ပါတယ်😃😃😃ဘယ်က၀ယ်လာတဲ့ဂစ်တာပဲဖြစ်ဖြစ် အခုချိန်မှာအိတ်နဲ့လုံလုံခြုံခြုံ
ထုတ်ပေးထားဖို့ အရေးကြီးပါတယ်။
အခုလက်ရှိကုန်ဈေးနှုန်းနဲ့ ဂစ်တာလုပ်ရတာမလွယ်
ပါဘူး Jayson's Rose Guitar ရဲ့သတ်မှတ်စံနှုန်း
ပြည့်ဖို့အတွက်ဆို အခုလက်ရှိသစ်ဈေးနဲ့ဂစ်တာ
ပစ္စည်းဈေးတွေ့က တအားမြင့်လာပါတယ်😣
ဒါကြောင့်ဈေးလျော့ထားတဲ့ ဂစ်တာတွေ့ကိုJSR
တံဆိပ်မပါတော့ပါ။ ၀ယ်သူကပေးမယ့်ဈေးနဲ့ ကိုက်
အောင်လိုက်လုပ်တဲ့ ဂစ်တာတွေ့ကိုJayson's Rose hand madeလို့ တံဆိပ်အစား JSR 18ecoလို့ပဲတပ်ပါမယ်📣📣📣

22/01/2018

Guitarမှာဖို့စာတွေပို့ထားတာအများကြီးပဲကျေးဇူးပြုပြီးဖုန်းဆက်ပေးပါခမျာ ဘေသိပ်မကုန်ပါဘူးလေလည်းသိပ်မကုန်ပါဘူး 😁ဂစ်တာမှာချင်လို့😎လို့ပြောရုံပါပဲ ကျန်တာကျနော်တို့ရှင်းပြမှာပါ Simon n patric ပြင်ဖို့ပို့ထားတဲ့အစ်ကိုaccကိုရှာလို့မရပါတစ်ချက်ဆက်သွယ်ပေးပါ

တောင်တွင်းကြီးorderပုံကတော့ရိုးရိုးပါအတွင်းတည်ဆောက်ပုံတွေနဲ့လက်တံအချိုးပဲမတူတာပါplayerတွေအတွက်လက်တံကျတော့rhythm lead cla...
12/01/2018

တောင်တွင်းကြီးorderပုံကတော့ရိုးရိုးပါအတွင်းတည်ဆောက်ပုံတွေနဲ့လက်တံအချိုးပဲမတူတာပါplayerတွေအတွက်လက်တံကျတော့rhythm lead classical တီးလို့ကောင်းအောင်အခြေခံသမားတွေတီးတဲ့လက်တံနဲ့မတူဘဲလုပ်ရပါတယ် ibanezဂစ်တာတွေရဲ့လက်တံအချိုးတွေမတူသလိုတီးရတဲ့အရသာလညမးမတူတော့ဂစ်တာလုပ်တိုင်းတီးမယ့်လူရဲ့အခြေနေကိုမေးပြီးမှလုပ်မို့လို့ကုန်ရကျိုးနပ်မှာသေချာပါတယ်

Address

No 372 Maga 14 Street 12 Ward Southokalapa
Yangon
01

Telephone

095105769

Website

Alerts

Be the first to know and let us send you an email when Guitar shop offline Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share