Pann Chi's Book Shelf

Pann Chi's Book Shelf Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pann Chi's Book Shelf, Book shop, Hmawbi, Thalphyu, Yangon.

ဂျူး- အမှတ်တရနာမည်ကြီးပဲမို့ ဘာမှမပြောတော့ဘူး ဖတ်ပြီးလည်း ခဏခဏငိုရပေါင်းများပြီ🤧တန်ဖိုး- ၆၀၀၀ကျပ်
11/07/2024

ဂျူး- အမှတ်တရ

နာမည်ကြီးပဲမို့ ဘာမှမပြောတော့ဘူး ဖတ်ပြီးလည်း ခဏခဏငိုရပေါင်းများပြီ🤧

တန်ဖိုး- ၆၀၀၀ကျပ်

အချစ်ကိုဘဝလို့ထင်နေတဲ့သူတွေဖတ်သင့်သောစာအုပ်-----------------------------------------------------------------------------...
11/07/2024

အချစ်ကိုဘဝလို့ထင်နေတဲ့သူတွေဖတ်သင့်သောစာအုပ်
---------------------------------------------------------------------------------ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား _
မိုးမိုး(အင်းလျား)

ဒီစာအုပ်ကအထူးသဖြင့်ဆယ်ကျော်သက်မိန်းကလေး
တွေ မဖြစ်မနေကိုဖတ်သင့်တယ်။

စုစုလှိုင်ဆိုတဲ့ ဆယ်တန်းကျောင်းသူလေး _
သူမဟာ စာအရမ်းဖတ်တယ်။ဒါပေမယ့် ဝမ်းနည်းစရာ
ကောင်းတာတစ်ခုက ဖတ်ရမယ့်စာပေအမျိူးအစား
မရွေးတတ်ခဲ့ဘူး။သူမရဲ့ပင်ကိုယ်ဗီဇ အကြိုက်ကြောင့်
လဲဖြစ်မှာပေါ့။စုဟာ အချစ်ဝတ္ထုတွေဖတ်ပြီး စိတ်ကူး
ယဉ်တယ်၊အသက်ကလဲငယ် ဘဝအတွေ့အကြုံနည်း
တာတွေကြောင့် လက်တွေ့ကျကျမတွေးခေါ်တတ်ဘူး။
စုဟာ စာအရမ်းဖတ်တဲ့အတွက်အပြောအဆို၊အနေအထိုင်နူးညံ့တယ်။သို့သော်လဲ ဖတ်ရမယ့်စာပေအမျိုးအစားမှားနေတဲ့အခါ စာပေအဆိပ်သင့်သွားတယ်
လို့ထင်မိတယ်။နောက်တစ်ချက် စုကိုမှားစေတာက
သူ့ရဲ့အုပ်ထိန်းသူတွေနဲ့လဲအနည်းနဲ့အများဆိုင်တယ်။
စုရဲ့ အဖေနဲ့အဒေါ်ဟာ စုကိုဗိုင်းကောင်းကျောက်ဖိဖြစ်
အောင် စာပဲပေးဖတ်ခဲ့တယ်။အကျိုးဆက်က စုဟာ
မျက်စိပွင့်နားပွင့်မရှိပဲအပြင်လောကရဲ့အတွေ့အကြုံတွေ
လဲနည်းကာ အချစ်ဝတ္ထုတွေနဲ့ စိတ်ကူးယဉ်ဖို့လောက်သာ
သိတော့တယ်။ဒီလိုနဲ့ စုဟာ ရပ်ကွက်ထဲက ကလေကချေ
အလေလိုက်နေတဲ့ လမ်းသရဲ နေမင်းဆိုတဲ့သူနဲ့တွေ့ပြီး
အချစ်တစ်ခုကို ဘဝထင်ကာ ဆင်းရဲတွင်းထဲခုန်ဆင်းခဲ့
တယ်။နေမင်းဆိုတဲ့ လမ်းသရဲကလဲ အပေအတေ၊အရှက်
မရှိ ဘာမဆို တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း လုပ်တာကို
စု ခင်ဗျာမှာ ဘယ်လောက်ဆိုးဆိုး ငါပြုပြင်ရင်ရမှာပဲ
ဆိုတဲ့ စိတ်နဲ့ ယောကျာ်းတစ်ယောက်ရဲ့ဗီဇကို ပြုပြင်လို့
ရမယ် အထင်နဲ့ စုရဲ့တစ်ဘဝလုံးပေးပြီး ချစ်ခဲ့တာ
အဆုံးမှာတော့ သူမ ဘဝပဲ စုန်းစုန်းမြုပ်ခဲ့ရတယ်။

မိန်းကလေးတွေအများစုအယူမှားတဲ့အချက်က _
သူတို့ချစ်တဲ့ယောကျာ်းလေးတွေကိုပိုတော်ပြီး၊ပိုကောင်း
တဲ့သူအဖြစ် သူတို့ကြောင့်ပြောင်းလဲပေးချင်ကြတယ်၊
ပြောင်းလဲပေးနိုင်မယ်လို့လဲထင်တယ်။တကယ်တော့
ငါပြုပြင်ပေးရင်ရမှာပါဆိုတဲ့စိတ်နဲ့ ချစ်တဲ့မိန်းကလေး
တွေလောက် လောကမှာ မိုက်တဲ့သူမရှိဘူး။

ယောကျာ်းလေးဗီဇသဘာဝ အရအမှားတွေမှန်းသိနေ
ရင်တောင် ကိုယ်တိုင် ပြင်ချင်တဲ့စိတ်မရှိရင်သူတို့
ဘယ်လောက်ပဲ ချစ်တဲ့သူတွေပြင်ပေးပြင်ပေး ရမှာ
မဟုတ်ပါဘူး။ဒီနေရာမှာ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇ၊အတွေးအခေါ်၊စိတ်နေစိတ်ထားတွေနဲ့လဲဆိုင်တာပေါ့။
အနှစ်ချူပ်ပြောရရင် မိဘအုပ်ထိန်းသူတွေကလဲသမီး
မိန်းကလေးဆိုပြီး စိုးရိမ်လွန်ကာ နေရာတကာလိုက်
ချုပ်ချယ်တာတွေရဲ့အကျိုးဆက်က သွယ်ဝိုက်သော
နည်းဖြင့်လမ်းမှားတာပါပဲ

'လက်မထပ်ခင် အပျိုရည်ပျက်တယ်ဆိုတာ ရေလယ်မှာ လှေဝမ်းပေါက်သလိုပဲ.....ထပ်ထပ်ဝင်လာတဲ့ ရေတွေကို နိုင်အောင်ခပ်မထုတ်နိုင်ရင် နစ်မ...
11/07/2024

'လက်မထပ်ခင် အပျိုရည်ပျက်တယ်ဆိုတာ
ရေလယ်မှာ လှေဝမ်းပေါက်သလိုပဲ.....ထပ်ထပ်
ဝင်လာတဲ့ ရေတွေကို နိုင်အောင်ခပ်မထုတ်
နိုင်ရင် နစ်မြှုပ်သွားတတ်တယ် ' တဲ့......။

အထူးသဖြင့်မိန်းကလေးများဖတ်ဖြစ်အောင်ဖတ်ရမယ့်စာအုပ်တစ်အုပ်ပါ ။
--------
ပထမဆုံးပြောချင်တာက ဒီစာအုပ်လေးက
မိန်းကလေးတိုင်းဖတ်သင့်တဲ့စာအုပ်လေးပါ။
အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ကစလို့
ဖတ်ကြည့်စေချင်တယ်......18 , + တချို့ပါပေမယ့်
Se-x education အတွက်အထောက်အကူဖြစ်စေတာတွေမို့ ဆယ်ကျော်သက်တွေကို ဖတ်ဖို့ တိုက်တွ,န်း
ရခြင်းပါ........ဒါဆို ဆယ်ကျော်သက်တွေပဲဖတ်ရမှာလား..........No ပါ ဆယ်ကျော်သက်ပဲဖတ်သင့်တာမဟုတ်ဘူး အရွယ်မရွေး အမျိုးသား အမျိုးသမီးတိုင်း ဖတ်သင့်တဲ့စာအုပ်လေးပါ......စာအုပ် Title လေးဖတ်ပြီး ကျွန်မလည်းစိတ်ဝင်စားတာနဲ့ ဖတ်ရင်းဖတ်ရင်း အရမ်းသဘောကျမိတဲ့စာအုပ်လေးပါ။

စာအုပ်ပါ ဇာတ်လမ်းတွေကို မိဘရှုထောင့်ကလည်းဖတ်နိုင်သလို ရင်ခုန်စိတ်လှုပ်ရှားလွယ်တဲ့ ဆယ်ကျော်သက် သားသမီးအရွယ်ရှုထောင့်ကနေလည်း ဖတ်နိုင်ပါတယ်။

ဆယ်ကျော်သက်တို့သဘာဝ သစ်ရွက်လှုပ်တာမြင်လည်း ရင်ခုန်တယ်ဆိုသလိုပေါ့.......အချစ်ကိုစမ်းသပ်ကြည့်ချင်တာလည်းသဘာဝပါပဲ......ဒါပေမယ့် အဲ့သဘာဝကို ကိုယ့်ဘဝ နစ်မွ,န်းရလောက်တဲ့ထိ ပေးဆပ်လိုက်ကြဖို့တော့လည်း မတန်ပြန်ဘူး.....ဇာတ်လမ်းထဲက နေခြည်နဲ့ ပွင့်ဦးဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့ ဇာတ်လမ်းကိုဖတ်ပြီး စဥ်းစားချင့်ချိန်တွေးတော စရာတွေအများကြီးရမှာပါ..... အချစ်ဇာတ်လမ်းတွေချည်းပဲ အသားပေးရေးထားတာမဟုတ်ဘဲ ပညာပေးတာလေးတွေလည်းပါတာမို့လို့ စာဖတ်သူတွေအတွက် ရသလည်းခံစားရင်း ဗဟုသုတတွေလည်း ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်......

ဆရာမ မြူပါးရ်ပြောသလိုပဲ ဒီစာအုပ်ဟာ ဘဝထဲကအချစ်အကြောင်းနဲ့ အချစ်ထဲကဘဝအကြောင်းပါပဲ.....အရွယ်ရောက်ပြီးသူတစ်ယောက်အတွက်တော့ အချစ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ ပညာတွေရကောင်းရနေလောက်ပါပြီ..... အချစ်က ပူလော င်ရလား အေးချမ်းရလားဆိုတာ ကိုယ့်အပေါ်လည်းအများကြီးမူတည်ပါသေးတယ်။

နောက်ဆုံးပြောချင်တာကတော့ဇာတ်လမ်းထဲက နေခြည်အကြောင်းပါ.....သူမ ချစ်မိတဲ့ ယောကျာ်းတွေက ဘယ်လိုယောကျာ်တွေဖြစ်မလဲ....အမှာ၊းအမှန်ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ဆယ်ကျော်သက်အရွယ်မို့ သူမဆုံးဖြတ်ချက်တွေ မှန်ကန်ပါ့မလား......သူမဘဝထဲက အချစ်အကြောင်းတွေကရော ဘာတွေဖြစ်မလဲ.....
သူမ အချစ်ရေးမှာ တစ်ကယ်ပဲ ကံကောင်းမှာလား.....

စာအုပ်တစ်သောင်းခွဲဖိုးဝယ်ရင်ဒါလေးတွေထဲကကြိုက်တာ လက်ဆောင်ယူ😉💞
11/07/2024

စာအုပ်တစ်သောင်းခွဲဖိုးဝယ်ရင်ဒါလေးတွေထဲကကြိုက်တာ လက်ဆောင်ယူ😉💞

ဒါလေး လေးအုပ် ၁၂၀၀၀နဲ့ရမယ်နော်💛
11/07/2024

ဒါလေး လေးအုပ် ၁၂၀၀၀နဲ့ရမယ်နော်💛

Animeချစ်သူလေးတွေအတွက် ဈေးတန်တန်လေးနဲ့ရမယ် 😽 ေဈးနှုန်း- ၁၀၀၀၀ကျပ်ပါအပြင်ပုံတွေ ကောမန့်ပါကြည့်နိုင်ပါတယ်ရှင့်🙆🙆
11/07/2024

Animeချစ်သူလေးတွေအတွက် ဈေးတန်တန်လေးနဲ့ရမယ် 😽

ေဈးနှုန်း- ၁၀၀၀၀ကျပ်ပါ
အပြင်ပုံတွေ ကောမန့်ပါကြည့်နိုင်ပါတယ်ရှင့်🙆🙆

တကယ်ကောင်းတဲ့စာအုပ်လေးတွေ နှစ်အုပ်ပေါင်းမှ ၅၅၀၀ကျပ်ပါ😻💛
11/07/2024

တကယ်ကောင်းတဲ့စာအုပ်လေးတွေ
နှစ်အုပ်ပေါင်းမှ ၅၅၀၀ကျပ်ပါ😻💛

ဂရုမစိုက်ခြင်းအနုပညာ🖤ဒါကတော့ မင်မင့်ရဲ့ ငယ်ငယ်လေးထဲက လက်စွဲစာအုပ်လေးတစ်အုပ်ဖြစ်ခဲ့တာပေါ့နော်...တကယ်ကိုဖတ်သင့်တဲ့စာအုပ်ပါ...
11/07/2024

ဂရုမစိုက်ခြင်းအနုပညာ🖤

ဒါကတော့ မင်မင့်ရဲ့ ငယ်ငယ်လေးထဲက လက်စွဲစာအုပ်လေးတစ်အုပ်ဖြစ်ခဲ့တာပေါ့နော်...တကယ်ကိုဖတ်သင့်တဲ့စာအုပ်ပါ။

ေဈးနှုန်း- ၁၀၀၀၀ကျပ်

ခေတ်အစားဆုံး စာအုပ်လေးထဲကဆို တစ်+တစ်=သုံး လေးရှိတယ်💛ဈေးနှုန်း-၁၀၀၀၀ကျပ်
11/07/2024

ခေတ်အစားဆုံး စာအုပ်လေးထဲကဆို တစ်+တစ်=သုံး လေးရှိတယ်💛

ဈေးနှုန်း-၁၀၀၀၀ကျပ်

Address

Hmawbi, Thalphyu
Yangon

Website

Alerts

Be the first to know and let us send you an email when Pann Chi's Book Shelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category