EzyBuy Kiddo

EzyBuy Kiddo All about kids. We will give eductional translation and writing about parenting.

23/06/2019

မချစ်သုဝေနဲ့ ကိုပြေခိုင် အင်တာဗျူး အပိုင်းလေးထဲက E+R=O လေးနဲ့ စပ်ဆက်တွေးမိတာလေးပါ။ E+R=O ဆိုတာကတော့ events (ဖြစ်စဉ်ပေါ်မူတည်ပြီး response(တုံ့ပြန်မှု) ကောင်းလေးတွေနဲ့ outcome(ရလဒ်) ကောင်းလေးတွေရယူခြင်းပါ။ နေရာတိုင်းမှာ အသုံးဝင်တဲ့ ဖော်မြူလာလေးပါ။
ဒါလေးသုံးပြီး ကိုယ့်ရဲ့ parenting style၊ teaching style ကို ရှုံ့ချတဲ့ လူတွေကိုဘယ်လို တုန့်ပြန်ရမလဲဆိုတာ စဉ်းစားပြီး သားသားမီးမီးတို့ကို အကောင်းဆုံး ပျိုးထောင်ကြရအောင်။ အဓိက ကတော့ Parenting style ကောင်းတွေ Teaching method အသစ်တွေကို ကဲ့ရဲ့မှုတွေကြားမှာ မနစ်မြုပ်စေချင်တာပါ။ အရင်ဆုံး မေမေတို့အနေနဲ့ ဘာရည်ရွယ်ချက်နဲ့ ကိုယ့်ကို parenting ကို လက်မခံတာလဲဆိုတာ အရင်စမ်းစစ်လေ့လာကြည့်သင့်ပါတယ်။

သူတို့ရဲ့ style နဲ့ မတူလို့လား
===================
တချို့လူတွေမှာ တွေ့ရတဲ့ ပြသာနာက ကိုယ်နဲ့ လုပ်ဟန်မတူရင် မှားတယ်ထင်တာပါ(Contradicts of tradition/culture)။ လုပ်ရိုးလုပ်စဉ်ကို ဆန့်ကျင်တယ်ပေါ့။ တချို့တွေကတော့ မတူရင် ဆန်းတယ်လို့ သက်မှတ်ပါတယ်။ သူတို့ အခေါ် Creative ပါ။ ဒီနှစ်ပိုင်းတွေမှာ ပြောင်းလဲလာတဲ့ နည်းပညာတွေကြောင့် မေမေတွေမှာ parenting နဲ့ learning စနစ်အဆန်းတွေ များလာပါတယ်။
ဒါကို ပုံစံမတူလို့ မကောင်းဘူးလို့ ပြောနေလို့မရပါဘူး။ ကောင်းကျိုးဆိုးကျိုးလေးတွေ ယှဉ်တွဲလေ့လာညှိနှိုင်းပါ။ သူနည်း ကိုယ့်နည်းပြောင်းလဲသုံးပါ။ ကလေးတွေရဲ့ အသက်အရွယ်အရ အနေအထားအရ ထိန်းချုပ်ပုံလေးတွေ ကွာသွားမှာပါ။ Parenting မှာပုံသေနည်းမရှိပါဘူး။

ကိုယ့်ရဲ့ အရည်အချင်းကို ယုံကြည်မှုမရှိလို့၊ စိုးရိမ်လို့လား
================================
ဒါကတော့ အများစုလူကြီးသူမတွေကြား ဖြစ်တက်တာလေးပါ။ အမေဆိုတာ တခါတုန်းက သမီးဆိုပေမယ့် မိဘတွေ အမြင်အမြဲကလေးပါ။ တခါတလေ ကိုယ့်ကို အမြဲကလေးတယောက်လို မြင်တဲ့အလျှောက် ကိုယ့်ရဲ့ parenting အပေါ်မှာလဲ ဖြစ်ပါ့မလား ဆိုတဲ့စိုးရိမ်စိတ် ရှိပါတယ်။ ဒီလိုဆိုရင်တော့ မေမေတို့ကလဲ ဘယ်လောက်လေ့လာထားကြောင်း အထောက်အထားနဲ့ ကိုးကားရှင်းပြပါ။ ကလေးက ကလေးပြန်မွေးတဲ့အခါ ကိုယ်ချင်းစာပြီး တွေးကြည့်ရင် ဒီကလေး ဖြစ်ပါ့မလား။ ဒီကလေး ဘာတွေလုပ်နေပြီလဲဆိုပြီး တွေးနေတာမျိုး ဖြစ်နိုင်လို့ပါ။ ဆိုတော့ သူတို့ ယုံကြည်လာအောင် ရှင်းပြပါ။

တကယ့်ကိုနားမလည်လို့ ပြောတာလား
=====================
ဒီလိုသူမျိုးတွေကြတော့ ကိုယ့်parenting/teaching ပုံစံလေးရဲ့ ရေရှည် ဆိုးကျိုးကောင်းကျိုးကို သေချာရှင်းပြလိုက်တဲ့အခါ သူတို့ကိုယ်တိုင်ပင် သဘောကျသွားပြီး လိုက်ကျင့်သုံးသူမျိုးပါ။ တချို့ ကျတော့လဲ ကိုယ်တိုင်သားသမီးမရှိလို့ အတွေ့အကြုံမရှိလို့ ပြောကြတာပါ။ ဒီလိုမျိုးသူတွေဆို နားလည်အောင် ရှင်းပြပါ။ ခိုင်မာတဲ့ ကိုးကားမှုသာဖြစ်ရင် သူတို့တွေက လွယ်ကူစွာ လက်ခံတက်ကြပါတယ်။ ဥပမာ အော်ဟစ် ရိုတ်နှက်ဆုံးမခြင်းရဲ့ ရေရှည် ဆိုးကျိုးကို သိသွားတဲ့အခါ အလိုလိုနေရင်း ကလေးကို မအော်ဘူး မဆုံးမဘူး အရမ်းအလိုလိုက်တာဘဲ ဆိုတဲ့သူတွေဟာ တိတ်ဆိတ်သွားမှာပါ။

ကိုယ့်ကို တမင်ကဲ့ရဲ့ချင်လို့ ကန့်လန့်တိုက်ချင်လို့လား
=============================
အိပ်ချင်ယောင် ဆောင်သူကြတော့ နိုးရခက်ပါတယ်။ ဒီတာ့ ကိုယ့်စိတ်ထားတက်ဖို့ လျစ်လျူရှုနိုင်ဖို့ လုပ်ရမှာပါ။ အငြင်းမပွားပါနဲ့။ ကိုယ့်လုပ်ရပ်မှန်ကန်တာ သေချာရင် မရပ်ပစ်လိုက်ပါနဲ့။ ဆက်လုပ်ပါ။ ကိုယ့်နည်းကိုယ့်ဟန်လေးနဲ့ ဆက်သွားပါ။ ပြန်မပြော နားမထောင်လေးဘဲ နေလိုက်ပါ။ ကိုယ်မှန်နေဖို့တော့ လိုပါတယ်။ ကိုယ်က မှားနေပြီး ငါဂရုမစိုက်ဘူး ဆိုတဲ့ အချေလိုင်းလဲ အဆင်မပြေပါဘူး။

ပထမ ၂ အုပ်စုက အင်အားအနဲအများအပေါ် မူတည်ပြီး ညှိနှိုင်းချိန် ကြာမြင့်နိုင်ပါတယ်။ stress လဲအချိန်ပေါ်မူတည်ပြီး အနဲအများ ကွာခြားနိုင်ပါတယ်။ တတိယအုပ်စုကျ ကိုယ့်ရဲ့ ဆွဲဆောင်မှု skill ပေါ်မူတည်ပြီး လွယ်ကူနိုင်ပါတယ်။ နောက်ဆုံးအုပ်စုကိုတော့ လုံးဝထိပ်တိုက်ရင်မဆိုင်ဘဲ ရှောင်တိမ်းသင့်ပါတယ်။

Parentingက ပျိုးရတာ မလွယ်ပါဘူး။ ဒါပေမယ့် အသီးက ချိုပါတယ်။ ဒါကြောင့်လဲ မိဘကျေးဇူး မြင့်မိုရ်ဦး ဆိုတာလေး ဖြစ်လာတယ်ထင်ပါတယ်။ response လေးသာမှန်ရင် အဆင်ပြေသွားမှာပါ။ မေမေတို့အားလုံး fighting ပါ။

12/06/2019

ကလေးတွေထိန်းကျောင်းရင်း ဖိုးဖွားတွေနဲ့ အမြဲ အငြင်းပွားနေရတဲ့ မေမေတို့ အတွက်ပါ။

တာဝန်
=====
အခုခေတ်မှာ မေမေတို့တွေ အများစုဟာ working mom တွေဖြစ်လာကြတဲ့ အလျှောက် ကလေးတွေကို ထိန်းသိမ်း ကြည့်ရှုဖို့ အကူအညီလိုအပ်လာကြပါပြီ။ ဒီနေရာမှာ အိမ်အကူ၊ ကလေးထိန်း၊ ကျောင်း၊ ဖိုးဖွား၊ ဆွေမျိုးသားချင်း၊ အိမ်နီးနားချင်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အမြဲတမ်းအတွက် ဖြစ်နိုင်သလို ခဏတာအတွက်လဲ ဖြစ်နိုင်ပါတယ်။ တချို့ဆို လုံးဝနှစ်ပေါက် ကြည့်ရှုစောင့်ရှောက်ပေးကြရပါတယ်။ ဒီနေရာမှာ သွေးသားဖစ်စေ သူစိမ်းဖြစ်စေ သူများ ကလေးကူထိန်းပေးရတဲ့ သူဘက်က အရမ်းတာဝန်ကြီးသလို ကိုယ့်ကလေးကို ကြည့်ပေးဖို့ အခြားသူတွေ အကူအညီတောင်းရတယ် ဆိုတာကလဲ ကြီးတဲ့ ဆုံးဖြတ်ချက်တခုပါ။

အကျိုးဆက်
========
အဲဒီကြားထဲက အမြတ်ထုတ်သွားသူတွေကတော့ သားသားမီးမီးလေးတွေပါ။
ဟုတ်ပါတယ်။ ကလေးတွေဟာ အဲဒီနေရာမှာ မွေးရာပါ တော်လွန်းသူတွေပါ။ သူတို့လေးတွေဟာ လောကမှာ အခက်ဆုံးလို့ဆိုရမယ့် ပညာတွေထဲက တခုဖြစ်တဲ့ စိတ်ပညာ၊ လူကဲခတ်ပညာကို အင်မတန်မှ ကျွမ်းကျင်ကြပါတယ်။ ဘယ်သူကိုတော့ဖြင့် လမ်းမလျှောက်နိုင်ကြောင်းပြောရင် ချီခိုင်းနိုင်တယ်။ ဘယ်သူကိုတော့ဖြင့် ငိုပြလျှင် ချိုချဉ်ပေးနိုင်တယ်။ အသံလေးပြောင်းပြီး ငြီးပြရင် ရှိပြီးသားပင် ဖြစ်သော်ငြား အရုပ်အသစ် ရနိုင်တယ် စသဖြင့် စသဖြင့် များစွာ ကျွမ်းကျင်ကြပါတယ်။ နောက်ထပ်လဲ အများကြီး ရှိပါသေးတယ်။ အခုလိုမျိုးကို မိဘတွေကိုယ်တိုင်နဲ့တကွ ပတ်သက်သူအများစု အမြတ်ထုတ်ခံရတဲ့ ကြားမှာမှ အဆိုးဆုံးခံရသူတွေကတော့ ဖိုးဖွားတွေပါ။ သားအချစ် မြေးအနှစ်ဆိုတာလေး ကြောင့်ပေါ့။ ဒါကမ္ဘာလုံးလိုက် ဖြစ်နေတာပါ။ ကြားထဲ မြေးကို အလိုလိုက်မိလို့ သားသမီးနဲ့ အငြင်းပွားရတာလေးတွေက တပုံတပင်ပါ။

နည်းလမ်း
=======
ဟုတ်ပါပြီ။ ဒါဆို ဘယ်လိုဒီ အမြတ်ကြီးစားလေးတွေကို ကိုင်တွယ်ကြမလဲ??? နည်းတွေအများကြီးရှိပါတယ်။ မလွယ်တာက လက်တွေ့ကျင့်သုံးဖို့ပါ။ ဒါပေမဲ့ နည်းတွေအားလုံးကို လိုက်ရှာဖတ်ကြည့်တဲ့အခါ အနှစ်ချုပ်နည်းလမ်းက တခုထဲပါ။ တသံထဲထွက်ဖို့ပါ။ တနည်းအားဖြင့် စည်းလုံးခြင်းသည် အင်အားလို့ ဆိုလိုပါတယ်။

တသံထဲထွက်တယ်ဆိုတာ
=================
တသံထဲထွက်တယ်ဆိုတဲ့ နေရာမှာ အဖေနဲ့ အမေ၊ အဖိုးအဖွား ဦးလေးအဒေါ် အားလုံး တသံထဲ ဖြစ်ရပါမယ်။ ဒါ့အပြင် ဘယ်သူဘဲ ဖြစ်စေဖြစ်စေ ခုမေးလဲ တသံထဲ ၂ စက္ကန့်ခြားပြီး ငိုပြီးမေးလဲ တသံထဲ ဖြစ်ရပါမယ်။ ဘာလို့ဆို အမေဆီက မရရင် အဖွားဆီ ပြေးတောင်းတာမျိုး နည်းလမ်း အပြင်၊ အမေ့ဆီမှာဘဲ ရိုးရိုးတခါ၊ ငိုပြီးတနည်း၊ ကြမ်းခင်းလိမ့်ပြီး တဖုံ အမျိုးမျိုး နည်းပရိယာယ်ကြွယ်ကြလို့ပါ။
ဥပမာ
====
အဲဒီနည်းတွေ သုံးလို့ လိုချင်တာ ပေးလိုက်ရတဲ့ နေ့ဟာ စစ်ရှုံးတဲ့ နေ့ပါဘဲ။ တခါရှုံးပြီဆိုတာနဲ့ နောက်ပြန်ပြင်ဖို့ နိုင်ဖို့ဆိုတာ လုံးဝလုံးဝ နီးပါး ဖြစ်နိုင်ချေမရှိတော့ပါဘူး။ အမေက မပေးဘူးပြောပြီး အဖွားဆီတောင်းတော့ ရသွားတာမျိုး လုံးဝမရပါဘူး။
၁။ အဲတော့ ကိုယ်မနိုင်ဘူးထင်ရင် မတိုက်ပါနဲ့။ ပြောရရင် ပထမဆုံးအဆင့် အသံပုံမှန်နဲ့ တောင်းကထဲက ပေးလိုက်ပါ။ အဖွားဆီသွားမတောင်းခင် မငိုခင် အငြင်းမပွားဘဲ ပေးလိုက်ပါ။ ရှုံးမှာကြောက်လို့ ပေးလိုက်တာမျိုး မဟုတ်ဘဲ ဝယ်ပေးချင်လို့ ဝယ်ပေးတာဆိုတဲ့ မှင်မျိုးကို ကိုင်ထားပါ။ အဲဒီနေ့ရဲ့ လုပ်ရပ်ကောင်း တခုကြောင့် ဆုချတဲ့ အနေနဲ့ ဝယ်ပေးတာလို့ အသိပေးပါ။ မဟုတ်ရင်တောင် ဒါပေးရင် ဘာရမှာလဲဆိုပြီး ကောင်းတဲ့ လုပ်ရပ်တခု လုပ်ပေးဖို့ ပြန်တောင်းဆိုပါ။
၂။ ရိုးရိုးတောင်းစဉ် မဝယ်ပေးဘူးလို့ ပြောလိုက်မိရင် လုံးဝကိုယ့်စကားကိုယ် မပြင်ပါနဲ့ ဘာတွေဘဲလုပ်လုပ် ငိုငို လုံးဝတောင့်ခံထားပါ။ မေမေက မပေးဘူးလို့ ပြောရင် မပေးဘူး ဆိုတဲ့အကြောင်း တည်တည်ငြိမ်ငြိမ် အသိပေးပါ။ ပြတ်သားကြောင်း အသိပေးပါ။ ဒီနေရာမှာ သတိထားရမှာက ဟိုဘက်ဆိုင်မှာ ပိုကောင်းတာ သွားကြည့်မယ်တို့၊ နောက်နေ့ လာပြန်ဝယ်မယ်တို့ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အာရုံ မပြောင်းပစ်ဖို့ အရမ်း အရေးကြီးပါတယ်။ တသံထဲထွက်ဖို့ မမေ့ပါနဲ့။ နောက်နေ့ဝယ်မယ် ပြောမိရင် နောက်နေ့ ဝယ်ပေးပါ။ နောက်ဆိုင်မှာ ဝယ်မယ် ပြောမိရင် နောက်ဆိုင်မှာ ဝယ်ပေးပါ။ မဝယ်ပေးဘူးပြောလို့ ငိုမှာ ထိန်းမရမှာ လူရှေ့မှာ ရှက်စရာလို့ မထင်ပါနဲ့။ မဝယ်ပေးဘူး ပြောပြီး ဝယ်ပေးလိုက်မှ ရှက်စရာပါ။

မဟာအလွဲ
========
အဖိုးအဖွားတွေကလဲ မေမေတို့ မပေးဘူး ပြောထားရင် မပေးပါနဲ့။ လာလာ ကလေးသနားပါတယ်။ ပေးလိုက်ပါ ဆိုတာမျိုးလဲ ဝင်မပြောပါနဲ့။ ဒီလို ပြောလိုက်ခြင်းအားဖြင့် ဆိုးကျိုးတွေက အများကြီးပါ။ ကလေးက မိဘကို အရိုသေတန်စေပါမယ်။ ကလေးမိဘနဲ့ဖိုးဖွားကြား အငြင်းပွားစရာ တွေဖြစ်လာပါမယ်။ ကလေးမှာလဲ ငါနောက်လိုချင်တာ မှန်သမျှ ဒီနည်းနဲ့ တောင်းရမယ်ဆိုပြီး အသိဝင်သွားပါမယ်။ ဖိုးဖွားကိုယ်တိုင်မှာလဲ ကလေးတွေရဲ့ ပစ်မှတ်တခု ဖြစ်သွားပါမယ်။ အဆိုးဆုံးကတော့ ဒီမိဘတွေနဲ့ ဖိုးဖွားတွေဟာ မညီညွှတ်ကြပါလား ဆိုတာကို သိသွားတာပါ။

အပြန်အလှန် နားလည်မှု
================
ခေါင်းစဉ်က အရမ်းကြီးကျယ်သွားပါလိမ့်မယ်။ တကယ်ကတော့ အရမ်း လိုအပ်ပါတယ်။ ခုနက မေမေတို့နဲ့ ဖိုးဖွားတွေကြား မတူညီတဲ့ အမြင်တွေကို ညှိနှိုင်းကြဖို့ အရမ်း အရေးကြီးပါတယ်။ လူတူပေမဲ့ အမြင်မတူပါဘူး။ စနစ်တူပေမဲ့ ခေတ်မတူပါဘူး။ ဒါလေးကို နားလည်ပေးရင် မိဘနဲ့ ဖိုးဖွားကြား ပါးပါးလေး ခြားနေတာကို တွေ့ရမှာပါ။ ဖိုးဖွားတွေဆီက မိဘတွေ ကြားနေကြ စကားတခုက နင့်ကို ဘယ်သူထိန်းလာတာမို့လို့လဲ ဆိုတာပါ။ အဲဒီအဆို မမှားပါဘူး။ မမှန်လဲ မမှန်ပါဘူး။ မမှန်တာက ခေတ်မတူတော့လို့ပါ။ အရင်ခေတ်က ကလေးတွေကို ဆူပူရတဲ့ အထဲမှာ youtube အများကြီး မကြည့်နဲ့၊ ညနက်ထိ ဖုန်းမသုံးနဲ့၊ facebook မှာ personal ပုံတွေမတင်နဲ့၊ game မကစားနဲ့ ဆိုတာတွေ မပါပါဘူး။ ထမင်းကျွေးတုန်း အာရုံလွှဲစရာ ဖုန်းတွေလဲ မရှိပါဘူး။ အရမ်းလဲ ကလေးတွေက တိုးတက်ပြောင်းလဲလာတာ အရင်ကနဲ့ မတူတော့တာ ဖိုးဖွားတို့ လက်ခံထားကြပြီးသား ဖြစ်မှာပါ။ မေမေတို့ဘက်ကလဲ ဖိုးဖွားတွေကို ခေတ်မတူလို့ ခေတ်နောက်ကျတယ်လို့ ပြောလို့ မရပါဘူး။ မတူတာပါ၊ မမှားပါဘူး၊ မှားရင်တောင် ကိုးကားပြီး ရှင်းပြပါ။ တထိုင်ထဲ မငြင်းပါနဲ့။ ရှာဖွေပါ။ စာဖတ်ပါ။ ဥပမာ ကော်ဖီသောက်ရင် နို့ထွက်ကောင်းတယ် ဆိုတာမျိုး မှန်မမှန် စာပေများ မှီငြမ်းပြီး ဖြေရှင်းပါ။

တံခါးပိတ်ဆွေးနွေးပွဲ
=============
ဒါတွေကို တိုင်ပင် ဖြေရှင်းကြတဲ့ အခါ ကလေးတွေရှေ့မှာ မဖြစ်ရင် အကောင်းဆုံးပါ။ သူတို့ လေးတွေမှာလဲ သူတို့ အတွေးနဲ့သူတို့ပါ။ ကလေးတွေ နှစ်သက်တဲ့ အရာတခု ကို ပေးရေး၊ မပေးရေး ဆွေးနွေးတဲ့ အခါ မိဘဆန္ဒအရ မပေးဘူးလို့ ဖိုးဖွားများကိုယ်တိုင် လက်ခံသည့်တိုင်အောင် ကလေးတွေဟာ မိဘများကို မုန်းတီးဖို့ အစပြုလိုက်ချင်းပါဘဲ။ 'တွေ့လား ဖွားဖွားက ဝယ်ပေးချင်တာ၊ မေမေပြောလိုက်လို့ မပေးတော့တာ' ဆိုတာမျိုးပါ။ အဲလို မဟုတ်ဘဲ မိဘက ဖိုးဖွားရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး ဝယ်ပေးရတဲ့အခါ နောက်တခါ ဘယ်သူကို ချုပ်ရမလဲဆိုတာ သူတို့ နားလည်သွားမှာပါ။ အဲတော့ အတက်နိုင်ဆုံး နောက်ကွယ်မှာသာ သဘောတူညီချက် ရယူပါ။ ကလေးတွေရှေ့မှာ ပေးသင့် မပေးသင့် မတိုင်ပင်ပါနဲ့။ နောက်တချက်က အဖေ၊အမေ အဖိုး၊အဖွား အားလုံးကြားမှာ ဘယ်သူအာဏာအရှိဆုံးလဲ ဆိုတာ ကလေးတွေက သိနေခြင်းပါ။ အမေက အာဏာအရှိဆုံး ဖြစ်ခဲ့ရင် အဖေဆို မလေးစားတက်တာမျိုး၊ အဖေက အာဏာအရှိဆုံး ဖြစ်ခဲ့ရင် အမေကို မလေးစားတာမျိုးတွေဟာ အဲလို ကလေးတွေရှေ့ငြင်းခုံရာက အစပြုတာပါ။

မိဘနဲ့ ဖိုးဖွားကြား နားလည်မှုအပြည့်နဲ့ ခေတ်သစ် ကလေးငယ်လေးတွေထိန်းကျောင်းရာမှာ အဆင်ပြေကြပါစေ။

ကိုယ်ဝန်ဆောင်စဉ် ကော်ဖီသောက်တာနဲ့ပတ်သက်ပြီး မေးထားတာလေး တွေ့မိလို့ပါ။ တခါထဲ ကလေးနို့တိုက်နေစဉ်သောက်တဲ့ အကြောင်းပါ ရေးပေး...
30/05/2019

ကိုယ်ဝန်ဆောင်စဉ် ကော်ဖီသောက်တာနဲ့ပတ်သက်ပြီး မေးထားတာလေး တွေ့မိလို့ပါ။ တခါထဲ ကလေးနို့တိုက်နေစဉ်သောက်တဲ့ အကြောင်းပါ ရေးပေးပါမယ်။

ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်မိခင်တွေ ကော်ဖီ သောက်လို့ ရလား?
အတိုချုပ်ကတော့ - တန်ရင်ဆေးမဖြစ်ပါဘူး။(သာမန်လူတွေအတွက်တော့ ဆေးပါ။)လွန်ရင်တော့ ဘေးအနဲနဲ့အများ ရှိပါတယ်။ ကလေးကို ထိခိုက်နိုင်ချေ ၀.၀၀၀၁ ရာခိုင်နှုန်းရှိမယ်ဆိုရင် အဲဒါကိုဘယ်မိဘမဆို ရှောင်ချင်မှာဘဲလို့ ယူဆပါတယ်။

ဘာကြောင့်လဲ?
ကဖိန်းကြောင့်ပါ။

ကဖိန်းပါတာ ကော်ဖီဘဲလား?
လက်ဖတ်ရည်၊ လက်ဖက်သုပ်၊ coke၊ အားဖြည့် အချိုရည်၊ အရက်၊၀ိုင် တွေမှာ ပါပါတယ်။ နောက်ထပ်လဲ ရှိပါသေးတယ်။ အဲတော့ ဒီနေ့အတွက် ကော်ဖီလေးတခွက်နဲ့ coke လေး တဘူးဆို ပေါင်းလိုက်ရင် တွေးကြည့်ပါ။

မရဘူး အရမ်းသောက်ချင်တယ်၊ ဘာဘဲဖြစ်ဖြစ်၊ သူများတွေလဲ သောက်တာဘဲ ဘာမှ မဖြစ်ပါဘူး။
ရေကြဲသောက်တာဘဲ ရပါတယ်။(morning sickness အတွက်တောင် အန်ချင်တာ သက်သာအောင် coke သောက်ခိုင်းတဲ့ ဆရာဝန် မြန်မာပြည်မှာ ရှိပါတယ်။ ဘယ်လောက်သောက်ရမလဲတော့ မပြောလိုက်ပါဘူး။ သေရော!) အိုကေပါ ဒါဖြင့် ဘယ်လောက်ထက်မပိုသင့်ဘူးလဲ?
နေ့စဉ် ကဖိန်းဓါတ် ၂၀၀မီလီဂရမ် ထက်မကျော်ရပါဘူး။ အလွန်ဆုံး ၃၀၀ပါ။
(ကဖိန်းဓါတ်ပမာဏနဲ့ကော်ဖီပမာဏ အဓိပ္ပါယ် မတူဘူးနော် မေမေတို့ အောက်မှာ ရေးပေးထားပါတယ်။)

ဒီအထိတာ့ အနှစ်ချုပ်လေးပါ။
အသေးစိတ် သိချင်ရင်တော့ ဆက်ဖတ်ပေးပါ။

အဓိကက caffeine ပြသာနာပါ။ ကော်ဖီ၊ နှပ်ကော်ဖီ၊ ကော်ဖီကြမ်း၊ ရယ်ဒီမိတ် ကော်ဖီ၊ (၅၀တန် ကော်ဖီ၊ ညီမလေးတယောက်က သူ့ကလေးကို လုံးဝ အပျော့စား ၅၀တန် ကော်ဖီဘဲ တိုက်တာ ဘာမှ မဖြစ်ဘူးလို့ ပြန်ပြောဘူးလို့ပါ :P) လက်ဖက်ရည်၊ လက်ဖက်သုပ် (ဟုတ်ကဲ့ လက်ဖတ်သုပ်က ပိုဆိုးပါတယ်၊ coke၊ ကျွဲရိုင်း အသေးစိတ် ကဖိန်းပါဝင်နှုန်းကို link မှာကြည့်ပါ။
https://www.infoplease.com/math-science/health/fitness-nutrition/caffeine-content-of-selected-foods-drinks-and-drugs

အကြမ်းဖျင်း တွက်ရင် ရယ်ဒီမိတ် ကော်ဖီ ၂၅၀မီလီမှာ ၆၀-၈၀ မီလီဂရမ် caffeine ပါပါတယ်။ ဘရန်းအလိုက်လဲ ပိုပျင်းနိုင်၊ ပျော့နိုင်ပါတယ်။ ဈေးပေါရင်တော့ တခြား ဈေးပေါတဲ့ chemical တွေပိုများနိုင်ပါတယ်။ မြန်မာပြည်က စစ်ပြိးသောက်တဲ့ ကော်ဖီ အစစ်တွေက ပိုပျင်းမယ် ထင်ပါတယ်။ နောက်တခု သတိထားစေချင်တာက မြန်မာ လက်ဖတ်ရည်က နိုင်ငံခြားက သုတေသန လုပ်ထားတဲ့ လက်ဖက်ရည်ထက် ပျင်းမှာ သေချာပါတယ်။ ပြီးတော့ လက်ဖက် ၁ဂရမ်မှာ ကဖိန်း ၃မီလီဂရမ် ပါပါတယ်။
အဲဒီ caffeine ကိုတယောက်ယောက်နဲ့တယောက် ချေဖျတ်နိုင်စွမ်းခြင်း မတူကြပါဘူး။ မေမေတို့ ခန္ဓာကိုယ်က ချေဖျတ်နိုင်ရင်တောင် မွေးကင်းစလေးတွေအတွက် နာရီ ၈၀ ထိ ကြာနိုင်ပါတယ်။ ၆လသားအထက်တွေကတော့ ၂-၃ နာရီ ကြာပါတယ်။ ကလေးသောက်တဲ့ နို့ထဲကို ၁% ဘဲ ရောက်ပါတယ်။ မေမေနို့ထဲမှာတော့ ကော်ဖီ သောက်ပြီး ၁ နာရီမှာ caffeine အရှိန်အမြင့်ဆုံးပါ။ အလွန်အကျွံ သောက်မိရင်တော့ ကလေးက အိပ်မပျော်တာ၊ ရစ်တာတွေ၊ လန်းဆန်းနေတာတွေ ဖြစ်တက်ပါတယ်။
ကိုယ်ဝန်ဆောင်တွေအတွက်ကျတော့ ကဖိန်းဓါတ်က အချင်းကို ဖြတ်သွားနိုင်ပါတယ်။ ကလေးစီရောက်ရင်တော့ ကလေးမှာ ချေဖျတ်နိုင်ခြင်းစနစ် အပြည့် မတည်ဆောက်ရသေးချိန်နဲ့တိုးမှာပါ။
တိရိစ္ဆာန်လေးကို စမ်းသပ်ချက်မှာတော့ သန္ဓေသားတွေ ကိုယ်လက်အင်္ဂါချို့တဲ့တာ၊ စောမွေးတာ၊ ကိုယ်အလေးချိန်လျှော့တာတွေ၊ပျတ်ကျတာတွေ ဖြစ်ပါတယ်။ ဒါက အလွန်အမင်း ကဖိန်းထိထားတဲ့အခါမှပါ။ လူတွေအပေါ်မှာတော့ မစမ်းသပ်ဖူးသေးပါဘူး။ သြဂုတ်လ ၂၀၁၈ ထိ သုတေသနတွေ ပြုလုပ်နေဆဲမို့ ဘယ်လောက်ထိ သောက်နိုင်လဲဆိုတာကိုတော့ ကဖိန်း ၂၀၀ မီလီဂရမ်အောက်မှစိတ်ချရမယ် ဆိုပါတယ်။ ၁၅၀-၃၀၀မီလီဂရမ် ကြားပါ။ မပိုရပါဘူး။ ပြောချင်တာက ကော်ဖီကြမ်းဆို ၁ခွက်ခွဲ နဲ့ ရယ်ဒီမိတ်ကော်ဖီဆို ၂ခွက်။ လုံးဝ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။

With love, 💕

ဒီစာကို အောက်မှာပါတဲ့ link တွေဖတ်ပြီး reference ယူရေးတာပါ။ အချိန်ရရင် ဖတ်ကြည့်ပါ။
https://americanpregnancy.org/pregnancy-health/caffeine-intake-during-pregnancy/
https://www.sciencedirect.com/science/article/pii/S2352618115000645
https://www.verywellfamily.com/things-decrease-breast-milk-supply-431815
https://www.healthxchange.sg/women/post-pregnancy/breastfeeding-diet-drink

As you take on the challenges of motherhood and shift your focus to caring for your newborn baby, eating healthily may not be one of your priorities.

04/05/2019

Popular ဖြစ်နေတဲ့ International ကျောင်းတွေအကြောင်း တွေးမိတာလေး..

အင်္ဂလိပ်စာ/စကား
=================
ကိုယ်တွေ ကလေးတွေကို ဘာလို့ နိုင်ငံခြားကျောင်းမှာ လူဖြူဆရာတွေနဲ့ သင်ချင်တာလဲ?
တချက်က အင်္ဂလိပ်စကားပြော ကောင်းစေချင်တာပါ ကိုယ်တိုင် တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင်က အင်္ဂလိပ် စကားကို မွတ်ထူနေအောင် အသံကောင်းကောင်း ပြောနိုင်သူနဲ့ မပြောနိုင်သူ ကျန်တဲ့ အရည်အချင်း တူရင်တောင် လူတွေရဲ့ ဆက်ဆံပုံ ကွာပါတယ်။ ဆက်ဆံပုံကွာတာက အာရှသားအချင်းချင်း ဆက်ဆံပုံပါ။ အဲတော့ ကိုယ်ရတဲ့ လစာပါ ကွာသွားတက်ပါတယ်။ ဘယ်မိဘ မဆိုတော့ ကိုယ့်ကလေး အတွက်အကောင်းဆုံးဘဲ လိုချင်မှာပါ။

နောက်တချက်နဲ့ ပိုအရေးကြီးဆုံးက ကိုယ့်ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ တချို့အရာတွေက လွဲရင် ကျန်တာ အားလုံး သဘောကျလို့ပါ. (သိပ်အပိုဖြစ်သွားလား 😬)
ဘာတွေလဲလို့ ဥပမာ ပေးရရင်
1. ကိုယ်ပိုင် အခွင့်အရေး နားလည်တာ
2. လွတ်လပ် ရဲဝဲ့စွာ ရှက်ရွှံမှု မရှိဘဲ သဘောထား ထုတ်ပြတက်တာ
3. လူများစုနောက်လိုက်ပြီး ကိုယ်ပိုင်အယူအဆတွေ အသစ်ဖန်တီးနိုင်မှုတွေကို ဖုံးကွယ်မထားတက်တာ
4. မှီခိုမှုကင်းစွာ နေထိုင်နိုင်တာ

အဲဒီအချက်တွေက အချက်ပေါင်းများစွာထဲက တချို့ပါ.. ခြုံပြောရရင် အနောက်တိုင်းသားတွေဟာ အာရှသားတွေထက် ကိုယ်ပိုင်အခွင့်အရေး ပိုသိနေတာ တွေ့ရပါတယ် ပိုပြီးလဲ တီထွင်ဉာဏ်ကောင်းကြတယ်
ကိုယ်ပိုင်အမြင်ပြောရရင် ကြီးပြင်းလာတဲ့ မိဘ ပတ်ဝန်းကျင်ကြောင့်လို့ထင်ပါတယ် သူတို့တွေမှာ ကလေးတွေရဲ့ လုပ်ရပ်တွေ တင်ပြချက်တွေကို ပိတ်ပင်တာ ခြောက်လှန့်တာ သိပ်မတွေ့ရပါဖူး။ ဒါအားလုံး သဘောတူမှာပါ။
ငယ်ငယ်လေးထဲက အိပ်ယာခွဲသိပ်တယ် ဘာမဆို အသက်အန္တရာယ်မရှိနိုင်ရင် ပေးသွားတယ်
ပေးလုပ်တယ် အကြမ်းဖက်ရုပ်ရှင်တွေ သရဲသစေကားတွေ လုံးဝ မပေးကြည့်ဘူး ကလေးတွေရှေ့မှာ လင်မယား ရန်ဖြစ်တာမျိုးကို ခါးခါးသီးသီး တားမြစ်ထားတယ်
သရဲတစေတွေနဲ့ ဖြစ်ဖြစ် လူတွေနဲ့ဖြစ်ဖြစ် ချိန်းခြောက်တာမျိုး သိပ်မတွေ့ရဘူး။ ကိုက်ကိုက်ကြီး လာတော့မယ် ဆိုတာမျိုး 😅။ ဒါ
လူဖြူတိုင်းကို မဆိုလိုပေမဲ့ အများစုရဲ့ ပုံစံပါ။ ကိုယ့်ရဲ့ သားသမီးကို အဲလို အကျင့်ကောင်းတွေ ကူးစက် စေချင်တာပါ။ အဲဒါကြောင့်လဲ နိုင်ငံခြားကျောင်းတွေကို ထားချင်လာကြပါတယ်။ အီးကောင်း စေချင်ရုံ တချက်ထဲတော့ မဟုတ်ပါ။

အင်တာနေရှင်နယ် ကျောင်း စီမံရေးဒုက္ခ
=========================
ခုခေတ်ကျောင်းတွေက အဲဒါကို အခွင့်အရေးယူပြီး လုပ်စားလာကြပါတယ် စိတ်မကောင်းစရာပါ အထူးသဖြင့် အာရှပိုင်းက အင်တာနေရှင်နယ် ကျောင်းတွေပါ
အင်တာနေရှင်နယ် ခေါင်းစဉ်တက်ပြီး အနောက်တိုင်းထက် သက်သာတဲ့ အရှေ့တိုင်းသားဆရာတွေ local ဆရာတွေနဲ့ ပြည့်နေတက်ပါတယ်။ဒါလဲ အင်တာနေရှင်နယ်ပါဘဲ။ မြန်မာမိဘတွေက အင်တာနေရှင်နယ်လို့ပြောရင် မြင်ယောင်တာက အင်္ဂလိပ်တွေကိုပါ။ ကိုယ်လဲ ပါပါတယ်။ ကိုယ့်အမှားပါ။🤭 မြန်မာနိုင်ငံမှာဘဲ ဖြစ်နေတာ မဟုတ်ပါဘူး ကိုယ်တွေ့ကတော့ မလေးရှား အင်ဒိုနီးရှား စင်ကာပူ ထိုင်း နိုင်ငံ တော်တော်များများပါ။

မဟုတ်ရင်တောင် အစ ၂နှစ်လောက်ကို လူဖြူ ဆရာတွေ ခေါ် local ဆရာတွေကို knowledge transfer/ training ပြန်ပေးပြီး နောက်ပိုင်း ပြန်သွားကြတာမျိုးလဲ တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ပြန်ကြည့်ရင် မှန်ပါတယ် တော်ရုံ နိုင်ငံခြားသားတွေဟာ အရှေ့တောင်အာရှတိုက်တွေမှာ လခ ၂ပဲ တရွေး နဲ့ ကြာကြာ မနေနိုင်ပါဘူး။ လခဈေးကြီးပါတယ်။ မိဘတွေကိုယ်တိုင်လဲ တော်ရုံ မတက်နိုင်ပါဘူး။
အဲလို ၂ နှစ်လောက် training ပေးပြီး လုံလောက်ပြီလား??? ကိုယ်ပိုင် အမြင်အရတော့ မလုံလောက်ပါဘူး။ သူတို့တွေက ဒီလိုမွေးပြီး ဒီလို ကြီးလာတာပါ။ အဲမှာမှ ထက်ပြီး ကလေးတွေကို သင်ဖို့ အထူးပြန်ကျောင်းထက်တက်ထားတဲ့ ဆရာတွေ ဖြစ်နေတာပါ။ ကိုယ်တွေက တူချင်လို့ တုထားတာပါ.. အတူဆုံး အနေထားတောင် ၉၅% မရှိပါဘူး အခြေအနေ တခုခုမှာတော့ မတုနိုင်တာမျိုးဖြစ်တက်ပါတယ်..
ဥပမာ နိုင်ငံခြားမှာ ကျောင်းတွေ သွားစုံစမ်းတဲ့အခါ အစမ်းတက်လို့ရတဲ့ အတန်းတွေမှာ နိုင်ငံခြားသားဆရာတွေဘဲ ထားပါတယ် ဘာလို့လဲ သူတို့တွေဘဲ မိဘတွေ ရှေ့မှာ မရှက်မရွှံ့ ကလေးတွေနဲ့ တက်တက်ကြွကြွ နေထိုင်နိုင်လို့ပါ ။local ဆရာတိုင်း အဲလို လုပ်နေတယ်လို့ မဆိုလိုပါဘူး။ တချို့ တက်ကြွတဲ့ ဆရာတွေလဲ အများကြီး တွေ့ဖူးပါတယ်။

အဓိက ကတော့ international school နဲ့ local ကျောင်း ရွေးကြတဲ့အခါ ကိုယ် ကလေးအတွက် ဘာလို့ လူဖြူဆရာလိုချင်တာလဲ။
လူဖြူဆရာမရှိဘဲ လူဖြူဆရာဈေး ထည့်ပေါင်းထားတဲ့ international ကျောင်းစရိတ်ကကော တန်ရဲ့လား ဆိုတာတွေလဲ ထည့်စဉ်းစားဖို့ လိုနေပါပြီလို့ ...
ကျောင်းသွားစုံစမ်းတိုင်း မေမေတို့တွေ ကိုယ့် ကလေးကို တကယ် ဘယ်သူတကယ် ကိုင်တွယ်မှာလဲ ဆိုတာ သေချာလေးမေးပြီး အဲဒီ ဆရာ/မနဲ့ တိုက်ရိုတ် စကားပြောကြပါလို့...

Ezybuy Kiddo
With Love,

01/02/2019

ကလေးငယ်ဘဝ မှ ကျောင်းသားဘဝသို့

သားလေးက တနေ့ ကျောင်းကပြန်လာပြီး စာမေးပွဲ မဖြေချင်ဘူးလို့ ပြောပါတယ်။ သူကခုမှ ခြောက်နှစ်။ သူဘာလို့ တခါမှ မဖြေဘူးတဲ့ စာမေးပွဲကို ကြောက်နေရတာလဲ။ သူ့ကိုမေးကြည့်မိတယ်။ စာမေးပွဲဆိုတာ ဘာလဲသိလား။ စာမေးပွဲ ဘာလို့လုပ်လဲသိလား။ သူမသိပါဘူး။ ဒါဖြင့် ဘာလို့ကြောက်တာလဲ။
ဒါနဲ့ ဒီလိုလေးပြောကြည့်ပါတယ်
''စာမေးပွဲဆိုတာ သားဘယ်လောက်သိထားလဲ။ သားလေးက ဘာတွေ မသိသေးဘူးလဲ။ အဲဒါကိုဆရာမနဲ့ မေမေတို့က သိမှ သားမသိတာတွေ သင်ပေးမယ်။ သားသိပြီးတာတွေ အတွက် ပျော်ကြမယ်။ သားလေးက သိထားတာတွေ အားလုံးကို ပြမှ အားလုံးက ဟာ ဒီကလေးလေးက ဒါတွေတောင် သိနေပြီ တော်လိုက်တာဆိုပြီး ပြောမှာ။ မသိတာတွေကိုလဲ ဪ သားသားကို ဒါလေး သင်ပေးရဦးမယ် ဆိုပြီး လုပ်မယ်။ ဒါဘဲ။ လွယ်လွယ်လေး''
အဲတော့မှ သူ့မျက်နှာ ပြုံးရိပ်သန်း လာပါတယ်။

ဒီမှာ တွေးမိတာက တယောက်ယောက်က စာမေးပွဲဆိုတာကို ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ မိတ်ဆက်ပေးမိလို့ပါ။ ကလေးတွေအတွက် လောကကြီးမှာရှိနေတဲ့ အရာရာဟာ အသစ်တွေချည်းပါဘဲ။ ဒါတွေကို အဖေက အမေက အဖိုးအဖွား အသိမိတ်ဆွေတွေက တနည်းနည်းနဲ့ မိတ်ဆက်ပေးကြတာပါ။ အဲလိုမိတ်ဆက်တဲ့နေရာမှာ အရမ်းအရေးကြီးတာ လူသားအားလုံး သိဖို့ကောင်းပါတယ်။ အရာဝတ္ထု အဖြစ်အပျတ်တွေကို အဆိုးအမြင်နဲ့ မိတ်ဆက်မလား အကောင်းအမြင်နဲ့ မိတ်ဆက်မလား။ first impression က အရေးကြီးပါတယ်။ ပထမဆုံး အလုပ်ရှင်စီ အင်တာဗျူးသွားရင် အင်္ကျီ အဆုတ် ဝတ်သွားတဲ့သူ ဘယ်နှစ်ယောက်ရှိပါသလဲ။ ဒါက first impression ကို မြှင့်တင်နေကြတာပါ။ ကလေးတွေအတွက် ကျတော့ကော။ သူတို့ရဲ့ အရာရာကို မြင်တဲ့ first impression တွေကောင်းမှသာ အကောင်းမြင်ဝါဒီ တယောက်ဖြစ်လာနိုင်မှာပါ။
စာမေးပွဲ အကြောင်းပြန်ဆက်ရရင် မိဘဆရာသမားတွေ အနေနဲ့ စာမေးပွဲဆိုတာကို သေချာ မိတ်ဆက်သင့်ပါတယ်။
ကလေးတွေကို စာမေးပွဲ ကြောက်တက်အောင် သင်ပေးတာ ပတ်ဝန်းကျင်ပါ။
စာမေးပွဲကျတဲ့ အမှတ်မကောင်းတဲ့ ကလေးတွေထဲမှာ ရာခိုင်နှုန်းအများစုဟာ မတော်လို့ ညံ့လို့ မဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့ ဖိအားကြောင့်လဲ ဖြစ်နေတက်ပါတယ်။
ဘွဲ့လက်မှတ်က အဓိကမဟုတ်ဘူးလို့ ဟစ်နေတဲ့သူတွေဘဲ ဘွဲ့လက်မှတ်မရှိသူကို အထင်သေးတက်တာ သဘာဝဖြစ်နေတဲ့ လောကကြီးမှာ မိဘတွေဖို့ ကလေးတွေ အမှတ်ကောင်းဖို့ စာတော်ဖို့ ဖိအားပေးနေကြတာ မစမ်းပြန်ပါဘူး။

ဒါပေမဲ့ ဖိအားမှာလဲ ကောင်းတာရှိသလို မကောင်းတာရှိပါတယ်။ အဲဒီဖိအားလေးတွေကို သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့နေရာမှာ သင့်တော်တဲ့ ပမာဏ ပေးနိုင်ကြပါစေ။ မိဘဖြစ်ရတာ မလွယ်ပါဘူး။ မိဘကျေးဇူးဆိုတာလဲ ကြီးပါတယ်။ မိဘကောင်းတွေ ဖြစ်လာနိုင်ကြပါစေလို့။

ယောင်္ကျားလေး ဆင်ရခက်တယ်လို့ ဘယ်သူပြောလဲ ❤️❤️
14/01/2019

ယောင်္ကျားလေး ဆင်ရခက်တယ်လို့ ဘယ်သူပြောလဲ ❤️❤️

23/11/2018

ကလေးငယ်တို့ လိုချင်တာ မရတဲ့အခါ ဂျီတိုက်ခြင်းကြောင့် မေမေတို့ အရမ်းစိတ်ညစ်ရတက်ပါတယ်...
အဲဒါတွေကို ဘယ်လို အတက်နိုင်ဆုံး တားစီးမလဲဆိုတာလေး ဖတ်ကြည့်ရအောင်

ဂျီတိုက်တာဟာ ပုံမှန်ကလေးတိုင်း ဖြစ်တက်တဲ့ သဘာဝဖြစ်ပါတယ်...ဒါပေမဲ့အဲဒါကို အတက်နိုင်ဆုံး အောက်ပါ နည်းလမ်းလေးတွေနဲ့ လျော့ချနိုင်ပါတယ်...
၁. ကလေးရဲ့ နားလည်ကိုနိုင်စွမိးကို သိရှိထားခြင်း
ကလေးငယ်တွေဟာ တခါတလေမှာ မိဘတွေတောင်းဆိုတာကို အလုံးစုံ နားလည်နိုင်စွမိး မရှိပါဘူး.. အဲလိုအခါမျိုးမှာ ကိုယ်လိုချင်တဲ့ ပုံစံကို တောင်းဆိုရန် ခက်ခဲနိုင်ပါတယ်.
ဥပမာအားဖြင့် ရန်မဖြစ်ကြနဲ့ လို့ပြောမဲ့အစား အတူတူကစား လို့ ပြောခြင်းဟာ ပိုပြိး နားလည်လွယ်စေပါတယ်. အငြင်းဝါကျတွေကို လျော့သုံးရပါမယ်. များသောအားဖြင့်မိဘ တွေဟာ အငြင်းဝါကျတွေသုံးမိနေတက်ပါတယ်. မပြေးနဲ့လို့ ပြောမဲ့အစား ဖြေးဖြေးလျှောက် ဆိုတာလေးသုံးသင့်ပါတယ်

၂. အငြင်းဝါကျတွေကို ရှောင်ရှားခြင်း
ကိုယ်ကိုတိုင် အငြင်းဝါကျတွေရှောင်ခြင်းအားဖြင့် ကလေးတွေကိုလဲ အငြင်း ဝါကျ သုံးခြင်း လျော့ချနိုင်မှာပါ. ကလေးတွေက မလုပ်ဖူး မသွားဘူး မစားဘူးလို့ တန်ပြန်ပြောလာခဲ့ရင် ကိုယ်က ရုပ်တရက် စိတ်မတိုပြဘဲ ညင်သာစွာ ပြန်လည်တောင်းဆိုခြင်း အားဖြင့် ကလေးတွေရဲ့ နူးညံ့မှုကို လေ့ကျင့်ပေးနိုင်ပါတယ်.

၃. ရွေးချယ်မှုပေးခြင်း
ဒါစားလိုက်လို့ ပြောမဲ့ အစား ဒါလေးနဲ့ဒါလေး ဘယ်ဟာစားမလဲ ဆိုတဲ့ ရွေးချယ်မှုမျိုးပေးရပါမယိ.
ကလေးငယ်တွေဟာ ပိတ်ပင်တဲ့ ပုံစံမျိုးကို အမြဲဖောက်ထွက်ဖို့သာ ကြိုးစားနေတက်ကြလို့ပါ. ရွေးချယ်မှုပေးခြင်းကို အထူးပျော်မွေ့တက်ကြပါတယ်.

၎. ဂျီတိုက်ခြင်းကို ဦးတည်စေတဲ့ကိစ္စရပ်တွေ ကို ရှောင်လိုက်ပါ. မဟုတ်ရင်တော့ ပြင်ဆင်ထားပါ
အိပ်ရေးမဝဘဲ အပြင်ထွက်ခြင်း. စားချိန်ကျော်လွန်ခြင်း.ကတော့ အဓိက မဖြစ်မနေသိထားပြိး ရှောင်ရမှာတွေပါ. အကြာကြိး ထိုင်စောင့်ရမဲ့ကိစ္စတွေ သူတို့လေးတွေဟာ စူးစမ်းလေ့လာရတာကို နှစ်သက်တဲ့ အရွယ်ဖြစ်ပြိး ငြိမ်သက်စွာ အချိန်ကြာကြာနေရခြင်းဟာ ဆန့်ကျင်ဘက်ပါဘဲ.

၅. ဂျီတိုက်တဲ့အခါ ပျော်ရွှင်မှုဘက်ကို အာရုံပြောင်းလိုက်ပါ
ကိုယ်ကပြန်ပြိး စိတ်ဖိစီးမှုရတဲ့ပုံပေါက်နေရင် သူတို့ရဲ့ စိတ်ကို ပိုပြိးညစ်နွမ်းစေပါတယ်. ဆိုတော့ အာရုံပြောင်းလိုက်ပါ ဟာသလုပ်လိုက်ပါ. စနောက်လိုက်ပါ.

၆. အချိန်ဇယားလေးရှိပါစေ.
စားချိန်တန်စာ အိပ်ချိန်တန်အိပ် ကစားချိန်တန်ကစား ဆိုတာ အလွယ်ကူဆုံးလိုက်နာရမဲ့ အချက်ပါဘဲ.

၇. နောက်ဆုံးနဲ့အရေးကြိးဆုံးကတော့ ဂျီတိုက်နေချိန်မှာ  စိတ်အလိုမလိုက်ပါနဲ့.
ငိုတောင်းလို့ လိုချင်တာပေးလိုက်ချင်းဟာ ပြသာနာကို အဆုံးမသတ်စေဘဲ နောက်ထပ် မြောက်မြားစွာသော ဆန္ဒ ပြမှုတွေရဲ့ အစသာလျင် ဖြစ်သွားစေပါတယ်. မိဘအများစုဟာ လောလောဆယ် ငိုတာတိတ်သွားဖို့သာ ဖြေရှင်းတက်ကြပါတယ်. အငိုတိတ်တဲ့အထိ စောင့်ဆိုင်းကာ ရှင်းပြရပါမယ်. သူတို့ တကယ်လိုအပ်တာဘာလဲ ဆိုတာကိုသာ ဖြည့်ဆည်းပေးသင့်က ဖြည့်ဆည်းလိုက်ပါ.
ဥပမာ ဆာလောင်နေ၍ တွေ့လေသမျှ အာဟာရ မရှိတဲ့ အစားသောက် ပူဆာတောင်းဆိုနေမှာပါဘဲ.

မေမေတို့အတွက် mayoclinic မှဆီလျော်အောင် ဘာသာပြန်ဆိုသည်.
EzyBuy Kiddo

13/02/2017

ကလေးငယ်များအား ရိုတ်နှက်ဆုံးမခြင်း
၉၄% သော ၃နှစ်မှ ၄နှစ် ကလေးငယ်များသည် ရိုတ်ဆုံးမခြင်းခံကြရပါတယ်။
၇၄% သော မိခင်များမှာ ၁နှစ်မှ ၃နှစ် အတွင်းရှိ ကလေးငယ်များအား ရိုတ်ဆုံးမလေ့ရှိကြောင်း တွေ့ရှိကြရသည်။
၆၁% သော မိဘများအတွက် ရိုတ်ဆုံးမခြင်းသည် ကလေးငယ်များတွင် ပုံမှန်ကျင့်သုံးလေ့ရှိသော အပြစ်ပေးခြင်း ပုံစံတခု ဖြစ်ကြောင်းတွေ့ရှိရသည်။
ကလေးအား ရိုတ်နှက် ဆုံးမခြင်း ဓလေ့မှာ နေရာဒေသအလိုက်၊ ဆင်းရဲချမ်းသာအလိုက်၊ လူမျိုးစုအလိုက်၊ ဘာသာရေး အလိုက် အနည်းအများရှိကြောင်း တွေ့ရှိ ရပါသည်။ သို့သော်လည်း ယင်းသို့ ပြုလုပ်ခြင်းမှာ ကလေးငယ်များအတွက် အကျိုးမရှိယုံသာမက အန္တရာယ်ပင်ရှိကြောင်း တွေ့ရှိရပါသည်။ ကလေးတွေဟာ လူကြီးတွေအပေါ်မှာ လေးစားမှုအစား ကြောက်ရွှံ့မှုသာ ပိုလာမှာဖြစ်သည်။ ဒါ့အပြင် မိမိလိုချင်သည့် ပုံစံကို ရိုတ်နှက်ခြင်းဖြင့် ရယူရမည်ဟု စွဲမှတ်သွားတက်ကြသည်။
ကလေးကို ရိုတ်နှက်တာဟာ ဆုံးမခြင်းလို့ မှတ်ထင်ထားတဲ့ မိဘတွေ ကိုယ့်ကိုကို်ယ် မေးခွန်းလေးတခုဘဲ မေးကြည့်ပါ။ အဲဒါကတော့ “ငါ ရိုတ်ပြီး ဆုံးမနေချိန်မှာ ဒေါသထွက်နေလား” ဆိုတာပါဘဲ။ ကလေးငယ်ကို မိမိလိုချင်တဲ့ ပုံစံမ၀င်လို့ ဒေါသဖြစ်ပြီး ရိုတ်နှက်နေမိရင် ယင်းနည်းလမ်းနဲ့ ပုံသွင်းဖို့ ကြိုးစားနေတာလား မိမိဘာသာ ဒေါသဖြေနေတာလား ပြန်စမ်းစစ်ဖို့ လိုနေပါပြီ။ မိမိ၏ ငယ်ဘ၀ကို ပြန်အမှတ်ရကြည့်ပါ။ ငယ်စဉ်က သင်ကိုယ်တိုင် မိဘ အရိုတ်ခံဘူးပါသလား။ ထိုသို့ အရိုတ်ခံရစဉ် မိမိ ကိုယ်တိုင် မည်သည့် အရာများကို တွေးတောနေသနည်း။ သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်အရ အများစုမှာ ငါငယ်ငယ်က ငါ့အဖေက ဘာနဲ့ရိုတ်တာ ဘယ်လိုရိုတ်တာ ဘယ်လို အရှိုးရာတွေကျန်ခဲ့တာ ဆိုသည်တို့ကိုသာ မှတ်မိနေပြီး ဘာလုပ်လိုက်သည့် အတွက်ရိုတ်ခံရသည်ဟု မမှတ်မိကြောင်း တွေ့ရသည်။ ပိုဆိုးသည့် အချက်မှာ နောက်တကြိမ် အရိုတ်မခံရစေရန် မည်သို့သော အမှားကို ရှောင်ရှားရမည်ဟု စဉ်းစားမိခြင်းမရှိဘဲ မည်သို့ လိမ်ညာရမည်နှင့် မည်သို့ အမှားများကို ကွယ်ဝှက်ရမည်သာ အလေ့အကျင့်ရသွားပါတယ်။
လူကြီးများက ပြောလေ့ရှိသည်မှာ လက်တို့ခြေထောက်တို့ကိုသာ ရိုတ်ပါ။ အန္တရယ်မရှိသော နေရာများကိုသာ ရိုတ်ပါစသဖြင့် ပြောလေ့ရှိသည်။ အန္တရယ်မရှိသည်မှာ ခန္ဓာကိုယ်အတွက်လား? စိတ်ခံစားချက်အတွက် အန္တရာယ်မရှိကြောင်း သင်သေချာပါသလား? ရေရှည်အတွက်ကော? မိဘများကိုယ်တိုင်လဲ ငယ်ငယ်က ရိုတ်ခံခဲ့ရတာဘဲ ဘာမှ မဖြစ်ပါဘူး။ ကောင်းကောင်း မွန်မွန်ကြီးပြင်းလာတာပါဘဲ ဆိုတာ သေချာပါလား? ရိုတ်နှတ်ဆုံးမခြင်းမှာ ဆေးလိပ်သောက်ခြင်း ကဲ့သို့ပင်ဖြစ်သည်။ တကြိမ်တခါဖြင့် မသိသာပါ။ ရေရှည်အတွက်တော့ ကောင်းကျိုးမပေးနိုင်မှာ သေချာပါတယ်။ ၇ိုတ်နှတ်ဆုံးမခြင်းဟာ မကောင်းမှုများ ပြုလုပ်ခြင်းကို အခိုက်အတန့်အားဖြင့် ရပ်တန့်စေနိုင်ပါတယ်။ ရေ၇ှည်အတွက်မှာတော့ အရိုတ်ခံရမှု အနဲအများပေါ်မူတည်ပြီး ဆိုးကျိုးတွေရှိနိုင်ပါတယ်။ ကောင်းမွန်စွာ ပြောဆိုဆွေးနွေး၍ ရနိုင်သည့် အနေအထားမျိုးတွင် ငယ်၇ွယ်လှသော ကလေးတွေကို ရိုတ်နှက်ဆုံးမသည်ကို ရှောင်ရှားလိုက်လျှင် အကောင်းဆုံးဖြစ်မည် မဟုတ်ပါလား…..
အင်တာနက် မှ ကောက်နုတ်၍ ezybuy kiddo မှ ဆီလျှော်စွာ ဘာသာပြန်ဆိုသည်။

10/02/2017

ကလေးငယ်များနှင့် စည်းကမ်း
ကလေးငယ်တွေဟာ ပုံမှန်အားဖြင့် အရမ်းကို စူးစမ်းတက်ပါတယ်။ အကယ်၍ သင့်ကလေးငယ်အတွက် အန္တရာယ် ရှိတဲ့ ပစ္စည်းတွေကို လက်လှမ်းမမှီတဲ့ နေရာတွေမှာ ထားရမယ်ဆိုတာ သိပြီးသားဖြစ်ကြမှာပါ။
လေးဖက်သွားနေပြီဖြစ်တဲ့ သင့်ကလေးငယ်ဟာ အန္တရာယ်ရှိတဲ့ ပစ္စည်းအနားကို သွားနေပြီ ဆိုရင် သင်ဟာ တည်ငြိမ်စွာဖြင့် မလုပ်ရဘူးနော် လို့ပြောဆိုပြီး ကလေးအား ယင်းနေရာမှ ဖယ်ရှားလိုက်ပါ။ သို့မဟုတ် အာရုံလွှဲပြောင်းလိုက်ပါ။
အနောက်နိုင်ငံတွေမှာတော့ timeout လို့ ခေါ်တဲ့ စည်းကမ်းထိန်းသိမ်းနည်းကို ထိရောက်စွာ သုံးနေကြပါတယ်။ ပစ္စည်းတွေကို ပစ်ပေါက်တာ၊ ကိုက်တာ၊ အစားအသောက်တွေကို ပစ်တာ၊ ရိုတ်တာတွေ ပြုလုပ်တဲ့အခါ ကလေးငယ်အတွက် ပုံမှန်နေရာတခုမှာ(မီးဖိုချောင်မှ ထိုင်ခုံ၊ ဆိုဖာ ထိုင်ခုံ စသဖြင့်) မှာ ၁မိနစ်ခန့် ငြိမ်သက်စွာ ထိုင်နေစေခြင်းဖြင့် အပြစ်ပေးခြင်း တမျိုးပါ။
အရေးကြီးတာကတော့ ကလေးတွေကို ဘယ်တော့မှ ရိုတ်နှပ် အပြစ်ပေးခြင်း ဆူပူခြင်း များကို ဘယ်အသက်အရွယ်မှာဆို မပြုလုပ်မည်စေဖို့ပါဘဲ။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ကလေးငယ်တွေကို ကိုယ်ထိလက်ရောက် အပြစ်ပေးမှုကို သင်ကြားပေးလိုက်သလိုပါဘဲ။ ရိုတ်လိုက်ခြင်း ဆူလိုက်ခြင်းအားဖြင့် ကလေးတွေဟာ စိတ်ပိုင်းရုပ်ပိုင်း နာကျင်မှုကလွဲပြီး တခြား ဘာကိုမှ ရရှိလိုက်မှာ မဟုတ်တာ အသေအချာပါဘဲ။ အဲဒီအစား ကလေးတွေဟာ သူတို့စိတ်အလိုမကျတဲ့အခါ ရိုတ်နှပ်ခြင်း ဆူပူခြင်းများကို ပြုလုပ်နိုင်တယ်လို့ မှတ်ယူလိုက်မှာပါ။
နောက်တချက်က ကလေးတွေကို အပြစ်မပေးခင်မှာ သင်သူတို့ကို ဘာလို့ အပြစ်ပေးရသလဲ။ အပြစ်ပေးပြီးတဲ့နောက်မှာ သင်သူတို့ဆီက ဘာမျှော်လင့်သလဲဆိုတာကို စိတ်ရှည်စွာ တည်ငြိမ်စွာ ပြောပြပါ။ မိဘတွေဟာများသော အားဖြင့် အော်ဟစ်ပြီး အပြစ်ပေးတဲ့အခါ ကလေးတွေဟာ နားမ၀င်တက်ကြပါဘူး။ မိဘဆိုတာ အလွန်အမင်း စိတ်ရှည်ဖို့ အရမ်းအရေးကြီးလှပါတယ်။
ဥပမာ ကလေးငယ်ဟာ ရောင်စုံခဲတံနဲ့ နံရံတွေကို ပထမဆုံးအကြိမ် ရေးခြစ်လိုက်သည် ဆိုပါစို့။
ဘာဖြစ်လို့ နံရံကို ရောင်စုံခဲတံနဲ့ေ၇းခြစ်ခွင့် မရှိလဲဆိုတာ တည်ငြိမ်စွာဖြင့် ရှင်းပြပါ။ နောက်တခါ ထပ်လုပ်ခဲ့ရင် ဘယ်လို အပြစ်ပေးခံရမလဲဆိုတာ ရှင်းပြပါ။ နောက်တခါေ၇းရင် သန့်ရှင်းရေး ပြန်လုပ်တဲ့အခါ ၀ိုင်းကူရမယ်။ ရောင်စုံခဲတံတွေကို အဲနေ့တနေ့လုံး မပေးကစားဘဲ သိမ်းထားမယ် စသဖြင့် အပြစ်များ သတ်မှတ်ကြောင်း ရှင်းပြပါ။ အကယ်၍ နောက်တနေ့မှာ ထပ်ဖြစ်ခဲ့လျှင် ရောင်စုံခဲတံဆိုတာ စာ၇ွက်များပေါ်တွင် ရေး၇န်သာ ဖြစ်ကြောင်းပြောပြပြိး သတ်မှတ်ထားခဲ့တဲ့ အပြစ်ကို ပေးပါ။
စည်းကမ်းများကို သတ်မှတ်ပြီးပါကလဲ မိမိ ပြောခဲ့သည့် အတိုင်း အပြစ် အမှန်တကယ်ပေးရန် လိုအပ်သည်။ သို့မဟုတ်က သြော် မေမေတို့က ပြောဘဲပြောတာ ပြီးရင် တကယ် ဘာမှလဲ မဖြစ်ဘူးဟု စွဲမှတ်သွားစေမည်။ ထို့ကြောင့် မိဘတိုင်းသည် ပေးထားသော ကတိများအား တည်ရန်မှာလည်း အလွန်ပင် လိုအပ်သည်။ မိမိကိုယ်တိုင်မှာလဲ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာကြောင်း ပြသရန်မှာ အရေးကြီးသည်။ ကလေးငယ်များအား ကစားပြီးသော အရုပ်များအား စနစ်တကျ ပြန်သိမ်းဆည်းရန် ပြောကြားထားပေမဲ့ မိမိကိုယ်တိုင်ကျ ပစ္စည်းများကို ပရမ်းပတာ ဖွမိပါက ကလေးငယ်မှာ စည်းကမ်းကောင်းမလာနိုင်ပါ။
အပြစ်ပေးသကဲ့သို့ ဆုပေးရန်လည်းမမေ့ပါနှင့်။ ဆုပေး ဒဏ်ပေး စနစ်ကို အမြဲ ကျင့်သုံးပါ။ ကောင်းသော အပြုအမူများအတွက် အမြဲ ချီးကျူးပေးပါ။ တော်လိုက်တာ။ လိမ္မာလိုက်တာ စသဖြင့် ပြောပေးဖို့ မမေ့ပါနှင့်။
Kidshealth.org မှ ကောက်နုတ်၍ ezybuy kiddo မှ ဆီလျှော်စွာ ဘာသာပြန်ဆိုသည်။

25/10/2016

၂၄ ရက်နေ့ အသုတ်ပစ္စည်းတွေ စပို့နေပါပြီ...
အားပေးမှု အတွက် ကျေးဇူးပါလို့...

Address

Tamwe Tsp
Yangon
11111

Telephone

09966556538

Website

Alerts

Be the first to know and let us send you an email when EzyBuy Kiddo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category