08/05/2022
မီးပျက်ရင် ဘာလုပ်လဲ (မင်မင် version)- Part 2
မင်မင် ဒီလိုနဲ့ ၂ပတ်လောက်ကြာတော့ ဒုံရင်းအတိုင်း Data ဖွင့်ပြီး ဖုန်းပြန်သုံးမိပါတယ် 😂
(Habits ကို ပြင်ရင် ၂၁ရက် ပြင်ရတယ်တဲ့လေ😁)
အဲလိုနဲ့ April လထဲမှာ မင်မင် အကျင့်တွေ ပြင်မယ်ဆိုပြီး Elysian Pageကလုပ်တဲ့ 30Days Manifestation challenge လေးတခု ဝင်ဖြစ်ပါတယ် (ဘာတွေလုပ်ရလဲဆိုတာတွေတော့ အသေးစိတ်မရေးတော့ပါဘူး ဘာတွေ ကြုံတွေ့လာရလဲဆိုတာပဲ ပြောပြမယ်နော်)
Manifestation အောင်မြင်ချင်ရင် အဓိကက
✅ကိုယ့်ကိုကိုယ် ယုံကြည်ဖို့
✅Positive thoughtsတွေပဲတွေးဖို့ နဲ့
✅Manifest လုပ်ထားတဲ့အရာကို let goလုပ်ဖို့ (တချိန်လုံး တွေးမနေပဲ မေ့မေ့ပျောက်ပျောက်ထားနိုင်ဖို့)
ကိုယ့်ကိုကိုယ် ယုံကြည်ဖို့က လွယ်ကူပေမယ့် ဒီခေတ်ကာလကြီးမှာ Negative thoughts တွေမရှိပဲ အမြဲ
Positive thoughts တွေချည်းတွေးဖို့ မဖြစ်နိုင်ပါဘူး
Also as I’m a beginner, let go stage is so difficult for me😅
ဒါတွေကိုဖြေရှင်းဖို့ မင်မင် အစမှာ တရားထိုင်ပါတယ်
စိတ်ငြိမ်နေတဲ့အချိန်ဘာမှမဖြစ်ပေမယ့် Moodမကောင်းတဲ့နေ့တွေမှာ လုံးဝ အဆင်မပြေပါဘူး
ဒီလိုနဲ့ မင်မင် အဖြေရှာရင်း မင်မင်မေ့နေတဲ့အရာတခု ကို သတိရသွားပါတယ်
Yesss... it is what you guys think 😍
👉🏻Painting by numbers👈🏻
မင်မင်အရင်က ရေးခဲ့တဲ့ content တခုထဲကလိုပဲ သူက စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှူအား အရမ်းကောင်းစေတယ်ဆိုတာ မင်မင် ဒါဆွဲနေတဲ့အချိန်ကစပြီး concentration & focus အားအရမ်းကောင်းလာတယ် Negative thoughts လုံးဝ မရှိတဲ့အပြင်
အခက်ခဲဆုံး let go stage ကို (PBN ဆွဲရင်း) ကျော်ဖြတ်နိုင်ခဲ့ပြီးတော့ Manifestလုပ်ထားတဲ့အရာတွေထဲက လုံးဝမဖြစ်နိုင်ဆုံး ကိစ္စတခု success ဖြစ်သွားပါတယ် 🥰🥰🥰
So... မင်မင် ဒီနောက်ပိုင်း မီးပျက်ရင် ဘာလုပ်လဲ ဆိုတဲ့အဖြေပါ “Painting by numbers ဆွဲပါတယ်”
အကျိုးကျေးဇူးက
✅တရားထိုင်တာနဲ့တူညီတဲ့ concentration & focus ရတယ်
✅ဖုန်းမသုံးဖြစ်တော့ ပိုက်ဆံချွေတာပြီးသားရတယ်
✅Negative thoughtsတွေကနေ လွယ်၂နဲ့ ရုံးထွက်နိုင်တယ်
✅Manifestation လုပ်နေတဲ့သူတွေအတွက်ဆို resultရဖို့ အရမ်းအထောက်ကူပြုတယ်
So.... guys, what are you waiting for???
Instock အရေအတွက် အနည်းငယ်ပဲ ကျန်တော့လို့ မြန်မြန်မှာမှ စိတ်ချရမယ်နော်
(ရေးချင်ဇောနဲ့ စာနဲနဲရှည်သွားတယ် မီရားနဲ☺️)