Cupid OO

Cupid OO Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cupid OO, Shopping & retail, Yangon.

လွယ်နေသလား ခက်နေသလား ဆိုရင်ကော်ဖီကလွဲရင် ဘယ်သူ့အပေါ်မှ မခါးခဲ့ဘူးနှုတ်ဆက်ခွင့် မရလိုက်တဲ့အခါ နောက်ဆုံးအခြေအနေတွေဟာ အတူတူ...
30/06/2022

လွယ်နေသလား ခက်နေသလား ဆိုရင်

ကော်ဖီကလွဲရင် ဘယ်သူ့အပေါ်မှ မခါးခဲ့ဘူး

နှုတ်ဆက်ခွင့် မရလိုက်တဲ့အခါ

နောက်ဆုံးအခြေအနေတွေဟာ အတူတူပါပဲ

ဆုံးရှုံးမှုတွေ များတဲ့အခါ

ညတာက သိပ်ရှည်တယ်

အိပ်စက်ခြင်းတွေ အငွေ့ပျံသွားတယ်

ကိုယ်ဟာ ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်ဘူး တဲ့

ကိုယ့် မဖြစ်ထွန်းမှုတွေပါပဲ

ကိုယ့် အသုံးမကျမှုတွေပါပဲ

အဆုံးထိ မလျှောက်နိုင်ခဲ့တဲ့လမ်းလေးဟာ

တစ်နေရာရာမှာ အဆုံးသတ်ပါလိမ့်မယ်

ကိုယ့်မှာ လမ်းကလေး ရှိခဲ့ဖူးတယ်

ကိုယ့်မှာ လမ်းကလေး ပျောက်ခဲ့ဖူးပါတယ်။

ဟိုတုန်းကပေါ့ ဆိုပြီး

နာကျင်ပုံပြင်တွေ

ကိုယ် ရွတ်ပြဖူးတယ်

သက်ပြင်းရှိုက် နားထောင်ကြသူတွေပဲ

ပခုံးဖက် နှစ်သိမ့်ကြသူတွေပဲ

ခစ်ခနဲ ရယ်သွားကြတယ်

Thank you

ဘဝဟာ ရူးခါနီး လှပဖူးပါတယ်

နိုင်မယ်ထင်ပြီး

ကိုယ့်ဂိုး ကိုယ်ပြန်သွင်းတယ်

ကိုယ့်ဒဏ်ရာနဲ့ကိုယ်

ဘယ်သူ့မျက်ရည်မှ မလိုဘူး

လောကမှာ လွဲချော်မှုတိုင်း လှပပါစေ

ခွင့်လွှတ်ခြင်းဟာ

အလိုလိုပွင့်လာတဲ့ပန်းပါ

လူတောင် သေတတ်သေးတာပဲ

ကိုယ်လည်း အသည်းကွဲနိုင်ပါတယ်

ဘာမှ မဖြစ်သလိုလေး ပြုံးရယ်ဟန်ဆောင်ရင်း

မျှော်လင့်သလောက်

အဆုံးသတ်မလှတဲ့ကဗျာတွေမှာ

ကိုယ့်ကိုယ်ကို သေပစ်လိုက်တယ်

ပြီးတော့...

နှုတ်ဆက်ပါတယ် ။ ။

#ခွန်းညိုသွေး
edit နဲနဲ

အမုန်းစကားတွေမလိုဘူးဥပေက္ခာပြုလိုက်တာဟာကမ္ဘာခြားသွားတာပါပဲ
09/05/2022

အမုန်းစကားတွေ
မလိုဘူး

ဥပေက္ခာပြုလိုက်တာဟာ
ကမ္ဘာခြားသွားတာပါပဲ

03/02/2022

ကိုယ့်ကို မလိုလားတဲ့အရပ်မှာနေရတာက ပင်ပန်းသလို

ကိုယ့်ကိုအရမ်းလိုလားတဲ့အရပ်မှာ
မနေနိုင်တာကလည်းပင်ပန်းတယ်

18/05/2020

International Schoolဆိုလို့ ကြုံလို့​ပြောရဦးမယ် လွန်ခဲ့တဲ့၃နှစ်​လောက်က ​ဟိန္နူ​ဗေဒင်ဆရာမတစ်​ယောက်ဆီ​ မိတ်​​ဆွေတစ်​ယောက်နဲ့ အ​ဖော်လိုက်သွားတယ်။ ​ဗေဒင်လာ​မေးတဲ့သူ​တွေရဲ့ ထုံးစံအတိုင်း ​သောက​​​​​များတဲ့လူ​တွေ​ပေါ့​လေ။ ကျမတို့လည်း တုံကင်ယူ ထိုင်​စောင့်​ရင်း ဟိုကြည့်ဒီကြည်ပေါ့ အဲ့အချိန် ကိုယ့်အ​ရှေ့က ​ဗေဒင်လာ​ဟောတဲ့အစ်မကို သတိထားမိတယ် "သား​လေးပညာ​ရေးအတွက်စိတ်ပူတယ် သား​လေးပညာ​ရေးအတွက်စိတ်ပူတယ်"ဆိုလို့ပါ သူမကTop Ten ဝင်၁၀တန်းကျောင်းသား​တွေ​တောင် သင်နိုင်တဲ့ ကျူရှင်ဆရာမ၊ အမျိုးသားကလည်း စလုံးမှာ အလုပ်သွားလုပ်​နေတဲ့ အင်ဂျင်နီယာ စီးပွား​ရေးဘာပူစရာရှိသလဲ​​နော် ခ​လေးကလည်း ၂တန်း​လောက်ပဲရှိ​သေးတယ်။ ပြသနာကဘာလဲဆို​တော့ သူ့အမျိုးသားက ကျန်းမာ​ရေးမ​ကောင်းလို့ မြန်မာပြည်ပြန်လာချင်တယ် ​ခ​လေးကို International School မှာထားတဲ့အတွက် ​ကျောင်းစရိတ်ကြီးတယ် အဲ့အတွက် သူ့အမျိုးသားအလုပ်မရှိရင် ​သား​လေး​ကျောင်းမတက်နိုင်မှာစိုးရိမ်တယ်​ပေါ့ အိမ်ငှားနဲ့လည်းနေရတယ်တဲ့ မလွယ်ဘူး​နော် သူ့​​သောက​တွေက ​ဗေဒင်ဆရာမက​တော့ ထုံးစံအတိုင်း ယတြာ​ ဘာညာပေးတာ​ပေါ့​လေ ကိုယ်သာဆို စရိတ်ကြီးတဲ့​ကျောင်းက​နေ အစိုးရ​ကျောင်းကို ​ပြောင်းတက်ခိုင်းမိမှာ
တချို့ ဗိုလ်ကျောင်း​တွေများ မူလတန်း​တောင် ၁နှစ်ကို သိန်းရာချီ​​ပေးရတယ်ကြားဖူးတယ်။ ကျမအသိ သိန်း၇​သောင်း​​ကျော်ချမ်းသာတဲ့ သူ​ဌေး​တောင် ဗိုလ်​ကျောင်းတက်တဲ့ သူ့ခ​လေး​တွေ အတွက် ​ကျောင်းစရိတ်ကို အ​တော်ပူရှာပါတယ်။ အဲ့​လောက်ပိုက်ဆံ​ပေးရလို့ ပြည့်စုံသလားဆို မပြည့်စုံပါဘူး ဗိုလ်​ကျောင်းဆိုတဲ့အတိုင်းမြန်မာစာ​သေချာမဖတ်တက်တဲ့အတွက် Sunday ​ကျောင်းပိတ်ရက်ဆို မြန်မာစာ သီးသန့်သင်ရပါ​သေးတယ်။ မိဘတိုင်းက​တော့ ကိုယ့်သားသမီးကို အ​ကောင်းဆုံးပဲ ဖြစ်​စေချင်တာကို နားလည်ပါတယ်။ သို့​သော် သားသမီး မူကြိုအရွယ်မှစ၍ ဘွဲ့ရ ဘွဲ့လွန် တက်သည့်အချိန်ထိ နှစ်​ပေါင်း ၂၀​ကျော် ​ထောက်ပံ့ရမည့် ခရီးရှည် ဖြစ်သည့်အတွက် မူကြိုအရွယ် ငယ်ငယ်​လေးတည်းက ဝန်ထုတ်ဝန်ပိုးမဖြစ်​စေမယ့် လမ်းကို​ရွေးချယ်သင့်ပါတယ်။ ကျိကျိတက်ချမ်းသာ​သော မိဘများကိုမဆိုလိုပါ။ အစိုးရ​ကျောင်းက ၁၀တန်း​အောင်ပြီး USAမှာ ​ကျောင်းသွားတက်လို့ရတဲ့ခ​လေး​တွေလည်း ရှိပါတယ်။
ကျမသည်လည်း ပညာ​ရေးနှင့် မစိမ်းသည့်အတွက်ကျောင်းသားမိဘများ၏​သောကများကို ခံစားမိ၍ ​ရေးသားခြင်းဖြစ်ပါတယ်။

ချစ်​သောကလျာ

18/05/2020

ကျမမိသားစုမှာ အသက် ၈၆နှစ်အရွယ် အဖိုးနဲ့အဖွား ရှိပါတယ်။
အဖိုးက အယ်ဇိုင်းမားကဲ့သို့ သတိခဏ ခဏ​မေ့တက်ပါတယ်။ အဲဒီတော့ သူ့ Memoryထဲမှာ မှတ်ထားတဲ့ ကြည်နူး​ပျော်ရွှင်စရာ အဖြစ်အပျက်များကို ​မေ့​မေ့ပြီး ခဏခဏ​ပြောမိတယ်။ ကျမသိတဲ့ အချို့အ​​ကြောင်းအရာ​တွေဆို အကြိမ်၅၀ထက် မနည်း ကြားခဲ့ပြီးပြီ။

ကျမက အဖိုးအဖွား​တွေနဲ့စကား​ပြောရတာ နှစ်သက်ပါတယ်။ တခြား​သော အဖိုး အဖွား​တွေလည်း အဲလိုပဲ​​ပြော​လေ့ရှိကြတယ်။

ဒီ​နေရာမှာ ကျမ ဘာတစ်ခုသတိပြုမိသလဲဆို​​တော့ လူသား​​တွေဟာ သူတို့ကိုနာကျင်​စေတဲ့အ​ကြောင်းအရာ​တွေကို တစ်သက်လုံး မှတ်မထား​ဘူးဆိုတာပါပဲ။

အဲထိ​တော့ ကျမတို့မြတ်နိုးရတဲ့သူ​တွေရဲ့ Memoryထဲမှာ တစ်သက်လုံးရှိချင်တယ်ဆိုရင်​တော့ ​သူတို့ပျော်​ရွှင်အောင်ဖန်တီး​ပေးရပါမယ်။ လူသားတစ်ဦးနဲ့တစ်ဦး ​ပျော်ရွှင်မှုကို သတ်မှတ်ပုံချင်း​တော့မတူဘူး​ပေါ့​လေ။

ချစ်​သောကလျာ #

18/05/2020

အခြား​သော စာ​​တွေ​​ရေးမယ်

အမှတ်ရတိုင်း​

အာရုံမ​နောက်ပါနဲ့

ခင်ဗျားကမ္ဘာကို​​

မျက်နှာမမူ​တော့ဘူး​လေ

တစ်ချက်​လေး​တောင်မှ​ပေါ့

14/12/2019

"အမှားလုပ်ခဲ့တဲ့သူတွေ အားလုံးကို ခွင့်လွှတ်ပါတယ်"

ဒါသည် ပျော့ညံ့ခြင်းမဟုတ်သလို
အမှတ်သည်းခြေ မပါခြင်းလည်း မဟုတ်ပြန်ဘူး။

မနာတက်ခြင်းမဟုတ်သလို
နုံအ ခြင်းလည်းမဟုတ်ပြန်ဘူး။

သတ္တိနည်းခြင်းမဟုတ်သလို
အရှုံးပေးလွယ်ခြင်းလည်း မဟုတ်ပြန်ဘူး။

ကိုယ့်ရဲ့ Memories ထဲမှာ
ကောင်းတဲ့အရာတွေကို နေရာပေးဖို့အတွက်
မကောင်းတဲ့အရာတွေကို ဖယ်ထုတ်တဲ့သဘော

ကြီးမြတ်သူတို့ရဲ့လုပ်ရပ်
ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတ

ပိုကောင်းတဲ့ ရလဒ်အတွက်
မှန်ကန်တဲ့ရွေးချယ်မှု

လူသားဆန်တဲ့ဆုံးဖြတ်ချက်
မိမိစိတ်ကို ပေါ့ပါးစေတဲ့အရာ

Be Love

17/10/2019

အချစ်ဆိုတာ
ကြောင်လေးတစ်ကောင်ကိုချစ်သလိုမျိုး
ပထမ အတ္တနဲ့ထွေးပွေ့ထားမိတယ်
နောက် သူမွန်းကြပ်လာမလားစိုးရိမ်မိတယ်
အနာတရလည်း မဖြစ်စေချင်ဘူး
သူပျော်ရွှင်နေတာပဲမြင်ချင်တယ်

17/10/2019

နင်ရှိတဲ့ အရပ်ဟာကမ္ဘာမြေဆိုတာ သိရုံမျှနဲ့ ငှက်ကလေးတစ်ကောင်ဖြစ် ချင်မိတယ် ဘယ်လောက်ဝေးဝေး ပျံသန်းလာပြီး နင့်အိမ်ရှေ့ဝန်းနံရံတိုင်ပေါ်ကနေ
နင့်ရဲ့နေ့ရက်တွေကို
ဘယ်လိုဖြတ်သန်းနေလဲ ကြည့်ချင်ရဲ့

17/10/2019

Google မှာ အကုန်ရှိတယ်ပြောလို့ သူ့ကို Googleမှာ ရှာကြည့်မိတယ် 💻💻💻💻

28/09/2019

မှော်ဆန်တဲ့သမိုင်း
အရိုင်းဆန်တဲ့အလှ
ဂန္တ၀င်ဆန်တဲ့ပညာ
Rapဆန်တဲ့ အလွမ်းတွေကို မြတ်နိုးတဲ့ ငါ...

19/09/2019

ကျမဒီနေ့ မိန်းခလေးတစ်ယောက်ရဲ့Wallထဲဝင်ကြည့်ပြီး စပ်စုမိတေယ်။ အသဲကွဲနေတဲ့ကောင်မလေးပေါ့။ ဟိုဘဲက ဘယ်လိုထားခဲ့တယ်မသိ ကောင်မလေးပေါက်ကွဲနေရဲ့။ ကျမသုံးသပ်မိတာတစ်ခုပြောချင်တယ်။ မိန်းခလေးတွေ ကိုယ့်ရဲ့Partner ကို ဘ၀ကြီးထင်နေတာမှားတယ်။ ကိုယ်တိုင်မဟုတ်တဲ့ သူတပါးအပေါ် အများကြီးမျှော်လင့်တာလည်း မှားတယ်။ ကိုယ့်ကိုကိုယ်နားလည်ပြီး ကိုယ်ပိုင်အိမ်မက်အတွက် Confidences အပြည့်ရှိရမယ်။ သူတပါးအပေါ်မှီခိုလွန်းရင် နောက်ဆုံး အသုံးမကျမှာ ကိုယ်တိုင်ပဲဖြစ်ပြီး သူတပါးကိုလည်း ၀န်ထုပ်ဝန်ပိုးဖြစ်စေတယ်။ ၀န်ထုပ်ဝန်ပိုးတွေကို ဘယ်သူကများ နှစ်သက်ပါ့မလဲနော်။ ရတယ် နင်ထွက်သွားလည် ငါ$ဂရုမစိုက်ဘူးလို့ ပြောရဲတဲ့သတ္တိမျိုးရှိအောင် လေ့ကျင့်ထားရမယ်။ ဘယ်တော့မှ မပြိုလဲအောင်လည်း ပြင်ဆင်ထားရမယ်။ အရွယ်၃ပါးမရွေး စိတ်ဓာတ်ခွန်အားတွေ အပြည့်ရှိနေဖို့လိုတယ်။ မိန်းမသားတွေဟာ သဘာဝအရကို ကိုယ်စိတ်နှစ်ပါး ထိရှလွယ်သူတွေမို့ နဲနဲမှားတာနဲ့ များများနာကျင်ရမယ်။ ကျမ အရင်တစ်ပါတ်က ခလေးပေါင်း ၆၅၀ကျော်ရှိတဲ့ YGWမိဘမဲ့ဂေဟာကို ရောက်တယ်။ မိဘမဲ့ခလေးတွေဒီလောက်များတာ စစ်ဘေးကြောင့်များလားပေါ့ မဟုတ်ပါဘူး ၀မ်းနည်းစရာအဖြေတစ်ခုက ခုခေတ် အမျိုးသားတော်တော်များများ တာဝန်ယူချင်စိတ်တွေနဲပါးလာနေလို့ပါ လို့ ဆရာတော်ကဖြေတယ်။ ရက်သားခလေးတစ်ယောက်ရဲ့မိခင်ဆို ၈တန်းကျောင်းသူပဲရှိသေးသတဲ့ အဲ့ခလေးနဲ့တူတူရောက်လာတဲ့ ရက်သားခလေးတစ်ယောက်ရဲ့မိခင်ကတော့ အသက်၄၀အရွယ်တဲ့ သူကတော့လောကဓံကို ရင်ဆိုင်ရဲတဲ့အရွယ်မို့ သူ့ခလေးသူပြန်ခေါ်သွားတယ်တဲ့။ မိန်းခလေးတွေ အသက်၁၃နှစ်ကနေ ၄၀အရွယ်ထိ Abuse လုပ်ခြင်းခံရတယ် မှားမိကြတယ်။ ဘယ်လိုစိတ်ကူးတွေနဲ့ဖြစ်စေကာမူ မိမိကိုယ်တိုင်သည် ထိရှလွယ်တဲ့ မိန်းမသားဖြစ်နေတဲ့အတွက် ကိုယ့်ဘ၀အတွက် နဲနဲမှားရင် များများတာဝန်ယူ ရမယ်ဆိုတာ မမေ့ပါနဲ့။

Address

Yangon
178657

Telephone

+959450785855

Website

Alerts

Be the first to know and let us send you an email when Cupid OO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cupid OO:

Share