Nway Nway Rolled Wafer Stick

Nway Nway Rolled Wafer Stick Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway Nway Rolled Wafer Stick, Shopping & retail, No. 78 Mindama Road, Yangon.

မနက်အိပ်ယာထလို့ မောပန်းနွမ်းနယ်နေရင်၊ ငိုက်မျဉ်းနေရင် ဒီနည်းလမ်းကို စမ်းကြည့်ပါ။- ခရမ်းကစော့သီး ၁၀ လုံးကို ထု၍ အနည်းငယ်က...
02/11/2025

မနက်အိပ်ယာထလို့ မောပန်းနွမ်းနယ်နေရင်၊ ငိုက်မျဉ်းနေရင် ဒီနည်းလမ်းကို စမ်းကြည့်ပါ။
- ခရမ်းကစော့သီး ၁၀ လုံးကို ထု၍ အနည်းငယ်ကွဲအောင်
လုပ်ပါ။
- ရေနွေးပူပူထဲတွင်စိမ်ပြီး သံပုရာရည်အနည်းငယ် ထည့်ပါ။
- မနက်စာမစားမီ သောက်ပါ။
- လန်းဆန်းပြီး တက်ကြွလာပါမည်။

​ခရမ်းကစော့သီး ၏ အကျိုးအာနိသင်များ....
• ​သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။
• ​ကိုလက်စထရောကို လျှော့ချပေးသည်။
• ​သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။
• ​အစာအိမ်အနာကို ကုသပေးသည်။
• ​အသည်း၊ ကျောက်ကပ်နှင့် သွေးကို အားဖြည့်ပေးသည်။
• ​ဓာတုကုထုံးကြောင့် ကျောက်ကပ်ကို အဆိပ်အတောက်
ဖြစ်စေခြင်းမှ ကာကွယ်ပေးသည်။
​ပုံမှန်သောက်သုံးခြင်းဖြင့် သဘာဝအတိုင်း ကျန်းမာရေးကောင်းမွန်စေပါသည်။

လွန်ခဲ့သော နှစ်က လူနာရဲ့ မိသားစုဝင်တစ်ဦးကလာမေးဘူး တယ်။သူ့အမ ခံစားနေရတဲ့ရောဂါအတွက်....မြန်မာဆေးနည်းရှိလား ဆိုပြီး ပေါ့..ဘ...
02/11/2025

လွန်ခဲ့သော နှစ်က လူနာရဲ့ မိသားစုဝင်တစ်ဦးက
လာမေးဘူး တယ်။
သူ့အမ ခံစားနေရတဲ့ရောဂါအတွက်....
မြန်မာဆေးနည်းရှိလား ဆိုပြီး ပေါ့..

ဘာရောဂါလည်းလို့ မေးကြည့်တော့....
သွေ;လေးဖက်နာ တဲ့။

ကျနော် ခေါင်းအတော်စားသွားရတယ်။
ဘာလို့ဆို...
သာမာန်လေးဖက်နာရောဂါတွေထက်
သွေ;လေးဖက်နာရောဂါဟာ ကုသရခက်ပြီး
ပျောက်ကင်းသက်သာဖို့ မလွယ်ကူတာရယ်
ကုသရမဲ့နည်းလမ်း ကုသရမဲ့ဆေးနည်းရှားတာနဲ့
ကိုယ်တခါမှမကုဘူးတဲ့ရောဂါဖြစ်နေလို့ ပါ။

တကယ်လဲ မြန်မာ့တိုင်းရင်းဆေးနည်းတွေထဲမှာ
သွေးလေးဖက်နာကို ကုသရန်အတွက် ဆေးဖက်ဝင် ပစ္စည်းနဲ့ ကုသတဲ့နည်းလမ်းက အခြားရောဂါတွေနဲ့ယှဉ်ရင် မတွေ့ရသလောက်ပါပဲ။

ဆိုတော့...
လာမေးတဲ့သူကို မရှိဘူး မသိဘူးလို့ ပြောဖို့ဆိုတာကလည်း အဆင်မပြေဘူးလေ...
ဒီတော့...
သင်ယူထားသမျှ လေ့လာထားသမျှတွေထဲ
ပြန်ရှာပြန်ကြည့် ပေါ့..

နောက်ဆုံးတော့...
ကိုယ်မပိုင်တဲ့ ရောဂါ ...
ကိုယ်မကိုင်နိုင်တဲ့ဆေး ဖြစ်နေတာကြောင့်...
ဆရာသမားဆီ အပြေးသွားပြီး မေးရတာပေါ့။

ဆရာသမားပြောပြတာက...
သွေ;လေးဖက်နာဖြစ်ဖြစ်
အရေပြားလေ;ဖက်နာဖြစ်ဖြစ်...
ဘယ်လိုလေးဖက်နာပဲဖြစ်ဖြစ် ဒီဆေးကို ဒီနည်းလမ်းအတိုင်း ဖော်စပ်ပြီး အချိန်ပေး အသုံးပြုရင် သက်သာပျောက်ကင်းမယ်လို့ ပြောပါတယ်။

ကျနော့်ဆရာ ပြောပြတဲ့ဆေးနည်း...
မည်သို့သော လေးဖက်နာရောဂါဖြစ်နေပါစေ
တိမ်ပြာဂမုန်းဥအား ပါးပါးလှီးပြီး အခြောက်ခံပါ...
(အခြောက်ခံထားစဉ်အတွင်း မှီူမသန်းပါစေနဲ့)
ဂမုန်းဥများခြောက်သွားပါက အမှုန့်လုပ်ပါ။

ရလာသော တိမ်ပြာဂမုန်းအမှုန့်များအား
ပျားရည်စစ်စစ်ဖြင့် ဆတူရောပြီး...
မကျီးစေ့ခန့်အရွယ် အလုံး လုံးပြီး နေပြဖားပါ။
လေလုံသော ဖန်ဗူးထဲသို့ထည့်ပြီး တစ်နေ့ ၃ကြိမ်စားပေးပါ။(တစ်ကြိမ့်လျင် ၃လုံးမှ ၅ လုံး) အထိ စားပေးပါ....
ပုံမှန်စားပေးပါက......
လေးဖက်နာရောဂါ သိသိသာသာသက်စေပြီး...
ကျန်းမာရေးအတွက် အလွန်အကျိုးပြုတယ်လို့ ဆိုပါတယ်။

ကျနော်လည်း လာမေးတဲ့လူနာရှင်ကို ဆရာပြောပြတဲ့
အထက်ပါနည်းလမ်းအတိုင်း ပြန်ပြောပြလိုက်ပါတယ်။
ယုံယုံကြည်ကြည်နဲ့လုပ်ပါဆိုတော့...
ဟုတ်ကဲ့ လုပ်ကြည့်ပါမယ် တဲ့။

မနေ့ညကတော့ အဲ့ဒီလူနာရှင်က စာပို့လာတယ်။
မျက်စိတိမ်ဖြစ်တာ ဘယ်လိုကုရမလဲ အကို တဲ့။
ပြီးတော့...
အကိုပြောတဲ့ ဂမုန်းတိမ်ပြာနဲ့ပျားရည်ရောပြီး
အလုံးလေးတွေလုပ်သောက်ခဲ့တာ...
ခုဆို ကျနော့်အမ သက်သာလာပါပြီ တဲ့။
အချိန်အားဖြင့် ၈ လအထိကြာခဲ့တာလို့ သူက ပြောပြတယ်။
ဘာပဲဖြစ်ဖြစ် ရောဂါသက်သာလို့ တမိသားစုလုံးက
ကျေးဇူးတင်တဲ့အကြောင်းတွေ ပြောတယ်။

ခုလဲ သူတို့တူမလေးက မျက်စိတိမ်ဖြစ်နေလို့တဲ့..
ဘယ်လို့လုပ်ရမလဲဆိုပြီး မေးတာကြောင့်...

ကျနော်က ချက်ချင်းပဲ ပြန်ပြောလိုက်ပါတယ်...
ဂမုန်းတိမ်ပြာအမှုန့်ကို ပျားရည်နဲ့ဆတူရောပြီး
စားပေးပါ...
ဂမုန်းတိမ်ပြာဥကိုထောင်းပြီး ရလာတဲ့သတ္ထုရည်အနည်းငယ်ကို ကြက်တောင်နဲ့တို့ပြီးး
တိမ်စွဲနေတဲ့ဖက်ကို ခပ်ပေးပါလို့ ချက်ချင်းပဲ
ပြန် ပြောလိုက်ပါတယ်...

ဘာလိုဆို...
မျက်စိတိမ်စွဲတာကို ကိုယ်တိုင် ကုသပေးခဲ့တဲ့နည်းလမ်းမို့ပါ။

ဒါကတော့..ကျနော့်မိတ်ဆွေများအနေဖြင့်လည်း...
အထက်ပါနည်းလမ်းများအား အသုံးလိုပါက အသုံးပြုနိုင်ရန် နှင့် ဗဟုသုတအဖြစ် သိထားရန်အတွက်.. မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။

ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ။။

🍋 DIY ကော်လာဂျင် အဖျော်ယမကာ (လေညင်းပွင့်နှင့် သံပုရာသီး) : အရေးအကြောင်းကင်းစင်ကာ ကြည်လင်ဝင်းပသော အသားအရေကော်လာဂျင်ဆိုသည်...
30/10/2025

🍋 DIY ကော်လာဂျင် အဖျော်ယမကာ (လေညင်းပွင့်နှင့် သံပုရာသီး) : အရေးအကြောင်းကင်းစင်ကာ ကြည်လင်ဝင်းပသော အသားအရေ

ကော်လာဂျင်ဆိုသည်မှာ အရေပြားကို ချောမွေ့တင်းရင်းစေသည့် ဖွဲ့စည်းတည်ဆောက်မှု ပရိုတင်းတစ်မျိုးဖြစ်သော်လည်း အသက် ၂၀ ကျော်ပြီးနောက် သဘာဝအတိုင်း ထုတ်လုပ်မှု လျော့နည်းလာပါသည်။ ဒါကြောင့် မီးဖိုချောင်မှာရှိတဲ့ ဆေးဖက်ဝင်ပစ္စည်းများနဲ့ မိမိအသားရေကိုပြန်လည်နုပျိုတင်းရင်းစေတဲ့ လေညင်းပွင့်တွင် ယူဂျီနော (Eugenol) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်သောကြောင့် ကော်လာဂျင်ကို လှုံ့ဆော်ပေးပြီး၊ သံပုရာရည်တွင် ဗီတာမင်စီ ကြွယ်ဝကာ ကော်လာဂျင်ဖိုက်ဘာအသစ်များ ဖွဲ့စည်းရန် အဓိက အထောက်အကူဖြစ်သည်။ ဂျင်း၊ နနွင်း၊ ပျားရည်၊ ပူဒီနာနှင့် ငရုတ်ကောင်းမည်းတို့က ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်း၊ အာဟာရစုပ်ယူမှုကို မြှင့်တင်ပေးခြင်းနှင့် အသားအရေကို တောက်ပစေခြင်း စသည့် အကျိုးကျေးဇူးများကို ပေးပါသည်။
ပါဝင်ပစ္စည်းများ (တစ်ခွက်စာ ၃၀၀ မီလီလီတာ):
• လေညင်းပွင့် အလုံး ၅-၆ ပွင့် (အနည်းငယ်ထောင်းပါ)
• သံပုရာရည် လတ်ဆတ်စွာ ညှစ်ထားသော 1/2လုံး (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်)
• ဂျင်း လတ်ဆတ်သော ၁ စင်တီမီတာ (ပါးပါးလှီး သို့မဟုတ် ခြစ်ပါ)
• နနွင်းမှုန့်1/4လက်ဖက်ရည်ဇွန်း
• ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပူဒီနာရွက် ၆-၈ ရွက်
• ငရုတ်ကောင်းမည်း အနည်းငယ်
• ရှားစောင်းလက်ပတ်ရည် ၃၀ မီလီလီတာ (နှစ်သက်လျှင် ထည့်ပါ)
ပြုလုပ်နည်းအဆင့်ဆင့်:
1. ရေ ၂၅၀ မီလီလီတာကို အိုးငယ်တစ်ခုတွင် တည်ပါ။ လေညင်းပွင့်၊ ဂျင်းနှင့် နနွင်းမှုန့် ထည့်ပြီး မီးအေးအေးဖြင့် ၅ မိနစ်ခန့် ချက်ပါ။
2. မီးပိတ်ပြီး ၂ မိနစ်ခန့် အအေးခံပါ။ (၄၅ ဒီဂရီ စင်တီဂရိတ်ခန့်)။
3. အရည်ကို ဇကာဖြင့် စစ်ထုတ်ပြီး ပျားရည်၊ သံပုရာရည်၊ ငရုတ်ကောင်းမည်း၊ ပူဒီနာရွက်နှင့် ရှားစောင်းလက်ပတ်ရည် တို့ကို ထည့်၍ သမအောင် မွှေပါ။
4. သောက်သုံးရန် သင့်တော်သော အပူချိန်ရရှိစေရန် အခန်းအပူချိန်ရှိ ရေ ၅၀ မီလီလီတာ ထပ်ထည့်ပါ။
သောက်သုံးရန် အကြံပြုချက်:
• အချိန်: နံနက်ပိုင်း၊ ဗိုက်ထဲတွင် ဘာမှမရှိမီ ဖြည်းဖြည်းချင်း သောက်ပါ။
• အကြိမ်ရေ: တစ်ပတ်လျှင် ၄-၅ ရက် သောက်သုံးပြီး ၂ ရက်နားပါ။
• သိမ်းဆည်းခြင်း: ကြိုတင်ပြင်ဆင်ထားပါက ရေခဲသေတ္တာထဲတွင် ၂၄ နာရီအထိ ထားနိုင်ပြီး အပူပြန်ပေးသည့်အခါ မဆူအောင် ဂရုစိုက်ပါ။
ဤအဖျော်ယမကာသည် သင့်အသားအရေကို ကော်လာဂျင်ကြွယ်ဝစေပြီး သဘာဝအတိုင်း တောက်ပစေရန်အတွက် အလွယ်ကူဆုံးနှင့် အသက်သာဆုံး နည်းလမ်းတစ်ခုဖြစ်သည်။

ဒူလာ၊မီးယပ်၊အပူအပုပ်၊အခိုး၊နူနာ၊ရေဖျဥ်း၊ဆီးပူခြင်းမှအစဆံပင်နက်စေသည့် အပင်"ပွေးကိုင်း"ပင်🌿ပွေးကိုင်း အရွက်တွင်အကြောငါးကြေ...
29/10/2025

ဒူလာ၊မီးယပ်၊အပူအပုပ်၊အခိုး၊နူနာ၊ရေဖျဥ်း၊ဆီးပူခြင်းမှအစဆံပင်နက်စေသည့် အပင်"ပွေးကိုင်း"ပင်🌿

ပွေးကိုင်း အရွက်တွင်အကြောငါးကြောပါရှိသည်၊
အလယ်အကြောမှာ ရစ်ပြီးဗိုက်နာတတ်သဖြင့်
အလယ်အကြောဖယ်ရှားပြီးမှ ဆေးအသုံးပြုသင့်သည်။

ဆံပင်နက်စေရန်
***************
ပွေးကိုင်းအခြောက်၊ ကြိတ်မှန်ရွက်အခြောက်တ်ို့ကို
​နေ့ စဥ် လဖက်ရည်ကြမ်းအဖြစ်သောက်သုံးပေးပါက ဆံပင်နက်စေသည်။

အရေပြားယားနာများအတွက်သွေးသန့်စေရန်
*******************************************
ပွေးကိုင်းရွက်ကို နေရိပ်တွင်အခြောက်လှန်း၍
လဖက်ခြောက်ပြုလုပ်ပြီးနေစဥ်ရေနွေးကြမ်းသဖွယ်သောက်ပေးပါ။

အစာမကြေရောဂါ
******************
ပွေးကိုင်းနှင့် ချင်းခြောက်၊ ထန်းလျက်တို့ကို သုံးခွက်တစ်ခွက်တင်ကျိုသောက်ပါ။

ဝမ်းကိုက်ပါက
***************
ပွေးကိုင်းရွက်နုနှင့်ဘဲဥကြော်စားပါ ဝမ်းကိုက်ရောဂါပျောက်ကင်းသက်သာသည်။

ပွေးပေါက်လျင်
***************
ပွေးကိုင်းရွက်နှင့်ပွေးပေါက်သည့်နေရာကိုနာနာပွတ်တိုက်ပေးပါ။

ဆီးပူရောဂါ
************
ပွေးကိုင်းရွက်ကို သကြားနှင့်သုံးခွက်တစ်ခွက်တင်ကျိုသောက်ပါ။

ဖျဥ်းရောဂါ
************
ပွေးကိုင်းရွက်ကိုကျိုပြီး ပျားရည်နှင့်စပ်သောက်ပါ။

သည်းခြေချဥ်ပြန်သောရောဂါ
****************************
ပွေးကိုင်းရွက်ပြုတ်ရည်တွင် ဆားပုပ်/ဆားအနည်းငယ်ခပ်သောက်ပါ။

အဖောအရောင်ရောဂါ
**********************
ပွေးကိုင်းရွက်နှင့်ကြောင်ပန်းရွက်တို့ကို ငါးခွက်တစ်ခွက်တင်ကျိုသောက်ပါက တစ်ကိုယ်လုံးအဖောအရောင်ရောဂါပျောက်ကင်းသည်။

ပွေး၊ညှင်း၊ယားနာအမျိုးမျိုးအတွက်
**********************************
ပွေးကိုင်းရွက်များကို ဓားနှင့်နုတ်နုတ်စင်း၊
နေရိပ်တွင်အခြောက်လှန်းပြီး စဥ့်အိုးတွင် ထန်းလျက်ထည့်ကာ (၁၂)ရက် စိမ်ထားပါပြီးလျင်
ပေါင်းချွေးရည်ယူပါ။ပွေးကိုင်းပေါင်းချွေးရည်
စတီးဇွန်းတစ်ဇွန်းတစ်နေ့နှစ်ကြိမ်သောက်ပါက
အသားအရေကြည်လင်ပြီး ပွေးဝဲညှင်းယားနာများပျောက်ကင်းသက်သာသည်။

အပူ၊အပုပ်၊အခိုး ဝမ်းနုတ်လိုသော်
********************************
နို့အကြမ်းပန်းကန်တစ်လုံးတွင် ပွေးကိုင်းပြုတ်ရည်ကျကျ တစ်ဇွန်း(သို့မဟုတ်)လိုအပ်သလို
ထည့်၍သောက်ပါ။

နူနာရောဂါ
***********
ပွေးကိုင်းရွက် နှင့်ဇီးဖြူသီးကို ရေနွေးခပ်သောက်ခြင်းဖြင့်သက်သာပျောက်ကင်းစေသည်။

သမားတော်ကြီး ဦးသောင်းရွှေ:

Crd original writer 🤍🤍

သင်္ဘောအဖိုပင်နှင့် ဆေးဘက်ဝင်​ခြင်း အမျိုးမျိုး ၁-  အဆုပ်ကင်ဆာ အစာအိမ်ကင်ဆာသားအိမ်ကင်ဆာ ကင်ဆာအမျိုးမျိုးကိုပျောက်ကင်းစေ၂...
29/10/2025

သင်္ဘောအဖိုပင်နှင့် ဆေးဘက်ဝင်​ခြင်း အမျိုးမျိုး

၁- အဆုပ်ကင်ဆာ အစာအိမ်ကင်ဆာ
သားအိမ်ကင်ဆာ ကင်ဆာအမျိုးမျိုးကိုပျောက်ကင်းစေ

၂ - သင်္ဘောအဖိုအရွက်ကို ရေစင်အောင်ဆေး. အရည်ကိုညှစ်ယူ
မနက် / ည ရေနွေးကြမ်းပုံတစ်လုံးစီသောက်ပေး တစ်လကျော်သောက်လျက် ကင်ဆာရောဂါပျောက်။

၃ - သွေးကျဲဆေးသောက်နေရသူနဲ့ကိုယ်ဝန်ဆောင်သူတွေကသင်္ဘောရွက်မသုံးသင့်ပါ

၄ - ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာလှန်းပြီး ချေပေး ရေနဲ့ရောမျက်နှာမှ
လိမ်းပေး

၅ - အစာချေအားကောင်း သင်္ဘောရွက်မှာပါတဲ့ဓာတ်က အစာချေတာအားပေး
အစာစားချင်စိတ်ကိုပိုစေမယ်

၆ - သင်္ဘောရွက်ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅၀ ဒီဂရီဖာရင်ဟိုက်သာရှိသင့်
ကလေးများ သင်္ဘောရွက်အစိမ်း ရေနွေးထဲကို ဆားအနည်းငယ်ထည့်သောက်စေပါ။

၇ - သွေးလွန်တုတ်ကွေးကိုသက်သာစေမယ်
သင်္ဘောရွက် ၅ရွက်ကို ရေလီတာတစ်ဝက်နဲ့ပြုတ်သောက်

၈ - ကင်ဆာအတွက်သင်္ဘောပင်ကထွက်တဲ့အစေးဟာ ဆေးတန်ခိုးရှိ. ရင်သား , အဆုပ်,သရွက်ရွက်,သားအိမ်ဝ,အသည်းကင်ဆာတွေအတွက်သုံးနိုင်တယ်လို့
ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနလုပ်သူတွေကဆိုပါတယ်။

၉ - အချို့ကလဲအရွက်ခြောက်ကိုရေနွေးကြမ်းလုပ်သောက်ရင်ပိုစွမ်းတယ်လို့ဆိုပါတယ်
ဘာအစာမှစားမထားချိန်သုံးရင်ပိုပြီးစိတ်ပိုင်းဆိုင်ရာပိုပြီးလန်းဆန်းစေပါတယ်။

၁၀ - သင်္ဘောပင်က လေကိုပျက်စေ ၊ မီးယပ်မှန်စေ ၊ ဆီးရွှင်စေ ၊ သွေးကိုစင်ကြယ်စေ
သည်းခြေအပူကိုညိမ်းစေ

၁၁ - ဝမ်းမီးတောက်ပြီးအစာကိုကြေညက်စေ သင်္ဘောရွက်ကိုမီးမြိုက်ပြီးတို့စားရင် လေထိုးလေအောင့် ၊ ပင်လယ်အူနာ ၊နှလုံးရောဂါနဲ့ခံတွင်းပျက်ရောဂါသက်သာပျောက်

၁၂ - လက်ဖက်ထဲသင်္ဘောရွက်မီးအုံးပြီထည့်စားရင် လက်ဖက်ကြောင့်ဖြစ်တဲ့လေနာနဲ့
အိပ်မပျော်ခြင်းကိုသက်သာစေ

၁၃ - နားအူ နားကိုက်. နားလေထွက် နားလေးတို့အတွက် သင်္ဘောရွက်ကို နှမ်းဆီ
လိမ်းကပ်ရတယ်။

၁၄ - အနာကြောင့်ရောင်ရမ်းရင်သင်္ဘောရွက်နဲ့စည်းထားပေးရ

၁၅ - ဘက်တီးရီးယားဗိုင်းရပ်ပိုးတွေကိုဖျက်ဆီးပစ်ကိုယ်ခန္ဓာတွင်းဆဲလ်တွေကို
ပိုကောင်းအောင်လုပ်ပေး

၁၆ - အမျိုးသားတွေဖြစ်တဲ့ ဆီးနည်း ဆီးအောင့်မှကြာလာရင်ကပ်ပယ်အိတ်ယောင်
လာရင် သဘောင်္အရွက်အကြမ်းကို မီးကျွမ်းအောင်ကင်ပြီး ရေနွေးဖြူပူပူထဲ ခြွေထည့်
ရေနွေးသောက်ပုဂံ ၂ လုံးစာတစ်နေ့ ၃ ကြိမ်သောက်ပေးရ-

သင်္ဘောရွက်အနုကို မီးကင်ပြီး တို့စရာအဖြစ် ၂ ရက်လောက်စားပေးရင်သက်သာ
၅ ရက်လောက်စားရင်ပျောက်ကင်းသည်။

၁၇ - ငါးမျက်စိ အသားမာ မှဲ့အပါး အသားပို များကို ၁ ကြိမ် ၁၀ မိနစ်မျှသင်္ဘောဖိုပင်
သင်္ဘောအစေးနဲ့ နေ့စဉ် တိုက်ပေးပါ. ၄-၅ရက်အတွင်းသက်သာပျောက်ကင်းစေသည်။

၁၈ - ခါးနာ ခါးကိုက် လျှင် သင်္ဘောဖိုရွက် သုံး လေး ရွက် ခူး၍ ခါးနဲ့ဝမ်းဗိုက် ပတ်အိပ်ပါ။
ခင်းအိပ်ပေးပါက ခါးနာ ခါးကိုက် သက်သာမည်။

၁၉ သွားပိုးထိုးပြီး ရေစီးကမ်းပြို ဖြစ်ပါလျှင် သင်္ဘောဖိုပင် အရွက်ကို အခြောက်
လှန်းပြီး အမူန့်ပြု၍ သွားတိုက်ပါက သက်သာပျောက်ကင်းစေသည်။

၂၀ - အစာအိမ်သမားများအတွက် - သင်္ဘောဖိုအရွက်စိမ်း ကိုသန့်စင်စွာ သတ္ထုရည်
ညှစ်ပြီး စတီးဇွန်း ၃ ဇွန်းမျှ တစ်နေ့ ၂ ကြိမ်သောက်ပေးခြင်းဖြင့် ခွဲစိတ်ရန်မလိုပါ။

၂၁ - လိပ်ခေါင်းရောဂါရှင်များ - သင်္ဘောဖိုအရိုး အရွက်ကိုထုထောင်း၍ ရသော အရည်
ဖြင့် လိပ်ခေါင်းတွင် လိမ်းပေးပါ ။ ၄င်းအပြင် သင်္ဘောဖို အပွင့်ကို သုတ်စားပေးပါ။

၂၂ အရေပြားထူအမ်း၍ အဖုအထစ်ဖြစ်သည့် သွေးဖောက်ပြန်ခြင်း ဖြစ်ပါက အဖိုရွက်
နဲ့ ရိုးတံကို ကြိတ်ချေပြီး ကျပ်ထုပ် ထိုးပေးပါကအရေပြားထူခြင်း ပျောက်စေသည်။

၂၃ - ရင်ဘတ်နာပါက - အဖိုပွင့်ကို သံပုရာရည်ညှစ်ပြီး အသုပ်လုပ်စား ပေးရပါသည်။

၂၄ - ငှက်ဖျား - သင်္ဘောအဖိုပင် ပဉ္စငါးပါးကို ထန်းလျက်နဲ့ ကျိုသောက်ပေး။

၂၅ - အသည်းရောင်သူ ဖောရောင်သူ ချောင်းဆိုးရင်ကျပ် အမြစ်မပြတ်နိုင်သူ ဝေဒနာရှင်များနဲ့ ကင်ဆာရောဂါ များအတွက် သင်္ဘောအဖိုပင်မှ အရွက်ရည်ကို ပုံမှန်
သောက်ခြင်းဖြင့် သက်သာပျောက်ကင်းခြင်း ကြုံဖူးပါတယ်။

ထိုဝေဒနာရှင်များထဲတွင် စနစ်တကျ ဆေးရုံဆေးခန်းပြသကြပြီး မသက်သာတော့သည့်
အဆုံး မွေးရပ်မြေတွင် ခေါင်းချတော့မည်ဆိုသောအတွေးနဲ့ပြန်လာကြပြီး ကြားဖူးနားဝ
မြန်မာဆေးမီးတိုများနှင့် ကုသရင်း အရှင်းသက်သာသူများလည်း ရှိပါသည်။

ကင်ဆာရောဂါအတွက် ကင်ဆာဆေးများ ဖော်စပ်ရာ ပင်မအရင်းအမြစ်သည် သစ်ပင်
များဖြစ်သည်။ ကင်ဆာရောဂါလုံးဝ ပျောက်ကင်းစေသောဆေးဝါး မပေါ်သေးသော်
လည်း အတော်အတန်သက်သာ၍ သက်တန်းရှည် နေထိုင်သွားကြသည်။

ကင်ဆာဆေးများကို ဆေးများကို ဆေးဖက်ဝင်အပင် မူလ ဆေးသိပ္ပံ၏ အရင်းအမြစ်
ကင်ဆာဆေးမှာ ရုက္ခဆေးပင်များသာဖြစ်သည်။ ထိုအထဲတွင် နတ်ဆေးတမျှထင်းရှား
လာသည့် အပင်က သင်္ဘောအဖိုပင်လည်း ပါနိုင်ပေသည်။

သိပ္ပံဆေးဝါးနဲ့ ကုသနိုင်သူရော မကုသနိုင်သူရော သင်္ဘောရွက် သတ္ထုအရည်ကို
စနစ်တကျ သောက်သုံးရာက အချို့ရောဂါတို့ သက်သာပျောက်ကင်းခြင်း တွေ့ရသည်။

ဆီကျိတ်ကင်ဆာမိတ်ဆွေတစ်ဦးနဲ့ ဆုံဘူးသည် ဆေးရုံ ၃ ကြိမ်မြောက်တက်ပြီး ဆေးရုံ
ထပ်မတက်ပဲ သင်္ဘောအဖိုပင် အရွက်စိမ်းကို သောက်ရင်းမူလပုံမှန်အတိုင်းနေနိုင်သည်
လည်း ရှိပါတယ်။

ထို့ကြောင့် သင်္ဘောဖိုပင်တွင် ထူးခြားသော ဆေးစွမ်းအင်များ ရှိနေပေလိမ့်မည်။

Crd to original writer ❤❤

❄️ အဆစ်အမြစ် နာကျင်ကိုက်ခဲတာ၊ ခါးနာတာ ဒါမှမဟုတ် အရိုးအဆစ်တွေ အေးစက်တာတွေကို ခံစားနေရပါသလား။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ ဒီ...
28/10/2025

❄️ အဆစ်အမြစ် နာကျင်ကိုက်ခဲတာ၊ ခါးနာတာ ဒါမှမဟုတ် အရိုးအဆစ်တွေ အေးစက်တာတွေကို ခံစားနေရပါသလား။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ ဒီဆေးနည်းကို စမ်းကြည့်ပါ၊ အကျိုးရှိတာ တွေ့ရပါလိမ့်မယ်။
အရိုးအဆစ်တွေထဲက စွဲကပ်နေတဲ့ အအေးဓာတ်ဟောင်းတွေကို ဖယ်ရှားပေးပြီး နာကျင်မှုကို တဖြည်းဖြည်း သက်သာစေမယ့် ရိုးရှင်းပေမယ့် အစွမ်းထက်တဲ့ ဆေးနည်းတစ်ခုပါ။

​✨ ပါဝင်ပစ္စည်းများ
​ငရုတ်ကောင်းစေ့ (သို့မဟုတ် မိမိတို့ ခံနိုင်ရည်ရှိသလောက် ငရုတ်သီးအစပ်) ၁၀၀ ဂရမ်
​သဘာဝ သံလွင်ဆီ (Natural Olive Oil) ခွက်သေးတစ်ခွက်

​👈 ပြုလုပ်နည်း
​ငရုတ်ကောင်းစေ့ (သို့မဟုတ် ငရုတ်သီးစေ့) များကို အတော်အသင့် နူးညံ့သွားသည်အထိ သေချာစွာ ကြိတ်ချေပါ။
​၎င်းကို သံလွင်ဆီနှင့် ရောစပ်ပြီး သမသွားအောင် မွှေပါ။
​အရောအနှောကို ဖန်ပုလင်း အလုံပိတ်တစ်ခု ထဲတွင် ထည့်ပြီး အနည်းငယ် စိမ်သွားစေရန် နွေးထွေးသောနေရာတွင် တစ်ရက်တာ ထားပါ။

​🧴 အသုံးပြုပုံ
​အိပ်ရာမဝင်မီ နာကျင်နေသောနေရာများ (ခါး၊ ဒူး၊ အဆစ်အမြစ်များ...) ကို ဆီအရေပြားထဲ စိမ့်ဝင်သွားသည်အထိ ပွတ်တိုက်ပြီး လိမ်းကျံပေးပါ။
​မနက်ရောက်ရင်တော့ ဘုရားသခင် အလိုတော်အတိုင်း ထူးခြားမှုတွေ သိသိသာသာ ခံစားရလာပါလိမ့်မယ်

အရင်က အဆစ်အမြစ်နဲ့ ဒူးခေါင်းတွေ အရမ်းနာကျင်ခဲ့ဖူးပါတယ်။ အထူးသဖြင့် မနက်အိပ်ရာထတဲ့အခါ လမ်းလျှောက်ရတာ ခက်ခဲပြီး ထိုင်တာ၊ ထ...
27/10/2025

အရင်က အဆစ်အမြစ်နဲ့ ဒူးခေါင်းတွေ အရမ်းနာကျင်ခဲ့ဖူးပါတယ်။ အထူးသဖြင့် မနက်အိပ်ရာထတဲ့အခါ လမ်းလျှောက်ရတာ ခက်ခဲပြီး ထိုင်တာ၊ ထတာတောင် နာကျင်နေခဲ့ရတာပါ။
အိမ်နီးချင်းဆီက စပါးလင်နှင့် ဆွမ်းမွှေးရွက် ပြုတ်ရည် လုပ်နည်းကို ရပြီး ၂ ပတ် ဆက်တိုက် သောက်ကြည့်လိုက်တဲ့အခါ သိသိသာသာ သက်သာလာတာကို ခံစားရပါတယ်။
နာကျင်တာ သက်သာပြီး ကောင်းကောင်းအိပ်ပျော်လာသလို အသားအရေလည်း ကြည်လင်လာပါတယ်။
အခုဆိုရင် ဒါက အိမ်မှာ ပုံမှန်သောက်သုံးနေကျ အဖျော်ယမကာ ဖြစ်နေပါပြီ...။
"ယူရစ်အက်ဆစ်လျှော့ချပေးသော ဆေးဖက်ဝင်အချိုရည်"စပါးလင်နှင့် ဆွမ်းမွှေးရွက်သည် ဒူးဆစ်များအတွက် ကောင်းမွန်ပါတယ်။
ယူရစ်အက်ဆစ် (Uric Acid) မြင့်မားခြင်းကြောင့် အဆစ်အမြစ်နှင့် ဒူးတွေ နာကျင်နေတယ်ဆိုရင် ဆေးကို အလျင်စလို မမှီခိုခင် ဒီရိုးရှင်းတဲ့ နည်းလမ်းလေးကို စမ်းကြည့်ပါ။
စပါးလင် + ဆွမ်းမွှေးရွက် ရှိရုံနဲ့တင် သက်သာရာရပြီး ဒူးနာကျင်မှုလည်း လျော့ပါးသွားပါလိမ့်မယ်။🌿
ပြုလုပ်နည်းက အရမ်းလွယ်ပါတယ်
စပါးလင် ၃ ပင် (ထုပြီး လှီးပါ)
ဆွမ်းမွှေးရွက် ၄ ရွက် (အပိုင်းလေးတွေ လှီးပါ)
ရေ ၂ လီတာ ကို ထည့်ပြီးမီးအေးအေးနဲ့ 15-20မိနစ် လောက် တည်ပါ။အရည်ကိုစစ်ယူပြီး နွေးနွေးလေး သောက်ပါ။ဒါမှမဟုတ် ရေခဲသေတ္တာထဲ ထည့်အအေးခံပြီး သောက်ရင်လည်း မွှေးပြီး လန်းဆန်းစေပါတယ်။
✨တစ်နေ့ကို ၁-၂ ခွက် မနက်-ည သောက်သုံးခြင်းဖြင့်ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်။
အဆစ်အမြစ်နှင့် ဒူးနာကျင်မှုကို သက်သာစေတယ်။ကျောက်ကပ်ကို အားဖြည့်ပေးတယ်။
ကိုယ်နံ့နှင့် ခံတွင်းနံ့ကို လျှော့ချပေးတယ်။စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်။
အခုဆိုရင် ဒါက အိမ်မှာ အမြဲပုံမှန်သောက်နေကျ အဖျော်ယမကာ ဖြစ်နေပါပြီ။ ဒါ့အပြင် မွှေးပျံ့လန်းဆန်းစေပြီး ဆေးလို ခါးတာ၊ နံတာမျိုးလည်း မရှိပါဘူး။
ဒီလိုပြဿနာမျိုး ကြုံနေရသူတွေ စမ်းကြည့်ကြပါနော်...။

ဆီးကျိတ်ကြီးခြင်း၊ ဆီးမကုန်ခြင်း၊ ဆီးမထွက်ခြင်း၊ ဆီးသွားရခက်ခဲခြင်းစသည့် ဝေဒနာများကို ကုသနိုင်ပါသည်။​• တောဇီဖြူပင် - ၁ ဆ...
26/10/2025

ဆီးကျိတ်ကြီးခြင်း၊ ဆီးမကုန်ခြင်း၊ ဆီးမထွက်ခြင်း၊ ဆီးသွားရခက်ခဲခြင်းစသည့် ဝေဒနာများကို ကုသနိုင်ပါသည်။
​• တောဇီဖြူပင် - ၁ ဆုပ်
• ​ဆင်နှာမောင်းပင် - ၁ ဆုပ်
• ​ရေ ၂ လီတာနှင့် တူတူကျိုပါ။
• ​၁၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် ကျိုပါ။
• မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (တစ်ကြိမ်လျှင် ၁ ဖန်ခွက်) သောက်ပါ။

credit...

ဆိတ်နို့ပင်၏ ကျန်းမာရေးအကျိုးကျေးဇူး (၃၀ ချက်) နှင့် ဘေးကင်းစွာ အသုံးပြုနည်းဆိတ်နို့ပင်ကို မြန်မာ့ ရိုးရာဆေးပညာအတွင်း အစ...
26/10/2025

ဆိတ်နို့ပင်၏ ကျန်းမာရေးအကျိုးကျေးဇူး (၃၀ ချက်) နှင့် ဘေးကင်းစွာ အသုံးပြုနည်း

ဆိတ်နို့ပင်ကို မြန်မာ့ ရိုးရာဆေးပညာအတွင်း အစဉ်အလာတုန်းကတည်းက အသုံးများခဲ့ကြပြီး များစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ သို့သော်လည်း ပမာဏမှန်မှန်ကန်ကန်မသုံးမိပါက အန္တရာယ်ရှိနိုင်သဖြင့် သတိထားသင့်ပါတယ်။

ဆိတ်နို့ပင်၏ အကျိုးကျေးဇူး (၃၀ ချက်)
အသက်ရှူလမ်းကြောင်း
၁။ ပန်းနာ၊ ရင်ကျပ်ခြင်းကို သက်သာစေတယ်။
၂။ ချောင်းဆိုးခြင်းကို သက်သာစေတယ်။
၃။ လေပြွန်ရောင်ရမ်းမှုကို လျှော့ချပေးတယ်။

အစာခြေစနစ်
၄။ အစာမကြေ၊ လေပွဖြစ်ခြင်းကို သက်သာစေတယ်
၅။ ဝမ်းလျှောခြင်းကို သက်သာစေတယ်။
၆။ ဝမ်းကိုက်ရောဂါ ကုသရာတွင် အကျိုးရှိတယ်။
၇။ အစာအိမ်အနာကို သက်သာစေပြီး အမြှေးပါးကို
ကာကွယ်ပေးတယ်။

ကိုယ်ခံအားနှင့် အခြားကျန်းမာရေး
၈။ အဖျားကျစေတယ်။
၉။ ကိုယ်ခံအားကို တိုးစေတယ််။
၁၀။ အနာသေးသေး၊ ရောင်ရမ်းခြင်းကို အုံပေးကုသနိုင်တယ်။
၁၁။ အရေပြားကူးစက်ရောဂါများကို ကူညီကုသနိုင်တယ်။
၁၂။ ဝက်ခြံ ရောင်ရမ်းမှုကို လျှော့ပေးချနိုင်တယ်။
၁၃။ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းကို သက်သာစေ
တယ်။
၁၄။ ဗောက် ကို လျှော့ချပေးနိုင်တယ်။
၁၅။ ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေတယ်။
၁၆။ ဟော်မုန်းညီမျှစေရန် ကူညီပေးတယ်။
၁၇။ နို့တိုက်မိခင်တွေရဲ့ နို့ထွက်အားကို တိုးစေတယ်။
၁၈။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကူညီကုသပေးနိုင်တယ်။
၁၉။ အူလမ်းကြောင်းသန်ကောင် ပိုးတာတွေကို တိုက်ထုတ်
ပေးနိုင်တယ်။
၂၀။ စိုးရိမ်ပူပန်မှုကို လျော့ချပေးတယ်။
၂၁။ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်။
၂၂။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။
၂၃။ အဆစ်နာ၊ အဆစ်ရောင်ခြင်းကို သက်သာစေတယ်။
၂၄။ သွားကိုက်ခြင်းကို သက်သာစေတယ်။
၂၅။ ပါးစပ်အနာ သက်သာစေတယ်။
၂၆။ မျက်လုံးကျန်းမာရေး အတွက် ကူညီပေးတယ်။
၂၇။ အနာကျက်နှုန်း မြန်စေတယ်။
၂၈။ အဆစ်ရောင်ခြင်း၊ အခြားရောင်ရမ်းမှုကို လျှော့ချပေး
တယ်။
၂၉။ သွေးလည်ပတ်မှု ကောင်းမွန်စေတယ်။
၃၀။ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်။

အသုံးပြုနည်းများ
လက်ဖက်ရည်အဖြစ်အသုံးပြုခြင်း ဆိပ်နို့ပင် အခြောက် ၁၂ ဂရမ်ကို ရေတစ်ခွက်နဲ့ တည်ပြီး တစ်နေ့ ၁၂ ခွက်အထိသာ သောက်သုံးရန်။

လိမ်းဆေးအဖြစ် အသုံးပြုခြင်း အရွက်ကို ကြိတ်ပြီး အနာ သို့မဟုတ် အရေပြားရောင်ရမ်းနေရာများတွင် လိမ်းပေးနိုင်ပါသည်။

ဖိကပ်နည်း အဝတ်စကို ပြုတ်ရည်ထဲနှစ်ပြီး နွေးနွေးနဲ့ ရောင်ရမ်းနေရာကို ဖိကပ်ပေးနိုင်ပါတယ်။

သတိပြုရန်အချက်များ
- ပမာဏ မမှန်သောက်မိပါက အဆိပ်အတောက် ဖြစ်စေနိုင်သည်။
ဘေးထွက်လက္ခဏာများ ပျို့အန်ခြင်း၊ အရေပြားယားယံခြင်း
ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးငယ်များ ကိုယ်တိုင် မသုံးသင့်ပါ။

ဆိတ်နို့ပင်ကို သင့်တင့်စွာ သုံးမယ်ဆိုရင် သဘာဝဆေးအဖြစ် အကျိုးကျေးဇူးအများကြီး ရရှိနိုင်သော်လည်း များလွန်းသုံးမိရင် နောက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သဖြင့် အကြံပြုချက်နှင့်အညီသာ သုံးသင့်ပါတယ်။

credit...

ကြွက်နို့/အရေပြားအဖုအသားပိုများကို "မုရိုးဖြူပင်အစေး" ဖြင့် ဖယ်ရှားနည်း – ရိုးရာနည်းလမ်းဖြစ်သော်လည်း အမှန်တကယ် ထိရောက်သည...
21/10/2025

ကြွက်နို့/အရေပြားအဖုအသားပိုများကို "မုရိုးဖြူပင်အစေး" ဖြင့် ဖယ်ရှားနည်း – ရိုးရာနည်းလမ်းဖြစ်သော်လည်း အမှန်တကယ် ထိရောက်သည်! #ရိုးရာဉာဏ်ပညာ #မြန်မာတိုင်းရင်းဆေး #ကျန်းမာရေးလျှို့ဝှက်ချက်များ

အသုံးပြုရန် ပစ္စည်းများ:

မုရိုးဖြူပင်မှ အစေး (မုရိုးဖြူပင်အရှင်မှ ရသော)

သွားကြားထိုးတံ သို့မဟုတ် ဂွမ်းစပါးအနည်းငယ်ပါသော နားကပ်တံ

ပလာစတာ (ဒဏ်ရာပတ်တီး)

အသုံးပြုပုံ:

၁။ ကြွက်နို့/အရေပြားအဖုအသားပို ဖြစ်နေသော နေရာကို သန့်ရှင်းအောင် ဆေးကြောပါ။

၂။ သွားကြားထိုးတံကို မုရိုးဖြူပင်အစေး (အဖြူရောင်၊ ပျစ်ပျစ်ခဲခဲ) တွင် တို့ယူပါ။

၃။ ကြွက်နို့ သို့မဟုတ် အသားပိုပေါ်သို့ ညင်သာစွာ တစ်နေ့တစ်ကြိမ် တို့ပေးပါ။

၄။ ဘေးပတ်ဝန်းကျင်ရှိ သာမန်အရေပြားပေါ်သို့ မထိမိစေရန် ရှောင်ကြဉ်ပါ။

၅။ သာမန်အရေပြားပေါ်သို့ ထိမိပါက ချက်ချင်းဆေးကြောပါ။

၆။ ၅ ရက်မှ ၁၀ ရက်ခန့် ဆက်တိုက်လုပ်ဆောင်ပါ။ ထိုအခါ အသားပို/ကြွက်နို့သည် ဖြည်းဖြည်းချင်း ခြောက်သွေ့လာပြီး သဘာဝအတိုင်း သူ့အလိုလို ကွာကျသွားပါလိမ့်မည်။

သတိပြုရန် အချက်များ: ⚠️ မုရိုးဖြူပင်အစေး သည် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် ယားယံခြင်း ဖြစ်စေနိုင်သည်။ ⚠️ ကလေးငယ်များ သို့မဟုတ် အရေပြားနူးညံ့သူများအတွက် မသုံးသင့်ပါ။ ⚠️ အသုံးမပြုမီ အရေပြားဧရိယာ အနည်းငယ်ပေါ်တွင် အရင်စမ်းသပ်ကြည့်သင့်ပါသည်။

ရှေးလူကြီးများ အစဉ်အဆက် သုံးစွဲခဲ့ကြသည့် မိမိပတ်ဝန်းကျင်မှ အစွမ်းထက်သော ပစ္စည်းကောင်းတစ်ခု ဖြစ်ပါသည်။ စမ်းသပ်ပြီး အကျိုးရှိပါက သင်ချစ်ခင်ရသူများကို ဝေမျှပေးရန် မမေ့ပါနှင့်!

 #ထုံကျဉ်သူ_အတွက်__လိမ်းဆေး✅အထူးသဖြင့် အထိုင်သမားများ၊ရုံးသမား ၊စက်ချုပ်စသည်ဖြင့်စား၀တ်နေရေးအတွက် နံက်မှသည်ညနေဆီတိုင် အလ...
18/10/2025

#ထုံကျဉ်သူ_အတွက်__လိမ်းဆေး

✅အထူးသဖြင့် အထိုင်သမားများ၊ရုံးသမား ၊စက်ချုပ်စသည်ဖြင့်စား၀တ်နေရေးအတွက် နံက်မှသည်ညနေဆီတိုင် အလုပ်ခွင်တွင်ထိုင်ကြရပါသည်။

✅ကြာလာတော့ ခြေထောက်၊ဒူးနှင့်ပေါင်က ထုံကျဉ်လာတတ် တော့သည်။တစ်နေရာတွင်ကြာကြာမထိုင်နိုင်ပါ။

✅ကြာလာ လျှင်လေဖြတ်မည်လည်းစိုး၍ လိမ်းဆေးများလည်းလိမ်း ပါသည်။ သို့သော် အဆင်မပြေ။ ယခုဆောင်းကာလပို၍ ပင်ဆိုးပါသည်။

✅အမှတ်မထင်လိမ်းဆေးနည်းလေးရသည်။ အတော်လည်အဆင်ပြေပါသည်။လက်တွေ့လည်းပျောက် သည်။

(၁)ဂျင်းတက် ... ၁တက်
(၂)စပါးလင် ..၅ပင် အမြစ်ပါယူကပိုကောင်းပါသည်။
(ရေစင်အောင်ဆေးပါ)

✅ထိုနှစ်မျိုးကို ဆုံကိုသန့်အောင်ပြုလုပ်ပြီးမညက်တညက် လေးထောင်းပါ။ ထိုဂျင်းတက်နှင့််စပါးလင်ထောင်းထားသည့် ထဲသို့ သံပုရာသီး(၂)လုံးလောက်အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးပါ။

✅ပေါင်းစပ်ထားသောညှစ်ရည်များထွက်လာပါမည်။

✅ထိုညှစ်ရည်ဆေးကို ညအိပ်ရာ၀င်ချိန်တွင် ပေါင်တံရင်းမှ ခြေဖျားအထိ အထက်မှ
အောက်သို့ပူလာတိုင်းလိမ်း လူးပေးပြီးမှ အိပ်ရာ၀င်ပါ။

✅(၃)ရက်(၄)ရက်ဆက်တိုက် နေ့တိုင်းလိမ်းပေးပါထုံကျဉ်မှုများပျောက်ကင်းသွားပါ လိမ့်မည်။

လက်တွေ့အကျိုးကြီးသောနည်းလေးဖြစ်ပြီး၊
စပါးလင်၊ဂျင်းနှင့်သံပုရာရည်တို့မှာ ရှာဖွေရလွယ်ကူသော အိမ်မီးဖိုချောင်းသုံး ပစ္စည်းများဖြစ်ပါသည်။

ခွန်အားကိုတိုးစေပြီး... မောပန်းခြင်း၊ နွမ်းနယ်ခြင်း၊ ကာမစိတ်ကုန်ခန်းခြင်းနဲ့ ပန်းညိုးခြင်းတွေအတွက် အရက်နဲ့စိမ်သောက်ရမယ်ဆ...
18/10/2025

ခွန်အားကိုတိုးစေပြီး... မောပန်းခြင်း၊ နွမ်းနယ်ခြင်း၊ ကာမစိတ်ကုန်ခန်းခြင်းနဲ့ ပန်းညိုးခြင်းတွေအတွက် အရက်နဲ့စိမ်သောက်ရမယ်ဆိုလို့ အရက်မသောက်သူများအတွက် အခြားနည်းလမ်း

ဟင်းနုနွယ် (ရိုးနီ) သို့မဟုတ် ကုလားဟင်းနုနွယ် (ဆူးပေါက်) အမြစ် အရင့်အား ရေသေချာဆေးကြောပြီး... ပါးပါးလေး‌တွေ လှီးဖြတ်၍... အရိပ်ထဲတွင် မှိုမတက်စေရန် အခြောက်ခံပါ။

ထို့နောက် သစ်ဆုံဖြင့် အမှုန့်ပြုလုပ်ကာ... ပျားရည်စစ်စစ်နှင့် ဆတူရောနယ်ပါ။ (မန်ကျည်းစေ့ခန့် အလုံးလေးများ လုံး၍ နေလှန်းပြီး ကြာရှည်သိမ်းဆည်းလိုလျှင် ဤနည်းအတိုင်း ပြုလုပ်နိုင်ပါသည်။)

သို့မဟုတ် ပျားရည်နှင့် အမှုန့်ကို ဖန်ဗူးထဲတွင် ရောစပ်၍ ထားပြီး စားသုံးနိုင်ပါသည်။ တစ်ကြိမ် လဖက်စားဇွန်း တစ်ဇွန်းနှုန်းဖြင့် တစ်နေ့ကို ၂ကြိမ် စားပေးပါ။

ယင်းသည် ကျန်းမာသန်စွမ်းသော ယောက်ျားတစ်ယောက် ဖြစ်စေရန် အထောက်အကူပြုသည်။ ၎င်းသည် ကျန်းမာရေးအတွက် ဂျင်စင်းစားသုံးခြင်းနှင့် တူညီသောကြောင့်... ၎င်းကို "ထိုင်းဂျင်စင်း" ဟုပင် ပြောဆိုကြပါသည်။

အဆိုးဝါးဆုံး ဝေဒနာ ခံစားနေရသူများအတွက် ကာမဆန္ဒရှိသော်လည်း စိတ်သွားတိုင်းကိုယ်မပါသည့်တိုင်အောင် ဝေဒနာခံစားရသူများ၊ ပန်းသေသည့်အထိ ရောဂါဖြစ်နေသူများအတွက်မူ... ငါးရှဉ့်ခေါင်းနီသွေးကို တစ်လလျှင် ၂ကြိမ် သောက်သုံး၍၊ ငါးရှဉ့်ခေါင်းနီအား ဟင်းနုနွယ်ရိုးနီ ပဉ္စငါးပါးနှင့် ချက်ပြုတ်စားသုံးပေးပါရန် အကြံပြုအပ်ပါသည်။

Address

No. 78 Mindama Road
Yangon
054

Website

Alerts

Be the first to know and let us send you an email when Nway Nway Rolled Wafer Stick posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share