Elisa Floral Culture

Elisa Floral Culture Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Elisa Floral Culture, 371, Kyun Shwe Myaing Street, Thuwana VIP 1, Yangon.

Floral Services

Flower Bouquet,Flower Basket,Grand opening flower stand,Funeral Flower,Floral Supplies, Gift Basket & Fresh flowers

Training

Basic Flower Arrangement Class
Advance Flower Arrangement Class
Hobby One Day Class
Flower Stand Class

လီလီပန်းလေးတွေ ဖူးပွင့်နေတာအရမ်းလှသောနော် ....ပန်းစည်းများမှာယူလိုပါက ခုပဲ မှာယူအားပေးနိုင်ပါပြီနော် အိမ်အရောက် delivery...
11/06/2026

လီလီပန်းလေးတွေ ဖူးပွင့်နေတာအရမ်းလှသောနော် ....

ပန်းစည်းများမှာယူလိုပါက ခုပဲ မှာယူအားပေးနိုင်ပါပြီနော်

အိမ်အရောက် delivery လည်းပို့ဆောင်ပေးသလို ဆိုင်မှာလာယူမယ့် customer လေးများအတွက်
‎ဆိုင်လိပ်စာလေးကတော့ -

‎Elisa Floral Culture (အယ်လီဆာပန်းဆိုင်)

‎🏡 No -371 , Kyun Shwe Myaing St.,
‎ Thuwana ,Thingangun Tsp., Yangon .
‎ ကျွန်းရွေမြိုင်လမ်း ၊ သုဝဏ VIP1
‎☎️ 09 685348165 , 09 777228484

https://maps.app.goo.gl/vXieAV5QPtWwWC4K8

‎Viber : 09 777 22 8484
‎WeChat : Elisafloralculture



ရိုက်မိသမျှပန်းပုံလေးတွေ
10/06/2026

ရိုက်မိသမျှပန်းပုံလေးတွေ

08/06/2026

Congratulations 🍾🎉🎊

Elisa’s မှာ အခြေခံမရှိဘဲ ဝါသနာတစ်ခုတည်းနဲ့ သင်တန်းလာတက်ကြတဲ့သူတွေ အများကြီးရှိပါတယ်။ သင်တန်းပြီးသွားတဲ့အခါ “တကယ်ရော ပြန်လုပ်နိုင်ပါ့မလား” လို့ စိုးရိမ်ပြီး မေးတတ်ကြပေမယ့် လက်တွေ့မှာတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ ပန်းစည်းလေးတွေကို မြင်ရတိုင်း အရမ်းဝမ်းသာရပါတယ်။ 🌸🤍

ဒီသင်တန်းသူလေးလည်း အခြေခံလုံးဝမရှိဘဲ ဝါသနာကို အရင်းခံပြီး သင်ယူခဲ့တာပါ။ အခုတော့ ပန်းစည်းတစ်စည်းကို နုနုယွယွ၊ သေသေချာချာနဲ့ စည်းနှောင်နိုင်သွားတာ မြင်ရတော့ ဆရာမအနေနဲ့ ဂုဏ်ယူမိပါတယ်။ ✨

Elisa’s က Marketing အတွက် Budget အများကြီးသုံးပြီး ကြော်ငြာနေတဲ့ သင်တန်းကျောင်းမဟုတ်ပါဘူး။ ဒါပေမယ့် သင်တန်းသူတွေရဲ့ တိုးတက်လာတဲ့ လက်ရာတွေ၊ ပန်းတွေအပေါ် နားလည်မှုတွေ၊ ဖန်တီးမှုစိတ်ဓာတ်တွေ ပြောင်းလဲတိုးတက်လာတာတွေကပဲ Elisa’s အတွက် အကြီးဆုံးသော အားပေးမှုနဲ့ ဂုဏ်ယူစရာတွေပါ။ 🌿🤍

ပန်းစည်းတစ်စည်း ဖန်တီးတတ်သွားတာထက် ပန်းတွေကို ချစ်တတ်လာတာ၊ အလှကို မြင်တတ်လာတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတာတွေက Elisa’s သင်တန်းရဲ့ တန်ဖိုးအမှန်တွေပါပဲ။ 🌸✨

https://www.facebook.com/share/v/17ifRA7Ezo/?mibextid=wwXIfr

08/06/2026

💙 Deep Blue Theme Bouquet
A stunning blend of deep blue hues

Elisa Floral Culture (အယ်လီဆာပန်းဆိုင်)

🏡 No -371 , Kyun Shwe Myaing St.,
Thuwana ,Thingangun Tsp., Yangon .
ကျွန်းရွေမြိုင်လမ်း ၊ သုဝဏ VIP1
☎️ 09 685348165 , 09 777228484

https://maps.app.goo.gl/vXieAV5QPtWwWC4K8

Viber : 09 777 22 8484
WeChat : Elisafloralculture




#花点
#阳市花店


flowers


Flowers
#ပန်းစည်း

“ပန်းသင်တန်းက စျေးသက်သက်သာသာနဲ့ မရှိကြဘူးလား?” 😊ဒီမေးခွန်းကို မကြာခဏ ကြားရပါတယ်။Florist လုပ်မယ်၊ Flower Shop လုပ်ငန်းထဲ ...
05/06/2026

“ပန်းသင်တန်းက စျေးသက်သက်သာသာနဲ့ မရှိကြဘူးလား?” 😊

ဒီမေးခွန်းကို မကြာခဏ ကြားရပါတယ်။

Florist လုပ်မယ်၊ Flower Shop လုပ်ငန်းထဲ ဝင်မယ်ဆိုရင် အရင်ဆုံး စဉ်းစားရမှာက ငွေအရင်းအနှီးပါ။ နောက်တစ်ခုက ဒီလုပ်ငန်းကိုယ်နဲ့ သင့်တော်ရဲ့လား၊ ရေရှည်အလုပ်တစ်ခုအဖြစ် လုပ်နိုင်မလား ဆိုတာပါ။

Florist အလုပ်ဆိုတာ တစ်ပွဲထိုး၊ တစ်နပ်စား လုပ်လို့ရတဲ့ အလုပ်မဟုတ်ပါဘူး။ ငွေကြေး၊ အချိန်၊ ဝါသနာ၊ စိတ်ရှည်မှုတွေ လိုအပ်သလို အရေးကြီးဆုံးကတော့ Professional Skill ပါပဲ။

ကျွန်မ ဒီလုပ်ငန်းထဲမှာ (၁၀) နှစ်နီးပါး ရှိလာခဲ့ပါပြီ။ အခုချိန်ထိလည်း ပြည်ပနိုင်ငံတွေမှာ ပန်းပညာတွေ ဆက်လက်လေ့လာနေဆဲပါ။ ပေးရတဲ့ သင်တန်းကြေးတွေက ဒီနိုင်ငံထက် အဆများစွာ ပိုများပေမယ့် ပညာတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် သဘောထားပြီး သင်ယူနေဆဲ ဖြစ်ပါတယ်။

ပန်းစည်းတတ်ရုံ၊ ပန်းထိုးတတ်ရုံနဲ့တော့ Florist တစ်ယောက် မဖြစ်နိုင်ပါဘူး။ Professional Florist တစ်ယောက်ဖြစ်ဖို့ Design Concept, Flower Knowledge, Color Theory, Customer Service နဲ့ Business Management အထိ နားလည်ဖို့ လိုပါတယ်။

ဒီလုပ်ငန်းမှာ တချို့က လွယ်လွယ်ကူကူ ဝင်လာကြတယ်။ စျေးနှုန်းတွေ လျှော့ရောင်းကြတယ်။ ဒါပေမယ့် ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် စျေးနှုန်းတစ်ခုတည်းနဲ့ မရပါဘူး။ ကိုယ့်ရဲ့ ပညာ၊ အရည်အသွေး၊ ဖန်တီးနိုင်စွမ်းနဲ့ Professionalism ကသာ အရေးကြီးပါတယ်။

ဒါကြောင့် ပန်းသင်တန်းတစ်ခု ရွေးချယ်တဲ့အခါ “ဘယ်လောက်စျေးသက်သာလား” ဆိုတာထက် “ဘယ်လောက်တန်ဖိုးရှိတဲ့ ပညာနဲ့အတွေ့အကြုံတွေရမလဲ” ဆိုတာကို ပိုစဉ်းစားစေချင်ပါတယ်။

ပညာဆိုတာ ကုန်ကျစရိတ်မဟုတ်ပါဘူး။ ကိုယ့်အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ 🌸 ပညာတစ်ခုကို မှန်ကန်စွာ သင်ယူထားခြင်းက ရေရှည်မှာ ကိုယ့်ရဲ့ အလုပ်အကိုင်နဲ့ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ် 🤍

ဒါ့အပြင် ပန်းမှာယူတဲ့ ဧည့်သည်တွေရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကို ရရှိဖို့ဆိုရင်လည်း ပညာအခြေခံက အရေးကြီးပါတယ်။ ပန်းပညာကို စနစ်တကျ လေ့လာသင်ယူထားတဲ့ Florist တစ်ယောက်ဟာ ပန်းလေးလှအောင်လုပ်ပေးနိုင်ရုံမကဘဲ Customer ရဲ့ လိုအပ်ချက်ကို နားလည်ပြီး Professional ကျကျ ဝန်ဆောင်မှုပေးနိုင်ပါတယ်။

ချစ်ခြင်းများစွာဖြင့်စာသင်ပေးလိုက်ပါတယ်

ချစ်တဲ့ Elisa Yoon

🌸 Elisa Floral Culture Flower မှ နှုတ်ခွန်းဆက်သပါတယ်ရှင် 🌸ပွဲတော်ရက်ပန်းအော်ဒါများစွာနဲ့ အလုပ်များခဲ့တဲ့ May လလေးလည်း ကု...
03/06/2026

🌸 Elisa Floral Culture Flower မှ နှုတ်ခွန်းဆက်
သပါတယ်ရှင် 🌸

ပွဲတော်ရက်ပန်းအော်ဒါများစွာနဲ့ အလုပ်များခဲ့တဲ့ May လလေးလည်း ကုန်ဆုံးသွားပါပြီနော် ✨

အရင်က ကြိုတင်အသိပေးထားတဲ့အတိုင်း June နှင့် July လများအတွက် Floral Class များကို ဖွင့်လှစ်သင်ကြားပေးသွားပါမယ်ရှင် 🌷

💐 Business Basic Floral Class

ပန်းများနဲ့အတူ စိတ်အပန်းဖြေချင်သူများ၊ Floral Arrangement ကို အခြေခံမရှိသေးပေမယ့် လေ့လာချင်သူများအတွက် အထူးသင့်တော်သော Class ဖြစ်ပါတယ်။

ပန်းများနဲ့အတူ Healing Time ကောင်းကောင်း ရရှိစေမယ့် သင်တန်းလေးပါရှင် 🤍

Basic Class သည် အခြေခံကျွမ်းကျင်မှုများကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ထားသော သင်တန်းဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ခုစီကို နှစ်ကြိမ်စီ လက်တွေ့လေ့ကျင့်ရသည့်အတွက် ပန်းစည်းပြုလုပ်ခြင်းအခြေခံများကို သေချာနားလည်တတ်မြောက်စေမှာပါ။

သင်ခန်းစာများတွင်

• Round Style Design (၂ မျိုး)
🌸 ၉၉ပွင့်ပန်းစည်း & ၃၀ ပွင့်ပန်းစည်းNew Design
• Basket Arrangement (၁ မျိုး)
• Centerpiece Arrangement (၁ မျိုး)
• Bouquet Design ( ၄ မျိုး)
🌸နှင်းဆီပန်းစည်း {hand-tied}
🌸နိုင်ငံခြားပန်းအရောပန်းစည်း {hand-tied}
🌸Snack & Money bouquet

စုစုပေါင်း Design ၈ မျိုး ပါဝင်ပြီး ရောင်းချနိုင်သည့် Product များ ဖန်တီးနိုင်သည်အထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

⏰ Class Duration
• Basic Class –၅၆ နာရီခန့်

(သင်ကြားမှုအခြေအနေပေါ်မူတည်၍ အချိန်အနည်းငယ် ပိုကြာနိုင်ပါသည်)

📌 One Day Class အဖြစ်လည်း တက်ရောက်နိုင်ပြီး
ရက်ချိန်းနှင့် အချိန်ကို Elisa Floral မှတဆင့် ညှိနှိုင်းနိုင်ပါတယ်ရှင်။

🗓️ 18 June ~ 24 June

Class Date မတိုင်မီ အမြန်ဆုံးကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

Business Advance Class

Advance Class သည် Floral Design အခြေခံများကို နားလည်ပြီးသားသူများ၊ Florist အဖြစ် ပိုမိုကျွမ်းကျင်ချင်လိုသူများအတွက် ရည်ရွယ်ထားသော အတန်းဖြစ်ပါတယ် 🌿

ဒီ Class တွင် ပန်းများ၏ Structure၊ Color Combination၊ Product Design နှင့် Professional Techniques များကို ပိုမိုနက်ရှိုင်းစွာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

💐 သင်ခန်းစာများတွင်

Large Bouquet Design
• Bridal Bouquet Design
• Opening Stand
• Heart shape 100 Roses bouquet
• Korea Style Bouquet Design
• Modern Centerpiece Design or
Funeral Flower wreath • Premium Flower Basket Arrangement
• Event & Gift Floral Styling

စသည့် အဆင့်မြင့် Design များကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး Customer Order များကို ပိုမိုယုံကြည်မှုရှိစွာ ဖန်တီးနိုင်ရန် အထောက်အကူပြုစေမှာပါ။

🌸 ပန်းဒီဇိုင်းတစ်ခုကို လှပစွာဖန်တီးနိုင်ရုံသာမက Product Value နှင့် Professional Finishing ကိုပါ အလေးထားသင်ကြားပေးသွားပါမယ်။

⏰ Class Duration (၅၆ )နာရီခန့်

(သင်ကြားမှုအခြေအနေပေါ်မူတည်၍ အချိန်အနည်းငယ် ပိုကြာနိုင်ပါသည်)

🗓️ 9 July ~ 16 July (12July Off )

Class Date မတိုင်မီ အမြန်ဆုံးကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

Professional Florist တစ်ယောက်အဖြစ် နောက်တစ်ဆင့်တက်လှမ်းချင်သူများအတွက် အထူးသင့်တော်သော Class လေးဖြစ်ပါတယ် 🌿✨

🎁 သင်တန်းနှစ်ခုလုံးကို တစ်ကြိမ်တည်းအပ်နှံပါက Tuition Fee 5% Discount ရရှိမည်ဖြစ်ပြီး သင်တန်းအားလုံးတွင် Materials Fees ပါဝင်ပြီးသား ဖြစ်ပါတယ်ရှင် 🌸

အသေးစိတ်စုံစမ်းလိုပါ 09777228484 Viber /Wechat မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤍

တီချယ် Elisa Yoon အကောင့်လေး follow လေးလုပ်ထားပေးနောိနောက်ဆိုဒီအကောင့်လေးကနေပဲပန်းသင်တန်းနှင့်သက်ဆိုင်တဲ့အကြောင်းအရာလေးတ...
26/05/2026

တီချယ် Elisa Yoon အကောင့်လေး follow လေးလုပ်ထားပေးနောိ

နောက်ဆိုဒီအကောင့်လေးကနေပဲပန်းသင်တန်းနှင့်သက်ဆိုင်တဲ့အကြောင်းအရာလေးတွေတင်ပေးတော့မှာပါနော်

https://www.facebook.com/share/1Ev96fTxsH/?mibextid=wwXIfr

25/05/2026

French Style flower basket


25/05/2026

Hand-tied Korea Style Bouquet

Address

371, Kyun Shwe Myaing Street, Thuwana VIP 1
Yangon
NEARSAYEEPINSTREET

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00

Telephone

+959777228484

Website

Alerts

Be the first to know and let us send you an email when Elisa Floral Culture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Elisa Floral Culture:

Share