Sar Boo Taung Book shop

Sar Boo Taung Book shop Book Shop

စိတ်၀င်စားဖို့လည်းကောင်းရမယ် ပေါ့ပေါ့ပါးပါးလေးနဲ့ ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်တွေအကြောင်းကိုဖတ်ချင်တယ် ဆိုရင် ကမ္ဘာ့အထင်ကရပုဂ္...
10/07/2023

စိတ်၀င်စားဖို့လည်းကောင်းရမယ် ပေါ့ပေါ့ပါးပါးလေးနဲ့ ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်တွေအကြောင်းကိုဖတ်ချင်တယ် ဆိုရင်
ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များ -၂
ဖရက်ဒရစ် ဒေါက်ဂလပ်
ခင်မောင်တိုး မိုးမိတ်

ဒီနေ့အတွက် ညွှန်းပေးမယ့်စာအုပ်လေးကတော့ ဆရာမ ပုညခင်ရဲ့ "ပန်းတွေပွင့်ဖို့ စောင့်ရချိန်" ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်...
27/06/2023

ဒီနေ့အတွက် ညွှန်းပေးမယ့်စာအုပ်လေးကတော့ ဆရာမ ပုညခင်ရဲ့ "ပန်းတွေပွင့်ဖို့ စောင့်ရချိန်" ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်

ဒီစာအုပ်လေးဟာဆိုရင် မြန်မာပြည်မြောက်ဖျား ရေခဲတောင်တွေတည်ရှိရာ ကချင်ပြည်နယ်လေးကို အခြေပြုပြီး ရေးသားထားတာ ဖြစ်ပါတယ်

ကချင်ပြည်နယ်က အလှတရားတွေ၊ သဘာ၀ သယံဇာတတွေ၊ တစ်နိုင်ငံလုံးအတိုင်းအတာ ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးဝါးအကြောင်းတွေ ပါ၀င်တဲ့ စာအုပ်လေးဖြစ်ပါတယ်

မူးယစ်သားကောင်ဖြစ်သွားတဲ့ မောင်လေးကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ရတဲ့ ဆိုင်းထွယ်ပန်ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အခြေတည်ပြီး ရေးသားထားတဲ့စာအုပ်လေးပါ

‌မောင်လေးက ဘာလို့ မူးယစ်သားကောင်ဖြစ်သွားရတာလဲ၊သူတို့မိသားစုအခြေအနေတွေက ဘယ်လိုတွေရှိနေလဲ၊ တစ်ခြားမူးယစ်ဆေးဝါးစွဲနေတဲ့သူတွေကကော ဘယ်လိုကနေ စဖြစ်ကြတာလဲ ဆိုတာတွေကိုလည်း ဖတ်ရှူရမှာပါ

ဒီစာအုပ်လေးက ရသတစ်မျိုးတည်းပေးတာမဟုတ်ဘူး သုတကော ရသ နှစ်မျိုးလုံး ရရှိတာမလို့ ဖတ်သင့်တဲ့စာအုပ်လေးပါ

အပြင်မှာအမှန်တကယ် ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို အခြေတည်ရေးသားထားတာမလို့ တစ်ချို့အကြောင်းအရာတွေက ဖြစ်တည်လာရတဲ့ အကြောင်းအရင်းတွေကိုလည်း သိရှိသဘောပေါက်သွားစေမှာပဲဖြစ်ပါတယ်

စာအုပ်လေးရဲ့နာမည်ကတော့ "ပန်းတွေပွင့်ဖို့စောင့်ရချိန်" ပါ

#ပုညခင်

ဆေးပညာနဲ့ဆက်စပ်တဲ့အကြောင်းအရာတွေ ဆေးလောကနောက်ခံ ဇာတ်လမ်းကောင်းတွေကိုဖတ်ချင်သူတွေအတွက် စာရေးဆရာနတ်နွယ် ဘာသာပြန်ထားတဲ့ အဖြ...
25/06/2023

ဆေးပညာနဲ့ဆက်စပ်တဲ့အကြောင်းအရာတွေ ဆေးလောကနောက်ခံ ဇာတ်လမ်းကောင်းတွေကိုဖတ်ချင်သူတွေအတွက်

စာရေးဆရာနတ်နွယ် ဘာသာပြန်ထားတဲ့
အဖြူရောင်သစ္စာပန်းတစ်ပွင့်
တန်ဖိုး 8500 Ks

စုံထောက်၀တ္ထုတွေကိုမှ နှစ်သက် စွဲလမ်းသူတွေဆို ရှားလော့ဟုမ်း၀တ္ထုရှည်ပေါင်းချုပ်ကို ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။စိုး...
25/06/2023

စုံထောက်၀တ္ထုတွေကိုမှ နှစ်သက် စွဲလမ်းသူတွေဆို
ရှားလော့ဟုမ်း၀တ္ထုရှည်ပေါင်းချုပ်ကို ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။
စိုးမြိုင်
ရှားလော့ဟုမ်း လုံးချင်း၀တ္ထုရှည်ပေါင်းချုပ်
တန်ဖိုး 9000ကျပ်
Sar Boo Taung Book shop

ဆရာမနုနုရည်အင်းဝရဲ့  သူစိမ်းတွေကြားမှာစာအုပ်လေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ဒီစာအုပ်လေးက ဆရာမရဲ့  နိုင်ငံရပ်ခြားသွားခဲ့တဲ့ ခရီးစ...
13/06/2023

ဆရာမနုနုရည်အင်းဝရဲ့ သူစိမ်းတွေကြားမှာစာအုပ်လေးနဲ့ မိတ်ဆက်ပေးပါ့မယ်။

ဒီစာအုပ်လေးက ဆရာမရဲ့ နိုင်ငံရပ်ခြားသွားခဲ့တဲ့ ခရီးစဉ်အကြောင်းလေးတွေကို ဆောင်းပါးအနေနဲ့ ရေးသားထုတ်ဝေထားတဲ့ စာအုပ် လေးဖြစ်ပါတယ်။
ဆရာမရဲ့ စာအုပ်လေးတွေကို ဖတ်ကြည့်ဖို့မျှော်နေတဲ့ သူတွေအတွက်တော့ ဝတ္တုပုံစံမဟုတ်တဲ့ အလွမ်းပြေ ခရီးသွားစာအုပ်လေးကိုဖတ်ရှုရမှာပဲဖြစ်ပါတယ်။

" ကျမ လွမ်းတဲ့အိမ်က
ချစ်သူ့အိမ် မဟုတ်ဖူး
မိဘအိမ် မဟုတ်ဖူး
ကျမ တိုင်းပြည်လေးကို လွမ်းတာ
ကျမ တိုင်းပြည်ရဲ့ အနံ့လေးကို လွမ်းတာ "

ကျွန်နော်တို့ Sar Boo Taung Book shop လေးကို ဆရာမရဲ့သူစိမ်းတွေကြားမှာ စာအုပ်လေးနဲ့ မဲဖောက်ပြီးPage ကို စတင်မိတ်ဆက်ခဲ့ဖူးပါသေးတယ်။

ဆရာမ နုနုရည်အင်းဝ
သူစိမ်းတွေကြားမှာ
စာအုပ်တန်ဖိုး 7000 Kyats
Sar Boo Taung Book shop
09960244178/09986401657

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် - ဂျူး #ဂျူး
26/05/2023

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် - ဂျူး

#ဂျူး

မိုးရာသီနဲ့လိုက်ဖက်မယ့် စာအုပ်လေး၅အုပ်ကိုရွေးချယ်ပေးထားပါတယ်။"လွမ်းတယ် ဆိုတာ အထက်တန်းကျတဲ့ ခံစားမှုပဲ မေမေ  မလွမ်းဖူးသေး...
25/05/2023

မိုးရာသီနဲ့လိုက်ဖက်မယ့် စာအုပ်လေး၅အုပ်ကိုရွေးချယ်ပေးထားပါတယ်။

"လွမ်းတယ် ဆိုတာ အထက်တန်းကျတဲ့ ခံစားမှုပဲ မေ
မေ မလွမ်းဖူးသေးလို့ပါ"
ပန်းကြာ၀တ်မှုန် ၀တ္ထုမှကောက်နှုတ်ချက်

ခင်ခင်ထူး -ပန်းကြာ၀တ်မှုန်
မစန္ဒာ- အရိပ်
မောင်၀ဏ္ဏ- တက္ကသိုလ်လွမ်းချင်း
သိုးဆောင်း- ဧဒင်မြို့ကအပြေးသမား
ဂျူး -အမှတ်တရ

စာအုပ်များကို Sar Boo Taung Book shop မှာ အလွယ်တကူ မေးမြန်းဆက်သွယ်ပြီး ၀ယ်ယူနိုင်ပါတယ်

09960244178/09986401657 တို့ကိုလည်း ရုံးချိန်အတွင်းဆက်သွယ်မှာယူနိုင်ပါတယ်။

ဒီနေ့မှာတော့ မင်မင်က ဆရာကြီးရွှေဥဒေါင်းရဲ့  အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ ပထမံဆရာသိန်း စာအုပ်လေးနဲ့မိတ်ဆက်ပေးပါမယ်။ စာအုပ်မှာ...
24/05/2023

ဒီနေ့မှာတော့ မင်မင်က ဆရာကြီးရွှေဥဒေါင်းရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ ပထမံဆရာသိန်း စာအုပ်လေးနဲ့မိတ်ဆက်ပေးပါမယ်။
စာအုပ်မှာပထမပိုင်းနဲ့ ဒုတိယပိုင်းဆိုပြီးပါ ရှိပါတယ်။

ပထမပိုင်းမှာတော့ တရုတ်ကပြားကိုကျင်စိန်က ဇာတ်လမ်းကိုပြန်ပြောပြတဲ့ ပုံစံလေးကိုတွေ့မြင်ရမှာပါ
အလုပ်လိုက်ရှာတဲ့ ကိုကျင်စိန်နဲ့ ဆရာသိန်းတို့ နှစ်ယောက် အဆက်အသွယ်ရသွားတာကိုဖတ်ရှုရမှာဖြစ်ပြီး
ဆရာသိန်းက ဂါထာမန္တရားအတတ်၊ စိတ်ညို့ခြင်းအတတ် ၊ ရုပ်ပြောင်းရုပ်လွှဲ အတတ်တွေကို အသုံးပြုပြီး တိဗက်မှာရှိနေတဲ့ အာတပ္ပနဗေဒင်ကျမ်း( အနာဂတ်ကိုကြိုတင်သိမြင်နိုင်တဲ့ ကျမ်း) ကို ရရှိနိုင်ဖို့ယုံကြည်ရတဲ့ သူတွေနဲ့ သွားရှာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

ဒုတိယပိုင်းကတော အာတပ္ပနဗေဒင်ကျမ်းကိုရရှိနိုင်ဖို့ မှားသည်မှန်သည်မစဉ်းစားဘဲ ဥပေါသထ ရဟန်း ကို ပစ်မှားခဲ့ လို့ သူပြန်ခံရတော့မယ့်အကြောင်းဖြစ်ပါတယ်။
ဇာတ်ကြောင်းပြန်ပြောပြတဲ့ဇာတ်ကောင်ကလည်း တစ်ယောက်ထဲ မဟုတ်တော့ဘဲ စွန့်စားခန်းတွေကို ပြန်ပြောပြတဲ့ ဇာတ်ဝင်ခန်းတွေကိုပါဖတ်ရှုရမှာဖြစ်ပါတယ်။

ဒီစာအုပ်ကတော့ စွန့်စားခန်း တွေ ၊ ခရီးကြမ်းတွေ၊ ဂမ္ဘီရအကြောင်းတွေ ၊ ထူးထူးခြားခြားဖြစ်ရပ် ပုံစံ ကြိုက်တဲ့ သူတွေအတွက် လက်ကမချတမ်းဖတ်ဖြစ်မယ့်စာအုပ်လို့ပြောချင်ပါတယ်။

ပထမံဆရာသိန်း (ရွှေဥဒေါင်း)
Price ( 7000ks)
Sar Boo Taung Book shop

စာအုပ်တိုက်မှာပါ ပစ္စည်းပြတ်တဲ့အထိရောင်းရတဲ့ "မဖတ်ရ မြဲတတ်သည်"စာအုပ်လေး ပြန်ရပါပြီနော်ဒီအတောအတွင်း စာအုပ်လေးကို၀ယ်ချင်လိ...
22/05/2023

စာအုပ်တိုက်မှာပါ ပစ္စည်းပြတ်တဲ့အထိရောင်းရတဲ့ "မဖတ်ရ မြဲတတ်သည်"စာအုပ်လေး ပြန်ရပါပြီနော်

ဒီအတောအတွင်း စာအုပ်လေးကို၀ယ်ချင်လို့လာမေးနေတဲ့သူတွေလည်း ပြန်၀ယ်လို့ရနေပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်...


#မဖတ်ရမြဲတတ်သည်
#ရာဇာဝိဇယ

တနင်္လာနေ့မှစပြီး အရာရာကို အဆင်ပြေစွာနဲ့ ကျော်လွှားနိုင်ကြပါစေ
22/05/2023

တနင်္လာနေ့မှစပြီး အရာရာကို အဆင်ပြေစွာနဲ့ ကျော်လွှားနိုင်ကြပါစေ

"ကတိသစ္စာတည်သောခါ၀ယ်နွယ်မြက်သစ်ပင် ချစ်သက်၀င်၏" #သိုးဆောင်းSar Boo Taung Book shop တွင် မှာယူလို့ရပါပြီ။Price 5500
21/05/2023

"ကတိသစ္စာတည်သောခါ၀ယ်
နွယ်မြက်သစ်ပင် ချစ်သက်၀င်၏"
#သိုးဆောင်း
Sar Boo Taung Book shop တွင် မှာယူလို့ရပါပြီ။
Price 5500

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959960244178

Website

Alerts

Be the first to know and let us send you an email when Sar Boo Taung Book shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category