Royal Techies

Royal Techies DIY Liquid Cooling Shop

😄
18/11/2025

😄

Microsoft မှ KMS38 Activator ကို ပိတ်ဆို့လိုက်ခြင်းကြောင့် Pirated Windows များ၏ Activation ပျက်သွားနိုင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

လူသိများတဲ့ Open-Source Tool ဖြစ်တဲ့ KMS38 Activator ဟာ Massgrave လို့ခေါ်တဲ့ အဖွဲ့တစ်ခုက ဖန်တီးခဲ့တာ ဖြစ်ပြီး MAS ဆိုတာ Microsoft Activation Scripts ကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒီ Tool ဟာ Windows နဲ့ Office ကို ပိုက်ဆံမပေးရဘဲ အသက်သွင်းဖို့အတွက် အလွယ်ကူဆုံးနဲ့ အလုံခြုံဆုံး နည်းလမ်းတွေထဲက တစ်ခုအဖြစ် လူသိများခဲ့ပြီး တရားဝင်လိုင်စင်ရထားတဲ့ ကွန်ပျူတာတွေလိုပဲ Official Update အားလုံးကို Install လုပ်နိုင်စေခဲ့ပါတယ်။

November 2025 Patch Tuesday update အပြီးမှာတော့ ဒီ Tool နဲ့ Activate လုပ်ထားတဲ့ PC တွေဟာ Activation ပျက်သွားပြီး Microsoft ဒါမှမဟုတ် တရားဝင်ရောင်းချသူတွေဆီကနေ လိုင်စင်ဝယ်ယူဖို့ တိုက်တွန်းတဲ့ စာသားတွေ ပေါ်လာနေပါတယ်။ တရားဝင် Windows 11 လိုင်စင်တွေကို အွန်လိုင်းမှာ ၁၀ ဒေါ်လာ လောက်နဲ့ ရှာဖွေနိုင်ပြီး Office 2021 Pro ကတော့ ၃၉ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

KMS38 ဟာ ဆော့ဖ်ဝဲလ်ဖိုရမ်တွေ၊ ခိုးကူးဝက်ဘ်ဆိုဒ်တွေနဲ့ GitHub တွေမှာ နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့ပြီး၊ နည်းပညာကျွမ်းကျင်သူတွေရော၊ အသစ်ဝင်လာသူတွေပါ အများအပြား အသုံးပြုခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီ Download File ကို Microsoft ပိုင်ဆိုင်တဲ့ Platforms တွေဖြစ်တဲ့ Azure DevOps နဲ့ GitHub တို့မှာတောင် တင်ထားခဲ့တာပါ။ Massgrave ရဲ့ Developers တွေက သူတို့ရဲ့ကိုယ်ပိုင် Git Repository နဲ့ Website တွေကိုပါ ထိန်းသိမ်းထားပြီး အဆင့်ဆင့် Activation လမ်းညွှန်တွေကို ပေးထားခဲ့တာပါ။

KMS38 ကို ပိတ်လိုက်တာက Malware တွေကနေ သုံးစွဲသူတွေကို ကာကွယ်ပေးတဲ့ ခြေလှမ်းဖြစ်တယ်လို့ တချို့က ထောက်ပြကြပေမဲ့ တချို့ကတော့ KMS38 ဟာ လူတိုင်း စစ်ဆေးနိုင်တဲ့ Open-Source Tool ဖြစ်တာကြောင့် Malware အတွက် စိုးရိမ်စရာမရှိဘူးလို့ ပြန်လည်ချေပကြပါတယ်။ ZDNet အပါအဝင် နာမည်ကြီး နည်းပညာသတင်းမီဒီယာများစွာကလည်း ဒီ Activation Method ကို စမ်းသပ်ခဲ့ပြီး ကြော်ငြာထားတဲ့အတိုင်း အလုပ်လုပ်ကြောင်း အစီရင်ခံခဲ့ပါတယ်။

Massgrave ရဲ့ နောက်ဆုံး Changelog မှာ Microsoft ရဲ့ ပိတ်ဆို့မှုကြောင့် KMS Activation Option ကို Tool ထဲကနေ ဖယ်ရှားလိုက်ပြီလို့ မှတ်ချက်ပြုထားပါတယ်။ Developers တွေကတော့ အခုအခါမှာ အခြားနည်းလမ်းတွေဖြစ်တဲ့ HWID (Hardware ID) ဒါမှမဟုတ် TSforge Activation Method တွေကို ပြောင်းလဲသုံးစွဲဖို့ တိုက်တွန်းထားပြီး နောင်မှာ ဒီပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး တရားမဝင် Activation နည်းလမ်းတွေကို နှိမ်နင်းလာတာဟာ Microsoft Account မပါဘဲ Windows 11 ကို Install လုပ်တဲ့ နည်းလမ်းအားလုံးကို ပိတ်ဆို့ပြီး လအနည်းငယ်အကြာမှာ ဖြစ်လာတာပါ။ ဒီ update ကြောင့် Local Account သုံးပြီး Windows 11 ကို Offline မှာ Install လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

Windows နဲ့ Office ခိုးကူးမှုဟာ Microsoft အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေခဲ့ပေမဲ့ သမိုင်းကြောင်းအရတော့ ကုမ္ပဏီဟာ ဒီကိစ္စကို အတော်လေး တင်းတင်းကျပ်ကျပ် မဟုတ်ဘဲ လျှော့ပေါ့ ကိုင်တွယ်ခဲ့ဖူးပါတယ်။ Bill Gates ကိုယ်တိုင်တောင် ခိုးကူးမှုက Windows ကို လူသုံးများလာအောင် အထောက်အကူပြုပြီး လူသုံးအများဆုံး Desktop Operating System အဖြစ် တည်မြဲစေခဲ့တယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။ ဒါပေမဲ့ Microsoft ရဲ့ လတ်တလော လုပ်ဆောင်မှုတွေကတော့ သူတို့ရဲ့ ခိုးကူးမှုအပေါ် လျှော့ပေါ့တဲ့ သဘောထားကနေ နောက်ဆုံးတော့ တင်းကျပ်တဲ့ သဘောထားဘက်ကို ပြောင်းလဲလာပြီဆိုတာကို ပြသနေပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: TechSpot





Website
https://www.enthuetech.com/2025/11/microsoft-has-closed-pirated-windows-copy-activation.html

Join our Telegram channel now!
https://t.me/EnThueTech

If ur interested,  u might get at least one knowledge.Subscribe Now This Channel!!!
21/07/2025

If ur interested, u might get at least one knowledge.
Subscribe Now This Channel!!!

Learn Visually. A channel of animated information technology videos such as networking, computers, routers, switches, servers, comptia courses, etc. Thank you for stopping by. All videos are copyrighted. Re-uploading these videos to youtube or any other platform is strictly prohibited.

11/01/2025

VLC Media Player တွင် အင်တာနက်မလိုအပ်သည့် Offline AI ဘာသာပြန်စာတမ်းထိုးစနစ်ပါဝင်လာမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

VLC Media Player ရဲ့ နောက်ကွယ်က အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ VideoLAN က CES 2025 ပွဲမှာ ပြုလုပ်တဲ့ ရှင်းလင်းတင်ဆက်မှုတစ်ခုမှာ သူတို့ရဲ့ လူကြိုက်များတဲ့ open-source multimedia tool ဟာ ဒေါင်းလုဒ်ရယူမှုအကြိမ် ၆ ဘီလီယံ ရောက်ရှိခဲ့ကာ မှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာ အတော်ထူးခြားပေမဲ့ ပြင်ပက ရယူထားတဲ့ download အရေအတွက်တွေကို ထည့်မတွက်ထားတာကြောင့် ဒီ ၆ ဘီလီယံဆိုတဲ့ ကိန်းဂဏန်းဟာ အမှန်တကယ်ထက် လျော့နည်းနေနိုင်ပါတယ်။ ဒါ့အပြင် VideoLAN ရဲ့ တီထွင်သူတွေက သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီထဲမှာ အဓိကအချက်ကတော့ AI နည်းပညာနဲ့ အလိုအလျောက် စာတန်းထိုးပေးနိုင်တဲ့ စနစ်နဲ့ ဘာသာစကား ၁၀၀ အတွက် တပြိုင်နက် ဘာသာပြန်ပေးနိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို လက်ရှိဖန်တီးနေဆဲဖြစ်ပြီး open-source AI နည်းပညာကို အသုံးပြုပြီး ဗီဒီယိုကြည့်နေချိန်မှာတင် အလိုအလျောက်စာတန်းထိုးပေးနိုင်အောင် ရည်ရွယ်ထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက VLC ရဲ့ AI စာတန်းထိုးစနစ်ဟာ OpenAI ရဲ့ Whisper လိုမျိုး နာမည်ကြီးတဲ့ အသံကနေ စာသားပြောင်းပေးတဲ့ နည်းပညာ (automatic speech recognition - ASR) ကို အတုယူထားပုံရပါတယ်။ Whisper ဟာ ကြီးမားတဲ့ ဒေတာအစုအဝေးတွေကို အသုံးပြုပြီး လေ့ကျင့်ပေးထားတာကြောင့် မတူညီတဲ့ အသံနေအသံထားနဲ့ ဒေသခံစကားတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့အတွက် နာမည်ကျော်ကြားပါတယ်။

ဒါပေမဲ့ VLC ကတော့ မတူညီတဲ့ နည်းလမ်းကို အသုံးပြုပြီး AI စနစ်တွေကို VLC အက်ပ်ထဲမှာ တိုက်ရိုက်ထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒီ feature ဟာ အင်တာနက်ချိတ်ဆက်မှု မလိုအပ်တာ ဒါမှမဟုတ် privacy ကို အလေးထားတဲ့ သုံးစွဲသူတွေအတွက် စိုးရိမ်စရာဖြစ်လေ့ရှိတဲ့ cloud-based ဝန်ဆောင်မှုတွေကို အားကိုးစရာမလိုတာကြောင့် အထူးအရေးလှပါတယ်။

ဒီ feature အသစ်နဲ့ပတ်သက်ပြီး VideoLAN ဥက္ကဋ္ဌ Jean-Baptiste Kempf က “စာတန်းထိုးတွေကို သင့်ဘာသာစကားနဲ့ အလိုအလျောက် ဘာသာပြန်ပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ အဓိကအချက်ကတော့ ဒါကို သင့်ရဲ့ကွန်ပျူတာမှာ အင်တာနက်မလိုဘဲ တိုက်ရိုက် အသုံးပြုနိုင်တာပါပဲ။ Cloud service တွေကို လုံးဝ အသုံးပြုစရာ မလိုပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒီ AI စာတန်းထိုးစနစ်ဟာ မတူညီတဲ့ ဗီဒီယိုဖိုင် အမျိုးအစားတွေကိုလည်း အသုံးပြုနိုင်တာကြောင့် ပြင်ပဆော့ဖ်ဝဲလ်တွေ မလိုဘဲ ဘာသာစကားအမျိုးမျိုးနဲ့ ဗီဒီယိုတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် အလွန်အသုံးဝင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်လာမှာပါ။ ကုမ္ပဏီရဲ့ အဆိုအရ AI ဟာ ဗီဒီယိုတွေအတွက်ဘာသာစကား ၁၀၀ ကျော်ကို ဘာသာပြန်စာတန်းထိုးပေးနိုင်မှာဖြစ်လို့ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေအတွက် VLC ကို ပိုပြီး အသုံးပြုရ လွယ်ကူစေမှာဖြစ်ပါတယ်။

VideoLAN က ဒီ feature အသစ်ကို ဘယ်တော့ ထုတ်လုပ်မယ်ဆိုတာ အတိအကျ မပြောသေးပေမဲ့ မကြာခင်မှာ အခမဲ့ update အနေနဲ့ ထွက်လာဖို့ ရှိပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ကုမ္ပဏီရဲ့ blog ကနေတစ်ဆင့် မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။

AI နည်းပညာသုံး စာတန်းထိုးနဲ့ ဘာသာပြန်စနစ်ကို VLC မှာ ထည့်သွင်းလိုက်တာဟာ တိုးတက်မှု ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့ AI က အလိုအလျောက် ထုတ်ပေးတဲ့ စာတန်းထိုးတွေ မတိကျတဲ့ ပြဿနာတွေကို developer တွေဘက်က ဘယ်လို ဖြေရှင်းမလဲဆိုတာ တွေးစရာ ဖြစ်နေပါတယ်။ အဲဒီလို မတိကျမှုတွေက သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို ထိခိုက်စေနိုင်ပါတယ်။ PC Mag ရဲ့ ထောက်ပြချက်အရ VLC က ဘယ် open-source AI model တွေကို သုံးမလဲ၊ ဒီ feature ကို သုံးဖို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် ဘယ်လောက် လိုအပ်မလဲဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ်။ သင့်အနေနဲ့ သီးခြား NPU (Neural Processing Unit) ပါတဲ့ PC တစ်လုံး လိုအပ်နိုင်ခြေ ရှိနေပါတယ်။

Source: Tom's Hardware

Website
https://www.enthuetech.com/2025/01/vlc-media-player-offline-ai-subtitles-and-translation.html

Join our Telegram channel now!
https://t.me/EnThueTech





29/10/2024

သတင်းထုတ်ပြန်ချက် - A10 Networks သည် AI application များကို လုံခြုံမှုရှိစွာဖြန့်ကျက်နိုင်ရန်နှင့် ဆိုက်ဘာခံနိုင်ရည်စွမ်းအား တိုးမြှင့်နိုင်စေရေးအတွက် ရည်ရွယ်သည့် အသေးစိတ်အစီအစဉ်ကို ဖော်ပြလာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ပေါင်းစပ်ထားသော Solution ပလက်ဖောင်းသည် ဆိုက်ဘာလုံခြုံရေးအန္တရာယ်များကို လျော့နည်းစေရန်၊ သုံးစွဲသူအတွေ့အကြုံတိုးတက်စေရန်နှင့် IT Infrastructure များကို ပိုမိုရိုးရှင်းစေရန် ကူညီပေးနိုင်

ဆန်ဟိုဆေး၊ ကယ်လီဖိုးနီးယား – ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် – Generative AI (GenAI) နှင့် large language models များအား စွမ်းအားမြင့် GPU များနှင့် တွဲဖက်အသုံးပြုခြင်းအားဖြင့် AI နည်းပညာကို အကျိုးသက်ရောက်မှုမြင့်မားစေခြင်း၊ ဆုံးဖြတ်ချက် များချမှတ်စေနိုင်ခြင်းနှင့် သုံးစွဲသူများအတွက် အတွေ့အကြုံကောင်းများကို ရရှိလာစေပါသည်။ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ AI infrastructure များကို cloud အခြေခံအဖြစ်သော် လည်းကောင်း၊ on-premises အဖြစ်သော်လည်းကောင်း အသုံးချနေပြီး hybrid cloud နည်းဗျူဟာကို အရှိန်အဟုန်မြင့်မားစွာအသုံးပြုနေကြပါသည်။ တချိန်တည်းတွင် လက်ရှိ AI model များတွင် ရှိနေသည့် ဟာကွက်အချို့မှာ ဆိုက်ဘာလုံခြုံရေးအန္တရာယ်များကို ဖြစ်ပေါ်စေပါသည်။ IBM ၏ သုတေသနပြုချက်အရ ဒေတာပေါက်ကြားမှုတစ်ခု၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄.၈၈ သန်း အထိ သိသိသာသာ မြင့်တက်လာသည်ကိုတွေ့ရှိရပြီး AI နည်းပညာအား အများဆုံး အသုံးချနေကြသည့် ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်းနှင့် နည်းပညာကဏ္ဍတို့တွင် အများဆုံးကုန်ကျလျက်ရှိပါသည်။ ခြိမ်းခြောက်အန္တရာယ်ပြုလိုသူများသည် လုံခြုံရေးအားနည်း ချက်များကို အသုံးချ၍ အမြတ်ထုတ်လာသောကြောင့် လုပ်ငန်းအဖွဲ့အစည်းများမှာ ပိုမိုအန္တရာယ်ရှိ လာပါသည်။ နည်းပညာများ ဆက်လက်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများ အနေဖြင့် AI, လုံခြုံရေးနှင့် infrastructure solutions များကို ဖြန့်ကျက်ရန်၊ စီမံခန့်ခွဲရန်၊ AI ဖြင့် အလိုအလျောက်ပေါင်းစပ်ရန် လွယ်ကူသည့် တစ်ခုတည်းသော integrated platform တွင် တည်ဆောက်ထားသည့် အကောင်းဆုံးနည်းပညာများ လိုအပ်လာပါသည်။
A10 Networks (NYSE: ATEN) သည် သုံးစွဲသူများ၏ ဆိုက်ဘာခံနိုင်ရည်စွမ်းအားတိုးမြှင့်စေရန်နှင့် AI စွမ်းအားကို အသုံးပြု၍ ၎င်းတို့၏ infrastructure များကို လုံခြုံစွာစီမံခန့်ခွဲနိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးအန္တရာယ်လျော့နည်းစေပြီး သုံးစွဲသူတို့အတွက် အတွေ့အကြုံနှင့် စွမ်းဆောင်ရည် များကို ပိုမိုကောင်းမွန်စေကာ IT infrastructure များကို ရိုးရှင်းလွယ်ကူစေသည့် လုံခြုံရေးနှင့် AI အခြေခံ solutions များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

AI-Ready Platform ဖြင့် AI နည်းပညာအသုံးချခြင်းကို ထောက်ပံ့မှု
A10 သည် ၎င်းတို့ထုတ်လုပ်ထားသော Advanced Core Operating System (ACOS) ကို ဆက်လက်ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ဆောင်နေပြီး AI stack ဖြင့် အပြည့်အဝ ပေါင်းစပ်ထား ပါသည်။ အဆိုပါ ACOS ကို ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် မိတ်ဆက်ရန် စီစဉ်ထားပြီး A10 solutions များသည် အသုံးပြုသူများ၏ AI Inference နှင့် GenAI environment တို့ကို ပေါင်းစပ်ကာ ဆက်သွယ်ပေးမည် ဖြစ်ပါသည်။ A10 အနေဖြင့် AI ပေါင်းစပ်မှုကို ထပ်မံတိုးချဲ့ရန် လုပ်ဆောင် လျက်ရှိပြီး အချို့သော computationally intensive tasks များကို load-balance and offload ပြုလုပ်ကာ AI inference server CPU များ နှင့် GPUs များအား latency အနည်းဆုံးနှင့် အမြင့်မားဆုံး throughput ကို ပေးအပ်နိုင်မည် ဖြစ်ပါသည်။

A10 Control ဖြင့် ဗဟိုမှ စီမံခန့်ခွဲမှု
A10 Control သည် A10 Thunder ADC နှင့် A10 Defend ထုတ်ကုန် ၂ခုလုံးကို တစ်နေရာတည်းမှ စီမံခန့်ခွဲနိုင်သည့် ဗဟိုစီမံခန့်ခွဲမှုပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ ယခုနှစ်နောက်ပိုင်းတွင် ရရှိနိုင်မည့် အဆိုပါ A10 Control သည် အသုံးပြုသူများအား မိမိတို့၏ လက်ရှိသုံးစွဲနေသော A10 management consoles မှတစ်ဆင့် A10 Control ကို ချောမွေ့စွာပြောင်းရွေ့နိုင်ပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ပိုမိုရိုးရှင်းစေမည်ဖြစ်ပါသည်။ ၄င်းတို့အနေဖြင့် traffic အားလုံးကို မြင်တွေ့နိုင်သည့် dashboard တစ်ခုတည်းမှ A10 device များကို အလိုအလျောက် အဆင့်မြှင့် တင်ခြင်း၊ လိုအပ်သည့် flexible licenses များကို စီမံခန့်ခွဲခြင်းနှင့် စနစ်၏ အခြေအနေအား စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်နိုင် ပါသည်။

AI အထောက်အကူပြု Bot ကာကွယ်မှု
A10 Networks သည် ၎င်းတို့၏ ဆိုက်ဘာလုံခြုံရေးနည်းလမ်းများကို ဆက်လက်တိုးချဲ့နေပါသည်။ A10 ၏ web application security)၊ DDoS detection and mitigation နှင့် DDoS threat intelligence solutions) များတွင် ပေါင်းစပ်ခြင်းအပြင် ယခုအခါ A10 Defend တွင် AI နည်းပညာကို အသုံးပြုသည့် bot ကာကွယ်ရေးစနစ်လည်း ပါဝင်လာမည်ဖြစ်ပါသည်။ အဆိုပါ solution သည် ဖောက်သည်များ၏ applications များကို bot အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပြီး ယခုအခါ လေ့လာစမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။

လုပ်ငန်းသုံး DDoS ကာကွယ်မှု
A10 Defend ၏ DDoS ကာကွယ်မှုစနစ်သည် ကမ္ဘာ့အကြီးမားဆုံး service providers အချို့ကို ကာကွယ်ပေးလျက်ရှိပါသည်။ A10 သည် စီးပွားရေးလုပ်ငန်းကြီးများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် multi-vector နှင့် volumetric DDoS တိုက်ခိုက်မှုများကို တိုက်ဖျက်နိုင်ရန်အတွက် ၎င်းတို့၏လုပ်နိုင်စွမ်းကို တိုးချဲ့လာခဲ့ပါသည်။ ၎င်းသည် လက်ရှိ A10 Defend on-premises DDoS ကာကွယ်ရေးစနစ်နှင့် တွဲဖက်ပြီး cloud တွင် volumetric DDoS တိုက်ခိုက်မှုများကိုလည်း ကာကွယ်နိုင်အောင် ထောက်ပံ့ပေးထားကာ အင်တာနက်လင့်ခ် သို့မဟုတ် on-premises စွမ်းဆောင်ရည်ထက်ကျော်လွန်သည့် တိုက်ခိုက်မှုများကို ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။
A10 Defend နှင့် A10 infrastructure portfolios များသည် စီးပွားရေးလုပ်ငန်းကြီးများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ၎င်းတို့၏ IT လုပ်ငန်းများကို ရိုးရှင်းလွယ်ကူစေရန်၊ ဆိုက်ဘာ လုံခြုံရေးအန္တရာယ်များကို လျော့ချရန်နှင့် သုံးစွဲသူအတွေ့အကြုံကိုမြှင့်တင်ရန် အထောက်အကူပြု နေပါသည်။
"A10 သည် နည်းပညာဆန်းသစ်မှုများနှင့်အတူ စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးနှင့် ဆက်သွယ်မှု ဆိုင်ရာ ရည်မှန်းချက်များ ထိရောက်အောင်မြင်စေရန် နှစ်ပေါင်း ၂၀ ကျော် အကူအညီပေးလာခဲ့ ပါသည်။ နည်းပညာအခင်းအကျင်းသည် အလျင်အမြန်တိုးတက်ပြောင်းလဲနေသည်နှင့်အမျှ ဖောက်သည်များအနေဖြင့် AI နည်းပညာကို အသုံးချကာ ၎င်းတို့၏ infrastructure များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လာကြသည့်အတွက် ကျွန်ုပ်တို့၏ ပြိုင်ဘက်ကင်းထုတ်ကုန်များမှာ ပိုမိုအရေးပါလာပါသည်။”ဟု A10 Networks ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dhrupad Trivedi က ပြောကြားခဲ့ပါသည်။ "A10 သည် ဖောက်သည်များနှင့်အတူ ဤခရီးကို ဆက်လက် အတူတူဖြတ်သန်းကာ ၎င်းတို့၏ မျက်မှောက်နှင့် အနာဂတ်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မိမိတို့ အနေဖြင့် ဆန်းသစ်တီထွင်မှုများ ဆက်လက်ပြုလုပ်နေပါသည်။"

အပိုဆောင်းအရင်းအမြစ်များ
• A10 Defend DDoS Protection: Comprehensive Enterprise DDoS Solution
မိမိတို့အား လူမှုကွန်ယက်တွင် follow လုပ်ပါ
• A10 Networks ၏ ဘလောဂ့်စာမျက်နှာ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်
• LinkedIn နှင့် Facebook မှတဆင့် ဆက်သွယ်ပါ

A10 Networks အကြောင်း
A10 Networks သည် on-premises၊ hybrid cloud နှင့် edge-cloud ပတ်ဝန်းကျင်များအတွက် လုံခြုံရေးနှင့် infrastructure solutions များကို ပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည် ၇၀၀၀ ကျော်မှာ ကမ္ဘာတစ်လွှားရှိ အကြီးစားစီးပွားရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ၊ cloud နှင့် ဝက်ဘ်ဝန်ဆောင်မှု ပေးသူများဖြစ်ပြီး လုံခြုံထိရောက်ပြီး စီးပွားရေးအရ အရေးပါသည့် application များနှင့် ကွန်ရက်များကို ပံ့ပိုးရန် လိုအပ်ပါသည်။ A10 Networks ကို ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝှမ်းရှိဖောက်သည်များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ‌ပိုမိုသိရှိလို ပါက A10networks.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး LinkedIn တွင်လည်း A10Networks ကို follow လုပ်ထားနိုင်ပါသည်။

Read on Website
https://www.enthuetech.com/2024/10/A10-Networks-Security-and-AI-press-release.html

20/10/2024

x86 Architecture အား ပိုမိုကောင်းမွန်တိုးတက်စေရန် Intel နှင့် AMD တို့က x86 Ecosystem Advisory Group ကို ဖွဲ့စည်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Intel နဲ့ AMD တို့ဟာ ခါးသီးလှတဲ့ပြိုင်ဘက်တွေဖြစ်ကြပေမယ့် တူညီတဲ့ architecture တစ်ခုက သူတို့ကိုပေါင်းစည်းစေခဲ့ပါတယ်။ သူတို့နှစ်ခုလုံးရဲ့ CPU တွေမှာ လက်ရှိအသုံးပြုနေတာက x86 Instruction Set Architecture (ISA) ဖြစ်ပြီး ကမ္ဘာ့မှာအသုံးအများဆုံး computing architecture ဖြစ်ပါတယ်။ x86 ရဲ့ အနာဂတ်ကို ခိုင်မာစေဖို့ AMD နဲ့ Intel တို့က x86 Ecosystem Advisory Group ကို ဖွဲ့စည်းခဲ့ပြီး x86 နည်းပညာရဲ့ လေးဆယ်စုနှစ်ကြာအောင်မြင်မှုကို အခြေခံပြီး ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်၊ ပိုမိုချောမွေ့တဲ့ လုပ်ဆောင်မှုနဲ့ ပိုမိုရိုးရှင်းတဲ့ ဆော့ဖ်ဝဲထုတ်လုပ်ခြင်းတွေကို ပေးအပ်သွားဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

AMD နဲ့ Intel အပြင် x86 Ecosystem Advisory Group ထဲမှာ Broadcom, Dell, Google, HP, Lenovo, Meta, Microsoft, Oracle စတဲ့ ကုမ္ပဏီတွေအပြင် Tim Sweeney နဲ့ Linux Torvalds လို အထင်ကရနည်းပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေနဲ့ အထင်ကရနည်းပညာရှင်တွေ ဟာ x86 ISA ရဲ့ အနာဂတ်ကို ဖန်တီးဖို့ ပူးပေါင်းပြီး ကူညီသွားမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ instruction တွေနဲ့ architecture ပိုင်းဆိုင်ရာ interface တွေကို နည်းပညာဆန်းသစ်မှုတွေနဲ့ ပေါင်းစပ်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့အစည်းက အနာဂတ် x86 CPU အသစ်တွေကို ပိုမိုကျစ်လစ်စေပြီး developer တွေအနေနဲ့ နည်းပညာအသစ်တွေကို ဖန်တီးအသုံးပြုနိုင်စေမှာပါ။

အခြေခံအားဖြင့် ဒီကြိုးပမ်းအားထုတ်မှုက x86 ISA ကို စံနှုန်းသတ်မှတ်ပြီး feature အသစ်တွေထပ်တိုးခြင်းကနေ အကျိုးခံစားရစေဖို့ ရည်ရွယ်ထားတာပါ။ ဒီလိုပူးပေါင်းမှုနဲ့အတူ developer တွေဟာ အနာဂတ်မှာ AMD နဲ့ Intel က ထုတ်လုပ်မယ့် CPU တွေအားလုံးမှာ အာမခံချက်ရှိတဲ့ x86 feature အသစ်တွေကို ထည့်သွင်းအသုံးပြုနိုင်လာမှာပါ။ ဒါကတော့ အရင်က AVX-512 feature လို ရှုပ်ထွေးမှုတွေမဖြစ်အောင် ကာကွယ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါတင်မက AMD နဲ့ Intel တို့အနေနဲ့ x86 ကို ပိုမိုရိုးရှင်းအောင် ဖန်တီးနိုင်ပြီး developer တွေ အသုံးမပြုတော့တဲ့ အချို့ခေတ်ဟောင်း feature တွေကို ဖယ်ရှားခွင့်ရလာနိုင်ပါတယ်။

သတိပြုရမှာက ဒီအဖွဲ့အစည်းဟာ "Advisory Group" ဖြစ်တာကြောင့် AMD နဲ့ Intel တို့က သူတို့နဲ့သက်ဆိုင်ရာအပိုင်းတွေမှာ ကိုယ်ပိုင်စိတ်ကြိုက် feature တွေကို လုပ်ဆောင်နိုင်သလို သူတို့ မလုပ်ချင်တာတွေကို လုပ်စရာ မလိုအပ်ပါဘူး။ နောက်ဆုံးမှာတော့ AMD နဲ့ Intel တို့ဟာ သူတို့အတွက်သင့်တင့်လျောက်ပတ်တဲ့နယ်ပယ်အချို့နဲ့ developer တွေအတွက်သာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆုံးမှာတော့ သူတို့နှစ်ဦးလုံးဟာ ပြိုင်ဘက်တွေအဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲလာသော x86 နှင့် ဆက်လက်အောင်မြင်ရန်အတွက် အရေးပါသည့်ပူးပေါင်းဆောင်ရွက်မှု
အခုလို x86 CPU တွေဖန်တီးထုတ်လုပ်သူတွေဖြစ်တဲ့ AMD နဲ့ Intel တို့ဟာ ယခင်ကထက် ပိုမိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ကြုံတွေ့လာရပါတယ်။ အခုဆိုရင် ARM အခြေခံ CPU တွေကို high-end PCတွေနဲ့ ဆာဗာတွေမှာ အသုံးပြုမှုတိုးတက်လာတာကြောင့် x86 ဟာ သူ့ရဲ့ စျေးကွက်ဦးဆောင်မှုကို ထိန်းသိမ်းထားဖို့ရာ လိုအပ်ကြောင်း ထင်ရှားနေပါတယ်။

ဒီAdvisory Group အသစ်ကနေတဆင့် AMD နဲ့ Intel တို့ဟာ x86 ကိုဖန်တီးဖို့ ပိုမိုစုစည်းထားသည့်ချဉ်းကပ်မှုကို ခံယူလာနိုင်ပါတယ်။ ဒါဟာ ကုမ္ပဏီနှစ်ခုလုံးက x86 ကို မတူညီတဲ့ လမ်းကြောင်းတွေပေါ် မရောက်ရှိသွားအောင် ကာကွယ်ပေးနိုင်မှာဖြစ်သလိူ လုပ်ဆောင်မှုအဆင်မပြေတဲ့ computational problem တွေကို အခြားနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ မလိုအောင် တားဆီးနိုင်မှာပါ။ သူတို့နှစ်ဦးလုံးဟာ ပြိုင်ဘက်တွေဆိုပေမယ့် သူတို့အနေနဲ့ လက်တွဲပြီး မလုပ်ဆောင်နိုင်စရာအကြောင်းမရှိပါဘူး။

အဆုံးစွန်မှာတော့ ဒီလိုမဟာမိတ်ပြုခြင်းဟာ ပိုမိုထိရောက်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ CPU တွေကို ဖန်တီးပေးဖို့ဖြစ်ပါတယ်။ ဒါတင်မက x86 feature အသစ်တွေကို လျင်မြန်စွာ ဖန်တီးပြီး ဆော့ဝဲတွေမှာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအဖွဲ့အစည်းက x86 နဲ့ ၄င်းကိုအသုံးပြုသူတွေအတွက် အကျိုးရှိစေမယ့် အဖွဲ့အစည်းတစ်ခုဖြစ်လာမှာပါ။

စိတ်မကောင်းစရာကတော့ အခုဆွေးနွေးထားတဲ့ အယူအဆတွေကို ချစ်ပ်တွေထံရောက်ရှိလာဖို့ နှစ်အတန်ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် x86 Ecosystem Advisory Group ရဲ့ ဆောင်ရွက်ချက်တွေဟာ မကြာသေးခင်ကထုတ်လုပ်ထားတဲ့ CPU တွေမှာ သက်ရောက်မှုရှိလာဖို့ အချိန်ယူရပါလိမ့်မယ်။ သေချာတာကတော့ ဒီအဖွဲ့အစည်းတည်ထောင်မှုက x86 ရဲ့ ခေတ်သစ်တစ်ခုအဖြစ်အစပျိုးလိုက်တာပဲဖြစ်ပါတယ်။ ဒီခေတ်သစ်ဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ CPU feature အသစ်တွေ ပိုမိုမြန်ဆန်စွာလက်ခံကျင့်သုံးအပေါ်မူတည်နေမှာပါ။ x86 အနေနဲ့ ARM CPU တွေထက် ရေရှည်မှာဦးဆောင်ထားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ။ ဖြစ်နိုင်ပါတယ်။ တကယ်လို့ဘာမှဖြစ်မလာခဲ့ဘူးဆိုရင်တောင်မှ x86 ဟာ ARM ရဲ့ CPU လွှမ်းမိုးဖို့ ကြိုးပမ်းလာမှုကို ပိုမိုခက်ခဲလာစေမှာပါ။ Nvidia ရဲ့ CEO Jensen Huang ကတော့ Intel နဲ့ AMD တို့ရဲ့ x86 Alliance အဖြစ်ပူးပေါင်းဆောင်ရွက်မှုကိုသဘောကျကြောင်း တုံ့ပြန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။

Source: OC3D







Website
https://www.enthuetech.com/2024/10/Intel-AMD-Forms-x86-Ecosystem-Advisory-Group.html

Join our Telegram channel now!
https://t.me/EnThueTech

28/07/2024

Intel ၏ 13th Gen CPU များသည် ယခင် CPU မျိုးဆက်ထက် RMA ပြုလုပ်ရမှု ၄ဆ ပိုမိုမြင့်မား နေသလို AMD ထက်လည်း ပိုမိုမြင့်မားနေဟု ရောင်းချသူမှဆို
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ပြင်သစ်စာနယ်ဇင်းတစ်ခုဖြစ်တဲ့ Les Numeriques ဟာ ဥရောပကနာမည်ကျော် PC အစိတ်အပိုင်းရောင်းချတဲ့လုပ်ငန်းတစ်ခုနဲ့ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ရာ Intel ရဲ့ 13th Generation Raptor Lake processors တွေမှာ ယခင်မျိုးဆက်ထက် Return Merchandise Authorization (RMA)ပြန်လည်ပေးပို့ရတဲ့နှုန်းက ၄ဆ ပိုများနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအချိန်မှာ 14th Generation Raptor Lake Refresh chips တွေမှာလည်း 12th Generation Alder Lake processors တွေထက် ပြန်ပို့နှုန်း ၃ဆ ပိုမိုများပြားနေတာကြောင့် Intel ရဲ့ လက်ရှိတွေ့ကြုံနေရတာတွေဟာ ဒီပြဿနာတွေရဲ့ တစ်စွန်းတစ်စမျှသာဖြစ်နိုင်ပါတယ်။

Les Numeriques ရဲ့ ဒေတာအရ ၂၀၂၀ ခုနှစ်မှာ AMD processors တွေရဲ့ ပြန်ပို့နှုန်းက ၁% သာရှိခဲ့ပြီး Intel မှာ ၁.၇၅% ရှိခဲ့ပါတယ်။ ဒါဆိုရင် AMD ရဲ့ ပြန်ပို့နှုန်းက အခုအချိန်အထိ တည်ငြိမ်နေခဲ့မယ်ဆိုရင် Raptor Lake chips တွေရဲ့ ပြန်ပို့နှုန်းက ၄% ကနေ ၇% ကြားရှိပြီး Raptor Lake Refresh processors တွေမှာတော့ ၃% ကနေ ၅.၂၅% ကြားရှိပါတယ်။ ဒီအရေအတွက်တွေက retailer တွေဘက်ကပြန်ပို့နှုန်းသာပါဝင်ပြီး Intel ထံတိုက်ရိုက် ပြန်ပို့ထားသော processor တွေ ပါဝင်ခြင်းမရှိပါဘူး။

Intel ကအခုတလောအတွင်း Raptor Lake နဲ့ Raptor Lake Refresh processors တွေမှာ ကြုံတွေ့နေရတဲ့ instability ပြဿနာတွေနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်လာခြင်းကိုကြုံတွေ့နေရပါတယ်။ အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့ အတွက်ကုမ္ပဏီဘက်က mid-August patch တစ်ခုကိုထုတ်ပေးသွားမယ်လို့ ကြေညာခဲ့ပေမယ့် အဆိုပါ software update က ရှိပြီးသား ပျက်စီးသွားတဲ့ chip တွေကို ပြန်လည်ပြုပြင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဥပမာတစ်ခုဆိုရရင် Tom's Hardware ရဲ့ Intel Core i9-13900K chip တစ်ခုက Nvidia ရဲ့ graphics drivers တွေနဲ့ အလုပ်မလုပ်နိုင်ဖြစ်နေပြီး game တွေ စဖွင့်လိုက်တာနဲ့ crash ဖြစ်သွားပါတယ်၊ ဒါကြောင့် Tom's Hardware ဘက်က RMA ပြန်လုပ်ခဲ့ရပါတယ်။

ပြင်သစ်စာနယ်ဇင်းအဆိုအရ Intel ရဲ့ နောက်ဆုံးပြဿနာတွေကြုံနေရတဲ့ ချစ်ပ်တွေက Intel Core i9-14900KF၊ Intel Core i9-14900KS၊ Intel Core i9-14900၊ Intel Core i7-14700KF၊ Intel Core i7-14700K၊ Intel Core i9-13900KF၊ Intel Core i9-13900KS နဲ့ Intel Core i9-13900K တို့ဖြစ်တယ်လို့သိရပါတယ်။ ဒီပြဿနာက Intel အတွက် အတော်လေးကြီးမားပြီး အဓိကအားဖြင့် instability ကိုဖြေရှင်းပေးတဲ့
software update က processor ရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှု ရှိလာတဲ့အခါ ပြဿနာတွေရှိလာနိုင်ပါတယ်။ ဒါတင်မက Intel ဘက်က ပြင်ဆင်လို့မရအောင်ပျက်စီးနေတဲ့ ချစ်ပ်တစ်ခုချင်းစီကို ပြန်လည်အစားထိုးပေးရမှာဖြစ်ပြီး၊ အခုထိ ပြန်ပို့ထားတာတွေထက် သိသိသာသာပိုများတဲ့ ပမာဏကို အစားထိုးပေးရမှာပါ။

Intel အနေနဲ့ အထိရောက်ဆုံးဖြေရှင်းနိုင်ရင်တောင် သုံးစွဲသူတွေနဲ့ အဖွဲ့အစည်းတွေကြားမှာ တည်ဆောက်ထားတဲ့ နှစ်ပေါင်းများစွာရှိတဲ့ ယုံကြည်မှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။အချို့သော အဖွဲ့အစည်းတွေက AMD ရဲ့ Ryzen 9000 CPUs ကို ပြောင်းသုံးနေကြပါပြီ။ AMD ပေါ်မှာလည်း ပြဿနာအချို့ ရှိနေပြီး၊ Ryzen 9000 chips မိတ်ဆက်ဖို့ ရက်သတ္တပတ်အနည်းငယ်နောက်ကျစေမယ့် unspecified issue တစ်ခုကြောင့် launch ရက်ကို အနည်းငယ်နောက်ကျစေခဲ့ပါတယ်။ ဒါဟာ Intel ရဲ့ လက်ရှိကြုံတွေ့နေရသလို မကြီးမားပေမယ့်၊ မိတ်ဆက်ဖို့နှောင့်နှေးရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။

သတင်းကောင်းကတော့ AMD ရဲ့ Zen 5 desktop CPUs ရဲ့ ပထမဆုံး အသုတ်တွေမှာသာ ကန့်သတ်မှုရှိတာဖြစ်ပြီး၊ Raptor Lake / Raptor Lake Refresh processors တွေလို ၂နှစ်လောက်ထုတ်ထားတာ မဟုတ်တာပါ။ ဒါကအဆင်မပြေဘူးလို့ခံစားရပေမယ့် Intel ဘက်က server နဲ့ mobile ချစ်ပ်တွေအထိဖြစ်ပေါ်လာနိုင်ကိန်းရှိတဲ့အခြေအနေလောက်တော့ ဆိုးရွားမှာမဟုတ်ပါဘူး။

Source: Tom's Hardware





Website
https://www.enthuetech.com/2024/07/ntel-13th-gen-cpu-higher-rma-than-previous-gen-and-amd.html

Join our Telegram channel now!
https://t.me/EnThueTech

03/04/2024

ထိုင်ဝမ်တွင် အင်အား ၇.၄ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် TSMC စက်ရုံအချို့ ဘေးကင်းရာသို့ရွေ့ပြောင်းပေးခဲ့ရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ယနေ့ ဒေသစံ‌တော်ချိန် နံနက် ၇း၅၈မိနစ်အချိန်ခန့်က ထိုင်ဝမ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ အင်အား ၇.၄ရှိတဲ့ ငလျင်တစ်ခုဟာ Hulian မြို့ရဲ့ ၁၈ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်သွားခဲ့ပါတယ်။ ဒီအတွက်ထိုင်ဝမ်ဟာ ဆူနာမီသတိပေးချက်တွေအပြင် ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်းရေလွှမ်းမိုးမှုကြုံရနိုင်တဲ့သတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။ အမေရိကန်ဘူမိဗေဒအဖွဲ့အစည်း (US Geological Survey - USGS)ရဲ့ အချက်အလက်တွေအရ အဆိုပါငလျင်ဟာ ၁၉၉၉ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇အဆင့်ရှိတဲ့ ငလျင်နောက်ပိုင်း အကြီးမားဆုံးလှုပ်ခတ်မှုဖြစ်တယ်လို့ဆိုပါတယ်။ ဒါတင်မက ငလျင်လှုပ်ခတ်ပြီး ၁၃မိနစ်အကြာမှာ အင်အား ၆.၅ အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားပြန်တယ်လို့ USGS ကဆိုပါတယ်။

CNN သတင်းအရ ထိုင်ဝမ်ဒေသစံတော်ချိန် မနက်၁၁နာရီအထိ Hualian County အတွင်းက အနည်းဆုံးအဆောက်အအုံ ၁၅ခုအပါအဝင် အနည်းဆုံး အဆောက်အအုံ၂၆ခုပြိုကျခဲ့တယ်လို့သိရပါတယ်။ နေအိမ်ပေါင်း ၉၁၀၀၀ကျော် ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ Reddit ပေါ်က ဗီဒီယိုတွေအရ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်တစ်ခုဖြစ်တဲ့ Taipei 101 ဟာ တိုင်ပေတွင် သိသိသာသာ လှုပ်ရမ်းမှုကိုပြသနေပါတယ်။

လူထိခိုက်မှုအပြင် အဆိုပါငလျင်ကြောင့် ချစ်ပ်ထုတ်လုပ်ရေးမှာ သိသာတဲ့သက်ရောက်မှုရှိလာနိုင်ပြီး အဓိကအစိတ်အပိုင်းတွေပြတ်လပ်တာ (သို့မဟုတ်) ဈေးတက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါဟာ laptop ကနေတီဗီတွေအထိ အရာအားလုံးမှာ ဈေးနှုန်းတွေမြင့်တက်လာနိုင်ချေရှိနေပါတယ်။

ဒေသစံတော်ချိန်နံနက်၉နာရီ Bloomberg သတင်းအရ ကမ္ဘာ့အကြီးဆုံးချစ်ပ်ထုတ်လုပ်သူဖြစ်တဲ့ TSMC ဟာ စက်ရုံအချို့ကလူ‌ တွေကို ဘေးကင်းရာရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဆီမီးကွန်ဒတ်တာသတင်းထောက်တစ်ဦးဖြစ်သူ Wen-Yee Lee က TSMC အနေနဲ့ ကုမ္ပဏီတွင်းလုပ်ထုံးလုပ်နည်းတွေအရ အချို့စက်ရုံတွေကိုစွန့်ခွာမှုပြုလုပ်ခဲ့ရကြောင်း လူမှုကွန်ယက် X မှာရေးသားခဲ့ပါတယ်။

သတင်းကောင်းက TSMC ရဲ့စက်ရုံတွေဟာ ထိုင်ဝမ်ရဲ့ အနောက်ဘက်မှာရှိနေခဲ့ပြီး ငလျင်ကအရှေ့ဘက်မှာလှုပ်ခတ်ခဲ့တာပါ။ Financial Times က TSMC စက်ရုံ၁၂ခုရဲ့တည်နေရာကို မြေပုံမှာ ပြသထားပြီး အဆိုပါစက်ရုံတွေဟာ Tainan၊ Taichung၊ Hsinchu နဲ့ Taoyuan မြို့တွေမှာပြန့်နှံ့တည်ရှိနေတာပါ။ Asia Tech Wire ရဲ့အဆိုအရဆိုရင် TSMC အနေနဲ့ ထုတ်လုပ်ရေးပိုင်းမှာ ၆နာရီခန့်နှောင့်နှေးခဲ့ကြောင်း ဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ဝမ်မှာ TSMC ကုမ္ပဏီတစ်ခုတည်းကချစ်ပ်တွေထုတ်လုပ်နေတာမဟုတ်သလို UMC(United Microelectronics Corporation) ကလည်း ၎င်းတို့စက်ရုံ တွေကိုစွန့်ခွာခဲ့ရကြောင်း Bloomberg ကဆိုပါတယ်။ UMC ရဲ့စက်ရုံတွေကလည်း ထိုင်ဝမ်ကျွန်းအနောက်ပိုင်းမှာတည်ရှိတာမို့ ငလျင်ကြောင့်ထိခိုက်ခဲ့မှာမဟုတ်ပါဘူး။

အရေးကြီးတဲ့အချက်က ချစ်ပ်ထုတ်လုပ်ရေးမှာ နှောင့်နှေးမှုအနည်းငယ်ဖြစ်ခဲ့ရင်တောင် ‌ဈေးနှုန်းတွေအများကြီးတက်လာနိုင်တာပါ။ ထိုင်ဝမ်ငလျင်တွေဟာ ကမ္ဘာ့အီလက်ထရောနစ်ထောက်ပံ့ရေးကွင်းဆက်ကို နှောင့်နှေးစေခဲ့ဖူးတဲ့သမိုင်းကြောင်းတွေရှိခဲ့ဖူးပါတယ်။ ၁၉၉၉ခုနှစ်က ထိုင်ဝမ်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ DRAM Module တွေရဲ့ဈေးနှုန်းဟာ ၂၅ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး လနဲ့ချီပြတ်လပ်မှု ဖြစ်ပွားခဲ့ပါတယ်။

Source: Tom's Hardware





Web
https://www.enthuetech.com/2024/04/blog-post.html

12/01/2024

Intel မှ 14th-Gen Raptor Lake Refresh locked Desktop Processor ၁၈ခုကို ဖြန့်ချီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Intel ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က Core i3 ကနေ Core i9 အထိပါဝင်ပြီး processor base power (PBP – TDP) 65W မှ 35W ရှိတဲ့ Raptor Lake Refresh ချစ်ပ်အသစ် ၁၈ခုကိုကြေညာခဲ့ပြီး သူတို့ရဲ့ 14th Gen Desktop CPU lineup ကို ထပ်မံဖြည့်စွက်လိုက်ပါတယ်။ အဆိုပါ Raptor Lake အမြင့်ပိုင်း CPU တွေဟာ ယခင်မျိုးဆက်ထက် multi-threaded စွမ်းဆောင်ရည်မှာ ၃၇% အထိပိုမိုကောင်းမွန်တယ်လို့ဆိုပါတယ်။

65Wထဲမှာ အမြင့်ဆုံးက $549 တန် 24-core 32-thread ရှိတဲ့ Core i9-14900 ဖြစ်ပြီး Core i9-14900T ကတော့ပါဝါစားသုံးမှုလျော့ချထားတဲ့ 35W T-Series processor တွေမှာအမြင့်ဆုံးဖြစ်ပါတယ်။ ဒီ lineup တစ်ခုလုံးမှာ အနိမ့်ဆုံးက Intel Processor 300 ဖြစ်ပြီး 2 Cores/4 Threads နဲ့ဖြစ်ပါတယ်။

ဒီ processor အသစ်တွေဟာ ယခင်ထွက်ရှိထားတဲ့ 14th Gen K-Series တွေလို ‘Intel 7’ process node နဲ့ဖန်တီးထားပြီး Intel ရဲ့ 600 နဲ့ 700-series motherboard တွေမှာတပ်ဆင်အသုံးပြုနိုင်မှာဖြစ်သလို DDR5-5600/DDR4-3200 memory တွေကို 192GB အထိအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် Core i5-14500 နဲ့အောက်မော်ဒယ်တွေမှာတော့ DDR5-4800 အထိသာအများဆုံးအထောက်အပံ့ပေးမှာဖြစ်ပါတယ်။

ဒီ CPU တွေဟာ ပါဝါစားသက်သာတဲ့ မော်ဒယ်တွေဖြစ်တာကြောင့် စျေးသက်သာတဲ့ B-series နဲ့ H-series motherboard တွေနဲ့တွဲဖက်နိုင်မှာဖြစ်သလို Intel အနေနဲ့ Core i9 တွေအတွက် Laminar RH1 cooler နဲ့ ကျန်တဲ့ CPU တွေအတွက် Laminar RM1 cooler တွေကိုလည်း တစ်ပါတည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ယခင်အတိုင်း $25 လောက်သက်သာချင်တယ်ဆိုရင် graphics မပါတဲ့ F-series မော်ဒယ်တွေကိုရွေးချယ်နိုင်ပြီး မော်ဒယ်၄ခုသာရှိပါတယ်။

Core အရေအတွက်အပြောင်းအလဲအနေနဲ့ Core i7-14700 မော်ဒယ်တွေမှာသာရှိခဲ့ပြီး ယခင်မျိုးဆက်ထက် E-Cores ၄ခု ပိုမိုပါဝင်လာတာတွေ့ရပါတယ်။ ဒီ Raptor Lake Refresh CPU တွေဟာ processor base power (PBP – TDP) အရ 65W နဲ့ 35W သာရှိတယ်ဆိုပေမယ့် Max Turbo Power (MTP) ကတော့ဒီထက်အများကြီးပိုမှာဖြစ်ကာ Core i9-14900 မှာ အမြင့်ဆုံး 219W အထိရှိပါတယ်။ ဒီ PBP/MTP တန်ဖိုးတွေဟာ ယခင်မျိုးဆက်နဲ့အတူတူပဲဆိုပေမယ့် Clock Speed အနည်းငယ်တိုးတက်လာမှာဖြစ်ပါတယ်။

Intel အနေနဲ့ ယခင်မျိုးဆက် Core i5 နဲ့ Core i3 မော်ဒယ်တွေမှာ Raptor Lake နဲ့ Alder Lake die တွေကိုရောနှောအသုံးပြုခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ Raptor Lake Refresh die တွေကိုသာ သီးသန့်အသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ Intel ကထုတ်ပြန်တဲ့ ၎င်းတို့ကိုယ်ပိုင် benchmark တွေအရ အချို့နေရာတွေကလွဲပြီး ယခင်မျိုးဆက်ထက် စွမ်းဆောင်ရည်ကြီးကြီးမားမားကွာခြားမှုမရှိလှတာကိုတွေ့ရှိရပါတယ်။

ဒီ processor တွေကို လက်ရှိမှာ နိုင်ငံတကာစျေးကွက်အတွင်း ရောင်းချနေပြီလို့သိရပါတယ်။

Source: Tom's Hardware






Blog
https://enthuetech.blogspot.com/2024/01/intel-14th-gen-raptor-lake-refresh.html

အဆင်ပြေသလိုပဲ 🙂
30/10/2023

အဆင်ပြေသလိုပဲ 🙂

18/10/2023

Intel မှ 14th Gen Raptor Lake-S Refresh Desktop CPU များကို မိတ်ဆက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Intel ဟာ မနေ့က သူတို့ရဲ့ 14th Generation Core desktop CPU အသစ်တွေကို ကြေညာခဲ့ပြီး ဒီ CPUအသစ်တွေဟာ desktop ကွန်ပျူတာတွေအတွက် ကမ္ဘာ့အမြန်ဆုံးနဲ့ အဆင့်မြင့်ဆုံး ချစ်ပ်တွေဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ “Raptor Lake-S Refresh” လို့ နာမည်ပေးထားတဲ့ ဒီCPUအသစ်တွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။

ချစ်ပ်အသစ်တွေအနေနဲ့ ယခင် 13th Gen မော်ဒယ်တွေလိုမျိုး Raptor Lake architecture ကို အခြေခံထားတယ်ဆိုပေမယ့် စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို မြှင့်တင်ဖို့ရာ အချို့တိုးတက်မှုတွေနဲ့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မှုတွေ ထပ်လောင်းပါဝင်ပါတယ်။ ဒီ CPU တွေမှာ စွမ်းဆောင်ရည်မြင့် P-Cores နှင့် စွမ်းအင်သုံးစွဲမှုပိုမိုထိရောက်တဲ့ E-Cores တွေ ရောနှောပါဝင်ကာ အလုပ်တာဝန်ပေါ်မူတည်ပြီး ၎င်းတို့၏ အမြန်နှုန်းနဲ့ ပါဝါကို အလိုအလျောက်ချိန်ညှိနိုင်ပါတယ်။

Intel ရဲ့ 14th Gen Raptor Lake Refresh CPU တွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ထားတဲ့ 'Intel 7' process node နဲ့ဖန်တီးထားတာဖြစ်မို့ မြင့်မားတဲ့မြန်နှုန်းရှိနေပေမယ့် power envelopes (PL1/PL2) တွေဟာ အရင်မျိုးဆက်နဲ့အတူတူပဲဖြစ်ပါတယ်။

ကြေညာလိုက်တဲ့ CPU တွေထဲမှာ flagship CPU က Core i9-14900K ဖြစ်ပြီး 24 cores နဲ့ 32 threads ပါရှိကာ P-Cores က အမြင့်ဆုံး 6 GHz အထိရရှိနိုင်ပြီး E-Cores မှာဆိုရင်တော့ 4.4 GHz အထိရနိုင်ပါတယ်။။ Intel ပြောကြားချက်အရ ဒီ CPU ဟာ AMD ရဲ့ Ryzen 7000X3D CPU တွေထက် ဂိမ်းစွမ်းဆောင်ရည်က အချို့နေရာတွေမှာ ၂၃% အထိ ပိုမိုကောင်းမွန်ပြီး content creation အပိုင်းမှာဆိုရင် အဓိကပြိုင်ဘက်ဖြစ်တဲ့ AMDရဲ့ Ryzen 9 7950X ထက် ၁၇% ပိုမြန်တဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ကြောင်း Intel ကဆိုပါတယ်။

ဒီ series မှာ အခြား CPU မော်ဒယ်၂ခုက cores 20 နဲ့ 28 threads ပါဝင်တဲ့ Core i7-14700K နဲ့ 14 cores နဲ့ 20 threads ပါဝင်တဲ့ Core i5-14600K တို့ ဖြစ်ပါတယ်။ ထူးခြားချက်က Core i7-14700K ဟာ မနှစ်ကထွက်ရှိထားတဲ့ Core i7-13700K ထက် E-Cores ၄ခု နဲ့ L2/L3 Cache ပိုမိုပါဝင်လာတာဖြစ်ပြီး ကျန်တဲ့ CPU ၂ခုကတော့ မနှစ်က Cache နဲ့ cores/threads တွေ အတူတူပဲဖြစ်ပါတယ်။ CPU မော်ဒယ်သုံးခုစလုံးမှာ DDR4-3200 နဲ့ DDR5-5600 memory ကို အထောက်အပံ့ပေးထားပြီး Ex*****on Unit ၃၂ ခုအထိ ပါဝင်တဲ့ Intel UHD Graphics 770 နဲ့ ပေါင်းစပ်ထားပါတယ်။ ထုံးစံအတိုင်း Graphics မပါတဲ့ KF Series တွေကိုလည်းထုတ်ပေးထားပါတယ်။

Intel ဟာ သူတို့ရဲ့ Extreme Tuning Utility (XTU) software မှာ Core i9 မော်ဒယ်တွေအတွက် ကလစ်တစ်ချက်တည်းနဲ့ overclocking လုပ်လို့ရမယ့် AI Assist ပရိုဂရမ်တစ်ခုကိုလည်းပေါင်းစပ်ပေးလိုက်ပြီး သင့် CPU ရဲ့ thermal၊ voltage တွေ၊ frequency တွေနဲ့ power delivery အပေါ် ၃၅စက္ကန့် လောက်ဆုံးဖြတ်ပြီး အကောင်းဆုံး overclock လုပ်စေနိုင်ပါတယ်။ AI Assist ဟာ 600 နဲ့ 700 Series motherboard တွေမှာအလုပ်လုပ်မယ်လို့ဆိုပါတယ်။

Intel အနေနဲ့ 14th Gen CPU တွေမှာ Application Optimization (APO)ဆိုတဲ့ ပရိုဂရမ်အသစ်က default အနေအထားမှာပွင့်နေမှာဖြစ်ပြီး အချို့ဂိမ်းတွေနဲ့ အက်ပလီကေးရှင်းတွေမှာ လိုအပ်လာရင် စွမ်းဆောင်ရည်ကိုချက်ချင်းတိုးမြှင့်စေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ APO ကို အချို့ အက်ပလီကေးရှင်းတွေအတွက် ပိတ်ထားလိုတယ်ဆိုရင်တော့ Microsoft Store ကနေ ဒေါင်းလုဒ်ရယူနိုင်တယ်လို့ဆိုပါတယ်။ APO ဟာ လက်ရှိမှာ Dynamic Tuning Technology framework မှာ profile အနေနဲ့ ဖန်တီးထားတဲ့ program တွေမှာသာအလုပ်ပြီး Thread Director နဲ့တွဲဖက် အလုပ်လုပ်မယ်လို့ဆိုပါတယ်။ Gaming အတွက်ဆိုရင် APO က လောလောဆယ်မှာ Rainbow Six Siege နဲ့ Metro Exodus ဂိမ်း၂ခုကိုသာအထောက်အပံ့ပေးထားတယ်ဆိုပေမယ့် နောက်ပိုင်းမှာတိုးပွားလာမှာဖြစ်တယ်လို့ Intel ကဆိုပါတယ်။ ဒါ့အပြင် ဒီ 14th Gen CPU တွေမှာ ယခင် 13th Gen ထက်စာရင် 99th Percentile FPS တွေပိုမိုတိုးတက်လာလို့ ဂိမ်းကစားရတာပိုမိုချောမွေ့မယ်လို့ဆိုပါတယ်။

Intel desktop CPU အသစ်တွေဟာာ LGA1700 socket cooler တွေအပြင် လက်ရှိ 600 နဲ့ 700 series motherboard တွေကို တွဲဖက်အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် သုံးစွဲသူတွေအနေနဲ့ CPU အသစ်တွေအတွက် BIOS ကို update လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ထုံးစံအတိုင်း CPU အသစ် အတွက် Z790 မားသားဘုတ်တွေလည်းထွက်ရှိလာမှာဖြစ်ပါတယ်။ Intel အနေနဲ့ mainstream user တွေအတွက် K Series မဟုတ်တဲ့မျိုးကွဲတွေနဲ့ ဘတ်ဂျက်သမားတွေအတွက် Celeron နဲ့ Pentium မော်ဒယ်တွေအပါအဝင် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ 14th Gen ရဲ့ နောက်ထပ်မော်ဒယ်တွေကို မိတ်ဆက်သွားဖို့စီစဉ်ထားပါတယ်။ အထူးသဖြင့် နောက်နှစ်ဆန်းပိုင်းမှာကျင်းပမယ့် CES ပွဲမှာမိတ်ဆက်လာမယ်လို့ယူဆရပြီး ဒီစာကိုမိတ်ဆွေတို့ဖတ်နေတဲ့အချိန်ဆိုရင်တော့ review တွေထွက်နေလောက်ပါပြီ။

Source: Intel, Tom's Hardware and Notebookcheck







Blog
https://enthuetech.blogspot.com/2023/10/intel-14th-gen-raptor-lake-refresh-cpu.html

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+95943040726

Alerts

Be the first to know and let us send you an email when Royal Techies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Techies:

Share