28/12/2025
Skin care လာဝယ်ရင် မေးမေးနေကြလို့ ကွကိုယ်မှတ်ဖို့ ရေးထားတာ
မဟုတ်ရင် ရောကုန်ရော
အက်မင်လဲ ချိန် သုံးတာ
မနက် ည သေချာ care တယ်
Result ကတော့ လုပ်သူ မလုပ်သူ တအားကွာတယ် 🫶🏻
🌻 AHA (Alpha Hydroxy Acid)
ဥပမာ – Glycolic Acid, Lactic Acid
✅ဆဲလ်သေတွေ ဖယ်ရှားပေးတယ်
အသားအရေ နူးညံ့ ပြောင်စင်စေတယ်
မဲစက်၊ အသားမညီတာ လျော့ပေးတယ်
Anti aging အတွက် winkles တွေကို ပြေလျော့စေ
⛔️ အရေပြားယားယံ၊ လောင်တာ ဖြစ်နိုင်
နေရောင်ထိခိုက်လွယ် → Sunscreen မဖြစ်မနေလို
Retinol နဲ့တွဲသုံးမရပါ
5–8% (Beginner)
🌻Retinoic Acid (Retinol / Tretinoin)
✅ အရေးအကြောင်းလျော့, anti aging သမား အားထားရာ
Collagen တိုးစေ
Skin cells reborn
⛔️ညဘက်သာ သုံး
Beginner → Retinol 0.25–0.3%
နေရောင်ထိရင် ဆိုးနိုင်လို့ နေရောင်ကာ မဖြစ်မနေသုံးပါ
🌻 BHA (Beta Hydroxy Acid)
ဥပမာ – Salicylic Acid
✅ ဝက်ခြံ၊ အဆီပိုအရေပြားအတွက်ကောင်း
ပေါက်ပိတ်တာ ဖယ်ရှားပေးတယ်
Blackhead / Whitehead လျော့စေတယ်
⛔️ အသားခြောက်သွားနိုင်
Moisture ခါတိုင်းထက် ပိုသတိထားလိမ်းပါ
Sensitive skin အတွက် ယားယံနိုင်
🌻PHA (Poly Hydroxy Acid)
ဥပမာ – Gluconolactone
✅Sensitive skin အတွက် သင့်တော်
နူးညံ့စွာ exfoliate လုပ်ပေးတယ်
အရေပြားရေဓာတ်ထိန်းပေးတယ်
⛔️ အာနိသင် နည်းနည်းပဲရှိ
(အလွန် သိသာတဲ့အကျိုးကို မျှော်လင့်လို့မရ)
🌻Vitamin C (Ascorbic Acid)
✅ အသားအရေ တောက်ပစေ
မဲစက်၊ အမဲစက် လျော့စေ
Collagen တိုးစေတယ်
⛔️တခါတလေ စပ်ဖျင်းဖျင်း ခပ်စူးစူး ခံစားရနိုင်
အသားခြောက်နိုင်လို့ moisture များများ ပိုလိမ်းပါ
Very sensitive skin မသင့်တော်ပါ
🌻 Hyaluronic Acid
✅အသားအရေ ရေဓာတ်ဖြည့်
Fine lines အတွက်ကောင်း
Plump & Glow ဖြစ်စေ
Skin barrier ကောင်းစေ
⛔️toner နိုင်နိုင်သုံး
( Moisturizer နဲ့အတူသုံးရင် sooooo OK )
Retinol/AHA သုံးပြီးနောက် မဖြစ်မနေလိုအပ်
🌻 Niacinamide (Vitamin B3)
✅ အဆီထိန်း၊ ချွေးပေါက်ကျယ် လျော့
ဝက်ခြံ၊ မဲစက် လျော့
Skin barrier တည်ဆောက်ပေးတယ်
⛔️ပါဝင်နှုန်း % မြင့်ရင် နီရဲ ယားယံနိုင်
🌻 Mandelic Acid
Pores သေးစေ
Acne + Aging နှစ်မျိုးလုံးအတွက်ကောင်း
Sensitive skin friendly
⚠️ သတိထားရန်
အက်စစ်တွေကို တစ်ခါတည်း များများ ရောမသုံးပါနဲ့
ညဘက်ကို သုံးပေးပြီး
Vitamin c ကို မနက်ဘက် အတွက် recommended
နေ့ဘက် Sunscreen မဖြစ်မနေ
Patch test အရင်လုပ်ပါ