05/07/2020
မိန်းကလေးများ သိသင့်တာလေးတွေ 😍😍
🩸🗓🩸 Skincare ကို Period Cycle နဲ့ အညီ လိုက်လျောညီထွေ ဘယ်လို စီစဉ်မလဲ ❓❓❓
အမျိုးသမီး အတော်များများ တလ တလ အဖုပေါက်လိုက် ပျောက်လိုက် / ပျောက်သလို ရှိလိုက် .. ဟော .. period တခါ ပြန်လာ အဖု ပြန်ဖြစ် နဲ့ ဘဝ သံသရာကြီးကို လည်နေရော 😅 မိုး လည်း ဒီလိုပဲ ။
ရှေးဘဝ ကုသိုလ်ကံ နဲ့ မျိုးရိုး genes အရ ကံကောင်း သူများ ( မိုး အစ်မရင်း အပါအဝင်😤) ကတော့ ပုံမှန် ဘာအဖုမှ ရှာမရတဲ့ မျက်နှာ ၊ period time လည်း အတော်ကြီး မဆင်မခြင် အပူအစပ် အရမ်းစားမှ အားနာပါးနာ တဖု လောက်ပေါက်တတ်သူများ ကတော့ ဒီစာကို ပျင်းလို့ မဖတ်ပဲ ကျော်လိုက်လို့ ရပါတယ် 😬 ပီးရင်လည်း သူ့ဟာသူ ပြန်ကောင်းတတ်ကြတဲ့သူတွေပေါ့ ။
အဓိက ဖတ်စေချင်တာကတော့ မိုး နဲ့ ဘဝတူ Alpha Female လေးတွေ ကိုပါ ။ period စတဲ့ ငယ်ဘဝ ထဲက ယနေ့ထိ အဖု နဲ့ period သံသရာ ထဲက မကျွတ်သေးသူများ ပေါ့ ။ 😝
ခန့်မှန်းခြေ 70% အမျိုးသမီးများက period time မှာ ဝက်ခြံ အနည်း နဲ့အများ ပေါက်ကြပါတယ် ။ (Luteal Phase မှာ)
အတတ်နိုင်ဆုံး လိုတိုရှင်း အောင် ရေးဖို့ ဂတိပေးပါတယ် .. မိုး ရေးရင် ရှည်သွားတတ်လို့ 😅 ပျင်းလို့ မဖတ်ချင်ကြတာက လူရင်းထဲမှာ ကို တပုံကြီး မို့လို့ 🤪
📌 တခုကြိုပီး မေတ္တာရပ်ခံ ချင်ပါတယ် ။ ခုရေးမှာက အကုန် average ယူပီး ရေးမှာ ဖြစ်ပါတယ် ။ period ကို 28 days cycle နဲ့ ရေးမှာ ဖြစ်လို့ ရက်ပိုတို/ရှည် သူများနဲ့ နဲနဲလေး လိုတာ ရှိပါမယ်နော် ။ သဘောတရားက တူပါမယ် ။ နောက်တခုက မိုး တတ်နိုင်သလောက် စာဖတ်ပီး ရေးထားပါတယ် ၊ ကျိန်းသေတာကတော့ တက်တက်ဆင်အောင် လွဲတဲ့ info တော့ မပေးမိအောင် ကြိုးစားပါတယ်၊ မိုး ထက်သိနားလည်သော ဆရာဝန်များက မိုး ရေးတာထဲက ပြင်သင့်တာရှိရင်လည်း စာပို့ပီး အသိပေးနိုင်ပါတယ် ။
👉🏻👉🏻👉🏻 စမယ်နော် 👉🏻👉🏻👉🏻
🩸🩸🩸Cycle Day 1-6 __ Menstrual Phase
ဒါကတော့ period day တွေပါ။
🔻estrogen အနိမ့်ဆုံး -> skin barrier (အပေါ်ယံလွှာ အားအနည်းဆုံး အချိန်) ဖြစ်ပီး အရေပြားက ရေဓာတ်လည်း ခမ်းခြောက်ပီး sensitive ဖြစ်နေပါတယ် ။
🔻progesterone အနိမ့်ဆုံး -> အဆီကျိတ်လေးတွေက လိုအပ်တဲ့ သဘာဝ အဆီထုတ်လုပ်မှုအရမ်း ကို လျော့ကျနေပါတယ်။
✔️ အသားအရည်က အရမ်းကို sensitive & dry ဖြစ်တတ်ချိန်မို့ ရေဓာတ်ဖြည့်ပေးတဲ့ moisturizer များ ၊ serum များ လိမ်းပေးရပါမယ် ။ Hyaluronic acid , NMF (natural moisturizing factor) , ceramides နဲ့ centella (cica) ပါတာတွေက ဒီအချိန်မှာ အလေးထား လိမ်းပေးသင့်ပါတယ်။
✖️လိမ်းနေကျ အက်ဆစ် acid/ active ingredient တွေ ဒီရက်ထဲ ရပ်ထားသင့်ပါတယ်။ (Hyaluronic ကလွဲလို့) မျက်နှာသစ်ဆေးတောင် ပြင်းတာရှောင်ကြည့်ပါ။ skincare အသစ်လည်း စမသုံးကြည့်ပါနဲ့အုံး ။
💕💕💕Cycle Day 7-14 / 14-18 __ Follicular & Ovulation Phases
ဒါကတော့ (period ပီးစ)တလတာရဲ့ အသားအရည် အကောင်းဆုံး အချိန်ပါပဲ။
🔺estrogen တိုးလာပီး အမြင့်ဆုံး -> ရေဓာတ်ပိုမို ပြည့်ဝ လာမယ်။ အရေပြားရဲ့ collagen နဲ့ HA ထုတ်လုပ်မှု တိုးတက်လာမယ်၊ အရေပြားက စိုပြေတင်းရင်း လှပချိန်ပါ။
🔻progesterone နိမ့်နေဆဲ -> အဆီပြန်မှု သက်သာတယ် ၊ ဝက်ခြံ ဖြစ်စေတဲ့ အဆီထုတ်လုပ်မှူ မရှိသေး ။
✔️သုံးနေကျ active ingredient/ acid တွေ ပြန်သုံးနိုင်ပီ ။ ဒီချိန်မှာ ဆေးခန်းက treatment ယူတာမျိုး ( PRP / chemical peel/laser / meso glow ) လုပ်နိုင်တယ်။ အရေပြားက ဒဏ်ခံနိုင်ပီး collagen ထွက်နေချိန်မို့ healing လည်းကောင်းနေလို့ skincare အသစ် ဆိုလည်း ဒီရက်ကြားထဲ စပီး routine မှာ သုံးနိုင်ပီ။
✖️ ရှောင်စရာက ဒီ ရက် အတွင်း မရှိသလောက်ပဲ ။ skin က အအေးချမ်းဆုံး နဲ့ glow အဖြစ်ဆုံး လို့ ပြောလို့ရတဲ့ အချိန်မို့ ။
💔💔💔 Cycle Day 18-28 __ Luteal Phases
ဒါကတော့ bf တွေ / hubby တွေ အတွက် dangerous days များပါ ။ PMS ဖြစ် ၊ စိတ်က လက်တဆစ်မို့လို့ပါ 😝
🔺အစပိုင်းရက်များမှာ Hormones , progesterone နဲ့ testosterone တွေ မြင့်တက်လာပီး sebum (အဆီ) ထုတ်လုပ်မှု ပိုများနေပါမယ် ။ ဒီအချိန်မှာ dry skin များက အသားအရည် glow သလို ဖြစ်နေပီး oily skin သမားများ ကတော့ ဝက်ခြံ ဖြစ်သူက ဖြစ်၊ မဖြစ်သေးသူကလည်း ချွေးပေါက်ထဲ အဆီတွေ စပိတ်ပီး ဝက်ခြံ ပေါက်ဖို့ တာဆူ နေချိန်ပါ။
🔻 period မတိုင်ခင် ခန့်မှန်းချေ 3-4 ရက် အလိုမှာ တော့ estrogen နဲ့ progesterone တွေ လျော့ကျ လာပါပီ။ အသားအရည်က sensitive ဖြစ်လာပီ .. အဆီ ထုတ်လုပ်မှုတွေ လျော့သွားပီ ။
✔️ အစပိုင်းရက်တွေမှာ အဆီ ပြန်တာကို အဓိက focus ထားဖို့ ပါ၊ mud mask သုံးတာမျိုး ၊ သေချာ မျက်နှာ cleansing လုပ်တာမျိုး ပါ။ hydration အများဆုံး ပေးမဲ့ skincare များ သုံးပေးဖို့ပါ။ Period မတိုင်ခင် ၃-၄ ရက်ကနေစပီး calming & soothing product လေးတွေ သုံးပေးရပါမယ် ။
✖️ မလိုအပ်တဲ့ cream/oil များ ခဏဖယ် ပီး active ingredient တွေကို စရှောင်ပါ (acid နဲ့ Vitamin အပြင်းစားများ A နဲ့ C ကဲ့သို့ ) ။
⛔️Copy မယ်ဆိုရင် ကျေးဇူးပြု၍ page name ကို credit ထည့်ပေးပါနော် ⛔️
———————————————————
တကယ်တမ်း ရှင်းပြထားတာကတော့ အရှည်ကြီးတွေ ပါ၊ ရေးမယ်ဆို A4 size 3 မျက်နှာအသာလေး ရတယ် 😅
ဒါဆိုရင် skincare တွေ အများကြီး ဝယ်ရမှာလားလို့ မေးရင် .....
မဟုတ်ပါဘူးနော် ✖️
လက်ရှိ ကိုယ် ရှိတဲ့ သုံးလက်စ ပစ္စည်းလေး တွေကိုပဲ .. ကိုယ့် ခန္ဓာကိုယ်ရဲ့ monthly period cycle လေး နဲ့ ချိန်ပီး လိုတိုး ပိုလျော့ သုံးပေးဖို့ပါ ပဲ ။ အဆီတို့ / ဆေးအပြင်း တို့ ရှောင် ဆိုချိန် ရှောင်ပီး calming ဖြစ်စေတဲ့ skincare မျိုးလေးတွေ နဲ့ ရပါတယ် ။ ရှိပီးသားဖြစ်နိုင်တဲ့ green tea , heartleaf , aloe , centella (cica ), mugwort (artemisia) စသဖြင့်ပေါ့နော် ။
သတိလေးထားမိအောင် ဒီ cycle ပုံလေး သိမ်းထားပီး လိုရင် ကြည့်လို့ ရတယ် ၊ ဘယ် phase ရောက်နေလဲ ဆိုတာကို ။ Flo ဆိုတဲ့ period tracker app လေး သုံးရင် ဘယ်နရက်မြောက်နေ့ ဆိုတာ ပေါ်ပါတယ်။ အဲ့ဒါကို ဒီပုံလေးနဲ့ တိုက်ကြည့်ရင် ရပါပီ ။
Alpha female လေးတို့ဖို့ အသုံးဝင်ကြမယ် လို့ မျှော်လင့် ပါတယ် ♥️
🌟ဒါကြောင့်မို့ တခါတရံမှာ ဘာ skincare တွေလမ်းနေလဲ ဆိုတာ ထက် ဘယ်လို routine နဲ့ လိမ်းနေလဲ ဆိုတာက ပို အဓိက ကျသွားပီ ဒီလိုလေး ချင့်ချိန် တတ်သွားရင် ။ အမျိုးသမီး အများစုက လစဉ်သာ ဒီကိစ္စကြုံနေရတာ ဒါကို သေချာ ဒီလို မသိကြသူ များပါတယ် ။ 🌟
မိုး ကတော့ hormones imbalance ဖြစ်နေလေ့ ရှိသူမို့ hormones ပမာဏတောင် ဆေးစစ် ထားရသူပါ ။ ပြောရရင်တော့ အရှည်ကြီးပါပဲ .. ဒါကတော့ Anti Aging & regenerative medicine အထူးကု ဆရာဝန်နဲ့ပြပီး စစ်တာပါ hormones ကိစ္စကလေ ။
မိုး ရဲ့ monthly skincare products လေးတွေ phase အလိုက် ကို လည်း ရန်ကုန်အိမ် ရောက်တဲ့ အခါ တင်ပေး ပါမယ် နော် 😘
References :
-Reed, B. & Carr, B. (2000). The Normal Menstrual Cycle and the Control of Ovulation. In K. Feingold et al. ‘Endotext [Internet]’. MDText.com: South Dartmouth (MA). Available at: https://www.ncbi.nlm.nih.gov/books/NBK279054/ -normal-menstrual-cycle-and-the-control-of-ovulation._8
-Raghunath, R., Venables, Z. & Millington, G. (2015). ‘The menstrual cycle and the skin’, Clin Exp Dermatol., 40(2), 111-115. Available at: https://onlinelibrary.wiley.com/doi/full/10.1111/ced.12588
-Thornton, M. (2002). ‘The biological actions of estrogens on skin’, Exp Dermatol., 11(6), 487-502. Available at: https://www.ncbi.nlm.nih.gov/pubmed/12473056?dopt=Abstract
-Shah, M. & Maibach, H. (2001). ‘Estrogen and skin. An overview’, Am J Clin Dermatol., 2(3), 143-150. Available at: https://www.ncbi.nlm.nih.gov/pubmed/11705091?dopt=Abstract
-Stephens, C. (1997). ‘Perimenstrual eruptions’, Clin Dermatol., 15(1), 31-34. Available at: https://www.sciencedirect.com/sdfe/pdf/download/eid/1-s2.0-S0738081X96001071/first-page-pdf