SPACE 17 - Board Game Hub

SPACE 17 - Board Game Hub We are board game enthusiasts who simply want to spread the love of board games to more people.

🌻 ဒီရက်ပိုင်း လူသစ်လေးတွေ ဘုတ်ဂိမ်းအဆော့များလာကြတယ်🔸အရမ်းကြိုက်သွားပြီး ခဏခဏထပ်လာဆော့ဖြစ်တာ သူငယ်ချင်းအသစ်တွေ ထပ်ထပ်ခေါ်...
10/01/2026

🌻 ဒီရက်ပိုင်း လူသစ်လေးတွေ ဘုတ်ဂိမ်းအဆော့များလာကြတယ်

🔸အရမ်းကြိုက်သွားပြီး ခဏခဏထပ်လာဆော့ဖြစ်တာ သူငယ်ချင်းအသစ်တွေ ထပ်ထပ်ခေါ်လာကြတာ သူများတွေကို ညွှန်းပေးကြတာတွေလည်း အများကြီးပဲ

🔸ဂိမ်းတွေဝယ်လွန်းလို့ ဥထားသမျှတွေလည်း ကုန်ပြီ

🔸ဘုတ်ဂိမ်းလေးတွေကို ချစ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်

🌻 ဘုတ်ဂိမ်းဆိုတာနဲ့ ကို သတိရပေးနော် ယူတို့အတွက် အမြဲရှိနေမယ်နော် ချစ်ယူ

#ဘုတ်ဂိမ်းဆိုင်

❣️ ဘွတ်ကင်လေး ကြိုယူပေးကြပါနော် ရောက်လာမှတော့ ဆော့ဖြစ်စေချင်တာ❤️ 2Hour+ Session တိုင်းအတွက်❤️ တစ်ရက်ကြို ဘွတ်ကင်ယူရင် 3+...
09/01/2026

❣️ ဘွတ်ကင်လေး ကြိုယူပေးကြပါနော် ရောက်လာမှတော့ ဆော့ဖြစ်စေချင်တာ

❤️ 2Hour+ Session တိုင်းအတွက်
❤️ တစ်ရက်ကြို ဘွတ်ကင်ယူရင် 3+1 Promo
❤️ နေ့ချင်း ဘွတ်ကင်ယူရင် 5+1 Promo

📌 Sule Square Mall Level 2
⏰ 12PM-8PM (Closed every non-PH Wed)
☎️ 09955171711

#ဘုတ်ဂိမ်းဆိုင်



ဘိုးဘေးတွေကို လျှော့မတွက်စေချင်ဘူးခရစ်တော်သာ မပေါ်‌သေးတာဘီစီ 6000‌ လောက်ကတည်းက ဘီယာကဖြင့် ပေါ်နေပြီ 😎
05/01/2026

ဘိုးဘေးတွေကို လျှော့မတွက်စေချင်ဘူး
ခရစ်တော်သာ မပေါ်‌သေးတာ
ဘီစီ 6000‌ လောက်ကတည်းက ဘီယာကဖြင့် ပေါ်နေပြီ 😎

🌻 နှစ်တစ်နှစ်ရဲ့အကုန် နှစ်သစ်တစ်ခုအကူးမှာ လူတိုင်းက "ပျော်ရွှင်ပါစေ" လို့ ဆုတောင်းပေးလေ့ရှိကြပေမဲ့... လက်တွေ့မှာတော့ ကျမ...
01/01/2026

🌻 နှစ်တစ်နှစ်ရဲ့အကုန် နှစ်သစ်တစ်ခုအကူးမှာ လူတိုင်းက "ပျော်ရွှင်ပါစေ" လို့ ဆုတောင်းပေးလေ့ရှိကြပေမဲ့... လက်တွေ့မှာတော့ ကျမတို့အားလုံးရဲ့ စိတ်တွေဟာ အပြည့်အဝပျော်ရွှင်ဖို့ ခဲယဉ်းနေခဲ့ကြတာ အမှန်ပါပဲ။

🌻 "ပျော်ရွှင်မှု" ဆိုတာ ရှာဖွေရခက်တဲ့အရာတစ်ခုဖြစ်လာတဲ့ ဒီလိုခေတ်ကြီးထဲမှာ SPACE17 အနေနဲ့ တစ်ခုပဲ ဂုဏ်ယူမိပါတယ်… ပြင်ပကမုန်တိုင်းတွေ ဘယ်လောက်ပဲထန်နေပါစေ ကျမတို့ရဲ့ ဘုတ်ဂိမ်းစားပွဲဝိုင်းလေးတွေပေါ်မှာတော့ အနှစ်သာရရှိတဲ့ရယ်မောသံတွေနဲ့ နွေးထွေးတဲ့ လူမှုဆက်ဆံရေးတွေကို ဖန်တီးပေးနိုင်ခဲ့တာပါပဲ။

🌻 ဘုတ်ဂိမ်းဆော့တယ်ဆိုတာ အချိန်ဖြုန်းတာ မဟုတ်သလို၊ လောကကြီးကို မေ့ထားလိုက်တာမျိုးလည်း မဟုတ်ပါဘူး၊ ခဏတာ စိတ်အပန်းဖြေရင်း ကိုယ့်ရဲ့စိတ်ဓာတ်ကို ပြန်လည်အားဖြည့်တာ (Recharge လုပ်တာ) ဖြစ်သလို၊ ဖန်သားပြင်တွေနောက်ကွယ်က ဝေးကွာနေတဲ့ လူအချင်းချင်းဆက်ဆံရေးကို မျက်နှာချင်းဆိုင် ပြန်လည်နီးစပ်စေတာပါ။ အန်စာတုံးတစ်လုံး ခေါက်လိုက်တိုင်း၊ ကတ်တစ်ခု ဆွဲလိုက်တိုင်းမှာ ရရှိတဲ့ ပျော်ရွှင်မှုဟာ သေးငယ်ပေမဲ့ တကယ့်ကို "အစစ်အမှန်" ဖြစ်လို့ အနှစ်သာရ ပြည့်ဝလှတယ်လို့ ကျမကတော့ ဆိုချင်ပါတယ်။

🌻 ကုန်လွန်သွားတဲ့ နှစ်ဟောင်းထဲမှာ အမှတ်တရတွေကို ပုံဖော်ခွင့်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ယူတို့ကြောင့်သာ SPACE17 ဆိုတာ ဆက်လက်တည်ရှိနေတာပါ။

🌻 နှစ်သစ်မှာလည်း ဘယ်လိုအခက်အခဲတွေပဲ ကြုံလာရပါစေ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကို ချစ်ဖို့၊ အကြည်ဓာတ်ကလေးဖြည့်တင်းဖို့၊ ပျော်ရွှင်စရာ ဝါသနာလေးတွေကို ဆုပ်ကိုင်ထားဖို့ မမေ့ပါနဲ့နော်။ အရာရာဟာ ခက်ခဲနေဦးမှာဖြစ်ပေမဲ့ တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း၊ ဘုတ်ဂိမ်းလေးတွေတူတူဆော့ရင်း အနှစ်သာရရှိတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

🌻 နွေးထွေးတဲ့ အသိုက်အမြုံလေးအဖြစ် ဘုတ်ဂိမ်းဆိုင်လေးက အမြဲစောင့်ကြိုနေပါမယ်ရှင်။
Happy New Year 2026!
With love,
SPACE 17 - Board Game Hub

#ဘုတ်ဂိမ်းဆိုင်

💙 အစ်မရေ ကျနော်က ဘယ်သူ့သူငယ်ချင်းပါ ထိုင်းမှာဆုံတုန်းကဘုတ်ဂိမ်းဆော့ဖြစ်ပြီး ရန်ကုန်ပြန်ရောက်ရင် SPACE17 ကိုသွားဆော့ဖို့ ...
26/12/2025

💙 အစ်မရေ ကျနော်က ဘယ်သူ့သူငယ်ချင်းပါ ထိုင်းမှာဆုံတုန်းကဘုတ်ဂိမ်းဆော့ဖြစ်ပြီး ရန်ကုန်ပြန်ရောက်ရင် SPACE17 ကိုသွားဆော့ဖို့ သေချာညွှန်းပေးလိုက်လို့ လာဆော့ဖြစ်တာပါ

❤️ ကမ္ဘောဒီးယားကဆိုင်တစ်ဆိုင်မှာဘုတ်ဂိမ်းဆော့ဖြစ်တုန်းက အဲ့ကလူတွေက ရန်ကုန်က SPACE17 ကဆိုင်ရှင်တွေနဲ့တူတူဂိမ်းဆော့ဖူးတယ်တဲ့ အဲ့ဒါကြောင့် လာဆော့ကြည့်တာ

💛 စင်္ကာပူက ဘယ်သူဘယ်သူက ဒါသူ့အသိဆိုင် ဝါသနာတအားကြီးလွန်းလို့ဖွင့်ထားတာ ဘုတ်ဂိမ်းဆိုအဲ့သာသွားဆော့လို့ အာမခံနဲ့ညွှန်းပေးလို့ လာဆော့ဖြစ်တာပါ

💚 တူတူဆော့ဖြစ်တဲ့သူငယ်ချင်းဘယ်သူဘယ်သူက သူတို့ကို ပိုးစသွင်းပေးတာ SPACE17 ကအစ်မနဲ့အစ်ကိုလို့ပြောပါတယ် ခုမှစဆော့ဖူးပြီး တအားကြိုက်သွားလို့ လုပ်ပါဦး

🖤 Hello! ငါတို့ကခရီးလျှောက်သွားနေတဲ့လူတွေပါ ဘယ်နိုင်ငံတုန်းကဘယ်သူကညွှန်းပေးလို့ ရန်ကုန်ခြေချတာနဲ့ must go ဆိုပြီး လာဖြစ်တာ စားပွဲတွေခွက်တွေကအစသေချာလုပ်ထားတာပဲ အရမ်းမိုက်တယ်

🥰 အိုး ပျော်ပြီလေ ၈၈၃၄ တို့ရေ
အခြေအနေအမျိုးမျိုးကြောင့် ဘယ်ကမ္ဘာရောက်နေနေ ဘုတ်ဂိမ်းတူတူဆော့ဖူးသူတွေဟာ နှလုံးသားချင်းရင်းနှီးဖူးသူတွေပါပဲ။ သမာအာဇီဝနဲ့ရပ်တည်ဖို့ခက်ခဲတဲ့ကာလတွေမှာ ဝါသနာအရင်းခံနဲ့ ဘယ်လိုတောင့်ခံပြီး လည်ပတ်နေရလဲဆိုတာ ဝါသနာကြီးသူတွေအချင်းချင်းပဲနားလည်နိုင်တာမျိုးမို့ သတိတရညွှန်းပေးဖော်ရလို့ ကျေးဇူးအကြီးကြီးတင်ပါတယ်နော်။ နွေးထွေးတဲ့မေတ္တာစေတနာကိုခံစားရပါတယ်… ချစ်တယ်။ 🤍🤍🤍

#ဘုတ်ဂိမ်းဆိုင်

🙋‍♀️ နှစ်ကုန်ထိ 3+1 Promo လေး ရှိပါသေးတယ်🙏 ဘွတ်ကင်လေး ကြိုယူပေးကြပါနော်🤗 ဝိုင်းမရမှာစိုးလို့ အားနာလို့ပါရှင်📌 Sule Squar...
19/12/2025

🙋‍♀️ နှစ်ကုန်ထိ 3+1 Promo လေး ရှိပါသေးတယ်
🙏 ဘွတ်ကင်လေး ကြိုယူပေးကြပါနော်
🤗 ဝိုင်းမရမှာစိုးလို့ အားနာလို့ပါရှင်

📌 Sule Square Mall Level 2
⏰ 12PM-8PM (Closed every non-PH Wed)
☎️ 09955171711


#ဘုတ်ဂိမ်းဆိုင်

😑 ဟျောင့်တွေ မင့်တို့ဟာကမဟုတ်တော့ဘူးကွ😑 ကိုယ်တိုင်ရိုက်ပုံလေးဘာလေးတော့ လုပ်ကြလေ😑 ဒို့ရိုက်ပေးထားတဲ့ပုံတွေ ပြန်လာမန့်နေတယ...
18/12/2025

😑 ဟျောင့်တွေ မင့်တို့ဟာကမဟုတ်တော့ဘူးကွ
😑 ကိုယ်တိုင်ရိုက်ပုံလေးဘာလေးတော့ လုပ်ကြလေ
😑 ဒို့ရိုက်ပေးထားတဲ့ပုံတွေ ပြန်လာမန့်နေတယ်

#ဘာကောင်တွေလား #သူတို့အဆိုးဆုံး
#ဘုတ်ဂိမ်းဆိုင်

❄️ ဒီဇင်ဘာ ၁၇ ရက်အမှတ်တရအနေနဲ့ ဘုတ်ဂိမ်းဆော့တဲ့ပျော်ရွှင်မှုကို မျှဝေပေးချင်ပါတယ်☑️ SPACE17 မှာလာဆော့ဖူးတုန်းက ကိုယ့်အဖွ...
17/12/2025

❄️ ဒီဇင်ဘာ ၁၇ ရက်အမှတ်တရအနေနဲ့ ဘုတ်ဂိမ်းဆော့တဲ့ပျော်ရွှင်မှုကို မျှဝေပေးချင်ပါတယ်
☑️ SPACE17 မှာလာဆော့ဖူးတုန်းက ကိုယ့်အဖွဲ့ရဲ့ပုံလေးနဲ့ အမှတ်တရလေးတစ်ခုခု ရေးပေးပါ
🎁 ဆိုင်မှာလာဆော့ဖို့ Gift Voucher လေးတွေ လက်ဆောင်ပြန်ပေးသွားပါမယ်ရှင်

#ဘုတ်ဂိမ်းဆိုင်

ဆိုင်ရှင်ငပျင်းနှစ်ကောင် ။  ။ Tuesday ဆိုတော့ လူပါးမယ်နဲ့တူတယ် ငါတို့ဟာငါတို့ အေးဆေးဂိမ်းဆော့ရင်းနှပ်မယ် 🤭ဆိုင်းမဆင့်ဗုံ...
16/12/2025

ဆိုင်ရှင်ငပျင်းနှစ်ကောင် ။ ။ Tuesday ဆိုတော့ လူပါးမယ်နဲ့တူတယ် ငါတို့ဟာငါတို့ အေးဆေးဂိမ်းဆော့ရင်းနှပ်မယ် 🤭

ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာသူများ ။ ။ ဆိုင်စောဖွင့်ပေး တနေကုန်ဆော့မယ် 😎

#ဘုတ်ဂိမ်းဆိုင်

❤️ အစ်မရေ ကျနော် ခရီးသွားမှာမို့ တစ်ပတ်လောက် မလာဖြစ်ဘူး🩵 ချမ်းရေ ဒီ weekend ကိစ္စပေါ်လာလို့ ခွင့်တိုင်ပါတယ်🤎 မမရေ ဒီနေ့လ...
16/12/2025

❤️ အစ်မရေ ကျနော် ခရီးသွားမှာမို့ တစ်ပတ်လောက် မလာဖြစ်ဘူး
🩵 ချမ်းရေ ဒီ weekend ကိစ္စပေါ်လာလို့ ခွင့်တိုင်ပါတယ်
🤎 မမရေ ဒီနေ့လာမလို့ကို မရတော့ဘူး ပိတ်ရက်မှပဲ

ဘုတ်ဂိမ်းကစားတဲ့မူကြိုကျောင်းကျနေတာပဲ
မလာဖြစ်ရင် ခွင့်ကြိုတိုင်ရတာနဲ့ဘာနဲ့
ချစ်စရာလေးတွေ 🥰

#ချစ်စရာ့အရွယ်ကစားကြမယ်
#ဘုတ်ဂိမ်းဆိုင်

😇😎🤭 စိတ်ကောင်းရှိတယ် ထုတ်မသုံးဖြစ်ဘူး                #ဘုတ်ဂိမ်းဆိုင်
08/12/2025

😇😎🤭 စိတ်ကောင်းရှိတယ် ထုတ်မသုံးဖြစ်ဘူး






#ဘုတ်ဂိမ်းဆိုင်

ဆိုင်ထိုင်ချင်လို့ ဝင်မေးတာကို ဆိုင်ဝန်ထမ်းကဖြေ…♟️ ဟုတ် ဘုတ်ဂိမ်းဆိုင်မို့ ဘုတ်ဂိမ်းဆော့လို့ရပါတယ်.. မဆော့လည်း အအေးသောက်...
08/12/2025

ဆိုင်ထိုင်ချင်လို့ ဝင်မေးတာကို ဆိုင်ဝန်ထမ်းကဖြေ…

♟️ ဟုတ် ဘုတ်ဂိမ်းဆိုင်မို့ ဘုတ်ဂိမ်းဆော့လို့ရပါတယ်.. မဆော့လည်း အအေးသောက်မုန့်စားရင်း နာရီဝက်တစ်နာရီထိုင်လို့ရပါတယ်

🧐 ကျနော်တို့က ဒီနားက ကျောင်းတစ်ခုကပါ.. အတန်းချိန်တွေကြားမှာ နေစရာမရှိလို့ ဂိမ်းမဆော့အအေးမသောက်ဘဲကော ဒီဆိုင်မှာလာထိုင်လို့ရလား

🌚 တအားနက်နဲသွားပြီ အိုင်တို့မဖြေတတ်တော့ဘူး

#အံ့ဩဆွံ့အ #ပျော်နေပြီတအား #သူမမှားဘူးငါမှားတာ
#ဘုတ်ဂိမ်းဆိုင်
#ဘုတ်ဂိမ်းကဖေး

Address

Sule Square #02/09
Yangon
11181

Opening Hours

Monday 11:00 - 20:00
Tuesday 11:00 - 20:00
Thursday 11:00 - 20:00
Friday 11:00 - 20:00
Saturday 11:00 - 20:00
Sunday 11:00 - 20:00

Telephone

+959955171711

Alerts

Be the first to know and let us send you an email when SPACE 17 - Board Game Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SPACE 17 - Board Game Hub:

Share

Category