27/07/2022
ကိုယ်နှစ်သက်တဲ့Pre ownedအဝတ်တွေကို မဝတ်ခင်မှာဘယ်လိုလျှော်ဖွတ်မလဲ?
ဒါကတော့ pre-owned,thrift,လမ်းဘေးပုံပုံစတိုး အစုံကနေ
အသစ်ချပ်ချွတ်မဟုတ်တဲ့အဆင်တန်ဆာတိုင်းကို ကိုယ့်ခန္ဓာကိုယ်ပေါ်မတင်ခင်ဘာတွေလုပ်သင့်လဲ။ ဘယ်လိုသန့်စင်ပြီးမှဝတ်သင့်သလဲကိုသိသလောက်လေးပြန်shareပေးမှာပါ။
အထည်ရေအများကြီးပြန်ရောင်းမဲ့သူတွေအတွက်မဟုတ်ပဲ
တစ်ကိုယ်ရည်ဝတ်မဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။
•Online storeတွေကဝယ်တာဆိုရင်
များသောအားဖြင့်အထူးတလည်ပြန်လျှော်ဖို့မလိုပါဘူး
အခုနောက်ပိုင်းonline Thrift storeတွေမှာ အများစုက
အစကတည်းကပိုးသတ်ပြီး သန့်ပြီးသားA grade ဘေထုပ်တွေကိုမှ ထပ်ပြီးလျှော်ဖွတ်မီးပူတိုက်ပြီးရောင်းကြတာများပါတယ်။
(များသောအားဖြင့်အဲ့ဒီအထည်တွေမှာသူတို့နဂိုပါလာတဲ့
အမွှေးနံ့ရှိပါတယ်)
ဒါပေမဲ့စိတ်ချလက်ချဝတ်ချင်တယ်၊ ဒါကကိုယ့်ရဲ့pre ownedအဝတ်ဝတ်တဲ့first experienceဆိုရင်တော့ကိုယ့်
လက်ထဲရောက်ပြီးမှစိတ်ကြိုက်ထပ်လျှော်ဖွတ်တာအကောင်းဆုံးပါ။ ပြီးတော့ပထမဆုံးဝတ်တဲ့အချိန်မှာအိမ်နေရင်းဆိုရင်တောင်underwearနဲ့ဝတ်တာအကောင်းဆုံးပါလို့။
အဲ့လိုမဟုတ်ပဲတစ်ယောက်ယောက်ဆီက ပြန်ဝယ်ထားတဲ့one handed အထည်လေးတွေဆိုရင်လဲပြန်လျှော်ပြီးမှဝတ်တာအကောင်းဆုံးပါ။ ဒီ၂မျိုးလုံးအတွက်ကပုံမှန်ကိုယ်အိမ်မှာလျှော်နေကျလိုစက်/လက်နဲ့ပဲလျှော်လဲရသလို ဒိုဘီအပ်လဲအဆင်မပြေပါတယ်။
ပုံပုံစတိုးက၊ ဒါမှမဟုတ်ဆိုင်ခန်းနဲ့ရောင်းတဲ့ဘေထုပ်တန်းကအထည်လေးတွေဝတ်မယ်ဆိုရင်တော့ တော်မတော်သိချင်လို့ဆိုပြီးအရမ်းကာရောစွပ်ကြည့်၊ဝတ်ကြည့်တာမျိုးရှောင်ပါလို့။
များသောအားဖြင့်သူတို့ရောင်းတဲ့အထည်တွေကGrade Aရယ်ဘာရယ်မဟုတ်ပဲရောနေတတ်တာတွေများပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအထိက ဒီကိစ္စကပြဿနာကြီးမဟုတ်ပေမဲ့
အခုလိုကူးစက်ရောဂါတွေပိုများလာတဲ့အချိန်၊ လူများများရှိတဲ့နေရာမှာဖွင့်ထားတဲ့အထည်တွေကိုဒီလိုလုပ်တာကriskများပါတယ်။ အထည်တွေစိတ်ကြိုက်ရွေးပြီးရင်လဲလက်သေချာဆေးပေးပါ။
စိတ်တိုင်းကျရွေးပြီးလို့မဝတ်ခင်လျှော်မယ်ဆိုရင်
✅အထည်နည်းရင်လက်နဲ့လျှော် စက်နဲ့မလျှော်နဲ့
Adminကတော့ကိုယ်စိတ်တိုင်းကျကြိုက်တဲ့တစ်ထည်ကို
ထပ်ပြီးစိတ်တိုင်းကျအစွန်းအထင်းအနာအဆာစစ်ပြီးလျှော်ရတာသဘောကျပါတယ်။ ပိုပြီးဂရုတစိုက်ကျကျနနသန့်စင်နိုင်ပါတယ်။ ရေနွေးနွေးလေးနဲ့လျှော်တာပိုကောင်းပါတယ်။
✅ Thriftထည်တွေရဲ့အစွန်းအထင်းနဲ့အနံ့အသက်အတွက် Vinegar ကအကောင်းဆုံး
အဝတ်ဖြူတွေပေါ်မှာစွန်းထင်းတာတွေပါလာရင်Vinegarသုံးတာအသင့်တော်ဆုံးပါ။ sprayဘူးအလွတ်ရှိရင်အဲ့ထဲထည့်ပြီး
စွန်းနေတဲ့နေရာတွေကိုနှံ့အောင်ဖျန်းပြီး ၁နာရီလောက်ထားပေးလိုက်ပါ။ ပြီးမှလျှော်ပါ။ အနံ့ပျောက်ဖို့အတွက်လဲထပ်ပြီး
Vinegarကိုသုံးနိုင်ပါတယ်။ ရေတစ်ပုံးမှာ vinegarသောက်ရေခွက်တစ်ခွက်နဲ့ရောပြီးအဲ့အတိုင်းကိုမှဆပ်ပြာနဲ့ရောလျှော်လို့ရပါတယ်။
✅အိမ်မှာbaking sodaအလွယ်ရှိရင် သူ့ကိုသုံးပြီးလျှော်လို့လဲရပါတယ်။ လျှော်မဲ့အဝတ်ပေါ်မှာbaking sodaကိုဖြူးပြီးတစ်နာရီလောက်ထားပေးပါ ။ အတွင်းရောအပြင်ရောလုပ်နိုင်ရင်ပိုကောင်းပါတယ်။ polyesterနဲ့လုပ်တဲ့အထည်တွေအတွက်ပိုသင့်တော်တဲ့နည်းလမ်းပါပဲ။
✅တကယ်လို့အပေါ်ကနည်းတွေအတိုင်းမလျှော်ခဲ့မိလို့
အနံ့စွဲနေသေးတယ် အနံ့ပျောက်ချင်တယ်ဆိုရင်လဲ အပေါ်ကပြောထားတဲ့vinegarနဲ့နည်းအတိုင်းပြန်လျှော်နိုင်ပါတယ်။
ဒါမှမဟုတ်အိမ်မှာကြောင်လေးတွေမွေးထားလို့ cat litter(ကြောင်သဲ)အဆင်သင့်ရှိတယ်ဆိုရင်အနံ့ပျောက်ဖို့သူ့ကိုသုံးလဲရတယ်။ လေလုံအိတ်တစ်အိတ်ထဲမှာအဝတ်ကိုအရင်ထည့်၊ပြီးရင်cat litter ကိုသီးသန့်အိတ်ကလေးနဲ့ထပ်ထည့်ပြီး
၂ခုလုံးကိုတစ်အိတ်ထဲမှာ၁ပတ်လောက်ထားလိုက်ပါ။ တိုက်ရိုက်တော့မထိပါစေနဲ့နော်။ နေသာတဲ့နေ့မျိုးဆိုနေရောင်ကောင်းကောင်းရတဲ့နေရာမျိုးမှာသေချာလှမ်းပါ။အနံ့အသက်ရောအရောင်အသွေး သစ်လွင်လာပါလိမ့်မယ်။
ကဲ! ဒီလောက်ဆိုကိုယ်ရွေးလာတဲ့ဘေထည်လေးတွေကိုအိမ်မှာ
လျှော်ဖို့အထောက်အကူဖြစ်မယ်ထင်ပါတယ်။ ကုန်ကျစရိတ်နည်းနည်းနဲ့လှလှပပဆင်ယင်နိုင်ကြဖို့ဆန္ဒပြုပါတယ်နော်🤍