Mother's Love Tea

Mother's Love Tea Natural Green Tea, Black Tea, White Tea, Purple Tea & CTC Black Tea

Mother's Love tea produces a variety of tea such as white tea, green tea, black tea, purple tea, and CTC black tea which are all naturally made from its own plantation.

☕ Happy International Tea Day from Mother’s Love Tea 💚ကမ္ဘာပေါ်မှာ ဘာသာစကားတွေမတူ ယဉ်ကျေးမှုတွေလည်း ကွဲပြားနေပေမယ့် “လက်...
21/05/2026

☕ Happy International Tea Day from Mother’s Love Tea 💚

ကမ္ဘာပေါ်မှာ ဘာသာစကားတွေမတူ ယဉ်ကျေးမှုတွေလည်း ကွဲပြားနေပေမယ့် “လက်ဖက်ရည်တစ်ခွက်”ရဲ့ နွေးထွေးမှုကတော့ နိုင်ငံတိုင်းမှာ အတူတူပါပဲ☕✨

ဘယ်နိုင်ငံဘယ်လူမျိုးမဆို ချစ်ရတဲ့သူတွေနဲ့ စကားဝိုင်းဖွဲ့ချိန်တိုင်းမှာ “Tea” လေးသာပါမယ်ဆိုရင် အမှတ်တရလေးတွေကို ပိုပြီးအသက်ဝင်စေမှာအမှန်ပါ 💛

ဒီနေ့ International Tea Day မှာလည်း Mother's Love ရဲ့ အရသာရှိတဲ့ တီးတစ်ခွက်က တီးချစ်သူအားလုံးနဲ့အတူ ရှိနေမယ်လို့ မျှော်လင့်ပါတယ် 🌿

Different cultures, different languages — but the warmth of a cup of tea feels the same everywhere. ☕✨

Wherever we are in the world, tea has a way of making conversations warmer, moments more meaningful, and memories with our loved ones even more special. 💛

This International Tea Day, we hope Mother’s Love Tea becomes part of those beautiful little moments shared with tea lovers everywhere. 🌿





သင့်ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ဧည့်သည်တိုင်းကို အိမ်မှာရတဲ့နွေးထွေးမှုမျိုးခံစားရစေဖို့ Mother’s love tea နဲ့ ဧည့်ခံလိုက...
16/05/2026

သင့်ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ဧည့်သည်တိုင်းကို အိမ်မှာရတဲ့နွေးထွေးမှုမျိုးခံစားရစေဖို့ Mother’s love tea နဲ့ ဧည့်ခံလိုက်ပါ 🏨🏨

Mother's Love Tea Bag လေးတွေဟာ
🍵 တစ်ထုပ်ချင်းလေလုံအောင်သီးသန့်ထုပ်ပိုးထားခြင်း
🌿 သန့်ရှင်းလတ်ဆတ်မှုရှိခြင်း
🫖 သင်းပျံ့တဲ့မွှေးရနံ့ နဲ့ ချောမွေ့တဲ့အရသာရှိခြင်း
😍 ဧည့်သည်တိုင်းအတွက် သင့်တော်မယ့် အရသာမျိုးစုံရှိခြင်း
တို့ကြောင့် ဟိုတယ်များအတွက် အထူးသင့်တော်ပီး ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုကို ရရှိစေမှာပါအသေအချာပဲ‌နော်

❤️အသေးစိတ်ဂရုစိုက်မှုလေးတွေက ဟိုတယ်ဝန်ဆောင်မှုအဆင့်ကို ထင်ရှားစေနိုင်တဲ့အတွက်ကြောင့် Mother’s Love အရည်အသွေးမြင့် လက်ဖက်ခြောက်များဖြင့် သင့်ဧည့်သည်များအပေါ်ဂရုစိုက်မှုကို ဖော်ပြလိုက်ပါ💯



🤱🏻ယနေ့ မေလ(၁၀)ရက်နေ့ဟာ မေလရဲ့ဒုတိယအပတ်တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ထားတဲ့ ကမ္ဘာ့ “အမေများနေ့” ပဲဖြစ်ပါတယ်❤️ ၉ လလွယ် ၁၀လဖွား ...
10/05/2026

🤱🏻ယနေ့ မေလ(၁၀)ရက်နေ့ဟာ မေလရဲ့ဒုတိယအပတ်တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ထားတဲ့ ကမ္ဘာ့ “အမေများနေ့” ပဲဖြစ်ပါတယ်

❤️ ၉ လလွယ် ၁၀လဖွား ဝမ်းနဲ့လွယ်မွေးခဲ့တဲ့အမေ
❤️ ငယ်စဉ်ကတည်းက သားသမီးတွေရဲ့ကောင်းကျိုးအတွက် ဆုံးမသွန်သင်ပေးခဲ့တဲ့အမေ
❤️ သားသမီးတွေအတွက် အရာရာဖြည့်ဆည်းပေးဖို့ကြိုးစားနေပေမယ့် ပင်ပန်းတယ်လို့မပြောခဲ့တဲ့အမေ
❤️ နွေးထွေးတဲ့လက်တစ်စုံနဲ့ သားသမီးတွေအတွက် ခွန်အားနဲ့သတ္တိတွေကို ပေးစွမ်းတဲ့အမေ
❤️ ဘဝရဲ့အနိမ့်အမြင့်တိုင်းမှာ အားပေးကူညီပေးတဲ့ အမေ့ရဲ့မေတ္တာတွေကို ဒီနေ့လေးမှာ ပိုပြီးသတိတရနဲ့ အသိအမှတ်ပြုကြရအောင်💐💐
အမေ့အချစ်တွေနဲ့ ထပ်တူကျတဲ့ Mother's Love Tea ကလည်း အမေများနေ့မှာ ကမ္ဘာပေါ်ရှိအမေများအားလုံး အသက်ရှည်ကျန်းမာပြီး မိသားစုနဲ့အတူပျော်ရွှင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော် ✨✨





ယနေ့သည် မေလ (၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဖြစ်ပါသည်👷👷မေဒေးနေ့စတင်ပေါ်ပေါက်လာသည်မှာ အမေရိကန်နိုင်ငံရှိ အလုပ်သမား...
01/05/2026

ယနေ့သည် မေလ (၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဖြစ်ပါသည်👷👷

မေဒေးနေ့စတင်ပေါ်ပေါက်လာသည်မှာ အမေရိကန်နိုင်ငံရှိ အလုပ်သမားများ၏ ဆန္ဒပြပွဲများမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယခင်က ကမ္ဘာအရပ်ရပ်ရှိ အလုပ်သမားများသည် တစ်နေ့လျှင် ၁၆နာရီမှ နာရီ၂၀ အထိ ပင်ပင်ပန်းပန်းအလုပ်လုပ်ကိုင်ခဲ့ရသည်။ ဤအချက်အပါအဝင် အခြားဖိနှိပ်ခံ အလုပ်သမားစည်းမျဉ်းများကို မကျေနပ်ကြ၍ အမေရိကန်ရှိမြို့ကြီးများတွင် ဆန္ဒပြပွဲများဆင်နွှဲပြီး အလုပ်သမားတို့၏ အခွင့်အရေးများအတွက် တောင်းဆိုခဲ့ကြသည်။ ဤသို့ အလုပ်သမားတို့၏ သွေးမြေကျ တိုက်ပွဲများကို အကြောင်းပြု၍ ၁၈၈၈ခုနှစ် စိန့်လူးဝစ်မြို့တွင် ကျင်းပသည့် အမေရိကန် အလုပ်သမားအဖွဲ့ချုပ် ညီလာခံတွင် ၁၈၉၀ခုနှစ်မှ အစပြု၍ မေလ (၁)ရက်နေ့ကို အလုပ်သမားနေ့အဖြစ် သတ်မှတ်ကျင်းပရန် ဆုံးဖြတ်ပြဋ္ဌာန်းလိုက်ကြသည်။

ဤသို့ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ကမ္ဘာတစ်ဝန်းလုံးရှိအလုပ်သမားများအပါအဝင် Mother's Love Tea ကို ယခုအချိန်ထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ပံ့ပိုးလုပ်ကိုင်လာခဲ့ကြသော Mother's Love family ဝန်ထမ်းများအားလုံးကို ဤပိုစ့်လေးဖြင့် လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်ရှင်🫡🫡




ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင် ဖွားမြင်တော်မူသောနေ့၊ သဗ္ဗညုတဉာဏ်ကိုရရှိပြီး ဘုရားဖြစ်တော်မူသောနေ့...
30/04/2026

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင် ဖွားမြင်တော်မူသောနေ့၊ သဗ္ဗညုတဉာဏ်ကိုရရှိပြီး ဘုရားဖြစ်တော်မူသောနေ့၊ ဗုဒ္ဓဝင်အကျဉ်းဟောတော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ နဲ့ ဘုရားဖြစ်မည့်ဗျာဒိတ်တော်ခံယူသောနေ့ ဖြစ်တာကြောင့် "ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့် ဗုဒ္ဓနေ့"လို့ ဆိုစမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်☸️🪷
ဒီလိုထူးခြားချက်တွေအပြင် ကဆုန်လဟာ ပူပြင်းတဲ့ နွေရာသီအချိန်အခါဖြစ်တာကြောင့် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းတဲ့ ဓလေ့လည်း ရှိပါတယ်။ဒါကြောင့် (၁၂) လရာသီတွေထဲမှာ “ကဆုန်လ ညောင်ရေသွန်းပွဲ” ဆိုပြီးတော့လည်း ကျောင်းသင်ခန်းစာထဲမှာသင်ကြားခဲ့ရပါသေးတယ်🌳🌳
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ဗုဒ္ဓနေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ Mother's Love Tea ချစ်သူများအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ကောင်းမှုကုသိုလ်များ ပွားများနိုင်ကြပါစေကြောင်း Mother's Love မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🙏




ယနေ့ဟာ မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့ ဖြစ်ပါတယ်💦🔫နှစ်သစ်ရဲ့ အစအဦးရက်ဖြစ်သည့်အတွက် သီလဆောက်တည်ခြင...
17/04/2026

ယနေ့ဟာ မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့ ဖြစ်ပါတယ်💦🔫
နှစ်သစ်ရဲ့ အစအဦးရက်ဖြစ်သည့်အတွက် သီလဆောက်တည်ခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်းစတဲ့ ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာလည်း မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်ပါတယ်🙏

ဒီလိုမင်္ဂလာရှိတဲ့ နှစ်ဦးအချိန်အခါ‌လေးမှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ခပ်သိမ်း ကင်း‌ဝေးပြီး အကျိုးစီးပွားတိုးတက်ကြပါစေကြောင်း Mother’s Love မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏


#နှစ်ဆန်းတစ်ရက်နေ့

ပူပြင်းတဲ့နွေရာသီမှာ လန်းဆန်းစေမယ့် Mother’s Love ရဲ့  အအေးဖျော် ဆန်လှော်မွေးလက်ဖက်ခြောက်နဲ့ ဖိတ်ခေါ်လိုက်ပါတယ် ☀️🍃မွှေး...
11/04/2026

ပူပြင်းတဲ့နွေရာသီမှာ လန်းဆန်းစေမယ့် Mother’s Love ရဲ့ အအေးဖျော် ဆန်လှော်မွေးလက်ဖက်ခြောက်နဲ့ ဖိတ်ခေါ်လိုက်ပါတယ် ☀️🍃

မွှေးကြိုင်တဲ့ဆန်လှော်နံ့နဲ့ ချောမွေ့တဲ့လက်ဖက်စိမ်းအရသာတို့ ပေါင်းစပ်ထားတဲ့ ဒီရေအေးကြမ်းဟာ ခါးသက်မှုကင်းဝေးပြီး ညင်သာတဲ့ချိုမြိန်မှုကို ခံစားရစေကာ သောက်လိုက်တာနဲ့ လန်းဆန်းပေါ့ပါးပြီး ရင်ထဲမှာအေးမြစေမှာပါ။

✨ Cold Brew Genmaicha ဟာဆိုရင် -
• ရေဓာတ်ဖြည့်ပေးပြီး အမောပြေလန်းဆန်းစေခြင်း
• ခါးသက်မှုနည်းပြီး ချောမွေ့တဲ့အရသာ
• စွဲမက်ဖွယ်ကောင်းတဲ့ ဆန်လှော်မွှေးရနံ့
• ကဖိန်းဓာတ်နဲနဲပါဝင်မှုကြောင့် နွေရာသီအတွက် အားအင်အနည်းငယ်ဖြည့်ပေးခြင်း
တွေ ပေးစွမ်းနိုင်ပါတယ်နော်☺️
ဒါကြောင့် Cold Brew Genmaicha လေးဖျော်သောက်ပီး နွေရာသီကိုသာသာယာယာဖြတ်သန်းလိုက်ပါ 🌿❄️

အလွယ်တကူ ဖျော်သောက်နည်း - Mother’s Love Genmaicha tea bag 2g တထုတ်ကို 1 L ရေသန့်ဗူးထဲထည့်၊ ရေခဲသေတ္တာထဲမှာ 12 နာရီခန့်ကြာအောင်ထားပီးရင် သောက်သုံးနိုင်ပါပီရှင့်




𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐋𝐨𝐯𝐞 𝐓𝐞𝐚 ချစ်သူတို့စောင့်မျှော်နေတဲ့ သင်္ကြန် 𝗽𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 လေးလာပြီနော်💦💦ထူးခြားတဲ့သစ်သီးလိုမွှေးရနံ့နဲ့အတူ ပျားရည...
04/04/2026

𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐋𝐨𝐯𝐞 𝐓𝐞𝐚 ချစ်သူတို့စောင့်မျှော်နေတဲ့ သင်္ကြန် 𝗽𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 လေးလာပြီနော်💦💦
ထူးခြားတဲ့သစ်သီးလိုမွှေးရနံ့နဲ့အတူ ပျားရည်ကဲ့သို့ချိုမြိန်ချောမွေ့တဲ့အရသာနဲ့ နွေးထွေးမှုကိုရရှိစေမယ့် 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐫𝐞𝐚𝐤𝐟𝐚𝐬𝐭 𝐓𝐞𝐚 လေးကို အထူးစျေးနှုန်းနဲ့ ရရှိမှာဖြစ်ပါတယ် 🥰🥰
𝐌𝐚𝐤𝐫𝐨, 𝐀𝐞𝐨𝐧 𝐎𝐫𝐚𝐧𝐠𝐞, 𝐂𝐢𝐭𝐲 𝐌𝐚𝐫𝐭 နဲ့ 𝐎𝐜𝐞𝐚𝐧 တွေမှာ ဝယ်ယူရရှိနိုင်မှာမို့ သင်္ကြန်ရေအေးနဲ့အတူ Tea နွေးနွေးလေးကို ခံစားနိုင်ဖို့ ဒီ April လ ပရိုမိုးရှင်းလေးကို လက်မလွှတ်စေနဲ့နော် 🛒





𝗛𝗼𝘁𝗲𝗹, 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 နဲ့ 𝗖𝗮𝗳𝗲 တွေမှာ 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐋𝐨𝐯𝐞 ရဲ့ Tea Bag လေးတွေကို တွေ့နေရပြီနော်!!🏨😍😍Tea Bag လေးတွေဖြစ်တာကြောင့် အသု...
28/03/2026

𝗛𝗼𝘁𝗲𝗹, 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 နဲ့ 𝗖𝗮𝗳𝗲 တွေမှာ 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐋𝐨𝐯𝐞 ရဲ့ Tea Bag လေးတွေကို တွေ့နေရပြီနော်!!🏨😍😍

Tea Bag လေးတွေဖြစ်တာကြောင့် အသုံးပြုရ ဖျော်စပ်ရလွယ်ကူမြန်ဆန်တာမို့ အခုလိုအသုံးပြုလာကြတယ်ဆိုရင်လဲမမှားပါဘူးနော် 🍵🍵
ဒါအပြင် အနံ့အရသာအနေနဲ့
☕𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐫𝐞𝐚𝐤𝐟𝐚𝐬𝐭 𝐓𝐞𝐚
🍃𝐒𝐭𝐢𝐜𝐤𝐲 𝐑𝐢𝐜𝐞 𝐓𝐞𝐚
🌻 𝐉𝐚𝐬𝐦𝐢𝐧𝐞 𝐓𝐞𝐚
🍃 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚
🍚𝐆𝐞𝐧𝐦𝐚𝐢𝐜𝐡𝐚 ဆိုပြီး ရွေးချယ်စရာ စုံစုံလင်လင်ရှိတာမို့ ကြိုက်နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။
ပြည်တွင်းထုတ်ကုန်စစ်စစ်💯 ဖြစ်ပီး အရည်အသွေးမြင့် လက်ဖက်ခြောက်များကိုသာ အသုံးပြုထုတ်လုပ်ထားတာမို့ အနံ့အရသာမွှေးမွှေးလေးနဲ့လတ်ဆတ်မှုကတော့ ထိပ်တန်းပဲနော် ☕✨

ဒါ့အပြင် 𝗛𝗼𝘁𝗲𝗹, 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 နဲ့ 𝗖𝗮𝗳𝗲 ဆိုင်တွေသုံးဖို့လည်း Mother’s Love tea bags တွေကို အထူးစျေးနှုန်းနဲ့ပေးထားတာမို့ စိတ်ဝင်စားရင် အခုပဲဆက်သွယ်လိုက်တော့နော် 🍵🍵









ယနေ့ကျရောက်သော ကရင်နှစ်သစ်ကူးနေ့လေးမှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ...
19/12/2025

ယနေ့ကျရောက်သော ကရင်နှစ်သစ်ကူးနေ့လေးမှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ🥰🥰



𝐉𝐚𝐬𝐦𝐢𝐧𝐞 𝐓𝐞𝐚 𝐁𝐚𝐠 လေးတွေကို 𝟭𝟬% 𝗱𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ 𝐦𝐚𝐫𝐤𝐞𝐭𝐩𝐥𝐚𝐜𝐞 တိုင်းမှာ 𝟮𝟳 ရက်နေ့ကစပြီး ဝယ်ယူနိုင်တော့မှာဖြစ်ကြောင်း Tea ချစ်သူ...
23/11/2025

𝐉𝐚𝐬𝐦𝐢𝐧𝐞 𝐓𝐞𝐚 𝐁𝐚𝐠 လေးတွေကို 𝟭𝟬% 𝗱𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ 𝐦𝐚𝐫𝐤𝐞𝐭𝐩𝐥𝐚𝐜𝐞 တိုင်းမှာ 𝟮𝟳 ရက်နေ့ကစပြီး ဝယ်ယူနိုင်တော့မှာဖြစ်ကြောင်း Tea ချစ်သူလေးတွေကို ကြိုတင်အသိပေးလိုက်ပါတယ်နော်🤩

စံပယ်ပန်းစစ်စစ်နဲ့သာ ရောစပ်ပြုလုပ်ထားခြင်းကြောင့် ရနံ့သင်းသင်းလေးရစေမယ့် Jasmine Tea Bagလေးကို လျှော့စေ◌ျးပေးထားတာမို့လက်မလွှတ်သင့်တဲ့ promotion လေးပဲနော်

𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 𝗗𝗮𝘁𝗲 👉𝟮𝟳/ 𝗡𝗼𝘃/ 𝟮𝟬𝟮𝟱 𝘁𝗼 𝟭𝟳/ 𝗗𝗲𝗰/ 𝟮𝟬𝟮𝟱




Address

Salain/2, Sein Pan Street, Bayintnaung Wholesale Center, Mayangone Township
Yangon
11061

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+9513683177

Alerts

Be the first to know and let us send you an email when Mother's Love Tea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mother's Love Tea:

Share