TN Branded Shop

TN Branded Shop “Your daily dose of positivity starts now!”

ကိုယ်ကကောင်းမှမိတ်ကောင်းရတယ်။မိတ်ကောင်းဆွေကောင်း ဆိုတာ၁။ကောင်းကျိုး လိုလားရတယ်။၂။သစ္စာ ရှိရတယ်။၃။တစ်ယောက်ဂုဏ်တစ်ယောက် ကာ...
12/10/2025

ကိုယ်ကကောင်းမှ
မိတ်ကောင်းရတယ်။

မိတ်ကောင်းဆွေကောင်း ဆိုတာ
၁။ကောင်းကျိုး လိုလားရတယ်။
၂။သစ္စာ ရှိရတယ်။
၃။တစ်ယောက်ဂုဏ်တစ်ယောက် ကာကွယ်စောင့်ရှောက်ရတယ်။
၄။လျှို့ဝှက်ရမယ့်အကြောင်းကို ၁၀၀% ထိန်းသိမ်းပေးရတယ်။
၅။ကောင်းတဲ့အကြံဥာဏ်ပေးရတယ်။

လွယ်မှ မလွယ်ဘဲကို။
ဒါကြောင့်
ရွှေထက်ရှားနေတာ။

ဒါကြောင့်
လူနည်းနည်းနဲ့ပဲနေတာ။♥🍀


စိတ်ထဲမှာ နာကျင်နေတဲ့အရာကိုမျက်နှာမှာ လာမပေါ်အောင်ထိန်းထားဖို့... တည်ဆောက်ထားတဲ့အရာတွေပြိုလဲသွားခဲ့ရင်တောင်ခြေလှမ်းတွေ ခ...
28/09/2025

စိတ်ထဲမှာ နာကျင်နေတဲ့အရာကို
မျက်နှာမှာ လာမပေါ်အောင်
ထိန်းထားဖို့...

တည်ဆောက်ထားတဲ့အရာတွေ
ပြိုလဲသွားခဲ့ရင်တောင်
ခြေလှမ်းတွေ ချော်မသွားဖို့ . . .

ကိုယ့်အပေါ် မကောင်းမှန်းသိတဲ့
ဆက်ဆံရေးတွေကို
အပြုံးမပျက်ခေါ်နေပြောနေနိုင်ဖို့ . . .

ဘဝကြီးက ပြိုလဲခဲ့ဖူးတယ် ဆိုရင်တောင်
အဆင်ပြေနေတဲ့ ပုံစံမျိုးနဲ့ နေတတ်ဖို့ . . .

တခုခု ဖြစ်ခဲ့ဖူးတယ် ဆိုရင်တောင်
ဘာမှမဖြစ်ခဲ့သလို နေတတ်ဖို့ဆိုတာ
ကိုယ့်မှာ အများကြီး ဖြတ်သန်းခဲ့ရတာ . . . ။

တကယ်တော့ ဘယ်လောက်
ရင့်ကျက်လာသလဲ ဆိုတာက
ပျော်ရွှင်ခြင်း နာကျင်ခြင်းတွေကို
လူမြင်အောင် ထုတ်ခံစားမပြဘဲ
မင်းရင်ထဲမှာ ဘယ်လိုထားတတ်လာသလဲ
ဆိုတာနဲ့ပဲဆိုင်တယ်... ။

ပျော့ကွက်ကို ချနင်းမယ့်သူရှေ့မှာ
အားနည်းချက်ကို ထုတ်မပြရဘူး ... ။

ပြီးတော့ဒဏ်ရာအသစ်တွေ
ထပ်ပေးမယ့်သူတွေကို
ဒဏ်ရာအဟောင်းတွေအကြောင်း
ဘယ်တော့မှပြောမပြရဘူး သိလား ... ။

တကယ်တော့စိတ်သက်သာရာ
သက်သာကြောင်းဆိုတာ
ငါတို့ ကိုယ်တိုင်ဆီမှာက လွဲရင်
တခြား ဘယ်သူ့ဆီမှာမှ
တကယ်မရှိဘူး ... ။

"အခြားသူရဲ့ ပြောစကားကို နားနှစ်ဖက်နဲ့ နားထောင်တတ်ရမယ်...ဒါမှမဟုက်ရင် ခံရသူက နှစ်ခါနစ်နာရတယ်။" 🍀✍️1️⃣ နားတစ်ဖက်နဲ့ နားနှစ...
24/09/2025

"အခြားသူရဲ့ ပြောစကားကို နားနှစ်ဖက်နဲ့ နားထောင်တတ်ရမယ်...
ဒါမှမဟုက်ရင် ခံရသူက နှစ်ခါနစ်နာရတယ်။" 🍀✍️

1️⃣ နားတစ်ဖက်နဲ့ နားနှစ်ဖက်ရဲ့ကွာခြားချက်။

◾ အခြားသူတစ်ယောက်ရဲ့ စကားကိုနားထောင်မိတဲ့အခါမှာ စိတ်သဘောက အလွန်အရေးကြီးပါတယ်။ တစ်ဖက်သက်ဆန်တဲ့ စကားမျိုးကိုသာ ကိုယ်ကနားထောင်မိလိုက်ရင် အသံတစ်ခုတည်းကိုသာ ကြားရလိမ့်မယ်။ ဒီစကားက အမှန်တရားစကားလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

◾ ကိုယ်က အခြားသူစကားကို နားတစ်ဖက်ထဲနဲ့ နားထောင်မိရင် နစ်နာသူအတွက် နာကျင်စရာ နောက်တစ်ခုကို ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့များ သူ့ပြောစကားကို နားယောင်လိုက်မိရင်တော့ တစ်ဖက်လူကိုပါ အထင်လွဲ၊ အမြင်လွဲနိုင်ပါတယ်။

📌 စကားဆိုတာ နားနှစ်ဖက်နဲ့ နားထောင်နိုင်မှသာ အမှန်တရားကို အပြည့်အဝ မြင်နိုင်မှာပါ။ တစ်ဖက်တည်းကိုပဲ နားထောင်မိလိုက်တဲ့အခါမှာ "သူပဲမှန်တယ်" ဆိုတဲ့ လိုရာဆွဲပြောတာကို ထပ်ထပ်ခါခါ ကြားရလိမ့်မယ်။ Drama ခင်းတဲ့စကား၊ လုပ်ကြံလီဆယ်တဲ့စကား၊ ဖောက်ပြန်တဲ့စကားပဲ ကြားရလိမ့်မယ်။

2️⃣ နားတစ်ဖက်နဲ့ နားထောင်တတ်တဲ့ ပြဿနာများ။

◾ နားကိုတစ်ဖက်သက်ပဲ နားထောင်မိရင် ခံရသူဖက်က နှစ်ဆနစ်နာရတယ်။ တစ်ဖက်ထဲစကားကိုသာ ယုံကြည်မိလိုက်ရင် အခြားဘက်က စကားအမှန်တွေကိုလည်း မကြားနိုင်တော့ပါဘူး။ ဒီလိုနဲ့ နစ်နာသူကို ထပ်ပြီးအထင်လွဲပြီး အမုန်းစိတ်နဲ့ ထိခိုက်မှုတွေပါ ဖြစ်ပေါ်တတ်ပါတယ်။

◾ ကိုယ်က နားထောင်သူဆိုရင် သူပြောတာ ဟုက်၊မဟုက်ကို အပြန်အလှန် မေးမြန်းပြီးမှသာ ဆုံးဖြတ်ကြရပါမယ်။ ဒီလိုမှမဟုက်ပဲ ငါ့စကား နွားရသဘောနဲ့ ပြောတတ်သူစကားကို နားယောင်မိရင် ကိုယ့်မှာလည်း အကုသိုလ်ကြီးပါတယ်။

📌 တစ်ဖက်သက်ထဲ စကားကိုသာ နားထောင်မိရင် အမှန်ကတော့ နစ်နာသူတွေအတွက် တရားမျှတခြင်းလည်း မရှိနိုင်တော့ပါဘူး။

3️⃣ စကားနားထောင်သူအနေဖြင့် တာဝန်တွေရှိတယ်။

◾ ကိုယ်ကနားထောင်သူဆိုရင် သူ့စကားကို ဟုက်မဟုက် မပြောခင်မှာ နှစ်ဖက်စလုံးရဲ့ စကားကို မျှမျှတတ နားထောင်ဖို့လိုပါတယ်။ ကိုယ့်အမြင်တစ်ခုထဲနဲ့ အမြန်မဆုံးဖြတ်ပါနဲ့။ နှစ်ဖက်စလုံးရဲ့စကားတွေကို အပြန်အလှန် နားနှစ်ဖက်နဲ့ နားထောင်ကြရပါမယ်။ ပြီးမှသာ ဘယ်သူကမှားသလဲ၊ ဘယ်သူက မှန်သလဲ ဆုံးဖြတ်နိုင်ကြမှာပါ။

📌 နားထောင်ခြင်းဆိုတာက တစ်ဖက်သက်ထဲကို မျက်နှာသာပေးဖို့ မဟုက်ပါဘူး။ တစ်ဖက်လူရဲ့ ဖွင့်ဟပြောဆိုမှုကို လေးနက်စွာ လက်ခံပြီးတော့ အပြန်အလှန် မေးမြန်းပြီးမှသာ အမှားအမှန်ကို ဝေဖန်လို့ ရနိုင်တာပါ။ ကိုယ်က ကြားထဲကနေ အတိုင်ခံရရင် အဂတိကင်းကင်းနဲ့ နားထောင်နိုင်ဖို့လိုတယ်။

4️⃣ မျက်စိပိတ်ပြီး နားထောင်ခြင်းရဲ့ ဆိုးကျိုးများ။

◾ မျက်စိစုံပိတ်ပြီး နားထောင်မိရင် အမှန်ကိုလည်း မမြင်နိုင်ပါဘူး။ တစ်ဖက်ဘက်ရဲ့ အကြောင်းပြချက်တွေ၊ အတိတ်နောက်ခံတွေကိုပါ မမြင်ရနိုင်တော့ပါဘူး။ ဒါက စကားအပေါ် မှာအမြင်လွန်ကဲမှုတွေကို ဖြစ်စေတတ်ပါတယ်။

◾ နားနှစ်ဖက်နဲ့ နားမထောင်ဘဲ သူပြောတဲ့အတိုင်း ယုံလိုက်မိတာက နစ်နာသူအတွက် ဒုက္ခနှစ်ဆ ဖြစ်စေတတ်တယ်။ ဒါက နစ်နာသူအတွက်လည်း တရားမမျှတနိုင်တော့ပါဘူး။

📌 အချိန်ကြာလာခဲ့ရင် အမြင်လွဲမှားပြီး စွပ်စွဲမှုတွေအထိ ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။ မျက်စိပိတ်ထားတဲ့ နားထောင်မှုက ဘယ်တော့မှ အဆင်မပြေနိုင်ပါဘူး။ နားဆိုတာ နှစ်ဖက်နားထောင်မှ တရားပါတယ်။ တစ်ခုခုကို ထင်မြင်ချက် မပေးခင်မှာ အကြောင်းအရာအားလုံးကို မေးမြန်းဖို့လည်း မမေ့ပါနဲ့။

5️⃣ နှစ်ဖက်နားထောင်ခြင်းက ရရှိမယ့် အကျိုးများ။

◾ နားနှစ်ဖက်နဲ့ နားထောင်ခြင်းက ချစ်ခင်မှုနဲ့ နားလည်မှုကို ပိုမိုတိုးစေပါတယ်။ သူငယ်ချင်း၊ မိသားစုနဲ့ အလုပ်ခွင်ယုံကြည်မှုနဲ့ ဟန်ချက်ညီမှု ပိုမိုဖြစ်ပေါ်စေပါတယ်။ အမှားပြောသူစကားကို နားထောင်မိသူဟာ တာဝန်ကြီးပါတယ်။

◾ အမှားနဲ့အမှန်ကို ခွဲခြားဆုံးဖြတ်ရာမှာ နားလည်နိုင်တဲ့ ပညာရှိဖို့လိုတယ်။ ဒါမှမဟုက်ရင် နစ်နာသူက နှစ်ခါထိခိုက်ပါတယ်။

📌 မျှတတဲ့ စကားနားထောင်ခြင်းကသာ နစ်နာသူကို ကယ်တင်ပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီနည်းလမ်းနဲ့ လူတွေအချင်းချင်း ဆက်ဆံရေးတွေကို သန့်ရှင်းသန်မာလာပါတယ်။ အဆုံးမှာတော့ မုန်းတီးမှုနဲ့ မဟုတ်ဘဲ ချစ်ခင်စိတ်တွေကိုပါ ပေါ်လာပါတယ်။

6️⃣ အပြောအဆိုနဲ့ အပြန်အလှန်ဆက်ဆံမှု။

◾မျှတတဲ့ စကားနားထောင်ခြင်းက ရင်းနှီးမှုကို တိုးတက်စေနိုင်တဲ့ တံခါးပါပဲ။ သဘောထားမြင်ကွင်းကို ဖလှယ်နိုင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ နားထောင်တဲ့အခါ ရိုးရိုးရှင်းရှင်း ပြောဆိုနိုင်ဖို့ ကြိုးစားပါ။ အပြန်အလှန် မေးမြန်းပြီး အကြောင်းအရာနောက်ခံကို သိဖို့ကြိုးစားပါ။

📌 အပြန်အလှန် မျှမျှတတ နားထောင်နိုင်ရင် အမှားတွေကို ရွေးချယ်မှုတွေလည်း လျော့နည်းစေနိုင်ပါတယ်။ လူတိုင်းအတွက် တန်ဖိုးရှိတဲ့ နားထောင်မှုကိုသာ ပေးစေချင်ပါတယ်။

7️⃣ တရားမျှတတဲ့ နားထောင်မှုရဲ့ အရေးပါမှု။

◾ တရားမျှတစွာ နားထောင်ဆိုတာ သွေးဆောင်ဖျားယောင်းမှုမရှိတဲ့ အခြေအနေတစ်ခုပါ။ နှစ်ဖက်စလုံးရဲ့ စကားတွေကို တရားသဖြင့်စိတ်နဲ့ နားထောင်ရမယ်။ ဒီလိုနဲ့ ပြောသူတစ်ယောက်ကို တရားမျှတစွာ အကဲဖြတ်နိုင်ပါတယ်။ အမှား/အမှန်ကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်တာမျိုးမလုပ်ဘဲ ဘယ်သူကရိုးသားသလဲ‌‌ဆိုတာ သိအောင်လုပ်သင့်ပါတယ်။

📌 တရားမျှတတဲ့ နားထောင်မှုကသာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ယုံကြည်စိတ်နဲ့ ဖွံ့ဖြိုးလာတဲ့ ချစ်ခြင်းတွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီလိုနားထောင်မှုက လူတိုင်းကို တန်ဖိုးရှိစေပါလိမ့်မယ်။

8️⃣ နားနှစ်ဖက်နဲ့ နားထောင်ခြင်းက မဖြစ်မနေကို အရေးကြီးပါတယ်။ တစ်ဖက်ပဲ နားထောင်တတ်သူက အမှားကိုသာ ဆက်တိုက်ကျူးလွန်မိမယ်။ နစ်နာသူတွေကို ပြစ်မှားမိတယ်၊ ထိခိုက်စေနိုင်မယ်။ ကိုယ်ကပါ စိတ်ဓာက်သေးသိမ်ရာရောက်ပါတယ်။

◾ လောကမှာ အများကြီးရှိတယ်။ အရင်ပြောတဲ့သူရဲ့စကားကို အမှန်ယူဆပြီးတော့ နောက်ထပ်ဘယ်သူ့စကားကိုမှ နားမထောင်တော့တာ၊ နားမဝင်တော့တာ၊ နားမသွင်းတော့တာမျိုး။ ဒီလိုမျိုးလုပ်မိရင် ကိုယ်ကပါ အပြစ်ကြီးပါတယ်။

◾ ဘာကြောင့်လဲဆိုရင်ခံရသူဟာ နှစ်ခါနစ်နာလို့ပါပဲ။ ဒါ့ကြောင့် ကိုယ်က အခြားသူတိုင်တောတဲ့ စကားကြားထဲရောက်နေရင် နားနှစ်ဖက်နဲ့ နားထောင်ပေး။ နှစ်ယောက်စကားကို မျှမျှတတ နားထောင်ပေးပါ။ ဒါမှသာ တရားမျှတပါမယ်။

📌 နောက်နေ့ကစပြီး အခြားသူရဲ့ ပြောစကားတွေကို နားနှစ်ဖက်နဲ့ နားထောင်ဖို့ မမေ့ပါနဲ့။ နားတစ်ဖက်ထဲနဲ့ နားထောင်မိရင် ကိုယ်ကပါ မတရားမှုထဲမှာ ကိုယ်ထိလက်ရောက် ပါနေပြီလို့သာမှတ်ပါ။

Credit
. Dr. Sai Naw Jar
သောက ကင်းဝေးသောရှင်သန်ခြင်း

လူတယောက်ရဲ့သရုပ်မှန်က အခြေနေ နှစ်ခုမှာပဲပေါ်တာ1 လိုချင်တာတွေရပြီးတဲ့အခါသရုပ်မှန်ပေါ်လာလေ့ရှိတယ်2 သူလိုချင်တာတွေမရနိုင်ဖူ...
11/08/2025

လူတယောက်ရဲ့
သရုပ်မှန်က အခြေနေ နှစ်ခုမှာပဲပေါ်တာ

1 လိုချင်တာတွေရပြီးတဲ့အခါ
သရုပ်မှန်ပေါ်လာလေ့ရှိတယ်

2 သူလိုချင်တာတွေမရနိုင်ဖူးဆိုတာ
သေချာသွားတဲ့အချိန်မှာလည်း
လူတယောက်ရဲ့ သရုပ်မှန်ပေါ်လာလေ့ရှိတယ်

အဲ့ဒါကြောင့်
အထက်ကအခြေနေနှစ်ခုနဲ့မကြုံရမချင်း

လူတယောက်ရဲ့စကားတွေကိုလည်း အယုံမစောနဲ့.
လုပ်ရပ်တွေကိုလည်း အကြည့်မစောနဲ့
အမူအယာတွေကိုလည်း အကြွေမစောနဲ့

အချိန်မကျသေးပဲ စိုက်တဲ့အပင်က
ဘယ်တော့မှအသီးမသီးသလို

အချိန်မကျသေးပဲခူးတဲ့အသီးကလည်း
ဘယ်တုန်းကမှ အရသာရှိရိုး ထုံးစံမရှိခဲ့ဖူး...။

30/07/2025
Inle Princess က ထုတ်ပြန်တဲ့ဖူးတဲ့စာလေးလိုပေါ့"အဆုံးသတ်မှာတော့ ကျမတို့ဘဝမှာအောက်ပါ သုံးခုသောအရာတွေသာ အရေးကြီးတယ်လို့မှတ်ယ...
10/04/2025

Inle Princess က ထုတ်ပြန်တဲ့ဖူးတဲ့စာလေးလိုပေါ့

"အဆုံးသတ်မှာတော့ ကျမတို့ဘဝမှာအောက်ပါ သုံးခုသောအရာတွေသာ အရေးကြီးတယ်လို့မှတ်ယူပါတယ်။

ကျမတို့ဘယ်လောက်မေတ္တာထားနိုင်ခဲ့သလဲ၊ ကျမတို့ဘယ်လောက်ညင်သာသတိရှိစွာနဲ့ တာဝန်သိသိရှင်သန်နေထိုင်ခဲ့သလဲ၊ ဉာဏ်ပညာနဲ့ရှင်သန်နေထိုင်ရင်း လက်လွှတ်လိုက်ရမယ့်အရာတွေကို ကျမတို့ ဘယ်လိုအသိတရားရှိရှိနဲ့ အိန္ဒြေရရထွက်သွားခွင့်ပေးမလဲဆိုတာပဲ။”

“In the end, only three things matter: how much you loved, how gently and responsibly you lived, and how gracefully you let go of things while growing in the wisdom of life.”

ခေတ်ပျက်မှ ပျော်စရာဟာတန်ဖိုးကြီးမှန်း ငါသိရတယ်လှလှပပ ရှုံးလိုက်ဖို့ကလွဲရင်ကျွန်တော့်ကမ္ဘာမှာ ကျန်တာ မရှိတော့ဘူးကျွန်တော်...
12/03/2024

ခေတ်ပျက်မှ ပျော်စရာဟာ
တန်ဖိုးကြီးမှန်း ငါသိရတယ်

လှလှပပ ရှုံးလိုက်ဖို့ကလွဲရင်
ကျွန်တော့်ကမ္ဘာမှာ ကျန်တာ မရှိတော့ဘူး

ကျွန်တော် လုပ်ပြခွင့် မရှိပါသောတွေ
ကျွန်တော် ပြိုလဲလို့ မဖြစ်ပါသောတွေ
ကျွန်တော် ပိုင်ဆိုင်ဖို့ မဖြစ်နိုင်သောတွေကြား
ရှင်သန်နိုင်ဖို့ဟာ ဇဝေဇဝါ ပါပဲ

နေလို့ လဲ မပျော်
သေလို့လဲ မဖြစ်
ငါတို့ ခေတ်မှ ပျက်နေလိုက်တဲ့ ဘဝ တွေကြား
ငါဟာ သူလိုလို ငါလိုလို
ဘုရင်လိုလို ကျွန်လိုလို
ငရဲမှာ ပျော်လိုက် နိဗ္ဗာန်အား မျှော်လိုက်ပါပဲ ။

အမြဲတမ်းလည်း လူတိုင်းအပေါ် ကောင်းမနေနိုင်ဘူး။အမြဲတမ်းလည်း စိတ်ထားက မြင့်မြတ်မနေနိုင်ဘူး။အမြဲတမ်းလည်း လူတိုင်းအပေါ် သဘောထ...
10/03/2024

အမြဲတမ်းလည်း
လူတိုင်းအပေါ် ကောင်းမနေနိုင်ဘူး။
အမြဲတမ်းလည်း
စိတ်ထားက မြင့်မြတ်မနေနိုင်ဘူး။
အမြဲတမ်းလည်း
လူတိုင်းအပေါ် သဘောထားမကြီးပေးနိုင်ဘူး။

ကျနော့်မှာလည်း
မကောင်းတဲ့အချက်တွေ အများကြီးပဲ။

ဒါပေမယ့်
ဘယ်တော့မှ စိတ်ဓာတ် အောက်တန်းမကျဘူး။
သေချာတာတစ်ခုကတော့ . . .
ဘယ်သူ့နောက်ကျောမှာမှ ကျနော့်ဓားရာ မရှိဘူး။

🌻📬

" အတွေးမတူရင် အပြေးမတူဘူး "__________________________တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်...
09/03/2024

" အတွေးမတူရင် အပြေးမတူဘူး "
__________________________

တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်လိုက်တယ်။

ယုန်ကလည်း ခွေးလိုက်မှန်းသိတော့ အစွမ်းကုန်ပြေးရှာတယ် ။
ကွေ့ပတ်ပြေးတယ် နည်းလမ်းမျိုးစုံအောင်
လှည့်ပတ်လို့ပြေးတယ်...။

ဒီလိုနဲ့ ယုန်ဟာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်တော့...

" ဟေ့ ခွေးကောင်..
မင်း ငါ့ကို ဘယ်လိုလိုက်လိုက် မမိနိုင်ပါဘူး " လို့ လှမ်းပြောလိုက်တယ် ။ ခွေးက...

" ဘာဖြစ်လို့လဲ " လို့ ပြန်မေးတဲ့အခါ ယုန်ကဘာပြန်ပြောလဲဆိုတော့...

" မင်းက တစ်နပ်စာအတွက်လိုက်တယ်...
ငါက တစ်သက်စာအတွက် ပြေးရတာလေ...
အတွေးမတူတော့ အပြေးလည်း မတူဘူး " တဲ့။

* ဒီလိုပါပဲ *လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ် ။

ဒါပေမဲ့..မတူညီတာက...
တချို့က...
တစ်ရက်စာပြေလည်ဖို့ပဲ အလုပ်လုပ်တယ် ။
တချို့က...
တစ်သက်စာပြေလည်ဖို့အတွက် အလုပ်လုပ်တယ် ။

ဘာပဲဖြစ်ဖြစ်...
ယုန်ကလေးတောင် တစ်သက်စာရှင်သန်ဖို့
ပြေးနိုင်ခဲ့သေးရင်...
ကိုယ်လည်း တစ်သက်စာပြေလည်ဖို့
အလုပ်တွေလုပ်နိုင်ရမယ်လေ ...

လေယာဉ်ပျံစီးဖို့ အင်္ဂလိပ်စာပြီးခဲ့တဲ့အပတ်က ခွင့်နဲ့ ရန်ကုန်ပြန်ဖို့ ဘန်ကောက် Suvarnabhumi လေယာဉ်ကွင်းမှာ MAI check-in d...
07/03/2024

လေယာဉ်ပျံစီးဖို့ အင်္ဂလိပ်စာ

ပြီးခဲ့တဲ့အပတ်က ခွင့်နဲ့ ရန်ကုန်ပြန်ဖို့ ဘန်ကောက် Suvarnabhumi လေယာဉ်ကွင်းမှာ MAI check-in desk မှာ တန်းစီစောင့်နေရင်း ကိုယ့်ရဲ့ရှေ့က ခရီးသည်နှစ်ယောက် လေယာဉ်ကွင်းမှ ground staff အမျိုးသမီးက သူတို့ကို အင်္ဂလိပ်လိုမေးလိုက်တဲ့ သာမန်မေးခွန်းလေးတွေကို နားမလည်တာကို တွေ့ခဲ့ရတယ်။ မနေနိုင်လို့ တန်းစီနေရာကနေ ရှေ့တိုးသွားပြီး ကိုယ် သူတို့ကို ဘာသာပြန်ပေးပြီးကူညီခဲ့ရတယ်။ လေယာဉ်ပျံကြီးစီးပြီး ပြည်ပနိုင်ငံတွေကို ခရီးထွက်နေကြရပြီဆိုရင်တော့ အင်္ဂလိပ်စကားလေးလည်း အလုပ်ဖြစ်အောင်တတ်ထားရင်တော့ လူတွေနဲ့ communicate လုပ်နိုင်တော့ ရဲရဲတင်းတင်း အဆင်ပြေစွာ ခရီးသွားနိုင်ကြမှာပေါ့နော်။ အဲဒီနေ့က အတွေ့အကြုံလေးကြောင့် လေယာဉ်ပျံစီးပြီး နိုင်ငံခြားခရီးထွက်ရမဲ့ သူတွေအတွက် အသုံးဝင်စေမဲ့ ဆောင်းပါးလေးတစ်ပုဒ်တော့ ရေးမှပဲလို့ စိတ်ထဲတေးထားခဲ့တာ...အခုမှ အားချိန်လေးနည်းနည်းရလို့ ရေးချလိုက်ရပါတယ်။

ပထမဦးဆုံး လေယာဉ်စီးမဲ့သူတွေ သိကိုသိထားသင့်တဲ့ လေယာဉ်ကွင်းမှာ တွေ့မြင် ကြုံတွေ့ကြရမဲ့ အခြေခံ အင်္ဂလိပ် စကားလုံးလေးတွေကို မှတ်ထားကြရအောင်။

1. airline (noun)
airline ဆိုတာ လေကြောင်း၊ ကိုယ်စီးမဲ့လေယဉ်ကိုပိုင်တဲ့ လေကြောင်းကုမ္ပဏီ။ ဥပမာ။ Singapore Airlines; British Airways; Myanmar Airways စသည်ဖြင့်။ ကုမ္ပဏီ နာမည်၊ လေကြောင်းနာမည်ကို ပြောရင် airline နဲ့ airway မှာ "s" ထည့်ထားတာကို သတိပြုပါ။

2. departures (noun)= ထွက်ခွာ
depart (verb) ဟာ ထွက်ခွါသည်။ departure (noun) ဟာ ထွက်ခွါခြင်း။ ခရီးစထွက်မဲ့သူတွေသွားရမဲ့ အပေါက်၊ လမ်းကြောင်း၊ ခန်းမ စသည်တို့ကို လေယာဉ်ကွင်းတွေမှာ Departures ဆိုတဲ့ sign အမှတ်အသားပြထားတယ်။ Departure Lounge ကတော့ လေယာဉ်စီးမဲ့သူတွေ ထိုင်စောင့်တဲ့ ခန်းမ။ Departure Lounge မှာ "s" မပါပေမဲ့ " ထွက်ခွါ"Departures sign မှာ "s" ပါရတယ်။

3. arrivals (noun)= ဆိုက်ရောက်
ကိုယ်က သူများကို လေယာဉ်ကွင်းမှာ သွားကြိုတာဆိုရင်တော့ Arrivals ဆိုတဲ့ sign အတိုင်းသာသွားရမှာ။ သွားပို့တာဆိုရင်တော့ Departures ဘက်ကိုသွားပေါ့။
မင်းကို ငါ ဆိုက်ရောက်ရာခန်းမမှာ တွေ့မယ်/လာကြိုမယ်...ဒီဝါကျကို အင်္ဂလိပ်လိုပြောရင်...
I will meet you in the arrivals lounge.
Departure Lounge မှာ departure မှာ "s" မပါဘူး။
Arrivals Lounge မှာ arrival မှာ "s" ပါတယ်။ အဘိဓာန်ထဲမှာ အဲဒီအတိုင်းပြထားတယ်။

4. Gate (noun)= ဂိတ်ပေါက်

5. Check in (verb)
Check-in (noun)
လေယာဉ်မစီးခင် လေကြောင်းကောင်တာမှာ သက်ဆိုင်ရာဝန်ထမ်းကို ကိုယ့်ရဲ့ passport နဲ့ လေယဉ်လက်မှတ်ကိုပြ၊ ပြီးရင် ကိုယ်ယူသွားမဲ့ အထုပ်တွေကို အလေးချိန်ချိန်ရတယ် ။ အဲဒီလိုလုပ်ရတာကို check in လုပ်တယ် (verb) လို့ခေါ်ပြီး noun ကိုတော့ check-in ဆိုပြီး hyphen လေးထည့်ရေးရတယ်။ check-in လုပ်တဲ့နေရာကို check-in desk ၊ check-in လုပ်ရမဲ့အချိန်ကို check-in time စသည်ဖြင့်သုံးပါတယ်။

6. board (verb)= လေယာဉ်ပေါ်တက်သည်
to board a plane လို့ အတွဲလိုက်မှတ်ထားသင့်ပါတယ်။

7. boarding pass (noun)
check in လုပ်တဲ့အခါ ကိုယ့်ရဲ့ passport နဲ့ air-ticket ပေးလိုက်ပြီး luggage တွေ အိတ်တွေကို အလေးချိန်ချိန်ပြီးတဲ့အခါမှာ airline ဝန်ထမ်းက ကိုယ့်ကို လေယာဉ်ပေါ်တက်ရောက်ခွင့်လက်မှတ် boarding pass ပေးပါလိမ့်မယ်။ boarding pass ပေါ်မှာ လေယာဉ်ထွက်မဲ့ Gate ပေါက်နံပါတ်၊ boarding time လေယာဉ်ပေါ်စတက်ခွင့်ပေးမဲ့အချိန်နဲ့ seat number ကိုယ့်ရဲ့ ထိုင်ခုံနံပါတ်တို့ကို ဖော်ပြထားပါတယ်။

8. carry on (luggage) (noun)
ကိုယ်တွေကတော့ hand carry လို့ခေါ်ကြတယ်နော်။ အိတ်အကြီးတွေကိုတော့ check in လုပ်ရတယ်။ ရှစ်ကီလိုထက်မလေးတဲ့ လက်ကိုင်အိတ်တို့၊ backpack ကြောပိုးအိတ်တို့၊ laptop computer ထည့်ထားတဲ့ အိတ်တို့ကိုတော့ check in လုပ်စရာမလို၊ လူနဲ့တပါတည်းသယ်ဆောင်သွားလို့ရတာကို hand carry , hand luggage လို့သုံးကြပေမဲ့ တကယ်တမ်း native speaker တွေ အသုံးများတာက carry on တဲ့။ Carry on ဆိုတဲ့ တံဆိပ်နဲ့ ခရီးဆောင်အိတ်အသေးတွေပြုလုပ်ရောင်းချတဲ့ ကုမ္ပဏီလည်းရှိပါတယ်။

9. fragile (adjective)= ကွဲတတ်သော၊ နုသော
အိတ်တွေကို check in လုပ်ရင် အထဲမှာ ကွဲရှနိုင်တဲ့၊ နူးညံ့စွာကိုင်ရမဲ့ ပစ္စည်းပါရင် "fragile" sticker ကပ်ခိုင်းပါ။

10. oversized baggage = အရွယ်ကြီးလွန်းသောအိတ်
ဂေါက်ရိုက်တံတွေထည့်ထားတဲ့ အိတ်ကြီးတွေ စသည်ဖြင့် အလွန်ကြီးလွန်းတဲ့အိတ်တွေကို သီးခြား oversized baggage counter မှာ check in လုပ်ရပါတယ်။

11. overweight baggage= ခွင့်ပြုသည့်အလေးချိန်ထက် ပိုလေးနေသောအိတ်
များသောအားဖြင့် အိတ်တစ်လုံးကို ကီလို ၂၀ ထက်မကျော်စေရလို့ သတ်မှတ်ထားတတ်တယ်။

12. delayed (adjective)= လေယဉ်နောက်ကျသော

13. economy class= စျေးသက်သာသောလက်မှတ်

14. business class= စျေးပိုကြီးသော လက်မှတ်

15. first class= စျေးအကြီးဆုံး ပထမတန်းလက်မှတ်

လူအများစုကတော့ ပုံမှန် economy class လက်မှတ်ပဲဝယ်စီးကြတာပေါ့။ ချမ်းသာသူတွေ၊ အစိုးရအရာရှိကြီးတွေကတော့ business သို့မဟုတ် first class ကနေစီးကြမှာပေါ့။ business/first class တွေက စျေးကြီးတဲ့လက်မှတ်ဆိုတော့ကာ check in လုပ်ရင်လည်း သီးသန့်၊ လေယာဉ်ပေါ်ကိုလည်း အရင်ဆုံးတက်၊ အရင်ဆုံးဆင်း၊ လေယာဉ်ထဲမှာ ကျွေးမွေးဧည့်ခံပုံလည်းပိုသာပြီး leg room ခြေထောက်ချစရာနေရာပိုကျယ်ကာ ထိုင်ခုံတွေကလည်း ပိုကြီး ပိုကောင်း ပို comfortable ဖြစ်တာပေါ့လေ။
ဒါ့ကြောင့်လည်း သူငယ်ချင်းတစ်ချို့က
I always fly (in) business class. လို့ပြုံးပြုံးလေးပြောတတ်ကြတာပေါ့။

17. long-haul flight= ခရီးဝေး၊ တာဝေး၊ လေယာဉ်ခရီးရှည်
ရန်ကုန်မှ ဘန်ကောက်ကို တစ်နာရီကျော်လေး လေယာဉ်စီးရတာ short flight သို့မဟုတ် short-haul flight လေးပေါ့။ ဘန်ကောက်မှ လန်ဒန်သို့ တိုက်ရိုက် ဆယ်နာရီကျော်ကြာ မရပ်ဘဲပျံသန်းတာကိုတော့ long-haul flight လို့ခေါ်ပါတယ်။

18. stopover= layover
ကိုယ်တွေကတော့ transit လို့သုံးကြတာများတယ်။ လေယာဉ်ခရီးရှည်ကြီးမို့ မြို့ကြီးတစ်မြို့ရဲ့ လေယာဉ်ကွင်းမှာ ခရီးတစ်ထောက်နားတာကို stopover သို့မဟုတ် layover လို့အသုံးများတာမို့ သိအောင်မှတ်ထားသင့်ပါတယ်။

19. Customs (noun)= အကောက်ခွန်

20. Immigration (noun)= လူဝင်မှုကြီးကြပ်ရေး

21. conveyor belt/ carousel/ baggage claim
ကိုယ့်လေယာဉ် ခရီးဆုံးတော့ immigration ကိုဖြတ်ပြီးရင် ကိုယ့်ရဲ့ အိတ်တွေ luggage တွေကို ပြန်ရွေးရမယ်လေ။ အိတ်တွေဟာ moving conveyor belt ကြီးပေါ်မှာ လည်နေတာ။ ကိုယ့်အိတ်တွေကို ဘယ်မှာရွေးရမယ်ဆိုတာကို ကြေငြာတာကို နားလည်အောင် ဒီအပေါ်က စကားလုံးသုံးလုံးကို သိထားရမယ်။ တချို့လေယာဉ်ကွင်းတော့မှာတော့ Belt လို့ပဲ အတိုသုံးကြတယ်။ ဥပမာ...
Passengers may collect their baggage at Belt number 4. လို့ပြောလေ့ရှိတယ်။

ကဲ...ဒီလို မသိမဖြစ် အခြေခံစကားလုံးလေးတွေကို သိပြီးရင် Speaking အပိုင်းမှာလည်း လေယာဉ်ကွင်းမှာ ခရီးသွားတစ်ဦးအနေဖြင့် ကြားရလေ့ရှိတဲ့ဝါကျလေးတွေကို နားလည်နိုင်အောင်လေ့လာထားသင့်သလို ကိုယ်ကလည်း အသုံးဝင်တဲ့ ဝါကျလေးတွေကို မှန်ကန်စွာပြန်ပြောနိုင်အောင်လည်း လေ့လာ လေ့ကျင့်ထားသင့်တာပေါ့။ ကိုယ့်အားကိုယ်ကိုးပြီး အင်္ဂလိပ်လို လေယာဉ်ကွင်းမှာ စကားပြောနိုင်အောင်လို့ အနည်းဆုံး အောက်မှာပေးထားတဲ့ ဝါကျလေးတွေကိုတော့ သိထားသင့်ပါတယ်။ ဗမာလိုလည်း ဘာသာပြန်ပေးထားတယ်။

1. Excuse me, where is the MAI check-in desk?
တဆိတ်လောက်ကူညီပါ။ မြန်မာ့လေကြောင်း MAI ရဲ့ check-in ဘယ်နေရာမှာပါလဲ။

2. May I see your tickets and passport?
သင့်ရဲ့ လေယာဉ်လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်ပြပါ။

3. Is anybody travelling with you today?
သင်တစ်ယောက်တည်းသွားမှာလား၊ ဘယ်သူပါသေးလဲ။

4. Where are you flying today?
ဘယ်ကိုသွားမှာပါလဲ။
ဒီမေးခွန်းကို နောက်ပုံစံတစ်မျိုးပြောင်းမေးနိုင်တာကို ကြည့်ပါ။
What is your final destination?
ဘယ်ကိုသွားမှာလဲ။ ဘယ်အထိသွားမှာလဲ။

5. How many pieces of luggage are you checking in?
သင် အိတ်ဘယ်နှလုံး check in လုပ်မှာလဲ။
ခရီးဆောင်အိတ်တွေကို check in လုပ်တာကို check လို့ တစ်လုံးတည်းပဲ in မထည့်ပဲလည်း သုံးတတ်ကြတယ်။
Are you checking this bag? လိုမျိုးပေါ့။

ဒီမေးခွန်းနံပါတ် ၅ မှာ pieces of luggage လို့သုံးထားတာ သတိပြုပါ။ luggage ဝန်စည်စလယ်၊ အထုပ်အပိုးဟာ အင်္ဂလိပ်သဒ္ဒါမှာ uncountable noun ဖြစ်တယ်။ two bags လို့ပြောလို့ရပေမဲ့ two luggages လို့သုံးလို့မရဘူး။ two pieces of luggage လို့သာ သုံးရပါတယ်။ baggage လည်း အလားတူပါပဲ။

6. Do you have a carry on?
လက်မှဆွဲသွားမဲ့ အိတ်ပါသေးလား။

carry on= hand luggage

7. How many carry on bags are you taking with you?
လက်မှဆွဲသွားမဲ့ အိတ် ဘယ်နှလုံးယူသွားမှာလဲ။

8. Can you place your bag up here?
သင့်ရဲ့ အိတ်ကို ဒီပေါ်မှာတင်လိုက်ပါ။
(အလေးချိန် ချိန်ရန် အိတ်ကို ချိန်ခွင်ခါးပတ်ပြားကြီးပေါ်သို့တင်ပေးရန်)
ဒီမေးခွန်းကိုပဲ နောက်တစ်မျိုးပြောနိုင်ပုံကိုထပ်ကြည့်ပါ။

Please place your bag on the scale.
သင့်ရဲ့ အိတ်ကို ချိန်ခွင်ပေါ်တင်ပေးပါ။

9. I am sorry, but your carry on is too heavy. You will have to check it.
သင့်ရဲ့ လက်ဆွဲအိတ်က အရမ်းလေးနေလို့ check in လုပ်မှရမယ်။

10. Please mark this bag as "fragile".
ဒီအိတ်ကို "ညင်သာစွာကိုင်ပါ" လို့ စာကပ်ပေးပါ။

11. What is inside this bag?
ဒီအိတ်ထဲမှာ ဘာထည့်ထားတာလဲ၊ အထဲမှာ ဘာပါလဲ။

12. I am sorry, Sir, but your bag is overweight.
သင့်ရဲ့ အိတ်ဟာ ခွင့်ပြုထားတာထက် ပိုလေးနေပါတယ်။

13. By how many kilos?
ဘယ်နှကီလို ပိုလေးနေလို့လဲ။

14. One minute, let me just take a few things out.
ခဏလေးနော်။ ကျွန်တော် (ဒီအိတ်ထဲမှ) ပစ္စည်းတချို့ ပြန်ထုတ်ပါရစေ။

15. How much is the overweight baggage fee?
ခွင့်ပြုတာထက် အလေးချိန်ပိုနေရင် ပိုက်ဆံဘယ်လောက်နှုန်းထပ်ပေးရပါသလဲ။

16. Do you prefer a window seat or an aisle seat?
ပြတင်းပေါက်နားကခုံကြိုက်လား၊ မင်းလမ်း ဘေးကခုံကိုကြိုက်လား။
(aisle ကို "အိုင်း" လို့ပဲ အသံထွက်တယ်။ S သံမပါဘူး။ silent "s" ပါ။)
ဒီမေးခွန်းကိုပဲ အတိုမေးတတ်တာ...
Do you prefer window or aisle? အတူတူပါပဲ။

17. I don't want a middle seat.
အလယ်ခုံ မလိုချင်ဘူး။

18. Here is your boarding pass.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ပါ။

19. This is your boarding pass. You will be boarding at Gate 2A at 9:30.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ် တက်ခွင့်ကတ်ပြား။ ဂိတ်နံပါတ် 2A မှာ ၉ နာရီခွဲမှာ လေယာဉ်ပေါ်တက်ရပါမယ်။

20. Your flight leaves from Gate 2A and it will begin boarding at 10:30. Your seat number is 9B.
သင်စီးမဲ့ လေယာဉ်ဟာ ဂိတ်နံပါတ် 2A မှထွက်မှာဖြစ်ပြီး လေယာဉ်ပေါ်ကို ဆယ်နာရီခွဲမှာ တက်ရမယ်။ သင့်ရဲ့ ခုံနံပါတ်က 9B ပါ။

21. They will start boarding 20 minutes before the departure time.
လေယာဉ်မထွက်မီ မီနစ် ၂၀ မတိုင်မီမှာ ခရီးသည်တွေကို လေယာဉ်ပေါ်တက်ခိုင်းပါလိမ့်မယ်။

22. What is the gate number?
ဂိတ်နံပါတ် ဘယ်လောက်ပါလဲ။

23. MAI flight number 8M331 to Bangkok is now boarding.
ဘန်ကောက်မြို့သို့ထွက်ခွာမည့်
မြန်မာလေကြောင်း လေယာဉ်ခရီးစဉ်အမှတ် 8M331 ပေါ်သို့ ခရီးသည်များ စတင်တက်ရောက်ရန် ဖိတ်ခေါ်ပါတယ်။

24. Please have your boarding pass and passport ready for boarding.
လေယာဉ်ပေါ်သို့တက်ရန် သင်၏ boarding pass နှင့် passport ကို အဆင်သင့်ကိုင်ဆောင်ထားပါ။

25. We would like to invite our first- and business-class passengers to board.
ပထမတန်းနှင့် အထူးတန်း ခရီးသည်များ လေယာဉ်ပေါ်သို့တက်ရန် ဖိတ်ကြားအပ်ပါတယ်။

26. We are now inviting passengers with small children and any passengers requiring special assistance to begin boarding.
ကလေးသူငယ်များပါသည့်ခရီးသည်များနှင့် ကျန်းမာရေးအရအထူးဂရုပြုရမည့် ခရီးသည်များအား လေယာဉ်ပေါ်သို့ (ဦးစားပေး) တက်ရန် ဖိတ်ကြားပါတယ်။

27. We would now like to invite all passengers to board.
ခရီးသည်များအားလုံး လေယာဉ်ပေါ်သို့ တက်နိုင်ကြပါပြီ။

28. This is the final boarding call for MAI flight 8M331 bound for Yangon.
ရန်ကုန်သို့ထွက်ခွာမည့် MAI flight 8M331 ထွက်ခွာချိန်အလွန်နီးကပ်နေပြီဖြစ်၍ လေယာဉ်ပေါ်သို့ (မရောက်သေးသူ၊ နောက်ကျနေသူ) အမြန်ဆုံးတက်ပါရန် နောက်ဆုံးအကြိမ် တိုက်တွန်းအပ်ပါတယ်။
flight 8M331 bound for Yangon လို့သုံးမဲ့အစား flight 8M331 to Yangon လို့လည်း လွယ်လွယ်ပြောတတ်ကြတယ်။

29. All passengers arriving from Singapore can pick up their luggage from Belt number 4.
စင်္ကာပူမှ ရောက်ရှိလာသော ခရီးသည်များ မိမိတို့၏ အထုပ်များကို ခါးပတ်နံပါတ် ၄ တွင် ရွေးယူပါ။

30. Ladies and gentlemen, this is an announcement that flight number 8M331 has been delayed. Your new departure time is 10:30.
လူကြီးမင်းများရှင့်၊ လေယာဉ်ခရီးစဉ်အမှတ် 8M331 ဟာ ထွက်ခွာချိန်နောက်ကျမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ လေယာဉ်ထွက်ခွာချိန်ကို ဆယ်နာရီခွဲ သို့ပြောင်းရွှေ့လိုက်ပါတယ်။
နောက်ဆုံးဝါကျလေးကတော့ flight delay ကိုကြေငြာပုံလေး နမူနာပါသွားအောင်ရေးလိုက်တာပါ။ ကိုယ် MAI ကိုစီးလာတာ အနှစ် ၂၀ ကျော်ပြီ။ delay ဖြစ်တာရှားပါတယ်။
ကဲ...ဒီလို အခြေခံလေးတွေသိထားပြီ၊ ပြောတတ်ပြီဆိုရင် လေယာဉ်စီးဖို့ အဆင်သင့်ဖြစ်လောက်ပြီမို့လို့ ပြင်သစ်စကားလေးနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

Bon voyage. (ဘွန် ဗွယျာ့ခ်ျ) လို့အသံထွက်တယ်။
Bon voyage ဆိုတာ I hope you have a safe and enjoyable journey. လို့ ခရီးထွက်မဲ့သူကို ဆုတောင်းပေးတာပါ။
Good luck and bon voyage!

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

လူတစ်ယောက်ကို အကူအညီ(၉၉)ခုပေးလည်းသူမှတ်မိတာက ကိုယ်မလုပ်ပေးတဲ့အရာ(၁)ခုထဲကိုပါပဲ🩷
06/03/2024

လူတစ်ယောက်ကို
အကူအညီ(၉၉)ခုပေးလည်း

သူမှတ်မိတာက ကိုယ်မလုပ်ပေးတဲ့အရာ(၁)ခုထဲကိုပါပဲ🩷

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when TN Branded Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share