Modern Online Shopping

Modern Online Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Modern Online Shopping, Yangon.

channel.ခေါင်းစည်းကြိုးမြန်မာငွေနဲ့ ရောင်းမှာပါprice: 1668700ks
02/03/2023

channel.ခေါင်းစည်းကြိုး
မြန်မာငွေနဲ့ ရောင်းမှာပါ

price: 1668700ks

ကွန်တိန်နာကျ  ိတ်လှလှလေးတွေလာပြီနော် ချစ်တို့😍😍😍စျေးနှုန်းနှင့်တကွ အောက်မှာတင်ပေးထားပါတယ်နော်💖ကွန်တင်နာကျ   ဖြစ်လို့ အနည...
24/02/2023

ကွန်တိန်နာကျ ိတ်လှလှလေးတွေလာပြီနော် ချစ်တို့😍😍😍

စျေးနှုန်းနှင့်တကွ အောက်မှာတင်ပေးထားပါတယ်နော်💖

ကွန်တင်နာကျ ဖြစ်လို့ အနည်းငယ် Use ထားတဲ့အနေအထားနဲ့ မမြင်နိုင်တဲ့ error လေးတွေအနည်းငယ်ပါနိုင်ပါတယ် လက်ခံပေးနိုင်မှ ဝယ်ယူအားပေးကြပါနော် 🙏

YGNမြို့🚃🚃 Cash on Delivery ရပါတယ်

ကျန်မြို့နယ်များ🚛🚛🚛 ကားဂိတ်ချပေးပါတယ် ငွေကြိုလွဲပေးရပါမယ်နော်

🙏❌ဝယ်ပြီးပစ္စည်း Cancel လုပ်ခြင်း
ပြန်လဲခြင်းမရပါ❌🙏
longchamp
pink slection

cb(or)09421027985

24/02/2023
18/05/2022

မအေးသောင်းတောင်...
ပြေးရင်း လွှားရင်း မြင်းစီးရင်းနဲ့...
လင်တစ်ယောက် အဖတ်တင်ပြီး...
အင့်...အင့်...နဲ့...
မစားဘူးတာတွေ တစ်ခုပြီးတစ်ခု လုပ်ကျွေးနေပြီ...

သင်ဇာလဲ...
အရင်အထာနဲ့...
မောင်လေးတစ်ယောက် ကောက် မွေးပြီး...
ပေါင်နဲ့ ညှပ်လိုက်....
ရေအတူ စိမ်လိုက်နဲ့
အတော်ကို အိုကေနေပြီ...

မဘဲဥ ဆိုတဲ့ ဆော်ကြီးကလဲ...
ဘစ် ဝတ်ပြလိုက်...
ဂျွမ်းထိုးပြလိုက်...
အသံပြဲကြီးနဲ့ထအော်လိုက်နဲ့
live လွှင့်ပြီး...
တစ်ည တစ်ည ကို...
သိန်းထောင်ချီ စျေးရောင်းကောင်းနေပြီ...

မွေစံ မ လဲ....
ထိုင်ရာမထဘဲ...
ဖျင်လှန်ပြလိုက်...
ရင်လှန်ပြလိုက်နဲ့...
တော်လှန်ခဲ့တာတွေ မေ့ပြီး...
တော်တော်ဘဲလှန်ပြနေတာတောင် အတော်ကြာပြီ...

နန်းနဲ့စတဲ့...
ဘုရားအမ ကျောင်းအမလဲ...
သံဝေဂတွေ အတော်ရလို့...
ဘူးသီးပမာ ရင်နှစ်မွှာကို...
ရေတွေ ကွက်စိုတာတောင်...
ဥပက္ခာတရား ရင်ဝယ်ထားလို့...
ဆလိုက်မီး နှစ်ပါးနဲ့...
ဒစ္စကို တရားပြတတ်နေပြီ...

ငါပဲ ဘာလုပ်ကိုင်စားသောက်ရမလဲ
မသိတာ...🤔

ဆြာသက်ခိုင်မင်း via မင်းဟိန်းကျော်

27/06/2021

အခြေခံ အသားရေထိန်းသိမ်းနည်း

မနက်ပိုင်း
မျက်နှာသစ်
တိုနာ မဖြစ်မနေ
စီရမ် (မလိမ်းပဲ ကျော်လို့ရတယ်)
Moisture မဖြစ်မနေ
Sunscreen နေကာ မဖြစ်မနေလိမ်းပါ

ညပိုင်း
သေချာ မျက်နှာကို သန့်စင်ပါ
Double cleansing
မျက်နှာသစ်
တိုနာ မဖြစ်မနေ
စီရမ်
Moisture မဖြစ်မနေ

Eye cream
Lip sleeping mask

တပတ်တခါ Special care

Face scrub
Face mask
Sleeping mask
Clay mask

ကိုယ်နဲ့ သင့်တော်ရာ သုံးရပါမယ်
နာမည်ကြီးတိုင်း လိုက်မဝယ်ပါနဲ့

ဈေးကြီးတိုင်းကောင်းတာမဟုတ်ပါ

ကိုယ့်အသားရေ ကိုယ့်အရေပြားပြသနာနဲ့
ကိုက်ညီတာ ရွေးသုံးပါ

အတင်းထိုးထည့်ရောင်းတဲ့ အလှကုန်
ဘယ်အသားရေမဆို ကြ က်ဉ သရဲလို
ပြောင်ချောစေရမယ်ဆိုတဲ့ အလှကုန်မျိုး
ရှောင်ပါ မရှောင်ပါက မျက်နှာစုတ်ပြီမှတ်

ဟုတ်ကဲ့ ဒီလောက်ပါပဲ

မနက်ပိုင်း နေကာမဖြစ်မနေ လိမ်းရပါမယ်

ညပိုင်း သေချာ သန့်စင်ရပါမယ်

ဤတွင် အခြေခံ အသားရေ ထိန်းသိမ်းနည်း
တခန်း ရပ် ပါပြီ

အသုံးဝင်ခဲ့ရင် ကျေနပ်ပါပြီ
Crd

26/06/2021

😄😄

‼️ကလေးနှင့် mask ‼️COVID ကာလမှာ လူတိုင်း Home stay နေသင့်တယ် ။အပြင်ထွက်ရင် Mask တပ်ရမယ် ဆိုတော့ ကလေးဆရာဝန် ဖြစ်တဲ့ ကျမကိ...
12/06/2020

‼️ကလေးနှင့် mask ‼️

COVID ကာလမှာ လူတိုင်း Home stay နေသင့်တယ် ။

အပြင်ထွက်ရင် Mask တပ်ရမယ် ဆိုတော့ ကလေးဆရာဝန် ဖြစ်တဲ့ ကျမကို ကျမ ဆရာ မောင်မောင်ဦးက

ဟဲ့ တနှစ်အောက်ကလေး Mask တပ်လို့ရလို့လား ။
နင်စာရေးအုန်း လို့ လှမ်းပြောပါတယ်။

ဆရာလှမ်းပြောပီးကတည်းက ရေးမယ် ရေးမယ်နဲ့

ခုမှရေးဖြစ်လို့ ဒီကပဲ တောင်းပန်ပါတယ် ဆရာရေ။ 🙏

# ဘာလို့ COVID ကာလမှာ CDC က ကော တစ်ကမ္ဘာလုံး ကကော Mask တပ်ခိုင်းကြတာလဲ ?

သိပီးသားမေးပြန်ပီပေါ့ ။
ရောဂါကာကွယ်ဖို့လေလို့ ပြောကြလိမ့်မယ် ။

တကယ်တော့ ရိုးရိုး surgical Mask ၊ အဝတ် mask တွေက ကိုယ့်ကို ရောဂါမကူးအောင်ထက် သူများကို ကိုယ့်ဆီက ရောဂါမကူးဖို့ပါပဲ ။

COVID 19 က ရောဂါ လက္ခဏာမပြပဲ အေးအေးဆေးဆေးကြီးနေနိုင်ကြတာ အကုန်အသိပါပဲ ။ ဒီ အကောင်းကြီး အတိုင်းတွေက သူများကို ကူးနိုင်လို့ လူတိုင်းကို တပ်ခိုင်းရတာပါ။

# ၂ နှစ်အောက်ကလေးတွေ Mask တပ်ရမှာလား ။

CDC က ၂ နှစ်အောက် ကလေးတွေကို mask မတပ်ခိုင်းပါဘူးတဲ့ ။

ဟာ ဘာလို့လဲ ရောဂါ ကူးမှာပေါ့ ဆိုသူတွေ အတွက် အောက်မှာ ရှင်းထားပေးပါတယ်။

အကြောင်းပြချက်ကတော့

✝️အရေးကြီးဆုံး အချက်ကတော့သူတို့က mask ကို တပ်မိပီး suffocation လို့ခေါ်တဲ့ အသက်ရှူမွန်ကြပ်ချင်း၊ အသက်ရှူပိတ်ခြင်း ဖြစ်နိုင်ပီး သူတို့ ဘာသာ သူတို့ mask ကို ပြန်မဖြုတ်နိုင်ကြလို့ပါတဲ့ ။ အိပ်ပျော်သွားလို့ ကလေးကို မကြည့်မိရင် ဒုက္ခပဲ ။

✝️ဒီ COVID ကာလမှာ အိမ်မှာပဲ နေတာ သူတို့ အတွက် safe အဖြစ်ဆုံးပါတဲ့ ။ အိမ်မှာနေရင် တပ်စရာမလိုပါဘူးတဲ့။ ဘာလိုလဲ

✝️ အပြင်ထွက်ရင်ကော ဘယ်လိုလုပ်မလဲ ။

တဦးနဲ့ တစ်ဦး ၆ ပေအကွာ လူတွေနဲ့နေတာ ။ မြေပြင်ကနေလည်းခွာထားရမယ်တဲ့ ။ ချီထားရမယ် ။ ကစားကွင်း၊ လူကြီးတွေ လက်နဲ့ ထိမယ့် အရာတွေ မထိခိုင်းရဘူးတဲ့ ။

သူတို့က ချတာနဲ့ ပြေးသွားတော့တာ ။

✝️ ပီးတော့ သူတို့က mask ကို လက်နဲ့ ခနခန ထိတာ ကိုင်တာ ပွတ်လိုက်တာ နဲ့ဆိုတော့ တပ်ပေးရင် ရောဂါပိုးကိုင်မိတတ်လို့ မတတ်တာထက် ပိုဆိုးပါတယ်တဲ့ ။

✝️ ဒါဆို ဘာမှ မတပ်ပဲ ဒီတိုင်ထားရမလား ?

မဟုတ်ပါဘူး ။ သူတို့ကို အပြင်ခေါ်သွားရင် baby covering တခုခု တပ်ထားပေးပါတဲ့ ။ ပုဝါလေးလည်းရတယ် ၊ baby face shield လည်းရတယ် ။ ဦးထုတ်လေးတွေနဲ့ အကာလေးတွေလည်းရတယ်တဲ့ ။
တချို့က baby trolley လေးတွေမှာ ပုဝါ အုပ်သွားကြတာ ။ အင်တာနက်ထဲ ဝူဟန်ကကလေးတွေလို baby trolley မှာ ပလပ်စတစ် အကာလေး တွေမြင်ဘူးကြမှာပေါ့ ။
ဒါဆိုတော့ အတင်းလဲ မကြပ်တော့ သူတို့ အသက်ကောင်းကောင်းရှူလို့ရသတဲ့ ။

✝️ ဘယ်အချိန်မှာ mask တပ်သင့်လဲ ။

ခနတဖြုတ် ပဲ တပ်မယ့် အချိန် ၊ လူကြီးနဲ့ ၆ ပေ အတွင်းရှိရမယ့် အချိန် ၊ ဥပမာ ဆေးရုံ ၊ ဆေးခန်း သူ့ကို သွားပြရရင် ခနတပ်ပေးလို့ရပါတယ်တဲ့ ။

✝️ ၂ နှစ်အောက်ကလေး အပြင် ဘယ်ကလေးကို မတပ်ရဘူးလဲ ?

၁။ ၂ နှစ အထက်ပေမယ့် မသန်စွမ်းကလေးငယ် ( CP သို့ a child with special needs ) တချို့ကလေးတွေက ခုချိန်ထိ အိပ်ရာထဲလဲနေ ၊ mask ကို ကိုယ်တိုင်မချွတ်နိုင်မတတ်နိုင် ကလေးတွေကို mask အစား covering ပဲ တပ်ပါတဲ့ ။

၂။ အရမ်း အသက်ရှူကြပ်ပီးအမောဖေါက်နေတဲ့ ကလေးတွေ oxygen မပါပဲ မောကြပ်နေစဉ် mask တပ်ပေးလို့ မရပါဘူး။

✝️ ၂ နှစ် အထက် ကလေးတွေ ကော?

အပြင်ထွက်ရင် Mask တပ်ပေးရပါမယ်ရှင့် ။

✝️ခုခံအားကျဆင်းတဲ​့ရောဂါ ရှိသူ၊ ကင်ဆာရောဂါ ကလေးတွေ ၊ ခုခံအားကျဆေးသောက်နေသူ ကလေးတွေ အပြင်ထွက်ရင် KN 95 mask တပ်ရပါမယ်တဲ့ ။

⚠️. နောက်တခုက ၂ နှစ် အထက် ကလေးတွေ mask တပ်ရင် ရုန်းတာ ၊ မကြိုက်တာ ၊ မတပ်ချင်တာ အတွက် ဘာလုပ်ကြမလဲ ဆိုတာလေးကို အကြံပေးချင်ပါတယ်။

သူတို့ မကြိုက်ရင်

✝️ အိမ်မှာ အရင်တပ်စမ်းပေးပါ ။ မှန်ရှေ့မှာ
လူကြီးရော ကလေးရော mask တပ်ပီး လှလိုက်တာ ။ တူတူတပ်ရအောင် ပြောပါ ။

✝️လှလှလေးတွေ တပ်ထားတဲ့ ကာတွန်းရုပ်လေးတွေ ၊ covering လေးတွေ တပ်ပေးပါတဲ့ ။

✝️သူ့ကြိုက်တဲ့ အရုပ်မှာ အရင်တပ်ပေးပီးမှ သူကိုတပ်ပေး ကြည့်ပါတဲ့ ။

✝️၃ နှစ် အထက်ကလေးတွေတော့ ဘာလို့တပ်ရကြောင်းအိမ်မှာ ရှင်းပြပေးပါတဲ့ ။ ကလေးတွေ ခန္ဒာကိုယ်မှာ ကောင်းတဲ့ပိုးနဲ့ မကောင်းတဲ့ပိုးရှိကြောင်း။ မကောင်းတဲ့ပိုးတွေ အပြင်မထွက်အောင် တပ်ပေးဖို့လိုကြောင်း
တပ်ပီးရင် mask ကို မကိုင်ရကြောင်း ဖြုတ်ပီးရင်လည်း လက်ဆေးရကြောင်းရှင်းပြပေးပါတဲ့ ။

⚠️ ၂ နှစ် အထက်အတွက် ဘယ်လို mask က အဆင်ပြေလဲ ?

CDC က အိမ်မှာ ချုပ်ထားတဲ့ mask က နှာခေါင်း၊ ပါးစပ် အံကိုက်ပဲ မို့ အိမ်မှာ ကလေးတွေနဲ့ ကိုက်တဲ့ အဝတ် mask ကို ချုပ်တပ်ပေးပါတဲ့ ။

ကဲ ဒီလောက်ဆိုရင်တော့ မေမေတို့ သိချင်တဲ့ ကလေးနဲ့ mask အကြောင်း တစေ့တစောင်းပါလို့ ။

Sharing Knowledge is a Kind of Caring ပါလို့

မေတ္တာဖြင့်

ဒေါက်တာ ခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၉.၅.၂၀၂၀

Reference

https://services.aap.org/en/pages/2019-novel-coronavirus-covid-19-infections/masks-and-children-during-covid-19/

ချစ်စရာ ပုံလေးတွေ သုံးခွင့်အတွက် ခွင့်ပြုပေးကြတဲ့ မေမေတို့ ကျေးဇူးပါရှင် ။

Credit  #ဒေါက်တာ ခိုင်ဝါ‼️တုတ်ကွေးကာကွယ်ဆေးအကြောင်း အမေးများသော မေးခွန်းများ ‼️ကဲ တုတ်ကွေးကာကွယ်ဆေးတွေ ခေါတ်စားပီး FDA a...
21/05/2020

Credit #ဒေါက်တာ ခိုင်ဝါ

‼️တုတ်ကွေးကာကွယ်ဆေးအကြောင်း အမေးများသော မေးခွန်းများ ‼️

ကဲ တုတ်ကွေးကာကွယ်ဆေးတွေ ခေါတ်စားပီး FDA aproved တွေ ဆေးနံမည်တွေလည်း အားလုံးရေးနေကြတော့ သိပီးသားဖြစ်မယ်လို့ ယူဆပါတယ် ။

သိပ်မကြာခင် မျှော်လင့်နေတဲ့ vaxigrip tetra ကြီး ဝင်တော့မှာပါ ။

ဒီတခေါက်တော့ အလုပ်လေးတွေ နဲနဲရှုတ်နေတာနဲ့ တုတ်ကွေးကာကွယ်ဆေးအကြောင်းရေးတာ လက်ရှောင်မယ်ကွယ်လို့ စဉ်းစားထားပေမယ့် မေးစရာလေးတွေရှိလာတော့ ခနခန မေးကြတဲ့ မေးခွန်းတွေကို ရေးပေးလိုက်ရပါကြောင်း။

၂၀၂၀ တုတ်ကွေးကာကွယ်ဆေး ထိုးကြမယ် ။

✝️ 2020 ကာကွယ်ဆေးထဲ ဘာပါသလဲ ?

- an A/Brisbane/02/2018 (H1N1)pdm09-like virus
- an A/South Australia/34/2019 (H3N2)-like virus
- a B/Washington/02/2019-like (B/Victoria lineage) virus
- a B/Phuket/3073/2013-like (B/Yamagata lineage) virus.

ရှုတ်တယ်မှတ်ရခက်တယ် ဆိုရင် 🦠 တုတ်ကွေးပိုး (၄)ကောင်ကို ကာကွယ်ဖို့ပါတယ်လို့ မှတ်ရင်ရပါတယ် ။

✝️ ဘယ်သူတွေ ထိုးလို့ရလဲ ❓

အသက် ၆ လမှ စတင်ပီး ထိုးပေးလို့ရပါပီ ။

✝️ ဘယ်သူတွေ ကာကွယ်ဆေးထိုးသင့်လဲ❓

ဖြစ်နိုင်ရင် ၆ လအထက် အကုန်ထိုးသင့်တာပေါ့ ။

ပိုပီး အထိုးသင့်ဆုံးသူတွေကတော့

၁၊ အသက် ၆ လ မှ ၅ နှစ်ထိ ကလေးတွေ
၂၊ အသက် ၆၅ နှစ် အထက် လူကြီးတွေ
၃၊ ကိုယ်ဝန်ဆောင်တွေ
၄၊ ရောဂါအခံရှိတဲ့ကလေး ၊ လူကြီးတွေ ( ဥပမာ- နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ )

သူများတချို့ အနောက်နိုင်ငံတွေကတော့ အမျိုးသားကျန်းမာရေးကာကွယ်ဆေး စီမံချက်ထဲ ဒီလို အုပ်စုတွေကို အစိုးရကထိုးပေးပါတယ် ။

ကျန်တဲ့သူတွေ ဝယ်ထိုးပေါ့ ။

✝️ ဘယ်အချိန် အထိုးသင့်ဆုံးလည်း?

တုတ်ကွေးကာလက ဇွန်လက စက်တင်ဘာလ လောက်ထိပါ။ ဒီမတိုင်ခင် ထိုးသင့်ပါတယ်။

ဘယ်အချိန်ထိုးထိုး နောက်ကျတယ်တော့ မရှိပါဘူး။

expired date ရှေ့တော့ ဖြစ်ရမှာပေါ့လေ ။

သတိထားဖို့အချက်က ထိုးပီးပီးချင်း ကာကွယ်တဲ့ effect မရပါဘူး ။

၁၀ ရက်ကနေ ၂ ပါတ် ကာကွယ်နိုင်အားထွက်ဖို့ လိုပါတယ် ။ စောစောထိုးလေ ကာကွယ်နိုင်လေပါပဲ။

✝️ကိုယ်ဝန်သည်တွေ ထိုးဖို့လိုလား?

အထိုးသင့်ဆုံးပါပဲ ။ ဘယ်နှစ်လ ကိုယ်ဝန် ဘယ်နှပါတ်ရှိရှိ ထိုးလို့ရပါတယ်တဲ့ ။

ထိုးချင်းအားဖြင့် ကိုယ်ဝန်သည် ကိုယ်ဝန်ဆောင်တုန်းအပြင် ၊ မွေးကာစ ၆ လအောက် ကလေးတွေပါ အပြင်အထန် တုတ်ကွေး ဖြစ်ခြင်းမှကာကွယ်ပါသတဲ့ ။

✝️ ဘယ်သူတွေ ဘယ် brand မထိုးရဘူးလဲ ?

တချို့သော brand တွေ ၃ နှစ်အောက် မထိုးရတာရှိပါတယ် ။

ခု မြန်မာနိုင်ငံမှာ သိပီးသား Vaxigrip tetra , Fluarix Tetra , Flu Quadri တွေကတော့ ၆ လ အထက် ထိုးလို့ရပါသတဲ့ ။

✝️ ဘယ်သူတွေ ဆေး ဘယ်လောက် ထိုးရမှာလဲ ?

ခနခန မေးလွန်းတဲ့ မေးခွန်းပါ ။ မနှစ်က vaxigrip trivalent က ၃ နှစ်အော​က်ကို ၀.၂၅ ml ထိုးတာပါ ။

ဒီနှစ် ၂၀၂၀ အတွက် vaxigrip tetra ၆ လအထက် ဘယ်အသက်အရွယ်ဖြစ်ဖြစ် ၀.၅ ml ပဲ ထိုးရပါမယ် ။ တဝက်ခွဲ ထိုးစရာ မလိုပါ။

✝️ ဘယ်သူတွေ ဘယ်နှကြိမ် ထိုးရမလဲ?

‼️ယခင်က တုတ်ကွေးကာကွယ်ဆေး တခါမှ မထိုးဘူးရင်

-၉ နှစ်အောက်ကလေးများ ၄ ပါတ်ခြား ၂ ကြိမ်ထိုးရပါတယ်။

-၉ နှစ်အထက် ကလေးများ ၁ ကြိမ်ဆိုရပါပီ။

‼️ ယခင်နှစ်က တုတ်ကွေး ပထမအကြိမ်မှာ တကြိမ်ပဲ ထိုးပီး တာဖြစ်ဖြစ် ၊ ၂ ကြိမ်ထိုးပီးတာဖြစ်ဖြစ် ခုနှစ်ထိုးရာမှာ ၁ ကြိမ်ထိုးဖို့ပဲ လိုပါတော့တယ် ။ ( ခန ခန မေးကြလွန်းလို့ပါ )

✝️COVID 19 ကာကွယ်သလား ?

သိပီးသားပါပဲ ။ COVID 19 ကာကွယ်ဆေး မထွက်သေးပါဘူး ။
ဒါပေမယ့် ဒီတုတ်ကွေးကာကွယ်ဆေးထိုးခြင်းက ပြင်းထန် တုတ်ကွေး ဖြစ်ပွားပြန့်ပွားနှုန်းနည်းတော့ တခြား အဆုတ်ရောင် COVID လိုရောဂါ လွယ်လွယ်နဲ့တော့ မကူးနိုင်ဘူးလို့ အဆိုရှိပါတယ်ရှင့် ။

ကဲ ဒီလောက်ဆိုရင်တော့ အမေးများတဲ​့ မေးခွန်းတွေ ဖြေပီးလောက်ပီ ထင်ပါတယ်နော် ။

Sharing Knowledge is a kind of caring ပါလို့ ။

မေတ္တာဖြင့်

ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၁၉.၅.၂၀၂၀

Reference

https://immunisationhandbook.health.gov.au/resources/handbook-tables/table-recommended-doses-of-influenza-vaccine-by-age-group

https://www.health.qld.gov.au/clinical-practice/guidelines-procedures/diseases-infection/immunisation/service-providers/influenza

မှတ်ချက် - ဆေးကြော်ငြာခြင်းမဟုတ်ပါ ။ ဆိုင်လည်းမဆိုင် သိလည်းမသိပါရှင်။

Printed content may be out of date. For up to date information, always refer to the digital version: https://immunisationhandbook.health.gov.au/resources/handbook-tables/table-recommended-doses-of-influenza-vaccine-by-age-group.

31/03/2020

သိန်း 1300 ဝန်းကျင်လောက်နဲ့
ဘာကားမျိုးကောင်းလဲ ကူပြီးပြောပေးပါအုံး
ပျော်ပွဲစားထွက်လို့လဲကောင်း၊ ဆီစားသက်သာတဲ့
အမျိုးအစားထဲက ညွှန်ပေးပါလား

ရောင်းမယ့်မိတ်ဆွေတွေရော ရှိလား?
1300 နဲနဲကျော်လဲ ရပါတယ်
အဓိက က စီးလို့လဲကောင်း ဆီစားလည်း
သက်သာမယ့် ဟာမျိုးလိုချင်တယ် 🚘

ပြီးတော့ ...
4000/5000 တန် လုံးချင်း
ပြန်ရောင်းမယ့်သူရှိလား မသိဘူး
ကြိုပွိုင့်နဲ့ ဆောက်လက်စ အသစ်ဆို ပိုအဆင်ပြေတယ်
ယူမယ်ဆိုရင်တော့ ဒီဘက်က ဒေါင်းရှင်းမှာပါ 🏠

ရွှေစျေးက
ခု ဘယ်လောက်ပေါက်နေလဲ မသိဘူး
အခေါက်ရွှေ တစ်ဆယ်သားအထက် ဝယ်မယ်ဆို
ဘယ်မှာဝယ်ရင် စျေးမှန်နဲ့ရလဲ 🔱

သိတဲ့သူတွေ နဲနဲ အလင်းပြပါဦး

ဒါနဲ့ ... ခု ပုဂ္ဂလိကဘဏ်တွေက
သိန်းတစ်သောင်းလောက် အပ်ရင်
တစ်လ အတိုး ဘယ်လောက်ရလဲ
ဘယ်ဘဏ်က ပို စိတ်ချရလဲ

🔺🔺🔺ထီထိုးထားတယ်
ထီဖွင့်လို့ ပေါက်တာနဲ့ အကုန်လုပ်မှာ 😜😜🔺🔺🔺

ပိုစ် တင်သူ credit……ပါနော် 🤣🤣🤣🤣🤣🤣

29/03/2020

ညဘက်အိပ်ရင်တောင်နားထဲမှာ covid19ဆိုပြီးကြားနေတယ်

Address

Yangon
095

Telephone

+95941027985

Website

Alerts

Be the first to know and let us send you an email when Modern Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share