K&M for Kids

K&M for Kids For Kids, For Fun. We are selling toys and other accessories at affordable and reasonable price.
လက်လီ/လက်ကား ရောင်းချပေးနေပါတယ်

ပန်းချီ ဝါသနာပါတဲ့ သားသားမီးမီးတို့အတွက် ရောင်စုံခဲတံဘူးတွေ နဲ့ ABC တံဆိပ်တုံးလေးတွေ ခုလို ကျောင်းပိတ်ထားချိန်မှာ သားသား...
11/06/2020

ပန်းချီ ဝါသနာပါတဲ့ သားသားမီးမီးတို့အတွက် ရောင်စုံခဲတံဘူးတွေ နဲ့ ABC တံဆိပ်တုံးလေးတွေ
ခုလို ကျောင်းပိတ်ထားချိန်မှာ သားသားမီးမီးတို့ screen time လျှော့ချဖို့ ဝယ်ပေးကြစို့နော် ဘိုးဘိုး ဘွားဘွား ဖေဖေ မေမေတို့ရေ

ကလေးလေးတွေဟာ ကျွန်မတို့ လူကြီးတွေနဲ့မတူဘဲ စကားလုံးတွေအများကြီး မှတ်နိုင်ပြီး သိချင်စိတ်ပိုမို ပြင်းပြကြတဲ့အတွက် ငယ်စဉ်ကတ...
26/05/2020

ကလေးလေးတွေဟာ ကျွန်မတို့ လူကြီးတွေနဲ့မတူဘဲ စကားလုံးတွေအများကြီး မှတ်နိုင်ပြီး သိချင်စိတ်ပိုမို ပြင်းပြကြတဲ့အတွက် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းအောင် လေ့ကျင့်ပေးလို့ရပါတယ်
ဒါလေးတွေကတော့ ဖုံးနဲ့ QR code ဖတ်ပြီး အသံထွက်ပေးတော့ မေမေတို့ အသံထွက်မှားမှာ မပူရတော့ဘူးပေါ့နော်

တစ်ဗူးမှ 7000 Ks မို့ ဝယ်ဖြစ်အောင် ဝယ်ပေးလိုက်တော့နော် ချစ်တို့ ✌️

👉 09448015225

Admin ပစ္စည်းတွေ မတင်ဖြစ်တာကြာပြီ‌နော် အထူးကုဆေးခန်းဖွင့်လို့ အလုပ်တွေ အသားမကျသေးလို့ ခုမှ ပြန်တင်ဖြစ်ပါတယ် ဆိုင်ဖွင့်ဖိ...
26/05/2020

Admin ပစ္စည်းတွေ မတင်ဖြစ်တာကြာပြီ‌နော်
အထူးကုဆေးခန်းဖွင့်လို့ အလုပ်တွေ အသားမကျသေးလို့ ခုမှ ပြန်တင်ဖြစ်ပါတယ် ဆိုင်ဖွင့်ဖို့ စုထားတဲ့ပစ္စည်းတွေ ရှိတာမို့
✌️ဖုံးလေးသာကလင်လိုက်နော်
🏡အိမ်တိုင်ရာရောက်လာပို့ပေးပါ့မယ့်ရှင့်
ပစ္စည်းကောင်းကြိုက်သူများအတွက် brand ကလေးခုန်ကွင်းလေး တင်ပေးလိုက်တယ်နော် ချစ်တို့ 😍
Price 100000Ks

👉 09448015225

ဟုတ်လား ချစ်တို့ 🥰
16/01/2020

ဟုတ်လား ချစ်တို့ 🥰

သားတွေ မွေးထားလည်း စိတ်ပူရတယ်ထိတ်လန့်ခြင်းနိုင်ငံ..ကျောင်းဆင်းနောက်ကျလို့ ကျောင်းကားနောက်ကျ..ကလေးမေမေတွေဆီကဖုန်းတဂွမ်ဂွမ...
02/07/2019

သားတွေ မွေးထားလည်း စိတ်ပူရတယ်
ထိတ်လန့်ခြင်းနိုင်ငံ..

ကျောင်းဆင်းနောက်ကျလို့ ကျောင်းကားနောက်ကျ..
ကလေးမေမေတွေဆီကဖုန်းတဂွမ်ဂွမ်တန်းဝင်လာ...
သူတို့စိုးထိတ်ကြတယ်လေ..😢

ကျောင်းခန်းထဲက ကလေးနှစ်ယောက်
အပြင်ထွက်ပြေးဆော့.. .
ဆရာမတို့လိုက်ကြည့်ပါဦး ကလေးတွေ
အပြင်ထွက်ဆော့တာပြန်ခေါ်ခဲ့ပါ..

ကလေးလေးယောက်ျားလေးတွေကို
ွလူကြီးကျားအိမ်သာထဲမသွားစေနဲ့
ကလေးပေါက်စကျားမ အကုန် ၊
မ အိမ်သာပဲသွားကြပါစေ..
ကျားတလှည့် မတလှည့် လိုက်ပို့ပေးပါ..
အတူတူမသွားစေနဲ့..သူတို့ချည်မသွားစေနဲ့။

အတန်းကြီးတွေ ကလေးတွေဘက်
လုံးဝလာလို့မရအောင် နောက်ပေါက်ကို
အသေပိတ်ရိုက်ပစ်လိုက်..။
ကျောင်းကားပေါ်ဆရာမ အမြဲပါရမယ်နော်
တစ်ယောက်နေမကောင်းရင်
တစ်ယောက်အစားထိုးလိုက်ရမယ်..
ကလေးကို မိဘတွေလက်ထဲထိထည့်ပေး..
ကျောင်းထောင်သူကျွန်မလဲ စိုးရိမ်တယ်..😢

"ဟဲ့..သားသားက ဘယ်မှာလဲ.."
"ဟင်..အဖေ့အခန်းထဲမဟုတ်ဘူးလား"
"မရှိလို့မေးနေတာ..အဲ့လိုနဲ့ကလေး
လွတ်နေမယ်လိုက်ရှာဦး..."
ဖေဖေကစိုးရိမ်တကြီးဆက်..
ကပြာကယာလိုက်ရှာ..သားက
ဖေဖေ့အခန်းရှေ့ဆိုဖာပေါ် ထိုင်ဆော့လို့..
ရှိပါတယ်အဖေရယ် ဒီနားမှာပါ..
ဖိုးဖိုးလဲ မြေးကိုစိတ်ပူတယ်..😢

ူ"သားလေး..ဘယ်ကိုကိုနဲ့မှလိုက်သွားပြီး
မဆော့ရဘူးနော်..မေမေတို့နားမှာပဲ
ဆော့နော်.." မေမေလဲ စိတ်ပူတယ်..😢

ထိတ်လန့်ခြင်း..
စိုးရိမ်ခြင်း..
ပူပန်ခြင်း များစွာနဲ့
ကျီးလန့်စာစား နိုင်ငံတော်မှာ ကျွန်မတို့နေတယ်..။😢

Credit .SNdH.
1.7.2019

19/06/2019

H1N1 တုပ်ကွေး ကင်းစင်ဖို့ ကိုယ်ခံအားစနစ် မြင့်တက်စေမည့် အစာများ
ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)
- - - - - - - - - - - - - - - - - - - - - - - - - - -
အဓိကကတော့ ကိုယ်ခံအားတက်မယ့် အစား အသောက်တွေကို စားပေးဖို့ လိုတယ်။ ဗီတာမင်စီ များတဲ့ အစာတွေနဲ့ အမိုင်နိုပပ်တိုက်ပါတဲ့ အစာတွေ က ကိုယ်ခံအားကောင်းစေပါတယ်။

(၁) စွပ်ပြုတ်

စွပ်ပြုတ်အနေနဲ့ ကြက်စွပ်ပြုတ်ကလည်း ပရိုတင်းပါလို့ ကိုယ်ခံအား တက်စေပါတယ်။ ငါးစွပ်ပြုတ်၊ ပုဇွန်စွပ်ပြုတ်၊ ပဲစွပ်ပြုတ် စတာတွေက လည်း ပရိုတင်းဓာတ်ပါဝင်မှုများတဲ့အတွက် စားသင့်ပါတယ်။အထူးသဖြင့် စွပ်ပြုတ်ရည်ကို ဟင်းခတ်အမွှေးအ ကြိုင်ထည့်ပြီး ပူပူနွေးနွေးလေး သောက်ပေးရပါမယ်။

(၂) ပုဇွန်

ပုဇွန်စားရင် ပရိုတင်းဓာတ် ရရှိစေတဲ့အပြင် ဇင့် (သွပ်)ဓာတ်ပါဝင် တာကြောင့် ကိုယ်ခံအားမြင့်တက် စေပါတယ်။ အခုလောလောဆယ်မှာ ပုဇွန်စွပ်ပြုတ် ပူပူလေး သောက်ပေးရင်လည်း ကောင်းပါတယ်။

(၃) ဗီတာမင်စီပါဝင်မှုများသည့် အစာများ

လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ မာလကာသီး၊ ဆန်းကစ်သီး၊ ဂရိတ်ဖရုသီး၊ ငရုတ်ပွသီး စတာတွေမှာ ဗီတာမင်စီပါဝင်မှုများတဲ့အတွက် စားပေးသင့်ပါတယ်။ ဘီတာကယ်ရိုတင်းလည်း ပါတဲ့အတွက် အ ရေပြားကို ကျန်းမာစေတော့ ပိုးတွေက တော်ရုံတန်ရုံနဲ့ မနေနိုင်ပါဘူး။

(၄) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းကလည်း ဗီတာမင်ကော သတ္တု ဓာတ်ပါ များများ ပါဝင်တဲ့အတွက် စူပါအစားအစာထဲမှာ ပါဝင်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာ မင်စီ၊ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒင့် စတာတွေ ပါဝင်တဲ့အတွက် ကိုယ်ခံအားကို တက်စေပါတယ်။

(၅) ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို မြင့်တက် စေတဲ့ အစာပါ။ အယ်လီစင်ဓာတ်ပါတဲ့အတွက် ကြက်သွန်ဖြူကို အစိမ်းစားနိုင်ရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူက စပ်လို့ မစားနိုင်ရင် နည်းနည်းလေး ပြုတ်လိုက်ပြီး အချိန် ၃ မိနစ်လောက် ထားလိုက်တာ နဲ့ သူ့အလိုလို ပျော့သွားပါတယ်။ အဲဒါကို စားပေးရင် လည်း ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။

(၆) ချင်း (ဂျင်း)

ချင်း(ဂျင်း)ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။ ချင်းကို သုပ်စားစား၊ ပြုတ်စားစား ကောင်းပါတယ်။

(၇) ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။

(၈) ဒိန်ချဉ်

ဒိန်ချဉ်ကတော့ အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့အတွက် ကိုယ်ခံအားမြင့်တက်စေတဲ့ အစာပါ။

(၉) ဗာဒံစေ့ (Almond)

ဗာဒံစေ့ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပဲ ဖြစ်ပါတယ်။

(၁၀) ဆနွင်း(နနွင်း)
ဆနွင်းမှုန့်ကလည်း ကိုယ်ခံအားမြင့်တက်စေတဲ့ အရာ ဖြစ်ပါတယ်။

(၁၁) ရေနွေးကြမ်း

ရေနွေးကြမ်းပူပူလေး သောက်ပေးရင် ကိုယ်ခံအားတက်စေပါတယ်။ အထူးသဖြင့် Green Tea ထဲမှာ အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် ခန္ဓာကိုယ်ထဲ တီဆဲလ်တွေ ထုတ်ပေးပါတယ်။ အပြင်ကနေ ပိုးဝင်လာရင် တီဆဲလ်တွေက တွန်းလှန်ပေးပါတယ်။

(၁၂) သင်္ဘောသီး

သင်္ဘောသီးကလည်း ဗီတာမင်စီ၊ ပိုတက်ဆီယမ်ပါတဲ့အတွက် ကိုယ်ခံအားမြင့်တက်စေပါတယ်။

(၁၃) ကီဝီသီး

ကီဝီသီးကလည်း ကိုယ်ခံအားမြင့်တက်စေလို့ စားပေးသင့်ပါတယ်။

(၁၄) နေကြာစေ့

နေ့ကြာစေ့မှာလည်း ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီ ယမ်ပါဝင်မှုများတဲ့အတွက် ကိုယ်ခံအားတက်စေပါတယ်။

(၁၅) ထောပတ်သီး

ထောပတ်သီးကလည်း ကိုယ်ခံအားတက်စေတဲ့ အစာဖြစ်ပါတယ်။

အရေးကြီးတာက သန့်ရှင်းရေးကောင်းဖို့ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေးတွေကို အလေးထားရပါမယ်။

ကလေးတွေကို ထူးချွန်အောင် ဟော သည်လို ပြုစု ပျိုးထောင်ပါ . . .  ( ဆုတင် မှတ်စု )++++++++++++++၁။ နေ့တိုင်း အနည်းဆုံး နာရီဝ...
17/05/2019

ကလေးတွေကို ထူးချွန်အောင်
ဟော သည်လို ပြုစု ပျိုးထောင်ပါ . . .
( ဆုတင် မှတ်စု )
++++++++++++++

၁။ နေ့တိုင်း
အနည်းဆုံး နာရီဝက်ခန့်
သင့်ကလေးနဲ့ အတူ
သူတို့စိတ်ဝင်စားတဲ့
အကြောင်းအရာ တစ်ခုခုကို
ဆွေးနွေး တိုင်ပင်ပါ။

၂။ ကလေးကို ငယ်စဉ်ကစပြီး
သန့်ရှင်းရေး ကို နှစ်သက်ပါစေ။
တစ်ကိုယ်ရည် သန့်ရှင်းရေး
ဂရုပြု နိုင်ပါစေ။

၃။ စိတ်ရှည်ရှည်ထားပြီး
ကလေး၏ စိတ်တွင်းစကားကို
နားထောင်ပေးပါ။
ထောက်ခံအားပေးသည့်
ပုံစံမျိုးဖြင့်
နားထောင်ပေးပါ။

၎။ ကလေးကို
သတိပေးတယ်ဆိုပြီး
အနာဟောင်းကို တုတ်ဖြင့်
ခဏခဏ မဆွပါနှင့်၊
သတိပေးစကား
ခဏခဏ ပြောမိလျင်၊
ကိုယ်ပြောချင်တာပြော၊
သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။

၅။ ကလေး၏ အပြစ်ကိုတွေ့လျင်
လေးလေးနက်နက် ပြောပြပေးပါ။
ဆွေးနွေးပေးပါ။
အပြစ် မှ တစ်ဆင့်
ဖြစ်ပေါ်တတ်သော
နောက်ဆက်တွဲ အကျိုးများကို
ကလေးနားလည်အောင်
ပြောပြပေးပါ။

၆။ မိမိ အကောင်အထည်
မဖေါ်နိုင်ခဲ့သော
မိမိ၏ ရည်ရွယ်ချက်များကို
ကလေးထံမလွှဲပြောင်းပါနှင့်၊
ကိုယ်က ဆရာဝန်မဖြစ်ခဲ့လို့၊
စစ်ဗိုလ်မဖြစ်ခဲ့လို့၊ စသည်ဖြင့်
ကလေးကို
အကောင်အထည်
ဖေါ်ခိုင်းတာမျိုး
လုံးဝရှောင်ကျဉ်ပါ။

ရ။ ကလေးကို
အဖိုးအဖွားအနားမှာ
နှစ်ချီထားတာမျိုး
မပြုလုပ်ပါနှင့်၊
မြေး မှာအနှစ်၊
အနှစ်လွန်လျင် မကောင်းပါ။

၈။ ကလေးကို စိတ်ရှည်ရှည်ဖြင့်
ပုံပြင်စာအုပ် ဖတ်ပြပါ။
ပြန်ပြောပြခိုင်းပါ။
သူ့ အယူအဆလေးတွေကို
မေးကြည့်ပါ။
ထောက်ခံပေးပါ။

၉။ ကလေး၏ အပြုအမူ၊
အပြောအဆို၊ တိုးတက်မူ
စသည်တို့ကို သုံးသပ်ပြီး
နေ့စဉ် ကလေးအတွက်
တိုးတက်နိုင်စရာ
နည်းလမ်းတစ်ခုခု၊
အားပေးနိုင်စရာ
နည်းလမ်းတစ်ခုခု
စဉ်းစားပေးပါ။
အချိန်ကြာလာသည်နှင့်အမျှ
အလွန်ထိရောက်သည်ကို
တွေ့ရှိလာပါလိမ့်မည်။

၁၀။ ကလေးကို
စိတ်ရင်းကောင်း ရှိအောင်
ငယ်စဉ်ကတဲက မွေးမြူပါ။
အကောင်းဆုံးနည်းလမ်းမှာ
ကလေးရှေ့မှာ
မည်သူတစ်ဦးတစ်ယောက်၏
မကောင်းကြောင်းကို
မပြောမိပါစေနှင့်၊

၁၁။ ကလေးကို
ပြုံးတတ်အောင်
သင်ထားပေးပါ။
အလွယ်ကူဆုံး နည်းလမ်းမှာ
ကိုယ်အရင် ပြုံးပါ။

၁၂။ ကလေးကို
လွယ်လွယ် နှင့်
ကတိမပေးပါနှင့်၊
ပေးမိလျင်လည်း
အကောင်အထည်
ရအောင်ဖေါ်ပေးပါ။

၁၃။ ကိုယ့်ကလေး က
ဘယ်ကလေးထက် ညံ့တယ်၊
အားနည်းတယ် စသည်ဖြင့်
မည်သည့်အခါမှ မပြောမိပါစေနှင့်.၊

၁၄။ ကလေးပြီးမြောက်ထားသော
အလုပ်ထဲတွင် ချီးကျူးနိုင်စရာကို
ရအောင်ရှာဖွေပြီး ချီးကျူးပေးပါ။

၁၅။ ကလေးကို မည်သည့်အခါမှ
မချိန်းချောက်ပါနှင့်၊

၁၆။ လူရှေ့သူရှေ့ မှာ
မည်သည့်အခါမှ
မိမိကလေးကို ဝေဖန်ခြင်း၊
ဆဲဆိုခြင်း မပြုလုပ်ပါနှင့်။
ကလေး အနေဖြင့်
မိမိကိုယ်မိမိ ယုံကြည်မူ
ထိခိုက်တတ်ပါသည်။

လက်ဦးဆရာ မိဘ များ
သတိရှိနိုင်ကြပါစေခင်ဗျား . . ။

Ref: Wechat / True Man.

ဟာသလေး သဘောကျလို့မူရင်းတင်သူကို credit ပါရှင့်ယောက်ျားဖြစ်သူ အလုပ်က ပြန်လာသည်။ အပြင်တွင် သူ့ကလေးသုံးယောက် ကစားနေကြသည်။သူ...
10/05/2019

ဟာသလေး သဘောကျလို့
မူရင်းတင်သူကို credit ပါရှင့်

ယောက်ျားဖြစ်သူ အလုပ်က ပြန်လာသည်။

အပြင်တွင် သူ့ကလေးသုံးယောက် ကစားနေကြသည်။

သူတို့ သုံးယောက်စလုံး ညဝတ်အင်္ကျီ ဘောင်းဘီတွေ
နဲ့ဖြစ်သည်။

တစ်ကိုယ်လုံး ရွှံ့တွေလည်းပေ၊ ရေတွေလည်းရွှဲ
နေကြသည်။

အပြင်တွင် စားပြီးသား မုန့်ဘူးတွေကလည်း ပွပလဲ
နေသည်။

ကားတံခါးက ပွင့်နေသည်။ ခွေးလည်း ဘယ်ရောက်
နေမှန်းမသိ။

အိမ်ရှေ့တံခါးကလည်း ဖွင့်ထားလျက်အတိုင်း။

အိမ်ထဲဝင်လိုက်သည့်အခါ တစ်အိမ်လုံး ရှုပ်ပွနေသည်။

မီးအိမ်က အောက်ကျကွဲနေသည်။

ကြမ်းခင်း ကော်ဇော ကလည်း ပုံပျက်ပန်းပျက်။

တီဗီကလည်း ဖွင့်ထားလျက်အတိုင်း ကာတွန်းကား
လာနေသည်။

သူက စိုးရိမ်စိတ်ဖြင့် ကလေးတွေအိပ်ခန်းထဲကို
သွားကြည့်လိုက်သည်။

မြင်မကောင်းအောင် ရှုပ်ပွနေတော့ သည်။

မီးဖို ချောင်ထဲ ပြေးဝင်ကြည့်လိုက်ပြန်သည်။

ပန်းကန်တွေ မဆေးဘဲ ပုံထားသည်။

ကြမ်းပြင်ပေါ်တွင် မြင်မကောင်း လောက်အောင်
စားကြွင်းစားကျန်တွေက ပေကျံနေသည်။

ရေခဲသေတ္တာတံခါးကလည်း ပွင့်နေသည်။

ခွေးစာ တွေကလည်း ကြမ်းပြင်ပေါ်တွင် မြင်မကောင်း။

ထမင်းစားပွဲအောက်တွင် ဖန်ခွက်ကွဲတွေ
တွေ့ရပြန်သည်။

သူစိတ်တွေ တုန်လှုပ်သွားသည်။

ရေချိုးခန်းထဲ ဝင်ကြည့်သည်။

အဝတ်တွေ တောင်လိုပုံနေသည်။

ရေဇလုံ ထဲတွင် ရေတွေ လျှံကျနေသည်။

တစ်ခုခု ဖြစ်ထားပုံပေါ်သည်။ စိုးရိမ်စိတ်ဖြင့်
ဇနီးအမည်ကို တကြော်ကြော် အော်ခေါ်ကာ
အိမ်နောက်ဘက် ရေတွင်းဘက်ကို
ကြည့်လိုက်သည်။

ရေတွင်းဘေးတွင် ရေအိမ်သုံးစက္ကူတွေ နေရာအနှံ့။

မှန်ကွဲစတွေလည်း တွေ့ရသည်။

သွားတိုက်ဆေးဘူးကို လူတက်နင်းသွားသည့်
ပုံစံအတိုင်းမြင်ရပြန်သည်။

ထိတ်လန့်စွာဖြင့် ရေတွင်းထဲ ငုံ့ကြည့်လိုက်သည်။

တွင်းထဲတွင် ရေပုံးက ပြုတ်ကျနေသည်။

ဆောက်တည်ရာမရ တုန်လှုပ်စွာဖြင့်
သူတို့ဇနီးမောင်နှံအိပ်သည့် အိပ်ခန်းရှိရာ
အိမ်အပေါ်ထပ်ကို ပြေးတက်ပြီး တံခါးကို
ဆွဲဖွင့်လိုက်သည်။

ကုတင်ပေါ်တွင်

“ဟာ”

သူက အံ့အားသင့်စွာဖြင့် အော်လိုက်မိသည်။

သူ့ဇနီးက ကုတင်ပေါ်တွင် ညဝတ်အင်္ကျီနှင့်
ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်ပြီးနေသည်။

သူ့ယောက်ျားကို တွေ့လိုက်ချိန်တွင် ပြုံးပြီး
"ဟိုင်း” ဟုနှုတ်ဆက်လိုက်သည်။

“မင်းကွာ … မင်း … ဘယ်လိုများ … ဘယ်လို …”

အမျိုးသမီးက တည်ငြိမ်စွာဖြင့်

“ရှင်တို့က ရှာကျွေးရတယ်ဆိုပြီး အိမ်ပြန်လာရင်
မိန်းမကို ထေ့တေ့တေ့ … ငေါ့တော့တော့နဲ့
ပင်ပန်းပုံပြ …

ဇက်ကြောလေးများ ဆွဲပါဦးကွလို့ ပြောတတ်လို့ …

ဒီနေ့ မိန်းမတွေရဲ့ဘဝကို ကောင်းကောင်းသိရအောင်
ရှင့်ကို သင်ခန်းစာပေးပြီး တစ်နေကုန်
လွှတ်ထားလိုက်တာ … တွေ့လား …

ကျွန်မတို့ တစ်နေ့ … တစ်နေ့ … အိမ်မှာ
အလကားနေကြတယ်များ ရှင်ထင်နေသလား …
မင်း တစ်နေ့လုံး ဘာတွေ လုပ်နေလဲ ပြောဦးမလား …
ကျွန်မ ဒီနေ့တစ်နေ့လုံး ဘာမှမလုပ်ဘူးလေ …
ဝတ္ထုပဲထိုင်ဖတ်နေတယ်”

(What do you do all day?)
Crd Nyunt
photo

30/04/2019
25/04/2019

ူရင်းတင်သူ

ကလေးအဖေတွေကိုပြောပြပေးပါ

ကလေးထမင်းကျွေးဖို့ကို အမေကလုပ်လို့ရသလို အဖေကလဲ လုပ်လို့ရကြောင်း

ကလေးရေချိုးချိန် ရေချိုးဖို့ကို အမေကပဲတာဝန်ခံလှုပ်ရှားသလို အဖေတွေလဲ မပြောမဆို ထလုပ်လို့ရကြောင်း

ကလေးနွားနို့ကုန်ရင် မမေးမမြန်းပဲ အမေတွေအော်တိုဝယ်ဖြည့်သလို အဖေတွေလဲ လိုက်လူပါးဝလို့ရကြောင်း

ကလေးခေါင်းလျှော်ဖို့ကို အမေတွေသတိထားသလို အဖေတွေလဲ သတိချပ်၍ရကြောင်း

ကလေးလက်သည်းခြေသည်းကို ဂရုတစိုက်ညှပ်ပေးဖို့ ဒီမိန်းမကြီးတွေပဲ အမြဲမပြတ်လုပ်ပေးသလို အဲ့ယောကျာ်းကြီးတွေလဲ ဝင်လုပ်လို့ရကြောင်း

ကလေးသေးပေါက်အီးပါပြောရင် ဒီဟာမကြီးတွေလွှားခနဲထပြေးသလို ဖင်ကျောက်ချထိုင်နေသူကြီးတွေ ဖင်ပေါ့ပေါ့ထပြေးနိုင်ကြောင်း

ကလေးမအိပ်ရင် ဒီအရူးမကြီးတွေပူသလို အဲ့နေနိုင်သူကြီးတွေလဲ ဝင်ရောက်ပူပင်နိုင်ကြောင်း

ကလေးအဝတ်အစားလဲရင် ဒီအိမ်ထောင်သည်မိန်းမကလွယ်လင့်တကူလုပ်တတ်သလို အဲ့အိမ်ထောင်သည်ယောကျာ်းကြီးတွေအတွက်လဲ မခက်ပါကြောင်း

ကလေးတွင်ရှိသည်မှာ မိဘတစ်စုံဖြစ်ပြီး ကလေးထိန်းနှင့် သခင်ကြီးမဟုတ်ကြောင်း

လူပါးဝခြင်းအား ကျားမ မရွေးလုပ်တတ်ကြောင်း

ပျင်းရိခြင်းအား မည်သူမဆို လုပ်တတ်ကြောင်း

ဂရုမစိုက်ခြင်းအနုပညာအား လူတိုင်းကျွမ်းကျင်ကြောင်း

လက်လှမ်းမီရာ ကလေးအဖေတွေကိုပြောပြပေးစမ်းပါဗျာ

#ကလေးအဖေတွေကိုပြောပြပေးပါ

ဂျူးမ
၂၂.၄.၂၀၁၉ (တနင်္လာ)

( share မှာသိတယ်
ခွင့်မတောင်းနဲ့
credit တော့ပေး ဟုတ်ပလား)
credit to zbrushatpixologic

Address

U Chit Maung Road
Yangon
11121

Telephone

09965091462

Website

Alerts

Be the first to know and let us send you an email when K&M for Kids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category