Doggy's

Doggy's Hi

07/11/2022

တချို့သူတွေက
ရွှေတစ်မတ်သားလက်စွပ်လေး ဝတ်ထားတဲ့အကြောင်းကို ရွှေဆိုင်ကြီးဖွင့်ထားတဲ့သူကိုမှ သွားကြွားမိတတ်ကြတယ်

တချို့သူတွေက
Hijet ကားလေးစီးနိူင်တာကို
အိမ်ကကားနဲ့လေ အိမ်ကကားနဲ့လေဆိုပြီး သွားသွားကြွားပြနေတာ car show room ပိုင်ရှင်ကြီးမှန်း မေ့နေတတ်ကြတယ်

တချို့သူတွေက အင်္ဂလိပ်စကား
ကိုယ်သိကိုယ်တတ် ဆိုပြီး လူတွင်ကျယ် ဝင်ဝင်စွာတတ်တာ သူတို့ကို ဆိတ်ဆိတ်ငြိမ်ပြီး ကြည့်နေတဲ့သူက ဥရောပလို နိူင်င်ငံကြီးတွေမှာ ကျောင်းပြီးခဲ့တဲ့အကြောင်း သူတို့မသိပြန်ဘူး

ဆိုင်ခန်းလေး တစ်ခန်းဖွင့်ပြီး အဝတ်အထည်အပေါလေးတွေတင်ရောင်းနေတာကို ပိုးထည်တိုက်ဖွင့်ထားတဲ့သူမျိုးတွေနဲ့ သွားယှဉ်နေတဲ့သူမျိုးလဲ ရှိပြန်ရော

ဝမ်းဆက်တစ်စုံ ၅၀၀၀ ချုပ်ပြီးချုပ်ထည်တွေပုံနေတယ်လို့ သွားကြွားဝါမိတဲ့သူက တစ်စုံ ချုပ်ခကို ၁၀ သိန်းလောက်ယူပြီး တနေ့ကို တစ်စုံဘဲ ချုပ်နေတဲ့သူဆိုတာ သူမသိဘူး

တကယ်တော့ ဆိတ်ဆိတ်နေတဲ့သူတွေက ပြည့်ပြီးသားအိုးတွေဆိုတော့ ဘောင်ဘင်မခတ်တဲ့သဘောတွေပါဘဲ

လောကမှာ ကိုယ့်ထက်သိ ကိုယ့်ထက်တတ်
ကိုယ့်ထက်လှ ကိုယ့်ထက်ချမ်းသာ
ကိုယ့်ထက်အောင်မြင်
ကိုယ်မမြင်ဖူး မသိဘူး
မကြားဖူးတဲ့ အကြောင်းအရာတွေ
အများကြီးပါ

ဘောင်ဘင်မခတ်ပြကြပါနဲ့
ကျွန်တော်လည်း ဘောင်ဘင်မခတ်အောင် ကိုယ့်ကိုယ့်ကိုယ် ထိန်းကျောင်းပြုပြင်နေဆဲပါ

အဲ့လို လူမျိုးတွေတွေ့ရင်တော့
ပြုံးဘဲပြုံးမိလိုက်ပါတယ် ...


Original written

07/11/2022

#ဝမ်းပန်းတသာ
ကြိုဆိုခြင်းမရှိတဲ့ အခမ်းအနားတွေကို ရှောင်ပါ။

#လှိုက်လှိုက်လှဲလှဲ
နှုတ်ဆက်ခြင်းမရှိတဲ့ လက်တွေကို မျက်နှာလွှဲပါ။

#ဖော်ဖော်ရွေရွေ မရှိတဲ့
အပေါင်းသင်းတွေကြား မသွားပါနှင့်။

#အဆင့်အတန်းခွဲတတ်တဲ့
သူငယ်ချင်းတွေကို သံယောဇဉ် ဖြတ်ပါ။

#ဝတ်ကျေတန်းကျေ
ဖိတ်ကြားခြင်းတွေကို ဥပေက္ခာပြုပါ။

#မျက်နှာလိုက်တဲ့
အသင်းအဖွဲ့တွေထဲ မဝင်ပါနှင့်။

#ရင်ထဲကမပါတဲ့
အပြုံးတွေအတွက် မခံစားပါနှင့်။

#လောကမှာသူတို့ကလည်းဟန်ဆောင် ကိုယ် ကလည်းသိသိကြီးနဲ့ဟန်ဆောင်ပေါင်းရတာပင်ပန်းပါတယ်
#လွတ်သာချလိုက်ပါ😍

ဒီလောက်ဆိုရင်
သင် ... အရွယ်တင်နုပျို ပြီး
စိတ်ချမ်းသာမှာ သေချာပါတယ်။

ပစ္စည်းများ စုံလင်စွာပြန်မှာလို့ရပါပြီ
09/03/2020

ပစ္စည်းများ စုံလင်စွာပြန်မှာလို့ရပါပြီ

09/03/2020
09/03/2020

တရုတ်ပစ္စည်းများရင်ခုန်စွာပြန်လည်ရောက်ရှိလာပါပြီစျေးမတက်ပါခင်ဗျာ

03/03/2020

China products များနောက် ၁၀ရက်လောက်ဆို ပြန်လည်ရရှိပါမည်

17/02/2020

ဝန်ထမ်းအလိုရှိသည်
Doggy Doggy's
Pet accessories (အိမ်မွေးတိရစ္ဆာန် အသုံးအဆောင်ပစ္စည်း )
များ ထုတ်လုပ်ဖြန့်ချီခြင်းလုပ်ငန်းမှ

# ဝန်ထမ်း(ကျား) ၂ ဦး (၈တန်းအောင်)
#အသက် ၂၂နှစ်ထက်မကျော်ရ

လိုအပ်ပါကနယ်ခရီးဝေးထွက်နိုင်ရမည်
လုပ်ငန်းအတွေ့အကြုံရှိရန်မလိုပါ
လစာ ၁၅၀၀၀၀ ကျပ်+ရက်မှန်ကြေး+နေ့လည်စာမုန့်ဖိုး

ယာယီလုပ်မည့်သူများနှင့် ကျောင်းတက်နေသောသူများ လာလျှောက်ရန် အဆင်မပြေပါခင်ဗျာ။
အကျင့်စာရိတ္တ ကောင်းမွန်ပြီး အချိန်လေးစားရန်လိုအပ်ပါသည်။
အဖွဲ့အစည်းနှင့် လိုက်လျောညီထွေ လုပ်ကိုင်နိူင်ရမည်။

စိတ်၀င်စားပါက
ကိုယ်ရေးအကျဥ်း( C.V Form.)၊
ရပ်ကွက်ထောက်ခံစာမိတ္တူ၊
ရဲစခန်းထောက်ခံစာမိတ္တူ၊
အိမ်ထောင်စုစာရင်းမိတ္တူ၊
မှတ်ပုံတင်မိတ္တူများနှင့်တကွ
လူကိုယ်တိုင် လာရောက်လျှောက်ထားနိူင်သည်။

မှတ်ချက်။ ။C.V. Formများကို Viber,Messangerနှင့်
E.mailများဖြင့်ပေးပို့ခြင်းများကိုလက်ခံစဥ်းစားပေးမည်မဟုတ်ပါ။
Commentsများမှ မေးမြန်းခြင်းကိုလဲဖြေကြားပေးနိူင်မည်မဟုတ်ပါ။

အသေးစိတ်သိရှိလိုပါက
အာက်ပါ လိပ်စာနှင့်ဖုန်းနံပါတ်များအား
စုံစမ်းမေးမြန်းနိုင်ပါသည်

Doggy Doggy's
အမှတ် ၁၀၀ ရွှေတိဂုံဘုရားလမ်း
သိမ်ကြီးစျေးအောက်ဘလောက်
ပန်းဘဲတန်းမြို့နယ်
ရန်ကုန်မြို့
Ph:01-240483
09-777331661,09-777332662

ကျေးဇူးပြုပြီး သိလိုသည်များကို
တနင်္ဂနွေနေ့နှင့်အစိုးရရုံးပိတ်ရက်
မှလွဲ၍ဖုန်းဆက်မေးမြန်းနိုင်ပါသည်
FB messenger,comment များကိုreply မလုပ်ခြင်းများကိုခွင့်လွတ်နား
လည်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါ
သည်
Thanks
Doggy Doggy's

08/02/2020

#အမြို့အနယ်နယ်မှတိရစ္ဆာန်ချစ်သူများမင်္ဂလာပါ
တိရစ္ဆာန်ချစ်သူများအနေနှင့်ကိုယ်ချစ်သောကလေးများအတွက်လိုအပ်သည်များကိုပံပိုးပေးနိုင်ပြီး တစ်ဖက်တစ်လမ်းက ၀င်ငွေလည်းရရှိအောင် Pet Accessories ဆိုင်ကလေးများ ဖွင့်ချင်သူများအတွက် $£€$¥

DOGGY DOGGY'S မှ ဆိုင်ဖွင့်ချင်သူများအားအပ်ကုန်(3)လပေးခြင်းအစီအစဥ်

ကျွန်တော်များ DOGGY DOGGY'S မှ ရောင်းချသည့်ပစ္စည်းများကို ငွေမချေဘဲ သုံးလတိတိပေးရောင်းပါမည်။ (3)လပြည့်သည့်ရက်မှရောင်းရသည့်ပစ္စည်းများကိုငွေချေပြီးကျန်ပစ္စည်းများကိုပြန်လည်ပေးနိူင်ပါသည်
အသေးစိတ်သိလိုပါက
Ph_09 777331661
09 777332662
018 240483
Viber _09789909780
လိပ်စာ.အမှတ်-၁၀၀၊ရွှေတိဂုံဘုရားလမ်း၊ပန်းဘဲတန်းမြို့နယ်။ရန်ကုန်မြို့

16/12/2019

ဝန်ထမ်းအလိုရှိသည်
Doggy Doggy's
Pet accessories (အိမ်မွေးတိရစ္ဆာန် အသုံးအဆောင်ပစ္စည်း )
များ ထုတ်လုပ်ဖြန့်ချီခြင်းလုပ်ငန်းမှ

# ဝန်ထမ်း(ကျား) ၂ ဦး (၈တန်းအောင်)
#အသက် ၂၂နှစ်ထက်မကျော်ရ

လိုအပ်ပါကနယ်ခရီးဝေးထွက်နိုင်ရမည်
လုပ်ငန်းအတွေ့အကြုံရှိရန်မလိုပါ
လစာ ၁၅၀၀၀၀ ကျပ်

ယာယီလုပ်မည့်သူများနှင့် ကျောင်းတက်နေသောသူများ လာလျှောက်ရန် အဆင်မပြေပါခင်ဗျာ။
အကျင့်စာရိတ္တ ကောင်းမွန်ပြီး အချိန်လေးစားရန်လိုအပ်ပါသည်။
အဖွဲ့အစည်းနှင့် လိုက်လျောညီထွေ လုပ်ကိုင်နိူင်ရမည်။

စိတ်၀င်စားပါက
ကိုယ်ရေးအကျဥ်း( C.V Form.)၊
ရပ်ကွက်ထောက်ခံစာမိတ္တူ၊
ရဲစခန်းထောက်ခံစာမိတ္တူ၊
အိမ်ထောင်စုစာရင်းမိတ္တူ၊
မှတ်ပုံတင်မိတ္တူများနှင့်တကွ
လူကိုယ်တိုင် လာရောက်လျှောက်ထားနိူင်သည်။

မှတ်ချက်။ ။C.V. Formများကို Viber,Messangerနှင့်
E.mailများဖြင့်ပေးပို့ခြင်းများကိုလက်ခံစဥ်းစားပေးမည်မဟုတ်ပါ။
Commentsများမှ မေးမြန်းခြင်းကိုလဲဖြေကြားပေးနိူင်မည်မဟုတ်ပါ။

အသေးစိတ်သိရှိလိုပါက
အာက်ပါ လိပ်စာနှင့်ဖုန်းနံပါတ်များအား
စုံစမ်းမေးမြန်းနိုင်ပါသည်

Doggy Doggy's
အမှတ် ၁၀၀ ရွှေတိဂုံဘုရားလမ်း
သိမ်ကြီးစျေးအောက်ဘလောက်
ပန်းဘဲတန်းမြို့နယ်
ရန်ကုန်မြို့
Ph:01-240483
09-777331661,09-777332662

ကျေးဇူးပြုပြီး သိလိုသည်များကို
တနင်္ဂနွေနေ့နှင့်အစိုးရရုံးပိတ်ရက်
မှလွဲ၍ဖုန်းဆက်မေးမြန်းနိုင်ပါသည်
FB messenger,comment များကိုreply မလုပ်ခြင်းများကိုခွင့်လွတ်နား
လည်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါ
သည်
Thanks
Doggy Doggy's

Address

ြခံအမှတ် ၉၈+၉၉ အနော်ရထာ(၃)လမ်း ၂၂ရပ်ကွက် ရွှေပေါက်ကံ
Yangon

Telephone

+951240483

Website

Alerts

Be the first to know and let us send you an email when Doggy's posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Doggy's:

Share