23/05/2023
အပြင်ထွက်ဘို့အဝတ်အစားဝတ်တိုင်း တိုက်ပွဲဝင်နေရသူတွေအတွက်
==========================================
ခါးရိုးပေါင်ရိုးခွဲစိတ်ထားတဲ့သူတွေ၊ ခါးနာ ဒူးနာ ဝေဒနာရှင်တွေ၊ အသက်ကြီးရွယ်အိုတွေအနေနဲ့ ဘောင်းဘီဝတ်တဲ့အချိန်၊ Shoe ဖိနပ်စီးဘို့ ခြေစွပ်ဝတ်ရတဲ့အချိန်တွေမှာ အခက်အခဲတွေ့ရတတ်ပါတယ်။ ခါးကုန်းလို့မရ ဒူးကလည်း မကွေးနိုင် ခြေစွပ်တဖက်ကို ချွေးတလုံးလုံးနဲ့ ပင်ပန်းကြီးစွာ ဝတ်ဆင်ရပါတယ်။ ကိုယ်တိုင်လည်း ပေါင်ရိုးခွဲစိတ်ထားတဲ့သူမို့ ဒီအခက်အခဲကို နေ့စဉ်ရင်ဆိုင်ရပါတယ်။ အဲဒီအခက်အခဲလေးက သာမန်ကျန်းမာသူတွေအနေနဲ့ ဘာမှအပန်းမကြီးပေမဲ့ ခါးရိုး၊ တင်ပဆုံရိုး၊ပေါင်ရိုး ခွဲစိတ်ထားသူတွေ အသက်အရွယ်ကြီးသူ အတွက်က နေ့စဉ်ရင်ဆိုင်နေရတဲ့ တိုက်ပွဲတခုဆို မှားမယ်မထင်မပါဘူး။ ဒီအခက်အခဲကို ဖြေရှင်းပေးမယ့် ခြေစွတ်ဝတ်ဆင်ရာမှာ အထောက်အကူပေးတဲ့ပစ္စည်းလေးနဲ့ ဘောင်းဘီဝတ်ကြိုးလေး မှာယူလို့ရပါပြီ။ ခြေစွပ်ဝတ်ဆင်တဲ့အချိန်တိုင်း သူများအားကိုးစရာမလိုပဲ သက်တောင့်သက်သာနဲ့ မြန်မြန်ဆန်ဆန် ဝတ်ဆင်နိုင်မှာမို့ ကိုယ်တိုင်သုံးဘို့ပဲဖြစ်ဖြစ် လူကြီးသူမတွေအတွက်ပဲဖြစ်ဖြစ်ဆောင်ထားသင့်တဲ့ပစ္စည်းလေးတွေပါ။ ခြေစွပ်အကူပစ္စည်းလေးတွေအပြင် ဘောင်းဘီဝတ်ကြိုး လေးတွေလည်း မှာလို့ ရနေပါပြီ။ ကိုယ်တိုင်သုံးနေတဲ့ပစ္စည်းတွေမို့ ကိုယ်ချင်းစာစိတ်နဲ့ ရှာဖွေပြီး မှာပေးတာပါ။
Pre-Order = 2 - 4 weeks
ဈေးနှုန်းလေးတွေကို တပုံချင်းစီအောက်မှာ ကြည့်နိုင်ပါတယ်။
အသေးစိတ်သိလိုပါက 09450505030 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။