31/07/2019
သိထားသင့်သော ...
သက်ငယ်မုဒိန်းဖြစ်ပြီဆိုရင် လုပ်ရမယ့် After the Crime Procedures ...
R**e နဲ့ Sexual Abuse ကွာခြားပုံ ...
ဆရာဝန်ညီမလေး ဒေါက်တာစုစုဝင်း ရေးပေးထားတဲ့စာလေးကို ... ခွင့်ပြုချက်တောင်းပြီး ပြန်လည်မျှဝေတာပါ ...
တကယ်ကို သိထားသင့်တာတွေမို့ ... ဖတ်ပြီးရင် မျှဝေပေးကြပါနော်🙏🏻🙏🏻🙏🏻
-----
-----
✡သက်ငယ်မုဒိန်းမှုဆိုတာတွေ✡
ခုတလောတအားကို များလာတယ်ထင်ရတယ်
တကယ်လဲ case rateကတက်ပါတယ်
media💯 ကျယ်ပြန့်လာတဲ့ သဘောတရားအရ
လူတွေ ပိုသတိထားလာကြတယ်
awareness ရလာတယ် ✅
အရင်လိုလူမသိသူမသိမဟုတ်တော့ဘူး❌
အရင်ကရော ဒါတွေ မဖြစ်ဖူးလားဆို❓
ဖြစ်တာပေါ့ ✅✅✅✅
ဒါပေမယ့်
မြန်မာ့ ဓလေ့ ထုံးတမ်းအစဉ်အလာအရ
လူမသိစေချင်ဘူးး ❌
ကလေးဘဝမှာ
ဒါကို ကြုံတွေ့လိုက်ရတာ လူသိကုန်ရင်
ဒီကလေးရဲ့ အနာဂတ်ဘဝ ထိပါးမှားစိုးရိမ်ပြီးး
တိုးတိုးတိတ်တိတ်ဆိုတာတွေ ဖြေရှင်းခဲ့ကြတယ်
မြန်မာလူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာ ...
မိန်းမဆိုတာ အပျိုစစ်မှဆိုပြီးတော့
ကလေးဘဝ အညွှန့်ချိုးခံရလဲ
လူမသိအောင်ငြိမ်ခံ ကြိတ်ခံ
မတရားခံရလဲ ငြိမ်ခံ ကြတယ်
အပျိုစင်အမြှေးပါးလေးတစ်ခုအတွက်
လူတစ်ယောက်ဘဝတစ်ခုရဲ့
စိတ်ဒဏ်ရာအကုန်နဲ့ လဲပစ်ခံခဲ့ရတယ်
ဒီတော့ အမှုတိုင်ချင်လို့ သွားလဲ
ဒီအမှုက ရဲအရေးပိုင်တဲ့အမှုဆိုတော့
ရဲဆီသွားအမှုဖွင့်
ရဲကလဲ တရာခံလိုလို့ သံသယရှိသူကိုဖမ်းဖို့
အမှုသွားအမှုလာရှုပ်တဲ့အခါ
တရာလိုကို ပျားရည်နဲ့ဝပ်ချ
အမှုကိုကြေအေးဖို့ ညှိနှိုင်းခဲ့ကြတာတွေ များခဲ့တယ်
တကယ်လို့ အမှုဖွင့်ခဲ့ပြန်လဲ
အမှုရင်ဆိုင်ရ ရက်ချိန်းကြာပြန်တယ်
ဒီတော့ ခံရသူတွေဟာ
တိုင်ဖို့တောဖို့အတွက်
တရားမျှတမှုရဖို့ထက်✅ စာဝတ်နေရေးကသာ
သိက္ခာတရားနဲ့လူ့ဘဝတစ်ခုအတွက်
ပိုအရေးးပါတဲ့ ခတ်ကြီှးမှာ✅
ငွေကြေးနဲ့ညှိနှိုင်းး
အမှုကိုအစဖျောက်ရာကနေ အမှု့ဖြစ်ပွားနှုန်း ဟာ
တစ်ဖြည်းဖြည်းပိုအတင့်ရဲ့ မြင့်တက်လာတယ်😰😰😰
အမှုကို စစ်နေမကျလာတော့တဲ့အခါ
လုပ်ထုံးလုပ်နည်းဆိုတာတွေ
မူဝါဒတွေဟာလဲ မှေးမှိန်လာခဲ့တယ် 😰😰
ရဲကလဲ ရဲဘက်က
ဆရာဝန်ကလဲ ဆရာဝန်ဘက်က
တရားရုံးကလဲ တရားရုံးဘက်က
လူမှုကုညီရေးအသင်းဘက်ကလဲ သူတို့ဘက်က
weak pointတွေ များလာတယ်
ဒီအခါ ထင်သလို ခရီးမပေါက်ဘဲ
တဖြည်းဖြည်း ဆုတ်လျော့လာတော့တယ်
🚫 #တကယ်ကBefore&Afterဆိုတာ
အဖြစ်အပျက်တိုင်းမှာရှိတယ်🚫
သက်ငယ်မုဒိန်မှုမဖြစ်အောင်ဘယ်လိုလုပ်မလဲ ❓❓
Before💠 the crime💠
ရေးကြပါတယ် ခုဆို
ကလေးတွေကိုသင်ပေးဖို့ မိဘတွေကလဲပြင်ဆင်ကြပါတယ် အသိပညာကလဲ ပွင့်လာတော့
အရင်ကထက် ပြောရလွယ်ကူပါတယ်
#ဒါပေမယ့်
🔯🔯After the crime ကိုကျ မေ့နေကြတယ်😴😴
🔆🔆ကျွန်မတို့ ဆရာဝန်တွေဘက်က
After the crimeကိုအများဆုံးပြင်ဆင်ပေးနိုင်ပါတယ် လူုမှု အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးပေါ့
-လူမှုအဖွဲ့အစည်းတွေကလဲ ကုညီမှုထိရောက်အောင် တတ်နိုင်သမျှ ကလေးရဲ့ Privacyကို ထိန်းသိမ်းရင်းပေါ့
-အမှုလိုက်ရဲဘက်ကလဲ ဒါဟာ R**e ဆိုတာထက် ကလေးငယ်ကိုကျူးလွန်တဲ့ Sexual Abuseလဲ ဖြစ်နိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး
ဒီလိုcaseတိုင်းကို👉
ပြစ်မှုတိုင်းမှာ
သုတ်ပိုးတွေ့မှတို့ ဘာညာသာရကာ မပြောကြပါနဲ့
သုတ်ပိုးးတွေ့မှ ဆို
သုတ်မလွတ်ဘဲ ကျူးလွန်ရုံလုပ်သူက
လွတ်သွားပါမယ်ဆိုတာ သတိချပ်သင့်ပါတယ်
ဒါ့ကြောင့်
ကျူးလွန်ရန်ကြံစည်တာနဲ့ ပြစ်မှုမြောက်တာမို့
ထိထိရောက်ရောက် အရေးယူနိုင်ဖို့ပေါ့
🚫🚫 **e ဆိုတာ 🚫🚫
Just Male's organ က Female organ
(ကျားအင်္ဂါကိုမအင်္ဂါထဲ)
Penetration(ထိုးသွင်းခြင်း) ရှိတာနဲ့ R**e(မုဒိန်းမှု)
မြောက်ပါတယ်
ပြီးတာမပြီးတာ သုတ်လွတ်တာ မလွတ်တာ (Ejeculation မရှိတာရှိတာနဲ့ မဆုံးဖြတ်ပါဘူး)
ဟုတ်ပြီ ဒါဆို အတွင်းအင်္ဂါတွေကို
လက်နဲ့ပွတ်တာ ကိုင်တာတွေကရော ဆို
ဒါက Sexual abuseပါ
သူတို့က ဘယ်သူတွေလုပ်တတ်လဲဆို
ဒါဟာဘာလဲလို့ စူးစမ်းခွင့်မရှိခဲ့ဖူးတဲ့လူတွေဟာ
စူးစမ်းချင်စိတ်နဲ့ မွေ့လျော်စိတ်ရောထွေးပြီး
ကလေးတွေကိုပစ်မှတ်ထားကျူးလွန်နေကြသူတွေပါ
စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေး မှုထိန်းသိမ်းမှု
အားနည်းသုတွေပါ
ဒါကိုကျူးလွန်သူတွေဟာလဲ
Pshycological problems
စိတ်ကျန်းမာရေးပြသနာ
လိုဘမပြည့်ဝခဲ့တဲ့စိတ်
သိမ်ငယ်စိတ်နဲ့ ဆက်စပ်နေတဲ့သူတွေမှာ
အများဆုံးတွေ့ရတာပါ ။
ခု ကျွန်မတို့ စိတ်ပူကြတယ်
ကိုယ့်ကလေးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ
ဒါဟာ မိဘတိုင်းစိတ်ပူနေကြပါတယ် မှန်ပါတယ်
ကျွန်မအမြဲ ရွတ်တယ်
Prevention is better than cure!
ကာကွယ်ခြင်းက ကုသခြင်းထက်ထိရောက်တယ်
ဒါကလဲ မှန်နေတာဘဲလေလို့
ဟုတ်ပြီ ဒါပေမယ်ြ့ဖစ်လာခဲ့ရင်ရော
ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ
#ကျွန်မတို့မြှာ့ပသနာတစ်ခုက
ဖြစ်ပြီးပြီဆိုတဲ့နေရာမှာ အဆင်ပြေအောင်
Solvingလုပ်တဲ့နေရာမှာ အားနည်းချက်ရှိတယ်
ဘာလို့ဆို ဖြစ်လာရင် ဘာလုပ်ဖို့ဆိုတာ
ကြိုတင်စီစဉ်ထားခြင်းအားနည်းလို့ဘဲ
အားလုံးက မဖြစ်ချင်ကြတော့
မဖြစ်ပါဘူးလေဆိုပြီးဖော့တွေးကြတယ်
အာ့အတွက်
တကယ်လဲ ဖြစ်ရော
လိုအပ်ချက်များစွာနဲ့ဘဲ
နစ်နာရသူတွေရဲ့လူ့ဘဝတက်လမ်းတွေ
ပျက်စီးဆုံးရှုံးကြရတယ်
ဒါမို့လဲကျူးလွန်သူတွေဘက်ကလဲ ပိုရဲတင်းလာတယ်
ဒီတော့ ဒါကို ရဲဝင့်စွာ ရင်ဆိုင်ကြမယ်
အဖြေသေချာရှာထားမယ် ကြိုပြင်ဆင်ထားမယ်
ဒါဆိုရင်ရော❓❓
သက်ငယ်မုဒိန်းမှု တစ်ခုဖြစ်ပြီဆိုပါစို့ ✅✅✅
၁ #ပထမဆုံးး
မိဘလုပ်သူ အုပ်ထိန်းသူဆိုသူကိုချက်ချင်း အသိပေးဖို့ ကလေးငယ်ကိုသင်ကြားထားပေးပါ။
(ဘာမှ ဆိုးဆိုးဝါးဝါးမထိခိုက်သေးရင်)
၂ #ဒုတိယ
ဆေးရုံချက်ချင်းသွားပါ ။
သက်ဆိုင်ရာ တိုက်နယ်ဆေးရုံ၊
မြို့နယ်ဆေးရုံ ၊
ပြည်နယ်ဆေးရုံ ချက်ချင်းသွားပါ
အပြင်ဆေးခန်းနဲ့ လုံးဝမသက်ဆိုင်အကျုံးမဝင်ပါ
(သို့သော် သွေးထွက်လွန်နေရင် အနီးဆုံးဆေးခန်းမှာ First aidကို ယူပါ အသက်ကယ်ပါ ပြီးတာနဲ့
လွဲအပ်ရာသို့ချက်ချင်းသွားပါ)
၃ #တတိယ
ဆေးရုံရောက်တာနဲ့
တာဝန်ကျ ဆရာဝန်က
ဒါဟာ
💠-ရဲအရေးပိုင်သောအမှုဖြစ်တယ်ဆိုတာမှတ်သားထားပါ
💠-လူနာကို historyသေချာမေးပါ စစ်ဆေးပါ
💠-သေချာတာသိသိချင်းး Vaginal swab ယူပါ
💠-ပုံမှန် Vaginal swabယူတဲ့ instrumentလေးရှိပေမယ့် မရှိတာလဲ များပါတယ်
💠-OPD ထိုင်နေစဉ်မှာ Emergency Box ထဲမယ် ပိုးသန့်အောင် ပေါင်းထားတဲ့
ဲ့ နားကျတ်တန်ထုတ်လေးဆောင်ထားပါ
💠- ကိုယ်ရှိတဲ့နေရာက အထက်အရာရှိကို အကြောင်းကြားပါ
သားဖွားမီးယပ်အထူးကုရှိလျှင် သူ့ဆီက အကြံဥာဏ်ယူပြီး တွေ့ရှိချက်ကို
အတည်ပြု comfirmလုပ်ပါ
💠 -မှူုခင်းဆရာဝန် နေရာတိုင်းမှာ မရှိတဲ့အတွက် ရှိလျှင်တော့ အကြောင်းကြားအတည်ပြုချက်ယူပါ။
💠-လိင်က တစ်ဆင့်ကူုးစက်နိုင်တဲ့ရောဂါတွေအတွက် တစ်ခါတည်းး Screening လုပ်ပါစစ်ပါ
💠-ကလေးရဲ့Immunization Historyသေချာယူပါ လက်ရှိ ယူထားတဲ့ Treatmentသေချာမေးပါ
💠-နစ်နာသူကလေးရဲ့ အသက်အရွယ်ပေါ်မူတည်ပြီးး
Menstrual historyမေးပါ
Puberty ဝင်ပြီးးလားး ဝင်ခါနီးလားး
သွေးပေါ်ဖူးမှ ကို်ယ်ဝန်ရှိနိုင်တာမဟုတ်တာ မမေ့သင့်ပါ။
-ရာသီသွေးပေါ်ဖူးသူဆိုလျှင်
နောက်ဆုံးလာတဲ့ ရက် လ သေချာမေးပါ (ရက်အတိအကျသိလျှင် )
လိုအပ်ပါက ကိုယ်ဝန်မဆောင်နိုင်အောင် အရေးပေါ်သန္ဓေတားဆေးတိုက်ပါ။
-သေသေချာချာCounselling ကိုမိဘအုပ်ထိန်းသူ ကလေးကိုလုပ်ပါ
-ဒီအမှုနဲ့ ဖြစ်ပုံကိုစစိဆေးနေစဉ်မှာ
လူမအုံပါစေနှင့် သီးသန့်ခန်းထဲ လူုနာကို ထည့်ထာပါ။
*တစ်ဆက်တည်း
-ရဲအရေးပိုင်သောအမှုဖြစ်သည့်အတွက် သက်ဆိုင်ရာ နယ်မြေဆိုင်ရာ ဒုရဲအုပ်/ အမှုလိုက်ကို
--အကြောင်းကြားဆင့်ခေါ်ပါ ။
--တရာခံကိုမိဖို့ပြင်ဆင်ဖို့ အသိပေးပါ။
#ကျွန်မတို့ဟာမြန်မာပြည်သူတွေဖြစ်သည့်အတွက် လူအားလုံးဟာ ခြောက်လတစ်ခါ
မည်သူမျှ regular medical check up မလုပ်ထားတာသေချာပါသည် ။
ထို့အတွက် ကျူးလွန်သူ/ တရားခံကို
ကူးစက်ရောဂါ ရှိမရှိသိနိုင်ဖို့ မေးခိုင်းပါ စစ်ဆေးပါ။
( ကျူးလွန်သူတွေဟာ လိင်စိတ်ဆာနေတဲ့ ဆေးကုသမှုခံယူနေတဲ့ HiVရောဂါသည်တွေဆိုတာ ကျွန်မ အတွေ့အကြုံအရ နှစ်ဦးရှိတယ်
အရက်သောက်သူတွေမို့ အသည်းရောင်ပိုးရှိသူတွေများတယ်))
ဒါမို့ တရာခံမိမိချင်းးသွေးစစ်ဖို့ တစ်ခါတည်းး
ရဲကို အသိပေးစာ စာရွက်ပေးလိုက်ပါ
အစစ်ခံရန် မလာနိုင်ပါက
စစ်ဆေးဖို့သွေးလာပို့ပါစေ ။
သူ့သွေးဟုတ်မဟုတ် ရဲက တာဝန်ယူုနိုင်ပါစေ
သက်သေယူထားပါ။
#ချက်ချင်းလုပ်နိုင်လေ ကောင်းလေပါ
လိင်ကတစ်ဆင့်ကူးစက်နိုင်သာရောဂါဆိုတာ
တရားခံဟာ
၁။HBV infection
--အသည်းရောင်ဘီပိုးရှိနေရင်
ကလေးက ကာကွယ်ဆေးထိုးပြီးလို့ ကိုယ်ခံအားပြည့်ဝအောင်မြင်ပြီးသူဆို စိုးရိမ်စရာမရှိတော့ပါဘူး။
-အကယ်၍ မထိုးရသေးရင် ကားကွယ်ဆေးနဲ့အတူ အသင့်ပြုပြီးကို်ယ်ခံအား Immunoglobulinကိုထိုးပါမယ်
၂။ HCV Infection
အသည်းရောင်အသားဝ်ါစီးပိုးရှိသူဖြစ်နေမယ်ဆို
ကလေးကို နောက်သုံးလ ခြောက်လမယ် ပြန်စစ်ဆေးမယ် လိုအပ်ပါကဆေးတိုက်ဖို့ပြင်ရပါမယ်
၃။ HIVပိုးရှိနေသူဆိုရင်တော့
PEPချက်ချင်း24hoursအတွင်းတိုက်ဖို့
သက်ဆိုင်ရာ ART unit နဲ့ဆက်သွယ်ပြီး ဆေးထုတ်ပေးဖို့တောင်းပေးဖို့လိုပါမယ်
၎။ ကာလသားပိုးးရှိနေသူဆိုရင်တော့ ကလေးကို နောက်တစ်လခွဲ/ သုံးလ ပြန်စစ် ပြီး
လိုအပ်တဲ့ ကုသမှု ထပ်ပေးပါမယ်
၅။ နစ်နာသူဟာကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ဆို ချက်ချင်းးအရေးပေါ်သန္ဓေတားဆေးတိုက်ပါမယ်
၆။ အမှုစစ်ရာ အမှု ရင်ဆိုင်ရာမှာလိုအပ်တဲ့ ကလေးငယ်ရဲ့ အသက်အတွက် လိုအပ်သော
Age Determination အတွက်
လိုအပ်သော ဓါတ်မှန် ဖွားစာရင်းသေချာပြင်ဆင်ခိုင်းထားရန်
အရေးပေါ်အခြေအနေနှင့်လာလျှင်တော့ အရေးပေါ်ကုသမှုကိုအမြန်ပေးနေရင်း အထက်ပါအချက်တွေထဲက လုပ်နိုင်တာကို ပြင်ဆင်လုပ်ပေးထားရန်
#စတုတ္ထ **အနေနဲ့
ဒီကလေးအတွက် လိုအပ်တဲ့ ဆေးကုသမှုအတွက် ကုန်ကျစရိတ်တွေ အရေးပေါ်အခြေအနေမှာ ဆင်းရဲသောမိဘဆိုလျှင် လိုအပ်သမျှကူညီနိုင်မယ့်
ကြားခံ အဖွဲ့အစည်းတစ်ခု
အထက်ပါ အမှုကို ကိုင်တွယ်ဖို့
-၁။စစ်မှန်သော ဥပဒေပညာရှင်နှင့် ပြစ်ဒဏ်
-ထိရောက်စွာ အရေးယူပြင်ဆင်ဖို့
-ကလေးရဲ့ အသက်အရွယ်ပေါ်
နစ်နာမှုပေါ်မူုတည်ပြီး အမိန့်ပြစ်ဒဏ်ချမှတ်မှု
-၂။လိုအပ်သောဆေးဝါးအတွက် ကူညီထောက်ပံ့သော လူမှုကူညီရေးအဖွဲ့အစည်းး
-၃။နစ်နာသူကလေးများအတွက် ပြန်လည်ပြုစုပျိုးထောင်ရေး ဌာန
( Rehabilitation Unit)
ဖြစ်သွားပြီးလို့ အသက်မသေသေးတဲ့ကလေးဆိုလျှင် သူဖြတ်သန်းရမယ့် အနာဂတ် ဘဝအတွက် ပြင်ဆင်ပေးဖို့လိုအပ်တဲ့စိတ်ကုစားမှုတွေ
ဒါတွေကို ပြင်ဆင်ဖို့
ဘယ်မှာလဲ ဘယ်ဆီလဲ ?????????
ဒါတွေကိုတင်ပြဖို့ ဆွေးနွေးဖို့ အဖြေက်ု အကောင်အထည်ဖော်ဖို့
အမှန်အကန်လိုအပ်နေပါပြီလေ
မေတ္တာဖြင့် ဒေါက်တာစု
Su
Credit: လေ ဒီ စု