Natural Power Life Company

Natural Power Life Company Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Natural Power Life Company, Retail Company, No. 368, Saw HLa Baw Road, 35 Ward, North Dagon Township, Yangon.

ကော့မှူးဖက်က အော်ဂစ်နစ် စွယ်စုံရ ဆေးစွမ်းကောင်းသုံးချင်တယ်ဆိုရင် လင်းကိုဦး📞09450047291 ကိုဆက်သွယ်ဝယ်ယူပါ။
17/04/2023

ကော့မှူးဖက်က အော်ဂစ်နစ် စွယ်စုံရ ဆေးစွမ်းကောင်းသုံးချင်တယ်ဆိုရင်
လင်းကိုဦး📞09450047291 ကိုဆက်သွယ်ဝယ်ယူပါ။

သစ်ပင်ခုတ်လဲစရာမလိုဘဲ သစ်ထုတ်ယူနိုင်ခဲ့တဲ့ ဂျပန်တို့ရဲ့ ၁၄ ရာစုနည်းပညာဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးအတတ်ပညာနဲ့ပတ်သက်လာရင်...
20/12/2022

သစ်ပင်ခုတ်လဲစရာမလိုဘဲ သစ်ထုတ်ယူနိုင်ခဲ့တဲ့ ဂျပန်တို့ရဲ့ ၁၄ ရာစုနည်းပညာ

ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးအတတ်ပညာနဲ့ပတ်သက်လာရင် ဘွန်ဆိုင်း(သက်ကြီးပုပင်)ဆိုတဲ့ ဝေါဟာရကို မသိသူမရှိသလောက်ပါပဲ။ ဒါပေမဲ့ ဘွန်ဆိုင်းနဲ့ အလားသဏ္ဍာန်တူတဲ့ ဒိုင်ဆူဂီ(Daisugi)နည်းပညာကိုတော့ လူသိနည်းပါတယ်။ ဒိုင်ဆူဂီဆိုတာ သစ်ပင်ရဲ့ ဖြာထွက်နေတဲ့ ဘေးဘက် အကိုင်း၊ အခက်တွေကို ခုတ်ထွင်ပြီး ဖြောင့်တန်းအောင် ကြံဆတဲ့ ၁၄ ရာစုနည်းပညာ ဖြစ်ပါတယ်။

၁၄ ရာစုတုန်းက ဂျပန်နိုင်ငံမှာ ဖြောင့်တန်းပြီး ညီညာလှပတဲ့ ဆူကီယာဇုကူရီ ဗိသုကာလက်ရာတွေ ခေတ်စားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အဆောက်အအုံတွေဆောက်ဖို့ ညီညာဖြောင့်တန်းတဲ့ သစ်သားကုန်ကြမ်းက ရှားပါးပါတယ်။ နောက်တစ်ချက်ကတော့ ဒိုင်ဆူဂီနည်းပညာကို စတင်တီထွင်ခဲ့တဲ့ ကျိုတိုမြို့မှာရှိတဲ့ ကီတာယာမဒေသကလည်း သစ်ပင်စိုက်ပျိုးစရာ မြေပြန့်နည်းပါတယ်။ ဒီတော့ ကျဉ်းမြောင်းတဲ့ မြေပြန့်လေးမှာ သစ်ပင်ရအောင်စိုက်ဖို့ နည်းလမ်းသစ် ရှာဖွေရင်းနဲ့ ဒိုင်ဆူဂီနည်းပညာကို တွေ့ရှိခဲ့တာပါ။

အောက်ခံသစ်ပင်ကြီးကနေ ဖြောင့်တန်းတဲ့ အလက်တွေ ထွက်ရှိလာတာဖြစ်လို့ သစ်ပင်ကို ခုတ်လဲစရာမလိုဘဲ သစ်သားထုတ်ယူနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ကျိုတိုမြို့မှာရှိတဲ့ ကီတာယာမဒေသမှာ ဒိုင်ဆူဂီနည်းပညာ အသုံးပြုထားတဲ့ သစ်တောအုပ်တွေ ရှိပါတယ်။ နှစ် ၂၀၀-၃၀၀ ဝန်းကျင် သစ်သားထုတ်ယူခဲ့တဲ့ သစ်ပင်ကြီးတွေလည်း ဒီနေ့အထိ ရှိနေဆဲပါပဲ။

Ref:This Ancient Japanese Technique From The 14th Century Allows People To Produce Lumber Without Having To Cut Down Trees
Team (ရိုးရာလေး)

Natural Power Organic Fertilizer .

27/08/2022

Natural Power Organic ဆေးများ ဖျာပုံမြို့မှာ ဝယ်ယူရရှိနိုင်ပါပြီ ကိုကျော်စွာမြင့် အမှတ်103 အနော်ရထာ 11 လမ်း 10 ရပ်ကွက် ဖျာပုံမြို့ 09 691937432 / 09 691937431 / 09 740861096 ဖုံးဆက်သွယ်ဝယ်ယူလို့ရပါပြီ။

သုံးကြည့်လိုက်ပါ‼️အကျိုးကျေးဇူးများစွာရရှိမဲ့ 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐏𝐨𝐰𝐞𝐫 𝐄𝐌 ( အီးအမ် အကျိုးပြုအဏုဇီ၀ )အပင် ၊ မြေဆီလွှာ နဲ့ မွေးမြူရေး...
20/07/2022

သုံးကြည့်လိုက်ပါ‼️အကျိုးကျေးဇူးများစွာရရှိမဲ့
𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐏𝐨𝐰𝐞𝐫 𝐄𝐌 ( အီးအမ် အကျိုးပြုအဏုဇီ၀ )

အပင် ၊ မြေဆီလွှာ နဲ့ မွေးမြူရေးလုပ်ငန်းအတွက်အကျိုးများစွာဖြစ်ထွန်းစေမဲ့ 𝐄𝐌 ကို အခုပဲအသုံးပြုပါ။ ‼️

ကြည့်လိုက်ရအောင်ဗျာ 𝐄𝐌 ကို အသုံးပြုခြင်းကြောင့် ရရှိမဲ့အကျိုးကျေးဇူးတွေကို

🔰 မြေဆီလွှာရဲ့ ရုပ်၊ဓာတ်နှင့်ဇီဝဂုဏ်သတ္တိများကို တိုးတက်စေပြီး မြေသားဖွဲ့စည်းမှု ကောင်းမွန်ကာရောဂါဖြစ်စေသောပိုးများကို နှိမ်နှင်းနိုင်ပါတယ်။
🔰 မြေအတွင်းအကျိုးပြုအဏုဇီဝပိုးများပွားလာစေပြီး မျိုးစေ့ပေါက်နှုန်း ၊သီးနှံပင်အစာချက်မှုမြင့်မားလာစေကာ ရောဂါကျရောက်မှုကင်းပြီး ဘေးဥပါဒ်ကင်းသော ဟင်းသီးဟင်းရွက် ၊ အသီးအနှံများအထွက်တိုးစေပါတယ်။
🔰 အီးအမ်ကို မွေးမြူရေးခြံများရဲ့ နံရံများ ၊ကြမ်းပြင်များကိုဖျန်းပေးခြင်း၊ ငါးကန်၊ ပုစွန်ကန်များထဲ ထည့်ပေးခြင်းဖြင့် အနံဆိုးများပျောက်ဆုံးစေပြီး ခြင်၊ယင်၊မှက်တို့ကို လျှော့နည်းစေပါတယ်။ ရေဆိုးရေညစ် များသန့်ရှင်းစေပါတယ်။
🔰 တိရစ္ဆာန်များအတွက် သောက်သုံးရေထဲထည့်ပေးခြင်း၊ ဘိုကာရှီပြုလုပ်ပြီး အစာထဲရောထည့်ပေးခြင်းဖြင့် ရောဂါကင်းစေပါတယ်။

𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐏𝐨𝐰𝐞𝐫 မှထုတ်လုပ်ထားသော အီးအမ် ဆေးရည်ဟာ အပင်အားဆေး၊ သဘာဝမြေဩဇာ ၊ မွေးမြူရေး၊ အပင်ရောဂါကာကွယ်ကုသဆေးထုတ်လုပ်မှုနဲ့ ရေဆိုး၊မိလ္လာတို့အတွက်သင့်တော်စေရန် ဂျပန်နည်းပညာဖြင့်ထုတ်လုပ်ထားသော အီးအမ် အကျိုးပြုအဏုဇီဝဆေးရည် တစ်မျိုးဖြစ်ပါတယ်။

သင့် စိုက်ပျိုးမြေဆီလွှာနဲ့ မွေးမြူရေး လုပ်ငန်းတို့အတွက် အကျိုးကျေးဇူးများစွာရရှိမဲ့ 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐏𝐨𝐰𝐞𝐫 𝐄𝐌 ( အီးအမ် အကျိုးပြုအဏုဇီ၀ ) ကို အခုပဲသုံးစွဲလိုက်ပါ။ ❗️




ဓာတုအဆိပ်ကင်းပြီး... ဆေးအုပ်စုများများ သုံးစရာမလိုပဲ အထွက်တိုး ကျမ်းမာသော စိုက်ခင်းကောင်းတစ်ခုဖြစ်လာစေဖို့... သင်လိုအပ်န...
18/07/2022

ဓာတုအဆိပ်ကင်းပြီး...
ဆေးအုပ်စုများများ သုံးစရာမလိုပဲ အထွက်တိုး ကျမ်းမာသော စိုက်ခင်းကောင်းတစ်ခုဖြစ်လာစေဖို့... သင်လိုအပ်နေရင်တော့ Natural Power Life Co. Ltd.နဲ့ချိတ်ဆက်လိုက်ပါ။

ကွမ်းခြံကောင်းတစ်ခု ဖြစ်ဖို့ ဆေးအုပ်စုများများမလိုပါ။ကွမ်းအထူး စွယ်စုံဆေး နှင့်လိုင်းဆာလဖာ ၂မျိုးသာလိုပါတယ်။
30/06/2022

ကွမ်းခြံကောင်းတစ်ခု ဖြစ်ဖို့ ဆေးအုပ်စုများများမလိုပါ။
ကွမ်းအထူး စွယ်စုံဆေး နှင့်
လိုင်းဆာလဖာ ၂မျိုးသာလိုပါတယ်။

ကွမ်းတောင်သူတွေအထူးကြိုက်နေတဲ့ဆေးတွေ နယ်အစုံပဲ ဆက်လက်ပို့နေဆဲပါ။
29/06/2022

ကွမ်းတောင်သူတွေအထူးကြိုက်နေတဲ့ဆေးတွေ နယ်အစုံပဲ ဆက်လက်ပို့နေဆဲပါ။

တစ်ဧက (၁၀၀၀ကျပ်) သာ ကျသင့်မည့် မှို/ဘက်တီးရီးယား သတ် ပိုးကာကွယ်ဆေး$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ပဲအမျိုးမျိုးတွင် ကျရေ...
18/11/2021

တစ်ဧက (၁၀၀၀ကျပ်) သာ ကျသင့်မည့် မှို/ဘက်တီးရီးယား သတ် ပိုးကာကွယ်ဆေး
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ပဲအမျိုးမျိုးတွင် ကျရောက်သော ခါးရိ၊ဖားဥမှို၊သံချေး၊ဘက်တီးရီးယားရောဂါ ကိုအပြတ်ရှင်းနိင်တဲ့ဆေးပါ။
မျွှားင့်ကူနီ၊ ယင်ဖြူ၊လှေးစသည့် စုပ်စားကာကွယ်ဆေးအဖြစ်လဲထိရောက်ပါတယ်။
ကယ်လစီယာမ် နှင့် ဆာလဖာ အဟာရပါဝင်လို့ အပင်ကြံ့ခိုင်၊ အစာချက်ကောင်းစေကာ အစေ့ဆံအောင်စေပါသည်။
ဆေးအကြောင့်အသေးစိတ်မူရင်းလင့်

လိုင်းဆာလဖာ
https://www.facebook.com/348586595548756/posts/937154123358664/

Natural Power Lifeနှင့် OrganicBeauty Co.Ltd.မှ ပူးပေါင်ထုတ်လုပ်ထားပါသည်။
အသေးစိတ်ကို 09974542427/09250291493ဆက်သွယ်ပါ ။

Natural Power-1အသေးစိတ်Natural Power=============================သိပ္ပံပညာရှင်​များရဲ သု​တေသနအရ အယ်​လီစင်​ (allicin​ )၊​...
28/06/2021

Natural Power-1အသေးစိတ်

Natural Power
=============================
သိပ္ပံပညာရှင်​များရဲ သု​တေသနအရ အယ်​လီစင်​ (allicin​ )၊​ပေါ်လီဆာလ်​လဖိုဒ်​ (polysulphides )ဓာတ်​​ပေါင်​းများပါဝင်​​သော သဘာဝ​ဆေးဖက်​ဝင်​ သစ်​ဥသစ်​ဖုများက မှိုနဲ့တခြား​ရောဂါကို ကုသတဲ့​နေရာမှာအလွန်​ထိ​ရောက်​​အောင်​မြင်​ပါတယ်​။
အဲ့​တော့...
Power သဘာဝ​​ဆေးကို ပညာရှင်​များရဲ့သု​တေသနအ​ခြေခံ၍သဘာဝ​ဆေးဖက်​ဝင်​သစ်​ဥ၊သစ်​ဖုများနဲ့အထူးပြုလုပ်​ထားပြီး...

#ပိုးသတ်​​ဆေး(insecticide)
တွန်​းကန်​​ဆေး(repellent)
အစား​သောက်​ပျက်​​ဆေး(anti-freedant)
မှိုသတ်​​ဆေး(fungicide)
ဘက်​တီးရီးယား သတ်​​ဆေး(bactericide)
နီမတုတ်​သတ်​​ဆေး(nematicide)
များအဖြစ်​အသုံးပြုနိင်​​သော အာနိသင်​ရှိ​ဆေးဖြစ်​ပါသည်​။
*နှိမ်​နင်​းနိင်​​သော ပိုးများ
================
ပျပိုး၊င​မြှောင်​​တောင်​၊​ကော်​လိုရာဒိုကျိုင်​း၊​ကောဒလိန်​းဖလံ၊ကာပရာကျိုင်​း၊​ဂေါ်ဖီထုပ်​ပိုး၊မွှား၊ယင်​ဖြူ၊၊ြ်က်​က်​သွန်​​​​လှေးပိုး၊အာလူးဖလံ၊ပဲထိုးပိုး၊ဝါပိုးနီ၊အိမ်​ယင်​ တို့ဖြစ်​ပါသည်​။

*နှိမ်​နင်​းနိင်​​သော​ရောဂါများ
==================
ဘက်​တီးရီးယားရွက်​​ခြေက်​​ရောဂါ (batcteria blight)
ပဲမှဲ့​ပြောက်​စွန်​း​ရောဂါ (bean anthracnose)
စပါးရွက်​ညို​ပြောက်​​ရောဂါ (brown leaf spot )
ညိုပုပ်​​န​ာ​ရောဂါ (brown rot)
ရွက်​​ခြောက်​​ရောဂါ (drowny mildew)
စပါးဂုတ်​ကျိုး​ရောဂါ (blast)
သံ​ချေး​ရောဂါ ( rust) တို့ဖြစ်​ပါသည်​။

သဘာဝမှို၊ပိုး ဆေးကို မျိုးစေ့ကိုမစိုက်ခင်တစ်နာရီကြာစိမ်ပေးမယ်ဆိုရင် မျိုးစေ့အဟာရပြည့်ဝခြင်း၊မျိုးစေ့ဆောင်ရောဂါ၊မှိုရောဂါအမျိုးမျိုး၊ဗိုင်းရပ်စ်ရောဂါ၊ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါအမျိုးမျိုးကိုကာကွယ်နိင်ပါတယ်။

မြေပြင်ချိန်ဖျန်းပေးမယ်ဆိုရင် မြေဆောင်ရောဂါ၊မြေအောင်းပိုးဥများပျက်စီးသေခြင်း၊ဘက်တီးရီးယားရောဂါနှင့်မှိုရောဂါအမျိုးမျိုးကိုကာကွယ်ပြီးသားဖြစ်ပါတယ်။

သဘာဝဆေးကိုပုံမှန်သုံးပေးမယ်ဆိုရင် ပျ၊လှေး၊ကျိုင်းကောင်မလာနိင်အောင်ဟန့်တားခြင်း၊စုပ်စားပိုးမပွားနိင်အောင်မြုံစေခြင်း၊ပိုးဥများကိုပျက်စီးစေခြင်း၊ကိုင်းဖျားခြောက်မှိုရောဂါ၊ဘက်တီးရီးယားပိုးကိုသေကျေပျက်စီစေ၍အပင်ကြီးထွားမှုဟော်မုန်းကိုအားပေးခြင်း၊ရာသီဥတုဖောက်ပြန်မှုဒါဏ်ကိုခံနိင်စေပါသည်။
Natural Power Life &Organic Beauty Co. Ltd.
Nay Lin(Thandwe).

ကလိုရိုးဆစ် (chlorosis)            ကလိုရိုးဆစ် ဆိုသည်မှာ အရွက် တစ်ရှူးများတွင် ကလိုရိုဖီး ပါဝင်မှု နည်းခြင်းကြောင့် အရွက...
25/06/2021

ကလိုရိုးဆစ် (chlorosis)

ကလိုရိုးဆစ် ဆိုသည်မှာ အရွက် တစ်ရှူးများတွင် ကလိုရိုဖီး ပါဝင်မှု နည်းခြင်းကြောင့် အရွက်များ အစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းသွားခြင်းကို ခေါ်သည်။ ကလိုရိုးဆစ်သည် သီးနှံအားလုံးတွင် ဖြစ်ပေါ်နိုင်ပါသည်။
ကလိုရိုးဆစ် ဖြစ်ရသည့် အကြောင်းရင်းများမှာ- ရေဝပ်ခြင်း၊ အမြစ်များ ပျက်စီးခြင်း၊ အမြစ်များ ပြွတ်သိတ်နေခြင်း၊ မြေတွင် အငံဓာတ်များခြင်း နှင့် အာဟာရဓာတ် ချို့တဲ့ခြင်း စသည်တို့ကြောင့် ဖြစ်သည်။
အာဟာရဓာတ် ချို့တဲ့ခြင်းဆိုသည်မှာမြေတွင် အာဟာရဓာတ် လုံလောက်စွာ မရှိခြင်း၊ အငံဓာတ်များခြင်းကြောင့် မြေတွင်းရှိသည့် အာဟာရဓာတ်ကို အပင်မှ မစုပ်ယူနိုင်ခြင်း၊ အမြစ်များ ပျက်စီးခြင်း သို့မဟုတ် အမြစ်များ ကောင်းစွာ မကြီးထွား နိုင်ခြင်း တို့ကြောင့် ဖြစ်နိုင်သည်။
ကလိုရိုးဆစ် အဖြစ်များသည့် အကြောင်းရင်း တစ်ခုမှာ သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်သည့်။ သို့သော် မင်းဂနိစ် နှင့် ဇင့် ချို့တဲ့ခြင်း သည်လည်း ကလိုရိုးဆစ် ဖြစ်စေသည်။ သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်သည့် ကလိုရိုးဆစ် လက္ခဏာကို အရွက်နု နှင့် အပင်၏ အပြင်ပိုင်းကျသည့် အရွက်များတွင် ဦးစွာတွေ့ရပြီး၊ တစ်ဖြည်းဖြည်း အတွင်းပိုင်းသို့ ပျံ့နှံသွားသည်။ မန်းဂနိစ် နှင့် ဇင့် ချို့တဲ့ခြင်းကြောင့် ဖြစ်သည့် ကလိုရိုးဆစ် လက္ခဏာကိုမူ အရွက်ရင့် နှင့် အပင်၏ အတွင်းပိုင်းကျသည့် အရွက်များတွင် ဦးစွာတွေ့ရပြီး၊ တစ်ဖြည်းဖြည်း အပြင်ပိုင်းသို့ ပျံ့နှံသွားသည်။
အပင်များတွင် ကလိုရိုဖီး တည်ဆောက်ရန် အတွက် သံဓာတ် လိုအပ်သည်။ ကလိုရိုဖီးသည် အရွက်များကို အစိမ်းရောင် ဖြစ်စေပြီး အပင်ကြီးထွားရန် လိုအပ်သည့် အစာကို ချက်လုပ်ပေးသည်။ အပင်ခန္ဓာကိုယ် တည်ဆောက်ခြင်း နှင့် အသက်ရှူခြင်း လုပ်ငန်းများကို ထိန်းချုပ်ပေးသည့် အန်ဇိုင်းများ ဖြစ်ပေါ်ရန် အတွက်လည်း သံဓာတ် လိုအပ်သည်။ သံဓာတ်သည် မြေအငံဓာတ် အမြင့် (pH ၆.၅-၆.၇) ရေတွင် ပျော်ဝင်မှု နည်းသည်။ အပင်အများစုသည် pH ၅-၆.၅ အခြေအနေတွင် သံဓာတ်ကို ကောင်းစွာ စုပ်ယူနိုင်ကြသည်။
အခြားသတ္တုဓာတ်များ ဖြစ်သည့် ကယ်စီယမ်၊ ဇင့်၊ မန်းဂနိစ်၊ မီးစုံး ဓာတ်များ မြေတွင်ပါဝင်မှု မြင့်တက်နေ ပါက အပင်မှ သံဓာတ်ရရှိမှုကို အဟန့်အတား ဖြစ်စေသည်။ သို့ရာတွင် မြေ၌ ပိုတက်စီယမ်ဓာတ် ပါဝင်မှု လျှော့နည်းခြင်းသည် အပင်မှ သံဓာတ်ရရှိမှုကိုလည်း လျှော့နည်းစေသည်။

ကလိုရိုးဆစ် လက္ခဏာ

အများအားဖြင့် ကလိုရိုးဆစ် ဖြစ်စတွင် ရွက်ကြောများ အကြားရှိ အရွက်တစ်ရှူးများသည် အစိမ်းရောင်မှ အစိမ်းနုရောင်သို့ ပြောင်းသွားပြီး၊ အခြေအနေ ဆိုးဝါးပါက အဝါရောင်သို့ ပြောင်းသွားသည်။ အချို့ ဖြစ်စဉ်များတွင် ကလိုရိုးဆစ် လက္ခဏာကို တစ်ပင်လုံး မတွေ့ရဘဲ အပင်အစိတ်အပိုင်း အချို့တွင်သာ တွေ့ရသည်။ ကလိုရိုးဆစ် ဖြစ်သည့် အပင် အစိတ်အပိုင်းသည် သိမ်နေ တတ်ပြီး၊ တစ်ပင်လုံးတွင် ဖြစ်ပါက အပင်ပုနေကာ၊ မပွင့် မသီးနိုင်ပါ။ ၄င်းအပြင် ခလိုရိုးဆစ် ဖြစ်သော အရွက်များသည် အလွယ်တကူ ခြောက်သွေ့နိုင်ပြီး၊ ရောဂါလည်း အလွယ်တကူ ကျနိုင်သည်။ ခလိုရိုးဆစ် အခြေအနေ ဆိုးဝါးပါက ရွက်ကြောများပါ အဝါရောင်သို့ ပြောင်းသွားပြီး အရွက်သေသွားကာ၊ အကိုင်းတွင် ဖြစ်ပါ အကိုင်းသည် တဖြေးဖြေး မဲခြောက်သွားပြီး နောက်ဆုံး တစ်ပင်လုံး သေသွားနိုင်သည်။

ကုစားခြင်း

စိုက်ပျိုးနည်းစနစ် အသုံးပြုခြင်း

မြေကြပ်ခြင်း၊ ရေဝပ်ခြင်း၊ အမြစ်မဖွံ့ဖြိုးခြင်း၊ အမြစ်နာခြင်း စသည့် အကြောင်းရင်းများ အတွက် ရေထုတ်ခြင်း၊ မြေဆွခြင်း၊ အမြစ်ပိုင်း လေဝင်/ထွက် ကောင်းအောင် ပြုလုပ်ခြင်း၊ မြေကြီးကို ဖုံးအုပ်ပေးခြင်း စသည့် စိုက်ပျိုးနည်းစနစ်များ အသုံးပြု ဆောင်ရွက်နိုင်သည်။

ရွက်ဖျန်းမြေသြဇာ အသုံးပြုခြင်း

ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းခြင်းသည် အပင်တွင် ရှိနေသည့် အရွက်များ အတွက်သာ ထိရောက်မှု ရှိသည်။ နောက်ထပ် ထွက်လာသည့် အရွက်များ အတွက် ထိရောက်မှု မရှိနိုင်ပါ။ ထိုကြောင့် ကလိုရိုးဆစ် ဖြစ်ပါက သီးနှံတစ်ရာသီလုံး အရွက်များ စိမ်းနေစေရန် အတွက် ရွက်ဖျန်းမြေသြဇာကို အကြိမ်ကြိမ် ပက်ဖျန်းပေးရန် လိုအပ်သည်။
Natural Power Life Company &OrganicBeauty Company.

ခရမ်းချဥ်စိုက်ပျိုးသော တောင်သူများ ကြုံတွေ့နေရသော ပြဿနာများထဲတွင် အဝါရောင်ရွက်တွန့်လိပ်ရောဂါသည်လည်း ဆိုးရွားသောကြောင့် အ...
24/06/2021

ခရမ်းချဥ်စိုက်ပျိုးသော တောင်သူများ ကြုံတွေ့နေရသော ပြဿနာများထဲတွင် အဝါရောင်ရွက်တွန့်လိပ်ရောဂါသည်လည်း ဆိုးရွားသောကြောင့် အထွက်သိသိသာသာကျစေပါသည်။

အဝါရောင်ရွက်တွန့်လိပ်ရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါဖြစ်ပါသည်။ ထိုဗိုင်းရပ်စ်သည် အပင်တစ်ပင်မှတစ်ပင် ၎င်းကိုယ်တိုင်မကူးစပ်နိုင်ပါ။ ထိုရောဂါဖြစ်စေသော ဗိုင်းရပ်စ်များကို ယင်ဖြူများက အပင်တစ်ပင်မှတစ်ပင် သယ်ဆောင်ပေးသောကြောင့် ရောဂါများ ပျံ့နှံ့သွားပါသည်။

ရောဂါလက္ခဏာများ

အဝါရောင် ရွက်တွန့်လိပ်ရောဂါ ဖြစ်ပွားနေသော အပင်များ မှာ အပင်အရပ်များပုသွားခြင်း၊ အရွက်များ၊ သေးငယ်သွားခြင်း၊ အရွက်များအပေါ်ကိုထောင်မတ်နေခြင်း၊ အရွက်အနားသတ်များ အဝါရောင်ပြောင်းသွားပြီး အပေါ်ကိုလိပ်၍ အတွင်းဖက်သို့ ကွေးနေခြင်း၊ ပုံသဏ္ဍာန်မမှန်သော အရွက်များ ထွက်လာခြင်း၊ အရွက်များ စိမ်းဝါရောင်ပြောင်းသွားခြင်း၊ ခရမ်းချဥ်ပင်၏ ဆစ်ကြားများ တိုသွားခြင်း၊ ခရမ်းချဥ်အပွင့်များ ကြွေကျ၍ အသီးများမတင်နိုင်ခြင်း၊ တင်သောအသီး များသည်လည်း ဈေးကွက်မဝင်နိုင်သော အသီးများဖြစ်နေခြင်း စသည့်တို့ဖြစ်ပါသည်။

ကာကွယ်ရန် နည်းလမ်းများ

ခရမ်းချဥ် အဝါရောင် ရွက်တွန့်လိပ် ဗိုင်းရပ်စ်ရောဂါသည် ကြိုတင်ကာကွယ်နိုင်မှသာ ရပါမည်။ ရောဂါဖြစ်မှကာသရန် ခက်ခဲသောရောဂါဖြစ်ပါသည်။

အဓိကအနေဖြင့် ထိုရောဂါကို ခံနိုင်ရည်ရှိသောမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း

ဗိုင်းရပ်စ်နှင့် ယင်ဖြူကျရောက်မှုမရှိသော အပင်များကို ပြောင်းရွှေ့စိုက်ပျိုးခြင်း

ဗိုင်းရပ်စ်ကို သယ်ဆောင်ပေးသော ယင်ဖြူများသည် အပူချိန်မြင့်သောအချိန်တွင် ပေါက်ဖွားမှုများသောကြောင့်အေးသောရာသီတွင် ကျရောက်မှုနည်းပါသည်။
ဤရောဂါဖြစ်ပွားသော နေရာများနှင့် ဝေးကွာသောနေရာများတွင် ခရမ်းချဥ်စိုက်ပျိုး ရပါမည်။

ထိုရောဂါကို အဓိကသယ်ဆောင်ပေးသော ယင်ဖြူများကို ဦးစွာနှိမ်နင်းရပါမည်။

ယင်ဖြူကျရောက်မှုနည်းစေရန် သီးလှည့်စိုက်ပျိုးခြင်းများ၊ သီးညှပ်စိုက်ပျိုးခြင်းများနှင့် စိုက်ပျိုးရပါမည်။

ရောဂါကျရောက်နေသောအပင်များ တွေ့ရှိပါက ချက်ချင်းနှုတ်၍ မီးရှို့ပစ်ရပါမည်။

ယခင်နှစ်မှ ကျန်နေသော သီးနှံအကြွင်းအကျန်များနှင့် ယင်ဖြူများ ခိုအောင်းနေနိုင်သော နေရာများကို ရှင်းလင်းပေးရပါမည်။

Natural Power အော်ဂစ်နစ် ပိုးဆေးများနဲ့ အထူးကာကွယ်နိင်ပါသည်။
Natural. Power Life Company.

Early blight(စောပင်နာကျရောဂါ)🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅ခရမ်းချဉ်ပင်သက်တမ်းတလျှောက်အစောပိုင်းရောနှောင်းပိုင်းမှာပါကျတဲ့ရောဂါဖြစ်ပါတယ်...
19/06/2021

Early blight(စောပင်နာကျရောဂါ)
🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅
ခရမ်းချဉ်ပင်
သက်တမ်းတလျှောက်အစောပိုင်းရောနှောင်းပိုင်း
မှာပါကျတဲ့ရောဂါဖြစ်ပါတယ်အစိုဓါတ်များတဲ့အ
ခါဖြစ်စေရာသီဥတုပူပြီးမိုးခေါင်တဲ့အခါဖြစ်စေ
အပင်၏အောက်ခြေမှာစကျပြီးအပေါ်ပိုင်းအရွက်
သီးကိုင်းပင်စည်တွေထိအများဆုံးဖြစ်လေ့ရှိပါတယ်ခရမ်းချဉ်စိုက်ပျိုးတဲ့ဒေသတိုင်းမှာရောဂါဝင်
လေ့ရှိပါတယ်။
Septoria leaf spot(အရွက်အစက်ပြောက်ရောဂါ)
ခရမ်းချဉ်ပင်ရဲ့အရွက်များကိုရောဂါကဖျက်ဆီး
ပစ်ပြီးအသီးအထွက်နှုန်းကိုထိခိုက်စေပါတယ်
ရာသီဥတုပူပြီးနေ့တာရှည်တဲ့အချိန်နှင့်ညအချိန်
နှင်းများကျပြီးစိုထိုင်းဆမြင့်မားပါကရောဂါပိုမို
ဆိုးရွားစေပါတယ်စိုစွတ်ကာလမှာရောဂါကမိုး၊
အင်းဆက်၊ကရိယာ၊လုပ်သားကနေတဆင့်ရောဂါ
ပြန့်ပွါးစေပါတယ်။
Bacteria leaf spot(ဘက်တီးရီးယားအစက်
ပြောက်ရောဂါ)အပူချိန်မြင့်မားခြင်းစွတ်စိုသောရာ
သီများတွင်ဘက်တီးရီးယားမျိုးစုံအတွက်ရောဂါ
ကျရောက်မှု့ပြန့်ပွါးမှု့တို့ကိုပိုမိုအားပေးပါတယ်၊
အရွက်အသီးပေါ်မှာအနက်ရောင်အစက်လေးကို
ရေစိုနာအကွက်လေးကဝိုင်းထါးပါတယ်ကိုယ်စိုက်
ပျိုးထါးတဲ့အပင်ရဲ့အရွက်အသီးတွင်မည်သည့်
ရောဂါဖြစ်ပါစေကျရောက်ပါကကုသထိန်းချုပ်
ဖို့အချိန်ပေးရတာမလို့ရောဂါမကျခင်ကာကွယ်
ခြင်းကပိုထိရောက်ပါတယ်ခင်ဗျ။
ကာကွယ်၊ကုသနိင်သော အော်ဂစ်ဆေးများမှာ-

Power 1/3အတွဲနှင့်
လိုင်းဆာလဖာတို့ဖြစ်ပါသည်။

Power Organic Fertilizer

Credit
Nay Lin.
Natural Power Life Company.

Address

No. 368, Saw HLa Baw Road, 35 Ward, North Dagon Township
Yangon
11421

Alerts

Be the first to know and let us send you an email when Natural Power Life Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category