Cherry Soe

Cherry Soe ကိုယ်နှစ်သက်တဲ့ ဓမ္မစာစုလေးတွေ သိမ်းထားရင်း ရင်ဘက်ခြင်းတူသူတို့ထံ မျှဝေချင်ယံုပါ..🌹🙏🙏🙏🌹

😊 မေ တ္တာ 😊မေတ္တာဟာ မျက်နှာကို ကျက်သရေရှိစေတယ်။လှပစေတယ်။ ချစ်စရာကောင်းစေတယ်။မေတ္တာဟာ power အစစ်ပဲ။ ကျန်တဲ့ power တွေက po...
13/08/2024

😊 မေ တ္တာ 😊

မေတ္တာဟာ မျက်နှာကို
ကျက်သရေရှိစေတယ်။

လှပစေတယ်။ ချစ်စရာ
ကောင်းစေတယ်။

မေတ္တာဟာ power အစစ်ပဲ။
ကျန်တဲ့ power တွေက
power အတုတွေ။

မြတ်စွာဘုရားရဲ့
မေတ္တာဟာ အခုအချိန်ထိ
power ကြီးတုန်းပဲ။

သူများ ကိုယ့်ကို
ကြောက်တာဟာ
Power အစစ်မဟုတ်ဘူး။

တကယ့်စစ်မှန်တဲ့ မေတ္တာဟာ
သူ့ဘက်က တုံ့ပြန်မှုမရှိလည်းပဲ

ကိုယ့်မေတ္တာက ဆက်လက်
ပြီးတော့ ရှိနေဦးမှာပဲ။
တည်တံ့နေဦးမှာပဲ။

စစ်မှန်တဲ့မေတ္တာကို ပြန်ယူ
လိုက်လို့ မရပါဘူး။ ပြန်ရုပ်
သိမ်းလို့ မရပါဘူး။

အကယ်၍ ပြန်ယူလိုက်လို့ရရင်
အဲဒါ မေတ္တာစစ်မဟုတ်ပါဘူး။

တကယ့်မေတ္တာဟာ
တစ်ယောက်ကို တစ်ယောက်

အပြစ်ရှိတဲ့ လူတစ်ယောက်ဆိုတဲ့
ခံစားမှုမျိုးဖြစ်အောင် မလုပ်ဘူး။

တကယ့် စစ်မှန်တဲ့မေတ္တာ
မှာ အကြောင်းပြချက်
တောင်းဆိုချက်မရှိဘူး။

ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
တွေးမိတိုင်း ပျော်တယ်

နတ်တွေ သိကြားတွေ ၊ဝိဇ္ဇာတွေက စောင့်ရှောက်တယ်ဆိုတာ.................၁။ သူနဲ့ပဌာန်းဆက်ရှိတဲ့လူတွေကို ဆိုင်ရာနတ်တွေက စောင့်ရ...
12/08/2024

နတ်တွေ သိကြားတွေ ၊ဝိဇ္ဇာတွေက
စောင့်ရှောက်တယ်ဆိုတာ.................

၁။ သူနဲ့ပဌာန်းဆက်ရှိတဲ့
လူတွေကို ဆိုင်ရာနတ်တွေက
စောင့်ရှောက်တယ်။

၂။ ကျေးဇူးရှိဖူးတဲ့သူတွေကို
ဆိုင်ရာနတ်တွေက စောင့်ရှောက်တယ်။

၃။ သာသနာ အကျိုး ဘာသာအကျိုး
သာသနာရေး အမှန်တကယ်လုပ်တဲ့ သူတွေကို
သိကြားမင်းနဲ့သူ့အပေါင်းအပါတွေ
သာသနာစောင့်နတ်တွေက စောင့်ရှောက်တယ်။
တာဝတိံသာက သိကြားမင်း
ဘိုးတော် မာဃဆိုတဲ့
သိကြားမင်းက စောင့်ရှောက်တာပါတဲ့ ။

ဒါကလည်း သူကလည်း ဘုရားရှင်ကို
သူက ကတိပေးခဲ့လို့ပါတဲ့ ။

၄။ ငါးပါးသီလ ရှိတဲ့ သူ ၊
မိဘကိုလုပ်ကျွေးတဲ့သူတွေကိုလည်း
နတ်တွေက စောင့်ရှောက်ကြပါတယ်။

နတ်တွေက
လူလူချင်းလှူဒါန်းတဲ့ သူတွေကို
ပိုသဘောကျတယ်ဆိုပဲ ။
ဆင်းရဲတဲ့သူတွေကို လှူဒါန်းခြင်း ၊
မကျန်းမာချို့တဲ့ တဲ့သူများကို လှူ ဒါန်း
ပေးကမ်းခြင်းတို့ကိုပြုလုပ်တဲ့သူတွေကို
ပိုမိုသဘောကျပါတယ်တဲ့။
အဲလိုလှူ ဒါန်းမှုပြုတဲ့ လူမျိုးတွေကိုလည်း
စောင့်ရှောင့်ကူညီတယ်ဆိုပဲ။

၅။ ဝိဇ္ဇာတွေကတော့
ပဌာန်းဆက်ရှိတဲ့သူ၊
တပည့်တော်ခဲ့ဖူးသူ ၊
အထက် ဝိဇ္ဇာတွေက တာဝန်ပေးခံရလို့၊
ဝိဇ္ဇာအကျငိ့ ကို ဝီရိယစိုက်ပြီး
ကျင့်ကြံနေသူ၊ အဲလိုလူမျိုးတွေကို
စောင့်ရှောက်ရပါတယ်တဲ့။

အဲဒီမှာ ပြောစရာရှိတာက နတ်တွေက
အသားငါး တအားစားတဲ့သူဆိုရင် မကပ်နိုင်လို့
ယူဇနာတစ်ရာကနေ စောင့်ရှောက်ကြည့်ရှု
ရတယ်ဆိုပဲ။

ကျေးဇူးတော်ရှင်
ဖားအောက်တောရဆရာတော်ကြီး🙏🙏🙏

ဓမ္မဒါန🙏ပြန်လည်မျှဝေကုသိုလ်ပြုပါသည်🙏🙏🙏

 #နမော တဿ~ဘဂဝတော~အရဟတော ~~~~~~~သမ္မာသမ္ဗုဒ္ဓဿ~~~~~~🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🔸သောတာပန်အမျိုးအစား(၂၄)မျိုး🔸♻️❄️♻️❄️♻️❄️♻️❄️♻️❄️♻️❄️♻️ယခ...
02/08/2024

#နမော တဿ~ဘဂဝတော~အရဟတော ~~~~~~~သမ္မာသမ္ဗုဒ္ဓဿ~~~~~~
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

🔸သောတာပန်အမျိုးအစား(၂၄)မျိုး🔸
♻️❄️♻️❄️♻️❄️♻️❄️♻️❄️♻️❄️♻️

ယခုခေတ်အခါသည် ဝိပဿနာထွန်းကားလာသော အခါဖြစ်ပေသည်

ဝိပဿနာတရားအားထုတ်သောအခါ လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက်ရှိကြပေသည်။

ဝိပဿနာအားထုတ်ကြသော အခါ မိမိတို့၏ ပါရမီဓာတ်ခံနှင့် အကျင့်ပဋိပဒါအားလျော်စွာ သောတာပန်တို့သည် အမျိုးအစားအားဖြင့် (၂၄)မျိုးကွဲပြားသွားကြပေသည်။

ယခုဘဝမှာ သောတာပန်ဖြစ်နိုင်သည့် ပါရမီဓာတ်ခံ ပါလာသော ပုဂ္ဂိုလ်
အချင်းပင် တူကြပါသော်လည်း ဝိပဿနာတရားအားထုတ်သောအခါမှာတော့ တစ်ဦးနှင့်တစ်ဦး တရားတွေ့ပုံချင်းမတူကြပေ။

ကွဲပြားလျက်ရှိကြပေသည်
အချို့သော ပုဂ္ဂိုလ်များက တရားသဘောများကို ထင်ထင်ရှားရှား တွေ့မြင်ကြသော်လည်း အချို့သောပုဂ္ဂိုလ်များက မထင်မရှား မပြတ်မသား
တွေ့မြင်ကြပေသည်။

တရားသဘောများကို မထင်မရှား မပြတ်မသား တွေ့မြင်ကြရသော
ပုဂ္ဂိုလ်တို့သည် ယခုဘဝမှာ မိမိသည် သောတာပန်မဖြစ်နိုင်ဟု ထင်မြင်ကာ စိတ်ဓာတ်များ ကျဆင်းသွား
တတ်ကြပေသည်။

ဤကဲ့သို့ စိတ်ဓာတ်များ မကျဆင်းသွားရအောင် မိမိတို့ဖြစ်ရမည့် သောတာပန်အမျိုးအစားများကို သိထားသင့်လှ၏။

သောတာပန်ဖြစ်လို၍ ဝိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်တို့တွင်
အချို့သော ပုဂ္ဂိုလ်တို့က ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့်
အားထုတ်ကြရပေသည်။

အချို့သော ပုဂ္ဂိုလ်တို့က
ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရပေသည်။

ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရသော ပုဂ္ဂိုလ်တို့မှာ
မိမိသည် ယခုဘဝ၌ သောတာပန်ဖြစ်နိုင်သော ပုဂ္ဂိုလ်မျိုးမဟုတ်ပေဟု ထင်မြင်ကာ စိတ်ဓာတ်များကျဆင်းတတ်သောကြောင့် စိတ်ဓာတ်များမကျဆင်းသွားရအောင် သောတာပန် အမျိုးအစားကို သိထားသင့်ကြပေသည်။

ယခုဘဝမှာပင် သောတာပန်ဖြစ်အောင် အားထုတ်ကြမည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် မိမိတို့၏ ပါရမီဓာတ်ခံအားလျော်စွာ တရားသဘောများကို ထင်ထင်ရှားရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။

မထင်မရှား တွေ့ချင်လည်း
တွေ့ကြပေလိမ့်မည်။

ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။

ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။

မည်သို့ပင် အားထုတ်ရ အားထုတ်ရ သောတာပန်(၂၄)မျိုးတို့တွင် ပါဝင်နိုင်ပါက မိမိသည် ဧကန်မုချ သောတာပန်ဖြစ်ရမည်ဟု သိမြင်ကာ စိတ်ဓာတ်များ
မကျဆင်းဘဲ ဝိပဿနာတရားကို မဆုတ်မနစ် အားထုတ်နိုင်ကြမည်ဖြစ်ပေသည်။

သို့ဖြစ်၍ သောတာပန်(၂၄)မျိုးတို့ကို
သိထားသင့်ကြပေသည်။
သောတာပန်တို့သည် ဘဝအပိုင်းအခြားအားဖြင့်...

🌹၁။ သတ္တက္ခတ္တု ပရမ သောတာပန္န- လူပြည်နှင့် နတ်ပြည်တို့၌ (၇)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန်။

🌹၂။ ကောလံကောလ သောတာပန္န- လူ့ပြည်နတ်ပြည်တို့၌ (၂)ဘဝမှ (၆)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန်။

🌹၃။ ဧကဗီဇ သောတာပန္န- လူ့ပြည်နတ်ပြည်တို့၌ (၁)ဘဝသာ ဖြစ်၍ နိဗ္ဗာန်သို့စံဝင်မည့် သောတာပန်ဟူ၍
(၃)မျိုးရှိပေသည်။ (အံ-၁-၊၂၃၄)

ပြဋ္ဌာန်းသော ဓုရအားဖြင့် သောတာပန်(၂)မျိုး

သောတာပန်ပုဂ္ဂိုလ်တို့သည် ပြဌာန်းသော ဓုရအားဖြင့်..

🌹 ၁။ သဒ္ဓါပြဌာန်းသော
သဒ္ဓါဓုရ သောတာပန်။

🌹 ၂။ ပညာပြဌာန်းသော
ပညာဓုရ သောတာပန်
ဟူ၍ (၂)မျိုးရှိပေသည်။

ဝိပဿနာတရား အားထုတ်သောအခါ သဒ္ဓါရှေ့သွား၊ သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့
ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည်
(သဒ္ဓါဓုရ) သောတာပန်မည်၏။

ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့
ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည်
ပညာဓုရသောတာပန်မည်၏။

အကြင်ပုဂ္ဂိုလ်တို့သည် သဒ္ဓါရှေ့သွား သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့်
ပုဂ္ဂိုလ်ဖြစ်၏။

ထိုပုဂ္ဂိုလ်တို့သည် ဝိပဿနာတရားအားထုတ်သောအခါ မိမိသည်
ယခုဘဝ၌ သောတာပန်ဖြစ်နိုင်သည်ဟု ယုံကြည်ချက်သဒ္ဓါ ထက်သန်အားကောင်း၍သာ အားထုတ်နေရပေသည်။

တရားသဘောများကိုတွေ့ရာတွင်
ထင်ထင်ရှားရှား မရှိလှပေ။

နာမရူပ ပရိစ္ဆေဒဥာဏ်သို့ရောက်၍
နာမ်နှင့်ရုပ်ကိုပိုင်းခြားကာ သိသောအခါ၌လည်း ကွဲကွဲပြားပြား
မရှိလှပေ။

မထင်မရှားပင် သိမြင်ပေသည်။
ဆရာသမားများက ဟောပြသောအခါမှသာသိလာတတ်ပေသည်။

ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။

အကြင်ပုဂ္ဂိုလ်သည်
ပစ္စယပရိဂ္ဂဟဥာဏ်- အကြောင်းနှင့်အကျိုးကို သိသောဥာဏ်၊

🔸သမ္မသနဥာဏ်- အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ဆင်ခြင်၍ သိသောဥာဏ်၊

🔸ဥဒယဗ္ဗယဥာဏ်- အဖြစ်အပျက်ကိုသိသောဥာဏ်၊

🔸ဘင်္ဂဥာဏ်- အပျက်ကိုသိသောဥာဏ်၊

🔸ဘယဥာဏ်- ကြောက်ဖွယ်ထင်သော
ဥာဏ်၊

🔸အာဒီနဝဥာဏ်- အပြစ်မြင်သော
ဥာဏ်၊

🔸နိဗ္ဗိန္ဒဥာဏ်- ငြီးငွေ့သောဥာဏ်၊

🔸မုဉ္စိတုကမျတာဥာဏ်- လွတ်မြောက်လိုသောဥာဏ်၊

🔸ပဋိသင်္ခါဥာဏ်- တစ်ဖန်ပြန်ရှုရသော
ဥာဏ်၊

သင်္ခါရုပေက္ခာဥာဏ်- လျစ်လျှူရှုသော ဥာဏ်သို့ရောက်၍ ရှုမှတ်သောအခါတို့၌လည်း
တရားသဘောများကို ထင်ထင်ရှားရှား
ကွဲကွဲပြားပြား မသိပေ။
မထင်မရှားသာသိပေသည်။
ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ
သောတာပန်ဖြစ်မည့်ပုဂ္ဂိုလ်ဖြစ်ပေသည်။

ဤကဲ့သို့ ဝိပဿနာတရား အားထုတ်သောအခါ၌ တရားသဘောများကို
မထင်မရှားပင် သိမြင်ပါသော်လည်း အမှတ်ပြည့်သွားသောအခါ ဥာဏ်စဉ်ပြည့်သွားသောအခါ သောတာပန်အဖြစ်သို့ ရောက်သွားမည်ဖြစ်ပေသည်။
ဤသောတာပန်မျိုးကို သဒ္ဓါဓုရ သောတာပန်ဟု ဆိုရပေသည်။
*"*"*"*"*
အကြင်ပုဂ္ဂိုလ်သည် ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရားအားထုတ်သောအခါ တရားသဘောများကို ထင်ထင်ရှားရှားတွေ့မြင်တတ်ပေသည်။

နာမရူပ ပရိစ္ဆေဒဥာဏ်သို့ရောက်၍
နာမ်နှင့်ရုပ်ကို ပိုင်းခြားကာ
သိသောအခါ၌လည်း ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိမြင်လာတတ်ပေသည်။

ထိုပုဂ္ဂိုလ်သည် ပညာဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်သည်။ အထက်ပါ
ဥာဏ်စဉ်များကိုလည်း ထင်ထင်ရှားရှား သိမြင်တတ်ပေသည်။ ထိုပုဂ္ဂိုလ်ကား
ပညာဓုရသောတာပန်ဖြစ်၏။

သဒ္ဓါဓုရသောတာပန်သည် အကျင့်အားဖြင့်(၄)မျိုးသဒ္ဓါဓုရ သဒ္ဓါပြဌာန်း၍ သောတာပန်အဖြစ်သို့ ရောက်ကြမည့် ပုဂ္ဂိုလ်တို့သည် အကျင့်ပဋိပဒါအားဖြင့် (၄)မျိုးကွဲပြားကြပေသည်။

၁။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းလည်း အားထုတ်ရ၍ တရားလည်း အရနှေးသော သောတာပန်။

၂။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း အားထုတ်ရ၍ တရားအရမြန်သော သောတာပန်။

၃။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားအရနှေးသော သောတာပန်။

၄။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားလည်း အရမြန်သော သောတာပန်ဟူ၍ (၄)ယောက်ဖြစ်ပါသည်။

သဒ္ဓါဓုရ သောတာပန်ကဲ့သို့ပင် ပညာဓုရ သောတာပန်သည်လည်းအကျင့်ပဋိပဒါအားဖြင့် (၄)ယောက်ဖြစ်ပေသည်။

သဒ္ဓါဓုရသောတာပန်(၄)ယောက်၊
ပညာဓုရသောတာပန်(၄) ယောက်ဟူ၍
ပေါင်း(၈)ယောက်ဖြစ်ပါသည်။

#သောတာပန်(၂၄)ယောက်ဖြစ်ပုံ

ဧကဗီဇသောတာပန်၊
ကောလံကောလ သောတာပန်၊
သတ္တက္ခတ္တုပရမသောတာပန် တို့၌..

သဒ္ဓါဓုရသောတာပန်(၄)ယောက်၊
ပညာဓုရသောတာပန်(၄)ယောက်အားဖြင့်
(၈)ယောက်စီရရှိနိုင်ကြမည်။

သို့ဖြစ်၍
🩸(၁)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊

🩸(၂)ဘဝမှ(၆)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊

🩸(၇)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့်
သောတာပန်(၈)ယောက်ဟု၍
သောတာပန်(၂၄)ယောက်ဖြစ်တော့၏။

ဤသောတာပန်(၂၄)မျိုးတို့တွင်
မည်သည့် သောတာပန်မျိုးပင် ဖြစ်စေ၊ အပါယ်သံသရာ အပါယ်ဘုံဝများမှ လွတ်မြောက်ကြသည်သာ ဖြစ်ပေသည်။

သို့ဖြစ်၍ အပါယ်သံသရာ အပါယ်ဘုံဘဝများမှ လွတ်မြောက်လိုကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် သောတာပန်ဖြစ်နိုင်ကြောင်း ဝိပဿနာတရားကို အားထုတ်ကြရမည် ဖြစ်ပေသည်ဟူ၍ အသိပေးလိုက်ရတော့၏။

ကိုးကား။ ။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး
ဓမ္မပဒေသာ(တတိယတွဲ)။ အင်္ဂုတ္တိုရ်(ပ)။

ဓမ္မမိတ်ဆွေများအားလုံး
သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း
ပြည့်ဝကြပါစေ။

#အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
သာဓု သာဓု သာဓု ပါဘုရား 🙏🙏🙏🌿

. # ဥပုသ်စောင့်ခြင်း ဥပုသ်စောင့်တာနဲ့  မစောင့်တာ      ဘာကွာသလဲ၊၊     ဆုံးဖြတ်ချက် ကွာတယ်။  ဆုံးဖြတ်ချက်ချရင်  ကံမြောက်တယ...
29/07/2024

. # ဥပုသ်စောင့်ခြင်း

ဥပုသ်စောင့်တာနဲ့
မစောင့်တာ
ဘာကွာသလဲ၊၊
ဆုံးဖြတ်ချက် ကွာတယ်။

ဆုံးဖြတ်ချက်ချရင် ကံမြောက်တယ်လေ။
ဆုံးဖြတ်ချက်ချတိုင်း စွမ်းအားဝင်သွားတာ။
ညစာမစားဘူး လို့လည်း
လောဘကို သတ်လိုက်တာနော်။

အဲဒီသတ္တိကြောင့် အစားအစာပေါမယ်။
အပျော်အပါးလည်း
မလုပ်တော့ဘူးလို့
ဆုံးဖြတ်လိုက်တာ။

# ပီပီပြင်ပြင်စောင့်တဲ့
# ဥပုသ်တစ်ရက်က
# စွမ်းအားမသေးဘူးနော်။
လက်တွေ့
တရားတွေနော်။
လုပ်ကြည့်ကြ။
လုပ်မကြည့်ဘဲနဲ့တော့၊
မဟုတ်ဘူး
မလုပ်နဲ့နော်။
# စွမ်းအားဖြည့်ကြ။ { ပိုင်းလော့ဆရာတော်အရှင်ဇေယျပဏ္ဍိတ }
🌷🙏🙏🙏🙏🙏🌷

မိမိရဲ့ စိတ်ကို နေလို၊ လလို ကျင့်ကြံပါတဲ့။ကျွန်မကို ဆရာမတစ်ယောက် ဆုံးမဖူးတဲ့ စကားလေးပါ။ နေမင်းဟာ ဘယ်သူ့ကိုတော့ ပူပါစေ၊ ဘ...
29/07/2024

မိမိရဲ့ စိတ်ကို နေလို၊ လလို ကျင့်ကြံပါတဲ့။
ကျွန်မကို ဆရာမတစ်ယောက် ဆုံးမဖူးတဲ့ စကားလေးပါ။ နေမင်းဟာ ဘယ်သူ့ကိုတော့ ပူပါစေ၊ ဘယ်သူ့ကိုတော့ မပူပါစေနဲ့ ဆိုပြီး မရှိသလို လမင်းဟာလည်း ဘယ်သူတော့ အေးပါစေ၊ ဘယ်သူတော့ မအေးပါစေနဲ့ဆိုပြီး မရှိဘဲ နွေးထွေးမှု၊ အေးမြမှုတို့ကို အားလုံးတန်းတူ ပေးစွမ်းကြပါတယ်။
ထို့အတူပဲ မိမိရဲ့ ကောင်းသော စိတ်ကလေး၊ မေတ္တာစိတ်လေးကိုလည်း လူတိုင်းအပေါ် တန်းတူထားနိုင်အောင် ကြိုးစားကြရပါမယ်တဲ့။
ကျွန်မတို့က ပုထုဇဉ်တွေ ဖြစ်ကြတော့ လူတိုင်းအပေါ် မေတ္တာ တန်းတူ ထားပေးနိုင်ဖို့က မလွယ်ကြဘူး။ ကိုယ်ချစ်တဲ့သူဆိုရင် ဘာပဲလုပ်နေလုပ်နေ အပြစ်မမြင်ကြဘူး။ ကိုယ်ကြည့်မရတဲ့သူကိုဆိုရင်တော့ ကောင်းတာတွေ လုပ်နေရင်တောင်မှ မုဒိတာပွါး ဝမ်းသာမပေးနိုင်ကြဘူး။ ကိုယ်ကြည့်မရတဲ့သူများ မကောင်းတာ တစ်ခုခုဖြစ်ခဲ့ရင် မသိစိတ်က ထိုင်တောင် ဝမ်းသာတတ်ကြတာ သဘာဝပါ။
ဒါကြောင့်မိုလို့ပဲ ကျွန်မတို့ရဲ့ စိတ်ကလေးကို နေလို၊ လလို ကျင့်ကြံကြဖို့ လိုအပ်တာပါ။ မေတ္တာစိတ်ကို ဘက်မလိုက်မိဖို့ သတိထားရမယ်။ ချစ်တဲ့သူကို မေတ္တာထားသလိုပဲ၊ မုန်းနေတဲ့ လူတွေအပေါ် မေတ္တာထားပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။
ကိုယ့်အပေါ်မကောင်းတဲ့ လူတွေ၊ ကိုယ်မုန်းနေတဲ့ လူတွေကိုလည်း မေတ္တာထားပေးပါ။ "ဪ မကောင်းတဲ့ အလုပ်တွေကို သတိမထားမိဘဲ ဆက်တိုက် ကျူးလွန်နေတာပဲ၊ ကြွေးအသစ်တွေ ယူနေတာပဲ" လို့ မေတ္တာလေးထားပေးလိုက်ပါ။ ဒါဆိုရင် သူတစ်ပါးကို ခွင့်လွှတ်ပေးရင်း မိမိကိုယ်တိုင်ပါ လွတ်မြောက်မှုကို ခံစားရစေပါတယ်။
ကျွန်မ ပတ်ဝန်းကျင်မှာ ခဏခဏ ကြားရတဲ့ စကားတစ်ခုရှိတယ်။ "လူတိုင်းက မေတ္တာထားပေးလို့ တန်တာမဟုတ်ဘူး။ လူတိုင်းကို မေတ္တာသုတ် ရွတ်ပြနေလို့ မရဘူးဆိုတဲ့ စကားပါ"။
မေတ္တာတရားဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ စစ်မှန်တဲ့ မေတ္တာနဲ့သာ ဆက်ဆံကြည့်ပါ။ ကိုယ့်ရှေ့လာပြီး ဆဲဆို ရိုင်းပြနေတဲ့သူတောင် အနည်းနဲ့အများတော့ ဒေါသတရားတွေ ပြေလျော့သွားတာပါပဲ။ ကျွန်မ ဘဝတစ်လျှောက်လုံးမှာ ဘယ်လို ဆိုးရွားတဲ့ နေ့ရက်တွေမှာ ဖြစ်ဖြစ် သင်ယူခဲ့ရတဲ့ တူညီတဲ့ အရာတစ်ခုဟာ
"မေတ္တာသည်သာ အောင်နိုင်ရာ" ဆိုတာပါပဲ။
မိမိကိုယ်မိမိလည်း မေတ္တာထား။
အခြားသူတွေ အပေါ်လည်း မေတ္တာထားပါ။
မေတ္တာတရားကို သံသယကင်းကင်းနဲ့ ယုံကြည်ပါ။
ကိုယ်က ပေးသမျှ မေတ္တာတိုင်းဟာ ကိုယ့်ဆီကို မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ ရောင်ပြန်ဟပ်စေမှာပါ။

#စူးရှမေ



#ဝိမုတ္တိယုဂခေတ်

ဝေဒနာကို ခံစားဖို့မဟုတ်ဘူး ရှုမှတ်ဖို့ရှုမှတ်လို့ရှိရင် ဝေဒနာရဲ့သဘောကို သိတယ်။ဝေဒနာ ခံစားတဲ့သဘောပဲ..၊ နာတာ၊ ကျင်တာ၊ ကိုက...
28/07/2024

ဝေဒနာကို ခံစားဖို့မဟုတ်ဘူး ရှုမှတ်ဖို့
ရှုမှတ်လို့ရှိရင် ဝေဒနာရဲ့သဘောကို သိတယ်။
ဝေဒနာ ခံစားတဲ့သဘောပဲ..၊ နာတာ၊ ကျင်တာ၊ ကိုက်တာ၊
ခဲတာတွေဟာ ငါမဟုတ်ဘူး သူမဟုတ်ဘူး
ခံစားတဲ့သဘောပဲဆိုတော့
အများကြီး သောကတွေလျော့မသွားဘူးလား?
အဲဒီကမှတဆင့် ဆက်ပြီး ရှုမှတ်တဲ့အခါကြတော့
အော်.. ဝေဒနာ မမြဲဘူးဟေ့ ပိုင်ပိုင်နိုင်နိုင် သိလာတယ်။
ဝေဒနာ အနိစ္စ ဆိုတာကတော့ စာအုပ်ထဲမှာ ရှိတာပေါ့။
ဝေဒနာ အနိစ္စ ဆိုတာ ဖတ်ပြီး သိတဲ့ အသိနဲ့
ဝေဒနာ ကို မချိမဆန့် သည်းညည်းခံ ခံစားပြီး တော့မှ
တအားတက်ပြီးတော့မှ ဖြုန်းဆို တစ်ခါတည်း
အေးထွက်သွားတာ အဲ့ဒါမျိုးတွေ့လိုက်ရတဲ့ ပုဂ္ဂိုလ်နဲ့
အသိချင်း တူပါ့မလား?
ဝေဒနာကို အကြီးအကျယ်ခံစားပြီးတော့မှ ပီတိ၊ ပဿဒ္ဓိ
ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ အသိနဲ့ စာအုပ်ကလေးဖတ်ပြီးတော့
ဝေဒနာ အနိစ္စပဲဆိုတဲ့ သိတဲ့အသိနဲ့ တူပါ့မလား?
ဝေဒနာကို အကြီးအကျယ်သည်းညည်းခံ ပြီးတော့မှ
တအားတက် တအားပူ တအားနာပြီးတော့မှ ရှုရင်းမှတ်ရင်းကနေ
ဝေဒနာ ရှာမတွေ့တော့ဘူး အေးပြီး ငြိမ်နေ ပြီးတော့
ခန္ဓာကိုယ်လေးက ဂွမ်းလေးလို ပေါ့သွားတော့
အော် ..ဝေဒနာ အနိစ္စ ဆိုတာ ဟုတ်ပါလား ဆိုတာ
တစ်သက်လုံး မေ့ပါတော့မလား?
တရေးနိုးလည်းမမေ့ဘူး ဘယ်သူမှလာပြီးဖျက်လို့မရတော့ဘူး
ဝေဒနာ အနိစ္စ ပဲ။ ခုနတုန်းက နာကျင် ကိုက်ခဲနေတယ်လေ
တစ်ခါတည်း ခြေထောက်တွေကို ပြတ်သတ်ထွက်တော့မလိုဖြစ်
မချိမဆန့်ကို ချွေးလုံးကြီးတွေကျပြီးတော့ သေတော့မလိုဖြစ်နေတယ်။
ရှုရင်း မှတ်ရင်းနဲ့ သည်းညည်းခံ ရှုရင်း မှတ်ရင်း ရှုရင်း မှတ်ရင်း
နဲ့ တိခနဲဆို ပြတ်ကျသွားတာ ရှိတယ်။ တစ်ခါတစ်လေ ကြတော့လည်း
အသာလေး နွေးနွေးလေး ပြန်ပြန်ကျကျသွားပြီးတော့
နောက်ကြတော့ အကုန်လုံး ရှင်းထွက်သွားတာ။ တစ်ခါတစ်လေကြတော့
ဝေဒနာတွေ တစ်နေရာမှာ စုပြီး စုစု စုစုပြီး ဖျတ်ဆို ကွဲသွားကော
အဲဒါမျိုးတွေရှိတယ်။ အမျိုးမျိုးပေါ့ တစ်ယောက်နဲ့တစ်ယောက်
မတူဘူးပေါ့။ တကယ်ကို ဝေဒနာကို ကိုယ်တိုင်ရှုမှတ်ပြီးတော့
ဒီ ဝေဒနာတွေ ပြောင်းလဲသွားတာ ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင်
အဲဒီအသိဟာ အင်မတန် အဖိုးမတန်ဘူးလား?
အဲ.. ကိုယ်မှာတွေ့တော့ ကိုယ်တွေ့အသိ
အဲဒါ ဘာဝနာမယဉာဏ်လို့ ခေါ်တယ်။
ခုနတုန်းက စာအုပ်ထဲ ဖတ်လို့သိတာက
သုတမယဉာဏ်၊ စိန္တာမယဉာဏ် လို့ခေါ်တယ် ဟုတ်လား?
အဲ့ဒီဉာဏ်တွေလည်း မပယ်ပါဘူး။
အဲဒီအသိလည်း ကြိုးစားရမယ်
ကိုယ်တိုင်သိတဲ့အသိ ရောက်အောင်လည်း ကြိုးစားရမယ်
ဟုတ်လား? ဘာဝနာမယဉာဏ်ဆိုတာ ဝိပဿနာဉာဏ်ကိုပြောတာ။
အဲ့ဒီဉာဏ်တွေ ခဏခဏအားထုတ်ပါများတဲ့အခါကြတော့
တကယ့်တစ်ကယ် ရင့်ကျက်လာတယ်။
ရင့်ကျက်လာတယ်ဆိုတာ ကိုယ်ရောင်ကိုယ်ဝါတွေ
ထွက်လာတာမဟုတ်ဘူးနော်။ ရင့်ကျက်လာတယ်ဆိုတာ
ဝိပဿနာသတိဟာ အမြဲတမ်းကပ်ပြီးတော့ ပါလာတာ ပြောတာ။
မြစိမ်းတောင်ဆရာတော်ကြီး အရှင်ဇာနေယျ
ဟောကြားတော်မူသော
ဝိပဿနာအကြောင်း(ဝေဒနာ ရှုပုံ) တရားတော် မှ



#ဝိမုတ္တိယုဂခေတ်

လောကမှာ စိတ်ဓာတ်အကျဆုံးအချိန်က ဘယ်အချိန်တုန်းဆိုရင် မကျန်းမမာဖြစ်တဲ့အချိန်ပဲဖြစ်တယ်။အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ စဉ...
28/07/2024

လောကမှာ စိတ်ဓာတ်အကျဆုံးအချိန်က ဘယ်အချိန်တုန်းဆိုရင် မကျန်းမမာဖြစ်တဲ့အချိန်ပဲဖြစ်တယ်။

အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ စဉ်းစား ရ မယ်။စိတ်ဓာတ်ကျနေတာ အဖြေလားလို့ ?? အဖြေ မဟုတ်ဘူး။

စိတ်ဓာတ် ကျနေရမယ့် အစား လုပ်သင့်တာ လုပ်ဖို့က ပိုအရေးကြီးတယ်။

လောကကြီးမှာ အဆိုးဆုံး ကြုံတွေ့တဲ့ အခါ အကောင်းဆုံး ဖြစ်အောင် ကြိုးစားအားထုတ် ရမယ်။

မြတ်စွာဘုရား "ဂိလာနသုတ္တန် " မှာ ဟောထားတာ ကို နာယူ မှတ်သားကြည့်ပါ။

လောက လူသား တွေဟာ ကျန်းမာတဲ့အခါ ရှိသလို မကျန်းမာတဲ့အခါ ရှိတယ်။

ကျန်းမာနေတဲ့ အခါမှာ လူတွေဟာ ပျော်ရွှင်နေ တော့ ဘာလုပ်လုပ် အဆင်ပြေနေကြတယ်။

အဆင်ပြေနေပြီဆိုရင် ပျော်စရာတွေက လွှမ်းမိုး နေတာမို့ အားကိုးရာ သိပ်မရှာကြဘူး။

မကျန်းမမာ ဖြစ်လာပြီဆိုရင်တော့ စိတ်ဓာတ် ကျလာကြတယ်။

အားကိုးရာ ရှာလာကြတယ်။

ကိုယ်ရော သူရော အတူတူပဲ ဖြစ်တယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုလည်း နာယူ မှတ်သားခြင်းဖြင့် အကျိုးရှိအောင် လုပ်ရမယ်။

ရောဂါဆိုတာ လူတိုင်းမှာ ရှိတာ ရောဂါဝေဒနာတွေဟာ ရှိနေတာပဲ မရှိဘူးမဟုတ်ဘူး။

လူကြားထဲ သွားတာပဲဖြစ်စေ၊ကိုယ့်ဟာကိုယ် နေရင်း ထိုင်ရင်းဖြစ်စေ ကိုယ့်ကိုယ်ကို ထိန်းပြီး နေ ရ တဲ့
ပင်ပန်းတဲ့ ဆင်းရဲဒုက္ခ ဟာ သေးတာ မဟုတ် ဘူး။

ဘာပဲဖြစ်ဖြစ် ဒါတွေကို မေ့ထားနိုင်ဖို့ အတွက် အကျိုး ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေဖို့ အရေး ကြီး တယ်။

မြတ်စွာဘုရား ဟောကြားတဲ့ ဒီသုတ္တန်ဟာ မှတ် သား နာယူဖို့ အလွန်ကောင်းတဲ့ သုတ္တန်ဖြစ်တယ်။ ဂိလာနသုတ်လို့ခေါ်တယ်။

ဂိလာနဆိုတာ မကျန်းမာ သူလို့ အဓိပ္ပာယ်ရတယ်။

လူတိုင်းလူတိုင်းဟာ အမြဲတမ်း ကျန်းမာ နေတာမဟုတ်ဘူး မကျန်းမာတဲ့အခါ ရှိတယ်။

အသက်အရွယ် ကြီးလာရင်လည်း ကျန်းမာမှု ဆိုတာ လျော့နည်းလာတတ်တယ်။

မကျန်းမမာ ဖြစ် လာ တတ်တယ်။

လူတိုင်းလူတိုင်းမှာ အမေအို၊အဖေအို၊အဖိုးအဖွား အိုမင်း မစွမ်း ပုဂ္ဂိုလ်တွေ ရှိလာတတ်တယ်။

မိဘ ဘိုးဘွားတွေ မကျန်းမမာလို့ ပြုစု နေရတဲ့ အခါ၊မိမိကိုယ်တိုင် မကျန်းမမာဖြစ်နေတဲ့အခါ ဘဝ မှာ lonelyဖြစ်လာတတ်တယ်။

အဲဒီအခါ ဘာနှလုံးသွင်းသင့်သလဲ။ဘာနဲ့ နေမလဲ ဆိုတာဟာ အရေးကြီးတယ်။

ဒါကြောင့်မို့ -
“မကျန်းမာ သူများ အတွက် အထူး နှလုံးသွင်းတရား” ကို မြတ်စွာဘုရား ဟောကြားခဲ့ တာ ဖြစ်တယ်။

လောကမှာ လူတိုင်းလူတိုင်းဟာ ထာဝရ ကျန်းမာနေကြမှာ မဟုတ်ဘူး။

မကျန်းမာဘူးဆိုရင် “ဘာလုပ်မလဲ” မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာ ယူထားကြရမှာ ဖြစ်တယ်။

မြတ်စွာဘုရားက “ချစ်သားရဟန်းတို့၊ဒီလိုမကျန်းမမာဖြစ်ပြီး အလွန့် ကို အားနည်းနေတဲ့ ဂိလာန ရဟန်း မျိုးကို ဒီနှလုံးသွင်းတရား ငါးမျိုးက စွန့်ခွါ မသွားဘူးဆိုရင် မကြာမီ အာသဝကင်းကွာ ရဟန္တာ ဖြစ် ဖို့မျှော်လင့်နိုင်တယ်”။

ဆိုလိုတာက ဒီနှလုံးသွင်းတရား ငါးမျိုးဟာမကျန်း မမာဖြစ်နေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွ ရှိနေမယ် ဆို လို့ ရှိရင် ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုကို ရ နိုင် တယ်။

“သူ့ သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝတွေကို ကင်းကွာပြီးတော့ ရဟန္တာအဖြစ်ထိအောင် ရောက်နိုင်တယ်”။

ရဟန္တာဖြစ်နိုင်တဲ့ ဒီ နှလုံးသွင်းတရားတွေကို နှလုံး သွင်းဖို့ လိုအပ်တယ်လို့ ဆိုလိုတာ ဖြစ်တယ်။

ကိုယ် ချစ်ခင်သူ ရဲ့ သေဆုံးခြင်းကြောင့် သောကဖြစ်သွားမယ် ဆိုလို့ရှိရင်လည်း လမ်းချော်သွား ခြင်း သာဖြစ်တယ်။

ကိုယ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်၊မတည့်တဲ့ ပုဂ္ဂိုလ်ရဲ့ သေ ခြင်း ကို ကြည့်ပြီး ဝမ်းသာမှုဖြစ်ရင်လည်း လမ်း ချော်ခြင်းပဲဖြစ်တယ်။

ကိုယ်နဲ့လုံးဝမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သေ ဆုံး ခြင်း ကို ကြည့်ရင်လည်း သံဝေဂမဖြစ်ဘူးတဲ့။

ဒါကြောင့်မို့လို့ သေဆုံးခြင်းနဲ့ ပတ်သက် လာလို့ ရှိရင် သံဝေဂဖြစ်ရမယ်။

အသိဉာဏ်ဖြစ်ရမယ်လို့ ဒီလို ဆိုလိုတယ်။

မသေခင်ကြိုတင်ပြီး လုပ်ရမယ့် ကိစ္စတွေကို ကြိုတင် ပြင်ဆင်ပြီး လုပ်လေ့လုပ်ထရှိခြင်းဟာ အင်မတန်မှ စိတ်နှလုံးအေးချမ်းမှုကို ဖြစ်ပေါ် စေ တယ် လို့ ဒီလိုဆိုတယ်။

ကျေးဇူးတော်ရှင်_ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ

ပြန်လည်ဓမ္မဒါနပြုပါသည်
မနောမြေ ဘိက္ခုဇဝန


#ပါချုပ်ဆရာတော်ဘုရားကြီး

Khaing Zin Win

🥃သောက်ကြပါလေ အနန္တရေ🥃   🙏🙏🙏🙏🙏🙏🙏🙏ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးချီးမြှင့်တော်မူသောအနန္တရေအကြောင်းအတော်များ...
28/07/2024

🥃သောက်ကြပါလေ အနန္တရေ🥃
🙏🙏🙏🙏🙏🙏🙏🙏

ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ချီးမြှင့်တော်မူသောအနန္တရေအကြောင်း
အတော်များများဖတ်ဘူးကြမှာပါ

နံနက်စောစောအိပ်ရာထ
ကိုယ်လက်သန့်စင်
ဘုရားမရှိခိုးခင် ရေနွေးပူ
(ကိုယ်သောက်နိုင်တဲ့ပမာဏရှိတဲ့ရေနွေး)
တစ်ခွက်ယူ ဘုရားအာရုံပြုပြီး

ဗုဒ္ဓဂုဏောအနန္တော၊
ဓမ္မဂုဏောအနန္တော၊
သံဃဂုဏောအနန္တော၊
မာတာပိတုဂုဏောအနန္တော၊
အာစရိယဂုဏောအနန္တော၊

အနန္တောအနန္တငါးပါးကို
ရိုသေမြတ်နိုးလက်စုံမိုး၍
ရှိခိုးကန်တော့ပါ၏အရှင်ဘုရား

သရဏဂုံသုံးပါး(သုံးခေါက်)ရွတ်ပြီး
ဤရေသည်ဆေးတော်ဖြစ်ပါစေ၊
ရောဂါကပ်ဘေးမှကင်းဝေးရပါလို၏
အရှင်ဘုရား

ဆုတောင်းပြီးရေနွေးပူကိုသောက်ပါ။
ယုံယုံကြည်ကြည်နဲ့သောက်ပါ
မြန်မာပြည်သူ၊ပြည်သားအပေါင်း
ကမ္ဘာသူ၊ကမ္ဘာသားအပေါင်း
ရောဂါကပ်ဘေးမှကင်းဝေးကြပါစေ။

🙏🙏🙏🙏🙏
crd
မေတ္တာဖြင့်....
#ဝင်းသီဟကျော်

မေတ္တာလည်းပို့ပါ မေတ္တာလည်းခံယူပါ    ကိုယ်က ဘုရားဝတ်ပြုပြီးလို့ မေတ္တာပို့ အမျှဝေပြီးတဲ့အခါ..ဆရာတော်ကြီးတွေ သူတော်စင် သူ...
28/07/2024

မေတ္တာလည်းပို့ပါ မေတ္တာလည်းခံယူပါ

ကိုယ်က ဘုရားဝတ်ပြုပြီးလို့
မေတ္တာပို့ အမျှဝေပြီးတဲ့အခါ..

ဆရာတော်ကြီးတွေ
သူတော်စင် သူတော်ကောင်းတွေရဲ့
မေတ္တာဓါတ်ကိုလည်း ပြန်လည်ခံယူ
ရပါတယ်။

(အချို့က မေတ္တာသာပို့ကြတာ
ပြန်လည် မခံယူကြတဲ့/ ခံယူဖို့ မေ့နေ
ကြတဲ့သူက များတယ်)

ကာယကံ ဝစီကံ မနောကံ သုံးပါးစလုံးနဲ့
ခံယူပါက.. ပိုပြီး အကျိုးများပါတယ်။

ဆိုလိုတာက-

၁။ လက်ဖဝါးနှစ်ဖက်ကို ဖြန့်ထားမယ်။

၂။ နှုတ်ကနေ
ဆရာတော်ဘုရားကြီးများ..
အရိယာသူတော်စင် သူတော်ကောင်းများ..
သာသနာပြုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ၏
ပို့သသောမေတ္တာများကိုလည်း
တပည့်တော် ခံယူပါတယ်။

၃။ စိတ်ထဲကနေလည်း
အဲ့ဒီမေတ္တာဓါတ်တွေဟာ
မိမိရဲ့ ငယ်ထိပ်ကနေ ခန္ဓာကိုယ်ထဲကို
စိမ့်ဝင်နေပြီ။

လက်ဖဝါးကနေ ခန္ဓာကိုယ်ထဲကို
စိမ့်ဝင်သွားပြီ။

ကိုယ်ရှူသွင်းလိုက်တဲ့လေတွေကနေ
မေတ္တာဓါတ်တွေဟာလည်း
ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီ လို့
ဒီလို တွေးတောရပါတယ်။

ဒီလိုမှသာ
ကံသုံးပါးစလုံး နဲ့ ပြည့်စုံတဲ့
မေတ္တာဓါတ် ခံယူနည်းနဲ့
မေတ္တာဓါတ်တွေ အပြည့်အဝရရှိသွား
မှာလည်း ဖြစ်ပါတယ်။

ဘဝမှာ အောက်တန်းကျတဲ့အမျိုးတွေ၊ဆင်းရဲတဲ့အမျိုးတွေမှာ မစ္ဆရိယကြီးမားတဲ့ပုဂ္ဂိုလ်ဟာ ဖြစ်တယ်တဲ့။ဆိုပါစို့၊ လူ့ဘဝရောက်လာပြီဆိ...
12/06/2024

ဘဝမှာ အောက်တန်းကျတဲ့အမျိုးတွေ၊
ဆင်းရဲတဲ့အမျိုးတွေမှာ
မစ္ဆရိယကြီးမားတဲ့ပုဂ္ဂိုလ်ဟာ ဖြစ်တယ်တဲ့။

ဆိုပါစို့၊ လူ့ဘဝရောက်လာပြီဆိုရင်
မွေးကတည်းက တဲစုတ်နဲ့အိမ်မှာ သွားမွေးတယ်
သို့မဟုတ် နေစရာမရှိတဲ့ မိသားစုထဲ သွားမွေးတယ်။

မစ္ဆရိယနည်းပြီးတော့ ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ကမွေးကတည်းက တိုက်အိမ်မှာ သွားမွေးတယ်။သူဋ္ဌေးအိမ်မှာ သွားမွေးတယ်။

#ဒါကြောင့် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရမှာ။
ငါ နောင်ဘဝကျရင် တဲစုတ်ထဲသွားမွေးမလား၊
သူဋ္ဌေးအိမ် သွားမွေးမလား။
သူဋ္ဌေးအိမ် မွေးချင်ရင် ကုသိုလ်ကောင်းမှုတော့
လုပ်နေရမှာပဲ။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မစ္ဆရိယကို
တော်လှန်ဖို့အရေးကြီးတာ။
မစ္ဆရိယကလည်း တော်တော်ကို လူ့စိတ်ကို
လွှမ်းမိုးထားနိုင်တဲ့ အနေအထားမျိုး ရှိတယ်ပေါ့။

#မစ္ဆရိယကင်းတဲ့ပုဂ္ဂိုလ်တွေကျတော့ အင်မတန်မှ
အဆင်ပြေတဲ့နေရာမျိုးကို ရောက်တယ်တဲ့။မစ္ဆရိယတွေကင်းလို့ ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာ ချမ်းသာတဲ့အမျိုးမြင့်မြတ်တဲ့အမျိုး၊ မိသားစုထဲမှာ မတောင့်မတမကြောင့်မကြ စားရတဲ့အမျိုးထဲမှာ လာပြီးတော့လူဖြစ်တယ်တဲ့။လူဖြစ်ပြီးတော့ သူ့ဘဝမှာ အမြဲတမ်း ပြီးပြည့်စုံတဲ့ဘဝမျိုးကို ရောက်တယ်တဲ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

နေ့တိုင်းဆင်ခြင်နေရမဲ့ တရား(၅)မျိုး------------------မကွဲခင်က ခွဲနှင့်ပါကိုယ့်ကိုယ်ကိုအမြဲတမ်းသတိပေးရမယ့်အချက်(၅)ချက်ရှိ...
02/06/2024

နေ့တိုင်းဆင်ခြင်နေရမဲ့ တရား(၅)မျိုး
------------------

မကွဲခင်က ခွဲနှင့်ပါ

ကိုယ့်ကိုယ်ကိုအမြဲတမ်းသတိပေးရမယ့်
အချက်(၅)ချက်ရှိသတဲ့ဗျ။
အမြဲနှလုံးသွင်းရမယ့် တရား (၅)မျိူးလို့
ခေါ်တယ်။

နံပါတ်(1)
ငါအိုရဦးမယ်။ ဒါလဲအမြဲသတိပေးရမှာ..
ငါအိုရဦးမယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒို့က သူများအိုတာသာ သိတာကွဲ့။
ကိုယ်အိုတာကို မေ့နေတယ်။
မေ့တတ်လွန်းလို့
သတိပေးရတယ်။ ငါအိုရဦးမယ်..။
ဒါပြီးတော့ နောက်ထပ်ဆင်ခြင်ရမှာက
အင်း.. ငါ အအိုကမလွတ်သေးဘူး။
မေ့တတ်လွန်းလို့ .. အမြဲဆင်ခြင်ပါ။

နံပါတ်(2)
ကျတော့ .. ငါနာရဦးမယ်။
ဒါလည်း ကိုယ့်ကိုယ်ကိုအမြဲတမ်းသတိပေးနေရမယ်တဲ့။
ဘာဖြစ်လို့တုန်း။ သူများနာတာတွေကိုသာ သိနေတာ။
ကိုယ်နာတာတော့ မေ့နေကြတယ်နော်။
သူများနာတာတွေသာကြည့်နေတာ။
ကိုယ်နာမှာကျ သတိမရဘူး။
ကိုယ့်ကိုယ်ကိုအမြဲတမ်းအကောင်းချည်းပဲ ထင်နေတာ။
ဒါလည်း အမြဲတမ်းသတိပေးရမှာတဲ့ဗျ။
အဲသလို သတိပေးရင်း..
အင်း ငါအနာကမလွတ်သေးပါလား။
အဲသလိုထပ်စဉ်းစားရမယ်တဲ့ဗျ။

နံပါတ်(3)
ကျတော့
ငါသေရဦးမယ်။ ဘာဖြစ်လို့တုန်း...
ဒို့က သူများသေမှာသာ
လျှောက်စဉ်းစားနေတာ..။
ကိုယ်သေမှာကို ဘယ်နှစ်ခါစဉ်းစားမိလို့တုန်း။
မေ့လွန်းလို့ မေ့လွန်းလို့။
သေမှာလည်း မေ့လွန်းလို့
ဒါလည်း အမြဲသတိပေးနေရမယ်တဲ့ဗျ။

နံပါတ်( ၄ )
ကျတော့ ငါ့မိဘ ဆွေမျိုး ညီအစ်ကို မောင်နှမ
ငါ့အပေါင်းအသင်း ငါ့မိတ်ဆွေတွေနဲ့ သေကွဲဖြစ်ဖြစ်
ရှင်ကွဲဖြစ်ဖြစ် ကွဲဦးမှာ။ စဉ်းစားထား။စဉ်းစားထား။
အမြဲတမ်းဒီလိုချည်း နေရမယ်များ ထင်သလား။
သေကွဲလည်း သူက ခွဲထားခဲ့မှာလည်း ရှိသလို
ကိုယ်ကခွဲထားခဲ့မှာလည်း ရှိတယ်။
သူခွဲထားခဲ့တာရှိသလို ကိုယ်ကခွဲထားခဲ့တာလည်း ရှိမှာနော်။

ကွဲရမှာနော်။ ကွဲရမှာ ခင်ဗျားတို့။
ဒီအတိုင်းအမြဲနေရလိမ့်မယ်များ ထင်မနေနဲ့။
သေကွဲလည်းကွဲနိုင်တာပဲ။ ရှင်ကွဲလည်း ကွဲနိုင်တာပဲ။
အိမ်ထောင်ရက်သားကျလို့ သူ့ရွာ ကိုယ့်ရွာ
ပါသွားကျတာတွေလည်း အများကြီးပဲ။
ဒါလည်း အမြဲစဉ်းစားရမှာ။
ဘာဖြစ်လို့တုန်း မကွဲခင်က ခွဲမထားရင်
ကွဲတဲ့အခါကျတော့ ဝမ်းနည်းမယ် သောကရောက်မယ်နော်။
မကွဲခင်က ခွဲထားလို့ရှိရင် ကွဲတော့ မတုန်လှုပ်ဘူး။
မကွဲခင်က ခွဲထား။ မကွဲခင်ကတွဲနေမိရင်
ကွဲတဲ့အခါ ဝမ်းနည်းကြေကွဲနေရမယ်နော်။

ခွဲတော့ခွဲကြရမယ်။
သေကွဲလား? ရှင်ကွဲလား? ဒါပဲကွာမယ်။
သူကထားခဲ့မှာလား? ကိုယ်ကထားခဲ့မှာလား?ဒါပဲကွာတယ်။
ထားတော့ ထားခဲ့မှာချည်းပဲ။
ထားခဲ့တာတွေလည်း ရှိလောက်ပါပြီ ခုချိန်ဆို။
အဖေတွေထားခဲ့တာ.. အမေတွေထားခဲ့တာ
ခုကတည်းကစလောက်ပြီ။ ညီတွေထားခဲ့တာ၊
အကိုတွေထားခဲ့တာ၊ ညီမတွေထားခဲ့၊
အစ်မတွေထားခဲ့တာ ခုကတည်းကရှိလောက်ပြီ။
ကိုယ်ကလည်း နောက်သူများကိုထားခဲ့ရဦးမယ်။

တွဲနေရတုန်းကတည်းက ကွဲအောင်လုပ်ထား။
ကွဲလို့ မကွဲတဲ့အခါကျရင် သေမှ ပြန်တွဲမယ်နော်။
ပြန်ပြီးအစွဲနဲ့အိမ်ကိုစွဲ၊ မိသားစုစွဲ ၊
ပြိတ္တာဘ၀နဲ့ရောက်တာ ပြန်တွဲတာပြောတာ။
စွဲမိစွဲရာ ပြိတ္တာဘ၀နဲ့ နေကြရဦးမယ်။
အိမ်စွဲတဲ့ပုဂ္ဂိုလ် အိမ် မကျွတ်မလွတ်နဲ့နေရမယ်။
ပြန်ပြီးတော့ ဒီအိမ်ပဲ ပြန်တွဲမယ်။

ငြိနေတာ ပြန်တွဲနေတာမဟုတ်ဘူးလား။
ငြိနေ တွဲနေမှာပေါ့။ခွဲရတယ်ဆိုတည်းက
ကိုယ်ပစ္စည်းဟုတ်လို့လား? မဟုတ်လို.လား?။
မဟုတ်လို့ခွဲရတာပေါ့။
မဟုတ်လို့ခွဲရတာ..ဟုတ်ရင် မခွဲရဘူး။
အဲတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးတော့
စာရင်းစစ်ကြည့်ပါတဲ့။

အဲတော့ နံပါတ်( ၅ )က
ငါ့အတွက်
ဘာရှိသလဲဆိုတော့ ကံအမွေပဲရှိတယ်။
ကံအမွေကတော့ ကိုယ်သွားရာပါလိမ့်မယ်..
ခွဲထားခဲ့ရမှာလား။ သွားရာပါမှာ။ ကိုယ်သေလို့
သားတွေ သမီးတွေကလိုက်မယ်ထင်နေလား..။
လိုက်မှာ ဘယ်သူတုန်း .. ကံအမွေပဲဗျ........။
ကိုယ့်ကံအတိုင်းသွားရမှာ။

ငရဲသွားမယ့် ပုဂ္ဂိုလ်ကို
ဘုရားက၀င်တားလို့မရဘူး။
သိကြားမင်းက၀င်တားလို့မရဘူး။
နတ်ပြည်တက်မယ့် ပုဂ္ဂိုလ်ကို
ဘုရားက၀င်ဆွဲချလို့မရဘူး။
သိကြားမင်းက၀င်ဆွဲချလို့မရဘူး။
ကိုယ့်ကံအတိုင်းသွားကြရမှာ။

ကံဆိုတာ ကိုယ်ပြုလုပ်ထားတဲ့ ကုသိုလ် အကုသိုလ်တွေပါပဲ
မေ့မေ့ကြီးနဲ့ဒီတိုင်းနေရင်
ဆိုးကံပစ်ချရာခံရမယ်နော်။
ငါ သေရဦးမယ် ဆင်ခြင်ပါ။
ငါ အသေမလွတ်သေးဘူး..ဆင်ခြင်ပါ။
မဆင်ခြင်လို့ရှိရင် သေရင်
ခင်ဗျားတို့ မသေဘဲဖြစ်မယ်နော်။
အစွဲရှိရင် သေတယ်လို.ပြောလို.ဖြစ်မလား..
မသေဘဲဖြစ်သွားမယ်နော်။
ရှင်တုန်းက သေထားမှ ..သေတော.သေမှာ။
ရှင်တုန်းက ကိုယ်.ကိုယ်ကိုရှင်နေရင်
သေတော့ ခင်ဗျားတို့ မသေနိုင်ဘူးနော်........။

(မဟာဗောဓိမြိုင်ဆရာတော်ကြီး )

crd

ဦးမြင့်ခိုင် &SAI MYO WIN
https://www.facebook.com/sai.myowin.731?mibextid=ZbWKwL

♦️ကိုယ်ပူလျှင်  ယပ်ခပ်     စိတ်ပူလျှင်  တရားမှတ်၊♦️ရုပ်ကို ဆိုးစေတာက  ဒေါသ၊     စိတ်ကို ဆိုးစေတာက  လောဘ၊     ဘဝကို ဆိုးစ...
24/05/2024

♦️ကိုယ်ပူလျှင် ယပ်ခပ်
စိတ်ပူလျှင် တရားမှတ်၊

♦️ရုပ်ကို ဆိုးစေတာက ဒေါသ၊
စိတ်ကို ဆိုးစေတာက လောဘ၊
ဘဝကို ဆိုးစေတာက မောဟ၊

♦️လူကို ထိန်းတာက သတိ
သံသရာကို ထိန်းတာက အသိ၊

🙏မင်းကွန်းတိပိဋကဓရဆရာတော်ကြီး🙏

☀️ဓမ္မ,တရားဖြင့် ငြိမ်းအေး ကြပါစေ။☀️

Crd:::

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cherry Soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category