GQ Shop

GQ Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GQ Shop, Thrift & Consignment Store, Padamyar Street, Yangon.

U.S Export - Made in Myanmar ဟော်လိုးဝင်း Halloween အိတ်ပုံစံလေးတွေ စက်ရုံက ထပ်ရလို့ လိုချင်တဲ့သူများရှိရင် မှာလို့ရပါတယ...
23/02/2024

U.S Export - Made in Myanmar ဟော်လိုးဝင်း Halloween အိတ်ပုံစံလေးတွေ စက်ရုံက ထပ်ရလို့ လိုချင်တဲ့သူများရှိရင် မှာလို့ရပါတယ်နော်...

Quality ကလည်း ရှယ်ကြီးတွေမို့ အပြင်မှာဆို စျေးက မနည်းဘူး... ခုကတော့ တန်တန်လေးနဲ့ ရထားလို့ ပြန်ရောင်းချင်တဲ့သူများရှိရင် မှာလို့ရပါတယ်...

Original Tag Price လေးတွေမှာတော့ 1$ ဆိုတော့ တလုံး ၃ထောင်ကျော်လောက်ရှိတာလေးတွေပါ...

Size က 12''x12''x3'' ပါ...လောလောဆယ်တော့ လက်ကား အများစျေးသီးသန့်ပဲရှိပါဦးမယ်...လက်လီရောင်းဖြစ်ရင် ထပ်တင်ပေးပါ့မယ်။

လက်ကားစျေး - 500 Ks ပါ...အလုံး ၂၀၀ က စယူလို့ရပါတယ်။

Kamayut / Yangon
09458022364

Japan Gas Stoves ဂက်စ်မီးဖိုလေးတွေရောင်းရင်းနဲ့ လေ့လာမိသလောက်လေး ပြောပြပေးတာပါ...မသိလိုက်လို့ ဝယ်ထား ဝယ်လိုက်မိရင် ငွေကု...
01/01/2024

Japan Gas Stoves ဂက်စ်မီးဖိုလေးတွေရောင်းရင်းနဲ့ လေ့လာမိသလောက်လေး ပြောပြပေးတာပါ...မသိလိုက်လို့ ဝယ်ထား ဝယ်လိုက်မိရင် ငွေကုန်ပြီး အဆင်မပြေအကျိုးမရှိ ဖြစ်မှာစိုးလို့ပါ။

Japan ပြည်တွင်းသုံး Gas မီးဖိုတွေက သူတို့နိုင်ငံမှာ သုံးတဲ့ Gas Type အမျိုးအစားနဲ့ကိုက်​ပြီး Standard ဖြစ်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။

"The gas mixture used in portable gas stoves in Japan is a specific blend of butane and propane gases."

ပြောရမယ်ဆိုရင် ဂျပန်မှာသုံးတဲ့ Gas အမျိုးအစား Butane နဲ့ Propane ဆိုတဲ့ Gas ၂မျိုးကို သတ်မှတ်ထားတဲ့ အချိုးအစားတခုနဲ့ ပေါင်းစပ်ထားတဲ့ Gas Mixture တမျိုးပါပဲ။ အလွယ်ပြောမယ်ဆို LPG (liquefied petroleum gas) ပါပဲ။ ဒါပေမယ့် LPG ဆိုတာကလည်း ထုတ်လုပ်တဲ့နည်းလမ်း လာတဲ့နေရာဒေသ နိုင်ငံပေါ်မူတည်ပြီး အများဆုံးကတော့ Butane, Propane နဲ့ တခြားပါဝင်တဲ့ Gas အမျိုးအစား​လေးတွေ အချိုးအစားကွာသွားပါတယ်။

ခုကျနော်တို့သုံးနေတဲ့ Gas ဘူးတွေကလည်း "Non-refillable & Disposable Canister / Container" တခါသုံးပဲဖြစ်ပြီး သူတို့ဆီမှာလည်း ကုန်သွားရင် လွှင့်ပြစ်လိုက်ကြတာပါ။ ကျနော်တို့ဆီမှာကတော့ Budget အရ ပြန်ဖြည့်ပြီးပဲ သုံးနေကြရတာပါ။ အဲ့လိုပြန်ဖြည့်တဲ့အချိန်မှာ ထည့်တဲ့ Pressure ကွာတာမျိုး Gas အမျိုးအစား Quality ကွာတာမျိုးတွေကြောင့် သူတို့ Gas တမျိုးနဲ့ပဲ Standard လုပ်ထားတဲ့ Japan မီးဖိုတွေမှာ အဆင်မပြေတာမျိုးတွေ ဖြစ်တာပါ။ ခု Local မှာသုံးနေကြတဲ့ C.hina Thailand Vietnam - Made တွေမှာကျ အဲ့လို Gas အမျိုးအစားတမျိုးတည်းကိုပဲ Standardized မလုပ်ထားတဲ့အတွက် အဆင်ပြေပြေအသုံးပြုနိုင်တာပါ။

ဂျပန် ဂက်စ်မီးဖိုလေးတွေက တကယ်ဆို ဒီနိုင်ငံမှာသုံးနေကြသလို Refill ပြန်ဖြည့်ပြီးသုံးရင် အဆင်မပြေ မီးမထွက်ပါဘူး။ တချို့ သံလိုက်နဲ့အလုံးဆို ဘူးတပ်ပြီးကပ်လို့တောင်မရပါဘူး။ အဲ့တော့ ဘယ်လိုအဆင်ပြေလဲဆိုရင် ဂက်စ်ဘူးအသစ်ဝယ်သုံးမှ အဆင်ပြေပါတယ်။ အဲ့ဒါတောင် ဂက်စ်ဘူးအသစ်တိုင်းလည်းမရပါဘူး။ အများအားဖြင့် Butane လို့ရေးထားတဲ့ဘူးတွေပဲရတာများပါတယ်။ ကျနော် စမ်းကြည့်ထားသလောက်တော့ Eff နဲ့ Max ဆိုတဲ့ ဂက်စ်ဘူးလေးတွေနဲ့ အဆင်ပြေပြေသုံးလို့ရပါတယ်။ တခြားကျနော် မသိသေးတဲ့ မစမ်းရသေးတဲ့ Brand လေးတွေလည်း ရှိနိုင်ပါသေးတယ်။ အဲ့ဘူးတွေတောင်မှ ကုန်သွားလို့ ပြန်ဖြည့်သုံးမယ်ဆိုရင် အဆင်မပြေတော့တာမို့ ကိုယ်က တခါတလေ မီးပျက်တဲ့အချိန် Urgent ဖြစ်မှသုံးတာမျိုးမို့ ရပါတယ် ကုန်သွားလည်း ဘူးအသစ်ထပ်ဝယ်သုံးလို့ အဆင်ပြေတယ်ဆိုရင်တော့ ကြိုက်တဲ့ ဂျပန်မီးဖိုမဆို ဝယ်သုံးလို့ရပါတယ်။

အဲ့တော့ ပြောချင်တာက ကျနော်တို့ဆိုရင်လည်း ပစ္စည်းတွေရောက်လာရင် အရင်ဆုံး Gas ဘူးအစုံသုံးလို့ရအောင် Servicing လုပ်ရပါတယ်။ အကုန်သေချာ Servicing လုပ် စမ်းသုံးကြည့်ပြီးတော့မှ ဘူးအစုံသုံး (Refill ပါ) သုံးလို့ရတယ်ဆိုပြီး ရောင်းပေးပါတယ်။ တချို့ Servicing လုပ်ဖို့ Spare Parts မရှိတာ လုပ်ဖို့အဆင်မပြေတာမျိုးဆိုရင်လည်း အပေါ်မှာပြောထားတဲ့ Gas ဘူးအသစ်နဲ့မှ သုံးလို့ရပါတယ် ဆိုတဲ့အကြောင်း သေချာပြောပြပြီးရောင်းပေးပါတယ်။ တချို့ မီးပျက်တဲ့အချိန် ဟင်းနွေးတာမျိုးလို အမြဲတစေမဟုတ်ပဲ Urgent အချိန်မှသုံးမယ်ဆိုတဲ့သူများအတွက်တော့ Gas လည်းခဏခဏမကုန်တာမို့ ဘူးအသစ်ပဲဝယ်သုံးမယ်ဆိုတဲ့သူများအတွက်လည်း ဘူးစုံသုံးလို့ရတဲ့ မီးဖိုလေးတွေထက် စျေးအများကြီးလျော့ရောင်းပေးထားပါတယ်။

နောက်အပတ်ထဲဆိုရင်လည်း ခုလိုအချိန်မှာ အရမ်းအသုံးဝင်မယ့် ဒီလို Japan ပြည်တွင်းသုံး (ဒီနေရာမှာလည်း စာကရှည်နေပေမယ့် တခုလေး ထည့်ပြောချင်ပါတယ်။ ​Japan ကွန်ကျ ပြည်တွင်းသုံး ပစ္စည်းအားလုံးသည် Made In Japan ကြီးပဲ မဟုတ်ပါဘူးနော်...တချို့ Made In C.hina လည်း ရှိပါတယ်...ကွာလတီကတော့ ဂျပန်ပြည်တွင်းသုံးမို့ Quality Control အဆင့်ဆင့်နဲ့သွားရတာမို့ Local ကိုဝင်တဲ့ C.hina တွေနဲ့ အများကြီးကွာပါတယ်။ ဝယ်နေကြဆိုရင်တော့ သိကြပေမယ့် အဲ့ကိစ္စကလည်း ခုထိ ခဏခဏရှင်းနေရတုန်းမို့ ကြုံတုန်းလေး ရှင်းပြတာပါ) Quality မြင့် အကြမ်းခံမီးဖိုလေးတွေ အများကြီးထပ်ရောက်တော့မှာမို့ စောင့်ကြည့်အားပေးပေးကြပါဦးနော် 🤩

Address

Padamyar Street
Yangon

Telephone

+959458022364

Website

Alerts

Be the first to know and let us send you an email when GQ Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share