30/10/2024
ဒီမိန်းကလေးက
အသည်းမာတာမဟုတ်ဘူး
သူ့ကိုမလိုအပ်တဲ့သူတွေကို
သူလည်းမလိုအပ်ကြောင်း အသည်းမာပြခဲ့တာ
ဒီမိန်းကလေးက
အေးစက်စက်နိုင်လွန်းတာမဟုတ်ဘူး
သူနွေးထွေးပါရက်နဲ့
အေးစက်စွာဆက်ဆံတတ်တဲ့သူတွေကြောင့်
တစ်ဖက်ကဆက်ဆံလိုက်တဲ့အတိုင်း
သူပြန်ဆက်ဆံခဲ့ရုံပါ
ဒီမိန်းကလေးက
မချစ်တတ်တာမဟုတ်ဘူး
ချစ်ခြင်းမေတ္တာကိုအလွဲသုံးစား
လုပ်တတ်တဲ့လူတွေကြောင့်
ချစ်တတ်ကြောင်း မထုတ်ပြခဲ့တာပါ
ဒီမိန်းကလေးက
မှားမှားမှန်မှန်မရှင်းပြတတ်တာမဟုတ်ဘူး
နားမလည်နိုင်တဲ့လူတွေကို
ဘယ်လိုဖြေရှင်းချက်မှမပေးချင်တော့လို့
ဒီအတိုင်းနေလိုက်ရုံပါပဲ
ဒီမိန်းကလေးက
သူ့ကိုလိမ်နေမှန်းသိရက်နဲ့ မသိသလို
နေလိုက်တာဟာ
အ နေလို့ မဟုတ်ဘူး
ယုံကြည်မှုကိုအလွဲသုံးစားလုပ်တတ်တဲ့သူတွေကို
ဘာစကားမှ ထပ်မပြောချင်တော့လို့ပါ
ဒီမိန်းကလေးက
တဖြည်းဖြည်းနဲ့တိတ်ဆိတ်သွားခဲ့တာဟာ
တစ်ယောက်တည်းရှင်သန်ရတာ
နေသားကျနေလို့မဟုတ်ဘူး
သူ့ကိုဘယ်သူတွေက
အရင်ဦးစားပေး အလေးထားပြီး
စ,ခေါ်မလဲဆိုတာ သူသိစေချင်ယုံလေးပါ
ဒီမိန်းကလေးနဲ့ မပတ်သက်ဖူးပဲ
ဒီမိန်းကလေးဟာ ချေတယ်လို့
တပ်အပ်မပြောလိုက်ပါနဲ့
သူနဲ့ပတ်သက်ဖူးတဲ့လူတိုင်းဟာ
သူဘယ်လောက်နွေးထွေးခဲ့ကြောင်း
အသိဆုံးပါ။
ဖားစည်ရည်ကျော်
crd