Myanmar Gospel Book Room

Myanmar Gospel Book Room 1993-Received the Permission from the Living Stream Ministry to translate the ministry books into Myanmar Language. 1995- Established Myanmar Gospel Book Room
(1)

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရှေးဦးစွာ ချစ်တော်မူ၍၊ ထိုမေတ္တာနှင့်အတူ ကျွန်ုပ်တို့အား ဖြန့်ဖြူးပေးကာ၊ အတွင်း၌ ထိုမေတ္တာက...
12/01/2026

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရှေးဦးစွာ ချစ်တော်မူ၍၊ ထိုမေတ္တာနှင့်အတူ ကျွန်ုပ်တို့အား ဖြန့်ဖြူးပေးကာ၊ အတွင်း၌ ထိုမေတ္တာကို ဖြစ်ဖွားစေသည်။ ကျွန်ုပ်တို့သည် ထိုမေတ္တာဖြင့် ကိုယ်တော့်ကိုလည်းကောင်း၊ ညီအစ်ကိုချင်းကို လည်းကောင်း ချစ်ကြခြင်း ဖြစ်သည်။

ကြွတော်မူရာလမ်းသည် လမ်းမကြီးနှင့် တူ၍၊ လမ်းခရီးတော်တို့သည် လမ်းသွယ်များနှင့်တူသည်။ ၎င်းကို လူ၏စိတ်နှလုံး နှင့် စိတ်နှလုံ...
06/01/2026

ကြွတော်မူရာလမ်းသည် လမ်းမကြီးနှင့် တူ၍၊ လမ်းခရီးတော်တို့သည် လမ်းသွယ်များနှင့်တူသည်။ ၎င်းကို လူ၏စိတ်နှလုံး နှင့် စိတ်နှလုံး၏အစိတ်အပိုင်းများကို ပုံဖော်ထားသည်။ ကျွန်ုပ်တို့၏ဖြစ်ခြင်း တစ်ခုလုံးနှင့် စိတ်နှလုံးတစ်ခုလုံးဖြင့် သခင်ဘုရားထံ နောင်တရ၍၊ကိုယ်တော်ဝင်ရောက်လာနိုင်ရန် အခွင့်ပေးခြင်းမှာ သခင်ဘုရားကြွတော်မူရာလမ်းကို ပြင်ဆင်ပေးခြင်းဖြစ်သည်။ အသိဉာဏ်၊ ခံစားမှု နှင့်အလိုဆန္ဒတို့ပါဝင်သော ကျွန်ုပ်တို့၏စိတ်နှလုံးအစိတ်အပိုင်းအားလုံးကို နေရာပေးရန် သခင်ဘုရားကို အခွင့်ပေးခြင်းသည် သခင်ဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေခြင်းဖြစ်သည်။ ထို့ကြောင့် ကြွတော်မူရာလမ်းကို ပြင်ဆင်ခြင်းနှင့် လမ်းခရီးတော်ကို ဖြောင့်စေခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏အသိဉာဏ် ပြောင်းလဲရန်၊ သခင်ဘုရားထံသို့ အသိဉာဏ် လှည့်ပြန်လာ၍၊ စိတ်နှလုံးမှန်ကန်စေရန်ဖြစ်သည်။ နောင်တရခြင်းအားဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးအစိတ်အပိုင်းအားလုံးသည် ကောင်းကင်များ၏နိုင်ငံတော်အတွက် သခင်ဘုရားအားဖြင့် ဖြောင့်စေရမည်ဖြစ်သည် (လု၊၁း၁၆-၁၇)။

ဂျူးလူမျိုးတို့တွင် ခရစ်တော်နှင့် ပတ်သက်သော ကျမ်းစာရှိသည်။ အရှေ့ပြည်မှ မာဂုပညာရှိတို့သည် ခရစ်တော်၏ ကြယ်ကို မြင်ခဲ့ကြသည်(...
05/01/2026

ဂျူးလူမျိုးတို့တွင် ခရစ်တော်နှင့် ပတ်သက်သော ကျမ်းစာရှိသည်။ အရှေ့ပြည်မှ မာဂုပညာရှိတို့သည် ခရစ်တော်၏ ကြယ်ကို မြင်ခဲ့ကြသည်(စာရင်း၊၂၄း၁၇)။ ဂျူးလူမျိုးတို့သည် ခရစ်တော်အကြောင်းကို စာအသိသာရှိကြပြီး၊ မာဂုပညာရှိများမူကား ကိုယ်တော်နှင့်ပတ်သက်၍ အသက်ရှင်သော ရူပါရုံကို လက်ခံရရှိကြသည်။ အသက်ရှင်သော ရူပါရုံကို လက်ခံရရှိပြီးနောက် မာဂုပညာရှိတို့သည် သူတို့၏လူ့အတွေးအခေါ် ဖြင့် ရှင်ဘုရင်ရှိမည်ဟု ထင်မှတ်ရသည့် ဂျူးနိုင်ငံ၏မြို့တော် ယေရုရှလင်မြို့သို့ လွဲမှားစွာပင် သွားရောက်ခဲ့ကြသည်။ သူတို့၏ မှားယွင်းခြင်းသည် ယောကျာ်းသူငယ်ပေါင်းများစွာကို သေစေခဲ့သည် (အငယ်၊၁၆)။ မာဂုပညာရှိတို့သည် ကျမ်းစာအားဖြင့် လမ်းမှန်ကို သိခဲ့ရပြီးနောက် (အငယ်၊၄-၆)၊ ဗက်လင်မြို့သို့ ထွက်ခွါခဲ့ကြသည် (အငယ်၊၈-၉)။ ထိုအခါ ကြယ်သည် သူတို့အားတစ်ဖန်ထင်ရှား၍၊ ခရစ်တော်ရှိမည့်နေရာသို့ ညွှန်ပြပို့ဆောင်ခဲ့သည် (အငယ်၊၉-၁၀)။

သခင်ဘုရားသည် ကျွန်ုပ်တို့ လိုအပ်သော အရာခပ်သိမ်း ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို လိုအပ်ပါက၊ ကိုယ်တော်ကိုယ်တ...
17/12/2025

သခင်ဘုရားသည် ကျွန်ုပ်တို့ လိုအပ်သော အရာခပ်သိမ်း ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို လိုအပ်ပါက၊ ကိုယ်တော်ကိုယ်တိုင်သည် ကျွန်ုပ်တို့အဖို့ ကယ်တင်ခြင်းဖြစ်လိမ့်မည်။ ကျွန်ုပ် တို့တွင် ငွေပမာဏ မရေးထားဘဲ ကွက်လပ်ချန်ပေးထားသည့် လက်မှတ်ထိုးပြီးသား ချက်လက်မှတ်ရှိမည်ဆိုလျှင်၊ ထိုကွက်လပ်၌ ကျွန်ုပ်တို့ လိုအပ်သော ပမာဏကို ရေးဖြည့် နိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ဒေါ်လာလိုအပ်မည်ဆိုလျှင်၊ တစ်ဒေါ်လာကို ဖြည့် နိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ဒေါ်လာတစ်သန်းကို လိုအပ်မည်ဆိုလျှင်၊ ဒေါ်လာ တစ်သန်းကို ဖြည့်နိုင်မည်ဖြစ်သည်။ ချက်လက်မှတ်သည် ကျွန်ုပ်တို့ လိုအပ်သမျှကို ပံ့ပိုး ပေးမည် ဖြစ်သည်။ သင်လိုအပ်သမျှ အရာအားလုံး ယေရှု ဖြစ်သည်။ သင်သည် အလင်း၊ အသက်၊ တန်ခိုး၊ ပညာတော်၊ သန့်ရှင်းခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းကို လိုအပ်နေပါ သလား။ ယေရှုကိုယ်တိုင်သည် အလင်း၊ အသက်၊ တန်ခိုး၊ ပညာတော်၊ သန့်ရှင်းခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းတို့ ဖြစ်သည်။ ကျွန်ုပ်တို့ လိုအပ်သောအရာအားလုံးကို ယေရှု၏ နာမ၌ တွေ့ရှိရသည်။ ဤအံ့သြဖွယ်သော နာမတော်သည် မည်မျှ မြင့်မား၊ ကြွယ်ဝ လှပါတကား။
(Life-study of Matthew, msg. 6)

စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြပြီး၊ ပျော်ရွှင်ကြသည်ဟု ပြော ဆိုခြင်းမှာ ယုတ္တိမရှိပေ (မ၊၅း၄)။ သို့သော် ကျွန်ုပ်...
15/12/2025

စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြပြီး၊ ပျော်ရွှင်ကြသည်ဟု ပြော ဆိုခြင်းမှာ ယုတ္တိမရှိပေ (မ၊၅း၄)။ သို့သော် ကျွန်ုပ်တို့သည် ရှင်ဘုရင်၊ နိုင်ငံတော်တို့နှင့် အတူ ဖြည့်ခံရသော ဝိညာဉ်ဖြင့် အချိန်အတိုင်းအတာတစ်ခုမျှ ဆုတောင်းလျှင်၊ ယနေ့ ၏ အနုတ်လက္ခဏာဖြစ်သော အခြေအနေပေါ် စတင် စိတ်မသာညည်းတွားလိမ့်မည်ဖြစ် သည်။ ကမ္ဘာလောကတစ်ခုလုံး၏ အခြေအနေသည် ဘုရားသခင်၏ စီမံကိန်းနှင့် စပ်လျဉ်း၍ ဆန့်ကျင်ဘက်ဖြစ်သည်။ စာတန်၊ အပြစ်၊ အတ္တ၊ မှောင်မိုက်နှင့်၊ လောက ဆန်ခြင်းတို့သည် မြေကြီးပေါ်ရှိ လူအားလုံးတို့ကို ကြီးစိုးလွှမ်းမိုးထားသည်။ ဘုရားသခင် ၏ ဘုန်းတော်သည် ရှုတ်ချခံရ၍၊ ခရစ်တော်သည် ငြင်းပယ်ခံရကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် နှောင့်ယှက်တားဆီးခံရသည်၊ အသင်းတော်သည် ပျက်စီးဆိတ်ညံနေ သည်၊ အတ္တသည် ယိုယွင်းဖောက်ပြန်နေသည်၊ လောကတစ်ခုလုံးသည် ဆိုးညစ်နေ သည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထိုကဲ့သို့သော အခြေအနေပေါ်တွင် စိတ်မသာညည်းတွားစေဖို့ အလိုတော် ရှိသည်။

ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏ စီမံကိန်း အတိုင်း စိတ်မသာညည်း တွားမည်ဆိုလျှင်၊ ကောင်းကင်များ၏ နိုင်ငံတော်နှင့်အတူ ဆုလာဘ်ကို ခံစားရကာ သက် သာခြင်းသို့ ရောက်ရကြလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အနုတ်လက္ခဏာဖြစ်သော အခြေအနေတစ်ခုလုံးအပေါ် ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ အုပ်စိုးခြင်းကို မြင် တွေ့ရလိမ့်မည်ဖြစ်သည်။...ကျွန်ုပ်တို့သည် စိတ်မသာညည်းတွားရမည်ဖြစ်သော်လည်း၊ မျှော်လင့်ခြင်းနှင့် ပြည့်ဝနေကြသည်။ ရှင်ဘုရင်သည် ကြွလာနေသည်၊ ရန်သူသည် ရှုံးနိမ့်လိမ့်မည်၊ မြေကြီးသည် ခရစ်တော်အားဖြင့် ပြန်လည်ရယူခံရလိမ့်မည်ဖြစ်သည်။ (မဿဲစာစောင်ကို အသက်အဖြစ်လေ့လာခြင်း၊ စာ ၂၂၀-၂၂၁)

03/11/2025

Myanmar Hymns

မဿဲ ၆း၉ က၊ "ကောင်းကင်များ၌ ရှိတော်မူသော အကျွန်ုပ်တို့၏အဖ၊ ကိုယ် တော်၏နာမတော်သည် သန့်ရှင်းစင်ကြယ်ခြင်း ရှိပါစေသော" ဟု ပြေ...
14/10/2025

မဿဲ ၆း၉ က၊ "ကောင်းကင်များ၌ ရှိတော်မူသော အကျွန်ုပ်တို့၏အဖ၊ ကိုယ် တော်၏နာမတော်သည် သန့်ရှင်းစင်ကြယ်ခြင်း ရှိပါစေသော" ဟု ပြောဆိုထားသည်။ ယနေ့ ဘုရားသခင်၏နာမတော်သည် သန့်ရှင်းစင်ကြယ်ခြင်း ရှိရမည့်အစား၊ မထီမဲ့မြင် ပြုခံရပြီး နှိမ့်ချခံရသည်။ မယုံကြည်သူများက၊ "ဘုရားသခင်သည် မည်သည့်အရာနည်း၊" "ဘုရားသခင်သည် မည်သူနည်း" ဟု မေးတတ်ကြသည်။ လူတို့သည် ယေရှု ခရစ်အကြောင်း ပြောဆိုသောအခါ ပလေတို သို့မဟုတ် ဟစ်တလာအကြောင်း ပြောဆို သကဲ့သို့ တူညီသောနည်းလမ်း၌ ပြောဆိုတတ်ကြသည်။ သူတို့သည် သခင်ယေရှု၏နာမ တော်ကို နိမ့်ကျစေကြသည်။ သို့သော် ဘုရားသခင်၏နာမတော်သည် သန့်ရှင်းစင်ကြယ် ခြင်း ရှိမည့် မိလေနိကာလ၌ ထိုနေ့ရက်သည် ရောက်လာမည်ကို ကျွန်ုပ်တို့ သိကြပါသည်။ သို့သော်၊ ထိုအချိန်မတိုင်မီ၊ ကျွန်ုပ်တို့ ခမည်းတော်၏ နာမတော်သည် ယနေ့ အသင်း တော်အသက်တာ၌ လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်ခြင်း ရှိပါသည်။ ကျွန်ုပ်တို့သည် ခမည်းတော်ကို သို့မဟုတ် သခင်ဘုရား၏ နာမတော်ကို နိမ့်ကျသောနည်းလမ်း၌ ခေါ်ဆို ခြင်း မပြုကြပါ။ ယင်းအစား၊ ကျွန်ုပ်တို့သည် "အဖ" သို့မဟုတ် "သခင်ဘုရား" ဟု ခေါ်သောအခါ၊ ထိုသန့်ရှင်းသော နာမတော်တို့ကို သန့်ရှင်းစင်ကြယ်စေခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် "အို အဖ၊ ကိုယ်တော်၏ နာမတော်သည် သန့်ရှင်းစင်ကြယ်ခြင်း ရှိပါစေသော" ဟု ဆုတောင်းရန် လိုအပ်ပါသည်။
(မဿဲစာစောင်ကို အသက်အဖြစ် လေ့လာခြင်း၊ စာ ၃၂၆-၃၂၈)

ကျွန်ုပ်တို့သည် ဝိညာဉ်၌ ဆင်းရဲပြီး၊ အခြားသူများ၏ သနားဖွယ်ကောင်းသော အခြေအနေအတွက် စိတ်မသာညည်းတွားမည်ဆိုပါက၊ ကျွန်ုပ်တို့သည...
10/10/2025

ကျွန်ုပ်တို့သည် ဝိညာဉ်၌ ဆင်းရဲပြီး၊ အခြားသူများ၏ သနားဖွယ်ကောင်းသော အခြေအနေအတွက် စိတ်မသာညည်းတွားမည်ဆိုပါက၊ ကျွန်ုပ်တို့သည် အလိုအလျောက် နူးညံ့သိမ်မွေ့လာမည်ဖြစ်သည် (အငယ်၊၅)။ သင်၏ယောက္ခမသည် သနားစရာကောင်း သော အခြေအနေ၌ရှိနေလျှင်ပင်၊ သူမကို ထိုသို့ မပြောပါနှင့်။ သင်၏ချစ်လှစွာသောဇနီး ၏အခြေအနေပင်လျှင် သခင်ဘုရား၏အမြင်၌ အကောင်းဘက်က မဟုတ်ပေ။ သူမ၏ စိတ်နှလုံးနှင့် စိတ်ဝင်စားမှုများသည် သခင်ဘုရားအတွက်မဟုတ်၊ သူမသည် သခင်ဘုရား ၏နိုင်ငံတော်အတွက် ဂရုမစိုက်ပါက သူမ၏အခြေအနေမှာ သနားစရာကောင်းပါသည်။. . သင်သည် အမြင့်ဆုံးသော ကောင်းကင်၌ရှိနေနိုင်သော်လည်း၊ အနိမ့်ဆုံး ငရဲတွင် ရှိနေ နိုင်ပါသည်။ ထို့အပြင် သင်၏ကလေးများကိုလည်း စဉ်းစားကြည့်ပါ။ သင်သည် သခင် ဘုရားကို အကြွင်းမဲ့ ချစ်နိုင်သော်လည်း၊ သူတို့သည် ကိုယ်တော့်ကို လုံးလုံး မချစ်နိုင်ပါ။ ထို့ကြောင့် သင်သည် သင်၏ယောက္ခမ၊ ဇနီးနှင့်၊ ကလေးများအတွက် စိတ်မသာညည်း တွားရမည်ဖြစ်သည်။ သင်၏ဆွေမျိုးများ၊ သူငယ်ချင်း မိတ်ဆွေများနှင့် အိမ်နီးချင်းများ အတွက်လည်း စိတ်မသာညည်းတွားရမည်ဖြစ်သည်။. . . ခရစ်ယာန်လောကအပါအဝင် ယနေ့ လောက၏ စိတ်ပျက်ဖွယ် အခြေအနေကို ကြည့်ပါ။ ကုန်သည်များသည် ငွေကိုသာ ဂရုစိုက်ကြသည်၊ ကျောင်းသားများသည် သူတို့၏ ပညာရေးကိုသာ ဂရုစိုက်ကြသည်၊ အလုပ်လုပ်သောသူများသည်လည်း ရာထူးတိုးမြှင့်ခြင်းနှင့် ရာထူးများကိုသာ ဂရုစိုက် ကြသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်၌ ဆင်းရဲခြင်းရှိသောအခါ၊ အခြေအနေတစ်ခုလုံး အတွက် ဧကန်အမှန် စိတ်မသာညည်းတွားကြလိမ့်မည် ဖြစ်သည်။
#မဿဲစာစောင်ကို #အသက်အဖြစ်လေ့လာခြင်း၊ စာ ၂၃၄-၂၃၅

အသင်းတော်ထဲ၌ လောကကိုချစ်သောသူများလည်း ရှိကြသည်။ သူတို့သည် အီဂျစ်ပြည်အကြောင်း စဉ်းစားကြသောအခါ ကြွယ်ဝပြီး၊ အရသာရှိသောအစားအ...
16/09/2025

အသင်းတော်ထဲ၌ လောကကိုချစ်သောသူများလည်း ရှိကြသည်။ သူတို့သည် အီဂျစ်ပြည်အကြောင်း စဉ်းစားကြသောအခါ ကြွယ်ဝပြီး၊ အရသာရှိသောအစားအစာ များဖြင့် ပြည့်နေကြောင်း စဉ်းစားကြသည်။ သူတို့က လောကထံမှပေးနိုင်သောအရာ မှာ သခင်ဘုရားပေးနိုင်သောအရာထက် ပိုကောင်းသည်ဟု စဉ်းစားကြသည်။ "အီဂျစ်ပြည်၌ အဖိုးမပေးဘဲ စားရသော ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန် အနီ၊ အဖြူ အမျိုးမျိုးတို့ကို အောက်မေ့၏။ ယခုမှာမူ ငါတို့ခံတွင်းပျက်ပါပြီ။ ဤ မန္နမှတစ်ပါး တစ်စုံတစ်ခုကိုမျှ မမြင်ရဟု ဆိုကြ၏" (စာရင်း၊ ၁၁း၅-၆)။ မန္နမုန့်သည် ကန္တာရတောထဲ၌ရှိသောသူများထံ ပေးအပ်ထားခဲ့သောအရာဖြစ်သည်။ ခန္ဓာကိုယ် များသာ ကန္တာရတော၌ရှိပြီး၊ သူတို့၏စိတ်နှလုံးမှာ အီဂျစ်ပြည်၌ရှိနေကြသောသူတို့ အဖို့ မန္နမုန့်ကို တန်ဖိုးရှိသည်ဟု မစဉ်းစားကြပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် အီဂျစ်ပြည်ရှိ မြိန်ယှက်သည့်အစားအစာများကိုသာ တောင့်တကြသည်။ ပေရဂံမြို့၌ ရှိသော ယုံကြည်သူများ၏ ကိုယ်ခန္ဓာများသည် အသင်းတော်၌ရှိကြသော်လည်း၊ သူတို့ ၏စိတ်မှာမူကား လောက၌ရှိနေကြသောကြောင့် ဗာလမ်၏သွန်သင်ခြင်းနှင့် သူ၏ ပူဇော်ခြင်းများကို စိတ်သဘောတွေ့ကြမည်မှာ သေချာပါသည်။ သို့သော် ပေရဂံမြို့၌ ရှိသောအောင်မြင်သူများ၏ စိတ်နှလုံးနှင့် ကိုယ်ခန္ဓာတို့သည် အသင်းတော်၌ရှိကြကာ သူတို့ဖြတ်သန်းနေကြသည်မှာ ကန္တာရတောသာ ဖြစ်ကြောင်း သိကြသည်။ ထိုသို့အား ဖြင့် သူတို့သည် ကန္တာရအစားအစာဖြစ်သော မန္နမုန့်ကိုသာ စားရန်အလိုဆန္ဒရှိကြပါ သည်။ ပေရဂံမြို့၌ရှိသောယုံကြည်သူများသည် ရုပ်တုရှေ့မှာ ပူဇော်ထားသောယဇ်များ ကို စားကြသော်လည်း သခင်ဘုရားသည် အောင်မြင်သူများအား မန္နမုန့်ကို ပေးတော်မူသည်။ ဤသည်မှာ အမှန်တကယ် ခြားနားချက်ဖြစ်ပါတကား။

CWWN, Vol 4

ကျွန်ုပ်တို့တွင် တက်ကြွသော အသက်တာ၏ အတွေ့အကြုံ မရှိကြသောကြောင့်၊ ကျွန်ုပ်တို့သည် မာရ်နတ်နှင့် သူ၏အလုပ်များကို စောင့်ကြည့်...
11/09/2025

ကျွန်ုပ်တို့တွင် တက်ကြွသော အသက်တာ၏ အတွေ့အကြုံ မရှိကြသောကြောင့်၊ ကျွန်ုပ်တို့သည် မာရ်နတ်နှင့် သူ၏အလုပ်များကို စောင့်ကြည့်ရန် ပိုင်းခြားသိမြင်သောအမြင် မရှိကြပေ။ အကြိမ်များစွာပင် ကျွန်ုပ်တို့သည် ဖြစ်ပျက်နေသောအရာများကို သဘာဝအတိုင်း ဖြစ်ပျက်နေသည်ဟု မှတ်ယူကြသည်။ အမှန်စင်စစ် အရာအားလုံး၏ နောက်ကွယ်တွင် သဘာဝလွန် တန်ခိုးများ ဝင်ရောက်စွက်ဖက်နေပါသည်တကား။ စာတန်၏ အလုပ်ပထမအဆင့်မှာ သူ့ကိုယ်သူ ဖုံးကွယ်ရန်ဖြစ်သည်။ သူသည် လူအား ဧဒင်ဥယျာဉ်တွင် မြွေကိုသာ မြင်ခွင့်ပေးပြီး၊ နောက်ကွယ်၌ အမှန်တကယ် ရှိသောသူကို မမြင်စေခဲ့ပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများမှာ လူများဖြစ်ကြောင်း သို့မဟုတ် အထင်လွဲမှားခြင်းများသည် ကျွန်ုပ်တို့၏ညီအစ်ကိုများထံမှ ဖြစ်ကြောင်း၊ ငြင်းပယ်ခံရခြင်းသည် ကျွန်ုပ်တို့၏ မိတ်ဆွေများထံမှ ဖြစ်ကြောင်းနှင့် ဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့၏ မိသားစုများထံမှ ဖြစ်ကြောင်း စဉ်းစားတတ်ကြသည်။ ကျွန်ုပ်တို့သည် ဤလူများ၏ နောက်ကွယ်တွင် လှုံ့ဆော်နေသောစာတန်ကို မမြင်ကြပါ။ ကျွန်ုပ်တို့သည် စာတန်၏ အလုပ်များကို အမှန်တကယ် သိမြင်ပါက၊ အခြားသူများကို အပြစ်မတင်တော့ဘဲ၊ စာတန်ကိုသာ ပို၍မုန်းတီးကြလိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့် အခြားသူများကို ခွင့်လွှတ်ရန် ကျွန်ုပ်တို့အတွက် လွယ်ကူလာမည်ဖြစ်သည်။ ယုံကြည်သူတို့သည် နိုးကြားနေပြီး၊ ကွဲပြားခြင်းနှင့် အယုံအကြည်ကင်းခြင်းကို ဖြစ်စေသည့် ရန်သူ၏လှည့်ကွက်များကို နားလည်ကာ၊ အတားအဆီးများအားလုံးကို ဖယ်ရှားခြင်းဖြင့် တစ်လုံးတစ်ဝဖြစ်ခြင်း၌ သူ့ကို ဆန့်ကျင်ကြမည်ဆိုလျှင် သူတို့ကြားတွင် ငြင်းခုံမှုများစွာ ရှိတော့မည်မဟုတ်ပေ။
(CWWN, vol 5)

ဆုတောင်းခြင်းက မအောင်မြင်သောအခါများတွင် ချီးမွမ်းခြင်းက အောင်မြင်တတ်သည်။ ဤသည်မှာ အလွန်အခြေခံကျသော မူအလေ့အလာ ဖြစ်သည်။ သင်...
10/09/2025

ဆုတောင်းခြင်းက မအောင်မြင်သောအခါများတွင် ချီးမွမ်းခြင်းက အောင်မြင်တတ်သည်။ ဤသည်မှာ အလွန်အခြေခံကျသော မူအလေ့အလာ ဖြစ်သည်။ သင် ဆုမတောင်းနိုင်ပါက အဘယ်ကြောင့် ချီးမွမ်းခြင်းမပြုသနည်း။ သခင်ဘုရားသည် သင်၏အောင်နိုင်ခြင်းနှင့် အောင်ပွဲခံရန်အတွက် အခြားအရာတစ်ခုကို သင့်လက်ထဲ ၌ ထည့်ပေးထားသည်။ သင်သည် ဆုတောင်းရန် ခွန်အားမရှိဘဲ၊ သင်၏ဝိညာဉ်သည် လေးလံစွာ ဖိစီးခံရပြီး၊ ဒဏ်ရာရနေသည် သို့မဟုတ် ယိုင်လဲနေသည်ကို တွေ့ရှိသော အခါ ကိုယ်တော့်ကို ချီးမွမ်းပါ။ သင် ဆုမတောင်းနိုင်ပါက၊ ချီးမွမ်းရန် ကြိုးစားပါ။ ဝန်ထုပ်လေးလံသောအခါ ဆုတောင်းသင့်ပြီး၊ ဝန်ထုပ်မရှိတော့သည့်အခါမှသာ ချီးမွမ်း ရမည်ဟု ကျွန်ုပ်တို့ အမြဲထင်တတ်ကြသည်။ သို့သော် ဝန်သည် အလွန်လေးလံလွန်း၍ သင် ဆုမတောင်းနိုင်သည့်အချိန်များရှိကြောင်း ကျေးဇူးပြု၍ သတိရပါ။ ထိုအချိန် သည် သင့်အတွက် ချီးမွမ်းရန်အချိန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝန်ထုပ်မရှိသောအခါ ချီးမွမ်းခြင်း မဟုတ်ဘဲ၊ ဝန်ထုပ်သည် အလွန်လေးလံလာသောအခါ ချီးမွမ်းခြင်းဖြစ် သည်။ သင်သည် ထူးခြားသော အခြေအနေများနှင့် ပြဿနာများကို ကြုံတွေ့ရပြီး တွေဝေကာ ပြိုလဲတော့မလို ခံစားရသောအခါ "အဘယ်ကြောင့် မချီးမွမ်းသနည်း"ဟူ သောအရာတစ်ခုကို သတိရပါ။ ဤနေရာတွင် ရွှေရောင်လွှမ်းသောအခွင့်အရေး ရှိသည်။ သင်သည် ထိုအချိန်တွင် သင်၏ချီးမွမ်းခြင်းကို ပူဇော်ပါက၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်၌ ပြုပြင်လုပ်ဆောင်ကာ၊ တံခါးများအားလုံးကို ဖွင့်ပေးမည်၊ သံကြိုးများအားလုံးကို ချိုးဖျက်ပေးမည်ဖြစ်သည်။ (CWWN vol 48, Praising)

Address

Kyaukdata Tsp
Yangon
11211

Telephone

+951384374

Website

Alerts

Be the first to know and let us send you an email when Myanmar Gospel Book Room posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Gospel Book Room:

Share