17/04/2024
အားလုံးပဲ ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အားလုံးပဲ ချစ်ခြင်းမေတ္တာ စေတနာအပြည့်နဲ့ နှစ်သစ်မင်္ဂလာအခါကို အရောက်လှမ်းနိုင်ကြပါစေ။
နှစ်သစ်မှာ ဒုက္ခအပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံကြပါစေ။
အမုန်းတရားတွေ ကင်းစင်ပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်လှဲတကင်း ဖက်တွယ်ထားနိုင်ကြပါစေ။
ဘယ်သွားသွား အပြုံးတွေဖလှယ်ပြီး အကောင်းမြင်စိတ်တွေ ဖြန့်ဝေကြနိုင်ပါစေ။
အပြစ်တွေကို ရှောင်ဖို့ သတိရပြီး အမုန်းထက် အချစ်ကို အမြဲရွေးချယ်နိုင်ကြပါစေ။
မကောင်းမှုမှန်သမျှ ဘေးရန်ကင်း၍ စိတ်၏ချမ်းသာခြင်း ပြည့်စုံကြပါစေ။
ဘေးဥပဒ်မှ ကင်းဝေး၍ စိတ်နှလုံး၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရရှိနိုင်ကြပါစေ ၊လို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
Ko Min