26/11/2022
Vampire Diaries မှာ လူတိုင်း Elena ကို မုန်းကြတယ်
Stefan နဲ့ စကြိုက်ပြီး နောက်တော့ သူ့ညီ Demon နဲ့ ပြန်ကြိုက်လို့ ပိုမုန်းကြတာ
ဒီဇာတ်ကားကို ကြည့်မယ်ဆိုရင် လူတိုင်း Stefan ကို သနားပြီး Elena ကို မုန်းကြတယ်။ ဘာလို့ဆို သူ့ကို အမြဲကာကွယ်စောင့်ရှောက်ပြီး အန္တရာယ်ရှိတာ ဘာမှ မလုပ်ခိုင်းတဲ့ Stefan ကို ပစ်ပြီး အရမ်းဆိုးတဲ့ Demon နဲ့တွဲလို့။
နောက်ပိုင်း Season တွေမှာ Elena က compell လုပ်ခံရပြီး Stefan နဲ့ ပတ်သတ်ပြီး ပြောခဲ့တယ်
"Lately I feel like I'm a project like I'm a problem that needs to be fixed. I think I make him sad but I can't be with someone like that because when he looks at me all he sees is a broken toy."
Elena က Stefan ကို ချစ်ခဲ့ပေမယ့် Stefan ရဲ့ အပြုအမူတွေက သူမကို အားနည်းတဲ့သူအဖြစ် မြင်တာကို သူမ မကြိုက်တာ။ သူမ ပြသနာကို သူမကိုယ်တိုင် ဖြေရှင်းချင်တယ်။ သူမ ကူညီချင်တယ်။ ဒါပေမယ့် Stefan က သူမကို အန္တရာယ်ဖြစ်မှာစိုးလို့ တစ်ခုခု ဖြစ်မှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ဘာမှ မလုပ်ခိုင်းတော့ သူမက ကိုယ့်ကိုယ်ကို ပြသနာအိုးထင်လာတာ။
Damon နဲ့ကျတော့ အဲ့လို မဟုတ်ဘူး။ Elena ဘာလုပ်ချင်လဲ လုပ်ချလိုက် နောက်မှ လာတဲ့ ပြသနာ နောက်မှ ရှင်းမယ်။ ပြသနာတွေ အတူတူရှာမယ် အတူတူရှင်းမယ်။ သူမ လုပ်ချင်တာ အကုန်လုပ်ခွင့်ရတယ်။ အဲ့တာကြောင့် Elena က ပြောတာ
"Being with Damon makes me feel happy. When I'm with him it feels unpredictable like I'm free."
သူမ ချစ်သူအတွက် သူမက တတ်နိုင်သလောက် လုပ်ပေးချင်တာ ပြသနာထုတ်တစ်ခုလို မနေချင်တာ.
The Vampire Diaries မှာ Admin ကအစ Elena ကို ကြည့်မရဘူး။ Stefan ကို ထားခဲ့လို့ :p😜
တကယ်တော့ Elena မမှားပါဘူး။ Admin ဆိုရင်လည်း Elena လို လုပ်မိမှာပဲ။ မွန်းကြပ်လွန်းတာကိုး...
ပြောချင်တာတော့ Elena ကို မမုန်းကြပါနဲ့လို့
Admin ကတော့ Katherine ကိုပဲ ဆက်ကြိုက်မှာပါလို့ 🙃